Mi Thone

Mi Thone

Share

J&T Fashion design school

27/04/2025

ချည်ထည်လေးတွေကို အရောင်မကျဘဲ ကြာရှည်ခံအောင် ထိန်းသိမ်းကြရအောင်

ချည်ထည်လေးတွေကို ဝတ်ဆင်ရတဲ့အခါမှာ နူးညံ့ပေါ့ပါးမှုနဲ့အတူ သက်တောင့်သက်သာရှိပြီးချွေးစုပ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့ အင်မတန်သင့်တော်လှပါတယ်...။

အခုဆိုရင် လူကြီးပိုင်း၊ လူလတ်ပိုင်းတွေသာမက လူငယ်လေးတွေပါ ချည်ထည်တွေကို တန်ဖိုးထားဝတ်ဆင်လာကြတာကိုလည်း တွေ့ရမှာပါ...။

မိမိတို့တန်ဖိုးထားနှစ်သက်ရတဲ့ ချည်ထည်လေးတွေကို အရောင်မကျဘဲ ကြာရှည်ခံအောင် ဘယ်လိုထိန်းသိမ်းကြမလဲ ဆိုတာကို အောက်မှာ ဖတ်ကြည့်ကြရအောင်လားရှင်...။

ချည်ထည်တွေကို လျှော်ဖွပ်ရာမှာ တတ်နိုင်ရင် လက်နဲ့လျှော်ဖွပ်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပါတယ်။ အကယ်၍ စက်ဖြင့် မဖြစ်မနေ လျှော်ဖွပ်ရပါက Fabric Softener လို့ခေါ်တဲ့ အဝတ်ပျော့ဆေးတွေကိုတော့လုံးဝရှောင်ရပါမယ်ရှင့်...။

တချို့အမွှေးဆီတွေမှာလည်း Fabric softener ပါတတ်တာကြောင့် ချည်ထည်တွေလျှော်ဖွပ်ရာမှာမိမိတို့အသုံးပြုနေတဲ့ အမွှေးဆီကိုလည်း ဂရုစိုက်ပြီးထည့်ဖို့လိုပါတယ်...။

လျှော်တဲ့အခါ သုံးတဲ့ရေကလည်း မပူ မအေး အနေတော်နဲ့လျှော်တာ အကောင်းဆုံးဖြစ်ပါတယ်...။

ဆပ်ပြာမှုန့်အပြင်းစားတွေနဲ့ အကြာကြီးစိမ်ထားတာမျိုးကိုလည်း အထူးရှောင်ကြဉ်ပေးပါနော်...။

ချည်ထည်တွေ လှန်းတဲ့အခါမှာ လေသလပ်ပြီး အခြောက်ခံတာမျိုးဟာ အကောင်းဆုံးဖြစ်ပါတယ်...။

နေပူပူထဲမှာ ထုတ်လှန်းတာမျိုးကို လုံးဝမလုပ်ပါနဲ့ နော်...။

ဒီအချက်လေးတွေအတိုင်းလုပ်ကြည့်မယ်ဆိုရင် တော့ မိမိတို့မှာရှိတဲ့ ချည်ထည်လေးတွေကို အရောင်မကျဘဲ ကြာရှည်ဝတ်ဆင်နိုင်မှာ ဖြစ်ပါတယ်ရှင်...။ ။



#အင်းလေးချည်
#ကချင်အထည်

#ဂုဏ်ယူစွာရွေးချယ်ပါ

Photos from J&T's post 03/03/2025
08/02/2025

J&T မွန်ရိုးရာအထည်များ လက်လီ လက်ကား ဝယ်ယူနိုင်ပါတယ်

Photos from J&T's post 08/02/2025

Basic သင်တန်းသူလေး

30/10/2024

pattern လေးတင်ပေးလိုက်ပါပြီး

17/06/2024
Photos from Mi Thone's post 06/06/2024

ရင်ခံ online class မှာ တုံးကွဲ ရင်းခံ ၂နည်းဆွဲပြထားတယ်နော် လွယ်တဲ့နည်းနဲ့ ချုပ်လို့ရအောင်လို့ 😁😁😁
ရင်ခံ corset online class စအပ်လို့ရပြီးနော်

pattern ဆွဲပုံ
Cutting ဖြတ်ပုံ
ချုပ်လုပ်ပြီး အချောထည် ထွက်လာသည်အထိ သင်ကြားပါမည်

ဒဲ့ရင်ခံ
တုံးကွဲ ရင်ခံ
corset

စတင်သင်ကြားမည့်ရက် - 1.Jun 2024

သင်ကြားမည့်ပုံစံ - Facebook တွင်
Private group ဖြင့် video file များကို ပုံမှန်တင်ပေးသွားပါမယ်
Group ကို ရာသက်ပန်ထားသွားမှာ ဖြစ်တဲ့အတွက် ကိုယ်အားတဲ့အချိန်မှသာ ဝင်ရောက်ကြည့်ရှူ့လေ့လာ သင်ကြားနိူင်ပါသည်

အထူးနှုန်း discount ခံစားခွင့်ကို 30.6.2024 ရက်နေ့ထိ သင်တန်းကြေး -20000k နဲ့ လက်ခံ ပေး မည်နော်

30 - Jun ထိ discount ခံစားခွင့်များနောက်ဆုံးရက် သတ်မှတ်ထားပါတယ်

သင်တန်းအပ်မည့်သူများလုပ်ဆောင်ရမည့်အချက်များ

ငွေ လွှဲရမဲ့ နံပါတ်

KPay -09760466231
Zaw Lwin Tun

Wave pay -09760466231
Zaw Lwin Tun

CB pay -09425299599
Wa Thone Ei phyu

1ပေးထားတဲ့နံပါတ်ကို သင်တန်းကြေးသွင်းပါ
သင်တန်းကြေးသွင်းထားတဲ့ SS ကို
https://www.facebook.com/joun.thone?mibextid=LQQJ4d CB မှတဆင့်ပို့ပေးပါ

ငွေသွင်းပြီး သူများ Join ရန် https://www.facebook.com/joun.thone?mibextid=LQQJ4d

မကြာခင် online class ရင်ခံနဲ့ corset လေးဖွင့်ပေးမယ် နော်

Admin ရဲ့ ရင်ခံ corset လေးက နည်းသိရင် pattern ရော ချုပ်နည်းရော လွယ် လွယ် လေးပါရှင့်

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


��-အမှတ် ၁၀/ခ မြေညီထပ် ရာဇသင်္ကြန်(၁)လမ်း ၁၁ရပ်ကွက် တောင်ဥက္ကလာပ မြို့နယ်, 09425299599
Yangon
99599

Opening Hours

Monday 09:00 - 06:00
Tuesday 09:00 - 06:00
Wednesday 09:00 - 06:00
Thursday 09:00 - 06:00
Friday 09:00 - 06:00
Saturday 09:00 - 04:00