Moe in Motion

Moe in Motion

Share

🇲🇲🇻🇳 Burmese Guide in Vietnam
✈️ Tours | 📝 Trip Planning | 🗣️ Interpreter

22/04/2026

Xin chào mọi người! အားလုံးဘဲမင်္ဂလာပါ 🇻🇳🇲🇲

ပြီးခဲ့တဲ့အပတ် သင်္ကြန်အကြတ်နေ့က ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ Van Lang Sai Gon College မှာ ကျင်းပခဲ့တဲ့ မြန်မာအတာသင်္ကြန် ပွဲအခမ်းအနားမှာ မိုးက MC လုပ်ဖြစ်ခဲ့ပါတယ်ရှင့် 🎤📝

မြန်မာတို့ရဲ့ အတာသင်္ကြန်ပွဲတော်ဖြစ်တာမို့ ဂုဏ်ယူစွာနဲ့ ပါဝင်ဆင်နွှဲရင်း အရမ်းပျော်ရွှင်ခဲ့ရပါတယ် 🍀

နှစ်သစ်မှာ အားလုံးဘဲ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံကြပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ် 🙇🏻‍♀️

#စကားပြန် #မြန်မာဗီယက်နမ်

05/04/2026

ဗီယက်နမ်နိုင်ငံရဲ့အမြင့်ဆုံး၊ အရှေ့တောင်အာရှရဲ့ ဒုတိယအမြင့်ဆုံး 𝗟𝗮𝗻𝗱𝗺𝗮𝗿𝗸 𝟴𝟭 ရဲ့ အပေါ်ဆုံးထပ် ၈၁ လွှာကို အလည်သွားမယ်ဆိုရင် လက်မှတ်စျေးတွေဘယ်လိုရှိလဲ 🤔⁉️

⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️

𝗠𝗼𝗻𝗱𝗮𝘆 𝘁𝗼 𝗙𝗿𝗶𝗱𝗮𝘆 🙌🏼

1️⃣ 𝗦𝘁𝗮𝗻𝗱𝗮𝗿𝗱 𝗧𝗶𝗰𝗸𝗲𝘁: 300,000 𝘝𝘕𝘋 / 𝘢𝘥𝘶𝘭𝘵 & 150,000 𝘝𝘕𝘋 / 𝘤𝘩𝘪𝘭𝘥 (𝘶𝘯𝘥𝘦𝘳 140 𝘤𝘮)

Standard Ticket က Sightseeing only ဖြစ်ပြီး မြန်မာငွေနဲ့ဆိုရင် လူကြီးတစ်ယောက်ကို ၅ သောင်းဝန်းကျင်ဘဲကျသင့်မှာ ဖြစ်ပါတယ်

2️⃣ 𝗖𝗼𝗺𝗯𝗼 𝗧𝗶𝗰𝗸𝗲𝘁 𝟭: 480,000 𝘝𝘕𝘋 / 𝘢𝘥𝘶𝘭𝘵 & 290,000 𝘝𝘕𝘋 / 𝘤𝘩𝘪𝘭𝘥 (𝘶𝘯𝘥𝘦𝘳 140 𝘤𝘮)

Combo Ticket 1 မှာဆိုရင် B1 (Vincom area) Landmark 81 ဝင်ပေါက်နားမှာ Green Screen နဲ့ရိုက်ပေးတဲ့ Souvenir Photo တစ်ပုံရယ် ➕ ၇၉ လွှာမှာရှိတဲ့ Skyline Dining (SkyView) က Drink တစ်ခုရယ် ➕အလွှာ ၈၀ မှာရှိတဲ့ VR Game တွေရယ်ပါပါတယ်

3️⃣ 𝗖𝗼𝗺𝗯𝗼 𝗧𝗶𝗰𝗸𝗲𝘁 𝟮: 395,000 𝘝𝘕𝘋 / 𝘢𝘥𝘶𝘭𝘵 & 220,000 𝘝𝘕𝘋 / 𝘤𝘩𝘪𝘭𝘥 (𝘶𝘯𝘥𝘦𝘳 140 𝘤𝘮)

Combo Ticket 2 မှာကတော့ Sightseeing Ticket နဲ့ Souvenir Photo ဆိုပြီး ၂ ခုပါဝင်ပါတယ်

💲 ဒီစျေးနှုန်းတွေက Weekdays တနင်္လာကနေသောကြာအတွက်ဖြစ်ပြီး Weekends စနေ၊တနင်္ဂနွေရက်တွေနဲ့ Holiday ပိတ်ရက်တွေမှာဆိုရင်တော့ ၂ ဆနီးပါးအထိ စျေးနှုန်းအပြောင်းအလဲရှိနိုင်ပါတယ်

🕙 ဖွင့်ချိန်ကတော့ မနက် ၁၀ နာရီကနေ ည ၉ ခွဲအထိပါ

‼️ တစ်ခုရှိတာက Ticket counter မှာ face-to-face လက်မှတ်ဝယ်တဲ့အခါ VN Mobile Banking / QR / Visa Card တွေနဲ့သာရပြီး cash မရပါဘူးရှင့် 😔

✅ ဒီ Landmark 81 က ဗီယက်နမ်မှာအမြင့်ဆုံးဖြစ်တာရယ် အရှေ့တောင်အာရှမှာ ဒုတိယအမြင့်ဆုံးဖြစ်တာရယ်ကြောင့် ဟိုချီမင်းရောက်ဖြစ်တဲ့အခါ သွားကိုသွားကြည့်သင့်ပါတယ်နော်ရှင့်

#ဗီယက်နမ် #ဗီယက်နမ်ခရီးသွား #ဟိုချီမင်းမြို့

24/03/2026

𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐇𝐚𝐢𝐫 𝐂𝐨𝐥𝐨𝐫𝐢𝐧𝐠 𝐂𝐥𝐚𝐬𝐬 𝑎𝑡 𝑇𝑟𝑎𝑛𝑔 𝑇𝑟𝑎𝑛 𝐻𝑎𝑖𝑟 🇻🇳🇲🇲

အရမ်းတော်ပြီး စိတ်ရှည်သဘောကောင်းတဲ့ ဗီယက်နမ်နိုင်ငံက ဆရာမ Ms. Trang Tran ဆီမှာ Hair Coloring နဲ့ပတ်သတ်ပြီး သင်တန်းလာတက်တဲ့ မြန်မာနိုင်ငံက Hair Stylists အစ်မတွေကို ၄ ရက်တာ ဗီယက်နမ်-မြန်မာစကားပြန် လုပ်ပေးဖြစ်ခဲ့ပါတယ် 👏🏻

ဒီတစ်ခေါက်မှာလည်း သင်တန်းအပ်တာကနေစပြီး လေယာဉ်နဲ့ ဟိုတယ်တွေအထိ အကုန်စီစဉ်ပေးဖြစ်ခဲ့ပါတယ်ရှင့် ✅

ဆရာမက ပညာတွေအကုန်သင်ပေးချင်တော့ အစ်မတွေနဲ့အတူ ညဘက် ၁၁ လောက်အထိ စာသင်ရတာကတော့ တကယ်အမှတ်တရပါဘဲရှင် 😅

ချစ်ရတဲ့ ကိုယ့်အစ်မတွေကိုလည်း ဒီ့ထက်အများကြီးပိုအောင်မြင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် 💕🎊

#ဗီယက်နမ်စကားပြန်

20/01/2026

🇻🇳 Vietnam လို့ပြောလိုက်ရင် မြောက်ပိုင်းမှာဘဲ လည်ပတ်စရာတွေရှိတယ်လို့ ထင်နေတုန်းလား ⁉️

🙌🏼 တကယ်က ဗီယက်နမ်နိုင်ငံတောင်ပိုင်းမှာလည်း လည်ပတ်စရာမြို့တွေ အများကြီးရှိပါသေးတယ်နော်

📍ဒီ Dalat မြို့လေးကိုဆိုရင် တောင်ပိုင်းမှာရှိတဲ့ ဟိုချီမင်းမြို့ကနေ ကားနဲ့ ၆ နာရီလောက်သွားလိုက်ရင် ရောက်ပါတယ်

ဒီမြို့လေးရဲ့ ထူးခြားချက်ကတော့ Romance လိုချင်တဲ့သူတွေအတွက်လည်း ရာသီဥတုအေးပြီး ပန်းခင်းတွေ ကော်ဖီခြံတွေ တိမ်ပင်လယ်တွေရှိမယ် 💗

လူငယ်ဆန်ဆန် Adventure ကြိုက်တဲ့သူတွေအတွက်ဆိုရင်လည်း ဒီမြို့မှာ Alpine Coaster တို့ Zipline တို့လို activity တွေလည်းအများကြီးရှိတယ် 🎢

နေရာစုံရောက်ဖို့ဆိုရင် အချိန်ပေးပြီး သေချာလည်ရမယ့်မြို့ထဲမှာပါပါတယ် ✅

မိုးကို ဗီယက်နမ်မှာ ဘယ်မြို့အကြိုက်ဆုံးလဲလို့မေးရင် ဒီ Dalat မြို့လေးကို အကြိုက်ဆုံးလို့ကို ဖြေမိမှာ ဘယ်နှစ်ခေါက်သွားသွားမရိုးဘူးရယ် 💌

ဒီခရီးစဉ်မှာ မိုးကိုယုံယုံကြည်ကြည်နဲ့ စီစဉ်တဲ့နောက်ကို လိုက်ပျော်ပေးခဲ့ကြတဲ့ အစ်ကိုတွေ အစ်မတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ် 💕

အမြဲအမှတ်ရနေမယ့် Dalat ခရီးစဉ်လေးဖြစ်ခဲ့ပါတယ် ✅

#ဗီယက်နမ် #ဗီယက်နမ်ခရီးသွား #ဗီယက်နမ်တောင်ပိုင်း

10/01/2026

🏔️𝗙𝗮𝗻𝘀𝗶𝗽𝗮𝗻 𝗠𝗼𝘂𝗻𝘁𝗮𝗶𝗻 🇻🇳

𝗦𝗮𝗽𝗮 𝗙𝗮𝗻𝘀𝗶𝗽𝗮𝗻 တောင်မှာ ဒီရက်ပိုင်းနေသာပြီး ရာသီဥတုအရမ်းကောင်းနေပါတယ်ရှင့် 🌤️

တောင်ပေါ်မှာနေသာတယ်ဆိုပေမယ့်လည်း 𝗦𝗮𝗽𝗮 မြို့ပေါ်မှာတော့ 𝟏°𝘾 - 𝟕°𝘾 ရှိပြီး ဒေသခံတွေပြောပြတာက ညဘက် 𝟏°𝘾 ဆိုရင် 𝗙𝗮𝗻𝘀𝗶𝗽𝗮𝗻 တောင်ထိပ်မှာ နှင်းပါကျပါတယ်တဲ့ 🌨️

𝗦𝗮𝗽𝗮 ရဲ့ ဆောင်းရာသီကတော့ ဖေဖော်ဝါရီလထိဖြစ်ပါတယ် ❄️

𝗦𝗮𝗽𝗮 ကိုဆောင်းတွင်းပိုင်းလာပြီး ဒီလိုရှူခင်းမျိုးနဲ့ကြုံလိုက်ရရင်တော့ တကယ်ကိုကံကောင်းတာပါနော် 🍀

#ဗီယက်နမ်ခရီးသွား

Photos from Moe in Motion's post 05/01/2026

𝐒𝐚𝐩𝐚 ရောက်ရင်အသွားသင့်ဆုံးနေရာ တစ်နည်းအားဖြင့် 𝐒𝐚𝐩𝐚 လာရတဲ့အကြောင်းအရင်း “𝐅𝐚𝐧𝐬𝐢𝐩𝐚𝐧 𝐌𝐨𝐮𝐧𝐭𝐚𝐢𝐧” 🏔️☑️

🇻🇳 𝐓𝐨𝐩 𝐨𝐟 𝐈𝐧𝐝𝐨𝐜𝐡𝐢𝐧𝐚 လည်းဖြစ်တဲ့ 𝐕𝐢𝐞𝐭𝐧𝐚𝐦 ရဲ့အမြင့်ဆုံးတောင် ဒီ 𝐅𝐚𝐧𝐬𝐢𝐩𝐚𝐧 တောင်ဟာ ဘယ်လောက်တောင်မြင့်သလဲဆိုရင် တောင်ထိပ်ရောက်သွားတဲ့အခါ တိမ်ပင်လယ်ဆိုတာတောင် ကိုယ့်ရဲ့အဝေး ဟိုးအောက်မှာကျန်ခဲ့တဲ့ထိကို မြင့်ပါတယ် ☁️

ဒီပုံတွေကို မိုး ဗီယက်နမ်-မြန်မာ စကားပြန်လုပ်ပေးဖူးတဲ့အစ်ကိုတစ်ယောက်ရဲ့မိသားစုကို ပြီးခဲ့တဲ့အပတ်က 𝐏𝐫𝐢𝐯𝐚𝐭𝐞 𝐅𝐚𝐦𝐢𝐥𝐲 𝐓𝐨𝐮𝐫 𝐆𝐮𝐢𝐝𝐞 လိုက်ပေးဖြစ်ရင်းရိုက်ထားတာပါ 🫶🏼

ဒီလထဲက ဆောင်းတွင်းဝင်နေပြီဆိုပေမယ့်လည်း ကံကောင်းစွာနဲ့ တောင်ပေါ်တက်တဲ့နေ့မှာနေသာလို့ အရမ်းလှတဲ့ရှူခင်းတွေကို အဝကြည့်ခွင့်ရလိုက်ပါတယ် 🍀

𝐅𝐚𝐧𝐬𝐢𝐩𝐚𝐧 ရဲ့အလှဘယ်လောက်လှလဲဆိုရင် ဒီပုံတွေအကုန်လုံးကို ဘာ 𝐄𝐝𝐢𝐭 မှမလုပ်ထားဘဲ 𝐢𝐏𝐡𝐨𝐧𝐞 𝟏𝟓 နဲ့သာရိုက်ထားပါတယ်ရှင့် ✨💕

#ဗီယက်နမ် #ဗီယက်နမ်ခရီးသွား

Photos from Moe in Motion's post 04/01/2026

🇻🇳 𝑻𝒓𝒂𝒊𝒏 𝒕𝒐 𝑺𝒂𝒑𝒂 🚂

ဗီယက်နမ်နိုင်ငံမြောက်ပိုင်းက Sapa မြို့ကို မြို့တော် Hanoi ကနေ သက်သောင့်သက်သာ ခုလိုအိပ်စင်ရထားစီးပြီး ခရီးသွားကြရအောင် ❄️

✅ ရထားနဲ့သွားရတဲ့အားသာချက်ကတော့ Sapa မြို့က “တောင်တန်းတွေရဲ့အလွန်” တောင်အရမ်းမြင့်တဲ့ဒေသမို့ ရထားနဲ့သွားရတာပိုသက်သောင့်သက်သာရှိပြီး ခေါင်းမူးတတ်တဲ့သူတွေအနေနဲ့ဆိုရင် ပိုအဆင်ပြေပါတယ်

✅ နောက်ပြီး ငယ်ငယ်ကရုပ်ရှင်တွေထဲကြည့်သလို ရထားပေါ်မှာ ပြတင်းပေါက်လေးကိုငေးရင်း၊ ပတ်ဝန်းကျင်ကိုခံစားရင်း၊ စာအုပ်လေးဖတ်ရင်း chill ပြီး ခရီးသွားရတာကြိုက်တယ်ဆိုရင်တော့ လုံးဝကွက်တိပါနော်

⏰ အချိန်အားဖြင့်က မြို့တော် Hanoi ကနေ Sapa မြို့ကို ၆ နာရီကြာပြီး Day Train နဲ့ Night Train ဆိုပြီး ရွေးချယ်နိုင်ပါတယ်

💰 စျေးနှုန်းတွေကတော့ ၄ ယောက်ခန်းလက်မှတ် ဒါမှမဟုတ် ၂ ယောက်ခန်းလက်မှတ်ကိုမှ ပုံမှန်ရထားကနေ Luxury ရထားအထိ ရထားအမျိုးအစားပေါ်မူတည်ပြီး မြန်မာငွေ ၁ သိန်းကနေ ၅ သိန်းဝန်းကျင်တွေအထိရှိပါတယ်

Sapa အပါအဝင် ဗီယက်နမ်တစ်နိုင်ငံလုံး ဘယ်မြို့ကိုမဆို ခေါင်းရှုပ်စရာလည်းမလိုဘဲ ကိုယ့်စိတ်ကြိုက် လွယ်လွယ်ကူကူနဲ့ အေးအေးဆေးဆေးခရီးသွားချင်တယ်ဆိုရင် မိုးဆီမှာ Trip Plan Service ယူနိုင်ပါတယ်ရှင့် 🙌🏼

ခုလိုရထားလက်မှတ်အပါအဝင် လိုအပ်တဲ့ Booking အားလုံးချိတ်ပေးပြီး လည်ပတ်ရမယ့်နေရာတွေကိုပါ လက်မှတ်ဖြတ်ပေးပါတယ်နော် 💯

#ဗီယက်နမ် #ဗီယက်နမ်ခရီးသွား

31/12/2025

𝑳𝒂𝒔𝒕 𝑻𝒓𝒊𝒑 𝒐𝒇 𝟐𝟎𝟐𝟓 🎬

၂၀၂၅ ရဲ့ နောက်ဆုံးခရီးစဉ်ကို Da Nang, Hoi An, Sapa, Hanoi, Ha Long Bay တွေရောက်ခဲ့ရင်း နောက်နှစ်မှာလည်း နေရာသစ်တွေကို အများကြီးသွားရပါစေလို့ ဆုတောင်းလိုက်ပါတယ် 🤍

🎆 Happy New Year, everyone!
Chúc mừng năm mới mọi người ơi! 🎇

အားလုံးဘဲ နှစ်သစ်ကို အကောင်းမွန်ဆုံးဖြတ်သန်းနိုင်ကြပါစေ ✨🎉

#ဗီယက်နမ်ခရီးသွား

Photos from Moe in Motion's post 29/12/2025

𝑺𝒂𝒑𝒂 ဒီဇင်ဘာဆောင်းရာသီ 𝟓°𝑪 🌨️🤍

၁၂ လပိုင်း၊ ၁ လပိုင်းနဲ့ ၂ လပိုင်းမှာ Sapa ကိုလာမယ်ဆိုရင် ဆောင်းရာသီမို့ ရာသီဥတုကအတော်လေးအေးပြီး ခုလိုနှင်းမြူတွေဆိုင်းနေတတ်ပါတယ် ☃️

🇻🇳 Sapa ကိုခရီးထွက်မယ့်သူတွေအနေနဲ့ ကိုယ်နဲ့အဆင်အပြေဆုံးဖြစ်မယ့်ရာသီဥတုကိုရွေးချယ်လို့ရအောင် သိထားသင့်တာက ဗီယက်နမ်နိုင်ငံမြောက်ပိုင်းက Sapa မြို့မှာ ရာသီဥတု ၄ မျိုးရှိပါတယ်နော်

• ၃ လပိုင်းကနေ ၅ လပိုင်းထိက နွေဦး 🍃

• ၆ လပိုင်းကနေ ၈ လပိုင်းထိက နွေ ☀️

• ၉ လပိုင်းကနေ ၁၁ လပိုင်းက ဆောင်းဦး 🍂

• ၁၂ လပိုင်းကနေ ၂ လပိုင်းက ဆောင်း ❄️

၃ လပိုင်း၊ ၄ လပိုင်းနဲ့ ၅ လပိုင်းတွေမှာဆိုရင် နွေဦးကာလမို့ ရာသီဥတုပိုသာယာပြီး ပိုနေလို့ကောင်းပါတယ် ရှူခင်းလည်းသေချာမြင်ရပါတယ် 🏞️✅

ဆောင်းတွင်းဆိုရင်တော့ မြူနှင်းကျပြီး တအားလည်းအေးသလို ရှူခင်းလည်းသေချာမမြင်ရတတ်ပါဘူး ☁️🧣

ဒါပေမယ့်လည်း Sapa က လေးရာသီလုံး အလှတစ်မျိုးစီနဲ့လှနေပြန်ရော 💕

ခုလိုဆောင်းရာသီမှာဆိုရင် နှင်းမြူတွေကြားကနေ Sapa ရဲ့ အဝါရောင်မီးရောင်လေးတွေထိုးထွက်နေတာကို ဝိုးတိုးဝါးတားကြည့်ရတာကိုက သူ့ရဲ့ဆောင်းတွင်းအလှဖြစ်နေတာ ✨

ဒီတော့ Sapa ကိုလာဖြစ်ရင် အရမ်းအေးတာကိုကြိုက်လား၊ အအေးကြောက်လား နောက်ပြီး ရှူခင်းကိုရှင်းရှင်းလင်းလင်းကြည့်ချင်လား၊ နှင်းမြူတွေနဲ့ ဝိုးတိုးဝါးတားကြည့်ချင်လားဆိုတာကိုမူတည်ပြီး ကိုယ်အကြိုက်ဆုံးဖြစ်မယ့် ရာသီဥတုကိုရွေးချယ်နိုင်ပါပြီနော် 💯

#ဗီယက်နမ် #ဗီယက်နမ်ခရီးသွား

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Yangon