17/04/2026
အားလုံးပဲမင်္ဂလာနှစ်သစ်ဖြစ်ပါစေရှင် 🌿✨
Knowledge sharing notes to promote internal auditing.
17/04/2026
အားလုံးပဲမင်္ဂလာနှစ်သစ်ဖြစ်ပါစေရှင် 🌿✨
01/01/2026
မင်္ဂလာရှိသောနှစ်သစ်ဖြစ်ပါစေရှင် 🕊️✨
Happy New Year to you all! Wishing our amazing Internal Audit community a bright and inspiring 2026 ❤️ May this year bring growth, meaningful connections, and small wins that make a big difference.
24/12/2025
Throughout the year, I learned about ethics, the fundamentals of information security and other great topics, and here I am wrapping up my final CPE webinar before Christmas & the New Year 🎄❄️✨
CPE is valuable in many ways ~ some sessions give new knowledge, some raise awareness, and some are a good refresher, helping us stay updated and remain relevant as an internal audit professionals!
I believe many of you feel the same! I wish everyone a restful year end and a meaningful start to the new year 🕊️♥️
16/10/2025
Crowe LLP က မြန်မာစံတော်ချိန် ၁၁:၃၀ မှာ အခမဲ့ပြုလုပ်ပေးမဲ့ webinar ပါ! အရင်တခေါက်ပြောပြထားပြီးဖြစ်လို့ တချို့သူတွေလဲ register လုပ်ဖြစ်ကြမယ်ထင်ပါတယ်။
အဖွဲ့အစည်းတွေဟာ ကိုယ့်ရဲ့တိုက်ရိုက်ထိန်းချုပ်နိုင်မှုအောက်မှာမရှိတဲ့ third party partner တွေရယ်၊ နည်းပညာအခြေခံပြီး အချင်းချင်းချိတ်ဆက် စီးပွားဆက်နွယ်မှုတွေ ပိုများလာတာနဲ့အမျှ business resiliency ပိုမိုလိုအပ်လာပါတယ်။
business resiliency ဆိုတာကတော့ organization အတွက်အရေးကြီးတဲ့ အရည်အသွေးတခုဖြစ်ပါတယ်။ ရည်ရွယ်ထားတဲ့အရာတွေကနေ သွေဖယ်သွားနိုင်မဲ့ disruption တွေကို မှန်းဆမယ်၊ ကြိုတင်ပြင်ဆင်မယ်၊ တုန့်ပြန်မယ်၊ လက်ခံသင့်တာ လက်ခံင်္ပြး လိုက်လျောညီထွေနဲ့ ဆက်လက်လုပ်ကိုင်နိုင်အောင် ပြောင်းလဲသင့်တာတွေပြောင်းလဲမယ်၊ ပြန်လည်ထူထောင်သင့်တာတွေကို လုပ်ဆောင်မယ်ဆိုတဲ့ အရည်အသွေးတွေပါဝင်တယ်။ ဒီ webinar မှာတော့ third party risk management နဲ့ business resiliency planning ရဲ့အရေးကြီးတဲ့ဆက်စပ်မှုတွေကို ရှင်းပြမယ်လို့ ဆိုထားပါတယ်။
Internal audit မှတ်စု Page
16 October 2025
18/09/2025
Keeping our knowledge up to date is so important — that’s why CPE matters! I’m joining a Crowe LLP webinar today on “Bridging Enterprise Risk Management and Internal Audit”!
Crowe LLP က free webinar လေးတွေ စီစဉ်ပေးလေ့ရှိပြီး internal auditor တွေအတွက် စိတ်ဝင်စားစရာ အကြောင်းအရာတွေလဲ မျှဝေတတ်ပါတယ်။ CPE credit လဲရ၊ တကယ်ကိုအကျိုးရှိပြီး update ဖြစ်တဲ့ ဗဟုသုတတွေလဲရနိုင်အောင် သူတို့ရဲ့ website အောက်က events မှာ သွားပြီး subscribe လုပ်ထားနိုင်ပါတယ်။
17/04/2025
✨🕊️
မနေ့ညက standards တွေ လေ့လာတဲ့အတန်းကို (28th & 29th) ၂ ရက် ခဏရပ်ထားပါတယ်.. နယ်ကသူတချို့ကိုလဲ ဆက်သွယ်လို့မရဖြစ်နေတာမို့ စိတ်ပူမိပါတယ်.. အန္တရာယ်ကင်းကြပါစေရှင် .. 🙏
18/03/2025
အခွင့်အရေးကောင်းကို လက်မလွတ်စေချင်တဲ့အတွက် 📣𝐅𝐢𝐧𝐚𝐥 𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐂𝐚𝐥𝐥 အနေနဲ့ ထပ်တင်လိုက်ပါတယ်။
2025 မှာ စတင်အကျုံးဝင်တဲ့ Internal Audit Standards အသစ်များကို သေချာစွာနားလည်ပြီး အရေးကြီးတဲ့အချက်များကိုလဲ တခါထဲမှတ်သားသွားနိုင်အောင် စီစဉ်ထားတဲ့ program ဖြစ်ပါတယ်။ ဒီ Standard တွေက ကိုယ်တိုင်ဖတ်ပြီး လေ့လာလဲရပါတယ်။ ကျွန်မက အချိန်ကုန်သက်သာအောင် key notes တွေထုတ်ပြီး ဆွေးနွေးပေးမှာရယ်၊ internal audit field ထဲက မိတ်ဆွေများတူတူစုပြီးလေ့လာတဲ့ သဘောမို့ စိတ်ဝင်စားဖို့ကောင်းမှာရယ်၊ နောက်ပြီး တပတ် ၂ ရက်နဲ့ ပေါ့ပေါ့ပါးပါး လေ့လာနိုင်မဲ့အချိန်တွေ စီစဉ်ထားတာမို့ သိပ်လဲဝန်မပိဘဲ ထိရောက်စွာသင်ယူနိုင်မှာမို့ ဖိတ်ခေါ်တာဖြစ်ပါတယ်။
📌𝐓𝐎𝐏𝐈𝐂: “𝐆𝐥𝐨𝐛𝐚𝐥 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐥 𝐀𝐮𝐝𝐢𝐭 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝𝐬: 𝐈𝐦𝐩𝐨𝐫𝐭𝐚𝐧𝐭 𝐓𝐚𝐤𝐞𝐚𝐰𝐚𝐲𝐬 𝐟𝐨𝐫 𝐀𝐥𝐥 𝐀𝐮𝐝𝐢𝐭𝐨𝐫𝐬”
✔️𝐃𝐚𝐭𝐞 : Begins on Mar 21, 2025
(Duration: 22 Hours)
✔️𝐓𝐢𝐦𝐞 : 6:30 PM - 8:30 PM (Fridays)
1:00 PM - 3:00 PM (Saturdays)^
^see below for more info
✔️𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦: Zoom (Online)
✔️𝐅𝐚𝐜𝐢𝐥𝐢𝐭𝐚𝐭𝐨𝐫: May Zin Win Maw, CIA, CCSA,
CRMA
✔️𝐑𝐞𝐦𝐚𝐫𝐤 : Relevant to all internal auditors
(Attendance Certificate will be
provided)
✔️𝐂𝐨𝐬𝐭 : 125,000 Kyats
🌟 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 (𝐯𝐚𝐥𝐢𝐝 𝐮𝐩 𝐭𝐨 𝟏𝟖 𝐌𝐚𝐫):
* 𝟮𝟬% 𝗢𝗳𝗳- ၃ ယောက်နှင့်အထက် အတူတူ
အပ်သူများ၊ corporate အလိုက်အပ်သူများ
* 𝟭𝟬% 𝗢𝗳𝗳- effective communication
workshop အစအဆုံးတက်ထားသူများအတွက်
𝗘𝗳𝗳𝗼𝗿𝘁 𝗔𝗽𝗽𝗿𝗲𝗰𝗶𝗮𝘁𝗶𝗼𝗻 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁
* 𝗙𝗢𝗖 - ယခင် Internal Audi Standards
Workshop တက်ထားသူများ
* 𝗶𝗻𝘀𝘁𝗮𝗹𝗹𝗺𝗲𝗻𝘁/ 𝗳𝗲𝗲𝘀 𝗮𝗱𝗷𝘂𝘀𝘁𝗺𝗲𝗻𝘁- ငွေသွင်းရန်
အခက်အခဲရှိသော Junior Auditor များ
(📣^အစားထိုးရုံးဖွင့်ရက်များဖြစ်တဲ့ စနေနှစ်ရက်
အတွက်တော့ လူတိုင်းအဆင်ပြေအောင် ညနေ 6:30-8:30 အချိန်ကိုပြောင်းပြီး လေ့လာကြမှာဖြစ်ပါတယ်။)
#နောက်တတန်းဘယ်တော့ဖွင့်မလဲ? အဲ့အခါမှတက်
မယ် ဆိုသူများ.. ဖြစ်နိုင်မယ်ဆိုရင် အခုဖွင့်မှာသေချာတဲ့ အတန်းကို တက်စေချင်ပါတယ်။ နောက် တခေါက်ဖွင့်မဲ့ workshop က short program ပဲ plan လုပ်ထားရပါသေးတယ်။ နှစ်မကုန်ခင်တော့ standard အတန်း နောက်တခေါက်လုပ်ပေးဖို့ ကြိုးစားပါမယ်။ အတိအကျ schedule တော့ လောလောဆယ်မပြောနိုင်သေးပါရှင်။
လေးစားစွာဖြင့်
Internal Audit မှတ်စု Page
11/03/2025
📢 𝐑𝐞𝐠𝐢𝐬𝐭𝐞𝐫 𝐍𝐨𝐰! (🌟𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑫𝒊𝒔𝒄𝒐𝒖𝒏𝒕𝒔 &
𝑨𝒕𝒕𝒆𝒏𝒅𝒂𝒏𝒄𝒆 𝑪𝒆𝒓𝒕𝒊𝒇𝒊𝒄𝒂𝒕𝒆𝒔 𝑨𝒗𝒂𝒊𝒍𝒂𝒃𝒍𝒆)
The IIA (Institute of Internal Auditor) မှ ထုတ်
ပြန်ပေးထားသော internal audit standards အသစ်များဖြစ်တဲ့ "𝐆𝐥𝐨𝐛𝐚𝐥 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐥 𝐀𝐮𝐝𝐢𝐭 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝𝐬“ ကို Mar 21, 2025 (updated) ကစပြီး လေ့လာကြမှာ ဖြစ်ပါတယ်။
📌𝐓𝐎𝐏𝐈𝐂: “𝐆𝐥𝐨𝐛𝐚𝐥 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐥 𝐀𝐮𝐝𝐢𝐭 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝𝐬: 𝐈𝐦𝐩𝐨𝐫𝐭𝐚𝐧𝐭 𝐓𝐚𝐤𝐞𝐚𝐰𝐚𝐲𝐬 𝐟𝐨𝐫 𝐀𝐥𝐥 𝐀𝐮𝐝𝐢𝐭𝐨𝐫𝐬”
✔️𝐃𝐚𝐭𝐞 : Begins on Mar 21, 2025
(Duration: 22 Hours)
✔️𝐓𝐢𝐦𝐞 : 6:30 PM - 8:30 PM (Fridays)
1:00 PM - 3:00 PM (Saturdays)*
*see comment for more info
✔️𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦: Zoom (Online)
✔️𝐅𝐚𝐜𝐢𝐥𝐢𝐭𝐚𝐭𝐨𝐫: May Zin Win Maw, CIA, CCSA,
CRMA
✔️𝐑𝐞𝐦𝐚𝐫𝐤 : Relevant to all internal auditors
(Attendance Certificate will be
provided)
✔️𝐂𝐨𝐬𝐭 : 125,000 Kyats
🌟 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 (𝐯𝐚𝐥𝐢𝐝 𝐮𝐩 𝐭𝐨 𝟏𝟖 𝐌𝐚𝐫):
* 𝟮𝟬% 𝗢𝗳𝗳- ၃ ယောက်နှင့်အထက် အတူတူ
အပ်သူများ၊ corporate အလိုက်အပ်သူများ
* 𝟭𝟬% 𝗢𝗳𝗳- effective communication
workshop အစအဆုံးတက်ထားသူများအတွက်
𝗘𝗳𝗳𝗼𝗿𝘁 𝗔𝗽𝗽𝗿𝗲𝗰𝗶𝗮𝘁𝗶𝗼𝗻 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁
* 𝗙𝗢𝗖 - ယခင် Internal Audi Standards
Workshop တက်ထားသူများ
* 𝗶𝗻𝘀𝘁𝗮𝗹𝗹𝗺𝗲𝗻𝘁/ 𝗳𝗲𝗲𝘀 𝗮𝗱𝗷𝘂𝘀𝘁𝗺𝗲𝗻𝘁- ငွေသွင်းရန်
အခက်အခဲရှိသော Junior Auditor များ
✨Global Internal Audit Standards ဆိုတာကတော့ ထိရောက်တဲ့ internal audit လုပ်ငန်းစဉ်များဖြစ်ဖို့အတွက် အခြေခံအသုံးပြုနိုင်ရန် the IIA အဖွဲ့အစည်းက ထုတ်ပြန်ပေးထားတဲ့ စံချိန်စံညွှန်းတွေ ဖြစ်ပါတယ်။ ယခင် 2017 standards များကို ပြင်ဆင်ပြီး မိမိရဲ့အဖွဲ့အစည်းကို ပိုမိုထိရောက်သော value ပေးနိုင်ရန် အတွက် standard set အသစ်ကို 2024 မှာ ထုတ်ပြန်ပေးခဲ့ပြီး #စတင်အကျုံးဝင်တာကတော့ 𝐉𝐚𝐧 𝟗, 𝟐𝟎𝟐𝟓 မှာဖြစ်ပါတယ်။
✨ internal audit service လုပ်ဆောင်နေကြတဲ့ သူများအားလုံးနှင့် သက်ဆိုင်ပြီး၊ ✨စံချိန်စံညွှန်းများကို သိရှိခြင်းဟာ မိမိရဲ့ လုပ်ဆောင်ချက်တွေကို များစွာ အဓိပ္ပာယ်ရှိစေတယ်၊ ✨professional ဖွံ့ဖြိုးမှုကိုလဲ များစွာအထောက်အကူပြုစေပါတယ်။ ဒါကြောင့်အချိန်တိုအတွင်း၊ ဝန်လဲမပိစေဘဲ လေ့လာနိုင်ဖို့အတွက် စီစဉ်ပေးထားတဲ့ program ဖြစ်ပါတယ်။ 📌 “𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 ပြုလုပ်လိုပါက 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှာ စာရင်းပေးသွင်း နိုင်ပါတယ်။”
(Remark: Standards နဲ့ဆက်စပ်ပြီး Internal Audit Practitioner (IAP) ဖြေချင်တဲ့သူများအတွက် info များကို ရှေ့ကပို့စ် မှာ ရေးပေးခဲ့ပါတယ်။ ယခု standard အသစ်က 28 May နောက်ပိုင်းဖြေလျှင် အခြေခံရန်ဖြစ်ပါတယ်)
လေးစားစွာဖြင့်
Internal Audit မှတ်စု Page
09/03/2025
Effective Communication- Recap session ကို မနေ့ည ၇ နာရီမှာ ပြုလုပ်ခဲ့ပြီး တနာရီခွဲဝန်းကျင် ဆွေးနွေးပေးခဲ့ပါတယ်။ session အပြီးမှာ internal audit practitioner certification (IAP) အကြောင်း မေးတာလေးရှိလို့ တခါထဲ တင်ပေးလိုက်ပါတယ်..
💡Internal Audit Standards နဲ့ ပတ်သက်ပြီး ဖြေဆိုရယူနိုင်တဲ့ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်မျိုး ရှိပါလား?❓
ရှိပါတယ်။ နိုင်ငံတကာ IA အဖွဲ့အစည်းက ပေးအပ်တဲ့ Internal Audit Practitioner (IAP) ဆိုတဲ့ လက်မှတ်ပါ။ IA standard များကို ကျွမ်းကျင်ပိုင်နိုင်မှုရှိ မရှိအဓိကထားစစ်ဆေးတဲ့ exam တစ်ခုကို ဖြေဆိုအောင်မြင်ရမှာ ဖြစ်ပါတယ်။ မြန်မာပြည်မှာ လောလောဆယ် exam center ရှိပြီး ယေဘုယုအားဖြင့်တော့ တနှစ်ပတ်လုံး ဖြေဆိုနိုင်ပါတယ်။ Exam center ရဲ့ schedule အရတော့ ကြိုတင်ပြီး exam appointment ယူရမှာဖြစ်ပြီး iia ရဲ့ ccms database ကနေတဆင့် စီစဉ်ရန်လိုပါတယ်။
💡IAP certification ဖြေမယ်ဆိုရင် ဘယ်လောက်ကုန်ကျမလဲ?❓
IIA website ထဲမှာ ဖော်ပြထားတဲ့ fees ကို ပုံမှာကြည့်နိုင်ပါတယ်။ member အရင်ဝင်လိုက်မယ်ရင် ပိုပြီးတော့ fees သက်သာပါတယ်။ international chapter virtual member fees ကတော့ 100$ ဖြစ်ပြီး၊ virtual မဟုတ်ဘဲ နီးစပ်ရာ local chapter တွေကို join ချင်တယ်ဆိုရင်တော့ နေရာအလိုက် fees ကွဲပြားနိုင်ပါတယ်။ စာမေးပွဲဖြေဖို့ လေ့လာမှုအတွက် ကုန်ကျတာကတော့ ကိုယ့်အပေါ်မှာ မူတည်ပါတယ်။ self study နဲ့ပဲ ဆိုရင်တော့ လောလောဆယ် registration လုပ်တာနဲ့ study guide free ရမှာဖြစ်ပြီး၊ 27 May 2025 နောက်ပိုင်းဆိုရင်တော့ learning system က 300$ ဝန်းကျင်လောက်နဲ့ ရောင်းတာတွေ့ရပါတယ်။ သင်တန်းပါတက်ပြီးမှ လေ့လာချင်သူများကတော့ သင်တန်းစရိတ်အလိုက် ပိုကုန်ကျမှာဖြစ်ပါတယ်။
ရေရှည်မှာ နှစ်စဉ် member ကြေးနဲ့ certification renewal အတွက် ကုန်ကျစရိတ်တချို့ရှိပါမယ်။ ဒါပေမဲ့ မိမိက ဒီလက်မှတ်တွေ ရရှိထားတဲ့အတွက် career လမ်းကြောင်းသေချာရှိသွားမယ်၊ နောက်ပြီးတော့.. အလုပ်အကိုင်အခွင့်အလမ်း နဲ့ benefit တွေ ပိုရနိုင်တာကိုလဲ ထည့်တွက်ဖို့ အကြံပြုချင်ပါတယ်။
💡 IAP certification exam ရဲ့ syllabus ကဘယ်လိုမျိုးလဲ? ❓
အရင်ကတော့ IA standard အသစ် Jan မှာ effective ဖြစ်တာနဲ့ IAP certification ရဲ့ syllabus ပါ အသစ်ဖြစ်မဲ့သဘော ရေးထားခဲ့ပေမဲ့.. အခု update အရကတော့ 28 May 2025 ကြမှ စပြီး syllabus အသစ်နဲ့ဖြေဆိုရမယ်လို့ သိရပါတယ်။ ** ယခုလက်ရှိစာမေးပွဲဖြေမယ်ဆိုရင် 27 May 2025 အထိကို အရင် IPPF ရဲ့ standard များကိုပဲ အခြေခံပြီး (၂ )နာရီ exam ကို ဖြေရဦးမှာဖြစ်ကြောင်း ရေးထားတာတွေ့ရပါတယ်။
💡 27 Mar 2025 နောက်ပိုင်းမှဖြေရင် ဘယ်လို syllabus လဲ? ❓
လက်ရှိ iia website မှာ ရေးထားတာအရဆိုရင် 27 May နောက်ပိုင်းမှာ IAP exam ဆိုပြီး သပ်သပ်စစ်တာမရှိတော့ဘဲ IA Standard အသစ်ဖြစ်တဲ့ "Global Internal Audit Standards" ကိုအခြေခံပြီး အသစ်ပြင်ဆင်မဲ့ CIA Part 1 ကို ဖြေဆိုပြီး IAP designation ကို ယူနိုင်မှာဖြစ်ပါတယ်။
အသေးစိတ်များနဲ့ information အတိအကျကို IIA website မှာကြည့်နိုင်ပါတယ်။
✨ နောက် program ဖြစ်တဲ့ “𝐆𝐥𝐨𝐛𝐚𝐥 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐥 𝐀𝐮𝐝𝐢𝐭 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝𝐬- 𝐊𝐞𝐲 𝐓𝐚𝐤𝐞𝐚𝐰𝐚𝐲𝐬 𝐟𝐨𝐫 𝐀𝐥𝐥 𝐀𝐮𝐝𝐢𝐭𝐨𝐫𝐬” workshop မှာ ပြန်တွေ့ကြပါမယ်!
လေးစားစွာဖြင့်,
Internal Audit မှတ်စု Page
03/03/2025
15th Feb မှာ ပြုလုပ်ခဲ့တဲ့ "𝐄𝐟𝐟𝐞𝐜𝐭𝐢𝐯𝐞 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐨𝐟 𝐀𝐮𝐝𝐢𝐭 𝐑𝐞𝐬𝐮𝐥𝐭𝐬: 𝐃𝐫𝐢𝐯𝐢𝐧𝐠 𝐂𝐡𝐚𝐧𝐠𝐞 𝐰𝐢𝐭𝐡 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝𝐬 𝐚𝐧𝐝 𝐁𝐞𝐬𝐭 𝐏𝐫𝐚𝐜𝐭𝐢𝐜𝐞𝐬” online workshop ကို အယောက် ၈၀ နီးပါး ဝင်ရောက် လေ့လာခဲ့ကြပါတယ်။
📣 #လာမဲ့စနေနေ့ #ညနေ၇နာရီ (𝟖𝐭𝐡 𝐌𝐚𝐫, 𝟕𝐩𝐦) မှာ“𝐑𝐞𝐜𝐚𝐩” & “𝐄𝐧𝐠𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐑𝐞𝐬𝐮𝐥𝐭𝐬 𝐅𝐨𝐥𝐥𝐨𝐰 𝐔𝐩” အကြောင်းအရာကို ဆက်စပ်ရှင်းပြတဲ့ free session လုပ်ပေးပါဦးမယ်။
✨ရှေ့က workshop ကို register လုပ်ထားပြီးသူများကတော့ နောက်ထပ် register လုပ်ဖို့ မလိုအပ်ပါဘူး။ **register မလုပ်ခဲ့ရသူများကတော့ recap ကို ဝင်နားထောင်ချင်တယ်ဆိုရင် page messenger မှာ မေးမြန်းနိုင်ပါတယ်။ zoom က လူဦးရေ အကန့်အသတ်ရှိတဲ့ အတွက် registration တောင်းရခြင်းဖြစ်ပါတယ်။
ဒီ workshop မှာ ဗဟုသုတဝေမျှနိုင်ဖို့အတွက် သေချာလေး ပြင်ဆင်ခဲ့ပါတယ်။ အချိန်ပေးတက်ရောက်ခဲ့ကြသူတွေရော၊ မေးခွန်းများနဲ့တက်ကြွစွာ ဝင်ရောက်ဆွေးနွေးခဲ့ကြသူတွေကိုရော ကျေးဇူးတင်ပါတယ်။ ကျွန်မဝေမျှလိုက်တဲ့ ဗဟုသုတတွေက အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။ registered လုပ်ပြီး အကြောင်းအမျိုးမျိုးကြောင့် မတက်ဖြစ်ကြသူများကလဲ တလေးတစားနဲ့ ခွင့်တိုင်ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ recap session နဲ့ နောက်ထပ် Knowledge Sharing တွေမှာ ထပ်ဆုံကြပါမယ်။
📣 𝐍𝐄𝐗𝐓 𝐊𝐍𝐎𝐖𝐋𝐄𝐃𝐆𝐄 𝐒𝐇𝐀𝐑𝐈𝐍𝐆 𝐒𝐄𝐒𝐒𝐈𝐎𝐍 ~ “𝐆𝐥𝐨𝐛𝐚𝐥 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐥 𝐀𝐮𝐝𝐢𝐭 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝𝐬- 𝐈𝐦𝐩𝐨𝐫𝐭𝐚𝐧𝐭 𝐓𝐚𝐤𝐞𝐚𝐰𝐚𝐲𝐬 𝐟𝐨𝐫 𝐀𝐥𝐥 𝐀𝐮𝐝𝐢𝐭𝐨𝐫𝐬”! Mar 15 မှာ စတင်ပါမယ်။ 2025 ခုနှစ်မှာစတင်အကျုံးဝင်တဲ့ IA Standards တွေကို #တပတ်၂ရက်လေ့လာကြမဲ့ 𝟐𝟐- 𝐡𝐨𝐮𝐫𝐬 𝐨𝐧𝐥𝐢𝐧𝐞 𝐥𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐬𝐞𝐬𝐬𝐢𝐨𝐧 ဖြစ်ပါတယ်။ ✨Internal Audit Practitioner (IAP) စာမေးပွဲဖြေလိုသူများအပြင်၊ internal audit လုပ်ဆောင်နေသူများအားလုံး သိထားသင့်တဲ့ knowledge ဖြစ်ပါတယ်။ အသေးစိတ်ကို နောက်ထပ်ပို့စ်တင်ပေးပါ့မယ်။
လေးစားစွာဖြင့်
Internal Audit မှတ်စု Page
Mar 2, 2025