ဆရာဆရာမများစကားဝိုင်း

ဆရာဆရာမများစကားဝိုင်း

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ဆရာဆရာမများစကားဝိုင်း, Education, Yangon.

08/05/2026

Educational reality nowadays

08/05/2026

Ph.D အတွက် လက်ခံခဲ့တဲ့ ဆိုင်ရာတက္ကသိုလ် က ကမ္ဘာသိ သမိုင်းပါမောက္ခဆရာက လှမ်းမေးတယ်။
မင်း အဆင်ပြေရဲ့လား တဲ့။
ကျနော်တို့နိုင်ငံက ကိုယ့်ဘာသာကိုယ် ဘွဲ့ပြန်ပေးလို့ ရတဲ့နိုင်ငံ ဆိုတာ ဆရာ သိမှာပါ။
ကျနော် ရှက်လို့ ပါရဂူဘွဲ့ မယူတော့ပါဘူး လို့ ယဉ်ကျေးစွာ တုန့်ပြန်စကား ပြောမိခဲ့ပါတယ်။
တွေးမိရင် ‌မြန်မာပြည်ကဒေါက်တာဆိုရင် လူလိမ် လို့ အဓိပ္ပါယ် ထွက်နေသလားလို့ ခံစားမိခဲ့ရတယ်။ ဘွဲ့ပေးရသူ ပါမောက္ခကြီးများနဲ့ ခင်နေ‌တော့ သိသင့်သမျှ သိခဲ့မိတာပါ။
တကယ် ကြိုးစားရယူ ထူးချွန်ပြောင်မြောက်ခဲ့တဲ့ ပါရဂူ များကို မဆိုလိုပါဘူး။ အချောင်နေ အချောင်စား အချောင်ရ ၊ ငါ နေသာဖို့ ငါ့မိသားစု ကောင်းစားဖို့၊ အလကားမတ်တင်း ဒေါက်တာဘွဲ့နဲ့ စောက်ခွက်ပြောင်တဲ့ ဘယ်လို ဒေါက်တာ မဆို ချီးထက် ရွံတယ် ဆရာ လို့ ခပ်ကြမ်းကြမ်း ပြန်ပြောလိုက်ပါတယ်။
ကျနော် ဆေးတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ အိန္ဒိယ မှာ Double M.A, 1st M.A (AIHC&A or Indology) ,Shantiniketan, WB.
2nd M.A ( History) , Utkal University, Odisha, India.
ဘဝမှာ တက္ကသိုလ်ကြီး ငါးခု ရဲ့ ကျောင်းသားအဖြစ် နေခဲ့ရသူပါ။
Ph.D ပါရဂူဘွဲ့က အိန္ဒိယ-မြန်မာ ယဉ်ကျေးမှု ကူးလူးဆက်ဆံရေး သမိုင်း ပါ။
နှစ်၂၀ကျော် စုဆောင်းသိလာရတဲ့
ရှေးဦး ပျူ- မွန်- ရခိုင် - ဗမာ အထောက်အထားနဲ့ အိန္ဒိယရဲ့ အရှေ့ပင်လယ်ထွက်ပေါက် ဖြစ်တဲ့ ဘင်္ဂလားနယ်၊ ဩရိဿနယ်၊ တမီးလ်နာဒူး နယ် က အထောက်အထားများ စုစည်းထားပြီးချိန် ၊ ပါရဂူ အတွက်ပြင်နေချိန်။
ဒန် တန့် ဒန် ကြောင့် ဒန် တန့် ဒန် လိုက်ပါတယ်။
ဒါကြောင့် ကိုယ်အောင်ခဲ့တဲ့ သမထကို ဘာဝနာ ပြန်အားထုတ်ပါတယ်။
ရတဲ့အလင်း နဲ့ ကုသိုလ်တွေ ပြန်ပွားများပါတယ်။
ကျနော် ကူညီချင်တဲ့အထဲမှာ
တကယ် စစ်စစ်မှန်မှန် အားကိုးယုံကြည်ပြီး ဘုရားရှင်ရဲ့ သာသနာအပေါ် ဘဝ ကို ပုံအပ်ထားတဲ့ သီလရှင် (မိန်းမသားလေး‌တွေ၊ ကလေးလေးတွေ) ပါ။
ရေပြည့်အိုးကြီး ဖြည့်မယ့်အစား မပြည့်သေးတဲ့ ရေအိုးငယ်လေးတွေ ကို သတိရစေချင်လို့ပါ။
မြန်မာပြည်မှာ သေချာတဲ့ ရေအိုးငယ်တွေရှိပါတယ်။
ဖြည့်ဆည်းပေးကြပါလို့ တိုက်တွန်းပါတယ်။

အရာရာ သင်္ခါရ အနိစ္စ-ဒုက္ခ ၊ ဓမ္မမှန်သမျှ အနတ္တ ဆိုတာ ဓမ္မ မိတ်ဆွေများ သိဖို့ အရေးကြီးပါတယ်။
လူတစ်ယောက်ရဲ့ ကြီးမြတ်သော သိက္ခာ ၊ဘွဲ့ထူး ဂုဏ်ထူး ဆိုတာ တရားသဖြင့်ရအပ်သောအရာ၊ ကြီးမြတ်သောသူက ပေးအပ်သောအရာသာ ဖြစ်ပါတယ်။
လက်ခံခြင်း လက်မခံခြင်းက ကိုယ့်ရဲ့ အလှ။
ငြင်းပယ်ခြင်း ရဲ့ အလှပါ။
သမိုင်းဆရာဆိုပြီး တွေ့ကရာလက်ခံနေရင်
ဆရာကြီးဒေါက်တာသန်းထွန်း ပြောသလို
" အဲ့ကောင် လူလိမ်ကွ" တဲ့။
ဆရာကြီး ရဲ့ သမိုင်းဆရာ သတ္တိမျိုး ဆက်ခံပါတယ်။
သမိုင်းဆရာ ဆိုတာ
သိလည်း သိဖို့ လိုတယ်၊
လူ့အဖွဲ့အစည်းအပေါ် သစ္စာရှိဖို့လည်းလိုတယ်။
ဆရာကြီး ဒေါက်တာသန်းထွန်းပြောတာက
သမိုင်းကို မသိရင် အ,တယ် ။
မှန်ပါတယ်။
သမိုင်းကို သိသလိုလိုလုပ်ပြီး အုပ်စုဖွဲ့ လိမ်ညာယုတ်မာတာကျတော့ မအ,ပေမယ့် လူ့အဖွဲ့အစည်း က အတော်ခံစားရခက်တယ် ဆရာကြီး " လို့ သူသာ အသက်ရှိနေရင် ပြောမိမှာ သေချာတယ်။

သမိုင်းဆရာအမည်ခံပြီး ခင်ဗျားတို့က လူ့အဖွဲ့အစည်းအပေါ်၊ နိုင်ငံအုပ်ချုပ်သူတွေအပေါ်ဝိုင်းလိမ်နေတဲ့ ခေတ်သစ်ရာဇဝင်ဆရာတွေဆိုရင် လူလိမ်တွေပါပဲ။

ဗမာ့ဂုဏ်သိက္ခာ၊ မြန်မာ့ပြည်ထောင်စုသိက္ခာ နဲ့ သမိုင်းရဲ့ အမှန်တရားကို စိစစ်ဖော်ထုတ်ပြီး ငြိမ်းချမ်းတဲ့ ပြည်ထောင်စုကို ရည်ညွှန်းတဲ့ လူငယ်သွေးသစ် သမိုင်းဆရာစစ်စစ်တွေ ဒီလူ့အဖွဲ့အစည်းမှာ ပေါ်ပေါက်ပါစေလို့ ဆုတောင်းမိပါတယ်။ ။

ဒီစကားတွေကိုပြောနေတဲ့ကျနော်က 1985 တက္ကသိုလ်ဝင်တန်း မှာ သမိုင်းဂုဏ်ထူးကို
မကြားစဖူး ၉၆ မှတ် နဲ့ မြန်မာတစ်နိုင်ငံလုံး ပထမ ရခဲ့သူ ဖြစ်သလို ဆေးတက္ကသိုလ်က ထွက်ပြီး သမိုင်းဘာသာရပ်ဆိုင်ရာ မဟာဘွဲ့များကို ပြည်ပထွက်ယူခဲ့သူ ဖြစ်ပါတယ်။
(မြန်မာ့ပြည်ထောင်စု အဓွန့်ရှည်ပါစေ)

မင်းဟန်(မန်းတက္ကသိုလ်)
B.A (Hons;), Double M.A (India)

Photos from ဆရာဆရာမမ်ားစကားဝိုင္း's post 14/02/2026

ဒေါက်တာအောင်မြင့်ဦး
ဖတ်မှတ်လေ့လာ မြန်မာစာ (၂၇)
*******************************
အောင်ဆန်းဇာနည်ကဗျာ ဘယ်သူရေးတာလဲ

မြန်မာစာပေနယ်ပယ်မှာ မူကွဲတွေကြောင့် ဖြစ်ပေါ် လာတဲ့ ဝိဝါဒကွဲပြားမှုတွေ၊ အယူစွဲ အမှတ်စွဲ အမှားစွဲတွေကြောင့် ဖြစ်ပေါ်လာတဲ့ အငြင်းပွားမှုတွေကို မကြာခဏ ကြုံတွေ့​ရလေ့ရှိပါတယ်။ ရှေးဂန္ထဝင်စာပေတွေမှာ မူကွဲအမျိုးမျိုးရှိတတ်တာကြောင့် ကိုယ်သိထားတဲ့မူ၊ ကိုယ်လက်ခံထားတဲ့မူကိုပဲစွဲကိုင်ပြီး အခြားမူတစ်ခုခုနဲ့ဖော်ပြတာမျိုးတွေ့ရင် မစူးစမ်း မဆင်ခြင်တော့ဘဲ ငါသာသိ ငါသာတတ် ပုံစံမျိုးနဲ့ နင်ပဲငဆ ပြောလာတတ်တာမျိုးတွေကိုလဲ တွေ့ရတတ်ပါတယ်။ တစ်ခါတစ်ရံမှာ အမည်မပါရှိတဲ့စာတွေရဲ့ ရေးသူနဲ့ပတ်သက်ပြီး ကိုယ်သန်ရာစွဲကိုင်၊ ကိုယ်ထင်ရာဆွဲတွေးပြီး အငြင်းပွားမှုတွေ၊ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ကြံ ဖန်တီးမှုမျိုးကိုလဲတွေ့ရတတ်ပါတယ်။ အခြေအနေအရ အခြေခံမြန်မာစာသင်ရိုးနဲ့ ပတ်သက်ပြီး တာဝန်ယူခဲ့ရတဲ့ အခိုက်အတန့်မှာ ဒီလိုပြဿနာပေါင်းများစွာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ကိုယ်နဲ့ ဆိုင်သည်ဖြစ်စေ မဆိုင်သည်ဖြစ်စေ တာဝန်အရဖြေရှင်းခဲ့ရတဲ့ ပြဿနာတွေလဲ မနည်းလှပါဘူး။ ကိုယ့်ထမင်းကိုယ်စားပြီး သူများအဆဲအဆိုခံရတာလဲ အကြိမ်ကြိမ်ပါပဲ။ ခြိမ်းခြောက်စာ လိုမျိုးတွေတောင် ရောက်လာခဲ့ဖူးပါတယ်။ ဒီကာလအတွင်းမှာ ဖြေရှင်းခဲ့ရတဲ့ပြဿနာတွေထဲက တော်တော် ခက်ခက်ခဲခဲ ဖြေရှင်းခဲ့ရတဲ့ ပြဿနာတစ်ခုကတော့ "အောင်ဆန်းဇာနည်ကဗျာ ဘယ်သူရေးတာလဲ" ဆိုတဲ့ ပြဿနာပါပဲ။
"အောင်ဆန်းဇာနည်" ကဗျာဟာ ယခုသင်ရိုးသစ် မစတင်မီ ယခင်တတိယတန်း မြန်မာဖတ်စာမှာ ပါရှိတဲ့ ကဗျာတစ်ပုဒ် ဖြစ်ပါတယ်။ ဒီကဗျာကလေးဟာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို လိုရင်းတိုရှင်း ရေးဖွဲ့ထားတဲ့အတွက် အများနှစ်သက်တဲ့ ကဗျာကလေးတစ်ပုဒ် ဖြစ်ပါတယ်။ ရွတ်ဆိုရလွယ်ကူပြီး အမျိုးသားခေါင်းဆောင်ကြီးနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို စွဲမြဲ မှတ်မိစေတဲ့အတွက် ကလေးတွေလဲ နှစ်သက်ခဲ့ကြပါတယ်။ ဖတ်စာအုပ်မှာ ကဗျာရေးသူရဲ့ အမည်ကို ဖော်ပြထားခြင်းမရှိတဲ့အတွက် ကဗျာရေးသူနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေဖြစ်ပေါ်လာခဲ့ပြီး အဲဒီကမှတစ်ဆင့် ကဗျာစာသားအပေါ်မှာလဲ အငြင်းပွားမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ကဗျာရေးသူဟာ ဆရာတင်မိုးဖြစ်တယ်လို့ အများကထင်မြင်ယူဆ ခဲ့ကြပြီး ကဗျာစာသားအချို့ကို ဆရာတင်မိုးရဲ့ သဘောတူညီမှုမရှိဘဲ အတင်းအကြပ် ပြင်ဆင်ခံခဲ့ရတယ် လို့ ရေးသားဖော်ပြတာမျိုးတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့် ဒီကဗျာနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့ တာဝန်တစ်ရပ် ကျရောက်လာခဲ့ပါတယ်။
ယခင် တတိယတန်းမြန်မာဖတ်စာမှာပါတဲ့ အောင်ဆန်းဇာနည် ကဗျာစာသားကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

အောင်ဆန်းဇာနည်

ဖေဖော်ဝါရီ ဆယ့်သုံးမှာ၊
ဗိုလ်ချုပ်မွေးနေ့ပါ။
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး၊
ရှေ့နေဦးဖာ သား။
ဇာတိနတ်မောက် မကွေးခရိုင်၊
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဖွား၊
မိခင်ဒေါ်စု သား။
တစ်ထောင့်ကိုးရာလေးဆယ့်ခွန်၊
ပြောင်းကြွတမလွန်။
မျက်ရည်သွန်လို့ ဘဝင်ညှိုး၊
ဇူလိုင်တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်၊
ဗိုလ်ချုပ်တို့ဖခင်။
ကောင်းစေချင်တဲ့ မှာစကား
ငါတို့မမေ့အား။
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်၊
ပြည်ချစ်တို့ခေါင်းဆောင်။
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ် ချမှတ်သွား။
(တတိယတန်းမြန်မာဖတ်စာ၊ ၂၀၁၅၊ စာ ၁၄၀)

ဒီကဗျာကို အခြေခံပညာ တတိယတန်း မြန်မာဖတ်စာမှာ ၁၉၇၄ ခုနှစ်ကစပြီး ထည့်သွင်းပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။ အဲဒီကတည်းက ကဗျာရေးသူ အမည်ကို ထည့်သွင်းဖော်ပြခဲ့ခြင်း မရှိပါဘူး။ ဒီလို ကျောင်းသုံးစာအုပ်တွေမှာ စာရေးသူအမည်မဖော်ပြ ခဲ့တာကလဲ သူ့ခေတ်သူ့အခါအလျောက် ချမှတ်ထားတဲ့ မူဝါဒတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလို စာရေးသူ မပါခဲ့တဲ့အတွက် နောင်အခါမှာ ကဗျာဆရာကြီး ဦးတင်မိုးရေးသားခဲ့တယ်လို့ မှတ်ယူလာခဲ့ကြပါတယ်။
မူဝါဒတွေ ပြောင်းလဲလာတာနဲ့အမျှ ပြဋ္ဌာန်းစာတွေမှာ စာဆိုအမည်ဖော်ပြနိုင်ဖို့အတွက် စာဆိုတွေကို ပြန်လည်ဖော်ထုတ်ဖို့ လိုအပ်လာပါတယ်။ "အောင်ဆန်းဇာနည်" ကဗျာနဲ့ပတ်သက်ပြီး ကျွန်တော် ကိုယ်တိုင်လည်း ကျွန်တော်ချစ်ခင်လေးစားရတဲ့ ဆရာတင်မိုး ရေးခဲ့တယ်လို့ပဲ ထင်မှတ်ထား ခဲ့ပါတယ်။ ဒီထင်မှတ်ချက်ကို ခိုင်မာအောင် ဆရာတင်မိုးရေးခဲ့တဲ့ ကဗျာတွေကို ရှာဖွေလေ့လာတဲ့ အခါမှာ ၁၉၆၅ ခုနှစ်က ပထမအကြိမ်အဖြစ် ထုတ်ဝေခဲ့တဲ့ "အမေ့ကျောင်း" ကဗျာစာအုပ် အပါအဝင် မျက်မှောက်ကာလအထိထွက်ရှိခဲ့တဲ့ ဆရာတင်မိုးရဲ့ကဗျာပေါင်းချုပ် စာအုပ်တွေမှာ "အောင်ဆန်းဇာနည်" ကဗျာကို မတွေ့ခဲ့ရပါဘူး။ ဒါနဲ့ မကျေနပ် သေးလို့ ၁၉၉၉ ခုနှစ်က ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ပညာ ဒီပလိုမာဘွဲ့အတွက် သင်တန်းသူ မဌေးဌေး တင်သွင်းတဲ့ "တင်မိုးစာစုစာရင်း" သုတေသနကျမ်းကိုလေ့လာကြည့်တဲ့အခါမှာလဲ "အောင်ဆန်းဇာနည်" ကဗျာကို မတွေ့ရှိခဲ့ရပါဘူး။ ကဗျာရေးသူနဲ့ပတ်သက်ပြီး သို့လော သို့လော အဖြေရှာမရ ဖြစ်နေခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မှာတော့ စာနဒီစာအုပ်တိုက်က သတ္တမအကြိမ်အဖြစ် ထုတ်ဝေလိုက်တဲ့ "အမေ့ကျောင်း" ကဗျာစာအုပ် အတွင်းဘက်မှာ ယခင်ပါရှိတဲ့ ကဗျာ ၅၇ ပုဒ်ကို ဖော်ပြထားပါတယ်။ အကြိမ်ကြိမ် ထုတ်ဝေခဲ့တဲ့ "အမေ့ကျောင်း" ကဗျာစာအုပ် ကဗျာ ၅၇ ပုဒ်မှာ "အောင်ဆန်းဇာနည်" ကဗျာ မပါရှိပါဘူး။ ဒါပေမဲ့ သတ္တမအကြိမ်ထုတ် အမေ့ကျောင်း ကဗျာစာအုပ် ကျောဖုံးမှာ အောင်ဆန်းဇာနည်ကဗျာ ကို သရုပ်ဖော်ပုံနဲ့တကွ စာရေးသူအမည်မပါဘဲဖော်ပြ ခဲ့ပါတယ်။ ဒီလိုဖော်ပြလိုက်တဲ့အတွက် ထင်ယောင်ထင်မှားဖြစ်စေပြီး အများထင်မှတ်ထားခဲ့တဲ့ ဆရာတင်မိုးရေးတယ်ဆိုတဲ့ ယုံကြည်ချက်ကို ပိုမို ခိုင်မာစေခဲ့ပါတယ်။
"အောင်ဆန်းဇာနည်" ကဗျာရေးသူနဲ့ပတ်သက်တဲ့ ပြဿနာဟာ တစ်စတစ်စ ကြီးထွားလာခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလထုတ် စာရေး ဆရာ မဂ္ဂဇင်း အတွဲ(၂) မှာ အယ်ဒီတာအဖွဲ့က "အောင်ဆန်းဇာနည်" ကဗျာကို ဆရာတင်မိုး နာမည်နဲ့တကွ "ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ" အစား "တိုင်းပြည်ကောင်းအောင် လမ်းစဉ်များ" လို့ စာသားကို ပြင်ဆင်ပြီး နောက်ကျောဖုံးမှာ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် အယ်ဒီတာအဖွဲ့ဝင်တစ်ဦးက အဲဒီမဂ္ဂဇင်းအတွင်းစာမျက်နှာ ၆ မှာ "နောက်ကျောဖုံးကဗျာ ရာဇဝင်ရှင်းတမ်း၊ ဆိတ်ခေါင်းချိတ်၍ ခွေးသားရောင်းသူကြီးရဲ့ အတွေးအခေါ်လုပ်ကြံမှု ရှင်းတမ်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်စောင်ကို ရေးသားဖော်ပြခဲ့ပါတယ်။ အဲဒီဆောင်းပါးမှာ "အောင်ဆန်းဇာနည်" ကဗျာကို ဆရာတင်မိုး ရေးခဲ့ကြောင်း၊ ဦးနေဝင်းရဲ့ စေခိုင်းချက်အရ နောက်လူတွေက ကဗျာစာသားကို ပြင်ဆင်ခဲ့ကြောင်း၊ "တိုင်းပြည်ကောင်းအောင် လမ်းစဉ်များ၊ ဗိုလ်ချုပ်ချမှတ်သွား" လို့ ဆရာတင်မိုးရေးသားထားတာကို ဦးနေဝင်းက "ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ၊ ဗိုလ်ချုပ်ချမှတ်သွား" လို့ ပြင်ဆင်ပြဋ္ဌာန်းစေခဲ့တာ ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။
ဒီအတောအတွင်း ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထအကြိမ်ပုံမှန်အစည်းအဝေးမှာ မန္တလေးတိုင်းဒေသကြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဒီကဗျာနဲ့ပတ်သက်ပြီး ပြင်းထန်ကြီးလေးတဲ့ စွပ်စွဲချက်တွေနဲ့ ပညာရေးဝန်ကြီးဌာနကို ကြယ်ပွင့်ပြ မေးခွန်းမေးမြန်းခဲ့ပါတယ်။ ပညာရေးဝန်ကြီးဌာနက ဒီမေးခွန်းကို ဖြေကြားဖို့အတွက် ဖြေရှင်းစာရေးဖို့ တာဝန်ပေးလာတဲ့အခါမှာ ဒီကဗျာဟာ ကဗျာဆရာကြီး ဦးတင်မိုးရေးတဲ့ ကဗျာဖြစ်တယ်လို့ ခိုင်မာတဲ့အထောက်အထား မတွေ့ရှိရသေးကြောင်း၊ စာသားပြင်ဆင်ဖော်ပြတယ်ဆိုတာနဲ့ပတ်သက်တဲ့ အထောက်အထား တစ်စုံတစ်ရာကိုလဲ မတွေ့ရှိရသေးကြောင်း၊ ခိုင်မာတဲ့အထောက်အထားတွေ့ရှိတဲ့အခါ တရားဝင်ဖော်ပြသွားမှာဖြစ်ကြောင်းကို ရှင်းလင်းပြန်ကြားစာ ရေးပေးခဲ့ပါတယ်။ ရှင်းလင်းချက်တွေကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြည်သူ့လွှတ်တော်မှာ ရှင်းလင်းဖြေကြားခဲ့ပါတယ်။ ဒီဖြေရှင်းချက်အပေါ် ဘဝင်မကျ ကြတဲ့အတွက် ဝေဖန်မှုများလဲ ထွက်ပေါ်ခဲ့ပါတယ်။
လိပ်ခဲတည်းလည်းနဲ့ အဖြေမထွက်သေးတဲ့ပုစ္ဆာအတွက် ဆက်ပြီး အဖြေရှာခဲ့ရပါတယ်။ ဆရာတင်မိုးနဲ့ နီးစပ်တဲ့ မိတ်ဆွေတွေကိုမေးမြန်းတဲ့အခါမှာလဲ ဆရာတင်မိုး ရေးတယ်လို့ပဲ အခိုင်အမာ ယူဆထားကြတာကို တွေ့ရပါတယ်။ ဆရာတင်မိုးနဲ့ ငယ်စဉ်ကတည်းက ထိတွေ့ကျွမ်းဝင်ခဲ့တဲ့ ကျွန်တော့်အနေနဲ့ ဆရာနဲ့ တွေဆုံစဉ်ကအကြောင်းတွေကို ပြန်စဉ်းစားကြည့်တဲ့ အခါမှာတော့ ဆရာတင်မိုး ဒီကဗျာကို သူရေးခဲ့ကြောင်းပြောတာမျိုး၊ ဒီကဗျာစာသားပြင်ဆင်လို့ မကျေမနပ်ဖြစ်ပြီးပြောတာမျိုး တစ်ခါမှ မကြားခဲ့၊ မကြုံတွေ့ခဲ့ ရဖူးပါဘူး။ ဆရာတင်မိုးရေးတာပါလို့ သူပြော ငါပြော ပြောကြပေမဲ့ တကယ်တမ်းမှာ ဆရာတင်မိုးရေးခဲ့တယ်ဆိုတဲ့အထောက်အထားကို ဘယ်မှာမှ ရှာမရခဲ့ပါဘူး။
အဖြေရှာမရတဲ့ပုစ္ဆာအတွက် ခေါင်းခဲနေတုန်း တစ်နေ့မှာ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီးဒေါက်တာလွင်လွင်စိုးရဲ့ ဆက်သွယ် မိတ်ဆက်ပေးမှုနဲ့ ဧည်သည်တစ်စု ကျွန်တော့်ဆီ ရောက်လာပါတယ်။ သူတို့ဟာ ၁၉၆၂ ခုနှစ်က ၁၉၆၅ ခုနှစ်အထိ မြန်မာနိုင်ငံ ပညာရေးဌာနမှာ အတွင်းဝန်လုပ်ခဲ့တဲ့ ဗိုလ်မှူးကြီးရဲထွန်း(ငြိမ်း) ရဲ့ သားသမီးများဖြစ်ကြောင်း၊ ဦးရဲအောင်မိုး (အင်ဂျင်နီယာချုပ်)၊ ဒေါ်နန်းမူစိုး (သွားဘက်ဆိုင်ရာဆေးပညာရှင်)၊ ဒုတိယဗိုလ်မှူးကြီး(ြငိမ်း) ရဲအောင်တိုး၊ ဒေါက်တာသက်ဖြိုးကြည် (အထူးကုဆရာဝန်ကြီး)၊ ဦးအောင်ရဲနိုင် (သင်္ဘောကပ္ပတိန်) တို့ ဖြစ်ကြကြောင်း မိတ်ဆက်ကြပါတယ်။ ကျွန်တော့်အနေနဲ့ သူတို့ကို မသိပေမဲ့ ပညာရေးဌာနက အတွင်းဝန် ဗိုလ်မှူးကြီးရဲထွန်းရဲ့ အမည်ကိုတော့ ပညာရေးလောက သားတွေဖြစ်တဲ့ အဖိုးတို့အဖေတို့က တစ်ဆင့် သိရှိ နေခဲ့ပါတယ်။
သူတို့က ရုပ်မြင်သံကြားမှာ "​ေအာင်ဆန်းဇာနည်" ကဗျာနဲ့ ပတ်သက်ပြီး လွှတ်တော် ရဲ့ မေးမြန်ဖြေဆိုချက်တွေကို မြင်တွေ့ကြားသိလိုက်ရလို့ လာခဲ့တာဖြစ်ကြောင်း၊ "အောင်ဆန်းဇာနည်" ကဗျာဟာသူတို့ရဲ့ ဖခင်ကြီး ဗိုလ်မှူးကြီး ရဲထွန်း ရေးခဲ့တဲ့ကဗျာဖြစ်ကြောင်း၊ သားကြီးဖြစ်တဲ့ ဦးရဲအောင်မိုး ငယ်စဉ်က ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စာကျက်နေတာကို ကြားတဲ့အခါ သားအတွက် စာကျက်ရလွယ်အောင် ဒီကဗျာကို စပ်ဆိုပေးခဲ့တာ ဖြစ်ကြောင်း၊ ဆရာ ဆရာမများကိုလဲ ဖြန့်ဝေပေးခဲ့ကြောင်း၊ ဒီကဗျာကို သားကြီး ရဲအောင်မိုး နာမည်နဲ့ ဂျာနယ် စာစောင်တစ်ခုမှာ ထည့်သွင်းဖော်ပြခဲ့ကြောင်း ပြောပြကြပါတယ်။ ဒါပေမဲ့ ဘယ်စာစောင်မှာ ဖော်ပြခဲ့တယ်ဆိုတာတော့ မမှတ်မိတော့ဘူးလို့ ပြောကြပါတယ်။
သူတို့ရဲ့ပြောကြားချက်တွေအရ ကဗျာရေးသူကို သိလိုက်ရပေမဲ့ ဘယ်စာစောင်မှာ ပါရှိတယ်ဆိုတာ မတွေ့ရသေးတဲ့အတွက် ကျွန်တော့်အဖို့ ထီပေါက်ပြီး လက်မှတ်ပျောက်သူလို ဖြစ်နေခဲ့ပါတယ်။ သူတို့ပြောတဲ့အချိန်ကာလဟာ ၁၉၆၄-၆၅ ဝန်းကျင်ဖြစ်လို့ အဲ့ဒီကာလမှာထွက်ရှိတဲ့ စာအုပ်၊ စာစောင် တွေကို လက်လှမ်းမီသလောက် ရှာဖွေပေမဲ့ မတွေ့ရှိခဲ့ပါဘူး။ တစ်နေ့မှာတော့ မမျှော်လင့်ဘဲဗိုလ်မှူးကြီး ရဲထွန်းရဲ့သားသမီးတွေက ကျွန်တော့်ဆီဖုန်းဆက် လာပါတယ်။ သူတို့ရဲ့ဆွေမျိုးတစ်ယောက်ဆီက ဒီကဗျာကို "ရှေ့ဆောင်လူငယ်ဂျာနယ်" မှာ ရေးခဲ့​တာဖြစ်နိုင်ကြောင်း သဲလွန်စရလို့ တက္ကသိုလ်များဗဟိုစာကြည့်တိုက်ကို အကူအညီတောင်းပြီး ရှာဖွေတဲ့အခါ "အောင်ဆန်းဇာနည်" ကဗျာ ပထမဆုံးပုံနှိပ်မူကို ၁၉၆၄ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ထုတ် ရှေ့ဆောင်လူငယ် ဂျာနယ် စာမျက်နှာ ၁၈ မှာတွေ့ပြီဖြစ်ကြောင်း ဝမ်းသာအားရ အကြောင်းကြားလာပါတယ်။ အဲဒီနောက်မှာ ကျွန်တော်ဆီရောက်လာပြီး စာကြည့်တိုက်က ခဏ ငှားလာတဲ့စာအုပ်ပြကြပါတယ်။ ကျွန်တော်လဲ စကင်ဖတ် ကူးယူထားလိုက်ပြီး ကျေးဇူးတင်စကား ပြောကြားလိုက်ပါတယ်။
ပထမဆုံးပုံနှိပ်မူပါ အောင်ဆန်းဇာနည်ကဗျာ စာသားကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်"

အောင်ဆန်းဇာနည်

၁။ ဖေဖော်ဝါရီ ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ၊
တထောင်ကိုးရာ တဆယ့်ငါး
ရှေ့နေဦးဖာသား။
၂။ ဇာတိနတ်မောက် တောင်တွင်းခရိုင်
သိကြများယခုတိုင်၊
ဖြောင့်မှန်ကန်တဲ့ ဇာနည်ဘွား
မိခင်ဒေါ်စုသား။
၃။ တထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းဘဝ တမလွန်၊
မျက်ရည်ဖြိုင်လို့ ဘဝင်ညှိုး
ဇူလိုင်တဆယ့်ကိုး။
၄။ ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ်ဒို့ဖခင်၊
ကောင်းစေချင်တဲ့ သူ့မှာစကား
တို့များမမေ့အား။
၅။ ပြည်ထောင်လွတ်ရေး ကျိုးပမ်းအောင်
ပြည်ချစ်ဒို့ခေါင်းဆောင်၊
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား။

(ရဲအောင်မိုး၊ ၁၉၆၄၊ စာ ၁၈)

"အောင်ဆန်းဇာနည်" ကဗျာကို ပထမဆုံးပုံနှိပ် မူအနေနဲ့ "ရှေ့ဆောင်လူငယ်ဂျာနယ်" မှာ ရဲအောင် မိုး အမည်နဲ့ဖော်ပြထားတာ တွေ့ရှိရတဲ့အတွက် ဒီကဗျာဟာ ဆရာတင်မိုးရေးတဲ့ကဗျာမဟုတ်ဘဲ ကာယကံရှင် မိသားစုရဲ့ ပြောပြချက်အတိုင်း
ဗိုလ်မှူးကြီး ရဲထွန်းက သားကြီး ရဲအောင်မိုးအမည် နဲ့ ရေးသားခဲ့တယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိကြောင်း တွေ့ရှိရပါတယ်။
"ရှေ့ဆောင်လူငယ်ဂျာနယ်" မှာ ပါတဲ့ "အောင် ဆန်းဇာနည်" ကဗျာပထမဆုံးပုံနှိပ်မူကို လေ့လာကြည့်တဲ့အခါမှာလဲ အချို့အပိုဒ်တွေမှာ ကာရန်လွတ် နေတာကို တွေ့ရပါတယ်။ အပိုဒ် ၂ က "သိကြများခုတိုင်၊ ဖြောင့်မှန်ကန်တဲ့ ဇာနည်ဘွား" ဆိုတဲ့စာသား၊ အပိုဒ် ၃ က "ပြောင်းဘဝ တမလွန်၊ မျက်ရည် ဖြိုင်လို့ ဘဝင်ညှိုး" ဆိုတဲ့ စာသားတွေမှာ ကာရန်လွတ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဆရာတင်မိုးဟာ ကာရန်၊ အသံ ကို အလွန်နိုင်နင်းတဲ့သူ ဖြစ်တဲ့အတွက် ဆရာတင်မိုးရေးတဲ့ ကဗျာဆိုရင် ကာရန်လွတ်နေစရာ အကြောင်းမရှိပါဘူး။
ဒါ့အပြင် ကာယကံရှင် ဗိုလ်မှူးကြီးရဲထွန်း(ြငိမ်း) ရဲ့သားသမီးတွေက သူတို့ဖခင်ကြီးနေမကောင်း ဖြစ်လို့ ဝိတိုရိယဆေးရုံမှာ ဆေးကုသမှု ခံယူနေစဉ် "အောင်ဆန်းဇာနည်" ကဗျာနဲ့ပတ်သက်ပြီး ဖခင်ကြီးကို မေးကြည့်ကြတဲ့အခါ ဖခင်ကြီးက ဒီကဗျာအကြောင်းကို ပညာမင်းကြီး (အခြေခံပညာဦးစီးဌာန အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်) ဆရာကြီးဦးသန်းဦး သိရှိကြောင်း၊ ကျောင်းသုံးပြဋ္ဌာန်းတဲ့အတွက် ငွေကျပ် ၅၀၀ ရကြောင်း၊ ဆေးပြင်းလိပ်ဝယ် ကြောင်း စာနဲ့ ရေးပေးခဲ့တာကိုပြောပြီး သူတို့ဖခင်ကြီးရဲ့စာကို ပြပါတယ်။ ဒါကြောင့် ကျွန်တော့် အနေနဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ ဆရာကြီးဦးသန်းဦးနဲ့ သွားရောက်တွေ့ဆုံပြီး "အောင်ဆန်းဇာနည်" ကဗျာနဲ့ ပတ်သက်တာတွေကို မေးမြန်းခဲ့ပါတယ်။ ဆရာကြီးဦးသန်းဦးက "အောင်ဆန်းဇာနည်" ကဗျာကို ဗိုလ်မှူးကြီးရဲထွန်း ရေးခဲ့တာ ဟုတ်မှန်ကြောင်း၊ ရှေ့ဆောင်လူငယ် ဂျာနယ်မှာ ပါရှိခဲ့ကြောင်း၊ ဗိုလ်မှူးကြီးရဲထွန်း(ငြိမ်း) ဟာ တပ်မတော်ရဲ့ဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို အလွန်ကြည်ညိုလေးစားသူ ဖြစ်ကြောင်း၊ ဗိုလ်မှူးကြီးရဲထွန်း ၁၉၆၇ က ၁၉၆၉ အထိ အင်္ဂလန်နိုင်ငံမှာ စစ်သံမှူးကြီးအဖြစ်နဲ့ လုပ်ကိုင်စဉ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ကြည့်ရှုစောင့်ရှောက်ခဲ့တဲ့အတွက် ဦးနေဝင်းရဲ့ ငြိုငြင်မှုကို ခံခဲ့ရဖူးကြောင်း၊ ဗိုလ်မှူးကြီးရဲထွန်း သက်ရှိထင်ရှား ရှိစဉ်က ပြောပြခဲ့တာတွေကို ဆရာကြီးဦးသန်းဦးက ပြန်ပြောြပခဲ့ပါတယ်။
ဒါ့ကြောင့် "အောင်ဆန်းဇာနည်" ကဗျာကို ပညာရေးဌာန အမြဲတမ်းအတွင်းဝန်အဖြစ် ဆောင်ရွက်ခဲ့တဲ့ ဗိုလ်မှူးကြီးရဲထွန်း ရေးသားခဲ့တယ်ဆိုတာ ထင်ရှား ပေါ်လွင်နေပါတယ်။ ဒီကဗျာကို ကာရန်ညီညွတ်မှုရှိစေဖို့နဲ့ ခေတ်အခြေအနေပေါ်မူတည်ပြီး သင်ရိုးကော်မတီက အနည်းငယ်ပြင်ဆင်ကာ ကျောင်းသုံး မြန်မာဖတ်စာမှာ ထည့်သွင်းဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ပြင်ဆင်ရာမှာ ကာရန်လွတ်နေတဲ့ စာသားအချို့နဲ့ ယခင်က နတ်မောက်မြို့ကို တောင်တွင်းကြီးခရိုင်မှာ သတ်မှတ်ခဲ့ရာက မကွေးခရိုင်မှာ ပြောင်းလဲ သတ်မှတ်လိုက်တဲ့အတွက် "ဇာတိနတ်မောက် တောင်တွင်းခရိုင်" အစား "ဇာတိနတ်မောက် မကွေးခရိုင်" လို့ ပြင်ဆင်ထားတာကိုသာ တွေ့ရပါတယ်။ အများစွပ်စွဲ အပြစ်တင်နေကြတဲ့ "ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ၊ ဗိုလ်ချုပ်ချမှတ် သွား" ဆိုတဲ့စာသားမှာ "ဆိုရှယ်လစ်" ဆိုတဲ့စကားဟာ မူလကမပါရှိဘဲ အတင်းအကြပ် ပြင်ဆင်စေခဲ့တယ် ဆိုတဲ့ စွဲချက်ကတော့ မှားယွင်းတဲ့ ထင်မြင်ချက်သာ ဖြစ်တယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။
"အောင်ဆန်းဇာနည်" ကဗျာမှာ "ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ၊ ဗိုလ်ချုပ်ချမှတ်သွား" ဆိုတဲ့ စာသားဟာ စတင်ဖွဲ့ဆိုစဉ်ကတည်းက ပါရှိခဲ့တာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဆိုရှယ်လစ် ယှဉ်တွဲဖော်ပြထားတာကို အချို့သူတွေက ခါးခါးသီးသီးဖြစ်နေကြတဲ့အပေါ်မှာ ပြန်လည်သုံးသပ်ကြည့်မိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းအနေနဲ့ ဆိုရှယ်လစ်စနစ်အပေါ်မှာ ထားရှိခဲ့တဲ့ အမြင်သဘောထားကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတွေကတစ်ဆင့် လေ့လာကြည့်တဲ့အခါမှာ ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့က ရွှေတိဂုံစေတီတော် အလယ် ပစ္စယံမှာကျင်းပတဲ့ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီးရဲ့ ပြည်လုံးကျွတ်ညီလာခံမှာ ပြောကြားတဲ့မိန့်ခွန်းမှာ -
"ဤအရင်းရှင်ဝါဒ ကမ္ဘာပေါ်၌ ပြန့်နှံ့နေသရွေ့ကာလပတ်လုံး တစ်နည်းအားဖြင့်ဆိုသော် ဤ အရင်းရှင်ဝါဒ ပပျောက်ပြီးလျှင် ဗြဟ္မစိုရ်တရားကို အခြေပြုသော 'ဆိုရှယ်လစ်ဇင်း' ခေါ် လူအများ ကောင်းစားရေးဝါဒ၊ လူထုကောင်းစားရေးဝါဒ မပြန့်ပွား မစည်ကားသရွေ့ ကာလပတ်လုံး ကျွနု်ပ်တို့ ကမ္ဘာမြေတွင် အထွေထွေသော ကပ်ကြီးများ ဆိုက် ရောက်လျက်ပင် ရှိပေဦးမည်"
(ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းပေါင်းချုပ်၊ ၂၀၁၃၊ စာ ၁၆၁)
လို့ ပြောကြားခဲ့တာ တွေ့ရပါတယ်။
၁၉၄၇ ခုနှစ် မေလ ၁၉ ရက် ရန်ကုန်မြို့ ဂျူဗလီဟောမှာ ကျင်းပခဲ့တဲ့ ဖဆပလ ပဏာမပြင်ဆင်မှု ညီလာခံမိန့်ခွန်းမှာလဲ-
"ဗမာပြည်လွတ်လပ်ရေးရတဲ့အခါမှာ တိုင်းသူပြည်သားတွေသာလျှင် အဓိကလိုလားပြီး တိုင်းပြည် တည်ထောင်ချင်တယ်ဆိုရင် ဒီမိုကရေစီ စနစ် အရမှ ဖြစ်နိုင်မယ်။ ဒီမိုကရေစီက အရင်းခံပဲ။ ဆိုရှယ်လစ်ဝါဒ ကွန်မြူနစ် ဆိုတာတွေဟာ စင်စစ်တော့ ဒီ ကနေ ဖြာထွက်သွားတာပဲ"
(ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းပေါင်းချုပ်၊ ၂၀၁၃၊ စာ ၄၄၅)
"အခုကျွန်တော်တို့ ပြောနေတဲ့ အချက်အလက်တွေဟာ ဆိုရှယ်လစ်ဝါဒအရလားလို့ မေးချင် မေးကြလိမ့်မယ်။ မဟုတ်သေးဘူး။ ကျွန်တော်တို့ ဗမာပြည်မှာ ဆိုရှယ်လစ်စနစ်ကို ကျွန်တော်တို့ ဘယ်လောက်ပဲ ထူထောင်ချင်ပေမဲ့ အခု ဗမာပြည် မှာ ဖြစ်နေတဲ့ စီးပွားရေးအခြေအနေအရ ဘယ်လိုမှ မဖြစ်နိုင်သေးဘူး"
(ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းပေါင်းချုပ်၊ ၂၀၁၃၊ စာ ၄၄၅)
စသဖြင့် ပြောကြားခဲ့တာကို တွေ့ရပါတယ်။ ဒီ ပြောကြားချက်တွေအရ ဗိုလ်ချုပ်အောင်ဆန်းဟာ ဒီမိုကရေစီကို ရည်မှန်းချက်ထားရှိပြီး ဆိုရှယ်လစ်ဝါဒကို ယုံကြည်သူဖြစ်ကြောင်း ယူဆနိုင်ပါတယ်။ စင်စစ်မှာလဲ အရင်းရှင်စနစ်ကလွဲရင် ဆိုရှယ်လစ်မှာပါတဲ့ "social" ဆိုတဲ့စကား၊ ကွန်မြူနစ်မှာပါတဲ့ "community" ဆိုတဲ့စကား၊ ဒီမိုကရေစီမှာပါတဲ့ "demo" ဆိုတဲ့စကားတွေဟာ အများပြည်သူဆိုတဲ့ အဓိပ္ပာယ်ရှိတာမို့ ဒီစနစ်တွေအားလုံးရဲ့ အရင်းခံဟာ ပြည်သူကိုဗဟိုပြုပြီး အများပြည်သူကောင်းစားရေးသာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတွေ ဒီစနစ်ကိုကျင့်သုံးတဲ့ ခေါင်းဆောင်တွေရဲ့ လုပ်ပုံကိုင်ပုံ အကောင်အထည်ဖော်ပုံတွေပေါ်မူတည်ပြီး လိုလားမှုတွေ၊ မလိုလားမှုတွေ၊ ခါးသီးမှုတွေ၊ နာကြည်းမှုတွေ ဖြစ်လာခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လွတ်လပ်ရေးမရခင်က ဗိုလ်ချုပ်အောင်ဆန်းဟာ ပြည်သူအများကောင်းစားရေးဝါဒဖြစ်တဲ့ ဆိုရှယ်လစ်ဝါဒကို ယုံကြည်ခဲ့တယ်ဆိုရင်လဲ အငြင်းပွားစရာမဟုတ်ဘူးလို့ ထင်ပါတယ်။
"အောင်ဆန်းဇာနည်" ကဗျာရေးသူနဲ့ပတ်သက် ပြီး မူရင်းအထောက်အထားကို တွေ့ရှိပြီးတဲ့နောက် မှာ ကာယကံရှင်မိသားစုက ပညာရေးဝန်ကြီး ဌာနကို တင်ပြခဲ့ပါတယ်။ ဝန်ကြီးဌာနက သဘောထားမှတ်ချက်တောင်းခံလာတဲ့အတွက် ကာယကံရှင် မိသားစုရဲ့တင်ပြချက်ဟာ မှန်ကန်ကြောင်း ပြန်လည်တင်ပြခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်တဲ့ စာတမ်းတစ်စောင်ကို ရေးသားပြီး၂၀၁၇ ခုနှစ် ဒီဇင်ဘာလက ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှာကျင်းပတဲ့ မြန်မာစာဌာနတည်ထောင်ခြင်း ၇၆ နှစ်မြောက် အထိမ်းအမှတ် စာတမ်းဖတ်ပွဲမှာ ဖတ်ကြားတင်ပြခဲ့ပါတယ်။ ၂၀၁၈ ဇူလိုင်လ မှာထုတ်ဝေတဲ့ ပညာတန်ဆောင်မဂ္ဂဇင်းမှာလဲ ဆောင်းပါးရေးသားဖော်ပြခဲ့ပါတယ်။ ခိုင်မာတဲ့ အထောက် အထားနဲ့ ဖော်ထုတ်ခဲ့တာဖြစ်ပေမဲ့ အမှန်တရားကိုတော်တော် နဲ့ လက်မခံနိုင်သူတွေ ရှိခဲ့ပါတယ်။ အမှန်တရားကို ဖော်ထုတ်ခဲ့ကြတဲ့ ကာယကံရှင်မိသားစုနဲ့ ကျွန် တော့်ကို မဟုတ်မမှန် လုပ်ကြံဖန်တီးသူတွေ အဖြစ် နဲ့ ပုတ်ခတ်တိုက်ခိုက်ခဲ့ကြပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမှန်တရားကတော့ အမှန်တရားပါပဲ။
အခုတော့ "အောင်ဆန်းဇာနည်ကဗျာ ဘယ်သူရေးတာလဲ" ဆိုတဲ့ပြဿနာဟာ ပြီးဆုံးသွားခဲ့ပါပြီ။ ကျွန်တော်အနေနဲ့လဲ ဒီလိုများပြားရှုပ်လှတဲ့ လုပ်ငန်း တာဝန်တွေ ြပီးဆုံးခဲ့ပါပြီ။ ကိုယ်တာဝန်ယူရတဲ့အခိုက်အတန့်မှာ အတိုက်အခိုက်များစွာနဲ့ အမှန်တရားတစ်ခုကို ခက်ခက်ခဲခဲ ဖော်ထုတ်ဖြေရှင်းနိုင်ခဲ့တဲ့အတွက်လဲ ကျေနပ်စရာ ဖြစ်ခဲ့ရပါတယ်။ အသစ်ထွက်ရှိလာတဲ့ သင်ရိုးသစ်စတုတ္ထတန်း မြန်မာဖတ်စာမှာ "အောင်ဆန်းဇာနည်" ကဗျာဟာ ရေးသူ ရဲအောင်မိုး အမည်နဲ့ ပါရှိလာခဲ့ပါပြီ။ အများ ဘဝင်မကျတဲ့ "ဆိုရှယ်လစ်" ဆိုတဲ့နေရာမှာ ကာယကံရှင်မိသားစုရဲ့ ဆန္ဒနဲ့အညီ စာသားပြောင်းလဲဖော်ပြထားတာကိုလဲ တွေ့ခဲ့ရပါပြီ။ "မုန်တိုင်းပြီးရင် လေပြည်လာမယ်" ဆိုတဲ့စကားအတိုင်း "အောင်ဆန်းဇာနည်" ကဗျာဟာ သံသယကင်းစင်ပြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂုဏ်ရည်နဲ့အတူ ထာဝစဉ် ရှင်သန်နေတော့မှာ ဖြစ်ပါကြောင်း။

စာညွှန်း-

တတိယတန်းမြန်မာဖတ်စာ။(၂၀၁၅)။ ရန်ကုန်၊ အခြေခံပညာသင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာနှင့် ကျောင်းသုံးစာအုပ်ကော်မတီ။
တင်မိုး။(၂၀၁၅)။ အမေ့ကျောင်းကဗျာများ၊ သတ္တမအကြိမ်။ ရန်ကုန်၊ စာနဒီစာအုပ်တိုက်။
ရဲအောင်မိုး။ (၁၉၆၄)။ "အောင်ဆန်းဇာနည်" (ကဗျာ)၊ ရှေ့ဆောင်လူငယ်ဂျာနယ်၊ အတွဲ ၁ အမှတ် ၂၊ ၁၉၆၄ စက်တင်ဘာလ ၁ ရက်နေ့ထုတ်။ ရန်ကုန်၊ ရှေ့ဆောင်လူငယ်ဂျာနယ်တိုက်၊ အမှတ် ၁၈၄၊ ၃၂လမ်း။
အောင်ဆန်း။(၂၀၁၇)။ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းပေါင်းချုပ်။ ရန်ကုန်၊ the key collections။
အောင်မြင့်ဦး(ပညာတန်ဆောင်)။(၂၀၁၈)။ "အောင်ဆန်းဇာနည်ကဗျာနှင့်ပတ်သက်၍"၊ ပညာတန်ဆောင်၊ အတွဲ ၆၇၊ အမှတ် ၇။ ရန်ကုန်၊ ပညာတန်ဆောင်။
အယ်ဒီတာအဖွဲ့ဝင်တစ်ဦး။(၂၀၁၇)။ "နောက်ကျောဖုံးကဗျာ ရာဇဝင်ရှင်းတမ်း၊ ဆိတ်ခေါင်းချိတ်၍ ခွေးသားရောင်းသူကြီးရဲ့ အတွေးအခေါ်လုပ်ကြံမှု ရှင်းတမ်း" ၊ စာရေးဆရာမဂ္ဂဇင်း၊ ၂၀၁၇ ဖေဖော်ဝါရီလထုတ်။ ရန်ကုန်၊ စာရေးဆရာမဂ္ဂဇင်းတိုက်။

Credit to original ✍️
Via ကောလိပ်နိုင်

12/02/2026

City mart မှာ ကိုးဂိတ်သွားတိုက်ဆေး သွားတိုက်တံတွေ မရှိတော့ဘူး .. နိုင်ငံခြားသွင်းကုန်တွေ မရတော့ဘူးဆိုတဲ့
ပို့စ်တွေ ခနခန တက်လာနေတာတွေ့ရတယ်။

စကစဘက်က သွင်းကုန်ကြပ်လိုက်တဲ့ စည်းမျဉ်းထုတ်ပြန်တဲ့နေ့တည်းကိုက ဒါကို ရေးတင်ချင်တာ မတင်ရဲသေးတာလဲ ပါတယ်။ ခုတော့ အခြေနေအတော်ဆိုးလာနေလို့ တင်လိုက်ပါတော့မယ်။
----------------------------------------------
မြန်မာပြည်မှာ စစ်အစိုးရအဆက်ဆက်က ပြည်သူတွေကို စီးပွားရေး၊ လူမှုရေးနဲ့ ပညာရေးကဏ္ဍတွေမှာ တမင်သက်သက် ခက်ခဲကြပ်တည်းအောင် ဖန်တီးထားတာဟာ အမှတ်မထင်ဖြစ်လာတဲ့ ကိစ္စမဟုတ်ပါ။

ဒါဟာ အာဏာကို ရေရှည်ဆုပ်ကိုင်ထားနိုင်ဖို့အတွက် သေချာတွက်ချက်ထားတဲ့ Strategic Control လို့ခေါ်တဲ့ ဗျူဟာမြောက် ထိန်းချုပ်မှု တစ်ခုပဲ ဖြစ်ပါတယ်။

◼️၁။ Survival Mode ထဲမှာပဲ ပိတ်မိနေအောင် လုပ်တဲ့ ဗျူဟာ

လူတစ်ယောက်ဟာ ဒီနေ့ ဘာစားရမလဲ၊ မနက်ဖြန် ဘယ်လိုအသက်ဆက်ရမလဲဆိုတဲ့ ရှင်သန်ရပ်တည်နိုင်ရေးကိုပဲ အသည်းအသန် ရုန်းကန်နေရတဲ့အခါ... နိုင်ငံရေး၊ တရားမျှတမှုနဲ့ လူ့အခွင့်အရေးဆိုတဲ့ လူ့အဆင့်အတန်းမြင့်မားစေတဲ့ အကြောင်းအရာတွေကို စဉ်းစားဖို့ အချိန်ရော၊ အင်အားပါ မရှိတော့

စီးပွားရေးကို ကျပ်တည်းအောင် လုပ်ထားတဲ့ နည်းနဲ့ ပြည်သူတွေကို ကိုယ့်ဝမ်းစာကိုယ်ရှာဖို့နဲ့တင် လုံးပန်းနေစေခိုင်းပြီး အစိုးရကို ပြန်လည်ဆန့်ကျင်ဖို့ အာရုံမရောက်အောင် စိတ်ကူးမယဉ်နိုင်အောင် ပိတ်ဆို့တဲ့နည်းပဲဖြစ်ပါတယ်။

◼️၂။ ပညာရေးစနစ်ကို ဖျက်ဆီးတဲ့ ဗျူဟာ

အာဏာရှင်စနစ်အတွက် အန္တရာယ်အရှိဆုံးအရာဟာ "တွေးခေါ်တတ်တဲ့ ပြည်သူ" ပါပဲ။ ဒါကြောင့် ကျွန်မတို့ရဲ့ ပညာရေးစနစ်ကို ဆယ်စုနှစ်များစွာကြာအောင် Critical Thinking (ဝေဖန်ပိုင်းခြားတွေးခေါ်မှု) မရှိတဲ့၊ အလွတ်ကျက်စနစ်ထဲမှာပဲ ပိတ်မိနေအောင် လုပ်ထားခဲ့တာပါ။

ပညာရေးကို ခက်ခဲအောင်၊ ကုန်ကျစရိတ်ကြီးအောင်
ဒါမှမဟုတ် အရည်အသွေးမရှိအောင် လုပ်ထားခြင်းအားဖြင့် လူထုကို အမှားအမှန် မခွဲခြားနိုင်အောင်နဲ့ စနစ်ရဲ့ အားနည်းချက်တွေကို မမြင်နိုင်အောင် ဖန်တီးထားပါတယ်။

◼️၃။ ကြောက်စိတ်ကို ထည့်သွင်းတဲ့ ဗျူဟာ

လူမှုရေးနဲ့ စီးပွားရေးအရ ကြပ်တည်းနေတဲ့ ပြည်သူတွေဟာ ပိုပြီး အားကိုးရာမဲ့သလို ခံစားရပါတယ်။

ဒီအခါမှာ "မင်းတို့ ငြိမ်ငြိမ်မနေရင် ဒီထက်ပိုဆိုးသွားမယ်" ဆိုတဲ့ ကြောက်စိတ်ကို သွင်းပေးရတာ ပိုလွယ်သွားပါတယ်။ မတရားမှုကို မြင်ရင်တောင် "ငါ့အလုပ်ပြုတ်သွားမလား၊ ငါ့မိသားစု ဒုက္ခရောက်သွားမလား" ဆိုတဲ့ စိုးရိမ်စိတ်တွေက လူမှုကျင့်ဝတ်ထက် ရှေ့တန်းရောက်လာအောင် စနစ်တကျ ဖိနှိပ်ထားတာ ဖြစ်ပါတယ်။

◼️၄။ အခွင့်ထူးခံ လူနည်းစုစနစ်ကို တည်ဆောက်ထားတဲ့ဗျူဟာ

စီးပွားရေး အခွင့်အလမ်းတွေကို အစိုးရနဲ့ နီးစပ်သူ အသိုင်းအဝိုင်း (Cronies) တွေထဲမှာပဲ စုပြုံထားခြင်းအားဖြင့်... ချမ်းသာချင်ရင်၊ အောင်မြင်ချင်ရင် သူတို့စနစ်ကို လက်ခံရမယ်...

သူတို့နဲ့ ပူးပေါင်းရမယ်ဆိုတဲ့ ပတ်ဝန်းကျင်မျိုးကို ဖန်တီးထားပါတယ်။ ဒါဟာ လူကောင်းတွေကိုပါ စနစ်ဆိုးထဲ ပါဝင်လာအောင် ဆွဲသွင်းတဲ့ နည်းလမ်းတစ်ခုပါပဲ။

ဒါ့ကြောင့် ဟိုတလောက ခရီးသွား ကုန်တင်ကားတွေကို ကတ္တားချိန်တာတွေကအစ လူတွေအကုန် bus ကားကနေဆင်းခိုင်းပြီး တစ်ဦးချင်းစီ အလေးချိန်စက်ပေါ်တက်
ချိန်ခိုင်းတာတွေကအစ ....

အကုန်လုံးဟာ ရည်ရွယ်ချက်ရှိရှိနဲ့ ပြည်သူတွေကို စိတ်ပင်ပန်း လူပင်ပန်းအောင် လုပ်ထားပြီး နိုင်ငံရေးဘက်ကို မလှည့်နိုင်အောင် လုပ်ထားတဲ့ဗျူဟာတွေပါပဲ။

အချို့တွေက စကစ အစိုးရကလုပ်နေတဲ့ အစီစဉ်တွေကို
"ဘရိန်းမရှိဘူးလား .. ချီးဘရိန်းဦးနှောက်နဲ့ လုပ်နေတယ်" ဆိုပြီး ဆဲဆိုနေကြတာ..

စကစဟာ ချီးဘရိန်း မဟုတ်... ဒါတွေဟာ တမင်သက်သက် ရည်ရွယ်ချက်ရှိရှိကို လုပ်ထားတဲ့ ဗျူဟာတွေပါပဲ။

ချီးဘရိန်း မဟုတ်လို့လည်း အာဏာစဉ်ဆက်မပြတ်
သိမ်းထားနိုင်တာကိုပဲ ကြည့်ပါ။

ဒီနည်းဗျူဟာတွေဟာ politic ပိုင်း နိုင်ငံတော်ကို စီမံအုပ်ချုတဲ့သူတွေ စစ်ပိုင်းဆိုင်ရာသူတွေ အကုန်သင်ယူတတ်မြောက်ထားရတဲ့ အရာတွေထဲက တစ်ခုပါ။

ဒီနည်းဗျူဟာတွေကို Terminology အရ "Learned Helplessness" လို့ အဓိကခေါ်ပြီး

နိုင်ငံရေးဗျူဟာအရတော့ "Attrition of the Spirit" စိတ်ဓာတ်ဖြုန်းတီးရေး ဗျူဟာ ...

သို့မဟုတ် "Strategic Apathy" လို့ ခေါ်ပါတယ်။

ဒီနည်းလမ်းဟာ ပြည်သူတွေကို နေ့စဉ်စားဝတ်နေရေး၊ လုံခြုံရေးနဲ့ အခြေခံလိုအပ်ချက်တွေအတွက်ပဲ အမြဲတမ်း "ပူပန်နေရအောင်" လုပ်ထားခြင်းအားဖြင့် နိုင်ငံရေးအရ အပြောင်းအလဲလုပ်ဖို့ သို့မဟုတ် အာဏာရှိသူကို ပြန်လည်
စိန်ခေါ်ဖို့ အင်အားမရှိတော့အောင် စီမံထားတာပဲ ဖြစ်ပါတယ်။

Learned Helplessness အခေါ်အဝေါ် ကိုတော့ ၁၉၆၀ ပြည့်လွန်နှစ်မှာ စိတ်ပညာရှင် Martin Seligman က စတင် ဖော်ထုတ်ခဲ့တာပါ။

သတ္တဝါတစ်ဦး (သို့မဟုတ်) လူတစ်စုဟာ သူတို့ မတတ်နိုင်တဲ့ ဆိုးရွားတဲ့ အခြေအနေတွေကို ထပ်ခါတလဲလဲ ကြုံတွေ့ရတဲ့အခါ... နောက်ပိုင်းမှာ အခွင့်အရေးရရင်တောင် ရုန်းမထွက်တော့ဘဲ "ဘာလုပ်လုပ် မထူးပါဘူး" ဆိုပြီး အရှုံးပေးသွားတာကို ဆိုလိုပါတယ်။

နိုင်ငံရေးအသုံးအရဆို ပြည်သူတွေကို ခက်ခဲကြပ်တည်းမှုတွေကြားမှာ နှစ်ရှည်လများ ပိတ်မိအောင်လုပ်ပြီး "ငါတို့ကတော့ ဒီလိုပဲ ခံရမှာပဲ" ဆိုတဲ့ စိတ်ဓာတ်မျိုး သွင်းပေးတာပါ။

Maslow’s Hierarchy of Needs လို့ခေါ်တဲ့ လိုအပ်ချက် အဆင့်ဆင့် သီအိုရီကိုတော့ Abraham Maslow က ၁၉၄၃ မှာ တင်ပြခဲ့တာပါ။

လူတစ်ယောက်ဟာ အောက်ခြေအဆင့်ဖြစ်တဲ့ Physiological Needs လို့ခေါ်တဲ့ စားဝတ်နေရေး နဲ့ Safety Needs (ဘေးကင်းလုံခြုံရေး) မပြည့်စုံသရွေ့...

အပေါ်ဆုံးအဆင့်ဖြစ်တဲ့
Self-Actualization ..နိုင်ငံသားကောင်းတာဝန်၊ တရားမျှတမှု၊ လွတ်လပ်မှု တွေကို အာရုံမစိုက်နိုင်တော့ပါဘူး။

နိုင်ငံကိုအုပ်ချုပ်သူအချို့တွေက ပြည်သူတွေကို အောက်ခြေအဆင့် Survival Mode မှာပဲ အမြဲတမ်း လုံးပန်းနေအောင် လုပ်ထားခြင်းအားဖြင့် အဆင့်မြင့်တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို မေ့လျော့သွားအောင် လုပ်တာပါ။

War of Attrition လို့ခေါ်တဲ့ "လူပင်ပန်း စိတ်ပန်းဖြစ်စေတဲ့ စစ်ပွဲ" ကတော့ စစ်ရေးဗျူဟာတစ်ခုပါ။

ဒါက ကျွန်မ covid ကာလမှာ ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်မှာပါ။ စာအုပ်နာမည်တော့ မမှတ်မိတော့ပါ။

သူကကျ တစ်ဖက်ရန်သူကို တိုက်ရိုက်မတိုက်ဘဲ
ရန်သူရဲ့ အင်အား၊ စိတ်ဓာတ်နဲ့ အရင်းအမြစ်တွေကိုတဖြည်းဖြည်း ကုန်ခမ်းသွားအောင် ဝိုင်းပတ်ပိတ်ဆို့ နှိပ်စက်တဲ့နည်းပါ။

ခုဖြစ်နေသလို ပြည်သူတွေအပေါ်မှာ စီးပွားရေး ကျပ်တည်းအောင်လုပ်ထားတာမျိုး၊ လျှပ်စစ်မီးဖြတ်တာမျိုး.. ကုန်ဈေးနှုန်းတက်အောင်လုပ်တာမျိုး စတဲ့ သွယ်ဝိုက်ပုံစံမျိုးတွေနဲ့ လူတွေကို စိတ်ပင်ပန်းလူပင်ပန်း ဖြစ်အောင် လုပ်တဲနည်းပါ။

ဒီနည်းတွေက တစ်ဦးတစ်ယောက်တည်းက တီထွင်ခဲ့တာလို့ ပြောလို့မရပေမဲ့ သမိုင်းတစ်လျှောက် အာဏာရှင်တွေ ...

ဥပမာ - Machiavelli ရဲ့ The Prince စာအုပ်ထဲက အယူအဆတွေ၊ Stalin နဲ့ Mao Zedong တို့ရဲ့ ထိန်းချုပ်မှုများ" စတာတွေမှာ တွေ့နိုင်ပါတယ်။

အထူးသဖြင့် Soviet Union ခေတ်မှာ ပြည်သူတွေကို တန်းစီစောင့်ဆိုင်းရတဲ့စနစ် Queue culture ထဲ ထည့်ထားခြင်းနည်းနဲ့ ပြည်သူရဲ့ အချိန်နဲ့ အင်အားတွေကို နိုင်ငံရေးဘက် အာရုံမရောက်အောင် ခွဲထုတ်ပစ်တဲ့ ဗျူဟာကို အကြီးအကျယ် အသုံးပြုခဲ့ကြပါတယ်။

Thaw Maw Aung educator

10/02/2026

" Think Big "

ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေထဲမှာ နံပါတ်တစ် နေရာကို လုနေ ချိန်ရွယ်နေကြတဲ့နိုင်ငံတွေထဲမှာ ထိပ်ဆုံးရောက်နေတဲ့ တနိုင်ငံဟာ လက်ချင်စတိန်းပါပဲ

လက်ချင်စတိန်း (Liechtenstein) နိုင်ငံဟာ တစ်ချိန်က ဥရောပမှာ အဆင်းရဲဆုံး လယ်ယာစိုက်ပျိုးရေးနိုင်ငံလေးတစ်ခု ဖြစ်ခဲ့ပေမဲ့ အခုအခါမှာတော့ ကမ္ဘာ့အချမ်းသာဆုံးနဲ့ စက်မှုအထွန်းကားဆုံး နိုင်ငံတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်နေပါပြီ
သူတို့ရဲ့ ရုန်းထအောင်မြင်ခဲ့တဲ့ လျှို့ဝှက်ချက်တွေနဲ့ ကြိုးပမ်းမှုတွေကို လေ့လာဖို့ကောင်းပါတယ် သိထားသင့်တယ်ပေါ့

ဒုတိယကမ္ဘာစစ်ပြီးနောက်မှာ လက်ချင်စတိန်းဟာ ဆင်းရဲမွဲတေမှုဒဏ်ကို အပြင်းအထန် ခံခဲ့ရပါတယ်
အဲဒီအချိန်မှာ အစိုးရက လယ်ယာစိုက်ပျိုးရေးကိုပဲ အားကိုးမနေတော့ဘဲ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်း (SMEs) တွေကို အားပေးခဲ့ပါတယ်
အထူးသဖြင့် တိကျမှုကို အခြေခံတဲ့ precision စက်မှုပစ္စည်းတွေ (ဥပမာ သွားဘက်ဆိုင်ရာပစ္စည်းများနဲ့ လျှပ်စစ်ကိရိယာများ) ကို ထုတ်လုပ်ပြီး ကမ္ဘာ့ဈေးကွက်ထဲ ထိုးဖောက်နိုင်ခဲ့ပါတယ်

လက်ချင်စတိန်းကို အောင်မြင်စေခဲ့တဲ့ အဓိကအချက်ကတော့ သူတို့ရဲ့ အခွန်မူဝါဒ ပါပဲ

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်ဖို့အတွက် အခွန်ကို အနိမ့်ဆုံးအဆင့် သတ်မှတ်ပေးခဲ့ပါတယ်
ဒါကြောင့် ကမ္ဘာတစ်ဝှမ်းက ကုမ္ပဏီကြီးတွေဟာ သူတို့နိုင်ငံမှာ လာရောက်မှတ်ပုံတင်ကြပြီး နိုင်ငံအတွက် ဝင်ငွေအမြောက်အမြား ရရှိစေခဲ့ပါတယ်

ဆွစ်ဇာလန်နိုင်ငံနဲ့ မဟာဗျူဟာမြောက် မဟာမိတ်ဖွဲ့ခြင်းကလည်းအထောက်အကူအပြုခဲ့ဆုံးလို့ဆိုရပါမယ်
လက်ချင်စတိန်းဟာ နိုင်ငံသေးငယ်တဲ့အတွက် ကိုယ်ပိုင်ငွေကြေး မထုတ်တော့ဘဲ ဆွစ်ဖရန့် (Swiss Franc) ကိုပဲ သုံးစွဲခဲ့ပါတယ်
၁၉၂၄ ခုနှစ်ကတည်းက ဆွစ်ဇာလန်နဲ့ အကောက်ခွန်ဆိုင်ရာ သဘောတူညီချက် ရယူထားတာကြောင့် ကုန်သွယ်ရေးမှာ အင်အားကြီးနိုင်ငံကြီးတစ်ခုရဲ့ အကာအကွယ်နဲ့ အခွင့်အရေးကို ရရှိခဲ့ပါတယ်

ပြီးတော့
လက်ချင်စတိန်းဟာ ကမ္ဘာ့အဆင့်မီ ဘဏ်လုပ်ငန်းစနစ်ကို တည်ထောင်နိုင်ခဲ့ပါတယ်
သူတို့ရဲ့ လျှို့ဝှက်ချက် ထိန်းသိမ်းမှုအားကောင်းပြီး ဘဏ်စည်းစနစ်တွေကို အထူးဂရုထား တဲ့ ဘဏ်လုပ်ငန်းစနစ်ကြောင့် ကမ္ဘာ့သူဌေးကြီးတွေရဲ့ ငွေကြေးတွေ စီးဝင်လာခဲ့ပြီး နိုင်ငံရဲ့ ဘဏ္ဍာရေးကဏ္ဍကို အားကောင်းစေခဲ့ပါတယ်

ပညာရေးနဲ့ကျွမ်းကျင်မှု (Vocational Training)ကို ဦးစားပေးတဲ့ စနစ်ဟာ အတုယူစရာပါ
သူတို့ဟာ လူဦးရေနည်းတဲ့အတွက် "အရည်အသွေး" ကိုပဲ ဦးစားပေးပါတယ်
ဂျာမနီနဲ့ ဆွစ်ဇာလန်တို့လိုပဲ အသက်မွေးဝမ်းကျောင်း ပညာရေး (Apprenticeship system) ကို အားကောင်းအောင် လုပ်ဆောင်ခဲ့တာကြောင့် လူငယ်တိုင်းဟာ လက်တွေ့နယ်ပယ်မှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေ ဖြစ်လာကြပါတော့တယ်

လက်ချင်စတိန်းဟာ အခုအခါမှာ ပြည်ပကြွေးမြီ (National Debt) လုံးဝမရှိသလောက် နည်းပါးပြီး တစ်ဦးချင်းဝင်ငွေ အမြင့်ဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်

အဲ့သည့်အချက်တွေထဲက
ကျနော်က ပညာရေးစနစ်အကြောင်းကိုတော့
အလေးအနက်ထားပြီးတော့ကို ပြောပြချင်ပါတယ်
အဲ့တာက အခြေခံအုတ်မြစ်ဖြစ်လို့ပါ
သူတို့ဘယ်လိုလုပ်ပြီး (Apprenticeship system) ကို အကောင်အထည်ဖေါ်သလဲ သိကိုသိသင့်ပါတယ်

# #

လက်ချင်စတိန်းနိုင်ငံရဲ့ Apprenticeship (အလုပ်သင်အခြေပြုပညာရေး) စနစ်ဟာ သူတို့ရဲ့ စီးပွားရေးအောင်မြင်မှုရဲ့ အသက်သွေးကြောလို့တောင် ပြောလို့ရပါတယ်
ဒီစနစ်ကို "Dual Education System" (နှစ်မျိုးစပ်ပညာရေးစနစ်) လို့ ခေါ်ပြီး ဆွစ်ဇာလန်သြစတြီးယားတို့နဲ့ ပုံစံတူပါတယ်

သူတို့ ဒီစနစ်ကို ဘယ်လိုခိုင်ခိုင်မာမာ ထူထောင်ထားသလဲဆိုရင်
ကျောင်းသင်ခန်းစာနဲ့လုပ်ငန်းခွင်ကို ပေါင်းစပ်််််ပါတယ် (The Dual Model)
ကျောင်းသားတွေဟာ အသက် ၁၅ နှစ်
၁၆ နှစ် (အလယ်တန်းပြီးဆုံးချိန်လောက်မှာ ) သူတို့ ဝါသနာပါရာ အသက်မွေးဝမ်းကျောင်းလမ်းကြောင်းကို ရွေးချယ်ကြရပါတယ်

တစ်ပတ် ၁ ရက် သို့မဟုတ် ၂ ရက် Vocational School (သက်မွေးကျောင်း) မှာ စာတွေ့သီအိုရီ သင်ယူကြရပါတယ်

တစ်ပတ် ၃ ရက် သို့မဟုတ် ၄ ရက်ကတော့ကုမ္ပဏီတစ်ခုခုမှာ လက်တွေ့အလုပ်သင် (Apprentice) အဖြစ်နဲ့ ဝင်ရောက်လုပ်ကိုင်ရပါတယ်
ဒီစနစ်ကြောင့် ကျောင်းပြီးတာနဲ့ လုပ်ငန်းခွင်အတွေ့အကြုံက အဆင်သင့်ရှိနေပြီးသား ဖြစ်ပါတယ် ( ready use )

အစိုးရ ပုဂ္ဂလိကနဲ့အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ခြင်းလည်းရှိပါတယ်
ဒါက အောင်မြင်ရတဲ့ အဓိကသော့ချက်ပါပဲ
အစိုးရက သင်ရိုးညွှန်းတမ်းတွေ ခေတ်မီဖို့နဲ့ အရည်အသွေးကို ထိန်းကျောင်းပေးတယ်
ကုမ္ပဏီများတွေက ကျောင်းသားတွေကို လေ့ကျင့်ပေးဖို့ ငွေကြေးစိုက်ထုတ်ပါတယ်(အလုပ်သင်တွေကို လစာပေးရသလို ကျွမ်းကျင်တဲ့ ဆရာ (Trainer) တွေကိုလည်း သီးသန့်ထားပေးရပါတယ်)
အသင်းအဖွဲ့များက လုပ်ငန်းခွင်မှာ တကယ်လိုအပ်တဲ့ ကျွမ်းကျင်မှုတွေကို သင်ရိုညွှန်းတမ်းထဲပါအောင် အကြံပြုကြပါတယ်

လက်ချင်စတိန်းမှာ အလုပ်သင်လုပ်တာဟာ အလကားလုပ်ပေးရတာမဟုတ်ဘဲ လစာ (Apprenticeship wage) ရပါတယ်
ဒါဟာ လူငယ်တွေကို မိဘလက်ထဲက ရုန်းထွက်နိုင်စေပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်လိုစိတ် ဖြစ်ပေါ်စေတယ်
အလုပ်ရှင်အတွက်လည်း နောင်တစ်ချိန်မှာ ကိုယ့်ကုမ္ပဏီအတွက် တကယ်အားကိုးရမယ့် ဝန်ထမ်းကောင်းကို ကြိုတင်လေ့ကျင့်ပေးထားရာ ရောက်ပါတယ်

ဒါတင်မကဘဲ
အဆင့်မြင့်ပညာရေးကိုဆက်လှမ်းနိုင်ခွင့် (Permeability)ကို ဖော်ထုတ်ပေးထားတာဖြစ်လို့
အသက်မွေးဝမ်းကျောင်းလမ်းကြောင်းကို ရွေးလိုက်လို့ တက္ကသိုလ်တက်ခွင့် ဆုံးရှုံးသွားတာမျိုး မရှိဘူးပေါ့

Apprenticeship ပြီးဆုံးလို့ "Federal Diploma" ရပြီးရင် Professional Bachelor ဒါမှမဟုတ် တက္ကသိုလ်အဆင့် အထူးပြုဘာသာရပ်တွေကို ဆက်လက်တက်ရောက်နိုင်အောင် လမ်းကြောင်းတွေ ဖွင့်ပေးထားပါတယ်

ဒါကြောင့် "စာမတတ်လို့ အလုပ်သင်လုပ်တာ" ဆိုတဲ့ အမြင်မျိုး မရှိဘဲ "ကျွမ်းကျင်ပညာရှင်ဖြစ်ဖို့ အလုပ်သင်လုပ်တာ" ဆိုတဲ့ ဂုဏ်ယူစရာ အစဉ်အလာတစ်ခု ဖြစ်နေပါတော့တယ်

# #

လက်ချင်စတိန်းရဲ့ အလုပ်သင် (Apprenticeship) စနစ်မှာ အအောင်မြင်ဆုံးနဲ့ လူကြိုက်အများဆုံး ဘာသာရပ်နယ်ပယ်တွေကို ပြောရရင် သုံးမျိုးရှိပါတယ်

အဆင့်မြင့် အင်ဂျင်နီယာနဲ့စက်မှုနည်းပညာ (High-Tech Engineering)

ဘဏ္ဍာရေး အုပ်ချုပ်ရေးနဲ့ဝန်ဆောင်မှု (Finance & Administration)

ဆေးဘက်ဆိုင်ရာနဲ့ သွားဘက်ဆိုင်ရာ နည်းပညာ (Medical Technology)

စတာတွေပါပဲ

ပညာရေးစနစ်ကို အဲ့သည့်နည်းလမ်းနဲ့ အုတ်မြစ်ချပေးရင်း လက်ချင်စတိန်းဟာ
ကမ္ဘာ့အချမ်းသာဆုံး နံပါတ်တစ်ဖြစ်လာခဲ့ရပါတယ်

သူ့နိုင်ငံလူဦးရေဟာ ၄၀၀၀၀ လောက်ပဲရှိပါတယ်

တခုခုတော့ရကြမှာပါ

သဒ္ဓါအားဖြင့်
Pi Lon

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon