Halo - Computer Online Class

Halo - Computer Online Class မင်္ဂလာပါ��� ဒီpage မှ IT နဲ့ပတ်သက်တာသင်ကြားသွားမှာဖြစ်ပါတယ်

01/02/2021

"အရေးပေါ် အကြံပြုချက်"

အင်တာနက်လိုင်းများ အပိတ်ခံရလျှင် မိမိတို့ ဖုန်းများအား အသုံးပြု၍ Mesh Network များဖြင့် တစ်ဦးနှင့် တစ်ဦး (သို့) တစ်စုနှင့် တစ်စု ဆက်သွယ်ရန် အသုံးပြုနိုင်ကြပါတယ်။

အသုံးပြုနိုင်တဲ့ Mesh Network App များကို ဖော်ပြပေးအပ်ပါတယ်။

"FireChat" for Android & Apple iOS

"The Serval Mesh" for Android

"Signal Offline Messenger" for Android

"Vojer" for Apple iOS

"Bridgefy" for Android & Apple iOS

"Briar" for Android တို့ ဖြစ်ပါတယ်။

အဆိုပါ app များထဲမှ တစ်ခုကို နမူနာအနေနဲ့ အောက်ပါအတိုင်း ဖော်ပြပေးလိုပါတယ်။

"အင်တာနက်များ ရုတ်တရက်ပိတ်ကျသွားလျှင် "Bridgefy" app ကို အသုံးပြုရန်"

ဒီ apk က ဟောင်ကောင်ဆန္ဒပြပွဲတွေမှာ ပြည်သူ့ဘက်သား တော်လှန်ရေးသမားတွေ အသုံးပြုခဲ့တဲ့ apk ဖြစ်ပါတယ်။

သူ့အားသာချက်က အင်တာနက် မလိုပဲ bluetooth နဲ့ ဖုန်းချင်းမက်ဆေ့ပို့
ဆက်သွယ်နိုင်တာဖြစ်လို့ အင်မတန် အသုံးဝင်တယ်။

ဟောင်ကောင်လူထုတိုက်ပွဲများ အတွင်းမှာတုန်းက တရုတ်အစိုးရရဲ့ အင်မတန်မြင့်မားတဲ့နည်းပညာကတောင် ဒီ apk နဲ့အသုံးပြုဆက်သွယ်ခြင်းကို မဟန့်တားနိုင်ခဲ့ပါဘူး။

ဒီ apk ကိုအသုံးပြုပြီး ဖုန်းတစ်လုံးနဲ့တစ်လုံး မီတာ ၁၀၀ (ပေ ၃၃၀ခန့်) အကွာအဝေးအထိ ဆက်သွယ်နိုင်တယ်။

မီတာ ၁၀၀ တိုင်း ကြားမှာ ဖုန်းတစ်လုံးဆီ ရှိပြီး ဆက်သွယ်သွားခြင်းဖြင့်
အင်မတန်ဝေးကွာလှမ်းတဲ့နေရာတွေအထိလည်း ကွန်ယက်သဖွယ်
အချင်းချင်းချိတ်ဆက်သွားနိုင်ပါတယ်။

ဒီ apk ကို အသုံးပြုကာ နှစ်ဦးချင်း message တွေပို့လို့ရသလို
Broadcast ဆိုတဲ့ ဖန်ရှင်နဲ့ ကိုယ်ပို့တဲ့ မက်ဆေ့ကို အနီးအနားရှိသူအားလုံး ဖမ်းယူသိရှိနိုင်အောင် ဖြန့်ဝေလို့လည်း ရတယ်။

Iphone မှာရော Android မှာပါ အသုံးပြုနိုင်ပါတယ်။

စစ ဝင်ခြင်းမှာ အင်တာနက် ကော်နက်ရှင် တစ်ကြိမ်တော့ လိုအပ်တာမို့ ဒေါင်းလုပ်ဆွဲကာ ဝင်ထားကြည့်ကြဖို့ တိုက်တွန်းပါတယ်။

Play Store မှာရော၊ App Store မှာရော "Bridgefy" လို့ ရိုက်ရှာကာ လွယ်လင့်တကူ ဒေါင်းလုပ်ဆွဲထားနိုင်ကြပါကြောင်း ... ။

(မှတ်ချက် - မိမိတို့ အင်တာနက်များ ရနေချိန်တွင် စတင် အသုံးပြုထားစေချင်ပါတယ်)။
Crd

14/01/2021

Web Developer တစ်ယောက်ဖြစ်ဖို့ ဘာတွေလေ့လာထားသင့်လဲ❓❓❓

Web developer တစ်ယောက်အဖြစ်ရပ်တည်ချင်ရင်တော့ Front-end နဲ့ Back-end ကိုနားလည်ထားဖို့လိုပါတယ် အဲ့အပိုင်းတွေနားလည်ထားမှသာလျှင် Full Stack Developer တစ်ယောက်အနေနဲ့ လစာကောင်းကောင်းနဲ့အလုပ်ခွင်ဝင်နိုင်မှာဖြစ်ပါတယ်

Front end ပိုင်းမှာတော့
✅HTML
✅CSS
✅ Bootstrap
✅ JavaScript
✅ jQuery စသည်တို့ကိုသိထားရမှာဖြစ်ပါတယ်

Back-end Language ပိုင်းမှာတော့

✅PHP
✅Perl
✅Cold Fusion
✅Java EE
✅Python
✅Node.js စသည်ထဲက language တစ်ခုခုကိုနားလည်ထားဖို့လိုပါတယ် (eg. PHP language) နောက်ပီး database ပိုင်းကိုသိရင် web developer တစ်ယောက်အနေနဲ့ရပ်တည်နိုင်မှာပဲဖြစ်ပါတယ် ..
Computer science နယ်ပယ်ကမဟုတ်လည်း ဝါသနာပါရင်လေ့လာလို့ရပါတယ် အချိန်တခုပေးလိုက်ရင်တော့ မိမိလိုချင်တဲ့အလုပ်ကိုရနိုင်ပါတယ် ...
အခုမှစပီး Front-end ပိုင်းလေ့လာချင်တယ်ဆိုရင်လည်း Halo-Computer Online Class ရဲ့ YouTube channel လေးမှာလည်းလေ့လာလို့ရပါတယ် မိမိကြိုက်တဲ့ website ကနေလည်း လေ့လာလို့ရပါတယ်နော

-19 pandemic ကာလအတွင်းမှာ အားလုံးအဆင်ပြေနေကောင်းကြပါစေရှင့်🙏🙏
😘😘
🥰🥰

21/11/2020

Hello အားလုံးပဲမင်္ဂလာပါ🥰🥰

အခုတလော post လေးတွေသိပ်မတင်ဖြစ်လို့တောင်းပန်ပါတယ်နော🙏🙏

ဒီနေ့တော့ Gmail acc ကိုcomputer မှာဖွင့်နည်း tutorial လေးတင်ပေးထားပါတယ်နော🤗🤗

အားလုံးအဆင်ပြေကြပါစေ



24/09/2020

Counter obj တည်ဆောက်နည်း ကျန်တဲ့အပိုင်းလေး လေ့လာလို့ရအောင်ပါ
Java programming GUIလေ့လာနေတဲ့သူတွေအတွက်ဆို အဆင်ပြေပါတယ်


#အားလုံးအဆင်ပြေ‌‌ေန‌ေကာင်းကြပါစေ

18/09/2020

Hello အားလုံးပဲ မင်္ဂလာပါနော်🥰🥰
ဒီတစ်ခေါက် Java GUI counter create လုပ်နည်ွးလေးကို knowledge sharing အနေနဲ့တင်ပေးထားပါတယ်နော အဆင်မပြေတာရှိရင်သီးခံပေးပါ ဒီထက်ပိုကောင်းအောင်ကြိုးစားသွားပါ့မယ်နော



#အားလုံးအဆင်ပြေ‌‌ေန‌ေကာင်းကြပါစေ

31/08/2020

မင်္ဂလာပါ🙏🙏

HTML Text Formatting ‌လုပ်နည်းအချို့တင်ပြပေးလိုက်ပါတယ်နော☺️

#အားလုံးအဆင်ပြေနေကောင်းကြပါစေ

28/08/2020

eclipse ကိုသုံးပီး java programming ကိုစတင်လေ့လာလိုသူအတွက်ပါ

27/08/2020

Javaမှာ Variable Name (သို့) တခြားသော Name များပေးမယ်ဆိုရင် သတ်မှတ်ချက်လေးတွေရှိပါတယ်
+++++++++++++++++++++++++++++++++++++++++++

1. ပထမဆုံးစာလုံးမှာ letter(a-z, A-Z) (သို့) underscore (_) (သို့) dollar sign ($)နဲ့အစပြုရပါမယ် ထိုစာလုံးနောက်တွင်တော့ letter (သို့) digit(0-9) (သို့) underscore (_) (သို့)dollar sign ($)များထဲ့ပီး သတ်မှတ်နိုင်ပါတယ်

2. White space (blank, tab, newline) and other special characters (such as +, -, *, /, @, &, commas, etc.) စသည်များကို အသုံးပြုမရပါ

3. Java မှာ ကြိုတင်သတ်မှတ်ထားတဲ့ reserved words (e.g., class, int, double, if, else, for, true, false, null) များကို Name အဖြစ် သတ်မှတ် မရပါ

4. Java မှာစာလုံးအကြီး အသေး ခွဲခြားပါတယ် (a အသေးနဲ့ a အကြီးမတူပါဘူး)

Examples:
=>abc, _abc, $abc, _a_b_c are valid identifiers
=>1abc, min-value, surface area, ab@c are NOT valid identifiers.

#အားလုံးအဆင်ပြေနေကောင်းကြပါစေ

25/08/2020

အခုလတ်တစ်‌ေလာဖွင့်ထားတဲ့ Web Design Basic (HTML & CSS) Online class လေးအကြောင်းပြောပြချင်ပါတယ်😍😍

Online class ဆိုပင်မဲ့ အားသားချက်တွေကအများကြီးနော😍😍

👉 အချိန်ပေးစရာမလိုခြင်း

ကိုယ်အဆင်ပြေတဲ့အချိန်မှ သင်ခန်းစာများကို download ဆွဲအဆင်သင့်လေ့လာနိုင်ပါတယ်

👉Free သင်တန်းဖြစ်တဲ့အတွက် သင်တန်းကြေးလုံးဝမ‌‌ေပးရခြင်း

👉Free မို့လို့ ဖြစ်သလိုပဲလား တတ်ရောတတ်ပါ့မလား အဲ့ဒီအတွက်လုံးဝစိတ်မပူရခြင်း
ဘာလို့လဲဆိုတော့ သေသေခြာခြာလေးရှင်းပြထားလို့ပါ ကိုယ်ကိုတိုင်‌တော့ လိုက်လုပ်ပေးရပါ့မယ်နော

👉HTML & CSS ကိုပြန်လေ့လာချင်တယ် အချိန်လည်းမပေးချင်ဘူး ကိုယ်ပိုင် self-study လည်းမလုပ်ချင်၊ သင်တန်းမှာလည်းသွားမတက်ချင်တဲ့သူအတွက် အလွယ်တကူလေ့လာလို့ရအောင် စီစဉ်ပေးထားတဲ့ သင်တန်းဖြစ်ခြင်း

ဒါကြောင့်ကိုယ့်အတွက် အကျိုးရှိမယ် လိုအပ်မယ်ထင်ရင် အားမနာပဲ တက်သင့်ပါတယ်လို့ ပြောချင်ပါတယ်😊😊

#အားလုံးအဆင်ပြေကြပါစေနော🙏

17/08/2020

🧚‍♂️Web Design Basic (HTML5 + CSS)🧚‍♂
🗓Every Mon and Tue at 8:00pm

🧚‍♂️Java Programming-PartI🧚‍♂️
🗓Every Thu and Fri at 8:00pm

Online ပညာဒါနသင်ကြားနေပါတယ် သင်ယူလိုသူများ 👉cb👈 မှဆက်သွယ်နိုင်ပါတယ်🥰🥰

သင်တန်းကာလ - August 15 to Sept 15



13/08/2020

မင်္ဂလာပါ🙏🙏🙏
ဒီတစ်ခေါက်မှာတော့ JDK install လုပ်နည်းလေးပြောပြထားပါတယ်နော
Video မပြင်ချင်တော့လို့ ဒီအတိုင်းတင်ပေးလိုက်ပါတယ်အဆင်‌မပြေတာလေးတွေရှိရင်သီးခံပေးပါနော😁

👉Java Programming – Part Iအခမဲ့😲 Online သင်တန်းကို (15.8.2020) မှစတင်သင်ကြားသွားပါမယ် သင်တန်းကာလ (1) လကြာပါမယ် ဒီသင်တန်း...
11/08/2020

👉Java Programming – Part I

အခမဲ့😲 Online သင်တန်းကို (15.8.2020) မှစတင်သင်ကြားသွားပါမယ်
သင်တန်းကာလ (1) လကြာပါမယ်
ဒီသင်တန်းလေးကို စိတ်၀◌င်စားတယ်ဆိုရင်တော့ (14.8.2020) နေ့ထိနောက်ဆုံးစာရင်းပေးသွင်းလို့ရပါတယ်
သင်ကြားပေးမည့် အကြောင်းအရာများကတော့
- First Java Program
- Java Programming Steps
- Computer Architecture
- Java Terminology and Syntax
- Java Program Template
- Write a Program to Add a Few Numbers
- What is a Program?
- What is a Variable?
- Basic Arithmetic Operations
- Using Loop
- Conditional statement
အသေးစိတ်ကို 👉cb မှာစုံစမ်းမေးမြန်းနိုင်ပါတယ်
Facebook group, Microsoft Teams တို့နဲ့သင်ကြားသွားပါမယ်...

Address

Layhtaungkan Road, Thingangyu
Yangon

Website

Alerts

Be the first to know and let us send you an email when Halo - Computer Online Class posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category