14/08/2026
🎤 Speaking Test Day Episode 3❤️❤️❤️
သားသားမီးမီးတို့ English သင်ပြီးတဲ့အခါ စာတွေကို မှတ်မိရုံနဲ့ မပြီးသေးပါဘူးနော်။
တကယ်နားလည်ပြီး ကိုယ်တိုင် ပြန်ပြောနိုင်ဖို့ကလည်း အရေးကြီးပါတယ်။
ဒါကြောင့် Speak Now အတန်းတွေမှာ ကလေးတွေရဲ့ Listening & Speaking Skills တိုးတက်လာမှုကို သိရှိနိုင်ဖို့ Individual Speaking Test လေးတွေကို ပုံမှန် စီစဉ်ပေးထားပါတယ်။
ဒီ Speaking Test လေးတွေကနေ
🤔 သင်ခန်းစာထဲက အကြောင်းအရာတွေကို ဘယ်လောက်အထိ နားလည်ထားလဲ?
👂 မေးခွန်းတွေကို နားထောင်ပြီး English လို ပြန်လည်ဖြေဆိုနိုင်ပြီလား?
💡 ကိုယ်ပိုင်အတွေးအမြင်လေးတွေကို မကြောက်မရွံ့ ပြောပြနိုင်လာပြီလား?
🌍 English ကို စာအုပ်ထဲမှာပဲ မထားဘဲ Real Communication အဖြစ် အသုံးချနိုင်လာပြီလား?
စသည်တို့ကို အကဲဖြတ်ပေးပါတယ်ရှင့်။
ဒီနေ့မှာတော့ Speak Now သားသားမီးမီးလေးတွေရဲ့ Individual Speaking Test မှာ ဖြေဆိုနေကြပုံလေးတွေကို အတူတူ ကြည့်လိုက်ကြရအောင်နော်။ 👀