28/02/2022
●စီးပွားရေးကိစ္စနှင့် ကာလလတ်မှကာလရှည်နေထိုင်ရန် ရည်ရွယ်ချက် (ကျောင်းသားများနှင့် နည်းပညာအလုပ်သင် သင်တန်းသားများစသည်တို့ အပါအဝင်) စသည်တို့ဖြင့် ဂျပန်နိုင်ငံသို့ သွားရောက်ကြမည့် မြန်မာနိုင်ငံသားများအတွက် ဗီဇာထုတ်ပေးခြင်း (နိုင်ငံခြားသားများ၏ ပြည်ဝင်ခွင့်အသစ် စသည်တို့ကို ဖြေလျော့ခြင်း) နှင့် ပတ်သက်၍
မြန်မာနိုင်ငံတွင် နေထိုင်လျက်ရှိသော ဂျပန်နိုင်ငံသားများသို့
မြန်မာနိုင်ငံတွင် နေထိုင်သူများအားလုံးသို့
ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ဂျပန်အစိုးရသည် ယခုနှစ် မတ်လမှ စတင်ကျင့်သုံးမည့် COVID – 19 ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ထိန်းချုပ်ရေးစီမံချက်ဆိုင်ရာ ပြန်လည်သုံးသပ်ချက်အသေးစိတ်ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။ စီမံချက်၏ အကျဥ်းချုပ်အကြောင်းအရာမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(ဂျပန်) https://www.anzen.mofa.go.jp/info/pcwideareaspecificinfo_2022C017.html
အဆိုပါစီမံချက်အရ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးတွင် ဗီဇာလျှောက်ထားခြင်းနှင့် ပတ်သက်၍ အောက်ပါအတိုင်း အသိပေးအကြောင်းကြားအပ်ပါသည်။
ကျောင်းသားများနှင့် နည်းပညာအလုပ်သင်သင်တန်းသားများ စသည်တို့အပါအဝင် ဂျပန်နိုင်ငံသို့ သွားရောက်လိုသူများအတွက် ဗီဇာလျှောက်ထားရာတွင် ဂျပန်နိုင်ငံအတွင်းရှိ တာဝန်ယူလက်ခံမည့် တာဝန်ခံ (ကျောင်းများ၊ ကုမ္ပဏီနှင့် အဖွဲ့အစည်းများ) သည် ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး၀န်ကြီးဌာန၏ နိုင်ငံတွင်းဝင်ရောက်မည့်သူ၏ကျန်းမာရေးစစ်ဆေးမှုစနစ် (ERFS) တွင် သတ်မှတ်ထားသည့် လျှောက်ထားမှုများကို ပြုလုပ်ပြီး ရရှိလာသော「လျှောက်ထားမှုလက်ခံပြီးစီးကြောင်းထောက်ခံစာ」ကိုတင်ပြရန် လိုအပ်ပါသောကြောင့် ပထမဦးစွာ တာဝန်ယူလက်ခံမည့် တာဝန်ခံအား လိုအပ်သောကိစ္စရပ်များကို ဆောင်ရွက်ပေးရန် တောင်းဆိုရမည် ဖြစ်ပါသည်။
ဂျပန်နိုင်ငံအတွင်းရှိ တာဝန်ယူလက်ခံမည့် တာဝန်ခံထံမှ 「လျှောက်ထားမှုလက်ခံပြီးစီးကြောင်းထောက်ခံစာ」ကို လက်ခံရရှိပြီးသူများ ဂျပန်သံရုံးသို့ ဗီဇာလျှောက်ထားရာတွင် အခြားလိုအပ်သောစာရွက်စာတမ်းများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။
ထို့ပြင် ဗီဇာလျှောက်ထားရာကောင်တာတွင် လူစုလူ၀ေးဖြစ်ပေါ်ခြင်းကို ရှောင်ရှားရန်အတွက် ဗီဇာ လျှောက်ထားမှုများအားလုံးကို ကြိုတင်ရက်ချိန်းယူစနစ်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ကြိုတင်ရက်ချိန်းယူရန် နည်းလမ်းကို အောက်တွင် ဖော်ပြထားပါသည်။
၁။ ဗီဇာလျှောက်ထားရန် အကျုံးဝင်သူများ
(၁) ကာလတိုနေထိုင်ခွင့် (စီးပွားရေးကိစ္စ)
ဂျပန်နိုင်ငံသို့ အလုပ်ကိစ္စရည်ရွယ်ချက်ဖြင့် သွားရောက်ဆောင်ရွက်မည့် လုပ်ငန်းရေးရာဆက်သွယ်ခြင်း၊ စီးပွားရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးခြင်း၊ စာချုပ်ချုပ်ဆိုခြင်း၊ နောက်ဆက်တွဲဝန်ဆောင်မှုပေးခြင်း၊ ကြော်ြငာခြင်း၊ စျေးကွက်လေ့လာခြင်း အစရှိသည့် ဂျပန်နိုင်ငံတွင် ရက် ၉၀ အတွင်း နေထိုင်ပြီး ဝင်ငွေနှင့် အကျိုးခံစားခွင့် တစ်စုံတစ်ရာမရှိသော လုပ်ဆောင်ချက်များ။
※အထက်ဖော်ပြပါ စီးပွားရေးကိစ္စများနှင့် ပတ်သက်ခြင်းမရှိသော အခြားကာလတိုနေထိုင်ခွင့်များ (အလည်အပတ်ခရီးသွားခြင်း၊ မိသားစုဆွေမျိုးသားချင်းနှင့် အသိမိတ်ဆွေထံ အလည်အပတ်သွားခြင်းစသည်တို့) ၏ ဗီဇာအကျိုးသက်ရောက်မှုများကို ယခုလတ်တလောကာလတွင် ဆက်လက်ရပ်ဆိုင်းထားဆဲ ဖြစ်ပါသောကြောင့် ထိုကာလတိုနေထိုင်ခွင့်များအတွက် ဗီဇာလျှောက်ထားမှုများကို လက်ခံဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါသဖြင့် နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
○ တင်ပြရမည့် စာရွက်စာတမ်းများ
(က) ဗီဇာလျှောက်လွှာ (ဓါတ်ပုံကပ်ထားသော)
(ခ) နိုင်ငံကူးလက်မှတ်
(ဂ) လျှောက်ထားသူ၏ အလုပ်အကိုင်ထောက်ခံစာ
(ဃ) ဖိတ်ခေါ်စာ
(င) အာမခံစာ
(စ) လျှောက်ထားမှုလက်ခံပြီးစီးကြောင်းထောက်ခံစာ (ဂျပန်နိုင်ငံအတွင်းရှိ တာဝန်ယူလက်ခံမည့် ကုမ္ပဏီနှင့် အဖွဲ့အစည်းများ၊ ကျောင်းများက ကြိုတင်လျှောက်ထားရယူရမည့် စာရွက်စာတမ်း)
※ ဗီဇာစစ်ဆေးမှုအရ လိုအပ်ခဲ့ပါက အခြားစာရွက်စာတမ်းများ ထပ်မံတင်ပြရန် တောင်းဆိုခြင်းများလည်း ရှိနိုင်ပါသည်။
(၂) အောက်တွင်ဖော်ပြထားသော ကာလရှည်နေထိုင်ခွင့်လက်မှတ် (Certificate of Eligibility) ကိုင်ဆောင်ထားသူများ
“Business manager”, “Intra-company transferee”, “Engineer / Specialist in humanities / International services”, “Nursing care”, “Highly skilled professional”, “Technical Intern Training”, “Specified Skilled Worker”, “Designated activities (Start-up)”, “Highly Skilled Foreign Professional“, “Professor”, “Artist”, “Religious Activities”, “Journalist”, “Legal/ Accounting Services”, “Medical Services”, “Researcher”, “Instructor”, “Entertainer”, “Skilled Labour”, “Cultural Activities”, “Student”, “Trainee”, “Spouse or Child of Japanese“, “Spouse or Child of Permanent Resident“, “Long-Term Resident / Dependent (ဂျပန်နိုင်ငံတွင်လက်ရှိနေထိုင်နေသူ၏ ဇနီး/ခင်ပွန်း သို့ သားသမီးဖြစ်ပြီး မိသားစုကွဲကွာနေသော အခြေအနေရှိ ပုဂ္ဂိုလ်များ) ”
○တင်ပြရမည့် စာရွက်စာတမ်းများ
(က) ဗီဇာလျှောက်လွှာ (ဓါတ်ပုံကပ်ထားသော)
(ခ) နိုင်ငံကူးလက်မှတ်
(ဂ) ကာလရှည်နေထိုင်ခွင့်လက်မှတ်
(ဃ) လျှောက်ထားမှုလက်ခံပြီးစီးကြောင်းထောက်ခံစာ (ဂျပန်နိုင်ငံအတွင်းရှိ တာဝန်ယူလက်ခံမည့် ကုမ္ပဏီနှင့် အဖွဲ့အစည်းများ၊ ကျောင်းများက ကြိုတင်လျှောက်ထားရယူရမည့် စာရွက်စာတမ်း) (မှတ်ချက် ၁)
※ ဗီဇာစစ်ဆေးမှုအရ လိုအပ်ခဲ့ပါက အခြားစာရွက်စာတမ်းများ ထပ်မံတင်ပြရန် တောင်းဆိုခြင်းများလည်း ရှိနိုင်ပါသည်။
※ (မှတ်ချက် ၁) နေထိုင်ခွင့်အရည်အချင်း “Spouse or Child of Japanese“, “Spouse or Child of Permanent Resident“, “Long-Term Resident / Dependent” များသည် 「လျှောက်ထားမှုလက်ခံပြီးစီးကြောင်းထောက်ခံစာ」ရယူရန် မလိုအပ်ပါ။
သို့ရာတွင် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နောက်ပိုင်းတွင် ထုတ်ပေးထားပြီး သက်တမ်းကုန်ဆုံးနေသော ကာလရှည်နေထိုင်ခွင့်လက်မှတ်ဖြင့် ဗီဇာလျှောက်ထားမည်ဆိုပါက ဂျပန်နိုင်ငံဘက်ရှိ မိသားစုဝင်များထံမှ 「ကာလရှည်နေထိုင်ခွင့်လက်မှတ် ထုတ်ပေးရန် လျှောက်ထားခဲ့စဥ်က တင်ပြထားသော လုပ်ဆောင်ချက်များအတိုင်း ဆက်လက် လက်ခံနိုင်ကြောင်း」 ရေးသားဖော်ပြထားသည့်စာကို တင်ပြရန်လိုအပ်ပါသည်။
(ဂျပန်)https://www.moj.go.jp/isa/content/930005022.pdf
(အင်္ဂလိပ်)https://www.moj.go.jp/isa/content/930005023.pdf
(မြန်မာ)https://www.moj.go.jp/isa/content/001339113.pdf
(၃) အထက်ပါနံပါတ် (၁) နှင့် (၂) တွင် အကျုံးမဝင်သည့် အောက်ဖော်ပြပါ ကာလတိုနေထိုင်မည့်သူများ
「ဂျပန်နိုင်ငံသား/ Permanent Resident ကိုင်ဆောင်ထားသူများ၏ ဆွေမျိုး (နှစ်ဘက်မိဘ၊ အဘိုးအဘွား၊ သားသမီး၊ မြေး နှင့် မောင်နှမအရင်းအခြာ) နှင့် Long-Term Resident ကိုင်ဆောင်ထားသူများ၏ ဆွေမျိုး (နှစ်ဘက်မိဘ နှင့် သားသမီး) 」၊ 「ဂျပန်နိုင်ငံတွင်နေထိုင်လျက်ရှိသော နာမကျန်းသူ (သို့) မီးဖွားမည့်သူကို ပြုစုစောင့်ရှောက်ရန် (သို့ ) နေ့စဥ်လှုပ်ရှားသွားလာမှုကို ကူညီစောင့်ရှောက်ရန် သွားရောက်မည့်ဆွေမျိုးအရင်းအခြာ」၊ 「ဂျပန်နိုင်ငံတွင်နေထိုင်သည့် ဆွေမျိုးအရင်းအခြာ၏ နာရေး (သို့ ) အသက်အန္တရာယ်စိုးရိမ်ရသော ရောဂါဝေဒနာခံစားနေရသူထံ သွားရောက်မည့်ဆွေမျိုး」၊「အသက်မပြည့်သေးသောကလေးများ (သို့ ) ကျန်းမာရေးအခြေအနေကြောင့် တစ်ဦးတည်းခရီးသွားရန်အခက်အခဲရှိသူများကို ဂျပန်နိုင်ငံသို့သွားရန် အတူလိုက်ပို့ပေးမည့် ဆွေမျိုး」
※ အထက်ပါရည်ရွယ်ချက်ဖြင့် ဂျပန်နိုင်ငံသို့ သွားရောက်မည့်ပုဂ္ဂိုလ်များမှအပ အခြားကာလတိုနေထိုင်ခွင့်များ (မိသားစုဆွေမျိုးသားချင်းနှင့် အသိမိတ်ဆွေထံ အလည်အပတ်သွားခြင်းစသည်တို့) ၏ ဗီဇာအကျိုးသက်ရောက်မှုများကို ယခုလတ်တလောကာလတွင် ဆက်လက်ရပ်ဆိုင်းထားဆဲ ဖြစ်ပါသောကြောင့် ထိုကာလတိုနေထိုင်ခွင့်များအတွက် ဗီဇာလျှောက်ထားမှုများကို လက်ခံ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါ၍ နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
○တင်ပြရမည့် စာရွက်စာတမ်းများ
(က) ဗီဇာလျှောက်လွှာ (ဓါတ်ပုံကပ်ထားသော)
(ခ) နိုင်ငံကူးလက်မှတ်
(ဂ) ခရီးသွားလာမည့် အစီအစဥ် ※
(ဃ) လေယာဥ်လက်မှတ် ကြိုတင်မှာထားကြောင်းအထောက်အထား
(င) ဆရာဝန် ဆေးထောက်ခံချက် (လိုအပ်ပါက)
(စ) ဖိတ်ခေါ်စာ ※ (အသေးစိတ် တိတိကျကျ ဖော်ပြပါရန်)
(ဆ) အာမခံစာ ※
(ဇ) ဝင်ငွေခွန်အထောက်အထားပြ စာရွက်စာတမ်း၊ GENSEN CHOSHU စသည် (တစ်နှစ်စုစုပေါင်းဝင်ငွေကို စိစစ်နိုင်သော စာရွက်စာတမ်း)
(စျ) ဘဏ်အပ်ငွေလက်ကျန် အထောက်အထားပြ စာရွက်စာတမ်းနှင့် လစာငွေအသွင်းအထုတ်ပြုလုပ်ထားသည့် ဘဏ်စာအုပ်စာမျက်နှာ မိတ္တူ (စာမျက်နှာအားလုံး၊ အနည်းဆုံး ၃ လစာ တင်ပြရန်)
(ည) JUMINHYO (အချက်အလက်များ ချန်လှပ်ထားခြင်းမရှိဘဲ ပြည့်စုံစွာပါဝင်ရမည်)
(ဋ) Resident Card မိတ္တူ (ပါဝင်ဆက်စပ်သူ)
(ဌ) မိသားစုဖွဲ့စည်းပုံပြသသည့် အထောက်အထား (အိမ်ထောင်စုစာရင်း) (လျှောက်ထားသူနှင့် ဖိတ်ခေါ်သူတို့၏ ဆွေမျိုးတော်စပ်ပုံကိုပြသနိုင်သည့် အထောက်အထား) နှင့် အဆိုပါစာရွက်စာတမ်း၏ ဂျပန်ဘာသာပြန်
၂။ သံရုံးသို လာရောက်ရန်အတွက် ကြိုတင်ရက်ချိန်းယူရန် နည်းလမ်း
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် မြန်မာနိုင်ငံတွင် COVID – 19 ရောဂါကူးစက်ပျံ့နှံ့မှု ဖြစ်ပွားလျက်ရှိသော ကြောင့် ဗီဇာလျှောက်ထားသည့် ကောင်တာတွင် လူစုလူ၀ေးဖြစ်ပေါ်ခြင်းကို ကာကွယ်တားဆီးပြီး သံရုံးသို့ လာရောက်သူများ သတ်မှတ်ထားသော အကွာအဝေးတွင် စနစ်တကျ စောင့်ဆိုင်းနိုင်ရန်အတွက် အောက်ပါအတိုင်း ကြိုတင်ရက်ချိန်းယူစနစ်ကို ဆောင်ရွက်လျက်ရှိပါသည်။
<ကောင်စစ်ဌာန ဗီဇာလျှောက်ထားသည့်ကောင်တာသို့ လာရောက်ရန်အတွက် ကြိုတင်ရက်ချိန်းယူရန်နည်းလမ်း >
အီးမေးလ် : [email protected]
ဗီဇာလျှောက်ထားရန်အတွက် ရက်ချိန်းယူရန် ဖုန်းနံပါတ် : (ဂျပန်၊ အင်္ဂလိပ်၊ မြန်မာဘာသာ)
09-501-2203
09-2509-54553
အထက်ပါ အီးမေးလ်လိပ်စာ သို့မဟုတ် တယ်လီဖုန်းနံပါတ်များသို့ အောက်ဖော်ပြပါအချက်အလက်များကို အကြောင်းကြားရပါမည်။ (အမှားအယွင်းများဖြစ်ပေါ်ခြင်းကို ရှောင်ရှားနိုင်ရန်အတွက် ဖြစ်နိုင်မည်ဆိုပါက အီးမေးလ်ဖြင့် အကြောင်းကြားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။)
・သံရုံးသို့ လာရောက်မည့်သူ အမည်
・ဗီဇာလျှောက်ထားသူအမည်
・သံရုံးသို့လာရောက်လိုသည့် အချိန်နှင့်နေ့ရက် (သံရုံးသို့ လာရောက်နိုင်မည့် အချိန်မှာ ၈း၃၀ မှ ၁၅း၀၀ အတွင်းဖြစ်ပြီး မိမိနှစ်သက်ရာ အချိန် ၃ ချိန်အထိ ရွေးချယ်နိုင်ပါသည်။)
・လျှောက်ထားမည့်အကြောင်းအရာကိစ္စ (နိုင်ငံကူးလတ်မှတ်၊ ထောက်ခံစာ စသည်)
・ဆက်သွယ်ရန် (ဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာ 【မဖြစ်မနေထည့်သွင်းဖော်ပြရန်】)
၃။ အခြားဆက်စပ်သည့် သတင်းအချက်အလက်များ
(၁) ယခုတစ်ကြိမ် စီမံချက်နှင့်ပတ်သက်သော သတင်းအချက်အလက်များ၊ ဆက်စပ်စာရွက်စာတမ်းများ စသည် (ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန အင်တာနက်စာမျက်နှာ)
https://www.mhlw.go.jp/stf/seisakunitsuite/bunya/0000121431_00209.html
(၂) ယခုတစ်ကြိမ် စီမံချက်နှင့် ပတ်သက်၍ မေးမြန်းစုံစမ်းရန် (Call Center)
050-1751-2158
050-1741-8558
လက်ခံဖြေကြားချိန် :၉း၀၀ နာရီမှ ၂၁း၀၀ နာရီအထိ (စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များ အပါအဝင်)
(၃) နိုင်ငံတကာမှ လူအဝင်အထွက်များ ပြန်လည်စတင်ရန်အတွက် စီမံချက်အဆင့်ဆင့်နှင့် ပတ်သက်၍
(ဂျပန်) https://www.mofa.go.jp/mofaj/ca/cp/page22_003380.html
(အင်္ဂလိပ်) https://www.mofa.go.jp/ca/cp/page22e_000925.html
(၄) COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ထိန်းချုပ်ရေး တိုးမြှင့်ခြင်းဆိုင်ရာ စီမံချက်များနှင့် ပတ်သက်၍
(ဂျပန်) https://www.mofa.go.jp/mofaj/ca/fna/page4_005130.html (အင်္ဂလိပ်) https://www.mofa.go.jp/ca/fna/page4e_001053.html
(၅) နိုင်ငံတကာမှ လူအဝင်အထွက်များ ပြန်လည်စတင်ရန် ပြည်ဝင်ခွင့်အသစ်များအတွက် ဗီဇာလျှောက်ထားခြင်း
(ဂျပန်) https://www.mofa.go.jp/mofaj/ca/fna/page22_003381.html
(အင်္ဂလိပ်) https://www.mofa.go.jp/ca/fna/page22e_000921.html
(၆) COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုနှင့် သက်ဆိုင်သည့် ပြည်ဝင်ခွင့်ငြင်းဆိုခြင်းဆိုင်ရာစီမံချက်စသည်တို့နှင့် လူဝင်မှုကြီးကြပ်ရေးဌာန「နိုင်ငံခြားသားများ၏ ပြည်ဝင်ခွင့်အသစ်ဆိုင်ရာ ကန့်သတ်ချက်များကို ပြန်လည် သုံးသပ်ခြင်း」(အကျဥ်းချုပ်) (လူဝင်မှုကြီးကြပ်ရေးဌာန အင်တာနက်စာမျက်နှာ) (ဂျပန်)http://www.moj.go.jp/isa/content/001347329.pdf
�http://www.moj.go.jp/isa/content/001347330.pdf
(အင်္ဂလိပ်)http://www.moj.go.jp/isa/content/001361129.pdf
(၇) ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး၀န်ကြီးဌာန COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ဆွေးနွေးနိုင်သော ကောင်တာ (သီးသန့်နေထိုင်စောင့်ကြည့်မှု တင်းကြပ်ခြင်း)
ဂျပန်နိုင်ငံတွင်းမှ : 0120-565-653
ပြည်ပနိုင်ငံများမှ : +81-3-3595-2176 (ဂျပန်၊ အင်္ဂလိပ်၊ တရုတ်၊ ကိုရီးယားဘာသာဖြင့် စုံစမ်းမေးမြန်းနိုင်ပါသည်)
(၈) ဂျပန်နိုင်ငံ၏ သက်ဆိုင်ရာ လူ၀င်မှုကြီးကြပ်ရေးဌာန ( ပြည်၀င်ခွင့် ငြင်းဆိုခြင်း၊ ဂျပန်နိုင်ငံသို့ ပြန်လည်၀င်ရောက်ခြင်း)
ဖုန်း : (ကိုယ်စားလှယ်) 03-3580-4111 (လိုင်းခွဲ 4446, 4447 )
(၉) ဂျပန်နိုင်ငံတွင်း နေထိုင်သူနိုင်ငံခြားသားများ ထောက်ပံ့ရေးစင်တာရှိ နိုင်ငံခြားရေး၀န်ကြီးဌာန ဗီဇာ၊ သတင်းအချက်အလက်များ
ဖုန်း : 0570-011000 (လမ်းညွှန်ချက်အတိုင်းလုပ်ဆောင်ပြီး ဂျပန်ဘာသာစကားအတွက်နံပါတ် 「၁」 ကို ရွေးချယ်ပြီးနောက် နံပါတ် 「၅」 ကိုနှိပ်ပါ။ ) အချို့ IP ဖုန်းများဖြင့် ခေါ်ဆိုလျှင် 03-5363-3013
■မေးမြန်းစုံစမ်းရန် : ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး ကောင်စစ်ဌာန
ဖုန်း : 95-1-549644 ~ 549648
အီးမေးလ် : [email protected]