YC19 Logistics Training & Consultancy

YC19 Logistics Training & Consultancy Sharing and Caring is value of Life .

နိုင်ငံတနိုင်ငံမှာ လော်ဂျစ်စတစ် ဆိုသော ဂဏ္ဍ မရှိရင် ကုန်ထုတ်လုပ်ရေး နဲ့တကွ အခြားသော အရောင်းအဝယ် စီးပွာရေးဆိုတဲ့ လုပ်ငန်း...
18/10/2020

နိုင်ငံတနိုင်ငံမှာ လော်ဂျစ်စတစ် ဆိုသော ဂဏ္ဍ မရှိရင် ကုန်ထုတ်လုပ်ရေး နဲ့တကွ အခြားသော အရောင်းအဝယ် စီးပွာရေးဆိုတဲ့ လုပ်ငန်းတွေလည်းရှိလာမှာ မဟုတ်ပါဘူး။

လော်ဂျစ်စတစ် ဆိုတာ နိုင်ငံအတွက် အရေးကြီးပေမဲ့ လုပ်ငန်းသဘောတရားကို ဒီလောက ထဲ ကျင်လည် လုပ်ကိုင်နေသူများမှ အပ ပြင်ပ ပုဂ္ဂိုလ်တွေ ထဲထဲဝင်ဝင် မသိကြသူတွေ များပါတယ်။

အခေါ်အဝေါ် တွေရှုပ်ထွေးသလို Process တွေ ကလည်းရှုပ်ထွေးပါတယ်။ အခုမှ လုပ်ငန်းခွင် ဝင်ကြမဲ့ သား/ သမီး အရွယ် လူငယ်တွေ အနေနဲ့ ဒီလော်ဂျစ်စတစ် လောကထဲ မည်သို့သော အကြောင်းကြောင့် ရောက်လာစေကာမှု အစမှာတော့ ခက်ခဲကြပါတယ်။

အခေါ်အဝေါ်တွေနားမလည်ရတဲ့ အထဲ ကိုယ့် အရင် စီနီယာ များကလည်း တစ်နေ့ တစ်နေ့ သူတို့ အလုပ်နဲ့ သူရှုပ်နေကြလို့ စနစ်တကျ သင်ပေးဖို့ မလွယ်ပါဘူး။ တစ်ခါ တစ်ရံမှာ ပညာရှိုတတ်သော လုပ်ဖေါ်ကိုင်ဘက်နဲ့ ကြုံတွေ့ရပါက တစ်နေ့ တစ်နေ့ ကြုံရတဲ့ အခက်အခဲတွေ ကို ဒဏ် မခံနိုင်ပဲ လက်လျော့ ပြေးကြပါတယ်။ လူနဲစုက တော့ ၆လ နဲ့ တစ်နှစ်ကျော် ဒူပေတာပေ ခံပြီးရင်တော့ အထိုက်အလျောက် တော့ သိလာပြီမို့ လုပ်ကိုင်လို့တော့ရစပြု လာပါပြီ။

ဒါကြောင့် လုပ်ငန်းခွင် အထူးသဖြင့် ဒီလော်ဂျစ်စတစ် လောကထဲ ခြေလှမ်းစလှမ်းကြမဲ့ ကလေးတွေ လုပ်ငန်းခွင်ထဲ နဖူးတွေ့ဒူးတွေ့ အလုပ်မလုပ်ခင် သိသင့်တာလေးတွေ စာတွေလေ့လာသွားနိုင်ကြရင် တဖက်က အလုပ်ခန့်သူကလည်း အခြေခံတွေ သင်ပေးစရာ မလိုတော့ ပိုပြီး လျှင်လျှင်မြန်မြန် လက်တွေ့ ပိုင်းတွေ သင်ပေးနိုင်မယ်။ အလုပ်ခွင်စဝင်သူကလည်း အားလုံး အစိမ်းသက်သက် မဟုတ်တော့ အနည်းအကျဥ်းတော့ Confident ဖြစ်စေပါတယ်။

ဒီ Page လေးကိုထောင်ထားပေးမဲ့ သင်တန်းတော့ စတင်ဖို့ အဆင်သင့် မဖြစ်သေးတာမို့ လာရောက်မေးလာသူတွေ ကိုတော့ အားနာပါတယ်။ ၂၀၂၁ ထဲ စနိုင်အောင်တော့ ကြိုးစားနေပါတယ်။ Online ခေတ်ဖြစ်သွားချိန်မှာ သာမန်စာသင်တတ်ရုံနဲ့မရပဲခေတ်ရဲ့ နည်းပညာတွေကိုလည်း တတ်ရမှာမို့ အချိန်အနည်းငယ်ယူနေရတာပါ။

သို့သော် ဒီ Page ပေါ်ကနေ မကြာခဏ သိသင့်တာလေးတွေ အချိန်ပေး မျှဝေပေးပါမယ်။ ဒီ page သည် Beginner များ အတွက်သာ ဖြစ်ပါတယ်နော် ။

10/10/2020

ဒီနေ့ ထူးခြားတဲ့နေ့လေးပါ။
၁၀.၁၀.၂၀၂၀နေ့မှာ Page လေးတစ်ခုနဲ့ စတင်လိုက်ပါပြီ။

၂၅နှစ်တာ Logistics လုပ်ငန်း အတွေ့အကြုံတွေ ကို စိတ်ဝင်စားသူတွေ လုပ်ငန်းခွင်ဝင်ကြမဲ့ ဘွဲ့ရပြီးခါစ လူငယ်တွေ ကို မျှဝေခြင်း နဲ့ ဒီ Page လေးကနေ လုပ်ဆောင်ပါမယ်။

သီအိုရီတွေ ပြောပြနေတာမဟုတ်ပဲ လက်တွေ့ အလုပ်လုပ်ရာမှာ အသုံးဝင်မဲ့ ပြန်လည် အသုံးချ လို့ရမဲ့ အကြောင်းအရာလေးတွေ ကို ဒီ Page ကနေ လေ့လာသင်ယူကြပါလို့ အကြံပြုပါတယ်။

ဒီ Page ဟာ Logistics ကို ကျွမ်းကျင်စွာ လုပ်ကိုင် တတ်သော သူများအတွက် မဟုတ်ပါဘူး။ အခုမှ စတင် သင်ယူလိုသော Beginner များအတွက်ဖြစ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

YC19 Logistics basic Training Center

Address

Yangon

Telephone

+959785144115

Website

Alerts

Be the first to know and let us send you an email when YC19 Logistics Training & Consultancy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to YC19 Logistics Training & Consultancy:

Shortcuts

Share

Category