23/02/2025
" ဝေဖန်မယ့်သူတွေ " နဲ့
" ဖောင်းထုမယ့်သူတွေ " က
နေရာတိုင်းမှာ ရှိတာပါပဲ။
" ဥာဏ်ရည်မြင့်တဲ့လူတွေ " က
ဝေဖန်တယ်။
" ဥာဏ်ရည်နိမ့်တဲ့လူတွေ " က
ဖောင်းထု တယ်။
ကိုယ်ဘာလုပ်လုပ် မုန်းတဲ့စိတ်နဲ့
ကြည့်ပြီး ဖောင်းထုတတ်တဲ့
ဥာဏ်ရည်နိမ့်တွေကို
အဖက်မလုပ်သင့်ပေမယ့် ..
ဥာဏ်ရည်မြင့်တဲ့လူတွေရဲ့
ဝေဖန်သံကို တော့ သေချာ
နားထောင်တတ်ဖို့ လိုပါတယ်။
" ဝေဖန်မှုရှိမှ တိုးတက်တာ" မလို့
ဝေဖန်သံ ဆိုရင် သေချာနားထောင်ပြီး
ပြုပြင်သင့်ရင် ပြုပြင်ရမှာပေါ့။
ဦးကျော်ဟိန်း ပြောတဲ့ စကားလေး
အရမ်းသဘော ကျတယ်။
" သူတို့ဝေဖန်တာ မှန်နေရင်
ကိုယ့်ကိုယ်ကို ပြင်လိုက်ပေါ့။
သူတို့ဝေဖန်တာ မှားနေတော့လည်း
ငါ့ကိုဝေဖန်ရင်းနဲ့ အားပေးနေကြပါလား
လို့တွေးပြီး လုပ်စရာရှိတာ
ဆက်လုပ်နေပေါ့ " တဲ့။
လူတွေ ဝေဖန်မှာ ၊ ဖောင်းထုမှာကို
မကြောက်နဲ့။
ဝေဖန်မှ တိုးတက်တာမလို့
ဝေဖန်သံတွေကို နားထောင်ပြီး
ပြုပြင်သင့်တာတွေကိုပြုပြင်၊
ကိုယ်လုပ်စရာရှိတာတွေကို
အကောင်းဆုံးလုပ်ရင်း
ရှေ့ဆက်နေဖို့ပဲ လိုပါတယ်။
Sint Nyi
30.1.25