Nuri Korean Language Center

Nuri Korean Language Center Yonsei University မဟာဘွဲ့ရ တီချယ်ကိုယ်တိုင်သင်ကြားသည့် Nuri Korean Language Center

16/07/2024

🚨

 ေ_ဆက်သွယ်ကြမယ် အကြောင်းအမျိုးမျိုးကြောင့် ‌facebook နဲ့ messenger သုံးဖို့အဆင်မပြေရင် တီချယ်တို့နဲ့ အဆက်အသွယ်မပြတ်ရအောင...
20/06/2024

ေ_ဆက်သွယ်ကြမယ်

အကြောင်းအမျိုးမျိုးကြောင့် ‌facebook နဲ့ messenger သုံးဖို့အဆင်မပြေရင် တီချယ်တို့နဲ့ အဆက်အသွယ်မပြတ်ရအောင်၊ တီချယ်တို့ တင်တဲ့ post တွေ၊ သင်တန်းကြော်ငြာစာတွေကို မြင်တွေ့ရအောင် telegram ကနေ ဆက်သွယ်နိုင်ဖို့ ‌ဖော်ပြပါ telegram channel ကို subscribed လုပ်ထားပေးကြပါနော်....

telegram channel link - t.me/nurikoreanlanguagecenter

သင်တန်းကိစ္စစုံစမ်းမေးမြန်းလိုပါက telegram, viber +959 774 350 998 ကနေတစ်ဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်..



💥 ွန်လိုင်းတန်းခွဲသစ်ကြေညာခြင်း🤗အခြေခံလစာ တစ်လ မြန်မာငွေကျပ် သိန်း(၆၀) ရရှိနိုင်တဲ့ ကိုရီးယားနိုင်ငံကို တရားဝင်အလုပ်သွား...
17/06/2024

💥 ွန်လိုင်းတန်းခွဲသစ်ကြေညာခြင်း

🤗အခြေခံလစာ တစ်လ မြန်မာငွေကျပ် သိန်း(၆၀) ရရှိနိုင်တဲ့ ကိုရီးယားနိုင်ငံကို တရားဝင်အလုပ်သွားရောက်လုပ်ကိုင်လိုသူများအတွက် အခြေခံကနေစပြီးသင်မယ့် EPS TOPIK အွန်လိုင်း တန်းခွဲသစ်ကိုဖွင့်လှစ်ပေးလိုက်ပါပြီ။🤗

🎯သင်တန်းချိန် - 11:00 AM~12:30 PM
🎯သင်တန်းရက် - Monday to Friday
🎯သင်တန်းကြေး - 350,000 ks (ဖတ်စာအုပ်မပါ)
🎯သင်တန်းကာလ - ၅ လ (Basic + Part 1,2)
🎯စမည့်ရက် - 15.7.2024 (Monday)

👩‍🎓သင်ကြားမယ့်ဆရာမကတော့
❤️M.A (Korean Studies, Yonsei University)
❤️B.A (Korean, MUFL)
❤️GKS scholarship recipient
❤️TOPIK level 6 ရထားတဲ့အပြင်

ကိုရီးယားဘာသာစကားအတွေ့အကြုံ ၁၀ နှစ်ကျော်ရှိတဲ့ တီချယ်ကိုယ်တိုင် စနစ်တကျလေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ပါတယ်။

🚨သင်တန်းအပ်နှံရန်-
Page messenger (သို့မဟုတ်) ဖုန်း 09-774350998, 09-890019142 ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

*
*

EPS TOPIK ဆိုတာ ဘာမှန်းမသိသေးတဲ့သူတွေအတွက် ~

💥EPS TOPIK ဆိုတာ ဘာလဲ
✅EPS ကို အရှည်အနေနဲ့ Employment Permit System လို့ခေါ်ပြီး ကိုရီးယားနိုင်ငံအစိုးရနဲ့ မြန်မာနိုင်ငံအစိုးရတို့က MOU (သဘောတူညီချက်စာချုပ်) ရေးထိုးထားပြီး ကိုရီးယားနိုင်ငံကို တရားဝင်သွားရောက်အလုပ်လုပ်နိုင်ဖို့အတွက် ဖြေဆိုရတဲ့စာမေးပွဲဖြစ်ပါတယ်။

💥EPS TOPIK စာမေးပွဲကို ဘယ်သူတွေဖြေလို့ရလဲ
1️⃣အသက် ၁၈ နှစ်ကနေ ၃၉ နှစ်အတွင်းရှိတဲ့ အမျိုးသားများ ( #ပညာအရည်အချင်းမလို)
2️⃣အသက် ၁၈ နှစ်ကနေ ၃၉ နှစ်အတွင်းရှိတဲ့ အမျိုးသမီးများ ( #အထက်တန်းအောင်ဖြစ်ရန်လို)
3️⃣ပြစ်မှုကင်းရှင်းပြီး ပြည်ပထွက်ခွာခွင့်ပိတ်ပင်ခံထားရခြင်းမရှိသူများ
4️⃣ကျန်းမာရေးကောင်းမွန်ပြီး ကျန်းမာသန်စွမ်းသူများ (အသည်းရောင်အသားဝါဘီပိုး၊ စီပိုး၊ HIV/AIDS, တီဘီ, အဆုတ်အမာရွတ်၊ အဆုတ်စပေါ့၊ မျက်လုံးကာလာဘလိုင်း) စသည့် ရောဂါမရှိသူများ။

⚠️(ဆေးကျရင် စာမေးပွဲအောင်လည်း သွားလို့မရတာမို့ အတန်းမတက်ခင် ဆေးအရင်စစ်ဖို့အကြံပေးချင်ပါတယ်)

💥လစာဘယ်လောက်ရမှာလဲ
✅အခြေခံလုပ်အားခ တစ်နာရီ 9860 ဝမ် သတ်မှတ်ထားပြီး တစ်ရက် (၈နာရီ)လုပ်အားခ 78,880 ဝမ် (မြန်မာငွေ 197,200 ဝန်းကျင်) ရရှိနိုင်ပြီး အချိန်ပိုဆင်း၍ ရရှိသည့်လုပ်အားခမပါဘဲ တစ်လလျှင် အခြေခံလစာ သိန်း ၆၀ ကျော်ဝန်းကျင်ရရှိနိုင်ပါတယ်။

💥ဘယ်လိုအလုပ်မျိုးလုပ်ရမှာလဲ
✅၁။ ကုန်ထုတ်လုပ်ငန်း (ကျား)
✅၂။ ဆောက်လုပ်ရေးလုပ်ငန်း (ကျား)
✅၃။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း (ကျား)
✅၄။ ဝန်ဆောင်မှုလုပ်ငန်း (ကျား/မ) - ၂၀၂၄ ခုနှစ်မှစတင်

💥EPS စာမေးပွဲဖြေဖို့ ဘာတွေပြင်ဆင်ရမလဲ
✅EPS စာမေးပွဲဖြေဖို့အတွက် ကိုရီးယားစာကို အခြေခံကနေ စပြီးလေ့လာထားရမှာဖြစ်ပြီး ကိုရီးယားအလုပ်သမားဝန်ကြီးဌာနက ထုတ်ထားတဲ့ EPS-TOPIK ဖတ်စာအုပ် (Part 1, Part 2)နဲ့ မေးခွန်းဟောင်းတွေကို လေ့လာထားရပါမယ်။

💥ဒီနှစ်ထပ်တိုးတဲ့ဝန်ဆောင်မှုလုပ်ငန်းက ဘယ်လိုအလုပ်မျိုးလဲ
✅စားဖိုဆောင်အကူ
✅အဆောက်အဦသန့်ရှင်းရေးလုပ်ငန်း
✅သယ်ယူပို့ဆောင်ရေး (Delivery လုပ်ငန်း)
✅စားသောက်ဆိုင်အကူ (စားပွဲထိုး)
✅ဟိုတယ်၊ ဆေးရုံစတဲ့လုပ်ငန်းတွေမှာ ခေါ်သွားမှာပါ

ကဲ..ဒါဆိုရင် EPS အကြောင်းကို သိသွားပြီဆိုတော့ အခုပဲအတန်းအပ်ပြီး ကိုရီးယားသွားဖို့ ပြင်ဆင်လိုက်ရအောင်။💪

📌ယောရော်ဘွန်းတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ပေးသွားမယ့်
NURI Korean Language Center 🥰






29/05/2024

📚EPS Topik Exam (Service 2) ဖြေဆိုသူ

Shwe Zin Khaing 75 မှတ်
Kyi Kyi Khant 67.5 မှတ်

ပါ🥳🎉

အလုပ်တစ်ဖက်နဲ့ဝင်ဖြေတာမို့ အမှတ်တော့ နည်းသွားပေမယ့် Skill test ကို အကောင်းဆုံးပြင်ဆင်ပြီး ဖြေကြမယ်နော် fighting 🥰


    🎉𝟏𝟗𝟗𝟎 ʙᴏʀɴ ကျောင်းသူဖြစ်တဲ့👩‍🎓"ᴡᴀᴅᴀᴍᴋʜᴏɴɢ ɴɪɴ"ဆိုးလ်မြို့မှာရှိတဲ့ Excellent university တစ်ခုဖြစ်တဲ့ ᴅᴜᴋꜱᴜɴɢ ᴡᴏᴍᴇɴ'ꜱ...
28/05/2024

🎉

𝟏𝟗𝟗𝟎 ʙᴏʀɴ ကျောင်းသူဖြစ်တဲ့

👩‍🎓"ᴡᴀᴅᴀᴍᴋʜᴏɴɢ ɴɪɴ"

ဆိုးလ်မြို့မှာရှိတဲ့ Excellent university တစ်ခုဖြစ်တဲ့ ᴅᴜᴋꜱᴜɴɢ ᴡᴏᴍᴇɴ'ꜱ ᴜɴɪᴠᴇʀꜱɪᴛʏ မှာ ᴅ𝟰 ʟᴀɴɢᴜᴀɢᴇ ᴘʀᴏɢʀᴀᴍ တက်ရောက်ဖို့အတွက် ᴠɪꜱᴀ ᴀᴘᴘʀᴏᴠᴇᴅ ရရှိခဲ့ပါပြီ။ 👏👏👏

90 born ဖြစ်ပြီး အရင်တစ်ခေါက်က ᴅᴇɴɪᴇᴅ ထိဖူးခဲ့ပေမယ့် ᴘᴇʀꜱᴏɴᴀʟ ꜱᴛᴀᴛᴇᴍᴇɴᴛ နဲ့ ꜱᴛᴜᴅʏ ᴘʟᴀɴ ကို အကောင်းဆုံးပြင်ဆင်ပေးဖြစ်ခဲ့ပါတယ်။ 😘

🙏ကိုရီးယားကိုရောက်ရှိပြီး အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ပါစေလို့ တီချယ်က ဆုမွန်တောင်းပေးလိုက်ပါတယ်။

👉ယော်ရောဘွန်းတို့ရဲ့ ကိုရီးယားအိပ်မက်တွေကို တီချယ်တို့ ɴᴜʀɪ ᴋᴏʀᴇᴀɴ ʟᴀɴɢᴜᴀɢᴇ ᴄᴇɴᴛᴇʀ နဲ့အတူ အကောင်အထည်ဖော်နိုင်ဖို့ အေဂျင်စီကိစ္စများ စုံစမ်းမေးမြန်းလိုပါက ᴘᴀɢᴇ ᴍᴇꜱꜱᴇɴɢᴇʀ သို့မဟုတ် ဖုန်းနံပါတ် 09-774 350 998 ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်......


#덕성여자대학교

23/05/2024

EPS Topik Exam 23.5.2024 (Service 2)
ဖြေဆိုသူ

🧒မလင်းလင်းထိုက် ၇၇.၅ မှတ်

ပါ🥳🎉

စာသိပ်မလုပ်၊ လျှောက်ပဲလျှောက်လည်နေလို့ စာလုပ်ဖို့ခဏခဏပြောခဲ့ရတဲ့ "လင်း"😁
ဒီအမှတ်ရအောင် ကြိုးစားပေးလို့ ကျေးဇူးပါ 🥰

-Skill test ကိုလည်း သေချာဖြေဆိုအောင်မြင်ပြီး ကိုရီးယားကို အမြန်ဆုံးရောက်ရှိပါစေ 🙏


22/05/2024

EPS Topik Exam 22.5.2024 (Service 2)
ဖြေဆိုသူ

🧒မအိမ်သစ္စာ ၈၇.၅ မှတ်

ပါ🥳🎉

-Skill test ကိုလည်း သေချာဖြေဆိုအောင်မြင်ပြီး ကိုရီးယားကို အမြန်ဆုံးရောက်ရှိပါစေ 🙏


21/05/2024

🏆Congratulations 🥳🎉

EPS Topik Exam 21.5.2024 (Service 2)
ဖြေဆိုသူ

🧒မပြုံးသက်ပိုင်ဦး ၈၇.၅ မှတ် 👏
🧒မငယ်ငယ်ထွေး ၈၂.၅ မှတ်👏

နေ့တိုင်းတာဝန်ကျေတဲ့ ကိုယ့်အချစ်ကလေးတွေ..
အများကြီးချစ်ပါတယ်နော် 😘

-Skill test ကိုလည်း သေချာဖြေဆိုအောင်မြင်ပြီး ကိုရီးယားကို အမြန်ဆုံးရောက်ရှိပါစေ 🙏


👏👏Congratulations to my dearest TI KYI OO 🎊🎉 💫အရင်တစ်ခေါက် visa booking ဂယက်တုန်းက visa booking မရလိုက်လို့ စိတ်ပင်ပန်းခ...
20/05/2024

👏👏Congratulations to my dearest TI KYI OO 🎊🎉



💫အရင်တစ်ခေါက် visa booking ဂယက်တုန်းက visa booking မရလိုက်လို့ စိတ်ပင်ပန်းခဲ့ရပေမယ့် ဆိုးလ်မြို့ထဲမှာပဲ ရှိပြီး Excellent University ဖြစ်လို့ ranking ‌လည်းကောင်းတဲ့အပြင် visa booking ပါယူပေးတဲ့ 's_University ကို ရအောင် လျှောက်ပေးဖြစ်ခဲ့ပါတယ်။

💫ရှေ့ဆက်မယ့် လမ်းခရီးတိုင်းမှာလည်း ‌လူကောင်းတွေနဲ့ပဲတွေ့ပြီး အရာရာအဆင်ပြေချောမွေ့ပါစေလို့ တီချယ်က စိတ်ရင်းနဲ့ဆုတောင်းပေးလိုက်ပါတယ်နော် 🥰😘

'suniversity
#덕성여자대학교


20/05/2024

EPS Topik Exam
20.5.2024 (service 2) ဖြေတဲ့

🏆မဝေမာထွန်း ၉၅ မှတ် 🏆

Congratulations ပါ 🎉🎉

အရမ်းတော် 👏👏😍
အချိန်တိုအတွင်း ဒီလိုအမှတ်ကောင်းကို ရအောင်ယူလာပေးလို့ ဒီတီချယ် အတိုင်းထက်အလွန် ဂုဏ်ယူနေမိပါပြီ 😎

-Skill test ကိုလည်း သေချာဖြေဆိုအောင်မြင်ပြီး ကိုရီးယားကို အမြန်ဆုံးရောက်ရှိပါစေ 🙏


16/05/2024

၁၆ ကြိမ်မြောက် EPS စာမေးပွဲ 16.4.2024 (service 1) ဖြေတဲ့

🧒မမြတ်ပွင့်သူ ၈၅ မှတ်

Congratulations ပါ 👏👏🤩 🎉🎉

ရသလောက်ပဲဖြေခဲ့မှာတီချယ်ဆိုပြီး အမြဲတမ်းပေါ့ပေါ့လေးပြောလို့ စိတ်ပူခဲ့ရပေမယ့် ၈၅ မှတ်ရအောင် ဖြေခဲ့ပေးလို့ ကျေးဇူးပါ 🥰😍

-Skill test ကိုလည်း သေချာဖြေဆိုအောင်မြင်ပြီး ကိုရီးယားကို အမြန်ဆုံးရောက်ရှိပါစေ


Address

Yangon

Website

Alerts

Be the first to know and let us send you an email when Nuri Korean Language Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share