Nihao Chinese Language Center

Nihao Chinese Language Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nihao Chinese Language Center, Language school, No. 943,Ground Floor, Shwe Pyi Thar Street, 6/East Ward, Tharkayta Township, Yangon.

10/08/2026

AI နဲ့မေးခွန်းထုတ်မယ်ပြောမိတာလေးကိုကွယ်
ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့ဖြစ်နေပြီ🥴🥴🥴
လောင်စူးဆိုသည်မှာ တစ်ခါတစ်လေဆူရ တစ်ခါတစ်လေအူတက်ရ🤣😅

"သင်မြင်တွေ့ရတဲ့ ဂြိုဟ်ကမ္ဘာ" (你眼中的星球) ခေါင်းစဉ်ဖြင့် အောင်မြင်စွာ ကျင်းပခဲ့သော ပန်းချီပြိုင်ပွဲတွင် နီဟောင်ကျောင်းမှ ပါ...
09/08/2026

"သင်မြင်တွေ့ရတဲ့ ဂြိုဟ်ကမ္ဘာ" (你眼中的星球) ခေါင်းစဉ်ဖြင့် အောင်မြင်စွာ ကျင်းပခဲ့သော ပန်းချီပြိုင်ပွဲတွင် နီဟောင်ကျောင်းမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပန်းချီကားများ ရွေးချယ်ပြသခြင်း ခံခဲ့ရသည့် ကျောင်းသူများအတွက် နီဟောင်ကျောင်း လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်မိပါသည်။

ဆုရရှိ/ရွေးချယ်ခံရသည့် ကျောင်းသူများ -

* Htoo Myat Yati (卓悦然) – ၁၂ နှစ်
* Pwint Yati Moe (梁美春) – ၁၃ နှစ်
* May Thoon Chel (王美琪) – ၁၃ နှစ်
* Yoon Wati Thein (李茉莉) – ၁၃ နှစ်
* Myat Hnin Thawdar (楚雪月) – ၁၂ နှစ်

မိမိတို့၏ ဖန်တီးနိုင်စွမ်းနှင့် ပန်းချီလက်ရာကောင်းများဖြင့် ကျောင်း၏ဂုဏ်ကို ဆောင်နိုင်ခဲ့သည့် သားငယ်/သမီးငယ်များအားလုံး ရှေ့ဆက်၍လည်း အနုပညာခရီးလမ်းတွင် ပိုမိုထူးချွန်ထက်မြက်ပြီး အောင်မြင်မှုများစွာ ဆက်လက်ဆွတ်ခူးနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

《窗外是蓝星》💙💙💙မှတ်တမ်းတင်ရုပ်ရှင်အခမ်းနား
09/08/2026

《窗外是蓝星》💙💙💙မှတ်တမ်းတင်ရုပ်ရှင်အခမ်းနား

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့တွင် ကျရောက်သော“ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)” တွင် အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချ...
29/07/2026

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့တွင် ကျရောက်သော“ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)” တွင် အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြ၍ ဘေးအန္တရာယ် အပေါင်းမှ ကင်းဝေးကာ ပျော်ရွှင်ခြင်းများနှင့် ပြည့်နှက်သော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း Nihao Chinese Language Center မှ ဆုမွန်ကောင်းတောင်းအပ်ပါသည် 🙏

လေးစားအပ်ပါသော မိဘများရှင့်မကြာမီ ဥပုသ်ရက်ရှည် ပိတ်ရက်များ ရောက်ရှိတော့မည် ဖြစ်ပါသဖြင့် ကျောင်းကို စနေ၊ တနင်္ဂနွေ ပုံမှန...
28/07/2026

လေးစားအပ်ပါသော မိဘများရှင့်

မကြာမီ ဥပုသ်ရက်ရှည် ပိတ်ရက်များ ရောက်ရှိတော့မည် ဖြစ်ပါသဖြင့် ကျောင်းကို စနေ၊ တနင်္ဂနွေ ပုံမှန်အတိုင်း ဖွင့်လှစ်ထားမည် ဖြစ်ပါသည်။ စနေနေ့တွင် မလာရောက်နိုင်သော ကျောင်းသား/သူများအနေဖြင့် ဥပုသ်နေ့တွင် အစားထိုး လာရောက်တက်ရောက်နိုင်ပါသည်။

သတိပြုရန် -
ညနေ (၂:၃၀) ကလေးတန်းမှ ကျောင်းသား/သူများ ဥပုသ်နေ့တွင် လာရောက်တက်ရောက်မည်ဆိုပါက ဥပုသ်နေ့၌ ကျောင်းကို ညနေ (၂:၃၀) အထိသာ ဖွင့်လှစ်မည်ဖြစ်ပါသဖြင့် အောက်ပါအချိန်များအနက် အဆင်ပြေသည့် အချိန်သို့ ပြောင်းလဲလာရောက်တက်ရောက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
* မနက် ၉:၀၀ မှ ၁၀:၃၀ အချိန်
* မနက် ၁၀:၃၀ မှ ၁၂:၀၀ အချိန်
* မွန်းလွဲ ၁:၀၀ မှ ၂:၃၀ အချိန်
ကျေးဇူးတင်ပါသည်ရှင့်။

🇨🇳 ၃ လအမြန် တရုတ်စကားပြောအတန်းသင့်ရဲ့ အချိန်ကို တန်ဖိုးရှိဆုံး အသုံးချနိုင်ဖို့အတွက် ကျောင်းရဲ့ အလွယ်ကူဆုံးနှင့် အထိရောက...
20/07/2026

🇨🇳 ၃ လအမြန် တရုတ်စကားပြောအတန်း

သင့်ရဲ့ အချိန်ကို တန်ဖိုးရှိဆုံး အသုံးချနိုင်ဖို့အတွက် ကျောင်းရဲ့ အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး သင်ရိုးကို သုံးပြီး လုပ်ငန်းခွင်သုံး တရုတ်စကားပြောကို စနစ်တကျ လေ့ကျင့်ပေးသွားမယ့် အပြောသီးသန့်အတန်း ဖြစ်ပါတယ်။

အတန်း၏ အဓိက အားသာချက်များ -
* အချိန်တိုတိုနဲ့ လျှင်မြန်စွာ တတ်မြောက်ချင်သူများအတွက် အထူးသင့်တော်ခြင်း။
* စကားပြောစွမ်းရည်ကို အာမခံချက်ရှိရှိ မြှင့်တင်ပေးနိုင်ခြင်း။
* လုပ်ငန်းခွင်မှာ စကားပြော လုံးဝ မကြောက်တော့ဘဲ ယုံကြည်မှုအပြည့်ဖြင့် ရဲရဲဝံဝံ ပြောဆိုနိုင်မည်ဖြစ်ခြင်း။

📚 သင်တန်းမှာ လေ့ကျင့်သင်ကြားပေးသွားမယ့် သင်ခန်းစာများ -

🔹 တရုတ်ဘာသာစကား၏ အခြေခံ အသံထွက် (Pinyin) နှင့် အသုံးများသော စကားစုများ
🔹 စားသောက်ဆိုင်၊ ဈေးဝယ်စင်တာနှင့် ခရီးသွားရာတွင် လွတ်လပ်စွာ ပြောဆိုနိုင်ခြင်း
🔹 ရက်စွဲ၊ အချိန်၊ ငွေကြေးနှင့် ပစ္စည်းပမာဏများကို ကျွမ်းကျင်စွာ သုံးစွဲနိုင်ခြင်း
🔹 လုပ်ငန်းခွင်အတွင်း မိတ်ဆက်ခြင်း၊ ဖုန်းပြောခြင်းနှင့် ချိန်းဆိုမှုများ ပြုလုပ်နိုင်ခြင်း
🔹 မိမိ၏ ဝါသနာ၊ အလေ့အထနှင့် နေ့စဉ်လှုပ်ရှားမှုများကို အချောမောဆုံး ပြန်လည်ပြောပြနိုင်ခြင်း

၃ လဆိုတဲ့ အချိန်တိုအတွင်း သိသာတဲ့ တိုးတက်မှုကို “နီဟောင်”သင်တန်းကျောင်းနှင့်အတူတူ ဖန်တီးလိုက်ပါ။

🗓️ အတန်းစတင်မည့်ရက် - ၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၃) ရက်

👩‍🏫သင်ကြားမေးမည့်ဆရာမ-Thet Mar Oo 黄老师

သင်တန်းချိန်များ
🗓️နေ့ရက် Monday & Wednesday & Friday
⏰အချိန် 8:00-9:00PM
⌛️သင်တန်းကြာချိန်- 3လ

​သင်တန်းနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို Page Messenger ကနေတဆင့် အခုပဲ ဆက်သွယ်စုံစမ်းနိုင်ပါပြီ။

Viber မှာလည်း အတန်းများစုံစမ်းလို့ရပါတယ်နော်
Nihao School Viber - 09 785250019,09 970915137

သတ်မှတ်လူဦးရေမပြည့်ခင် အမြန်လေးစာရင်းသွင်းပြီးအပ်နှံထားလိုက်တော့နော် 💁‍♀️

20/07/2026

进宝🥰

18/07/2026

မနက်ဖြန်
အာဇာနည်နေ့
ကျောင်းတစ်ရက်ပိတ်ပါသည်။

11/07/2026

August လအတွက် “နီဟောင်” ရဲ့ တရုတ်စာအခြေခံ အွန်လိုင်းအတန်းသစ် 🇨🇳✨

သားသားမီးမီးတို့ကို တရုတ်စာ အခြေခံကစပြီး စနစ်တကျနဲ့ ရေရှည်သင်ယူနိုင်ဖို့အတွက် “နီဟောင်” တရုတ်ဘာသာစကားကျောင်းမှ အတန်းသစ်လေး ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ပါတယ်။

🗓️ အတန်းစတင်မည့်ရက် - ၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၅) ရက်

👶 လက်ခံမည့်အသက်အရွယ် - ၇ နှစ်မှ ၁၄ နှစ်အထိ

👩‍🏫သင်ကြားပေးမည့်ဆရာမ- 黄老师(Teacher Thet Mar Oo)

⏰ သင်တန်းအချိန်ဇယား
* သင်ကြားမည့်ရက် - အပတ်စဉ် ဗုဒ္ဓဟူးနေ့ နှင့် တနင်္ဂနွေနေ့ (Wednesday & Sunday)
* သင်တန်းအချိန် - ည 7:00 PM မှ 8:00 PM ထိ
* သင်တန်းကာလ - ၃ လပြတ်

📚 ဒီအခြေခံအတန်းမှာ ဘာတွေသင်ကြားပေးမှာလဲ?
* Phonetic အသံထွက်စနစ် - ဗျည်း၊ သရ အသံထွက်များကို အမှန်ကန်ဆုံးဖြစ်အောင် အခြေခံကစ သင်ကြားပေးခြင်း။
* တရုတ်စာလုံး စုတ်ချက်များ - စာလုံးတစ်လုံးချင်းစီရဲ့ စုတ်ချက် အစီအစဉ်အတိုင်း စနစ်တကျ စတင်ရေးဆွဲတတ်စေခြင်း။
* အခြေခံပြောဆိုဆက်သွယ်မှု - လွယ်ကူရိုးရှင်းသော စာကြောင်းများဖြင့် မိမိကိုယ်ကို မိတ်ဆက်တတ်စေခြင်း။
💡 သင်တန်းပြီးမြောက်ပါက ရရှိမည့် အကျိုးကျေးဇူးများ
အခြေခံအတန်းပြီးဆုံးပါက တရုတ်စာ မူလတန်း (ပထမတန်း) မှစတင်၍ အလယ်တန်း၊ အထက်တန်းအထိ ဆက်လက်လေ့လာနိုင်မှာဖြစ်ပြီး တရုတ်သံရုံးမှ စစ်ဆေးသော HSK Exam များကိုပါ ဝင်ရောက်ဖြေဆိုနိုင်သည်အထိ အဆင့်ဆင့် လေ့ကျင့်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

📩 သင်တန်းစုံစမ်း အပ်နှံရန်
သတ်မှတ်လူဦးရေ အကန့်အသတ်ရှိလို့ မပြည့်ခင် အမြန်ဆုံး စာရင်းသွင်း အပ်နှံလိုက်တော့နော်။ 💁‍♀️

* Page Messenger မှတစ်ဆင့် အခုပဲ တိုက်ရိုက်ဆက်သွယ် စုံစမ်းနိုင်သလို၊

* Viber မှတစ်ဆင့် စုံစမ်းလိုပါကလည်း အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါသည်။ 📞 Nihao School Viber - 09 785250019, 09 970915137

21/06/2026

父亲节绘画🎨

Address

No. 943,Ground Floor, Shwe Pyi Thar Street, 6/East Ward, Tharkayta Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 05:00
Friday 09:00 - 05:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959785250019

Website

Alerts

Be the first to know and let us send you an email when Nihao Chinese Language Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share