Institute of English

Institute of English We provide educational services to all the English language learners from diverse backgrounds.

We offer Cambridge Exam Preparations classes for young learners, General English classes, Academic English classes, English for Professional Purposes.

25/07/2026

IOE ရဲ့ အချစ်တော် Star လေးက သူ့ကိုမေ့နေကြမှာ စိုးလို့တဲ့ 🥰 "𝐒𝐭𝐚𝐫'𝐬 𝟔𝟎-𝐒𝐞𝐜𝐨𝐧𝐝 𝐄𝐧𝐠𝐥𝐢𝐬𝐡." အစီအစဥ်လေး ပြန်လာပါပြီ။

ဒီနေ့တော့ Star လေးနဲ့အတူ လွယ်တဲ့ စာလုံးလေး နှစ်လုံး စာပြန်နွေးကြရအောင်ပါ။



📣 လျှောက်လွှာပိတ်ရန် ရက်ပိုင်းသာ လိုတော့သည့် Special English Program Batch 4အင်္ဂလိပ်စာ လေ့လာရင်း မိမိကိုယ်ကို ယုံကြည်မှ...
24/07/2026

📣 လျှောက်လွှာပိတ်ရန် ရက်ပိုင်းသာ လိုတော့သည့် Special English Program Batch 4
အင်္ဂလိပ်စာ လေ့လာရင်း မိမိကိုယ်ကို ယုံကြည်မှုနှင့် ခေါင်းဆောင်မှုစွမ်းရည်များကို မြှင့်တင်ချင်တဲ့ မြန်မာလူငယ်များအတွက် IOE ရဲ့ Special English Program (SEP) Batch 4 လျှောက်လွှာများကို July 31st အထိသာ နောက်ဆုံးလက်ခံသွားမည် ဖြစ်ပါသည်။
ဒီသင်တန်းမှာ တက်ရောက်သူများအတွက် ၁၀၀% စကောလားရှစ် နှင့် ၅၀% စကောလားရှစ် အစီအစဉ်များ ပါဝင်တာကြောင့် အခွင့်အလမ်းကို ရယူဖို့ မမေ့ကြပါနဲ့နော်။
📌 Details
Course: General English (Intermediate level)
Period: Aug – Nov
Schedule: Sat & Sun (7:00 PM – 9:00 PM MMT) | Total 60 Hours
Platform: Online via Zoom
Scholarships: 100% Scholarship (20 seats) | 50% Scholarship (20 seats) | Self-funded (20 seats)
✨ ဒီသင်တန်းက ဘယ်သူတွေအတွက်လဲ?
နယ်ဝေးဒေသမှ လူငယ်များနှင့် ငွေကြေးအခက်အခဲရှိသော်လည်း အိပ်မက်ကြီးသူများ
ပြည်ပပညာသင်ဆု လျှောက်ထားလိုသူများနှင့် မိမိရပ်ရွာကို ပြန်လည်ကူညီလိုသူများ
📝 လျှောက်ထားနည်း -
1️⃣ လျှောက်လွှာဖောင်ဖြည့်ပါ 👉 https://forms.gle/vWrpTZACcHiZbr9r5
2️⃣ မေးခွန်း (၂) ခုကို Essay ရေးသားဖြေဆိုပါ (Max 300 words, strictly No AI)
3️⃣ English Level Test ဖြေဆိုပါ 👉

https://forms.gle/br5gVgTL4F3jMjxD9

🗓 လျှောက်လွှာပိတ်ရက်: July 31, 2026
📢 ရွေးချယ်ခံရသူများ ကြေညာမည့်ရက်: August 5, 2026
အချိန်မနှောင်းမီ အမြန်ဆုံး လျှောက်ထားလိုက်ပါ! ✨

ငယ်စဉ်ကတည်းက အင်္ဂလိပ်စာ အခြေခံကောင်းခဲ့တဲ့ သားသားမီးမီးတို့အတွက် နောက်တစ်ဆင့်ကတော့ Cambridge English Exams (KET, PET, F...
16/07/2026

ငယ်စဉ်ကတည်းက အင်္ဂလိပ်စာ အခြေခံကောင်းခဲ့တဲ့ သားသားမီးမီးတို့အတွက် နောက်တစ်ဆင့်ကတော့ Cambridge English Exams (KET, PET, FCE) ပဲ ဖြစ်ပါတယ်။ ဒီစာမေးပွဲတွေက ကျောင်းသား/သူတွေရဲ့ အင်္ဂလိပ်စာကို အဆင့်မြင့် ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေအတွက် အသင့်တော်ဆုံး ဖြစ်အောင် ပြင်ဆင်ပေးမှာပါ။
ဘာကြောင့် ဒီအဆင့်တွေကို ဖြေဆိုသင့်တာလဲ?
KET (A2 Key): အခြေခံအဆင့် အင်္ဂလိပ်စာကို နေ့စဉ်ဘဝမှာ ဘယ်လိုသုံးမလဲဆိုတာကို အတည်ပြုပေးတဲ့ အဆင့်ပါ။
PET (B1 Preliminary): အင်္ဂလိပ်စာကို အလုပ်ခွင်၊ ပညာရေးနဲ့ နေ့စဉ်ဘဝမှာ လွတ်လပ်စွာ အသုံးပြုနိုင်ကြောင်း ပြသနိုင်တဲ့ အဆင့်ပါ။ (နိုင်ငံတကာ တက္ကသိုလ်အများစုက ဒီအဆင့်ကို အခြေခံလိုအပ်ချက်အဖြစ် သတ်မှတ်ကြပါတယ်)။
FCE (B2 First): ကမ္ဘာ့အဆင့်မီ တက္ကသိုလ်တွေ၊ လုပ်ငန်းခွင်တွေမှာ အင်္ဂလိပ်စာကို ယုံကြည်မှုရှိရှိနဲ့ အသုံးပြုနိုင်ကြောင်း သက်သေပြနိုင်တဲ့ အဆင့်မြင့် အောင်လက်မှတ် ဖြစ်ပါတယ်။
ကျောင်းသားများအတွက် အကြံပြုချက် (Exam Tips):
1. သတင်းစာ၊ ဆောင်းပါး သို့မဟုတ် English Podcast တွေကို နားထောင်ခြင်းက Comprehension စွမ်းရည်ကို မြန်ဆန်စေပါတယ်။
2. တူညီတဲ့ စကားလုံးတွေကိုပဲ အမြဲမသုံးဘဲ Synonym (အဓိပ္ပာယ်တူ) စကားလုံးအသစ်တွေကို ထည့်သွင်းရေးသားလေ့ကျင့်ပါ။
3. Cambridge စာမေးပွဲရဲ့ ထူးခြားချက်က Speaking မှာ အခြားသူတစ်ယောက်နဲ့ တွဲဖက်ဖြေဆိုရတာပါ။ ဒါကြောင့် သူငယ်ချင်းနဲ့ အပြန်အလှန် ဆွေးနွေးလေ့ကျင့်ခြင်းက အကောင်းဆုံးပါပဲ။
4. အချိန်ကို သတ်မှတ်ပြီး Mock Tests တွေ ဖြေဆိုကြည့်ပါ။ ဒါက စာမေးပွဲခန်းထဲမှာ အချိန်စီမံခန့်ခွဲမှုအတွက် အရေးကြီးပါတယ်။
Cambridge English Certificate ဆိုတာ တစ်ခါဖြေဆိုရုံနဲ့ တစ်သက်စာ အကျိုးကျေးဇူးရရှိမယ့် ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပါတယ်။

အသေးစိတ် သင်တန်းအချက်အလက်များနှင့် စာရင်းပေးသွင်းလိုပါက Page Messenger မှတစ်ဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ်။ 💬✨

သင့်ကလေးရဲ့ အင်္ဂလိပ်စာ ခရီးလမ်းကို Cambridge YLE နဲ့ ပျော်ရွှင်စွာ စတင်လိုက်ပါ! 🌟📚ကလေးတွေအတွက် အင်္ဂလိပ်စာကို စာအုပ်ထဲက...
15/07/2026

သင့်ကလေးရဲ့ အင်္ဂလိပ်စာ ခရီးလမ်းကို Cambridge YLE နဲ့ ပျော်ရွှင်စွာ စတင်လိုက်ပါ! 🌟📚

ကလေးတွေအတွက် အင်္ဂလိပ်စာကို စာအုပ်ထဲကအတိုင်းပဲ လေ့လာနေရတာထက်၊ သူတို့ရဲ့ စွမ်းရည်ကို နိုင်ငံတကာအဆင့်နဲ့ တိုင်းတာနိုင်မယ့် Cambridge Young Learners English (YLE) စာမေးပွဲက တမျိုး ပိုပြီး စိတ်လှုပ်ရှားစရာကောင်းပါတယ်။

ဘာကြောင့် YLE ကို ဖြေဆိုသင့်တာလဲ?

✅ YLE စာမေးပွဲက ကလေးတွေကို စာမေးပွဲဆိုတာ "ကြောက်စရာ" မဟုတ်ဘဲ "ကိုယ့်စွမ်းရည်ကို ပြသရမယ့် နေရာ" ဖြစ်တယ်ဆိုတာကို သိရှိနားလည်စေပါတယ်။

✅ စာမေးပွဲ ပုံစံတွေက အရုပ်ကလေးတွေ၊ ပုံပြင်လေးတွေနဲ့ တွဲဖက်ထားလို့ ကလေးတွေ စိတ်ဖိစီးမှုမရှိဘဲ ဖြေဆိုနိုင်ပါတယ်။

✅ Starters → Movers → Flyers ဆိုတဲ့ အဆင့် (၃) ဆင့်ကနေ တစ်ဆင့်ချင်းစီ ကလေးတွေရဲ့ အရည်အသွေးတွေ confidence တွေ တိုးတက်လာတာကို မိဘတွေက ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပါတယ်။

✅ Cambridge ကပေးအပ်တဲ့ Certificate ဖြစ်တာကြောင့် ကလေးရဲ့ အနာဂတ်ပညာရေးအတွက် ခိုင်မာတဲ့ အုတ်မြစ်တစ်ခု ဖြစ်စေပါတယ်။

မိဘများအတွက် အကြံပြုချက် :
1. စာအုပ်ထဲက စာတွေချည်းပဲ ဖတ်ခိုင်းတာထက် အင်္ဂလိပ်ကာတွန်းကြည့်တာ၊ အင်္ဂလိပ်သီချင်းဆိုတာမျိုး လုပ်ပေးပါ။

2. ကလေးတွေက စာလုံးတွေထက် ပုံတွေကို ပိုမှတ်မိလွယ်ပါတယ်။ ရုပ်ပုံစာအုပ်တွေ အများကြီးသုံးပေးပါ။

3. စာမေးပွဲရလဒ်ထက်စာရင် ကလေး အင်္ဂလိပ်လို ပြောနိုင်သွားတဲ့အခါ၊ နားလည်သွားတဲ့အခါတိုင်းမှာ ချီးကျူးအားပေးပါ။

4. အချိန်နဲ့အမျှ ရင်းနှီးအောင် Mock Test တွေကို ပုံမှန် လေ့ကျင့်ပေးပါ။ IOE မှာ တက်တဲ့ ကျောင်းသားတွေ ကတော့ IOE ရဲ့ ကိုယ်ပိုင် website ထဲမှာ mock test တွေကို ဖြေဆိုကြပါတယ်။

ဒါကြောင့် မိဘများအနေနဲ့ ကလေးတွေအတွက် စိတ်ဖိစီးမှုမရှိတဲ့ စာမေးပွဲစနစ်နဲ့ သူတို့ရဲ့ အင်္ဂလိပ်စာအရည်အချင်းကို အဆင့်မြှင့်တင်ပေး
ပါ။

Cambridge YLE နဲ့ ပတ်သက်ပြီး အသေးစိတ် သိချင်တာ (သို့) ကိုယ့်ကလေးကို ဘယ်အဆင့်ကနေ စတင်သင့်လဲဆိုတာကို သိချင်ရင် • ၀၉ ၄၄၈၆၆၄၂၂၉ • ၀၉ ၄၄၈၆၆၄၄၂၈ (သို့မဟုတ်) Messenger ကနေ မေးမြန်းနိုင်ပါတယ်ရှင်။ 💬✨

ဘာသာစကားသာမက၊ ယုံကြည်မှုပါ တိုးတက်လာမယ့် "Special English Course"မိဘတိုင်းရဲ့ ရင်ထဲမှာ အမြဲနေရာယူထားတဲ့ ကျွန်ုပ်တို့ရဲ့ ...
11/07/2026

ဘာသာစကားသာမက၊ ယုံကြည်မှုပါ တိုးတက်လာမယ့် "Special English Course"
မိဘတိုင်းရဲ့ ရင်ထဲမှာ အမြဲနေရာယူထားတဲ့ ကျွန်ုပ်တို့ရဲ့ signature course မှာ သားသားမီးမီး တွေအတွက် ဘာတွေ အထူးခြားဆုံးလဲ?

IOE ရဲ့ သင်ရိုးညွှန်းတမ်းသည် Pre-Foundation မှ Level 8 အထိ အဆင့်ဆင့်ခွဲခြားထားပြီး၊ ဘာသာစကားတစ်ခုကို စကားပြောသာမက academic journey အတွက်ပါ ပြင်ဆင်ပေးပြီး ထိထိရောက်ရောက် တတ်မြောက်စေဖို့ ရည်ရွယ်ပါတယ်။

အထူးခြားဆုံးအချက်မှာ 4 Skills ကျွမ်းကျင်မှုအပြင်... ကလေးငယ်တွေရဲ့ စိတ်ကူးဉာဏ်ကို ဖော်ထုတ်ပေးမယ့် Creative Projects တွေနဲ့ သူတို့ရဲ့ ကိုယ်ပိုင်ဟန်ဖြင့် Presentation များ ပြုလုပ်ရတာကြောင့်...
• အင်္ဂလိပ်စာကို ပိုချစ်လာမယ်
• လူရှေ့သူရှေ့ စကားပြောရဲတဲ့ ယုံကြည်မှု ရရှိမယ်
• Level 8 ပြီးလို့ တခြား GED IELTS စတဲ့ သင်တန်းတွေကို လည်း ဆက်တက်ရောက် ပြီး ပြင်ဆင် ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။

သားသမီးတို့ရဲ့ ပညာရေးအတွက် အကောင်းဆုံးသော ရင်းနှီးမြှုပ်နှံမှုကို ယခုပဲ စတင်လိုက်ပါ။

📞 အမြန်ဆုံး စာရင်းပေးသွင်းလိုက်ပါ
တက်ရောက်နိုင်မည့် လူဦးရေ ကန့်သတ်ထားပါသဖြင့် ယခုပင် ဆက်သွယ်၍ နေရာဦးထားနိုင်ပါသည်။
• ၀၉ ၄၄၈၆၆၄၂၂၉
• ၀၉ ၄၄၈၆၆၄၄၂၈

ရင်သွေးငယ်များ၏ အနာဂတ်အတွက် အကောင်းဆုံးသော ပညာရေးရင်းနှီးမြှုပ်နှံမှုကို IOE နှင့်အတူ စတင်လိုက်ပါ။ မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများအားလုံးကို ကြိုဆိုလျက်ရှိပါသည်။


Every Achievement Begins with Love, Support, and Belief ✨🇲🇾🏆 Malaysia နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော TMP Little Science...
10/07/2026

Every Achievement Begins with Love, Support, and Belief ✨

🇲🇾🏆 Malaysia နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော TMP Little Science Academy မှ ကြီးမှူးကျင်းပသော World Summit English Olympiad Competition မှ ဂုဏ်ယူဖွယ် ဆုတံဆိပ်များနှင့်အတူ ပြန်လည်ရောက်ရှိလာသော IOE_Institute of English မှ Director / Lead teacher Tr Ei Theingi Phyo ဦးဆောင်သော အဖွဲ့ ဝင်များ ၊ ထူးချွန် ရွှေတံဆိပ်ဆုရ ကျောင်းသားများအား လေဆိပ်တွင် ပန်းစည်းများ၊ လက်ဆောင်များ၊ အပြုံးများဖြင့် နွေးထွေးစွာ လာရောက်ကြိုဆိုပေးခဲ့ကြသော ဆုရ ကျောင်းသား မိဘများအားလုံးကို အထူး ကျေးဇူးတင်ရှိပါသည်။ 🩵✨

အောင်မြင်မှုကို အတူတကွ ဝမ်းမြောက်ဂုဏ်ပြုပေးသည့် ဤအခိုက်အတန့်လေးများသည် ကလေးများအတွက် တစ်သက်တာ မမေ့နိုင်သော အမှတ်တရများအဖြစ် ထာဝရကျန်ရှိနေမည်ဟုယုံကြည်ပါသည်💕

ထို့အပြင် ပြိုင်ပွဲ တစ်လျှောက် အစစအရာရာအဆင်ပြေအောင်ကူညီပေးခဲ့ပါသော Dr. Malini Eaganathan, Founder & CEO of TMP Little Scientist Research Academy, Malaysia ၊ Ms Shela, Managing Director of TMP Little Science Academy, Malaysia နှင့် TMP Malaysian team ၊ ပြိုင်ပွဲ မယှဉ်ပြိုင်မှီ National Round မှ စ၍ ခရီးစဉ် မတိုင်မီ၊ခရီးစဉ်အတွင်း၊ခရီးစဉ်တစ်လျှောက်လုံးမှာ အစစ အဆင်ပြေအောင် စိတ်ရှည်ရှည်နှင့် အစစ ကူညီပေးခဲ့သော Country Coordinator Tr. Zin Zin Thin ( Sapal Education Centre) ၊ ပြိုင်ပွဲ အတွက် ပြင်ဆင်ချိန်အတွင်း အစစ လိုအပ်သည်များ ဖြည့်စွက် သင်ကြားပြင်ဆင် ပေးခဲ့သော ဆရာ၊ ဆရာမများ၊ cultural exchange အတွက် အက တိုက်ရာတွင် အားအင်အပြည့်ဖြင့် ကူညီသင်ကြားပေးခဲ့သော Sapal Education Centre မှ ဆရာမများ၊ အကတိုက်ရန် နေရာ ပံ့ပိုးပေးပါသော EGEC International School နှင့် မြတ်မင်္ဂလာ ဘုန်းတော်ကြီးကျောင်း မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲ အတွက် ပြင်ဆင်ချိန် အတွင်း လူအား ငွေအားဖြင့် အင်တိုက်အားတိုက် ပါဝင်အားဖြည့်ပေးခဲ့သော ကျောင်းသား မိဘများ ကို IOE မှ အထူးပင် ကျေးဇူးတင်ရှိပါသည်🩵🇲🇾

ထူးချွန်ထက်မြက်သော လူငယ်များကို မွေးထုတ်ပေးနိုင်ရန် အစဉ်မပြတ် ကြိုးစားလျှက် ရှိသည်နှင့်အညီ ပြိုင်ပွဲအတွက် ပြင်ဆင်ချိန်အတွင်း အခက်အခဲ မှန်သမျှကို ကျော်လွှားကာ အောင်မြင်မှုကို ဆွတ်ခူး ရယူနိုင်ခဲ့သော ချစ်ရတဲ့ IOE ရဲ့ ထူးချွန် ရွှေတံဆိပ်ဆုရ ကျောင်းသား အားလုံးကို အထူးပင် ချီးကျူး ဂုဏ်ပြု ပါသည် 🫶🏻🩵

“Behind every confident child stands a family who never stopped believing in them.” 🍀💫 🧡
With loves and respect,
IOE admin team

Guys!!  It's quiz time for today !!🤩Which one is 'magnifying glass' among these figures❓Can you guess the correct answer...
10/07/2026

Guys!! It's quiz time for today !!🤩

Which one is 'magnifying glass' among these figures❓

Can you guess the correct answer??? 🤔
Feel free to answer comments down below...👇🏼👇🏼

The correct answer will be announced in the comment box on the next day! 😉😉

Good job for those who chose the right answer! See you next time !👏🏼😃





Guys!!  It's the quiz time for today !!🤩What is the synonym of "Aurora" among these choices? ❓Can you guess the correct ...
08/07/2026

Guys!! It's the quiz time for today !!🤩

What is the synonym of "Aurora" among these choices? ❓

Can you guess the correct answer??? 🤔
Feel free to answer comments down below...👇🏼👇🏼

The correct answer will be announced in the comment box on the next day! 😉😉

Good job for those who chose the right answer! See you next time !👏🏼😃




07/07/2026

Test your English skills! 📝 How many questions did you get right? Let us know in the comments! 👇

We’re Coming Home with Double Honors! 🇲🇲We are incredibly grateful and proud to announce that our team has been claimed ...
06/07/2026

We’re Coming Home with Double Honors! 🇲🇲

We are incredibly grateful and proud to announce that our team has been claimed both the National Round Awards and the International Round Awards.🏆🥇🏅

မလေးရှားနိုင်ငံ ကွာလာလမ်ပူလ် မှာ 5.7.2026 ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့ World Summit 2026 English Olympiad Competition ပြိုင်ပွဲကြီးမှာ ဆုတံဆိပ်များ ထိုက်ထိုက်တန်တန် ရရှိခဲ့ကြတဲ့ ထူးချွန်ကျောင်းသားများကို IOE မှာ အထူး ဂုဏ်ယူဝမ်းမြောက်ပါတယ်။
ဒီအောင်မြင်မှုရဲ့ နောက်ကွယ်မှာ IOE အပေါ် အမြဲယုံကြည်ပြီး လူအား၊ ငွေအား အားပေးပံ့ပိုးပေးခဲ့ကြသော မိဘများ၊ စိတ်ရှည် လက်ရှည် သင်ကြားလမ်းညွှန်ပေးခဲ့ကြသော Tr. Ei Theingi Phyo၊ Sayar U Ye Min Htoon တို့နှင့်အတူ ယခု ပြိုင်ပွဲလုပ်ငန်းစဉ် တစ်လျှောက် ကူညီပံ့ပိုး ပေးခဲ့သော မြန်မာနိုင်ငံတွင် ကျန်ရစ်ခဲ့သော Institute of English team(IOE)နှင့် ခရီးစဉ်တွင် အတူလိုက်ပါလျှက် လိုအပ်သည်များ ဖြည့်ဆည်းပေးပါသော Tr. Ingyin တို့ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါသည်။🫶🏻🩵

မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ရခဲ့တာဟာ ကျွန်မတို့ IOE_Institute Of English အတွက် အလွန်ကြီးမားတဲ့ ဂုဏ်ယူစရာတစ်ခုဖြစ်ပြီး ဒီအောင်မြင်မှုကို အစပြုကာ နောင်လာမယ့် အခွင့်အရေးတိုင်းမှာလည်း အကောင်းဆုံးကြိုးစားပြီး မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာရလဒ်တွေ ဆက်လက်ယူဆောင်လာနိုင်အောင် ကြိုးစားသွားပါမယ်။ 🩵✨






Address

Bo Aung Kyaw Road
Yangon
11401

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959420151220

Alerts

Be the first to know and let us send you an email when Institute of English posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Institute of English:

Shortcuts

Share

Category