Myanseed farm

Myanseed farm

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanseed farm, Educational Research Center, Yangon.

24/05/2026

နံနက်ခင်းများ ရှင်သန် ငြိမ်းချမ်းစေ 🕉️🌺🌍

Photos from Myanseed farm's post 23/05/2026

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ကျူးရှူးတက္ကသိုလ်မှာ ကျောင်းတက်နေစဉ်က Agro Tourism ထွန်းကားတဲ့ အီသိုရှီးမား၊ ကျူးရှူးတဝိုက် ၁ နာရီအတွင်း ကြိုက်သလောက်ခူးစား စံနစ်နဲ့ စတော်ဘယ်ရီစိုက်ခင်းတစ်ခုကိုသွားလည်ခဲ့တယ် ၊ အဲဒီစတော်ဘယ်ရီတွေရဲ့အရသာဟာ ထူးခြားလွန်းတာကို သတိထားမိခဲ့တယ် ။
ဘာများထူးခြားနေတာလဲပေါ့လေ

သည်ပုစ္ဆာကို အဖြေရှင်းပေးခဲ့တာတော့ အဲ့သည့်စတော်ဘယ်ရီစိုက်ခင်းရဲ့ ဥယျာဉ်မှူးကြီးပေါ့။

“ သည် စတော်ဘယ်ရီတွေကို နေ့တိုင်း သီချင်းဖွင့်ပေးပြီး စိုက်ပျိူးထားလို့ အရသာဟာ တခြားစတော်ဘယ်ရီတွေနဲ့ မတူဘူး” လို့ သူကပြောခဲ့တယ်”

အဲ့သည့်အချိန်တုန်းက သည်အဖြေကို ဇဝေဇဝါဖြစ်ခဲ့ပါတယ် ။

နောက် နှစ်အနည်းငယ်ကြာလာတော့ အိမ်မှာ အမျိူးသားနဲ့ စကားပြောနေရင်း သူကြည့်ခဲ့ဖူးတဲ့ NGC က documentary တစ်ခုကို ပြောပြတယ် ။ ပဲပင်ပေါက်ဖေါက်တဲ့ သူတစ်ယောက်ရဲ့အကြောင်းပေါ့ ၊ အတိုချူံးပြောရရင် သူ့ပဲပင်ပေါက်တွေဟာ BEATLES သီချင်းတွေဖွင့်ပြထားတာလို့ အရသာဟာ တမူထူးခြားနေတဲ့အကြောင်းပေါ့ ။

ဒီတစ်ခါလည်း အဲ့သည့်အကြောင်းကို လက်တွေ့မပါတဲ့ဗဟုသုတတစ်ခုအနေနဲ့ပဲနားထောင်ခဲ့တယ် ။

အချိန်တွေ နာရီတွေ အများကြီးကြာလာခဲ့ပါတယ် ။ စာအုပ်တွေနဲ့အတူ အသက်အရွယ်တွေက သင်ကြားစရာတွေအများကြီးကို ဖြတ်သန်းခဲ့ပါတယ် ။

ဒါပေမယ့် သီချင်းတွေ အမြဲနားထောင်နေတတ်တဲ့ သူနဲ့ ခြံလေးတစ်ခြံထဲ သီးပင်စားပင်တွေကို လွန်ခဲ့တဲ့ သုံးနှစ်က စမ်းသပ်စိုက်ခင်းတွေထဲနေထိုင်ခဲ့ပါတယ် ။

သူက အမြဲပြောပါတယ် “ ငါ သီချင်းတွေဖွင့်နေတာ မင်းသစ်ပင်တွေအတွက်ရည်ရွယ်ပါတယ် “ ဆိုတဲ့ စကားပါပဲ ။

အဲ့သည့်ရလဒ်ဟာ အခုစိုက်ခင်းက ခူးလာတဲ့ ထိုင်းမျိူး ရွှေနီပိန္နဲဟာ သက်သေတစ်ခုဖြစ်နေပါတယ် ။

အရောင်အဆင်းနဲ့ရနံ့ရဲ့ထူးခြားတဲ့အထိအတွေ့က အရသာကိုပါ တစ်ပါတည်းခေါ်ဆောင်လာခဲ့သလို ။ ဂီတနဲ့ဇီဝပြောင်းလဲနိုင်စွမ်းဆိုတဲ့ အဖြေကိုအောင်မြင်စွာစမ်းသပ်နိုင်ခဲ့ပါပြီ … ။ …🐞🌱

လိမ္မော်နီရောင် တောက်ပ ချိုမြနေတဲ့ ပိန္နဲသီးတွေမို့ မိတ်ဆွေတွေကို သတိရပေမယ့် မအားလပ်တာရော ဝန်ထမ်းတွေလည်း ပင်ပန်းနေမှာမို့ ဒီတခါတော့ မိတ်ဆွေတွေဆီ အရောက်မပို့နိုင်ခဲ့ပါဘူး။ လာမယ့် သောကြာ၊ စနေ သင်တန်းမှာတော့ နောက်ထပ်မှည့်မယ့် အသီးတွေကို သင်တန်းလာသူများ မြည်းစမ်းခွင့်ရမှာပါ။

🕉️🌺🌍




Photos from Myanseed farm's post 21/05/2026

“Nature is the source of all true knowledge.” 🌱

Leonardo da Vinci

🕉️🌺🌍

Photos from Myanseed farm's post 18/05/2026

လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်က ဓါတ်ပြားဆိုင်တစ်ဆိုင်မှာ ဓါတ်ပြားတစ်ချပ်ကို မထင်မှတ်ပဲမြင်ခဲ့တယ် ။ Daisuke Kawaguchi ရဲ့ Sunshine After Monsoon ဆိုတဲ့ အယ်လ်ဘမ်ပဲ ။ Daisuke Kawaguchi ဆိုတဲ့နာမည်လည်း တစ်ခါမှမကြားဖူးဘူး သည်အယ်လ်ဘမ်ထဲက သီချင်းတွေကိုလည်းတစ်ခါမှ နားမထောင်ဖူးခင်မှာပဲ သည်အယ်လ်ဘမ်ရဲ့ကာဗာကိုမြင်ပြီး စိတ်ထဲငြိမ်းချမ်းမှူတစ်ခုရလိုက်တယ် ။ တစ်နေ့နေ့ ငါ အိပ်ယာနိုးလာရင် သည်လိုမျိူးမြင်ကွင်းမြင်ချင်တယ်လို့ စိတ်ကူးယဉ်ခဲ့ဖူးတယ် ။

🕉️🌺🌍




Photos from Myanseed farm's post 17/05/2026

နေသာတဲ့ တင်္နဂနွေနေ့ရဲ့ safe food from safe farm စျေးရောင်းပွဲမှာ MyanSEED farm ကနေ “ တန်သလောက်ပေးဝယ်ပါ “ အစီအစဉ်ကို လာရောက်အားဖြည့်သူ ဝယ်ယူကြသူ မိတ်ဆွေများအားလုံးအားလုံးကို အထူးကျေးဇူးပါ ။ နောက်လာမည့် MyanSEED farm ရဲ့ အစီအစဉ်အသစ်အသစ်တွေလည်း စောင့်မျှော်ပေးပါလို့ ၊ June လရဲ့ ပထမပက်ထဲမှာ အစီအစဉ်သစ်တစ်ခုလာပါမယ် ။ ကျေးဇူးတင်ပါတယ် ။ 🐞🌱


🕉️🌺🌍

Photos from Myanseed farm's post 17/05/2026

ဘာကြောင့် "တန်သလောက်ပေး ဈေး" နဲ့ ရောင်းတာလဲ??

ဒီတပတ် myanSEED farm က နာနတ်သီးနဲ့ မှိုတွေကို ဈေးနှုန်းမသတ်မှတ်ဘဲ "တန်သလောက်ပေးသွားပါ" ဈေးနဲ့ ရောင်းချခဲ့တာ အောင်မြင်ခဲ့လို့ အားပေးခဲ့သူတွေကိုရော myanSEED team ကိုရော ကျေးဇူးတင်ပါတယ်။ အစောကြိးကုန်လို့ ဒီတနင်္ဂနွေမှာ အစောကြီးသိမ်းပြန်လာခဲ့ရတယ်။

ဘာကြောင့် ဒီစံနစ် ကိုစမ်းသပ်ခဲ့တာလဲဆိုရင် Fair Market Place ရဲ့ အခြေခံ Foundation က Consumer dignity and responsibility ပါ။ ဒါက နှစ်လမ်းသွားဖြစ်ပါတယ်။ ရောင်းချသူက ethical ဖြစ်ဖို့လိုသလို Consumers' power ကောင်းမှ ကျွန်တော်တို့ မြင်ချင် ဖြစ်ချင်တဲ့ စိတ်ကူးယဉ်တဲ့ Consumers Centric Industry ဖြစ်မှာပါ။

"Dignity ensures every customer/ Consumer is treated with respect, equality, and meaningful choices. Responsibility requires buyers to act ethically, support sustainable businesses, and stay informed to avoid exploitation" ဆိုတဲ့ အချက်ကို ကျွန်တော်တို့ နားလည်ချင်တာပါ။

ကျွန်တော်တို့လှက်လှမ်းမှီတာ ရရှိတာက မမျှတတဲ့ အရည်အသွေးညံ့တဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို ဈေးကြီးပေးပြီး ဝယ်နေရတာပါ။

ဒီအချိန်မှာ နောက်ထပ် value add လုပ်မယ့်သူအဖို့က Fair market/ fair price ရဖို့ က အရေးကြီးတာပေါ့။ ဒါကြောင့် Consumers' Willingness to Pay ကို သုတေသနတွေ လုပ်ခဲ့ပါတယ်။ Interviewing method နဲ့ပေါ့။ ဒီကနေပြီး Pricing strategy တွေ Marketing strategy တွေ ချမှတ်နိုင်ဖို့ပေါ့။

ဒါနဲ့ပဲ ခြံထွက် သဘာဝထွက်ကုန်လေးတွေကို ဦးဦးဖျားဖျား စားစေချင်တဲ့ စိတ်ကို အရင်ခံပြီး နောင်မှာ Eco-product တွေရဲ့ ဈေးကွက်တိုးတက်ရေးအတွက် ဒီစမ်းသပ်ချက်ကို ပြုလုပ်ရခြင်းဖြစ်ပါတယ်။

ဒီစံနစ်ကနေပြီး ကျွန်တော်တို့ရခဲ့တာတွေကတော့ မျှော်လင့်တာထက် အများကြီးပိုပြီးရခဲ့ပါတယ်။

Myanseed Agri Business Consultancy



-

Photos from Myanseed farm's post 16/05/2026

MyanSEED farm ရဲ့ ခြံထွက်အသီးအနှံတွေနဲ့ အခြားစိုက်ပျိူးရေးထောက်ကူပစ္စည်းအချိူ့ကို သည်ကနေ့ ရန်ကုန် မြေပဒေသာကျွန်း safe food from safe farm စျေးပွဲမှာ အားဖြည့်ရောင်းချပေးခဲ့ပါတယ် ။ အထူးအားဖြင့် ခြံထွက်အသီးအနှံတွေကို စားသုံးသူများ တန်သလောက် ပေးဝယ်ပါ စနစ်နဲ့ စျေးနှုန်းသတ်မှတ်ထား စမ်းသပ်ရောင်းချခဲ့ပါတယ် ။ အားဖြည့်ဝယ်သူများကလည်း ဓာတုလွတ် အသီးများအတွက် ထိုက်တန်တဲ့ တန်ဘိုးကို ပေးပြီး ဝယ်ယူခဲ့တဲ့အတွက် “ တန်သလောက်ပေးဝယ်ပါ “ စနစ်က စမ်းသပ်မှု ၉၀ ရာခိုင်နှုန်း အောင်မြင်ခဲ့ပါတယ် ။

မိုးတွေမဲနေတဲ့ကြားက စျေးလာဝယ်ကြတဲ့ စားသုံးသူအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ် ။

မနက်ဖန်လည်း တွေ့ကြဦးမယ်နော် …

🕉️🌺🌍

Photos from Myanseed farm's post 15/05/2026

“ Chroma studio ထဲရောက်သွားသလို ခံစားလိုက်ရမယ့် Myanseed farm ရဲ့ မှိူရုံတွေထဲက မှိူတွေနဲ့ အခြား ခြံထွက်အသီးအနှံတွေ မနက်ဖန်မနက် မြေပဒေသာကျွန်းမှာ “တန်သလောက်ပေးဝယ်ပါ”အစီအစဉ်နဲ့ ရောင်းချသွားမှာဖြစ်ပါတယ် ။

safe food from safe farm စျေးမှာ မနက် ဖြန်တွေ့ကြမယ် “

🕉️🌺🌍

10/05/2026

The way I see it, if you want the rainbow, you gotta put up with the rain.

- Dolly Parton

🕉️🌺🌍

Photos from Myanseed farm's post 09/05/2026

Kim Pensyl ရဲ့ 3 day weekend နေညိူချိန်များ 🍴🧂•

🕉️🌺🌍




Photos from Myanseed farm's post 09/05/2026

ဘေးကင်းတဲ့သီးနှံနဲ့ စားသောက်ကုန်တွေကို ကြိုးစားထုတ်လုပ်နေသူတွေရဲ့ စေတနာတွေဟာ သယ်ယူပို့ဆောင်စရိတ်တွေကို လျစ်လျူရှုပြီးအပတ်စဉ် စနေတနင်္ဂနွေ Farmers Market မှာ စားသုံးသူရှေ့အရောက် ပို့ဆောင်ပေးလျက်ရှိပါတယ်။ စိုက်ပျိုးသူနဲ့ စားသုံးသူညဗဟုသုတတွေဖလှယ်ရင်း ဒေသစာတွေကိုလည်း တစ်ပတ်စာ လာဝယ်နိုင်ပါတယ်။ ဒီရာသီက သစ်သီးတွေလည်း ပေါတဲ့အချိန်မို့ ဘေးကင်းလတ်ဆတ်တဲ့ သရက်၊ ပိန္နဲ၊ ငှက်ပျော၊ နာနတ်တွေဟာလည်း လာချင်အောင် ဆွဲဆောင်လို့နေလေရဲ့… 🌱

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


Yangon
11376

Opening Hours

09:00 - 17:00