SEC-Tamwe-Street English Center

SEC-Tamwe-Street English Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SEC-Tamwe-Street English Center, Education, Yangon.

"Make As Many Words As You Can"🌟ကဲ Streeties လေးတို့ရေ C နဲ့ စတဲ့ စကားလုံး လေးလုံးပါတဲ့ Vocabularies‌‌ လေးတွေကို ကိုယ်မှ...
16/02/2024

"Make As Many Words As You Can"

🌟ကဲ Streeties လေးတို့ရေ C နဲ့ စတဲ့ စကားလုံး လေးလုံးပါတဲ့ Vocabularies‌‌ လေးတွေကို ကိုယ်မှတ်မိသလောက် "Comment"မှာ မန့်ခဲ့ပေးအုံးနော်..🙋🏼💖



Monday Motivation Quote🍀
25/09/2023

Monday Motivation Quote🍀


ယခုနောက်ပိုင်းမှာ English Language ကိုလေ့လာတဲ့လူငယ်တွေအနေနဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတွေထဲကတစ်ခုဖြစ်တဲ့ Speaking ကိုတက်ထ...
22/09/2023

ယခုနောက်ပိုင်းမှာ English Language ကိုလေ့လာတဲ့လူငယ်တွေအနေနဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတွေထဲကတစ်ခုဖြစ်တဲ့ Speaking ကိုတက်ထားပေမယ့် ဘယ်လိုမျိုးပြောရဲအောင် လုပ်ရပါ့မလဲဆိုတာနဲ့ပတ်သက်ပြီး မျှဝေပေးသွားမှာဖြစ်ပါတယ်။🗣️
(1) Community ကောင်းကောင်းတည်ဆောက်ပါ🫂
ဘာကြောင့်လဲဆိုတော့ Community ကောင်းဖို့ကအရေးကြီးဆုံး အချက်လို့ပြောလို့ရပါတယ်၊ ဘာကြောင့်လဲဆိုတော့ Speaking ကောင်းကောင်းပြောနိုင်ဖို့ဆို English Language ကို အမြဲလိုလို အသုံးပြုပြီးပြောလေ့‌ပြောထ ရှိတဲ့ Community တွေကို Joinသင့်ပါတယ်၊ ဒီအချက်က ခုနောက်ပိုင်းမှာဆိုရင် English နဲ့ပတ်သက်ပြီး လူငယ်တွေပြုလုပ်ထားတဲ့ Community တွေက Offline, Online များစွာရှိလာပါပြီ။

(2) Speaking နဲ့ပတ်သက်ပြီးရူးသွပ်ပါ၊
ကိုယ်ဝါသနာပါတဲ့အရာတစ်ခု၊ စိတ်ပါဝင်စားပြီး တက်မြောက်ချင်တဲ့ အရာတွေရှိလာပြီဆိုရင် ရူးသွပ်တာက ပိုပြီးတက်မြောက်စေပါတယ်၊ ဥပမာ ကိုယ်က English Speaking တိုးတက်ချင်တဲ့သူဆိုရင် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ အရာတွေကို English လိုပြောကြည့်တာ၊အခင်ဆုံးသူငယ်ချင်းတွေနဲ့ပြောတဲ့အခါ English လိုပြောတာစတာတွေကို ပြုလုပ်ကြည့်တာက English Speaking အတွက်တကယ်ကို Develop ဖြစ်စေပါတယ်။

(3)မှားမှာ မကြောက်ပါနဲ့
ဒါကတော့ English language ကိုလေ့လာတဲ့သူတွေ တော်တော်များများကြောက်ကြလေ့ရှိတဲ့ အရာလို့ပြောလို့ရပါတယ်၊ ဒါ့ကြောင့် ဒီနေရာမှာအကြံပေးချင်တာက မှားမှာကြောက်လို့ မပြောပဲမနေပါနဲ့၊ ဘာလို့လဲဆိုတော့ မှားမှာကြောက်ပြီး မပြောတာ‌များတဲ့ အခါ Speaking ပိုင်းမှာ အားနည်းသွားတက်ပါတယ်၊ ဒါ့ကြောင့် အမှားပါမှာမကြောက်ပဲ ရဲရဲဝံ့ဝံ့နဲ့ Speaking ကိုပြောဖို့အတွက် အကြံပေးပါရစေရှင်။
ဒါဆိုရင်တော့ ဒီနေ့ပြောပြသွားတဲ့ အချက်လေးတွေကို လိုက်လုပ်ကြည့်ဖို့အတွက် recommend ပေးလိုက်ပါတယ်ရှင်။
နောက်ထပ်လည်းအခုလို အချက်လေးတွေနဲ့ပတ်သက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်လေးတွေကို မျှဝေပေးသွားမှာမို့ Page လေးကိုစောင်းကြည့်ဖို့မမေ့ဖို့ မင်မင်ကပြောချင်ပါတယ်ရှင်🤭

Presentation ကောင်းအောင်ဘယ်လိုလုပ်ရပါ့မလဲ?🤔ဒီမေးခွန်းလေးကို English Learners လေးတွေတော်တော်များများ ညည်းလေ့ရှိတဲ့အသံပဲဖြ...
16/09/2023

Presentation ကောင်းအောင်ဘယ်လိုလုပ်ရပါ့မလဲ?🤔
ဒီမေးခွန်းလေးကို English Learners လေးတွေတော်တော်များများ ညည်းလေ့ရှိတဲ့အသံပဲဖြစ်ပါတယ်၊ ဒါကြောင့် ဒီ‌နေ့မှာ Learners လေးတွေအတွက် အသုံးဝင်စေမယ့် နည်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

(1)အတွေးကိုရှင်းရှင်းလေးထားပါ၊
လူငယ်တော်တော်များများ က Presentation စလုပ်ရတော့မယ်ဆိုရင် ထိုင်မရ၊ထမရဖြစ်တာ၊ စိတ်လှုပ်ရှားတာ၊ ဘာလုပ်ရမှန်းမသိတာ စတဲ့ worry တွေများလေ့ရှိပါတယ်၊ ဒါ့ကြောင့် Presentation စလုပ်မယ့်အချိန်တွေမှာ အတွေးကိုရှင်းရှင်းလင်းလင်း လေးထားနိုင်ဖို့အတွက်လိုအပ်ပါတယ်။

(2)မလုပ်နိုင်ဘူးထင်တာလျော့ပါ
ဒါကတော့ လူငယ်တော်တော်များများဖြစ်လေ့ဖြစ်ထရှိပါတယ်၊ ဘာကြောင့်လဲဆိုတော့ Presentation မှမဟုတ်ပါဘူး ၊ ကိုယ့်ကိုသတ်မှတ်ပြီး ချမှတ်ထားတာအရာတစ်ခုပေါ်မှာ မလုပ်နိုင်ဘူးထင်တာမျိုးဖြစ်လေ့ရှိပါတယ်၊ ဒါ့ကြောင့် အပေါ်မှာပြောခဲ့သလို မလုပ်နိုင်ဘူး ထင်ဝာလျော့ပြီး ရအောင်မဖြစ်ဖြစ်အောင် လုပ်ကြည့်ပါ။

(3) လူရှေ့ထွက်ပါ
ဒီအချက်ကတော့ Introvert လေးတွေ၊လူကြောက်တက်တဲ့သူလေးတွေအတွက် အခက်အခဲဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်၊ ဒါပေမယ့် လူရှေ့ထွက်ရဲဖို့ လိုအပ်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ လူရှေ့ထွက်ရဲမှသာ Presentation ပြုလုပ်ရဲမှာဖြစ်တာကြောင့် အတက်နိုင်ဆုံးလူရှေ့ထွက်ရဲအောင် ပြုလုပ်ပါ။

(4) Audience တွေရဲ့ reaction အပေါ်အရမ်းအာရုံမစိုက်ပါနဲ့
တစ်ခါတစ်လေကြရင် ကိုယ့်ရဲ့ Presentation ကိုချပြတဲ့အချိန်တွေမှာ Audience တွေရဲ့ reaction ကိုအရမ်းဂရုစိုက်လေ့ရှိပါတယ်၊ သူတို့ရဲ့ reaction ကိုဂရုစိုက်တာကကောင်းပေမယ့် ကိုယ့်ရဲ့ Presentation Skill ကို Blameတဲ့သူ‌တွေကို ဂရုစိုက်တာက မကောင်းပါဘူး၊ first time မှာလူတိုင်းအမှားပါနိုင်ပါတယ်၊ ဒါပေမယ့် Presentation လုပ်တဲ့အခါ အကောင်းဆုံးလုပ်ပြီး အလှဆုံးပြုံးခဲ့ဖို့ပြောချင်ပါတယ်။🤭

ဒါဆို ဒီနေ့ပြောပြသွားတဲ့ အချက်လေးတွေနဲ့အတူ Presentation လုပ်တဲ့အခါ tryကြည့်ဖို့အတွက် Recommend ပေးလိုက်ပါတယ်ရှင်။
နောက်ထပ်လည်း စိတ်ဝင်စားဖို့ ကောင်းတဲ့ အကြောင်းအရာလေးတွေကို မျှဝေပေးသွားမှာမို့ Pageလေးကိုစောင့်ကြည့်ဖို့မမေ့နဲ့နော်❣️❣️


ဒီတစ်ခါမျှဝေပေးသွားမယ့်အကြောင်းအရာလေးတွေကိုတော့ ကျောင်းသားတော်တော်များများနဲ့ စိမ်းမယ်လို့ မထင်ပါဘူး🫢၊ဘာကြောင့်လဲဆိုတော့...
14/09/2023

ဒီတစ်ခါမျှဝေပေးသွားမယ့်အကြောင်းအရာလေးတွေကိုတော့ ကျောင်းသားတော်တော်များများနဲ့ စိမ်းမယ်လို့ မထင်ပါဘူး🫢၊ဘာကြောင့်လဲဆိုတော့ ကျောင်းသားတော်တော်များများမှာ ဖြစ်လေ့ဖြစ်ထရှိကြပါတယ်၊ (စာ) လို့အသံကြားလိုက်တာနဲ့ အိပ်ချင်တာ၊ ပျင်းတာစတဲ့ အကျင့်လေးတွေက ငယ်ငယ်တည်းက ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အကျင့်တစ်ခုလိုတောင်ဖြစ်နေပါပြီ
ဒါဆိုဒီနေ့ မျှဝေသွားမယ့် Topic လေးကတော့ နေ့ရက်တိုင်း Active ဖြစ်နေအောင် စာလေ့လာနိုင်မယ့် နည်းလေးတွေကိုမျှဝေပေးလိုက်ပါတယ်၊❣👇
(၁)Time Management
ဒါကတော့ ကျောင်းသား၊ကျောင်းသူတွေမှ မဟုတ်ပါဘူး၊ လူငယ်တွေအနေနဲ့ ကိုယ့်ရဲ့အချိန်တွေကို သေချာစီမံနိုင်ဖို့ လိုအပ်ပါတယ်၊ ဉပမာ ကိုယ်က သတ်မှတ်ထားတဲ့ အချိန်တွင်းမှာ ဒီစာကို မဖြစ်မနေအနေနဲ့ ရကိုရရမယ် ဆိုတဲ့ စိတ်ကို ထားတာ၊ ထိုအချိန်အတွင်းမှာ မပြီးပြီးအောင် သေချာ Focusထားပြီးလုပ်တာကို မျိုးကိုပြောချင်တာပဲဖြစ်ပါတယ်၊

(၂) Social Media တွေကနေ ဝေးဝေးရှောင်ပါ
ဒီအချက်ကတော့ လူတော်တာ်များများဖြစ်လေ့ဖြစ်ထရှိပါတယ်၊ ဘာကြောင့်လဲဆိုတော့ စာလုပ်တဲ့ အချိန်တွေမှာ Social Media အသုံးပြုတာ၊ဖုန်းသုံးမိတာတွေက စာလုပ်တာကို အနှောက်အယှက်ဖြစ်စေပြီး စာလုပ်ဖို့အတွက် ပျင်းသွားလေ့ရှိပါတယ်၊ ဒါ့ကြောင့် Social Media နဲ့ ဝေးတာ၊ ဖုန်းကိုဝေးဝေးထားတာမျိုးက စာကိုပိုပြီးအာရုံစိုက်မိစေပါတယ်။

(၃)သီချင်းနားထောင်ရင်းစာလုပ်ပါ
လူငယ်တော်တော်များများ အပြင် မင်မင်အကြိုက်ဆုံးအချက်လေးလို့ ပြောလို့ရပါတယ်၊ ဘာကြောင့်လဲဆိုတော့ သီချင်းနားထောင်ရင်းစာလုပ်တာက စာလုပ်တဲ့ အခါ ပိုပြီး Active ဖြစ်စေပါတယ်၊ ဒါပေမယ့် အပေါ်မှာပြောခဲ့သလို ဖုန်းသုံးဖို့ပြောတာမဟုတ်ဘူးနော်၊ အဓိကက စာလုပ်တဲ့အခါ ကိုယ့်အတွက် အဆင်ပြေပြီး ငြိမ့်ညောင်းတဲ့ သံစဉ်လေးတွေနားထောင်တာ၊ ဒါမှမဟုတ် Active ဖြစ်စေမယ့် သံစဉ်တွေနဲ့အတူ စာလုပ်တာက စာကိုပိုပြီးပြီးစေသလို စာလုပ်ရတာ ပျင်းတယ်ဆိုတဲ့ ခံစားချက်မျိူးလည်း မရှိစေပါဘူး ၊

ဒါဆိုရင်တော့ ကိုယ်နဲ့ ကိုက်ညီမယ့်စာလုပ်နည်းလေးတွေကို သိရှိသွားလိမ့်မယ်လို့မျှော်လင့်မိပါတယ်၊ နောက်ထပ်လည်း ဒီလိုအကြောင်းအရာလေးတွေနဲ့ ပတ်သက်ပြီးမျှဝေပေးသွားပါအုံးမယ်ရှင်၊


English ကိုဘယ်အရွယ်စလေ့လာသင့်လဲ?      ဒါကိုတော့ မိဘတော်တော်များများလည်း မေးလေ့ရှိပါတယ်၊ ဘာလို့လဲဆိုတော့ English language...
13/09/2023

English ကိုဘယ်အရွယ်စလေ့လာသင့်လဲ?
ဒါကိုတော့ မိဘတော်တော်များများလည်း မေးလေ့ရှိပါတယ်၊ ဘာလို့လဲဆိုတော့ English language ကယခုလိုပြောင်းလဲနေတဲ့ ခေတ်မှာ မဖြစ်မနေတက်ရောက်ထားသင့်တဲ့ ဘာသာရပ်တစ်ခုလိုဖြစ်လာတာကြောင့်လည်း ပါပါတယ်၊
‌ဒီမေးခွန်းလေးရဲ့အဖြေကတော့ ငယ်တဲ့အချိန်မှာလေ့လာနိုင်လေ ကောင်းလေပဲဖြစ်ပါတယ်၊ဘာကြောင့်လဲဆိုတော့ ငယ်တဲ့အချိန်မှာ လေ့လာတာက မှတ်မိလွယ်သလို လေ့လာရတာလည်း ပိုမြန်တာကြောင့်ပဲဖြစ်ပါတယ် ၊ဒီလိုပြောလို့ ကိုယ်က အရွယ်ကြီးနေပြီဆိုပြီး တက်မှာမဟုတ်ဘူးဆိုတဲ့ အတွေးမျိုး‌တွေးလို့မရပါဘူး၊ ဘာကြောင့်လဲဆိုတော့ အဓိကကစိတ်နဲ့ပဲဆိုင်တာဖြစ်တာကြောင့်လည်း ဖြစ်ပါတယ်၊ ကိုယ့်ရဲ့ စိတ်ကတစ်နှစ်အတွင်းမရရအောင်လုပ်မယ်ဆိုတဲ့စိတ်မျိုးနဲ့ နေ့စဉ်မပျက်သေချာလုပ်သွားမယ်ဆိုရင် မတက်ဘူးဆိုတာမရှိပါဘူး၊ ဒါ့ကြောင့် Learnerလေးတို့အနေနဲ့ ငယ်တဲ့အချိန်မှာ ‌များမျာလေ့လာသင်ယူသင့်သလို၊ အရွယ်တစ်ခုရောက်နေတဲ့ သူလေးတွေကလည်း နောက်လှည့်ဖို့မစဉ်းစားပဲဆက်ကြိုးစားဖို့ fighting ပါ။
နောက်ထပ်လည်း Learnerလေးတို့အတွက် စိတ်ဝင်စားဖို့ကောင်းတဲ့အချက်လေးတွေကိုမျှဝေပေးသွားပါအုံးမယ်❣️


ဒီတစ်ခေါက်မှာတော့ English language ကိုလေ့လာနေတဲ့ လူငယ်တော်တော်များများကြုံရလေ့ရှိတဲ့ Presentation ကိုကောင်းအောင်ဘယ်လိုလု...
12/09/2023

ဒီတစ်ခေါက်မှာတော့ English language ကိုလေ့လာနေတဲ့ လူငယ်တော်တော်များများကြုံရလေ့ရှိတဲ့ Presentation ကိုကောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အချက်‌လေးတွေကို မျှဝေပေးလိုက်ပါတယ်❣
(1)လူမကြောက်ပါနဲ့
ကိုယ်က Presentation လည်းပြောချင်တယ် ၊ဒါပေမယ့် လူအရမ်းကြောက်နေတယ်ဆိုရင် အမှားပါဖို့များနိုင်ပါတယ်၊ ဒါ့ကြောင့် လူမကြောက်ပါနဲ့ Audience တွေကို ကြောက်နေတာထက် သူတို့ကို ကိုယ့်ရဲ့ မိတ်ဆွေတွေနဲ့ စကားပြောနေတယ်ဆိုတဲ့ ခံစားချက်သွင်းပြီး ပေါ့ပေါ့ပါးပါးပြောလို့ရပါတယ်။

(2) စိတ်ဖိစီးမှုတွေကိုအတက်နိုင်ဆုံးလျော့ပါ
ဒီအချက်ကတော့ အစပိုင်းမှာ တော်တော်များများဖြစ်လေ့ဖြစ်ထရှိပါတယ်၊ ဘာကြောင့်လဲဆိုတော့ Presentation မစခင်မှာ အ‌ကောင်းဆုံးလေ့ကျင့်ပြီးမှ တကယ် Presentation လုပ်တဲ့အခါမှာ ဘာမှပြောမထွက်တော့တာ၊မေ့ကုန်တာ စတဲ့အလွဲလေးတွေဖြစ်တက်တာကြောင့် အတက်နိုင်ဆုံးစိတ်ဖိစီးမှုတွေ လျော့ပါ။

(3) နောက်တစ်ခေါက်လုပ်ရမှာကိုမကြောက်ပါနဲ့
ဒီတစ်ခေါက်မှာ ကိုယ်က ပထမဦးဆုံးအကြိမ်ဖြစ်တာ‌မို့ အလွဲလွဲအချော်ချော်တွေ အမျိုးမျိုးဖြစ်နိုင်ပါတယ်၊ ဒါကို Seriously ဖြစ်ပြီး နောက်တစ်နောက် Presentation တွေမှာ မလုပ်တာ၊လက်လျော့တာတွေ လုံးဝမလုပ်ပါနဲ့ ၊ လူတစ်ယောက်က ကိုယ်မကျွမ်းတာကို အခေါက်ခေါက်အခါခါလုပ်တဲ့ အခါ ကျွမ်းကျင်မှုတစ်ခုဖြစ်လာမှာ အသေအချာပါပဲ။
ဒါဆိုရင်တော့ ဒီနေ့ပြောပြသွားတဲ့ Presentation လုပ်တဲ့ အခါ အဆင်ပြေအောင်လုပ်လို့ရနိုင်မယ့်နည်းလေးတွေကိုသိရှိသွားလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
နောက်ထပ်လည်း Learnerလေးတွေအတွက်အကျိုးရှိစေမယ့်အကြောင်းအရာလေးတွေကို မျှဝေပေးသွားပါအုံးမယ်ရှင်❣️

ဒီတစ်ခါမှာတော့ English language ကိုယနေ့ခေတ်မှာ ဘာကြောင့်တက်ရောက်မှုများပြားလာတာလဲဆိုတာကို မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။......
11/09/2023

ဒီတစ်ခါမှာတော့ English language ကိုယနေ့ခေတ်မှာ ဘာကြောင့်တက်ရောက်မှုများပြားလာတာလဲဆိုတာကို မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။......

1. English is the language of International Communication
English Language ဆိုတာ‌ကတော့ နိုင်ငံတကာ ဆက်သွယ်ရေး ဘာသာစကားလို့လည်း ပြောလို့ရသလို ပေါင်းကူးတံတားလို့လည်း ဆိုလို့ရပါတယ်၊ဘာကြောင့်လဲဆိုတော့ ကမ္ဘာပေါ်တွင် လူပြောအများဆုံးဘာသာစကားတစ်ခုလည်းဖြစ်ပြီး လူဦးရေ သန်းကျော်က English language ကို First Language အဖြစ်ပြောဆိုလေ့ရှိပါတယ်၊

2.English gives access to more entertainment and more access to the Internet
ဒီအချက်ကတော့ English စာကိုလေ့လာတဲ့ လူငယ်တော်တော်များများရဲ့ ပြဿနာလေးတွေဖြစ်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကိုယ်က English Movie, TV Show တစ်ခုကို ကြည့်တဲ့အခါ ကိုယ်က နားမလည်လို့ တစ်ခုချင်းစီကို ဘာသာပြန်ရမှာ စိတ်မရှည်လို့စတာတွေကြောင့် မြန်မာစာတန်းထိုးပါ‌တာတွေကို ကြည့်လေ့ရှိပါတယ်၊ ဒါ့ကြောင့် English Language ကိုကိုယ်က လေ့လာမယ့်လူငယ်တစ်ယောက်၊ Listen Skillကောင်းချင်တဲ့ လူငယ်‌တစ်ယောက်ဆိုရင်တော့ ဒီလို Movie တွေကို မြန်မာစာတန်းထိုးမပါဘဲကြည့်တာက သင့်အတွက် English Skillကပိုတိုးတက်စေပါတယ်။

3.English makes it easier to travel
ဒီတစ်ချက်လေးကတော့ တော်တော်အရေးပါပါတယ်၊ ဘာကြောင့်လဲဆိုတော့ သင်က တစ်ခြားနိုင်ငံမှာ လုပ်ငန်းခွင်ဝင်မယ့်သူတစ်ယောက်၊ ဒါမှမဟုတ် ‌နိုင်ငံရပ်ခြားမှာ ကျောင်းတက်ဖို့စိတ်ကူးရှိတဲ့ လူငယ်တစ်ယောက်ဆိုရင်တော့ English language ကိုမဖြစ်မနေသိထား၊တက်ထားသင့်ပါတယ်၊ဘာကြောင့်လဲဆိုတော့ သင်က တခြားနိုင်ငံမှာ အလုပ်လုပ်ဖို့၊ကျောင်းတက်ဖို့စီစဉ်ထားပေးမယ့် English language ကိုမသိတာမျိုးဆိုရင်တော့ ခရီးသွားရာမှာအခက်အခဲဖြစ်စေတာကြောင့်ပဲဖြစ်ပါတယ်။

ဒါဆိုရင်တော့ ဒီနေ့မျှဝေပေးသွားတဲ့ အချက်တွေထဲမှာ English Language ကိုတော်တော်များများက ဘာကြောင့်လေ့လာတာတွေလုပ်လာကြတာလဲ၊ဘာကြောင့်အရေးကြီးလာတာလဲဆို‌တဲ့ အချက်လေးတွေကို သိရှိသွားလိမ့်မယ်လို့မျှော်လင့်မိပါတယ်၊ နောက်ထပ်လည်း English Language နဲ့ပတ်သက်ပြီး စိတ်ဝင်စားမယ့် အကြောင်းလေးတွေကို Sharing လုပ်သွားပေးမှာမို့ စောင့်ကြည့်ဖို့မမေ့နဲ့အုံးနော်👉👈🥺


Address

Yangon

Telephone

+959765658344

Website

Alerts

Be the first to know and let us send you an email when SEC-Tamwe-Street English Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to SEC-Tamwe-Street English Center:

Shortcuts

Share

Category