Julia's Language Club

Julia's Language Club M.Ed (English Language) N.I.E (Singapore)
Dip. in ELT (Yangon University)
B.Ed (Y.I.O.E)

ကျမတို့ Julia's Language Club မှာ အတူတူအလုပ်လုပ်ဖို့ Admin Officer တစ်ယောက် လိုချင်လို့ပါရှင်။ မြောက်ဒဂုံ Campus မှာ အလု...
20/08/2026

ကျမတို့ Julia's Language Club မှာ အတူတူအလုပ်လုပ်ဖို့ Admin Officer တစ်ယောက် လိုချင်လို့ပါရှင်။
မြောက်ဒဂုံ Campus မှာ အလုပ်ဆင်းပေးရမှာပါ။

အလုပ်လျှောက်လိုသူအနေနဲ့
- အသက် ၄၀ နှစ်အောက်၊ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ။
- Customer Service နှင့် Admin ပိုင်းဆိုင်ရာ လုပ်ငန်းများကို ကျွမ်းကျင်သူ။
- သင်တန်း/ကျောင်း အလုပ်အတွေ့အကြုံရှိပြီး၊ အတန်းများကို ဦးဆောင်စီစဥ်နိုင်သူ။
- စည်းကမ်းကောင်းမွန်ပြီး ကြိုးစားလိုစိတ်ရှိသူ။
စတဲ့ အချက်အလက်များ လိုအပ်ပါတယ်ရှင်။

စိတ်ဝင်စားပါက Page Messenger သို့ဖြစ်စေ
Viber ဖုန်းနံပါတ် 09761277712 သို့ဖြစ်စေ
ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။

မနက်ဖန် တွေ့ကြမယ်နော် ကလေးတို့ရေ
18/08/2026

မနက်ဖန် တွေ့ကြမယ်နော် ကလေးတို့ရေ

သားသား 👦 မီးမီး 👧 တို့ ပျော်ရွှင်စွာ ဉာဏ်ကစားရင်း မြန်မာဝေါဟာရများ ရင်းနှီးကျွမ်းဝင် ချစ်မြတ်နိုးစေဖို့ ဆရာမနွဲ့ဇော်👵ရဲ့ မြန်မာစာသင်တန်းလေး မကြာမီ ဖွင့်လှစ်ဖို့ ရှိပါတယ်ရှင်။

ဘာသာစကားတစ်ရပ် အမှန်တကယ်တတ်မြောက်ဖို့အတွက် အကြား၊ အပြော၊ အဖတ် နဲ့ အရေး ဆိုတဲ့ အဆင့် ၄ ဆင့် လိုအပ်ပါတယ်။

မိခင်ဘာသာစကားကို အပြန်အလှန် ပြောနိုင်ပေမယ့် စာဖတ်ဖို့ ကြောက်နေကြတဲ့ ကလေးအများစုဟာ စာလုံးအသံထွက်ကို မဖတ်တတ်လို့ (ဒါမှမဟုတ်) ဖတ်နေပေမယ့် နားမလည်လို့ ဖြစ်နိုင်ပါတယ်။

ဒီသင်တန်းမှာတော့

အသံစနစ် နဲ့ စနစ်တကျ သင်ကြားပေးမှာဖြစ်လို့ စာလုံးတွေရဲ့ အသံထွက်တွေနဲ့ ချိတ်ဆက်ပုံကို သဘောပေါက်လာပြီး စာကို မြန်မြန်ဆန်ဆန် ဖတ်တတ်လာပါလိမ့်မယ်။

'အတွေး' နဲ့ 'အရေး' ကို ချိတ်ဆက်ပေးလိုက်နိုင်တဲ့အခါ စာဖတ်သွက်လာတဲ့ ကလေးတွေရဲ့
- အတွေး၊ အမြင်၊ ခံစားချက်တွေကို ခပ်မြန်မြန် ချရေးနိုင်ဖို့နဲ့
- စကားလုံးတွေကို အံဝင်ခွင်ကျ အသုံးချနိုင်ဖို့ သင်ပြပေးသွားပါမယ်။

ကလေးတွေကို ချစ်တဲ့ ဆရာမ နွဲ့ဇော် 👵က ကလေးတွေနဲ့အတူ " စကားလုံး - ပဟေဠိ အဖြေညှိ " ရင်း သားသား 👦၊မီးမီး👧တို့ စိတ်ဝင်စားဖွယ် သင်ကြားပေးမှာဖြစ်လို့ မြန်မာစာကို ပျော်ပျော်ရွှင်ရွှင် သင်ယူလိုက်ကြရအောင်။

သားသား 👦 မီးမီး 👧 တို့ ပျော်ရွှင်စွာ ဉာဏ်ကစားရင်း မြန်မာဝေါဟာရများ  ရင်းနှီးကျွမ်းဝင် ချစ်မြတ်နိုးစေဖို့ ဆရာမနွဲ့ဇော်👵ရဲ...
07/08/2026

သားသား 👦 မီးမီး 👧 တို့ ပျော်ရွှင်စွာ ဉာဏ်ကစားရင်း မြန်မာဝေါဟာရများ ရင်းနှီးကျွမ်းဝင် ချစ်မြတ်နိုးစေဖို့ ဆရာမနွဲ့ဇော်👵ရဲ့ မြန်မာစာသင်တန်းလေး မကြာမီ ဖွင့်လှစ်ဖို့ ရှိပါတယ်ရှင်။

ဘာသာစကားတစ်ရပ် အမှန်တကယ်တတ်မြောက်ဖို့အတွက် အကြား၊ အပြော၊ အဖတ် နဲ့ အရေး ဆိုတဲ့ အဆင့် ၄ ဆင့် လိုအပ်ပါတယ်။

မိခင်ဘာသာစကားကို အပြန်အလှန် ပြောနိုင်ပေမယ့် စာဖတ်ဖို့ ကြောက်နေကြတဲ့ ကလေးအများစုဟာ စာလုံးအသံထွက်ကို မဖတ်တတ်လို့ (ဒါမှမဟုတ်) ဖတ်နေပေမယ့် နားမလည်လို့ ဖြစ်နိုင်ပါတယ်။

ဒီသင်တန်းမှာတော့

အသံစနစ် နဲ့ စနစ်တကျ သင်ကြားပေးမှာဖြစ်လို့ စာလုံးတွေရဲ့ အသံထွက်တွေနဲ့ ချိတ်ဆက်ပုံကို သဘောပေါက်လာပြီး စာကို မြန်မြန်ဆန်ဆန် ဖတ်တတ်လာပါလိမ့်မယ်။

'အတွေး' နဲ့ 'အရေး' ကို ချိတ်ဆက်ပေးလိုက်နိုင်တဲ့အခါ စာဖတ်သွက်လာတဲ့ ကလေးတွေရဲ့
- အတွေး၊ အမြင်၊ ခံစားချက်တွေကို ခပ်မြန်မြန် ချရေးနိုင်ဖို့နဲ့
- စကားလုံးတွေကို အံဝင်ခွင်ကျ အသုံးချနိုင်ဖို့ သင်ပြပေးသွားပါမယ်။

ကလေးတွေကို ချစ်တဲ့ ဆရာမ နွဲ့ဇော် 👵က ကလေးတွေနဲ့အတူ " စကားလုံး - ပဟေဠိ အဖြေညှိ " ရင်း သားသား 👦၊မီးမီး👧တို့ စိတ်ဝင်စားဖွယ် သင်ကြားပေးမှာဖြစ်လို့ မြန်မာစာကို ပျော်ပျော်ရွှင်ရွှင် သင်ယူလိုက်ကြရအောင်။

06/08/2026

အရင်တစ်ခေါက် Term 3 ခု ဖွင့်ခဲ့တဲ့ Skills Booster Class လေး term 3 ခု ပြည့်လို့ နှစ်ပတ်လောက်ဆို break ယူ ခဏနားလိုက်တာ လက်လွန်ပြီး လနဲ့ချီ ကြာသွားလို့ ပြန်မဖွင့်သေးဘူးလားလို့ သင်တန်းသားတချို့ လာလာမေးနေကြလို့ရော၊ အတန်းသစ်ဖွင့်ရင် ပြောပါဦးဆိုတဲ့ မိတ်ဆွေတွေက တိုက်တွန်းလို့ရော Skill Booster Class လေး 17.8.2026 တနင်္လာနေ့မှာ ထပ်ပြန်ဖွင့်ပါမယ်ရှင်။

ကလေးတွေကို ကျောင်းပို့ထားချိန် မေမေတွေအများစု တက်ကြတဲ့အတန်းမို့ ဒီတစ်ခေါက်တော့ ဝါတွင်းဥပုသ်ကျောင်းပိတ်ရက်နဲ့လွတ်အောင် တနင်္လာ၊ အင်္ဂါ မနက်တွေ ရွေးထားပါတယ်ရှင်။ မြန်မာအချိန်နဲ့ မနက် 10.30 ကနေ 12.00 နာရီပါ။

ဘာတွေသင်မှာလည်းဆိုတော့ အရင် Skill Booster Class တွေမှာလိုပဲ documentary အတိုတွေကြည့်၊ သီချင်းတွေနားထောင်ရင်း listening လေ့ကျင့်ပါမယ်။ စာပိုဒ်လေးတွေဖတ်ရင်း အဲဒီထဲက usage တွေ vocabulary တွေ grammar တွေ ဆွေးနွေးပါမယ်။ ပြီးရင် အဲဒီအကြောင်းတွေ ဆွေးနွေး၊ presentation တွေ လုပ်ရင်း speaking လေ့ကျင့်ပါမယ်။ ကျောင်းသားမိဘအများစုမို့ writing ကို မလိုအပ်လှလို့ သီးခြားလေ့ကျင့်ခန်းမပေးပေမယ့် ကိုယ့်အတွက် လိုအပ်လို့ အရေးကျင့်ချင်တယ်ဆိုရင် သပ်သပ်ရေးထားတာတွေ စစ်ပေးပါမယ်။

သင်တန်းကြေးက ရှစ်ချိန်တစ်ဖြတ် (Term တစ်ခု) ကို တစ်သိန်းနှစ်သောင်းပါ။ Term သုံးခုစာ တစ်ခါတည်းသွင်းရင် discount အနေနဲ့ သုံးသိန်းပဲ ကျသင့်ပါမယ်။

သင်တန်းချိန် - နံနက် ၁၀:၃၀-၁၂:၀၀
သင်တန်းနေ့ရက် - တနင်္လာ၊ အင်္ဂါ
သင်ကြားမည့် level - Pre-intermediate
သင်တန်းကာလ Term တစ်ခု - ၈ ချိန်
သင်ကြားမည့်နေရာ - zoom online meeting

Titanic သင်္ဘောဆိုတာ ကြားဖူးတယ်မဟုတ်လား။ အင်း ဘာဖြစ်သွားတာလဲ ပြောကြည့်ပါဦး။ ဟုတ်တယ် ရေခဲတောင်ကို ဝင်တိုက်ပြီး နစ်သွားတာ။...
22/07/2026

Titanic သင်္ဘောဆိုတာ ကြားဖူးတယ်မဟုတ်လား။ အင်း ဘာဖြစ်သွားတာလဲ ပြောကြည့်ပါဦး။ ဟုတ်တယ် ရေခဲတောင်ကို ဝင်တိုက်ပြီး နစ်သွားတာ။ ဘယ်နှစ်ခုနှစ်ကလဲဆိုတာ ဘယ်သူသိလဲ။ အိုခေ မသိလည်းရတယ်။ ဘယ်လောက်ကြာပြီလဲ မှန်းကြည့်ကြကွာ။ နှစ်တစ်ရာကျော်ဆို ရက်စ် ဟုတ်တယ်၊ နှစ်တစ်ရာ ကျော်လာပြီ။ ဘယ်နားလေးမှာ နစ်တာလဲသိလား၊ ဘယ် ocean လဲ။ အိုခေ ကြည့်ရအောင်၊ ဒီမှာလေ Liverpool မြို့လေး ဒီဆိပ်ကမ်းကနေထွက်ပြီး ဒီမှာ New York တွေ့လား အဲဒီဆိပ်ကမ်းကိုသွားတာ။ ဒီတော့ Atlantic Ocean ကိုမှ မြောက်ဖက်က ဖြတ်ရတာပေါ့၊ တွေ့တယ်ဟုတ် Arctic circle နဲ့ နီးနေပြီ၊ ရေခဲတောင်တွေ ဒါကြောင့်ရှိတာပေါ့ အရမ်းအေးတာကိုး။ ပြီးတော့ ရေခဲတောင် ဆိုတာမျိုးက ရေခဲတုံးလိုပဲ နေရာအတည်တကျ မရှိဘူး။ ရိုးရိုး တောင် တို့ ကျွန်းတို့ ဆိုရင်ကွာ မြေပုံနဲ့ ဘာနဲ့ နေရာအတိအကျရှိတယ်၊ ဒီနားလေးရှိမယ် ကြိုသိတယ်။ iceberg ဆိုတာမျိုးကျ ခဲချင်တဲ့နေရာ ခဲတာကိုး၊ ဒါကြောင့်လည်း ကြိုမသိနိုင်တာ ပါတာပေါ့။

ဒါနဲ့ ဘယ်သူကြားဖူးလဲ Titanic ကို unsinkable လို့ သုံးတာ။ အဲဒီခေတ်က ရေးခဲ့တဲ့ သတင်းတွေ စာတွေမှာ ပြန်ရှာကြည့်ကြည့်။ Titanic ကို တကယ်ကြီး မမြုပ်မချင်း unsinkable လို့ သုံးခဲ့တာဟေး။ သူ့ခေတ်က အကောင်းဆုံး နည်းပညာ၊ အကောင်းဆုံး သတ္တုတွေနဲ့ ဆောက်ထားတာ။ တီချယ် တခြားက ဖတ်ဖူးတဲ့ စာတစ်ခုထဲက အဆိုအရဆို သူ့မှာသုံးတဲ့ သတ္တုတွေကိုက တခြားသင်္ဘောတွေလို မကြွပ်ဆတ်ဘူး။ တည့်တည့်တိုက်မိရင်တောင် Flexible ဖြစ်လို့ ဒီလိုမျိုး ကွေးသွားပြီး ရေပေါ် နည်းနည်းပိုကြာကြာ ပေါ်နေနိုင်သေးတယ်၊ ကယ်ဆယ်ရေးတွေ အချိန်မီရောက်နိုင်တယ်ပေါ့။ ဖြစ်ချင်တော့ captain က မြင်တဲ့အချိန်က တအားနောက်ကျသွားပြီ။ လွတ်မယ်လည်းထင်လို့ ကွေ့ချလိုက်တာမယ် ရေအောက်မှာကလည်း မမြင်နိုင်တဲ့ ရေခဲတောင်ထုထည်ရှိတော့ လွတ်လည်းမလွတ်တော့ ဘေးတိုက် ဆွဲဖြဲချလိုက်သလိုဖြစ်ပြီး သင်္ဘောဗိုက်ပေါက်သွားတာ။ ပေသုံးရာလောက် ကွဲထွက်ပြီး ရေတွေဝင်လာတော့ အဲဒီဝိတ်နဲ့ နှစ်ပိုင်းကျိုးတာပဲ။ ဒဲ့တိုက်ရင်တောင် ဒီလောက် မြန်မြန်နဲ့ များများ သေမှာမဟုတ်ဘူး။ ကဲ ဒီကိစ္စကို အသေးစိတ်ဆွေးနွေးရအောင် ဘယ်သူ့မှာ တာဝန်ရှိလဲဆိုပြီး။

ဒီလိုမျိုး သင်ခန်းစာကို မိတ်ဆက်တဲ့အခါ target language (English) လို အမေးအဖြေလေးတွေလုပ်၊ အပြန်အလှန်တွေ ပြောကြရင်း listening နဲ့ speaking ကိုရော သူတို့ရဲ့ background knowledge ကိုရော ညှစ်ထုတ်ကြည့်လိုက်တဲ့အခါ တချို့ စာနည်းနည်းပါးပါး ဖတ်ထားတဲ့ကလေးတွေက သိသလောက် ဝင်ဆွေးနွေး၊ မဖတ်ထားပေမယ့် စိတ်ဝင်စားတဲ့ကလေးက မေးခွန်းတွေပြန်မေး၊ သေချာစဉ်းစား၊ ဒီလိုနဲ့ ဘာသာစကားကို သဘာဝကျကျ ရင်းနှီးအောင်၊ Supermarket ဆိုရင် ဒီလိုပြော၊ ဘူတာရုံမှာဆိုရင် ဒီလိုပြော ဆိုပြီး ပုံသေနည်းနဲ့ အလွတ်မှတ်ပြောတာထက်စာရင် အကြောင်းအရာမျိုးစုံမှာ ပေါ့ပေါ့ပါးပါး ပြောတတ်စေဖို့၊ technical terms တွေ မသိရင် မသုံးဘဲ ကိုယ်သိတဲ့ နေ့စဉ်သုံးနေတဲ့ ဝေါဟာရတွေကနေ conversation တစ်ခု ဘယ်လိုတည်ဆောက်လို့ရမလဲဆိုတာ တကူးတက "သင်ပေး" မနေဘဲ ပြောရင်း ဆွေးနွေးရင်း မေးရင်း ဖြေရင်းနဲ့ ဘာသာစကားကို ကျွမ်းဝင်သွားတဲ့ ပုံစံမျိုးပဲ ကိုယ့်အတန်းမှာ လုပ်လေ့ရှိပါတယ်။

ပြီးရင်တော့ ဒုက္ခပေးပြီ။ ဆွေးနွေးပြီးရင် စာပိုဒ်ကို ချပေးလိုက်တယ်။ unseen စာပိုဒ်၊ မသိတဲ့ စာလုံးတွေ၊ အသုံးတွေ ရှိမယ်။ dictionary မရှာနဲ့၊ ရမ်းတုပ်။ လုံးဝမသိရင် ထားခဲ့ မဖြေနဲ့။ ရသလောက်ရမ်းတုပ်။ ရမ်းတုပ် ခြင်းသည် ဘာသာစကားတစ်ခု ကျွမ်းကျင်ဖို့မှာ လိုအပ်တဲ့ skill မို့လို့ ရမ်းတုပ်ခြင်းကို လေ့ကျင့်ပေးတာဆိုရင် ဟင် ဒီဆရာမက ဘာကြီးတုန်းလို့ ထင်လိမ့်မယ်။

ဘာသာစကားဆိုတာ အသေ မဟုတ်ပါဘူး၊ အမြဲ ရှင်သန်နေတဲ့ သဘောရှိပါတယ်။ မသိတဲ့ စကားလုံးအသစ်တွေ၊ ဗန်းစကားတွေ တချိန်လုံး ဝင်လာနေတာ။ အဲဒီစကားလုံးတွေကို context ပေါ်မှာ မူတည်ပြီး ဘာဖြစ်နိုင်မလဲလို့ ဆက်စပ်စဉ်းစားရတာကို မိခင်ဘာသာစကား သုံးရင်လည်း လုပ်ရပါတယ်။ Facebook မှာ လူငယ်တွေသုံးတဲ့ ဗန်းစကားတွေ အများကြီးပဲမဟုတ်လား။ ဒါက ဘာကိုဆိုလိုတာလဲဆိုတာ အမြဲ လိုက်မေးနေစရာမလိုဘဲ သူတို့ ဘယ်နေရာမှာ ဘယ်အခြေအနေမှာ သုံးသွားတာပဲ ဒါက ဘာကိုဆိုလိုတာဖြစ်မယ်ဆိုတာကို မှန်းကြည့်ပြီး သုံးတတ်လာတယ် သိလာတယ်မဟုတ်လား။ ဒါက ဘာသာစကားကို ကျွမ်းကျင်လာရင် လုပ်တတ်လာပါတယ်။ အဲဒီလိုပဲ English ကို သုံးတဲ့အခါလည်း နိုင်ငံခြားသားနဲ့ စကားပြောတဲ့အခါ၊ စာမေးပွဲမေးခွန်းထဲ ပါလာတဲ့အခါ မသိတဲ့စာလုံးတွေရှိလာရင် ခဏနေဦး ငါ dictionary ကြည့်လိုက်ဦးမယ်လို့ လုပ်လို့မရပါဘူး။ ရေးထားတဲ့ အကြောင်းအရာပေါ် မူတည်ပြီး ဒါက ဘာဖြစ်နိုင်သလဲ မှန်းကြည့်နိုင်တဲ့စွမ်းရည် လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ့်အတန်းတွေမှာ ရမ်းတုပ်ခိုင်းပါတယ်။ အတန်းတိုင်းသည် tutorial class တွေ ချည့်ပါပဲ။ ဖြေခိုင်းထားတုန်း မကူညီ၊ မပြောပြပါဘူး။ သိရင်ဖြေ၊ မသိရင်ရမ်းတုပ်၊ ရမ်းမတုပ်တတ်တဲ့ဟာဆို ထားလိုက်။

ပြီးတော့မှ အဖြေလွှာတွေကို သိမ်းပြီး အတူတူစဖတ်ကြပါတယ်။ အဲဒီအခါမှ မသိတဲ့စာလုံးတွေ ခုနက ရမ်းတုပ်ထားတဲ့ဟာတွေကို သေချာရှင်းပြပါတယ်၊ မသိတာတွေဆို လိုက်မှတ်ကြပေါ့လေ။ အဲဒီလိုနဲ့ စာပိုဒ်ထဲက vocabulary တွေ usage တွေ grammar တွေ ပြန်ရှင်းပြပါတယ်။

နောက်ဆုံး အဖြေတိုက်ပြီးရင်တော့ post reading task အနေနဲ့ ဖတ်ခဲ့တဲ့ စာပိုဒ်နဲ့ သက်ဆိုင်ရာ တစ်ခုခု လုပ်ခိုင်းပါတယ်။ individual presentation ဖြစ်ဖြစ်၊ အဖွဲ့လိုက် project ဖြစ်ဖြစ်ပေါ့။ ဒီလိုမှ အချင်းချင်း စကားပြောဖြစ်၊ speaking skill တိုးတက်လာနိုင်သလို writing လေ့ကျင့်ချင်တဲ့အခါလည်း ဒီအကြောင်းအရာကို အကျဉ်းချုပ်ဖို့တို့၊ character တစ်ယောက်နေရာကနေ point of view ပြောင်းပြီး ပြန်ရေးဖို့တို့ မျိုးစုံခိုင်းလို့ရပါတယ်။

ဒါက ကိုယ်သင်လေ့ရှိတဲ့ ပုံစံပါပဲ။ တီချယ်က စာမသင်ဘူး ဗဟုသုတတွေပဲ လျှောက်ပြောနေတယ်လို့လည်း အထင်ခံရတတ်ပါသေးတယ် 😅😅 ဟုတ်ပါတယ်။ မသင်တာမဟုတ်ဘဲ သင်နေမှန်း သူတို့မသိကြတာပါ။ လျှောက်ပြောနေကြတာဆိုတော့လေ 😁😁 အကြောင်းအရာ ခေါင်းစဉ်မျိုးစုံ လျှောက်ပြောရင်း သူတို့ဖာသာ မသိမသာ သင်ယူသွားတာကို သတိမထားမိကြတော့ တီချယ်က grammar စာအုပ်တွေလည်း မသုံးဘူး၊ vocabulary worksheets တွေလည်း မသုံးဘူး ဘာတွေသင်တာလဲ ဆိုပြီး မေးတတ်ကြပါတယ်။ သူများမပြောနဲ့ ကိုယ့်ဖာကိုယ်တောင် ဘာတွေသင်နေမှန်းလည်း မသိပါဘူးရှင်။ စိတ်ဝင်စားစရာ တောင်တောင်အီအီတွေ လျှောက်ဖတ်မိတိုင်း ဒီအကြောင်းအရာလောက်ဆို ဟိုအတန်းမှာ ထည့်သုံးလို့ရတယ်၊ ဒီစာဆို ဟိုကောင်တွေ ဖတ်နိုင်လောက်ပြီဆို ဖတ်မိသမျှစာ ကြိုက်ပြီဆိုတာနဲ့ စိတ်ထဲကနေ အကုန် lesson plan လျှောက်ဆွဲမိနေတာ။ 😅😅

နေရာအရွှေ့အပြောင်းလေးကြောင့် ဖွင့်ဖို့ ကြန့်ကြာနေခဲ့တဲ့ JLC ရဲ့ အင်္ဂလိပ်စာနဲ့ သင်္ချာအတန်းလေးတွေ August လမှာ ပြန်လည်ဖွင...
17/07/2026

နေရာအရွှေ့အပြောင်းလေးကြောင့် ဖွင့်ဖို့ ကြန့်ကြာနေခဲ့တဲ့ JLC ရဲ့ အင်္ဂလိပ်စာနဲ့ သင်္ချာအတန်းလေးတွေ
August လမှာ ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း အသိပေးအပ်ပါတယ်ရှင်။

Level ပေါ်မူတည်ပြီး Online ရော In Person ရော အတန်းလေးတွေ ခွဲပေးထားပါတယ်။

Timetable နဲ့ အသေးစိတ်ကိုသိရှိလိုပါက Page Messenger မှာ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

Summer တုန်းက အင်္ဂလိပ်စာ အတန်းနဲ့ အတူတူ သင်္ချာအတန်းလေး ဖွင့်ဖြစ်တယ်။ ကျနော်က ခုလို class အနေနဲ့ lead teacher အဖြစ် မသင...
20/06/2026

Summer တုန်းက အင်္ဂလိပ်စာ အတန်းနဲ့ အတူတူ သင်္ချာအတန်းလေး ဖွင့်ဖြစ်တယ်။ ကျနော်က ခုလို class အနေနဲ့ lead teacher အဖြစ် မသင်ဖူးဘူး။ Individual focus classes တွေမှာတော့ အတွေ့အကြုံအထိုက်အလျောက်ရှိတယ်ပေါ့လေ။ စဖွင့်ကြည့်လိုက်တော့ အဆင်ပြေတယ်။ summer တုန်းက ကျောင်းသားတွေ အားလုံးနီးပါးက ကျောင်းဖွင့်ရင်လည်း တက်ကြမယ် ၊ ဖွင့်ပါ လို့ တောင်းဆိုကြတော့ ထပ်ဖွင့်ဖြစ်မယ်ဗျ။

ဘာ Text books တွေ သုံးမှာလဲ ဘာတွေသင်မှာလဲ
———————-
ကျနော် ကတော့ fixed curriculum ထက် စာရင် ကျောင်းသား/သူ တဦးချင်းစီရဲ့ လိုအပ်ချက် အသီးသီးကို ယေဘုယျပြုပြီး lesson plans ဆွဲသင်မှာပါ။ Chapter တခုဖြစ်ဖြစ် Concept တခုဖြစ်ဖြစ် Textbook တခုတည်း ကိုင်ပြီးသင်ခြင်းက မလုံလောက်ဘူးလို့ ယူဆတယ်။ကြေကြေလည်လည် နားလည်သဘောပေါက်ဘို့၊ကျွမ်းကျင်ဘို့ ဆိုရင် extra sheets တွေ ထပ်ဖြည့်ပြီး သင်ဘို့ လိုအပ်လာတယ်။

Singapore maths ကို မဏ္ဍိုင်ထားပြီး တချို့ကျောင်းသား/သူ လေးတွေရဲ့ Grade အလိုက် သိသင့်သိထိုက်တဲ့ Concepts တွေကို မတူညီတဲ့ curriculum အမျိုးမျိုး၊ worksheets အမျိုးမျိုးနဲ့ ဖြည့်စွက်သင်သွားမယ်လို့ စိတ်ကူးထားတယ်။ တချို့ Worksheets တွေနဲ့ အခြားသော textbooks တွေမှာ concepts အတူတူချင်းကိုပဲ မတူညီတဲ့ presentations တွေနဲ့ မိတ်ဆက်ပေးတာမျိုးတွေရှိတယ်။ အဲဒါကြောင့် textbook တခုတည်းတော့ ဖြစ်နေမှာ မဟုတ်ပါဘူး။

ကျနော် ခုဖွင့်မယ့် အတန်းတွေကတော့ ယေဘုယျအားဖြင့် Grade-5 lvl ရှိတဲ့ ကလေးတွေ စုထားတဲ့ အတန်းပေါ့လေ။ ကြိုအပ်ထားတာကတော့ ငါးယောက် ရှိပြီ။ နောက်တစ်တန်းက G-3 အတန်း။ လာအပ်ထားကြတာတော့ သုံးယောက်ရှိပြီ။ အတန်းနှစ်ခုစလုံးကို ၇ ယောက်လောက်ထိတော့ လက်ခံဘို့ စဉ်းစားထားတယ်။ ကျောင်းသား/သူ တယောက်ချင်းစီကို သေသေချာချာလေး Focus ထားချင်လို့ပါ။

အချိန်တွေကတော့ စနေ/ တနင်္ဂနွေ တွေ ဖြစ်ပါမယ်။ လောလောဆယ်တော့ online class တွေပါပဲ။

Julia's Language Club ရဲ့ Regular အတန်းသစ်အတွက် Online ရော In Person အတွက်ပါ Placement Test လေး စီစဉ်ပေးထားပါတယ်ရှင်။ Pl...
11/06/2026

Julia's Language Club ရဲ့ Regular အတန်းသစ်အတွက် Online ရော In Person အတွက်ပါ Placement Test လေး စီစဉ်ပေးထားပါတယ်ရှင်။

Placement Test အတွက် Fees ကိုတော့ 20,000 ကျပ် သတ်မှတ်ထားပြီး အကယ်၍ အတန်းတက်ဖြစ်တယ်ဆိုရင် ယခု Fees ကို ကျောင်းလခထဲ ကနေ ပြန်နှုတ်ပေးသွားမှာပါရှင်။

For Placement Test
Date - 14 June 2026
Time - 4 PM - 5 PM
Online / In person 2မျိုးလုံး ဖြေဆိုနိုင်မှာဖြစ်ပါတယ် ။

အသေးစိတ်သိရှိလိုပါက Page Messenger မှာ လာရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်။

18/03/2026

ကျောင်းရဲ့ co curricular activities တွေ join ထားလို့ နေ့လယ်အတန်းတွေ လာမတက်နိုင်ဘူးဆိုတဲ့ ကလေးတွေအတွက် တနင်္လာနဲ့ သောကြာနေ့ မနက် ၉:၃၀-၁၁:၀၀ မှာ online class လေးတစ်ခု စီစဉ်ထားပါတယ်ရှင်။

ဒီသင်တန်းအတွက် သင့်လျော်တဲ့အရွယ်က ၉-၁၁ နှစ်အတွင်းပါ။
Level အားဖြင့် Pre-intermediate level လောက် ရှိပြီး အထိုက်အလျောက် classroom language ကို English နဲ့ ပြောဆိုဆက်သွယ်နိုင်ရင် ပိုအဆင်ပြေပါမယ်။ medium of instruction က English to English ဖြစ်ပါမယ်။

ဘာတွေသင်မှာလဲဆိုတော့ reading တွေ တစ်ပတ်ကို တစ်ပုဒ်ဖတ်မယ်။ listening exercise တစ်ပတ်မှာ တစ်ခု လုပ်ရမယ်။ ဖတ်ထား နားထောင်ထားတဲ့ အကြောင်းအရာတွေကို ပြန်ဆွေးနွေးဖို့၊ presentation လုပ်ဖို့လည်း လိုတာမို့ အဲဒါတွေလုပ်ရင်း speaking လေ့ကျင့်ပါမယ်။ grammar နဲ့ vocabulary ကိုတော့ grammar သီးသန့် vocabulary သီးသန့် class တွေလိုမျိုး ခေါင်းစဉ်တွေနဲ့ လေ့ကျင့်ခန်းတွေ ဆက်တိုက်လုပ်ခိုင်းတာမျိုး လုပ်မှာမဟုတ်ဘဲ context ထဲ ပါဝင်တဲ့ grammar points လေးတွေနဲ့ vocabulary အသစ်လေးတွေကို ထောက်ပြပြီး ပြန်လည်အသုံးချခိုင်းမှာ ဖြစ်ပါတယ်။

ဒီသင်တန်းက in person အတန်းဖွင့်ဖို့ ရည်ရွယ်ခဲ့တာပါ။ အခု ဆီနဲ့ စုံ/မ အခက်အခဲတွေကြောင့် ဒီတစ်လနဲ့ နောက်တစ်လတော့ online အနေနဲ့ စနှင့်မှာဖြစ်ပါတယ်။ အခြေအနေတွေ အဆင်ပြေသွားရင်တော့ May မှာ အတန်းထဲလာပြီး in person သင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

လာမယ့် သောကြာနေ့မှာ အတန်းစပါမယ်။
Page messenger က ဖြစ်စေ viber နံပါတ် 09798877205 က ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်ရှင်။

ဖတ်တဲ့စာက radiation အကြောင်းပဲ။ ဓာတ်ရောင်ခြည်တွေကို အခြေခံခွဲကြည့်မယ်ဆိုရင် နှစ်မျိုးအလွယ်ဆုံး ခွဲလို့ရမယ်။ သဘာဝအတိုင်းရ...
13/03/2026

ဖတ်တဲ့စာက radiation အကြောင်းပဲ။
ဓာတ်ရောင်ခြည်တွေကို အခြေခံခွဲကြည့်မယ်ဆိုရင် နှစ်မျိုးအလွယ်ဆုံး ခွဲလို့ရမယ်။ သဘာဝအတိုင်းရှိတဲ့ ဓာတ်ရောင်ခြည်နဲ့ လူလုပ်ပစ္စည်းတွေကနေ ထွက်လာတဲ့ ဓာတ်ရောင်ခြည်ပေါ့။ အဲဒီကနေမှ ဓာတ်ရောင်ခြည်သင့်ခြင်းရဲ့ နောက်ဆက်တွဲတွေအကြောင်း ဆွေးနွေးတယ်။ Hiroshima, Nagasaki တို့က စလို့ Chernobyl အထိပေါ့။ အဲဒီမှာ ထူးခြားစွာ ဓာတ်ရောင်ခြည်သင့်ထားတဲ့ Chernobyl မှာ ရှင်သန်ပေါက်နေတဲ့ မှိုအချပ်ကြီးကို အသစ်တွေ့ထားတဲ့အကြောင်း ထပ်ထည့်ပြောတယ်။ အဲဒီ မှိုချပ်ကြီးက ဘယ်လို mutation ဖြစ်ပြီး ဓာတ်ရောင်ခြည်ဒဏ်ကြောင့် မသေဘဲ ရှင်နေနိုင်တာလဲပေါ့။ နောက်တော့ DNA အပေါ်မှာ ဓာတ်ရောင်ခြည်ရဲ့ သက်ရောက်မှုနဲ့ ဘယ်လို mutations တွေ ဖြစ်လာတယ်ဆိုတဲ့အကြောင်းပေါ့။ ဆင့်ကဲတိုးတက်ပြောင်းလဲလာတယ်ဆိုတဲ့ evolution လည်း တစ်ဖက်ကကြည့်ရင် mutation ပဲလေ။ နှစ်ပေါင်းအကြာကြီး ကြာသွားတဲ့အချိန်မှာ မျိုးဗီဇ တစ်ခုခုက ထပြီး "ထွန်း" တဲ့အခါ ပုံမှန်ထက် နည်းနည်းကွဲပြားတဲ့ အသစ်ကလေးတစ်ခု ထွက်လာမယ်။ ဒါက mutation ထွန်းခြင်းပဲ။ ပုံမှန်ဆိုရင်တော့ အဲဒီ လက္ခဏာရပ်အသစ်လေးဟာ နဂိုပုံမှန်အရာတွေနဲ့ ထပ်ထပ် မျိုးဖောက်ရင်း ထူးခြားတဲ့လက္ခဏာ တဖြည်းဖြည်းမှေးမှိန် ပျောက်သွားတာမျိုးလည်း ဖြစ်နိုင်တာပဲ။ အဲ အပင်တွေမှာကျ ပိန်လှီအစေ့မပါသလောက်နည်းတဲ့ ပြောင်းဖူးပင်ကနေ တစ်ခါတစ်လေလေး ထွန်းပြီး အစေ့နည်းနည်းပိုပါတဲ့ပြောင်းလေး ရပြီဆိုရင် လူသားတွေက အဲဒီပိုကောင်းတာကို မျိုးယူပြီး နောက်နှစ်အတွက် မျိုးအဖြစ် စိုက်မယ်ကွာ၊ ဒါဆို ပိုကောင်းတဲ့အနှံတွေ နောက်နှစ်ကျ ရမှာပေါ့ ၊ အဲ့ဒီကနေ ထပ်ရတဲ့ ပိုကောင်းတဲ့အနှံတွေကိုပဲ ရွေးစိုက်ရင်းနဲ့ အရင်က ကြုံလှီတဲ့ပြောင်းတွေ မသုံး မသုံးနဲ့ မျိုးတုံးကုန်ရော။ နောက်နှစ်ပေါင်းအကြာကြီးနေရင် လက်ရှိစိုက်နေတဲ့ ပိုကောင်းတဲ့ပြောင်းကလည်း နောက်တစ်ခေါက်ထပ်ပြီး ထွန်းဦးမှာပဲ။ အဲဒီကျ နောက်ထပ်ပိုကောင်းတဲ့ အသစ်ထပ်ဖြစ်တဲ့ပြောင်းကို မျိုးထပ်ယူပြီး ထပ်စိုက်တာပေါ့။ ဒီလိုနဲ့ နှစ်ပေါင်း ထောင်ပေါင်းများစွာကြာတဲ့အခါ အခုစားနေတဲ့ ပြောင်းဖူးတွေရတာပေါ့။ ငှက်ပျောသီးတို့ ဘာတို့လည်း အဲဒီလိုပဲ။ အစေ့ကြီးကြီးတွေနဲ့ အသားမပါသလောက်နည်းတဲ့ သဘာဝငှက်ပျောရိုင်းကနေ အခုလို မွှေးအိအစေ့မမြင်ရသလောက် အသားထူတဲ့ ငှက်ပျောဖြစ်ဖို့ ထွန်းတဲ့ အပင်တွေ အဆင့်ဆင့်ရွေးချယ်ပြီး စိုက်ခဲ့ရတာ။

လူမှာလည်း အဲဒီလိုပဲ၊ ထွန်းတဲ့ လက္ခဏာလေးတချို့ ပါတဲ့ကောင်တွေ အချင်းချင်း ပေါင်းဖက်ကလေးမွေးကြတဲ့အခါ အဲဒီလက္ခဏာလေးတွေက မပျောက်တော့ဘဲ လက်ဆင့်ကမ်းလာကြမယ်။ နောက်တော့ တဖြည်းဖြည်း အဲဒီလိုလူဦးရေ များလာမယ်။ ဒီလိုနဲ့ပဲ ရုပ်ထွက်က အခုရုပ်ထွက် ရလာတာပေါ့။ အရင်က မျောက်ရုပ်ထွက်လေ။ ရေမြေ ရာသီဥတု အစားအသောက် အစာရှာဖွေပုံ မတူညီမှုတွေအပေါ် အခြေခံပြီး လိုက်လျောညီထွေရှိအောင် ပြောင်းမယ် ထွန်းမယ် အဲဒီလိုနဲ့ အခုလို လူတွေ ဖြစ်လာကြတာမဟုတ်လား။ ဒီလိုရုပ်ထွက် ဒီလိုဉာဏ်ရည်ရဖို့ နှစ်ပေါင်းကတော့ သန်းချီကြာခဲ့ရတယ်။ ဒါကတစ်ပိုင်း။

အခုပြဿနာက radiation က လူလုပ် radiation တွေ ပေါ်လာတာ လူ့သမိုင်းနဲ့ယှဉ်ကြည့်ရင် ဘယ်လောက်မှ မကြာသေးဘူး။ သဘာဝကရတဲ့ radiation တွေ ရှိတယ်ဆိုပေမယ့် အခုလောက်ကြီး သိသိသာသာ ပမာဏမပြင်းဘူးလေ။ ခုကျ ဓာတ်ရောင်ခြည်သင့်ခြင်းက စားတဲ့ အစားထဲမှာကို ပါလာတတ်တယ်။ ဓာတ်ရောင်ခြည်က ကိုယ့်ကို တိုက်ရိုက်ထိတယ်ဆိုရင် ကင်ဆာ သွေးကင်ဆာ ဘာညာဖြစ်မယ်၊ အဲဒါက ထားပါတော့။ အဓိကက မျိုးပွားစနစ်ကိုပါ လာထိတဲ့အခါ သန္ဓေအောင်တဲ့ ဆဲလ်ထဲမှာ အဲဒီ ဓာတ်ရောင်ခြည်ထိထားတဲ့ ဆဲလ်လေး ပါသွားပြီဆိုပါစို့။ အဲဒီ DNA အပြောင်းအလဲရှိမယ့် ဆဲလ်လေးကနေ သန္ဓေသား ကြီးထွားလာတာနဲ့အမျှ ဆဲလ်ကွဲပွားတိုင်း အဲဒီ ပြောင်းလဲနေတဲ့ DNA တွေ ပါပါသွားမယ်။ ဒါဆိုရင် DNA အနည်းငယ်အပြောင်းအလဲရှိမယ့် ကလေးတစ်ယောက် ထွက်လာမှာပေါ့။ ဒီကလေးကြီးလာရင် သူ့လိုပဲ အပြောင်းအလဲရှိမယ့် နောက်တစ်ယောက်နဲ့ယူ၊ ဓာတ်ရောင်ခြည်ကလည်း ထပ်ထိ၊ မွေးလာတဲ့ကလေးတွေက ထပ်ပြောင်း။ ဒီအပြောင်းအလဲက သဘာဝအတိုင်း လိုက်လျောညီထွေပြောင်းရင်း ပြောင်းလဲလာတဲ့ evolution ထက် ပိုမြန်လိမ့်မယ်ထင်တယ်။

နောက်တစ်ခုရှိသေးတယ်။ ဖတ်လိုက်ရတာ microplastics က ကိုယ်တွေရဲ့ သွေးကြောထဲ၊ ဆဲလ်ထဲ တင် မကဘူး အမျိုးသားတွေရဲ့ သုတ်ရည်မှာပါ microplastics ပါတာ တွေ့ရတယ်တဲ့။ အေး ပလတ်စတစ်ကလည်း လွန်ခဲ့တဲ့ နှစ်တစ်ရာအထိ မရှိသေးဘူး။ ဒီနှစ်ပေါင်းတစ်ရာတည်း ကာလအတွင်း ဘယ်လောက်မြန်သလဲဆို သွေးထဲ ဆဲလ်ထဲအထိ စိမ့်ဝင်နေပြီ။ ဒီတော့ နောက်ပိုင်း generation လေးတွေဟာ microplastics ရယ် ဓာတ်ရောင်ခြည်ရယ် နှစ်ခုတည်းနဲ့တင် သိသိသာသာ မြန်မြန်ဆန်ဆန် မျိုးဗီဇတွေ ပြောင်းတော့မယ် ထွန်းတော့မယ်။ နှစ်ပေါင်း နှစ်သန်းကျော်လောက် အချိန်ယူရတဲ့ အပြောင်းအလဲဖြစ်စဉ်တွေဟာ အခုဆို နှစ်ပေါင်း နှစ်ရာလောက်အတွင်း အလွန်ကြီးမားတဲ့ တွန်းအားကြီးတွေနဲ့ တအားကြီးအမြန်ရွေ့တော့မလား မဝေးတော့တဲ့ အနာဂတ်မှာ လူတွေက (စစ်ပွဲတွေ နျူလက်နက်တွေကြောင့် မျိုးမတုံးကုန်ရင်ပေါ့) ဘယ်လိုမျိုး ရုပ်ထွက်၊ ဘယ်လိုမျိုး ခန္ဓာကိုယ်စနစ်တွေ ပြောင်းလဲကုန်မလဲ။

ဘာမှမဟုတ်ဘူး၊ တပည့်တွေကို ဒီအကြောင်းတွေ ဆွေးနွေးပြီး ဘယ်လိုပြောင်းလောက်မလဲကို ကိုယ့်ကိုယ်ကို မနုဿဗေဒပညာရှင်လို သဘောထားပြီး ရေးခိုင်းလိုက်တာ အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ anthropologist's report တွေ ထွက်လာတယ်။ ဒီတီချယ် စိတ်ကူးပေါက်တာတွေ လျှောက်လုပ်ခိုင်းသမျှ မငြီးမငြူ ကြိုးစားပမ်းစား ရေးကြ၊ ရှာဖတ်ကြတဲ့ ကျောင်းသားကျောင်းသူတွေကို အထူးကျေးဇူးတင်ရပါတယ်။

Julia (13.03.2026)

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Julia's Language Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Julia's Language Club:

Shortcuts

Share

Category