ITCC

ITCC

Share

လူကြီးမင်းတို့အား စေတနာ အရင်းခံ၍ ငွေကြေးအား အဓိက မထားပဲ ကူညီဆောင်ရွက်ပေးမည်။

20/02/2023

AMD CPU အကြောင်းသိကောင်းစရာ 💻
=============================

မြန်မာနိုင်ငံရဲ့ CPU ဈေးကွက်ကို Intel ကချုပ်ကိုင်ထားတာကြောင့် ကွန်ပျူတာဝယ်ယူမယ်ဆိုရင် Celeron, Pentium, i3, i5, i7 အစရှိတဲ့ Intel CPU တွေကိုပဲ လူတိုင်းနီးပါး အကျွမ်းတဝင်နားလည်ကြပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ လူတိုင်းနီးပါးရဲ့ စိတ်ထဲမှာ ကွန်ပျူတာ System ပိုင်းကောင်းမကောင်းကို Intel CPU အမျိုးအစားတွေနဲ့ပဲ ဆုံးဖြတ်တဲ့အထိ Intel က လွှမ်းမိုးလာခဲ့ပါတယ်။ အဲ့တာဆို Intel က CPU လောကမှာ ပြိုင်ဘက်မရှိတော့တာလား ....

CPU တွေကိုအဓိက ထုတ်လုပ်တဲ့ကုမ္ပဏီတွေထဲမှာ Intel နဲ့ AMD က ခေတ်အဆက်ဆက် CPU တွေကိုပြိုင်ဆိုင်ထုတ်လုပ်ခဲ့ကြပေမယ့် ၂၀ ရာစုလောက်ကစပြီး Intel ရဲ့ CPU တွေဟာ ပိုမိုကောင်းမွန်လာတာနဲ့အမျှ CPU Market ကို AMD ဆီကလုယူနိုင်ခဲ့ပါတယ်။ AMD အနေနဲ့ သူ့ရဲ့ CPU တွေဟာ Intel ကိုပြန်လည်ယှဉ်ပြိုင်နိုင်ဖို့အတွက် Ryzen ဆိုတဲ့ အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းလည်း Intel ထက်သက်သာတဲ့ CPU ကိုမိတ်ဆက်ခဲ့ပါတယ်။

ဒီနေ့မှာ အက်ဒ်မင်ပြောပြမှာက Intel ရဲ့ အဓိကပြိုင်ဘက် AMD Ryzen CPU အကြောင်းပဲဖြစ်ပါတယ်။ Ryzen ဟာ လက်ရှိမြန်မာနိုင်ငံ Market ထဲကိုစတင်ဝင်ရောက်နေပြီဖြစ်ပါတယ်။ Ryzen CPU တွေက စွမ်းဆောင်ရည်ကောင်းမွန်ပြီး Intel CPU တွေထက်ဈေးနှုန်းလည်းသက်သာတာကြောင့် ရွေးချယ်သင့်တဲ့ CPU အမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။

Ryzen CPU ဆိုတာဘာလဲ ?

*****

Ryzen ဆိုတာ AMD ကထုတ်လုပ်တဲ့ Brand တစ်ခုဖြစ်ပြီး x64 နှင့် x86 Microprocessor တွေကို Desktop, Laptop, Mobile အတွက်အဓိကထုတ်လုပ်ပါတယ်။ Ryzen CPU ဟာ Zen and Zen+ microarchitectures ကိုအခြေခံဒီဇိုင်းပြုလုပ်ထားပြီး Entry Level CPU, Flapship Level CPU တွေကို ထုတ်လုပ်ပါတယ်။

Ryzen ရဲ့ Zen microarchitecture ကိုအသုံးပြုထားတဲ့ ပထမဆုံး Product ကို December 2017 မှာ တရားဝင်ကြေငြာခဲ့ပြီး February 2018 မှာထုတ်လုပ်ရောင်းချခဲ့ပါတယ်။ Ryzen ရဲ့ Second Generation ဖြစ်တဲ့ Zen+ microarchitecture နှင့် 12nm process technology ကိုအသုံးပြုထားတဲ့ CPU ကို April 2018 မှာမိတ်ဆက်ခဲ့ပါတယ်။

Ryzen CPU တွေကို ဘယ်လိုသတ်မှတ်ထားလဲ ?

*****

Ryzen CPU တွေကို Entry, Mainstream, Performance, High-end desktop(HEDT) ဆိုပြီး သတ်မှတ်ထားပါတယ်။ Entry မှာဆိုရင် Ryzen 3, Mainstream မှာဆိုရင် Ryzen 5, Performance မှာဆိုရင် Ryzen 7 နှင့် High-end desktop (HEDT) မှာဆိုရင် Ryzen Threadripper ဆိုပြီး Model လေးတွေခွဲခြားထားပါတယ်။

Ryzen CPU တွေကို ဘယ်လိုကြည့်ပြီးဝယ်ယူရမလဲ ?

*****

Ryzen ဟာ Intel ကိုယှဉ်ပြိုင်ဖို့ CPU တွေကိုထုတ်လုပ်ရာမှာ Customer တွေအနေနဲ့ ဘယ်မော်ဒယ်က ဘယ်လိုမျိုးအတွက်အသုံးပြုလဲဆိုတာကို အလွယ်တကူသိနိုင်အောင်ပြုလုပ်လာခဲ့ပါတယ်။ ဥပမာ ပြောရရင် Intel ရဲ့ i3 CPU ကဘယ်လို User တွေအတွက် သင့်တော်လဲဆိုတာကို တော်တော်များများသိကြမယ်ထင်ပါတယ်။ Ryzen အနေနဲ့လည်း Intel လိုမျိုး Model တွေကိုအလွယ်တကူသိနိုင်အောင် Ryzen 3, Ryzen 5, Ryzen 7, Ryzen Threadripper အစရှိသဖြင့် သတ်မှတ်ထားပါတယ်။

Ryzen 3 ကတော့ Entry အမျိုးအစားဖြစ်ပြီး 4 Cores, 4 Threads, Base Clock 3.1 GHz မှ Max Clock 4GHz အထိထွက်ပါတယ်။ Ryzen 3 က စာစီစာရိုက်၊ ရုံးသုံး၊ အိမ်သုံး အသုံးပြုမယ့်သူတွေအတွက်အထူးသင့်လျော်ပါတယ်။ Performance ပိုင်းမှာလည်း Intel ရဲ့ i3 CPU နဲ့ တူတူလောက်ဖြစ်ပြီး ဈေးနှုန်းပိုင်းမှာတော့ သက်သာပါတယ်။

Ryzen 5 က mainstream အမျိုးအစားဖြစ်ပြီး 6 Cores, 12 Threads, Base Clock 3.4GHz မှ Max Clock 4.2GHz အထိထွက်ပါတယ်။ Ryzen 5 က Gaming ပိုင်းနှင့် Design ပိုင်း အသုံးပြုမယ့်သူတွေအတွက်အထူးသင့်လျော်ပါတယ်။ Performance ပိုင်းမှာလည်း Intel ရဲ့ i5 CPU နဲ့ တူညီပြီး ဈေးနှုန်းပိုင်းမှာလည်း Intel ထက်သက်သာပါတယ်။

Ryzen 7 က Performance အမျိုးအစားဖြစ်ပြီး 8 Cores, 16 Threads, Base Clock 3.7Ghz မှ Max Clock 4.3GHz အထိထွက်ပါတယ်။ Ryzen 7 က Graphic Design ပိုင်းနှင့် Gaming ပိုင်းကို Professtional ကျကျအသုံးပြုမယ့်သူတွေအတွက်အထူးသင့်လျော်ပါတယ်။ Performance ပိုင်းမှာလည်း Intel ရဲ့ i7 CPU နဲ့တူညီပြီး ဈေးနှုန်းပိုင်းမှာလည်း Intel ထက်ပိုသက်သာပါတယ်။

Ryzen Threadripper ကတော့ High-end desktop (HEDT) ဖြစ်ပြီး 32 Cores, 64 Threads, Base Clock 3.1GHz မှ Max Clock 4.2GHz အထိထွက်ပါတယ်။ Ryzen Threadripper က High Performance User တွေအတွက် အထူးသင့်တော်ပါတယ်။ Performance ပိုင်းမှာလည်း Intel ရဲ့ i7 CPU ထက်ပိုကောင်းပြီး ဈေးနှုန်းပိုင်းကလည်း သင့်တင့်ပါတယ်။

(အပေါ်မှာပြောပြခဲ့တဲ့ Cores, Threads နှင့် Clock Speed တွေက Model အမျိုးအစားပေါ်မူတည်ပြီးပြောင်းလဲမှုရှိနိုင်ပါတယ်။)

အခုလောက်ဆိုရင် Ryzen CPU တွေအကြောင်း သိသင့်သလောက် သိသွားမယ်လို့ယူဆရပါတယ်။

#မူရင်းဆရာများကိုCrdပေးပါတယ်ဗျ😇
to ITCC (Provider)

19/02/2023

လူကြီးမင်းတို့အား စေတနာအရင်းခံ
နည်းစနစ်မှန်မှန်ဖြင့် ❤️

💻Computer basic အခြေခံသင်တန်းကို 20.02.2023 ရက်နေ့မှစ၍ စတင်သင်ကြားပေးပါမည်

✍️သင်တန်းတက်ချင်တဲ့သူများ ITCC(Provider) တွင် စာရင်းပေးထားလို့ရပါပြီ

👩‍💻သင်ကြားပေးမည့်အ‌ေခြခံcourseများကတော့

Microsoft office 2010/2016
-word
-excel
-powerpoint
-pagemaker

Computer for kids👩‍👦‍👦👩‍👧‍👦👩‍👧‍👧👩‍👩‍👦‍👦👨‍👧‍👦👨‍👨‍👧‍👦👨‍👨‍👦‍👦

ကလေးကငယ်‌ေသးလို့ ကွန်ပျူတာသင်ထားရမလားစဉ်းစားနေသူများအတွက်
ကလေးက အရွယ်အားဖြင့် 9နှစ် 10နှစ်ရှိနေပြီး ကွန်ပျူတာသင်ကြားဖို့စိတ်ဝင်စားမှုနဲ့ ဆန္ဒပြင်းပြနေရင် ထားပေးလို့ရပါတယ်

👩‍👦‍👦👩‍👧‍👧ကလေးများအတွက်

👨‍👦Mouseသုံးနည်း
👨‍👦Typing စာရိုက်နည်း
👨‍👦Painting (mouseကိုင်တာကျွမ်းကျင်အောင်ပုံဆွဲမယ်ဆေးခြယ်မယ်)

By

(Provider)

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Htan Ta Bin Township
Yangon
24199

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00