နှစ်သစ်အစ ပထမဆုံးလမှာဘဲ ပီယ ရေမွှေးနဲ့ လာဘ ရေမွှေး နှစ်မျိုးစလုံး လုပ်ဖြစ်တယ် ကိုယ့်အတွက် ကိုယ် သုံးဖို့နဲ့ သူငယ်ချင်းတစ်ချို့ကို လက်ဆောင်ပေးဖို့ 😎
Tarot by Piya Aung
Piya Aung, In the name of Paradise
ဒီရက်ပိုင်း အတွင်း ဘာလုပ်လုပ် ဘာကိုင်ကိုင် အဆင်မပြေဖြစ်နေသူများ ဒီနည်းလမ်းလေးလုပ်ကြည့်ပါ
မိမိ အိပ်ခန်း ဒါမှမဟုတ် အိပ်ခန်းသီးသန့်မရှိသူများ မိမိနေထိုင်ရာ နေရာ ဝန်းကျင်ကို ဆားရည် ဖြင့်ပတ်ဖြန်းပါ ပီးရင် နေရာထိုင်ခင်း သန့်သန့် တစ်ခုမှာ ထိုင်ပီး အကျိုးအပျက်အနာအဆာ မပါသော ကရဝေးရွက် တစ်ခုမှာ မိမိလိုရာ ဆုတစ်ခု ရေးပီးတော့ မီးရှို့ ဆုတောင်းကြည့်ပါ ထူးခြားလာပါလိမ့်မယ် မိမိဆုတောင်းမပြည့်မချင်း အကြိမ်ကြိမ်လုပ်လို့ရပါတယ် ။
မိမိ ချစ်သူနဲ့ ဒီနှစ်ထဲ အိမ်ထောင်ကျမလား လူတိုင်းအလွယ်တကူတွက်ကြည့်လို့ရတဲ့နည်းလေး ပေးပါမယ်
တွက်မယ်ဆိုရင် ကိုယ့်အသက် ကိုယ့်မွေးနံ နဲ့ ကိုယ့်ချစ်သူရဲ့ မွေးနံ အဲ့ ၃ခုကို ပေါင်း ပေါင်းလို့ရလာတဲ့ ဂဏန်းကို ၇ နဲ့စား အဲ့ဒီမှာမှ ရလာတဲ့အကြွင်းက ၁၊ ၃ ၊ ၅၊ ၀ ကြွင်းရင် ဒီနှစ်ထဲမှာ လက်ထပ်ရဖို့ မရှိသေးပါဘူး ၂၊ ၄၊ ၆ ကြွင်းခဲ့တယ် ဆိုရင်တော့ ဒီနှစ်ထဲမှ ကိုယ့်ချစ်သူနဲ့ အိမ်ထောင်ပြုရကိန်းရှိပါတယ်။
ဥပမာ အနေနဲ့ တွက်ပြထားပေးပါမယ်
ကိုယ့်အသက်က ၂၉ နှစ် တနင်္ဂနွေ = ၂၉ + ၁
ကိုယ့်ချစ်သူ ဗုဒ္ဓဟူး = ၄
၂၉ + ၁ + ၄ = ၃၄
ရလာတဲ့ ပေါင်းခြင်း ၃၄ ကို ၇ နဲ့စား ၃၄ ÷ ၇ = ၆ ကြွင်း
ဒီနှစ်ထဲ ကိုယ့်ချစ်သူနဲ့ အိမ်ထောင်ပြုရနိုင်ပါတယ်။
18/12/2022
Zodiac sign လေးတွေနဲ့ ပတ်သတ်တဲ့ ပင်ကိုယ်စရိုက်လေးတွေ တစ်ချို့တင်ပေးထားပါတယ်
Aries
Aries တွေဟာ စိတ်သဘောဖြူစင်သန့်ရှင်းပီးတော့ ရိုးသားအေးဆေးတဲ့သူတွေဖြစ်တတ်ကြပါတယ် ကိုယ့်ဘာသာ ရိုးရိုးနေမယ် အေးအေးနေမယ် ကိုယ်နဲ့ မဆိုင်ရင် ဝင်မပတ်သက်ချင်ကြဘူး မသိချင်ယောင်ဆောင်နေလိုက်တယ် ဒါပေမယ့် ကိုယ်နဲ့ ပတ်သတ်လာပီဆိုရင်တော့ ကူညီပေးဖို့ ဝန်မလေးတတ်တဲ့ လူစားမျိုးတွေ ကိုယ်က အေးအေးဆေးဆေးနေချင်တတ်တာကို နားမလည်ကြတော့ ကိုယ်ကဘဲ မာနကြီးတယ် ဘဝင်မြင့်တယ် ချေတယ်ဆိုပီးအထင်ခံကြရတဲ့သူတွေပါဘဲ တကယ်တော့ ကိုယ့်ဘာသာ တစ်ယောက်ထဲ နားအေးပါးအေး နေချင်ကြတဲ့ သူမျိုးတွေပါ
Ta**us
Ta**us တွေကတော့ စိတ်သဘောထားပြည့်ဝပီးတော့ လူကြီးဆန်တဲ့ စိတ်ရှိတဲ့သူမျိုးတွေပါ ကိစ္စတိုင်း အရာရာကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းလျင်ကြတဲ့သူတွေပေါ့ အများအားဖြင့် သည်းခံတတ်ကြတဲ့သူတွေပေါ့ သဘောကောင်းစေတနာကောင်းလို့ အများကလည်းသဘောကျလေ့ရှိတဲ့သူတွေပေါ့ ကိုယ့်ကို အကူအညီလာတောင်းရင် မရမက ကူညီတတ်ကြတယ် တစ်ခါတစ်လေ အိတ်စိုက်ပီးတောင်ကူညီတတ်ကြသေး ဒါပေမယ့် ကူညီသလောက်ကျေးဇူးအတင်မခံရတတ်တဲ့သူမျိုးတွေပေါ့ အရမ်းအားနာတတ်သလို ခေါင်းလည်းမာတဲ့သူမျိုးတွေပါ
Gemini
Gemini တွေကတော့ ခုတစ်မျိုးတော်ကြာတစ်မျိုးနဲ့ အမြဲ စိတ် နှစ်ခွ ဖြစ်နေတတ်တဲ့သူတွေဖြစ်တတ်ပါတယ် စိတ်ထဲ အမြဲတမ်းလိုလိူ ဇဝေဇဝါ ဖြစ်နေတတ်ကြတဲ့သူတွေပေါ့ ဒါပေမယ့် စေတနာကောင်းပီးတော့ ဘယ်သူ့ကိုမဆို ခင်ခင်မင်မင် ဖော်ဖော်ရွေရွေ ဆက်ဆံတတ်ကြတဲ့သူတွေပါ ကိုယ်က ခင်မိပီဆိုရင် အနစ်နာခံပီးပေါင်းသင်းတတ်ကြတဲ့သူတွေပေါ့ ကိုယ်သဘောမကျတဲ့သူတွေဆိုရင်တော့ ကိုယ့်အပေါ်ဘယ်လောက်ကောင်းပြပြ လက်သင့်မခံတတ်ကြဘူး အင်မတန်မှ ပြတ်သားလှတဲ့ သူတွေပေါ့ ခင်စရာရှိတဲ့အချိန်ခင်တယ် ချစ်စရာရှိတဲ့အချိန်ချစ်လိုက်မယ် သံယောဇဥ်သိပ်မထားတတ်ဘူး သံယောဇဥ် မြန်မြန်ဖြတ်တတ်တဲ့ သူတွေဆိုလည်းမမှားဘူးပေါ့
Cancer
Cancer တွေက တော့ မဟုတ်မခံသမားတွေလို့ဘဲပြောရမယ် ကိုယ်ကလည်း သူများအပေါ်မှာ မတရားမလုပ်ဘူး ကိုယ့်ကိုမတရားလုပ်ပီဆိုရင်လည်း လက်စားချေ ပက်ဆက် တယ်ဆိုတဲ့သူမျိုးတွေပါ သူတို့ထက် ဆယ်ဆ အဆတစ်ရာလောက်ပြန်လုပ်ရမှကိုကျေနပ်တတ်ကြတဲ့ သူမျိုးတွေပေါ့ အမြဲတမ်းအားနည်းတဲ့ဘက်က ရပ်တည်ပေးလေ့ရှိတတ်ကြတယ် ဘယ်ကိစ္စကိုမဆို တရားသဖြင့် ဖြစ်စေချင်ကြတယ် သူများပြဿာနာကြားထဲလည်း တစ်ခါတစ်လေဝင်ဖြေရှင်းပေးတတ်တယ် ဒါကြောင့် လူမုန်းခံရလေ့ရှိတတ်တဲ့ သူမျိုးတွေပေါ့ ကိုယ့်ကစေတနာနဲ့ကူညီပေမယ့်လည်း စေတနာနဲ့မတန်တဲ့သူတွေကို ကူညီပေးရသလိုဖြစ်တတ်တဲ့သူတွေပေါ့ ကောင်းစရာရှိရင် မထင်ထားလောက်အောင်ကောင်းပေးပီး ဆိုးစရာရှိရင်လည်း သူများတွေထက်ဆိုးတတ်တဲ့သူတွေပါ
Leo
Leo တွေကတော့ စိတ်ဓါတ်မြင့်မားပီး ထိပ်ဆုံးရောက်အောင်ကြိုးစားချင်ကြတဲ့ သူတွေဖြစ်ကြပီးတော့ ကိုယ့်ရဲ့ လက်ရှိဘဝကို အမြဲတမ်းနီးပါး အားမလို အားမရဖြစ်နေတတ်ကြတာများတယ် ကိုယ့်ထက် အောင်မြင်ကျော်ကြားနေသူတွေပေါ်မှာ အားကျပီး ကြိုးစားလေ့ရှိကြတတ် လက်ရှိအခြေအနေကိုကျေနပ်နေတတ်ကြတဲ့သူတွေ မဟုတ်ကြဘူး အမြဲလိုလို အောင်မြင်ဖို့ကြိုးစားနေတတ်ကြတယ် အတွေး အမြင်သစ် ဘဝသစ်ကို ပိုသဘောကျတတ်တယ် သာမန်ကိစ္စ အကြောင်းအရာလေးတွေမှာ စိတ်မဝင်စားသလို ဂရုလည်းမစိုက်တတ်တဲ့ လူတွေဖြစ်ကြတယ်
Virgo
Virgo တွေကတော့ လက်တွေ့ဆန်တဲ့သူတွေပေါ့ ကံတရားဆိုတာထက် လက်တွေ့ကိုဘဲပိုယုံတယ် စိတ်ကူးယဥ်တေတာထက်စာရင် လက်တွေ့လုပ်လိုက်ရတာကို ပိုသဘောကျတတ်ကြတယ် အလုပ်တစ်ခုလုပ်တော့မယ်ဆို အကြာကြီးစဥ်းစားနေရတာထက် ချက်ချင်းထလုပ်လိုက်ရတာကိုပိုသဘောကြတယ် စိတ်မြန် လက်မြန်သမားတွေပေါ့ လုပ်လိုက်ပီးမှ မှားသွားရင်လည်း နောင်တရတတ်တဲ့သူမျိုးတွေတော့မဟုတ်ဘူး မှားသွားရင်တောင် မာန်မချဘဲ အံ့ကြိတ်ပီးဆက်လုပ်နေတတ်ကြတဲ့သူတွေ လက်မလျှော့တတ်ကြသလို အရှုံးလည်းမပေးတတ်တဲ့ သူတွေပေါ့ ခေါင်းလည်းမာသလို တဇွတ်ထိုး လုပ်တတ်တဲ့အကျင့်လေးကလည်းရှိနေပြန်ရော မှားတုန်းခဏလောက်နောင်တရချင်ရမယ် ပီးရင် ခပ်မြန်မြန်ဘဲ သွေးအေးသွားတတ်တဲ့ သူတွေပါ
Libra
Libra တွေကတော့ သတိ အရမ်းကြီးပီး လိမ်မာပါးနပ်တဲ့ ကြတယ် စိတ်ရင်းလည်းကောင်းပီး ပေါင်းသင်းရလွယ်တယ် ကိုယ်က ခင်ပီဆို မိသားစုလိုကို ခင်မိတာမျိုး လက်လည်းဖွာကြတယ် အလိုက်သိတဲ့ ရာသီခင်တွေပါ သူများစိတိချမ်းသာနေတာမြင်ရင် ကိုယ်ကပါ ရောပီးဝမ်းသာပေးနေတတ်ကြတယ် သူများကို ကူညီပေးရတာမျိုးလည်း ဝါသနာပါတယ် ဒာပေမယ့် အေးအေးဆေးဆေး တစ်ယောက်ထဲနေချင်ကြတယ် လူကြီးနည်းနည်းဆန်တဲ ရာသီခွင်လေးတွေပေါ့ တစ်ယောက်ထဲနေရရင်တောင် ပျော်နေတတ်ကြတဲ့ သူတွေပါ လူစိတ်ဝင်စားအောင် စကားပြောတတ်သလို ကိုယ့်ဘက်ပါအောင်လည်းဆွဲဆောင်ပြောနိုင်စွမ်းရှိကြတယ် လူကဲခတ်တဲ့နေရာမှာလည်း တော်တဲ့ ရာသီခွင်ဘေးတွေဖြစ်တယ်
Scorpio
Scorpio တွေကို လူတော်တော်များက မသိသေးခင်မှာ မာနကြီးတယ် ချေတယ်လို့ထင်တတ်ကြပေမယ့် ခင်ပီးသွားရင်တော့ ခုနကထင်ထားတာတွေ တက်တက်စင်လွဲသွားပါလိမ့်မယ် သဘောကောသ်းသလောက် အမြှောက်လည်း တော်တော်ကြိုက်တတ်တယ် ကိုယ်ကဘဲ ခေါင်းဆောင်ဖြစ်ချင်တယ် ကိုယ်ကအနိုင်ရမှကျေနပ်ကြတဲ့သူမျိုးပါ အလုပ်တစ်ခု မလုပ်ခင်မှာ မအောင်မြင်မှာ စိုးရိမ်ကြောင့်ကြတတ်ကြတယ် ဒေါသလည်းကြီးသလို စိတ်ကောက်လည်းလွယ်တယ်နော် ကိုယ့်ကိုထိရင် ဆယ်ဆလောက်လက်စားပြန်ချေချင်စိတ်ရှိတတ်ကြပေမယ့် လက်တွေ့လုပ်ဖို့ကြပြန်တော့လည်း သနားတတ်ကြတဲ့ရာသီခွင်လေးတွေပါ ဘာကိစ္စဖြစ်ဖြစ် ငါလုပ်ရင် ဖြစ်ကိုဖြစ်တယ်ဆိုတဲ့ ရာသီခွင်လေးတွေပေါ့
Sagittarius
Sagittarius တွေကိုတော့ လူကဲခတ် ဘလောက်တော်တော် သူတို့ကိုတော့ လူကဲခတ်ဖို့မလွယ်ပါဘူး အပြင်မှာ ပုံစံတစ်မျိုး အတွင်းမှာက ပုံစံ တစ်မျိုးပါ စိတ်အပြောင်းအလဲကလည်းမြန်တဲ့အတွက် သူများမပြောနဲ့ ကိုယ့်စိတ်ကိုယ်တောင် ခန့်မှန်းရခက်ပါတယ် ဘာဖြစ်နေမှန်းကိုမသိကြတာပါ ကိုယ်က အနစ်နာခံပေါင်းသလောက် ကိုယ့်အပေါ်မှာ ကိုယ်ကောင်းသလောက် ပြန်အကောင်းမခံတတ်ရတဲ့ ရာသီခွင်လေးတွေဆိုလည်း မမှားဘူးပေါ့ ဒါကြောင့် စိတ်ထဲမှာတော့ တစ်ယောက်ထဲနေချင်သလိုလိုဖြစ်ပေမယ့် တစ်ယောက်ထဲနေပြန်ရင်လည်း ဝမ်းနည်းပီး စိတ်အားငယ်နေတတ်ကြတယ် သည်းခံစရာရှိရင် သည်းခံတတ်ကြပေမယ့် ပေါက်ကွဲပီဆိုရင် မျက်စိထဲ ဘာမှမမြင်တော့အထိပေါက်ကွဲတတ်ကြတယ် ကိုယ်ကလည်းသူများအပေါ် မတရားမလုပ်သလို ကိုယ်အပေါ်လာလုပ်တာမျိုးကိုလည်း လုံးဝမကြိုက်တဲ့ ရာသီခွင်လေးတွေပါ
Capricorn
Capricorn လေးတွေကတော့ သူများတွေက ကိုယ့်ကို မလုပ်နိုင်ဘူးလို့ထင်ထားတဲ့ အရာတွေကို ဖြစ်အောင်လုပ်ပြတတ်ကြတယ် သူများတွေထက်ကိုပိုသာပေါသ်လုပ်ပြတတ်ကြသေးတာ အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်လုပ်တတ်ကြတယ် တစ်ခုခုဆို ပိုင်မှလုပ်တယ် မပိုင်ရင် မလုပ်ဘူး သူများကဘယ်လောက်တော်တော် အထင်မကြီးတတ်ဘူး ကိုယ့်အကြောင်းဘဲကိုယ်ကိုယ်စိတ်ဝင်စားတယ် ကိုယ့် ကိုယ်ကိုဘဲ ယုံတယ် ကိုယ်က ရိုးရိုးအေးအေးနေတာကိုဘဲ လူတွေက ရိုးတယ်အတယ် နုံတယ်လို့ အထင်မှားတတ်ကြတယ် ကိုယ်က မှန်တယ်ထင်ရင် ဘသူ့ကိုမဆို ရင်ဆိုင်ရဲတတ်ကြတဲ့ ရာသီခွင်လေးတွေပါ လွတ်လွတ်လပ်လပ်နေရတာ ကြိုက်တတ်တဲ့သူလေးတွေဖြစ်တာကြောင့် ကိုယ့်ကို အာဏာပေးသလိုလို အမိန့် ပေးသလို လာလုပ်တာမျိုးလက်သင့်မခံသလို နားလည်းမထောင်တတ်ကြပါဘူး ကိုယ်ထင်ရာကိုယ်လုပ်တတ်ပီးတော့ မှားချင်မှားပစေ ဂရုမစိုက်ကြတဲ့သူမျိုးတွေဖြစ်ကြတယ်
Aquarius
Aquarius တွေကတော့ ပတ်ဝန်းကျင်ကို သိပ်ဂရုစိုက်လေ့မရှိတတ်တဲ့ သူတွေဖြစ်ကြတယ် ကိုယ့်စိတ်ကို တော်ရုံလူတွေက မသိကြ မခန့်မှန်းတတ်ကြဘူးလို့ထင်ရပေမယ့် တကယ်တမ်းကြတော့ ကိုယ်က ဘယ်ကိစ္စကိုမှ မသိုဝှက်ထားတတ်ဘူး ဒီရာသီခွင်လေးတွေက ခင်ဖို့ကောင်းပေမယ့် တော်တော်များများက သူတို့ကို ဘု နဲ့ ဘောက် သမားတွေလို့ ထင်တတ်ကြတယ် အပြောအဆို အနေအထိုင်လည်းပွင့်လင်းကြပီးတော့ ကိုယ်လုပ်ချင်တဲ့ ကိစ္စဆို ဘယ်သူမှ လာတားလို့မရကြဘူး ပြောစရာရှိရင် ဘယ်မျက်နှာမှမထောက်ဘဲ ဒဲ့ပြောတတ်ကြလို့ တစ်ခါ တစ်ခါ လူအမြင်ကပ်ခံရတတ်ကြတယ်
Pisces
Pisces တွေကတော့ သနားတတ်တဲ့ စိတ်လေးတွေကိုပိုင်ဆိုင်ထားတတ်ပီးတော့ ကိုယ်ချင်းစာစိတ်ရှိကြတဲ့သူတွေဖြစ်တယ် အနစ်နာခံတတ်ကြတဲ့သူတွေဆိုလည်း မမှားဘူးပေါ့ ဒါကြောင့်လည်း ကိုယ့်စေတနာပေါ်မှာ အခွင့်အရေးပြန်ယူတတ်တဲ့သူတွေနဲ့ မကြာခဏကြုံရလေ့ရှိတယ် မျက်နှာလိုမျက်နှာရလုပ်ရတာမျိုးကို ဝါသနာမပါကြဘူး ကိုယ်ပြောတဲ့စကာစကို ကိုယ်တာဝန်ယူတတ်ကြတဲ့ သူတွေများတယ် ကိုယ်က စေတနာနဲ့ ပြောပြပေးတာတွေကို ဆရာလုပ်တယ်ဆိုပီး အထင်ခံရတတ်တဲ့ သူလေးတွေပါ လက်တွေ့ဆန်တတ်တဲ့ သူတွေဖြစ်ပီးတော့ ဘသူက ဘာပြောပြော မျက်စိမှိတ်ကြုံတတ်ကြသူထဲမှာ မပါကြဘူး ကိုယ့်အပေါ် ကူညီဖူးရင် ပြန်ကူညီလ်ုက်ရမှ ကျေနပ်တတ်ကြတဲ့ သူမျိုးတွေပေါ့
Click here to claim your Sponsored Listing.
Location
Website
Address
Yangon
11241