Golden Gate Korean Language Center

Golden Gate Korean Language Center Join us for a captivating journey into the language and culture of Korea.

EPS မေးခွန်းဟောင်းထဲက တစ်ခု တင်ပေးထားပါတယ်အဖြေမှန်လေး ရွေးကြည့်ပေးပါဦး 🤗🤗  #ကိုရီးယားဘာသာသင်တန်းကျောင်း
22/02/2024

EPS မေးခွန်းဟောင်းထဲက တစ်ခု တင်ပေးထားပါတယ်
အဖြေမှန်လေး ရွေးကြည့်ပေးပါဦး 🤗🤗


#ကိုရီးယားဘာသာသင်တန်းကျောင်း

အဖြေမှန်လေး ရွေးကြည့်ကြစို့နော်   #ကိုရီးယားဘာသာသင်တန်းကျောင်း
21/02/2024

အဖြေမှန်လေး ရွေးကြည့်ကြစို့နော်


#ကိုရီးယားဘာသာသင်တန်းကျောင်း

안녕하세요 🥰🥰ဒီနေ့တော့ EPS မေးခွန်းဟောင်းထဲက တင်ပေးလိုက်ပါတယ်နော် အဖြေမှန်လေး ရွေးပေးကြပါဦးနော် ☺️☺️    #ကိုရီးယားဘာသာသင်တန်း...
20/02/2024

안녕하세요 🥰🥰
ဒီနေ့တော့ EPS မေးခွန်းဟောင်းထဲက တင်ပေးလိုက်ပါတယ်နော် အဖြေမှန်လေး ရွေးပေးကြပါဦးနော် ☺️☺️




#ကိုရီးယားဘာသာသင်တန်းကျောင်း

EPS Question လာပီနော် အဖြေမှန်လေးရွေးပီး comment မှာရေးပေးနော်  #ကိုရီးယားဘာသာသင်တန်းကျောင်း
19/02/2024

EPS Question လာပီနော်
အဖြေမှန်လေးရွေးပီး comment မှာရေးပေးနော်


#ကိုရီးယားဘာသာသင်တန်းကျောင်း

13/02/2024

🇰🇷၁၆ ကြိမ်မြောက် EPS စာမေးပွဲမှာ မိန်းကလေးတွေကိုပါ ဝင်ဖြေခွင့်ပေးလိုက်ပါတယ်။ ဝန်ဆောင်မှုလုပ်ငန်းမှာပါ။ မီးဖိုချောင်အကူ (Cooking Assistant) နဲ့ အဆောက်အဦသန့်ရှင်းရေး (Building Cleaner) မှာ ဝင်လုပ်ရမှာပါ။ စားသောက်ဆိုင်၊ ဆေးရုံ၊ ဟိုတယ်၊ ကွန်ဒိုတွေ အကျုံးဝင်လာမှာပါ။

🇰🇷အခြေခံပညာအထက်တန်းအောင်ရမယ်ဆိုတာက ဆယ်တန်းအောင်ရမှာပါ။ ကိုးတန်းအောင်နဲ့မရပါဘူး။ နိုင်ငံရပ်ခြား သွားရမဲ့ မိန်းကလေးတွေက အနည်းဆုံးတော့ ထိုက်သင့်တဲ့ တွေးခေါ်စဉ်းစားနိုင်မဲ့ ပညာရည်ချိန် ရှိဖို့ လိုအပ်တယ်လို့ ယူဆပါတယ်။

🇰🇷ပတ်စ်ပို့ သက်တမ်းကန့်သတ်ချက်မရှိဆိုတာက သက်တမ်းကုန်နေလည်းရပါတယ်။ PJ PV PS ရပါတယ်။ အလုပ်ဖောင်တင်ချိန်ကျရင်သာ PJ ဖြစ်ဖို့လိုပြီး ဖြေတုန်းကတင်ခဲ့တဲ့ ပတ်စ်ပို့ပါ အမည်၊ မွေးနေ့တွေ တူနေဖို့လိုပါတယ်။

🇰🇷ဝန်ဆောင်မှုလုပ်ငန်းအတွက် ခွဲတမ်းများပါတယ်။ ဦးရေ သုံးထောင့်သုံးရာကျော် ခွဲတမ်းရပါတယ်။ အုပ်စု (၁) နဲ့ အုပ်စု (၂) က သန့်ရှင်းရေးနဲ့ စားသောက်ဆိုင် ကွဲသွားတဲ့ သဘောပါပဲ။ ဝန်ဆောင်မှုလုပ်ငန်းအတွက်က အောင်သွားရင်တောင် မွမ်းမံသင်တန်းကို HRD က ထပ်ပေးဦးမှာပါ။

🇰🇷 လက်ရှိ စိုက်ပျိုးရေးနဲ့ အောင်ထားတဲ့ သူတွေ ဆောက်လုပ်ရေးနဲ့ အောင်ထားတဲ့သူတွေ ဝင်ဖြေလို့ရလားဆိုရင် ရပါတယ်။ ဒါပေမဲ့ အလုပ်လျှောက်လွှာတင်ချိန်ကျရင်တော့ ရချင်မှ ရပါတယ်။ စနစ်မှာ ကန့်သတ်လို့ ပြနေလို့ ဖြစ်ပါတယ်။ ဝင်ဖြေချင်ရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပါပဲ။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်လုပ်ပါ။ POEA က ရတယ်တို့ ဆရာကိုပြည့်လင်းက ရေးထားလို့ ရတယ်လို့တော့ မလုပ်ကြပါနဲ့။

🇰🇷အနည်းဆုံးအမှတ်သတ်မှတ်ချက်တွေကတော့ ဖြေတဲ့သူ များတာနဲ့အမျှ မြင့်သွားမှာပါ။ ဥပမာ ဝန်ဆောင်မှုလုပ်ငန်းမှာ အမှတ် ၃၆ မှတ်က အောင်မှတ်ဆိုပေမဲ့ ဖြေတဲ့သူများလားရင် အောင်မှတ်သတ်မှတ်ချက်က အမှတ် ၇၀ လည်း ဖြစ်သွားနိုင်တယ်။ ၈၀ လည်း ဖြစ်သွားနိုင်တယ်။ အဲ့တော့ စာမေးပွဲအောင်မြင်ရုံနဲ့တင် မရပါဘူး။ အမှတ်ကောင်းဖို့လိုပါတယ်။

အောင်မြင်ကြပါစေ။

Credit Pyae Linn
ကိုရီးယားအလုပ်သံအရာရှိဟောင်း

EPS-Topik
13/02/2024

EPS-Topik

🇲🇲ပြည်ထောင်စုနေ့🇲🇲၂၀၂၄ ခုနှစ်၊ ‌ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် ကျရောက်သော (၇၇ )နှစ်မြောက် ပြည်ထောင်စုနေ့ကို ပြည်ထောင်စုတိုင်းရ...
12/02/2024

🇲🇲ပြည်ထောင်စုနေ့🇲🇲

၂၀၂၄ ခုနှစ်၊ ‌ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင်
ကျရောက်သော (၇၇ )နှစ်မြောက် ပြည်ထောင်စုနေ့ကို ပြည်ထောင်စုတိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့်အတူ Golden Gate ကိုရီးယားဘာသာသင်တန်းကျောင်းမှ လှိုက်လှဲစွာဂုဏ်ပြုကြိုဆိုလိုက်ပါသည်။

#ပြည်ထောင်စုနေ့

#ကိုရီးယားဘာသာသင်တန်းကျောင်း

🇰🇷ဒီနေ့ကတော့ ကိုရီးယား နှစ်သစ်ကူးနေ့  𓆩설날𓆪 ဖြစ်တဲ့အတွက် နှစ်သစ်ကူးနေ့မှာ ကိုရီးယားလူမျိုးတွေ လုပ်ကြတဲ့ ရိုးရာဓလေ့ထုံးစံတ...
10/02/2024

🇰🇷ဒီနေ့ကတော့ ကိုရီးယား နှစ်သစ်ကူးနေ့ 𓆩설날𓆪 ဖြစ်တဲ့အတွက် နှစ်သစ်ကူးနေ့မှာ ကိုရီးယားလူမျိုးတွေ လုပ်ကြတဲ့ ရိုးရာဓလေ့ထုံးစံတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

🇰🇷ကိုရီးယားနှစ်သစ်ကူးကတော့ ကိုရီးယားလပြက္ခဒိန်ရဲ့ ၁လပိုင်း ၁ရက်နေ့ ဖြစ်ပါတယ်။
🇰🇷ရည်ရွယ်ချက်ကတော့ နှစ်တစ်နှစ် အစပြုတာကို ကြိုဆိုဂုဏ်ပြုတဲ့ အနေနဲ့အထိမ်းအမှတ်ပြုလုပ်ကြတာဖြစ်ပါတယ်။
🇰🇷အဲ့ဒီနေ့မှာ မိသားစုတွေ စုဝေးပြီး ဘိုးဘေးတွေနဲ့ လူကြီးတွေကိုလည်း ရှိခိုးကန်တော့ကြပါတယ်။
🇰🇷ဒီလိုကန်တော့တဲ့အခါ လူကြီးတွေက ဆုတွေ မုန့်ဖိုးတွေ ပေးကြပါတယ်။
🇰🇷설날 ကာလအတွင်းမှာ ကိုရီးယားလူမျိုးတွေက 한복 Hanbok (ရိုးရာကိုရီးယားအ၀တ်အစားတွေ) ၀တ်ဆင်ကြပြီး ရိုးရာဓလေ့ထုံးစံအတိုင်း ဖျော်ဖြေကြပြီး ရိုးရာကစားနည်းတွေကို အတူတူ ပျော်ပျော်ရွှင်ရွှင် ကစားကြပါတယ်။
🇰🇷ပြီးတော့ ဆန်မုန့် Tteokguk (떡국) ကဲ့သို့သော ရိုးရာအစားအစာတွေကိုလည်း စားကြပါတယ်။
🇰🇷နစ်သစ်ကူးနေ့မှာ '새해 복 많이 받으세요' 'နစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ" လို့ ဆုတောင်းစကားပြောကြတာပဲဖြစ်ပါတယ်။


#ကိုရီးယားဘာသာသင်တန်းကျောင်း

🛑မကြာခင် ကိုရီးယားနှစ်သစ်ကူးလည်း ရောက်တော့မှာဆိုတော့ နှစ်သစ်ကူးနဲ့ဆိုင်တဲ့ အသုံးအနှုန်းလေးတွေကို လေ့လာကြည့်ရအောင်နော် 🛑က...
09/02/2024

🛑မကြာခင် ကိုရီးယားနှစ်သစ်ကူးလည်း ရောက်တော့မှာဆိုတော့ နှစ်သစ်ကူးနဲ့ဆိုင်တဲ့ အသုံးအနှုန်းလေးတွေကို လေ့လာကြည့်ရအောင်နော်

🛑ကျွန်မတို့ Golden Gate ကိုရီးယားဘာသာသင်တန်းကျောင်းမှလဲ မကြာခင်အချိန်တွင်းမှာ EPS-Topik သင်တန်းများ၊ ကိုရီးယား အခြေခံစကားပြောအတန်းများ၊ ပိုမိုထိရောက်စွာ သင်ယူနိုင်မယ့် one by one အတန်းများ ကို zoom class,offline class များနဲ့ စတင်တော့မှာမို့လို့ page လေးကို Like and follow လေး လုပ်ထားပေးပါဦးနော်။

🛑အသေးစိတ်ဆက်သွယ်မေးမြန်းလိုပါက page messager မှ ဖြစ်စေ ဖုန်းနံပါတ် 09- 409944766 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

🛑လိပ်စာ - အမှတ် ၇၊ နှင်းဆီလမ်း ၊ (၁) ထူပါရုံရပ်ကွက်၊ သာကေတမြို့နယ် ။


#ကိုရီးယားဘာသာသင်တန်းကျောင်း

안녕하세요... 🇲🇲🇰🇷ရန်ကုန်မြို့ သာကေတမြို့နယ်တွင် မကြာမီ ဖွင့်လှစ်တော့မည့် Golden Gate ကိုရီးယား ဘာသာသင်တန်းကျောင်း တွင် လုပ်က...
01/02/2024

안녕하세요... 🇲🇲🇰🇷
ရန်ကုန်မြို့ သာကေတမြို့နယ်တွင် မကြာမီ ဖွင့်လှစ်တော့မည့် Golden Gate ကိုရီးယား ဘာသာသင်တန်းကျောင်း တွင် လုပ်ကိုင်နိုင်မည့် Admin Staff Full Time ဝန်ထမ်း ၁ ဦး အလိုရှိပါသည်။

☑️EPS ကိုရီးယားသင်တန်းကျောင်းတွင် လုပ်ကိုင်ဖူးသူ (သို့) EPS လုပ်ငန်းအကြောင်းအတွေ့အကြုံ ရှိသူ ( အနည်းဆုံး လုပ်သက် တစ်နှစ် ရှိရပါမည် )
☑️အသက် ၂၀ မှ ၃၅ နှစ်အတွင်း (ကျားမ မရွေး)
☑️အဓိက ရေရှည် လက်တွဲနိုင်သူ ဖြစ်ရပါမည်။
☑️သာကေတ မြို့နယ်အနီးအတွင်း နေထိုင်နိုင်သူ ဦးစားပေးမည်။
☑️တပတ်တရက် ပိတ်ရက်ရှိပါသည်။
☑️အများနှင့် ပူးပေါင်း လုပ်ကိုင်နိုင်သူ၊ ကျောင်းသားကျောင်းသူများကို ဖော်ရွေပီး စိတ်ရှည်ရှည်နှင့် ရှင်းပြပြောဆိုနိုင်ရမည်။
☑️မိမိ အရည်အချင်းအပေါ် မူတည်ပီး လစာနှင့် အလုပ် ညှိနှိုင်းပေးမည်။

☑️လျှောက်ထားလိုသူများအနေဖြင့် Viber 09-409944766 သို့ CV form များကို ၂၉.၂.၂၀၂၄ ရက် နောက်ဆုံးထားပီး ပေးပို့နိုင်မည် ဖြစ်ပါသည်။
☑️CV form ရွေးချယ်ခံရသူများအား interview ဖြေဆိုရန် သီးသန့် ဆက်သွယ်ပေးမည် ဖြစ်ပါသည်။

လိပ်စာ - အမှတ် ၇ ၊ နှင်းဆီလမ်း ၊ (၁) ထူပါရုံ ရပ်ကွက်၊ သာကေတ မြို့နယ်။
ဆက်သွယ်ရန်ဖုန်း - 09-409944766, 09-5138305, 09-420032287



Address

Hnin Si Street
Yangon

Website

Alerts

Be the first to know and let us send you an email when Golden Gate Korean Language Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category