Flourish Education Center

Flourish Education Center Learn. Speak. Write. 🌟 Phonics | Speaking & Listening | Grammar | Teens 4 Skills

အတာသင်္ကြန်ကျောင်းပိတ်ရက် ကြေညာခြင်း🤍☘️မြန်မာ့နှစ်သစ်ကူးအခါသမယမှာ ဆရာ၊ဆရာမများနှင့် သားသားမီးမီးတို့အားလုံး မိသားစုနှင့်...
10/04/2026

အတာသင်္ကြန်ကျောင်းပိတ်ရက် ကြေညာခြင်း🤍☘️

မြန်မာ့နှစ်သစ်ကူးအခါသမယမှာ ဆရာ၊ဆရာမများနှင့် သားသားမီးမီးတို့အားလုံး မိသားစုနှင့်အတူချစ်ခင်နွေးထွေးစွာ ဖြတ်သန်းနိုင်စေရန် အတန်းများကို 11.4.2026 မှ 17.4.2026 အထိ ခေတ္တပိတ်ထားမည်ဖြစ်ပါသည်။

အားလုံးပဲ နှစ်သစ်မှာရွှင်လန်းချမ်းမြေ့ကြပါစေရှင့်။ 💛✨

သားသားမီးမီးတို့ရေ… ခရီးသွားတဲ့အခါမှာ အသုံးဝင်မယ့် စကားလုံးလေးတွေကို ဗဟုသုတအဖြစ် အတူတူ လေ့လာကြည့်ရအောင်နော် ✨           ...
09/04/2026

သားသားမီးမီးတို့ရေ… ခရီးသွားတဲ့အခါမှာ အသုံးဝင်မယ့် စကားလုံးလေးတွေကို ဗဟုသုတအဖြစ် အတူတူ လေ့လာကြည့်ရအောင်နော် ✨

သားသားမီးမီးတို့အတွက် အင်္ဂလိပ်စာလေ့လာဖို့ Songs လေးတွေနဲ့ Game sites လေးတွေ share ပေးပြီးပြီဆိုတော့၊ ဒီတစ်ခါမှာတော့ ကာတ...
07/04/2026

သားသားမီးမီးတို့အတွက် အင်္ဂလိပ်စာလေ့လာဖို့ Songs လေးတွေနဲ့ Game sites လေးတွေ share ပေးပြီးပြီဆိုတော့၊ ဒီတစ်ခါမှာတော့ ကာတွန်းလည်းကြည့်ရင်း ဗဟုသုတလည်းရမယ့် အစီအစဉ်ကောင်းလေးတွေအလှည့်ပဲ ဖြစ်ပါတယ်။ ဘယ်လိုကာတွန်းလေးတွေက အင်္ဂလိပ်စာတိုးတက်ဖို့ အထောက်အကူပြုမလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော် 🫶

သားသားမီးမီးတို့ အင်္ဂလိပ်စာလေ့လာတဲ့အခါ အသုံးများပြီး အမြဲလိုလို မှားတတ်တဲ့ English verbs လေးတွေကို အလွယ်တကူ ခွဲခြားသိထာ...
05/04/2026

သားသားမီးမီးတို့ အင်္ဂလိပ်စာလေ့လာတဲ့အခါ အသုံးများပြီး အမြဲလိုလို မှားတတ်တဲ့ English verbs လေးတွေကို အလွယ်တကူ ခွဲခြားသိထားနိုင်ဖို့အတွက် ဒီနေ့မှာတော့ စုစည်းပြီး တင်ပေးလိုက်ပါတယ်နော် 🫶 ✨

Speaking Level 3 Test – Successfully Completed 🎉Speaking Level 3 စာမေးပွဲကို အောင်အောင်မြင်မြင် ဖြေဆိုနိုင်ခဲ့ကြလို့ အား...
04/04/2026

Speaking Level 3 Test – Successfully Completed 🎉

Speaking Level 3 စာမေးပွဲကို အောင်အောင်မြင်မြင် ဖြေဆိုနိုင်ခဲ့ကြလို့ အားလုံးကို ဂုဏ်ယူပါတယ်ရှင်🥳 ရှေ့ဆက်ပြီး Level 4 မှာလည်း အခုလိုပဲ ပိုကြိုးစားကြမယ်နော်။ ✨

B-26 Phonic class မှ သားသားမီးမီးများ 🫶
03/04/2026

B-26 Phonic class မှ သားသားမီးမီးများ 🫶

Aprilလရောက်လာပြီ၊ သကြင်္န်လည်း ရောက်ခါနီးပြီဆိုတော့... ရေပက်တာတစ်ခုတည်းတင်မဟုတ်ဘဲ သင်္ကြန်နဲ့ပတ်သက်တဲ့ English vocab လေး...
02/04/2026

Aprilလရောက်လာပြီ၊ သကြင်္န်လည်း ရောက်ခါနီးပြီဆိုတော့... ရေပက်တာတစ်ခုတည်းတင်မဟုတ်ဘဲ သင်္ကြန်နဲ့ပတ်သက်တဲ့ English vocab လေးတွေကိုပါ အတူတူ လေ့လာကြည့်ကြရအောင်နော် 💦✨

Online class တွေဟာ ရှက်တတ်တဲ့ကလေးလေးတွေကို Confidence ရှိလာအောင် ဘယ်လိုကူညီပေးသလဲ ❓ကလေးလေးက စကားပြောရမှာ ရှက်နေတာ၊ အထူးသ...
01/04/2026

Online class တွေဟာ ရှက်တတ်တဲ့ကလေးလေးတွေကို Confidence ရှိလာအောင် ဘယ်လိုကူညီပေးသလဲ ❓

ကလေးလေးက စကားပြောရမှာ ရှက်နေတာ၊ အထူးသဖြင့် အင်္ဂလိပ်လိုပြောဖို့ ဝန်လေးနေတာမျိုးဆိုရင် ဖေဖေမေမေတို့ စိတ်ပူတတ်ကြတယ်မလား⁉️

သင်ခန်းစာကို နားလည်နေပေမဲ့ တကယ်တမ်းကျတော့ ကြောက်လို့ ဒါမှမဟုတ် စိတ်လှုပ်ရှားလို့ မပြောရဲတာမျိုး ဖြစ်တတ်ပါတယ်။
တကယ်တော့ Online Class တွေဟာ စာသင်ရုံတင်မဟုတ်ဘဲ ရှက်တတ်တဲ့ကလေးတွေအတွက် သူတိုရဲ့ Comfort Zone ထဲကနေ ယုံကြည်မှုကို တည်ဆောက်ယူလို့ရတဲ့ အကောင်းဆုံး နေရာလေးတစ်ခု ဖြစ်နိုင်ပါတယ်။

1. ဘာလို့လဲဆိုတော့ အွန်လိုင်းကနေ သင်ရတဲ့အခါ ကလေးတွေက သူတို့အတွက် အလုံခြုံဆုံးနေရာဖြစ်တဲ့ "အိမ်" မှာပဲ ရှိနေတာကြောင့် ပိုပြီး စိတ်အေးလက်အေး ရှိကြပါတယ်။ လူအများကြီးကြား စကားပြောရတာထက်၊ မိမိအခန်းထဲမှာ မိမိစိတ်ကြိုက်နေရာကနေ သင်ယူရတာက စိတ်ဖိစီးမှုကို အများကြီး လျော့ကျစေပါတယ်။ "ဘေးကလူတွေ ဝိုင်းကြည့်နေတယ်" ဆိုတဲ့ ခံစားချက်မရှိတော့တဲ့အခါ သူတို့လေးတွေ ပိုပြီး ပွင့်လင်းလာကြပါတယ်။

2. ဒါ့အပြင် Online Class အများစုက လူနည်းနည်းပဲ ထားလေ့ရှိကြပါတယ်။ ဒါဟာ ရှက်တတ်တဲ့ကလေးတွေအတွက် အခွင့်အရေးပါပဲ။ သူများတွေပြောတာကိုပဲ ငြိမ်နားထောင်နေရမယ့်အစား တီချယ်နဲ့ တိုက်ရိုက်ထိတွေ့ခွင့် ပိုရလာတော့ ဖြည်းဖြည်းချင်း အသားကျလာပြီး စကားပြောဖို့ ဝန်မလေးတော့ပါဘူး။

3. Online ကနေ သင်တဲ့အခါ တီချယ်တွေက ကလေးတစ်ယောက်ချင်းစီရဲ့ အားနည်းချက်ကို ပိုမြင်ရပြီး သေချာလေး ဂရုစိုက်ပေးလို့ ရပါတယ်။ "မှားလည်း ကိစ္စမရှိဘူး၊ ပြန်ပြင်လို့ရတယ်" ဆိုတဲ့ အလေ့အကျင့်လေး ရလာတဲ့အခါမှာတော့ ကလေးရဲ့ စိုးရိမ်စိတ်တွေက ယုံကြည်မှုအဖြစ် ပြောင်းလဲသွားပါတော့တယ်။

✅ Online Class တက်ရာကနေ ကလေးလေးတွေဘယ်လိုပြောင်းလဲလာနိုင်လဲဆိုရင် ပထမ အစပိုင်းမှာတော့သူများပြောတာကိုပဲ သေချာနားထောင်နေတတ်ပါတယ်။
✅ စကားလုံးတိုလေးတွေ စသုံးတယ်။ "Yes/No" ကနေစပြီး စကားလုံးတိုလေးတွေနဲ့ အပြန်အလှန် ဖြေဆိုလာပါတယ်။
✅ ဝါကျရှည်လေးတွေ ပြောလာတယ်။ တဖြည်းဖြည်းနဲ့ သူတို့ရဲ့ စိတ်ကူးတွေကို စုစည်းပြီး ဝါကျလေးတွေ စီပြောလာနိုင်ပါတယ်။
✅ နောက်ဆုံးမှာတော့ ယုံကြည်မှုအပြည့်နဲ့ အမှားကို မကြောက်တော့ဘဲ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ အင်္ဂလိပ်လို ဖော်ပြပြောဆိုနိုင်လာပါလိမ့်မယ်။

တကယ်တော့ Confidence ဆိုတာ အတင်းအကျပ် တွန်းအားပေးလို ရတာမျိုး မဟုတ်ပါဘူး။ ကလေးက "ငါ့ကို အားပေးမယ့်သူရှိတယ်၊ ငါ့ကို ဘယ်သူမှ လှောင်မှာမဟုတ်ဘူး" လုံခြုံမှုရှိတယ်လို ခံစားရတဲ့ ပတ်ဝန်းကျင်လေးမှာပဲ အလိုလို ဖြစ်လာတာမျိုးပါ 💛
ဒါ့ကြောင့် ဖေဖေမေမေတို့ရဲ့ ကလေးငယ်များအတွက် အကောင်းဆုံးသော သင်ကြားမှုဝန်းကျင်ကို ဖန်တီးပေးဖို့ Flourish က အမြဲအသင့်ရှိနေပါတယ် 🫶

Tr. Anna ရဲ့ Phonics Class လေး 🥳💪Phonics class မှာ အသံထွက်တွေကို အခြေခံကအစ သေချာလေးသင်ပေးတာမို့ ကလေးတွေက စာလုံးအသစ်တွေကိ...
30/03/2026

Tr. Anna ရဲ့ Phonics Class လေး 🥳💪

Phonics class မှာ အသံထွက်တွေကို အခြေခံကအစ သေချာလေးသင်ပေးတာမို့ ကလေးတွေက စာလုံးအသစ်တွေကို မြင်တာနဲ့ အသံထွက်ကို ကိုယ်တိုင်ပေါင်းစပ်ပြီး ဖတ်နိုင်လာမှာပါ။ ဒါ့အပြင် အင်္ဂလိပ်စာ အသံထွက်မှန်မှန်နဲ့ ယုံကြည်မှုရှိရှိ ပြောဆိုနိုင်ဖို့လည်း အများကြီး အထောက်အကူဖြစ်စေပါတယ်ရှင့် ✨

Speaking Level 4 က ကျောင်းသူလေးတွေနဲ့အတူ... 📸✨ ကလေးတို့ရဲ့ စကားပြောစွမ်းရည်တွေ ပိုတောက်ပလာဖို့ Flourish Education Center...
29/03/2026

Speaking Level 4 က ကျောင်းသူလေးတွေနဲ့အတူ... 📸✨

ကလေးတို့ရဲ့ စကားပြောစွမ်းရည်တွေ ပိုတောက်ပလာဖို့ Flourish Education Center က အမြဲရှိနေပါတယ်ရှင့် 🫶

သားသားမီးမီးတို့အတွက် ဒီနေ့မှာတော့ အတန်းထဲမှာ ပြောလေ့ရှိတဲ့ အသုံးအနှုန်းလေးတွေကို တင်ပေးလိုက်ပါတယ် 🫶
28/03/2026

သားသားမီးမီးတို့အတွက် ဒီနေ့မှာတော့ အတန်းထဲမှာ ပြောလေ့ရှိတဲ့ အသုံးအနှုန်းလေးတွေကို တင်ပေးလိုက်ပါတယ် 🫶

ဒီနေ့မှာတော့ သားသားမီးမီးတို့အတွက် ဆော့ရင်းနဲ့ အင်္ဂလိပ်စာ တိုးတက်စေမယ့် Game site လေးတွေအကြောင်း ပြောပြပေးလိုက်ပါတယ်✨ကလ...
26/03/2026

ဒီနေ့မှာတော့ သားသားမီးမီးတို့အတွက် ဆော့ရင်းနဲ့ အင်္ဂလိပ်စာ တိုးတက်စေမယ့် Game site လေးတွေအကြောင်း ပြောပြပေးလိုက်ပါတယ်✨

ကလေးတွေက စာအုပ်ကြီးနဲ့ စာကျက်ရတာထက်စာရင် ကစားရင်းသင်ယူရတာကို ပိုပျော်ကြတာမို့ ဒီ site လေးတွေက သူတို့ရဲ့ Vocabulary၊ Grammar နဲ့ Listening ကို သိသိသာသာ အထောက်အကူပြုမှာပါနော်။

Address

Yangon
11111

Telephone

+959425829933

Website

Alerts

Be the first to know and let us send you an email when Flourish Education Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Flourish Education Center:

Shortcuts

Share

Category