10/07/2022
ဘာကြောင့် "Statistics and Data Science" ပညာရပ်ကို လေ့လာသင့်သလဲ။
ကျွန်ုပ်တို့ တစ်ခုခုဝယ်ယူတဲ့အခါမှာ အချက်အလက်တွေအပေါ် သုံးသပ်ပြီး ဝယ်ယူကြတယ်။ ကျွန်ုပ်တို့ လူမှုကွန်ရက်တွေ အသုံးပြုတဲ့အခါမှာလည်း ဒေတာအချက်အလက်တွေကို အသုံးပြုကြရတယ်။ မဲပေးရွေးချယ်ကြတဲ့အခါမှာလည်း ဒေတာတွေကို အသုံးပြုကြရတာပါပဲ။ ဒေတာ အချက်အလက်တွေဆိုတာ နေရာတိုင်းမှာ အသုံးဝင်ပါတယ်။ ရှုပ်ထွေးမှုတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးဟာ ဒေတာအချက်အလက်တွေကြောင့်သာမဟုတ်ရင် နေ့စဉ်လည်ပတ်ဖို့ လွယ်ကူနိုင်မှာမဟုတ်ပါဘူး။ SDS ဘွဲ့ကြိုမေဂျာမှာဆိုရင်တော့ ကျောင်းသူကျောင်းသားများဟာ အချက်အလက်များနယ်ပယ်အသီးသီးမှာ လက်တွေ့အသုံးချတတ်စေဖို့ စာရင်းအင်းပညာနှင့် Data Science ပညာရပ်ကို လေ့လာရမှာ ဖြစ်ပါတယ်။
"𝐅𝐮𝐭𝐮𝐫𝐞-𝐏𝐫𝐨𝐨𝐟 𝐘𝐨𝐮𝐫 𝐂𝐚𝐫𝐞𝐞𝐫 𝐀𝐬 𝐀 𝐃𝐚𝐭𝐚 𝐒𝐜𝐢𝐞𝐧𝐭𝐢𝐬𝐭: 𝐂𝐚𝐫𝐞𝐞𝐫𝐬 𝐢𝐧 𝐃𝐚𝐭𝐚 𝐚𝐧𝐝 𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 𝐒𝐜𝐢𝐞𝐧𝐜𝐞" Webinar အစီအစဉ်ကို ကြည့်ရှုရန် - https://fb.watch/e7GM7n2VLv/
ပါရမီတက္ကသိုလ်နှင့်အတူတူ သင့်ရဲ့ ပညာရေးခရီးကို စတင်ဖို့ အခုပဲ ဒီလင့်ခ်မှာ [https://www.parami.edu.mm/apply] ဝင်ရောက်ပြီး လျှောက်ထားလိုက်ပါ။ ဝင်ခွင့်လျှောက်လွှာများကို ဇူလိုင်လ (၂၀) ရက်၊ ဗုဒ္ဓဟူးနေ့ ၊ ၂၀၂၂ ခုနှစ် နေ့ခင်း ၁၂:၀၀ နာရီ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါတယ်။
03/07/2022
သင်ဟာ ပါရမီတက္ကသိုလ်ရဲ့ PPE ဘွဲ့ကြိုဒီဂရီပရိုဂရမ်ကို အထူးစိတ်ဝင်စားပြီး PPE ပရိုဂရမ်မှ ဘွဲ့ရပြီးတဲ့နောက် သင့်အတွက် ဘယ်လိုအလုပ်အကိုင်အခွင့်အလမ်းတွေ ရှိနေမှာလဲဆိုတာကို သိလိုသူတစ်ယောက်ဆိုရင်တော့ ဒီ webinar လေးကို တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာကြီးဟာ မကြုံစဖူးစိန်ခေါ်မှုအများအပြားကို ရင်ဆိုင်နေရပါတယ်။ ဒဿနိကပညာရှင်များမှအစ တက်ကြွလှုပ်ရှားသူများ၊၊ မူဝါဒချမှတ်သူများနှင့် ပညာရှင်များပါမကျန် လူသားမျိုးနွယ်ရဲ့ အထူးချွန်ဆုံးသော အသိပညာရှင်အားလုံးတို့ဟာ အဆိုပါ ပြဿနာရပ်များအပေါ်မှာ အချေအတင်ဆွေးနွေး အဖြေရှာဖွေနေကြပါတယ်။ ရာသီဥတုပြောင်းလဲမှု၊ စီးပွားရေးမညီမျှမှု၊ ပေါ်ထွန်းလာသော နည်းပညာများနှင့် အခြားပြောင်းလဲမှုအသစ်များက ကျွန်ုပ်တို့ရဲ့ နေထိုင်မှုပုံစံတွေကိုပါ ပြောင်းလဲစေလျက် ရှိပါတယ်။ Philosophy, Politics, and Economics (PPE) ဒီဂရီပရိုဂရမ်ဟာ သင်ကို စိတ်ကူးစိတ်သန်းသစ်များနှင့် ထိုစိတ်ကူးများကို အကောင်အထည်ဖော်နိုင်အောင် ကူညီပေးမှာ ဖြစ်ပါတယ်။
Philosophy, Politics, and Economics (PPE) ဘွဲ့ကြိုမေဂျာကို ၁၉၂၀ ပြည့်နှစ်ကာလများတွင် University of Oxford မှ စတင်သင်ကြားပေးခဲ့တာဖြစ်ပါတယ်။ ကျောင်းသူကျောင်းသားများအား မမျှော်လင့်ထားတဲ့ ကမ္ဘာ့စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းပြီး အခွင့်အလမ်းအသစ်များအဖြစ် ပြောင်းလဲနိုင်စေမယ့် လိုအပ်တဲ့အရည်အသွေးများကို မတူညီတဲ့ ဘာသာရပ်သုံးခုကနေ ပေးစွမ်းနိုင်တာကြောင့် PPE ဘာသာရပ်ဟာ မျက်မှောက်ခေတ်ကမ္ဘာနဲ့ ပိုမိုကိုက်ညီမှုရှိလာပါတယ်။ ဒါကြောင့် PPE ဒီဂရီပရိုဂရမ်ကို နိုင်ငံနဲ့ ကမ္ဘာ့ခေါင်းဆောင်များ မွေးထုတ်ပေးနေတဲ့ ပရိုဂရမ်တစ်ခုလို့လည်း မှတ်ယူနိုင်ပါတယ်။
ဒီ webinar မှာဆိုရင်တော့ PPE မေဂျာရဲ့ အဓိကအနှစ်သာရက ဘာလဲ၊ ကျောင်းပြီးသွားတဲ့အခါ ဘယ်လိုအသက်မွေး၀မ်းကျောင်းအလုပ်အကိုင်တွေမှာ ၀င်ရောက်လုပ်ကိုင်နိုင်မှာလဲ၊ ဘယ်လုပ်ငန်းခွင်မျိုးမှာမဆို မရှိမဖြစ်လိုအပ်တဲ့ ခေါင်းဆောင်မှုအရည်အသွေးတွေကို PPE ပရိုဂရမ်က ဘယ်လိုပျိုးထောင်မွမ်းမံပေးမှာလဲ စတဲ့မေးခွန်းတွေကို ဖြေပေးသွားမှာဖြစ်ပါတယ်။
PPE မေဂျာက ဒဿနဗေဒ၊ နိုင်ငံရေးနဲ့ ဘောဂဗေဒပညာရပ်များကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။
ဒီလို ပညာရပ်နယ်ပယ်တွေပေါင်းစပ်ထားတဲ့ အထူးပြုမေဂျာက ဘယ်လိုမျိုးလဲ။ ကျောင်းသူကျောင်းသားတွေက ဒီမတူညီတဲ့ပညာရပ်တွေကို ဘယ်လိုလေ့လာနိုင်မှာလဲ။
PPE ဒီဂရီပရိုဂရမ်ကနေ ဘွဲ့ရပြီးတဲ့အခါ ဘယ်လို အလုပ်အကိုင်အခွင့်အလမ်းတွေ ရှိနေသလဲ။ PPE ဒီဂရီပရိုဂရမ်ဟာ ယနေ့ခေတ်ကမ္ဘာနဲ့ လုပ်ငန်းခွင်လိုအပ်ချက်တွေနဲ့ပါ ဘယ်လိုကိုက်ညီသက်ဆိုင်နေသလဲဆိုတာတွေကို ကောင်းမွန်စွာ သိရှိနားလည်နိုင်ဖို့အတွက် ဒီ Webinar အစီအစဉ်ကိုတက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
ဒီ Webinar ကို တက်ရောက်ဖို့အတွက် https://cutt.ly/PKNN04L မှာ အခုပဲ ကြိုတင်စာရင်းပေးသွင်းလိုက်ပါ။
Welcome! You are invited to join a meeting: Webinar: Philosophy, Politics, and Economics (PPE) Career Pathways. After registering, you will receive a confirmation email about joining the meeting.
This webinar will explore questions regarding the essence of the PPE major, including careers after graduation and how the PPE program provides you with well-rounded skills essential for the leadership role in every sector: PPE major is an integration of three disciplines―Philosophy, Politics, and...
20/06/2022
သင်သိထားသင့်သည့် ပါရမီတက္ကသိုလ်နှင့်ပတ်သက်သည့် အချက် (၅) ချက်
၁။ ပါရမီတက္ကသိုလ်ဟာ အကျိုးအမြတ်မယူသော (non-profit) ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။
၂။ ပါရမီတက္ကသိုလ်ဟာ အွန်လိုင်းဘွဲ့ကြိုပရိုဂရမ်များဖွင့်လှစ်ခွင့်လိုင်စင်ကို အမေရိကန်ပြည်ထောင်စု Washington D.C. ၏ Higher Education Licensure Commission (HELC) မှ ရရှိထားပြီးဖြစ်ပြီး ကျောင်းသူကျောင်းသားများအတွက် အရည်အသွေးမြင့်မားတဲ့ ပညာရေးကို ပေးအပ်နိုင်ဖို့ အောင်မြင်မှုမှတ်တိုင်တစ်ခု ထပ်မံစိုက်ထူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
၃။ ယခုနှစ်ဩဂုတ်လမှ စတင်ပြီး ဘွဲ့ကြိုပရိုဂရမ်နှစ်ခုဖြစ်တဲ့ Bachelor of Arts in Philosophy, Politics, and Economics (PPE) နှင့် Bachelor of Arts in Statistics and Data Science (SDS) တို့ကို အွန်လိုင်းသင်ကြားမှုမှတဆင့် စတင်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
၄။ ဘာသာရပ်များကို ကမ္ဘာ့အဆင့်မီ ပါမောက္ခများမှ သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး အွန်လိုင်းမှ မျက်နှာချင်းဆိုင် ဆွေးနွေး သင်ယူသောပုံစံ (online synchronous learning) ကိုအသုံးပြုပါတယ်။ ဒါ့ကြောင့် ပညာအရည်အသွေးအာမခံချက်ရှိပြီး ၂၁ ရာစုလုပ်ငန်းခွင်တွင် လိုအပ်သော ဘက်စုံဖွံ့ဖြိုးမှု ရရှိစေရန် ရည်ရွယ်ပါတယ်။
၅။ ပါရမီတက္ကသိုလ်သည် လက်ရှိတွင် အမေရိကန်ပြည်ထောင်စုရှိ Bard College နှင့် ပူးပေါင်း၍ ပါရမီကျောင်းသူ ကျောင်းသားများအတွက် တက္ကသိုလ်နှစ်ခုစလုံးမှ ဘွဲ့လက်မှတ်များ ပေးအပ်သွားနိုင်မည့် dual degree program ဖြစ်မြောက်ရေးအတွက် ဆွေးနွေးပြင်ဆင်လျက်ရှိပါတယ်။ ဒီအကြောင်းအရာနှင့် ပတ်သက်ပြီး ဆက်လက်ဖတ်ရှုရန် - https://cutt.ly/nKgQts3
06/06/2022
ယခုနှစ်၏ ဆောင်းဦးရာသီမှာဆိုရင်တော့ ပါရမီတက္ကသိုလ်ဟာ ဘွဲ့ကြိုပရိုဂရမ်နှစ်ခုဖြစ်တဲ့ . .
🎓 Bachelor of Arts in Philosophy, Politics, and Economics (PPE)
🎓Bachelor of Arts in Statistics and Data Science (SDS) စတဲ့ ဘွဲ့ကြိုပရိုဂရမ်နှစ်ခုလုံးကို အွန်လိုင်းသင်ကြားမှုစနစ်ဖြင့် စတင်သင်ကြားပေးတော့မှာဖြစ်ပါတယ်။ ထို ဘွဲ့ကြို ပရိုဂရမ်နှစ်ခုလုံးဟာ အမေရိကန်ပြည်ထောင်စု Washington, DC ၏ Higher Education Licensure Commission (HELC) မှ တရားဝင်လိုင်စင်ရရှိထားပြီးဖြစ်ပါတယ်။
ပါရမီတက္ကသိုလ်အနေဖြင့် ကျောင်းသူကျောင်းသားများအတွက် ဘက်ပေါင်းစုံ၊ နယ်ပယ်ပေါင်းစုံတွင် လက်တွေ့အသုံးချနိုင်မည့် ဝိဇ္ဇာနှင့်သိပ္ပံပညာရပ်ဆိုင်ရာ သင်ရိုးများကို ပေါင်းစပ်သင်ကြားပေးမည့် သင်ကြားရေးဝန်းကျင်ကို ဖန်းတီးပေးသွားမှာဖြစ်ပြီး ဘာသာရပ်အသီးသီးမှ အကြောင်းအရာ၊ ဗဟုသုတများကိုလည်း တစ်ချိန်တည်းမှာတင် လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။
အတန်းတိုင်းမှာလည်း အရည်အသွေးပြည့်ဝသော နည်းပြဆရာများနှင့်အတူ မြင့်မားသော သင်ကြားနည်းစနစ်များကို အသုံးပြု၍ ကမ္ဘာ့အဆင့်မီသင်ကြားရေးဝန်းကျင်တစ်ခုရရှိစေရန် ပါရမီတက္ကသိုလ်မှ အစဉ်တစိုက် ပံ့ပို့ကူညီပေးသွားမှာဖြစ်ပါတယ်။
နောက်ဆုံး လျှောက်လွှာတင်ရန်လက်ခံသော ရက်မှာ နီးကပ်လာပြီဖြစ်တာကြောင့် သင့်ရဲ့အနာဂတ်ပညာရေးအခွင့်လမ်းအတွက် လက်လွှတ်မခံဘဲ ယခုပဲ ဝင်ခွင့်လျှောက်လွှာကိုဖြည့်စွက်လိုက်ပါ။
လျှောက်လွှာများဖြည့်စွက်ရန်အတွက် ဒီလင်ခ် https://www.parami.edu.mm/apply မှတဆင့် ဒီကနေ့မှစ၍ လျှောက်ထားနိုင်ပါတယ်။
နောက်ဆုံး လျှောက်လွှာတင်ရမည့်ရက် - တနင်္ဂနွေ၊ ဇူလိုင်လ (၁၀) ရက်နေ့ (နေ့လည် (၁၂) နာရီအတွင်း)
ပရိုဂရမ်နှင့်ပတ်သက်ပြီး မေးမြန်းစရာမေးခွန်းများရှိပါက လာမည့်အင်္ဂါနေ့၊ ဇွန်လ (၇) ရက်နေ့ မနက် (၉) နာရီတွင် အင်္ဂလိပ်ဘာသာဖြင့် ပြုလုပ်ကျင်းပသွားမည့် "𝐔𝐧𝐝𝐞𝐫𝐠𝐫𝐚𝐝𝐮𝐚𝐭𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐬 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 𝐒𝐞𝐬𝐬𝐢𝐨𝐧" ကို တက်ရောက်ဖို့ ပါရမီတက္ကသိုလ်မှ ဖိတ်ခေါ်လိုက်ပါတယ်။
"Information Session" ကို တက်ရောက်ဖို့ ဒီလင်ခ်မှတဆင့် https://paramiuniversity.zoom.us/.../tZcsdeGqrTguG9FupL... ကြိုတင်စာရင်းပေးသွင်းထားနိုင်ပါတယ်။
"Information Session"ကို တက်ရောက်ရန် စာရင်းပေးသွင်းပြီးပါက ဤအစီအစဥ်အတွက် Zoom Link ကို ပါရမီတက္ကသိုလ်မှ ပေးပို့ပေးသွားမှာ ဖြစ်ပါတယ်။
[Burmese Text Below]
𝐓𝐡𝐞 𝐰𝐚𝐢𝐭 𝐢𝐬 𝐨𝐯𝐞𝐫! Application forms for online undergraduate programs are now live!
This Fall 2022, Parami University will offer 𝐭𝐰𝐨 𝐨𝐧𝐥𝐢𝐧𝐞 𝐁𝐚𝐜𝐡𝐞𝐥𝐨𝐫 𝐨𝐟 𝐀𝐫𝐭𝐬 𝐝𝐞𝐠𝐫𝐞𝐞 𝐩𝐫𝐨𝐠𝐫𝐚𝐦𝐬: 𝐁𝐚𝐜𝐡𝐞𝐥𝐨𝐫 𝐨𝐟 𝐀𝐫𝐭𝐬 𝐢𝐧 𝐏𝐡𝐢𝐥𝐨𝐬𝐨𝐩𝐡𝐲, 𝐏𝐨𝐥𝐢𝐭𝐢𝐜𝐬, 𝐚𝐧𝐝 𝐄𝐜𝐨𝐧𝐨𝐦𝐢𝐜𝐬 (𝐏𝐏𝐄) 𝐚𝐧𝐝 𝐁𝐚𝐜𝐡𝐞𝐥𝐨𝐫 𝐨𝐟 𝐀𝐫𝐭𝐬 𝐢𝐧 𝐒𝐭𝐚𝐭𝐢𝐬𝐭𝐢𝐜𝐬 𝐚𝐧𝐝 𝐃𝐚𝐭𝐚 𝐒𝐜𝐢𝐞𝐧𝐜𝐞 (𝐒𝐃𝐒).
Its undergraduate degree programs are licensed under the Higher Education Licensure Commission (HELC) of Washington, DC, in the US.
At Parami University, we provide students with liberal arts and sciences education through a collaborative and immersive learning environment where students can develop well-rounded knowledge from different disciplines. The classes are fully synchronous and delivered using advanced education technologies with world-class faculty.
To start your application journey, please click this link: https://www.parami.edu.mm/apply.
Application Deadline: 𝐒𝐮𝐧𝐝𝐚𝐲, 𝐉𝐮𝐥𝐲 𝟏𝟎, 𝟐𝟎𝟐𝟐, 𝐚𝐭 𝟏𝟐 𝐏.𝐌 [𝐌𝐌𝐓]
𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 𝐒𝐞𝐬𝐬𝐢𝐨𝐧𝐬 (𝐢𝐧 𝐁𝐮𝐫𝐦𝐞𝐬𝐞)
If you are a student and someone interested in our programs, please register through this link: https://paramiuniversity.zoom.us/.../tZ0qf...
Event Date & Time: 𝐓𝐡𝐮𝐫𝐬𝐝𝐚𝐲, 𝐉𝐮𝐧𝐞 𝟗, 𝟐𝟎𝟐𝟐, 𝐚𝐭 𝟕 𝐏.𝐌 (𝐌𝐌𝐓)
If you are parents, guardians, and educators, please register through this link: https://paramiuniversity.zoom.us/.../tZYocOirpj8uH9L1qlC...
Event Date & Time: 𝐒𝐚𝐭𝐮𝐫𝐝𝐚𝐲, 𝐉𝐮𝐧𝐞 𝟏𝟏, 𝟐𝟎𝟐𝟐, 𝐚𝐭 𝟏 𝐏.𝐌 (𝐌𝐌𝐓)
After registering, you will receive a confirmation email containing information about joining the meeting. Please note that the sessions will be delivered in Burmese.
_________
ယခုနှစ်၏ ဆောင်းဦးရာသီမှာဆိုရင်တော့ ပါရမီတက္ကသိုလ်ဟာ ဘွဲ့ကြိုပရိုဂရမ်နှစ်ခုဖြစ်တဲ့ . .
🎓 Bachelor of Arts in Philosophy, Politics, and Economics (PPE)
🎓Bachelor of Arts in Statistics and Data Science (SDS) စတဲ့ ဘွဲ့ကြိုပရိုဂရမ်နှစ်ခုလုံးကို အွန်လိုင်းသင်ကြားမှုစနစ်ဖြင့် စတင်သင်ကြားပေးတော့မှာဖြစ်ပါတယ်။ ထို ဘွဲ့ကြို ပရိုဂရမ်နှစ်ခုလုံးဟာ အမေရိကန်ပြည်ထောင်စု Washington, DC ၏ Higher Education Licensure Commission (HELC) မှ တရားဝင်လိုင်စင်ရရှိထားပြီးဖြစ်ပါတယ်။
ပါရမီတက္ကသိုလ်အနေဖြင့် ကျောင်းသူကျောင်းသားများအတွက် ဘက်ပေါင်းစုံ၊ နယ်ပယ်ပေါင်းစုံတွင် လက်တွေ့အသုံးချနိုင်မည့် ဝိဇ္ဇာနှင့်သိပ္ပံပညာရပ်ဆိုင်ရာ သင်ရိုးများကို ပေါင်းစပ်သင်ကြားပေးမည့် သင်ကြားရေးဝန်းကျင်ကို ဖန်းတီးပေးသွားမှာဖြစ်ပြီး ဘာသာရပ်အသီးသီးမှ အကြောင်းအရာ၊ ဗဟုသုတများကိုလည်း တစ်ချိန်တည်းမှာတင် လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။
အတန်းတိုင်းမှာလည်း အရည်အသွေးပြည့်ဝသော နည်းပြဆရာများနှင့်အတူ မြင့်မားသော သင်ကြားနည်းစနစ်များကို အသုံးပြု၍ ကမ္ဘာ့အဆင့်မီသင်ကြားရေးဝန်းကျင်တစ်ခုရရှိစေရန် ပါရမီတက္ကသိုလ်မှ အစဉ်တစိုက် ပံ့ပို့ကူညီပေးသွားမှာဖြစ်ပါတယ်။
နောက်ဆုံး လျှောက်လွှာတင်ရန်လက်ခံသော ရက်မှာ နီးကပ်လာပြီဖြစ်တာကြောင့် သင့်ရဲ့အနာဂတ်ပညာရေးအခွင့်လမ်းအတွက် လက်လွှတ်မခံဘဲ ယခုပဲ ဝင်ခွင့်လျှောက်လွှာကိုဖြည့်စွက်လိုက်ပါ။
လျှောက်လွှာများဖြည့်စွက်ရန်အတွက် ဒီလင်ခ် https://www.parami.edu.mm/apply မှတဆင့် ဒီကနေ့မှစ၍ လျှောက်ထားနိုင်ပါတယ်။ နောက်ဆုံး လျှောက်လွှာတင်ရမည့်ရက် - တနင်္ဂနွေ၊ ဇူလိုင်လ (၁၀) ရက်နေ့ (နေ့လည် (၁၂) နာရီအတွင်း)
________________
ပါရမီတက္ကသိုလ်၏ ဘွဲ့ကြိုပညာသင်ဆု အစီအစဉ်များကို စိတ်ဝင်စားသူ၊ ကျောင်းသူကျောင်းသားများအတွက် ကြာသပတေးနေ့၊ ဇွန်လ (၉) ရက်နေ့၊ ညနေ (၇) နာရီတွင် ပြုလုပ်ကျင်းပသွားမည့် "Information Session" ကို တက်ရောက်ဖို့ ကြိုတင်စာရင်းပေးသွင်းထားရန် https://paramiuniversity.zoom.us/.../tZ0qf...
မိဘများ၊ အုပ်ထိန်းသူများနှင့် ဆရာဆရာများအတွက် စနေနေ့၊ ဇွန်လ (၁၁) ရက်နေ့၊ နေ့လည် (၁) နာရီ တွင် ပြုလုပ်ကျင်းပသွားမည့် "Information Session" ကို တက်ရောက်ဖို့ ကြိုတင်စာရင်းပေးသွင်းထားရန် https://paramiuniversity.zoom.us/.../tZYocOirpj8uH9L1qlC...
"Information Session"ကို တက်ရောက်ရန် စာရင်းပေးသွင်းပြီးပါက ဤအစီအစဥ်အတွက် Zoom Link ကို ပါရမီတက္ကသိုလ်မှ ပေးပို့ပေးသွားမှာ ဖြစ်ပြီ ဤအစီအစဥ်များဟာ မြန်မာဘာသာအဖြစ် ပြုလုပ်ကျင်းပသွားမှာ ဖြစ်ပါတယ်။
03/06/2022
𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭! Parami University 𝐡𝐚𝐬 𝐬𝐮𝐜𝐜𝐞𝐬𝐬𝐟𝐮𝐥𝐥𝐲 𝐨𝐛𝐭𝐚𝐢𝐧𝐞𝐝 𝐚 𝐥𝐢𝐜𝐞𝐧𝐬𝐞 𝐟𝐫𝐨𝐦 𝐭𝐡𝐞 𝐇𝐢𝐠𝐡𝐞𝐫 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐋𝐢𝐜𝐞𝐧𝐬𝐮𝐫𝐞 𝐂𝐨𝐦𝐦𝐢𝐬𝐬𝐢𝐨𝐧 (𝐇𝐄𝐋𝐂) 𝐨𝐟 𝐖𝐚𝐬𝐡𝐢𝐧𝐠𝐭𝐨𝐧, 𝐃𝐂, 𝐢𝐧 𝐭𝐡𝐞 𝐔𝐧𝐢𝐭𝐞𝐝 𝐒𝐭𝐚𝐭𝐞𝐬 to offer online undergraduate programs.
The classes will be fully-synchronous and delivered using advanced education technologies with world-class faculty. Parami’s undergraduate degree programs are licensed under HELC.
Please stay tuned for more information about our programs, scholarship opportunities, and information sessions next week.
We look forward to welcoming you to the Parami University community!
________________
အားလုံးပဲ မင်္ဂလာပါ။
ဒီနေ့မှာဆိုရင်တော့ ပါရမီတက္ကသိုလ်ဟာ ကျောင်းသူကျောင်းသားများအားလုံးအတွက် အရည်အသွေးမြင့်မားတဲ့ ပညာရေးကို ပေးအပ်နိုင်ဖို့ အောင်မြင်မှုမှတ်တိုင်တစ်ခု ထပ်မံစိုက်ထူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ပါရမီတက္ကသိုလ်ဟာ အခုဆိုရင်တော့ ဘွဲ့ကြိုပရိုဂရမ်များဖွင့်လှစ်ခွင့် လိုင်စင်ကို အမေရိကန်ပြည်ထောင်စု Washington DC ၏ 𝐇𝐢𝐠𝐡𝐞𝐫 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐋𝐢𝐜𝐞𝐧𝐬𝐮𝐫𝐞 𝐂𝐨𝐦𝐦𝐢𝐬𝐬𝐢𝐨𝐧 (𝐇𝐄𝐋𝐂) မှ အောင်မြင်စွာ ရရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံတကာပညာရေးကို စိတ်ဝင်စားသော ကျောင်းသူကျောင်းသားများ နှ့င် ကျောင်းသူကျောင်းသားမိဘများအားလုံးကို ဂုဏ်ယူစွာဖြင့် အသိပေးအပ်ပါတယ်။
ပါရမီတက္ကသိုလ်ဟာ ဘွဲ့ကြိုပရိုဂရမ်နှစ်ခုလုံးကို အမေရိကန်ပြည်ထောင်စု Washington, DC ၏ Higher Education Licensure Commission (HELC) မှ တရားဝင်လိုင်စင်ရရှိခဲ့ပြီးဖြစ်ကာ ကျောင်းသူကျောင်းသားများအားလုံးကို အွန်လိုင်းသင်ကြားမှုစနစ်ဖြင့် မကြာမီ ဖွင့်လှစ်သင်ကြားပေးသွားတော့မှ ာဖြစ်ပါတယ်။
ပါရမီတက္ကသိုလ်မှ ပေးအပ်မည့် ပညာသင်ဆုအခွင့်အရေးများ၊ ဝင်ခွင့်နှင့် ပတ်သက်တဲ့ အချက်အလက်များ နှင့် ပရိုဂရမ်ဆိုင်ရာ အသေးစိတ်အကြောင်းအရာများအတွက် Information Sharing Sessionsကို နောက်အပတ်တွင် ပြုလုပ်ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဒီ Information Sharing Sessions ကို နိုင်ငံတကာပညာရေးအား စိတ်ဝင်စားသော ကျောင်းသူကျောင်းသားများ နှင့် ကျောင်းသားမိဘများပါ တက်ရောက်ဖို့ ပါရမီတက္ကသိုလ်မှ နွေးထွေးစွာဖြင့် ဖိတ်ခေါ်လိုက်ပါတယ်။
[Burmese Text Below]
𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭! We are excited to announce that Parami University 𝐡𝐚𝐬 𝐬𝐮𝐜𝐜𝐞𝐬𝐬𝐟𝐮𝐥𝐥𝐲 𝐨𝐛𝐭𝐚𝐢𝐧𝐞𝐝 𝐚 𝐥𝐢𝐜𝐞𝐧𝐬𝐞 𝐟𝐫𝐨𝐦 𝐭𝐡𝐞 𝐇𝐢𝐠𝐡𝐞𝐫 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐋𝐢𝐜𝐞𝐧𝐬𝐮𝐫𝐞 𝐂𝐨𝐦𝐦𝐢𝐬𝐬𝐢𝐨𝐧 (𝐇𝐄𝐋𝐂) 𝐨𝐟 𝐖𝐚𝐬𝐡𝐢𝐧𝐠𝐭𝐨𝐧, 𝐃𝐂, 𝐢𝐧 𝐭𝐡𝐞 𝐔𝐧𝐢𝐭𝐞𝐝 𝐒𝐭𝐚𝐭𝐞𝐬 to offer online undergraduate programs.
The classes will be fully-synchronous and delivered using advanced education technologies with world-class faculty. Parami’s undergraduate degree programs are licensed under HELC.
Please stay tuned for more information about our programs, scholarship opportunities, and information sessions next week.
We look forward to welcoming you to the Parami University community!
________________
အားလုံးပဲ မင်္ဂလာပါ။
ဒီနေ့မှာဆိုရင်တော့ ပါရမီတက္ကသိုလ်ဟာ ကျောင်းသူကျောင်းသားများအားလုံးအတွက် အရည်အသွေးမြင့်မားတဲ့ ပညာရေးကို ပေးအပ်နိုင်ဖို့ အောင်မြင်မှုမှတ်တိုင်တစ်ခု ထပ်မံစိုက်ထူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ပါရမီတက္ကသိုလ်ဟာ အခုဆိုရင်တော့ ဘွဲ့ကြိုပရိုဂရမ်များဖွင့်လှစ်ခွင့် လိုင်စင်ကို အမေရိကန်ပြည်ထောင်စု Washington DC ၏ 𝐇𝐢𝐠𝐡𝐞𝐫 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐋𝐢𝐜𝐞𝐧𝐬𝐮𝐫𝐞 𝐂𝐨𝐦𝐦𝐢𝐬𝐬𝐢𝐨𝐧 (𝐇𝐄𝐋𝐂) မှ အောင်မြင်စွာ ရရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံတကာပညာရေးကို စိတ်ဝင်စားသော ကျောင်းသူကျောင်းသားများ နှ့င် ကျောင်းသူကျောင်းသားမိဘများအားလုံးကို ဂုဏ်ယူစွာဖြင့် အသိပေးအပ်ပါတယ်။
ပါရမီတက္ကသိုလ်ဟာ ဘွဲ့ကြိုပရိုဂရမ်နှစ်ခုလုံးကို အမေရိကန်ပြည်ထောင်စု Washington, DC ၏ Higher Education Licensure Commission (HELC) မှ တရားဝင်လိုင်စင်ရရှိခဲ့ပြီးဖြစ်ကာ ကျောင်းသူကျောင်းသားများအားလုံးကို အွန်လိုင်းသင်ကြားမှုစနစ်ဖြင့် မကြာမီ ဖွင့်လှစ်သင်ကြားပေးသွားတော့မှာ ဖြစ်ပါတယ်။
ပါရမီတက္ကသိုလ်မှ ပေးအပ်မည့် ပညာသင်ဆုအခွင့်အရေးများ၊ ဝင်ခွင့်နှင့် ပတ်သက်သည့် အချက်အလက်များ နှင့် ပရိုဂရမ်ဆိုင်ရာ အသေးစိတ်အကြောင်းအရာများအတွက် "Information Sessions"ကို နောက်အပတ်တွင် ပြုလုပ်ကျင်းပသွားမှာဖြစ်ပါတယ်။
ဒီ "Information Sharing Sessions" ကို နိုင်ငံတကာပညာရေးအား စိတ်ဝင်စားသော ကျောင်းသူကျောင်းသားများ နှင့် ကျောင်းသားမိဘများပါ တက်ရောက်ဖို့ ပါရမီတက္ကသိုလ်မှ နွေးထွေးစွာဖြင့် ဖိတ်ခေါ်လိုက်ပါတယ်။
10/09/2021
[English below]
ကျွန်ုပ်တို့ပညာရေးမူဝါဒသုတေသနစင်တာ၏ လုပ်ဆောင်လျက်ရှိသော လုပ်ငန်းစဉ်များအားလုံးကို ယနေ့မှစ၍ ခေတ္တရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
ပညာရေးမူဝါဒသုတေသနစင်တာအနေဖြင့် ၂၀၁၉ ခုနှစ်မှစတင်၍ ပညာရေးဝန်ကြီးဌာန၏ အဆင့်မြင့်ပညာရေးကဏ္ဍဆိုင်ရာ မူဝါဒချမှတ်ခြင်းလုပ်ငန်းစဉ်အပေါ်တွင် မူဝါဒများအကြံပြုခြင်း၊ အင်တာဗျူးစာစောင်များနှင့် ဝေါဟာရအဘိဓာန်စာအုပ်ထုတ်ဝေခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများကျင်းပပြုလုပ်ခြင်းနှင့် ပါရမီပညာရေးဂျာနယ်ထုတ်ဝေခြင်းတို့ကို ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။
သို့သော် ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေမှုနှင့် နိုင်ငံရေးအခြေအနေအပြောင်းအလဲများကြောင့် စင်တာအနေဖြင့် သုတေသနနှင့် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများကို လုပ်ဆောင်နိုင်ခြင်းမရှိပါ။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် ပညာရေးကဏ္ဍနှင့် လူ့အဖွဲ့အစည်းကို အကျိုးပြုနိုင်ရန်အတွက် ရှေ့ဆက်ဉီးတည်မည့် လမ်းကြောင်းများကို ပြန်လည်ဆန်းစစ်လျက်ရှိပါသည်။ စင်တာ၏ လုပ်ငန်းစဉ်များတွင် လိုအပ်သည့် ပြင်ဆင်မွမ်းမံမှုများကိုပြုလုပ်ပြီးနောက် သုတေသနလုပ်ငန်းများကို ပြန်လည်စတင်သွားပါမည်။
We regret to inform you that all of our activities will be put on hold until further notice.
Starting in 2019, the Center for Education Policy Research has dedicated itself to advising the Ministry of Education on higher education policies, publishing glossary of higher education terminology and newsletters, hosting workshops, and publishing the Parami Journal of Education.
However, due to the COVID-19 pandemic and the changing political environment, we are unable to provide our research and technical expertise. Therefore, we are exploring the way forward for the benefits of the education sector and community as a whole. We will resume our center’s activities after we made the necessary adjustments to them.
22/04/2021
[English below]
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့အား နောက်ဆုံးထား၍ ပါရမီပညာရေးဂျာနယ် အမှတ်စဉ်(၂)အတွက် ဆောင်းပါးစာမူများကို ပေးပို့ တင်သွင်းရန် ဖိတ်ခေါ်ခဲ့ပါသည်။ သို့သော်လည်း လက်ရှိဖြစ်ပေါ်လျက်ရှိသော မြန်မာနိုင်ငံ၏ အခြေအနေများကြောင့် ဆောင်းပါးထုတ်ဝေမှုနှင့် ၎င်း၏ ဆက်စပ်လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရန် အခက်အခဲများ ရှိပါသဖြင့် ပါရမီပညာရေးဂျာနယ်ထုတ်ဝေမှုကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း အသိပေးကြေညာ
အပ်ပါသည်။
Due to the ongoing current situation in Myanmar, it has hindered the production processes of the second issue of Parami Journal of Education (PJE). Therefore, we would like to kindly inform you that the second issue of PJE is postponed until further notice.
30/01/2021
We are proud to release the research center’s next newsletter: Distance Education. This newsletter includes interviews about distance education at Yangon University of Distance Education and Mandalay University of Distance Education.
To download: http://bit.ly/3buQtM0
For newsletter series , please visit: https://parami.edu.mm/institutes/CEPR/resources
28/01/2021
One month left to submit for the Parami Journal of Education (2nd Issue)! Learn more about the Journal and submit here: https://pje.parami.edu.mm/
For journal submission guidelines, please visit at https://parami.edu.mm/institutes/CEPR/journal-of-education.
Deadline for article submission: February 28, 2021
18/01/2021
We are proud to release the Research Center’s next policy brief in English and Myanmar. This brief looks at internationalization of Myanmar public universities. For policy brief series, please visit the following website:
https://parami.edu.mm/institutes/CEPR/resources
ပညာရေးမူဝါဒသုတေသနစင်တာ၏ နောက်ထပ်မူဝါဒအကျဉ်းချုပ်တစ်ခုဖြစ်သည့် နိုင်ငံတကာမှုပြုခြင်းကို အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာဖြင့် ထုတ်ဝေလိုက်ပါသည်။ ဤမူဝါဒအကျဉ်းချုပ်သည် မြန်မာနိုင်ငံတက္ကသိုလ်များ၏ နိုင်ငံတကာမှုပြုခြင်းအကြောင်းဖြစ်ပါသည်။ မူဝါဒအကျဉ်းချုပ်များနှင့် ပတ်သက်သည်များကို အောက်ပါဝက်ဘ်ဆိုဒ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://parami.edu.mm/institutes/CEPR/resources
To download:
Internationlization of Myammar Public Universities (English)
http://bit.ly/2M2Lvgp
မြန်မာနိုင်ငံတက္ကသိုလ်များ၏ နိုင်ငံတကာမှုပြုခြင်း (မြန်မာ)
http://bit.ly/2LVC2aS
13/01/2021
ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အခါသမယတွင် ကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာပါစေကြောင်း ပညာရေးမူဝါဒ သုတေသနစင်တာမှ ဆုမွန်ကောင်းပို့သအပ်ပါသည်။
ရှေးယခင်က ကရင်ဒေသအလိုက်ပေါ်မူတည်၍ ကောက်သစ်ပေါ်သည့်အချိန်တွင် နှစ်သစ်ကူးအချိန် အခါသမယကို ကျင်းပကြပါသည်။ ထို့နောက် နှစ်သစ်ကူးတစ်ရက်တည်းကို တပြည်လုံးတွင် တစ်ညီ တစ်ညွတ်တည်း အစိုးရရုံးပိတ်ရက်အဖြစ်ကျင်းပနိုင်ရန် ကရင်ခေါင်းဆောင်များ ကြိုးပမ်းခဲ့ကြပါသည်။ အစပိုင်း၌ ကရင်အမျိုးသားနေ့အဖြစ်တောင်းဆိုခဲ့သော်လည်း ဒေါက်တာဘမော်အစိုးရလက်ထက်တွင် ကရင်နှစ်သစ်ကူးနေ့အဖြစ် ပြန်လည်သတ်မှတ်ခဲ့ပါသည်။ ကရင်နှစ်သစ်ကူး (ကောက်သစ်စား) ပွဲတော်ကို ကရင်ရိုးရာဝတ်စုံများဝတ်ဆင်ကာ သီချင်းသံများ၊ ကရင်ရိုးရာအိုးစည်အကများဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ပျော်ပျော်ရွှင်ရွှင်ကျင်းပကြပါသည်။
ပညာရေးမူဝါဒသုတေသနစင်တာ၊ ပါရမီတက္ကသိုလ်အနေဖြင့် ကရင်နှစ်သစ်ကူးနေ့၊ ဇန်နဝါရီလ (၁၃) ရက်၊ ဗုဒ္ဓဟူးနေ့တွင် ရုံးပိတ်မည်ဖြစ်ပါသည်။
We wish every Kayin people have a very happy and prosperous Kayin New Year!
In the past, Kayin New Year celebrated at the beginning of the next rice crop, depending on the Kayin regions. Then, the Kayin leaders tried to celebrate New Year as the Gazetted Holiday. Initially, the Kayin people demanded that the day be named Kayin National Day, but it was renamed as Karen New Year under the reign of Dr. Ba Maw's government. Kayin people celebrate New Year (the traditional ceremony of eating the first crop) by wearing traditional costumes and dancing traditional pot dance all around Myanmar.
The Center for Education Policy Research will be closed in observance of Kayin New Year Day.