New Connect Japanese Language Center

New Connect Japanese Language Center Unlock Your Japanese Potential at New Connect!

N4 ClassLesson 26~33 GrammarKotoba
28/07/2026

N4 Class
Lesson 26~33

Grammar
Kotoba

N5Class Lesson 1~8Basic Grammar Kotoba
25/07/2026

N5Class
Lesson 1~8
Basic
Grammar
Kotoba

N5 New Class ဒီနေ့ကစပြီး အားလုံးရဲ့ဂျပန်ဘာသာစကားခရီးကို ဆရာ့အနေနဲ့  ဆုံးခန်းတိုင်အောင် အကောင်းဆုံး လမ်းညွှန်ပေးသွားပါ့မယ...
11/07/2026

N5 New Class

ဒီနေ့ကစပြီး အားလုံးရဲ့ဂျပန်ဘာသာစကားခရီးကို
ဆရာ့အနေနဲ့ ဆုံးခန်းတိုင်အောင်
အကောင်းဆုံး လမ်းညွှန်ပေးသွားပါ့မယ်။

အစပိုင်းမှာ စာတွေခက်မယ်၊ Vocabulary တွေများမယ်၊ Grammar တွေရှုပ်မယ်၊ စိတ်ပင်ပန်းတဲ့နေ့တွေလည်း ရှိမယ်။ ဒါပေမယ့် "မရသေးတာ" နဲ့ "မရနိုင်တာ" မတူပါဘူး။ လက်မလျှော့ဘဲ ဆက်ကြိုးစားရင် သေချာပေါက် ရလာမှာပါ။

📚 စာကို နေ့တိုင်း ပြန်ဖတ်ပါ။
📝 Homework တွေကို အချိန်မှန် လုပ်ပါ။
🙋‍♂️ မသိတာရှိရင် မေးဖို့ မရှက်ပါနဲ့။
💪 ဘယ်လိုအခက်အခဲပဲ ရှိရှိ လက်မလျှော့ဘဲ ရှေ့ဆက်ပါ။

အခက်အခဲတွေဟာ တစ်ယောက်တည်း ကြုံ​နေတာ
မဟုတ်ပါဘူး။ ဆရာနဲ့ အားလုံးက အတူတူ လက်တွဲပြီး ကြိုးစားသွားကြမယ်။

N5 Level ပြီးသွားရုံပဲ မဟုတ်ဘဲ
ဂျပန်မှာ ယုံကြည်မှုအပြည့်နဲ့ ရပ်တည်နိုင်တဲ့သူတွေ ဖြစ်လာအောင် အတူကြိုးစားကြရအောင်။

အားလုံးရဲ့ကြိုးစားမှုတိုင်း အောင်မြင်မှုအဖြစ် ပြန်လည်ခံစားရမှာပါ ကလေး တို့ 🌸🇯🇵

ကိုယ့်နယ်ဘက်က ကလေးတွေ တစ်ယောက်ပြီးတစ်ယောက် ပညာသင် ရော အလုပ်ရောထွက်ခွာခွင့်ရအောင် ကူညီခွင့်ရလို့ ဝမ်းသာပါတယ်Aung Ko Htet ...
10/07/2026

ကိုယ့်နယ်ဘက်က ကလေးတွေ
တစ်ယောက်ပြီးတစ်ယောက်
ပညာသင် ရော အလုပ်ရော
ထွက်ခွာခွင့်ရအောင် ကူညီခွင့်ရလို့ ဝမ်းသာပါတယ်
Aung Ko Htet
Kyaw Zin Min တို့ရေ
Language School မှာ ကြိုးစားသင်ယူ ပြီး
ကားကျောင်းလည်း အဆင်ပြေစွာ တက်ရောက်ခွင့်ရရှိပြီး ရည်မှန်းချက်အားလုံး ပြည့်ဝကြပါစေလို့ ဆုမွန်ကောင်းတောင်း​ပေးပါတယ်။ကျန်းမာပျော်ရွှင်၍ အောင်မြင်မှုများရရှိကြပါစေ။

04/07/2026

မနက်ဖြန် JLPT (N5, N4, N3,N2) စာမေးပွဲကို ဖြေဆိုကြမယ့် New Connect မှ သင်တန်းသား/သင်တန်းသူများအားလုံးအကောင်းဆုံး​ဖြေဆိုနိုင်ကြပြီး အကောင်းဆုံးရလဒ်များ ရရှိကြပါစေလို့
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 🍀✨
ကျောင်းသား/ကျောင်းသူတိုင်း ဆရာနဲ့အတူ
ကြိုးစားအားထုတ်ခဲ့ကြပြီး JLPT မေးခွန်းဟောင်းများအပါအဝင် စာမေးပွဲပုံစံနဲ့ကိုက်ညီတဲ့ လေ့ကျင့်ခန်းတွေကို အကြိမ်ကြိမ် လေ့ကျင့်ခဲ့ပြီး၊ အားနည်းချက်တွေကိုလည်း သေချာပြင်ဆင်ခဲ့ကြပါပြီ။
ဒီညတော့ စာအသစ်တွေ အတင်းမကျက်တော့ဘဲ စောစောအနားယူပြီး အိပ်ရေးဝဝအိပ်ပါ။ ကျန်းမာရေးကို ဂရုစိုက်​ကြပါ။
မနက်ဖြန် စိတ်ကြည်လင်လန်းဆန်းစွာနဲ့ စာမေးပွဲခန်းထဲ ဝင်နိုင်ဖို့ အရေးကြီးပါတယ်။
အခုအချိန်မှာတော့ ကိုယ့်ကိုယ်ကို ယုံကြည်ပါ။
မေးခွန်းကို သေချာဖတ်ပြီး
အချိန်ကို အကောင်းဆုံး စီမံခန့်ခွဲပြီး
အကောင်းဆုံး ဖြေဆိုလိုက်ပါ။

📚 စာမေးပွဲပြီးရင်လည်း မရပ်တန့်လိုက်ပါနဲ့။
New Connect မှာ နောက် Level တွေကို အတူတူ ဆက်လက်သင်ယူပြီး ဂျပန်ပညာရေးနဲ့ အလုပ်အကိုင်အိပ်မက်တွေကို အကောင်အထည်ဖော်ကြမယ်။
ကျောင်းသား/ကျောင်းသူများအားလုံး လိုချင်တဲ့ Result ကို ရရှိပြီး
Next Level မှာ ပြန်လည်ဆုံတွေ့ရဖို့ New Connect Japanese Language School မိသားစုမှ
စောင့်မျှော်နေပါတယ် 😍
がんばってください!
みなさんのごうかくを心よりおいのりしています。 🌸

🇯🇵✈️July Intake, Tokyo ​​​​​ မြို့မှာ Language School တက်​​ရောက်ကြမယ့် သမီးလေး (၄) ယောက် 🌸Nandar LwinWai Zin PhyoWin Thi...
01/07/2026

🇯🇵✈️July Intake, Tokyo ​​​​​ မြို့မှာ
Language School တက်​​ရောက်ကြမယ့်
သမီးလေး (၄) ယောက် 🌸
Nandar Lwin
Wai Zin Phyo
Win Thiri Htay
Nandar Lin Latt

သမီးတို့အားလုံးအတွက် ဒီနေ့ဟာ အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ စတင်မယ့်နေ့သစ်တစ်နေ့ဖြစ်သလို၊ ဆရာ့အတွက်လည်း
အလွန်ဂုဏ်ယူရတဲ့နေ့တစ်နေ့ဖြစ်ပါတယ်။

စာသင်ခဲ့ရတဲ့အချိန်တွေ၊ ရယ်မောခဲ့ရတဲ့နေ့တွေ၊
စာမေးပွဲအတွက်အတူ ကြိုးစားခဲ့တဲ့အချိန်တွေက
ဆရာ့အတွက်အမြဲတမ်း အမှတ်တရကောင်းတွေဖြစ်နေမှာပါ။

ဆရာ့သင်တန်းကို ယုံကြည်ပြီး ရွေးချယ်ခဲ့ကြတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။
သမီးတို့ရဲ့ကြိုးစားအားထုတ်မှုတွေက
ဒီနေ့ ရလဒ်ကောင်းကို ရရှိစေခဲ့တာပါ။
ဒီကြိုးစားအားထုတ်မူတွေ ကို မရပ်တန့်လိုက်ပဲ
ဆက်လက်ပြီး ကြိုးစားပေးကြပါဦး။
ပတ်ဝန်းကျင်အသစ်၊ ဘဝအသစ်မှာ အမြန်ဆုံးအသားကျပြီး ရည်မှန်းချက်တွေလည်း တစ်ဆင့်ပြီးတစ်ဆင့် ပြည့်ဝနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Kaigo Scholarship နဲ့ ဂျပန်နိုင်ငံကို ထွက်ခွာသွားတဲ့ သမီးလေး ၃ ယောက်… ✈️🇯🇵အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ကြ ပြီး စိတ်ချမ်...
30/06/2026

Kaigo Scholarship နဲ့ ဂျပန်နိုင်ငံကို ထွက်ခွာသွားတဲ့ သမီးလေး ၃ ယောက်… ✈️🇯🇵
အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ကြ ပြီး
စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့အခက်အခဲတိုင်းကို ကျော်ဖြတ်နိုင်ကြပါစေ။
အောင်မြင်မှုတွေနဲ့ ပြန်လည်ဆုံတွေ့နိုင်မယ့်နေ့ကို စောင့်မျှော်နေပါတယ် သမီးတို့
Mya Soe
KhineSwe Lin
Thu Zar Khaing

July Intake တိုကျိုမြို့မှာ ကျောင်းသွားတက်မယ့် မောင်နှမအရွယ် တူဝရီးနှစ်ယောက် 😂😂အစစအရာရာ အဆင်ပြေကြပါစေအငယ်ဆုံးလေးတွေဆိုတေ...
28/06/2026

July Intake တိုကျိုမြို့မှာ ကျောင်းသွားတက်မယ့် မောင်နှမအရွယ် တူဝရီးနှစ်ယောက် 😂😂
အစစအရာရာ အဆင်ပြေကြပါစေ
အငယ်ဆုံးလေးတွေဆိုတော့ ငိုလိုက်ကြတာ 😂
ခုကျ ဖုန်းဆက်ရဲ့လားတောင်မသိဘူး 😜
စာတွေသေချာကြိုးစားဖို့
ကျောင်းပြီးဆုံးအောင်တက်ကြဖို့ မှာချင်ပါတယ်

ဒီတစ်ခါ N5/N4/N3 အတန်းသစ်တွေ စောစောစီးစီးဖွင့်ရပါမယ်2026 July JLPT စာ​မေးပွဲပြီးပြီဆိုတာနဲ့ အချိန် က ၄ လပဲရတာမို့ ရပ်နေလ...
24/06/2026

ဒီတစ်ခါ N5/N4/N3 အတန်းသစ်တွေ
စောစောစီးစီးဖွင့်ရပါမယ်
2026 July JLPT စာ​မေးပွဲပြီးပြီဆိုတာနဲ့
အချိန် က ၄ လပဲရတာမို့ ရပ်နေလို့မရပဲ
December JLPT အတွက်အတူရှေ့ဆက်ကြအုံးစို့
စာမေးပွဲတွေအပတ်စဥ်စစ်ပေး
မေးခွန်းဟောင်းတွေ အကြိမ်ကြိမ်ဖြေပေး
သက်ဆိုင်ရာအပိုင်းတိုင်းကို
သေချာဂရုတစိုက်သင်ပေးမှာမို့ ကျောင်းမှန်မှန်တက်ပြီး ကြိုးစားချင်တဲ့စိတ်လေးသာ မွေးခဲ့ပါ
အချိန်တွေ သင်တန်း​ကြေးတွေ
အလကားမဖြစ်စေရပါဘူး
အတန်းအားလုံးအတွက် သေချာပြင်ဆင်ပေးမှာမို့
အတူကြိုးစားဖို့ စောင့်မျှော်နေပါတယ်
New Connect Japanese Language Center

2026 April IntakeOsaka/ Kobe မြို့တွေမှာ ကျောင်းသွားတက်ကြမယ့် ကလေးတွေကို လိုက်ပို့ဒီမှာထက်အများကြီးပိုကြိုးစားပေးကြပါအခက...
31/03/2026

2026 April Intake
Osaka/ Kobe မြို့တွေမှာ
ကျောင်းသွားတက်ကြမယ့် ကလေးတွေကို လိုက်ပို့
ဒီမှာထက်အများကြီးပိုကြိုးစားပေးကြပါ
အခက်ခဲမှန်သမျှ လက်မလျှော့ပဲကြိုးစားပေးပါ
ပညာရေးကိုဆုံးခန်းတိုင်အောင်ကြိုးစားပြီး
အောင်မြင်တဲ့သူများဖြစ်ကြပါစေ

Address

No 36, 5th Floor, BoHmueAung Street, BoSeinHman Quarter, Bahan Township
Yangon

Website

Alerts

Be the first to know and let us send you an email when New Connect Japanese Language Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share