12/04/2024
ရှင်းလင်းခြင်းမှာ စွမ်းအားရှိတယ် ဆိုတာကို ကျွန်မယုံကြည်တယ်။
ကျမတိုစိတ်ဟာ ကြည်လင်ရှင်းလင်းနေတဲ့အခါ စွမ်းအားရှိတယ်။
လုပ်စရာတွေကို ပေါ့ပေါ့ပါးပါး လုပ်သွားနိုင်တယ်။
ကျွန်မတို့စိတ်ဟာ ရှုပ်ထွေးနေတဲ့အခါ စွမ်းအားမရှိတော့ဘူး။
လုပ်စရာရှိတာတွေကို မလုပ်နိုင်တော့ဘူး၊ အတွေးတွေပါရှုပ်ထွေးလာပြီး စိတ်ဓါတ်ပါ ကျလာတတ်တယ်။
အမြင်တွေ ရှင်းလင်းနေတဲ့အခါ ကိုယ် လျှောက်ရမယ့်လမ်းဟာရှင်းလင်းလာပြီး
ပေါ့ပေါ့ပါးပါး နဲ့ လျှောက်သွားနိုင်တယ်။
ကိုယ့်ရဲ့အခန်းကို ရှင်းလင်းနေ အောင်၊
သပ်ရပ် နေအောင်ထားရင် ကိုယ်လိုချင်တဲ့ပစ္စည်းတစ်ခုကို တန်းရှာတွေ့နိုင်သလိုမျိုးပါပဲ။
ရှင်းလင်းခြင်း၊ ကြည်လင်ခြင်းရဲ့ အရင်းအမြစ်ဟာ ကျွန်မတို့ရဲ့စိတ် ဖြစ်တယ်။
ပျော်ရွှင်ပေါ့ပါးတဲ့ဘဝ၊ ရှင်းလင်းတဲ့အောင်မြင်မှုတွေရဲ့ အရင်းအမြစ်ဟာ
“ရှင်းလင်းတဲ့စိတ်” ပဲ ဖြစ်ပါတယ်။
အတွေးနဲ့စိတ်ကို ရှင်းလင်းပြီး
နှစ်သစ်မှာ ရှေ့ဆက်ရမယ့်ခရီးကို ရှင်းလင်းစွာဆုံးဖြတ်လျှောက်လှမ်းချင်တဲ့သူတွေအတွက် ကျွန်မရဲ့
“Clear Mind, Clear Life, Clear Success” Online Program က နှစ်ဆန်း(၂)ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။
ဒီProgramအကြောင်း အသေးစိတ်သိရှိလိုပါက messenger မှာ
“Clear” လို့ ရိုက်ထည့်ပြီး စုံစမ်းနိုင်ပါတယ်ရှင်။