23/02/2022
𝙍𝙀𝙑𝙄𝙀𝙒: 𝙎𝙄𝙈𝙋𝙇𝙀 𝙃𝙔𝘿𝙍𝘼𝙏𝙄𝙉𝙂 𝙇𝙄𝙂𝙃𝙏 𝙈𝙊𝙄𝙎𝙏𝙐𝙍𝙄𝙕𝙀𝙍
Simpleကတော့ အထူးပြောစရာမလိုအောင် နာမည်ကြီးတဲ့ productပါပဲ
စသုံးဖြစ်ခဲ့တာကတော့ ပြီးခဲ့တဲ့2021 Octoberလောက်တုန်းက cleansing product တစ်ခုကို မှာသုံးမိရာကနေ skin barrier ပျက်စီးသွားပြီး breakoutsတွေဖြစ်လို့ skin-barrierကို ပြန် restoreလုပ်ဖို့ simple formulaလည်းဖြစ်ရမယ်၊ Hydration လည်း နိုင်ရမယ်၊ oily skinအတွက်လည်း အဆင်ပြေရမယ့်ဟာကိုရှာရင်း ဒါသုံးဖြစ်သွားတာ
အစတော့ တော်တော်စဥ်းစားလိုက်ရတယ်
Reviewတွေဖတ်တာ ဒါသုံးပြီး အဖုပေါက်လာတဲ့လူတွေလည်းရှိတယ်ဆိုလို့လေ
နောက်ဆုံး အခြား ဘာသုံးရမှန်းလည်းမသိတော့တာနဲ့ ဖြစ်ချင်ရာဖြစ် ကံပဲ ဆိုပြီး ဝယ်ချလိုက်တာ🥲🥲
ကံကောင်းပြီး အဆင်ပြေလို့ တော်သေးတာပေါ့🤣🤣
Fakeတွေလည်းရှိတယ်ပြောကြ၊ ထုတ်တဲ့နိုင်ငံပေါ်မူတည်ပြီး effect ကွာတယ်လည်းပြောကြတော့ ဝယ်ဖို့ဆိုင်ကိုလည်းတော်တော်ရှာလိုက်ရသေးတာ🤣🤣🤣🤣
✅𝙒𝙝𝙖𝙩 𝙩𝙝𝙚 𝙥𝙧𝙤𝙙𝙪𝙘𝙩 𝙘𝙡𝙖𝙞𝙢𝙨 :
Brandရဲ နာမည်အတိုင်း simple formula နဲ့ ဖန်တီးထားပြီး
Light-weight ဖြစ်တယ် Fast-absorbing ဖြစ်ပြီးတော့ skinကို 12 နာရီကြာအောင် Hydration ပေးနိုင်တယ်လို့ပြောပါတယ်
No artifical colour, No perfume, No harsh chemicals ဖြစ်ပြီးတော့ skinအတွက် ကောင်းတာတွေပါတယ်ပေါ့။
Non-comedogenic ချွေးပေါက် မပိတ်စေဘူးလို့ဆိုပါတယ်။
ပြီးတော့ ဘူးကလည်း100% post-consumer recycled (PCR) plasticနဲ့ လုပ်ထားလို့ ပတ်ဝန်းကျင်အတွက်ကောင်းပါတယ်ပေါ့ (ဒါကတော့marketing strategy တစ်ခု)
Cruelty-freeဖြစ်လို့ တိရစ္ဆာန်လေးတွေအပေါ်မှာ မစမ်းသပ်ထားတာကြောင့် တိချစ်သူတွေအတွက် အဆင်ပြေတာပေါ့🥰
✅𝙄𝙣𝙜𝙧𝙚𝙙𝙞𝙚𝙣𝙩𝙨:
Aqua, Glycerin, Paraffinum Liquidum, Polyglyceryl-3 Methylglucose Distearate, Cetyl Palmitate, Dimethicone, Acrylates/C10-30 Alkyl Acrylate Crosspolymer, Bisabolol, Borage Officinalis Seed Oil, Caprylyl Glycol, Carbomer, Cetyl Alcohol, Disodium EDTA, Lactic Acid, Panthenol, Pantolactone, Pentylene Glycol, Phenoxyethanol, Potassium Carbonate, Potassium Hydroxide, Serine, Sodium Lactate, Sorbitol, Tocopheryl Acetate, Urea.
Ingredients ကိုကြည့်ရင်တော့ simpleဖြစ်တယ်မထင်ရဘူးလေနော်
ဥပမာ COSRXဆိုရင် အားလုံးပေါင်းမှ 11-12 Ingredients ပဲပါတာတို့ဘာတို့လေ ရိုးရှင်းပါတယ်ပေါ့
ဒါကတော့ အများကြီးပဲပေါ့နော်🤣🤣
ဒီထဲမှာ အဓိက ထုတ်ပြောစရာဆိုရင်တော့
Provitamin B5ဖြစ်တဲ့ Panthenol က moisturising ဖြစ်တယ် healing အတွက် အကူအညီဖြစ်စေလို့ ဝက်ခြံအတွက်ကောင်းတယ်။
ပြီးတော့ Bisabolol. သူ့ကို သိပ်မကြားဖူးဘူး။
သူက German Chamomile ပန်းကရတဲ့ compundတစ်ခုပါ။
Anti-irritant, anti-inflammatory, anti-microbial properties တွေရှိပြီးတော့ healingအတွက် အထောက်အကူဖြစ်လို့ ဝက်ခြံသမားတွေအတွက် ကောင်းပါတယ်။
နောက်တစ်ခုကတော့ Borage Officinalis Seed Oilပါ။
သူ့မှာ gamma-linolenic acid (GLA) အဓိကပါဝင်ပါတယ်။
GLAကို အများအားဖြင့် အမျိုးသမီးတွေသောက်တဲ့ supplementsတွေမှာ တွေ့ရတယ်။ဥပမာ Evening Primrose Oilပါတဲ့ supplements တွေဆို GLAပါတယ်ပေါ့နော်။ GLAက skinအတွက်တင်မဟုတ်ဘဲ ကျန်းမာရေးအတွက်လည်း အများကြီး အထောက်အကူပြုပါတယ်။ Skinအတွက်ဆိုရင်တော့ moisturising, healing, anti-inflammatory effectတွေ ပေးတယ်ပေါ့။ အဲ့တော့သူကလည်း ကောင်းတဲ့ ingredient တစ်ခုပေါ့။
နောက်တစ်ခုကျတော့ Lactic acid & Sodium Lactate. ဒါကို ဒီ product မဝယ်ခင်က သတိမထားမိဘူး။ ပုံမှန်ဆို ingredient listကြည့်ပြီးမှဝယ်နေကျပေမယ့် ဒါကိုတော့ သေချာမစစ်ဘဲဝယ်လိုက်တာ။ Lactic acidပါတယ်ဆိုတော့
အံ့သြ သွားတာအမှန်။ 🤣 🤣🤣 ( Sodim Lactate ကလည်းLatic acidရဲ့ အခွဲတစ်ခု။ )
Reviewတွေထဲလည်းရေးတာမတွေ့ကြလို့လေ။
Lactic acidက တစ်ချို့တွေသိမှာပါ Alpha-hydroxy Acid (AHA)ထဲက အပျော့ဆုံး acidတစ်ခု။ dead skin cellတွေ ဖယ်ရှားပေးပြီး cell အသစ်တွေဖြစ်လာစေလို့ ဝက်ခြံ၊ အမာရွတ် အတွက် အဓိက သုံးကြတယ်။ Lactic acidပါတယ်ဆိုပေမယ့် အရမ်း mildဖြစ်တာကြောင့် percentage နည်းနည်းလေးပဲပါလိမ့်မယ်ဆိုတာ ခန့်မှန်းလို့ရတယ်။ reviewတစ်ချို့မှာပြောကြသလို ဒါလိမ်းပြီး အမာရွတ်သက်သာတယ် အသားကြည်လာတယ်ဆိုတာ Lactic acidရဲ့ ပံ့ပိုးမှုကြောင့်လည်း ဖြစ်နိုင်တယ်။
အထူးတလည် ပြောစရာကတော့ ဒါပဲ
မကောင်းတဲ့အချက်ကတော့
Dimethicone ပါလို့ silicone-freeမှ သုံးချင်ပါတယ်ဆိုတဲ့ လူတွေအတွက်တော့အဆင်မပြေဘူး
ပြီးတော့ တစ်ချို့တွေ ဒါသုံးပြီး အဖုပိုထတယ်ဆိုတာ Dimethicone ကြောင့်လားလို့ထင်မိတယ်။ ဘာလို့ဆို အခြား ingredients တွေထဲမှာ acne-trigger ဖြစ်တာ ဘာမှ မပါဘဲ။
ပြီးတော့ Cetyl Alcohol.... သေချာမသိတဲ့သူတွေဆို ingredient listကြီးဖတ်ပြီး Alcoholပါတာလားဆိုပြီး သုံးဖို့လက်တွန့်သွားနိုင်တယ်။ ဒါပေမယ့် Cetyl alcoholဆိုတာ အရေပြားအပြင်ဘက်ကို အစိုဓါတ်တွေ ပြန်မထွက်သွားအောင် တားဆီးပေးတာအတွက်သုံးတာဖြစ်လို့
မကောင်းတဲ့ alcoholမဟုတ်ဘူး။
Ingredients နဲ့ပတ်သက်ပြီးပြောစရာကတော့ ဒီထိပဲ (တော်တော်လည်း များသွားပြီ🥲🥲🥲)
✅𝙋𝙚𝙧𝙨𝙤𝙣𝙖𝙡 𝙚𝙭𝙥𝙚𝙧𝙞𝙚𝙣𝙘𝙚:
တစ်ချို့က made in နိုင်ငံပေါ် မူတည်ပြီး effectကွာတယ်ပြောကြလို့ သုံးနေတာကတော့ Made in Hungary ပါ။ Europe နိုင်ငံဆိုတော့ quality ကတော့ မဆိုးဘူးထင်တာပဲ။ Asiaဘက်က သွင်းတဲ့ဟာတွေတော့ မပြောတတ်ဘူးရယ်။
Textureက Lotionနဲ့ creamကြားထဲက အနေအထား၊ Lotionလောက်လည်း မကျဲ၊ creamလိုလည်း ထူပျစ်နေတာမျိုးမဟုတ်။ လက်သည်းခွံလောက် ပမာဏဆို တစ်မျက်နှာလုံး coverဖြစ်တယ်။
သူပြောတဲ့အတိုင်း light weight ဖြစ်တယ်။
အောက်က toner, serumထူထူ လိမ်းထားရင်တော့ စိမ့်ဝင်တာ နည်းနည်းလေး ကြာနိုင်ပေမယ့် ဘာမှမလိမ်းဘဲ မျက်နှာသစ်ပြီး သူ့ချည်းပဲလိမ်းရင် skinပေါ်မှာ ပွတ်နေရင်းနဲ့ကို အသားထဲစိမ့်ဝင်ပြီး ဘာမှမကျန်တော့ဘဲ ချက်ချင်းခြောက်သွားတာ။
လိမ်းပြီးရင် ဘာမှကိုမခံစားရဘူး။ တစ်ချို့ moisturizer တွေဆို layerတစ်ခုခုကြီး ရှိနေတာကို ခံစားမိနေတာ။ သူကအဲ့လိုမဖြစ်ဘူး။ ဘာမှ မတင်ထားတဲ့အတိုင်းပဲ။ Hydration လည်းနိုင်တယ်လို့ခံစားရတယ်။ အသားခြောက်တဲ့အချိန်တွေဆို ညဘက်တွေ 2 ထပ်လောက်လိမ်းလိုက်တယ်။ Makeupအောက်က လိမ်းလည်းအဆင်ပြေတယ်။ အပေါ်က makeupလေးတောင် အရောင်တက်ပြီး glowနေတာ🤩🤩 အမာရွတ်ပျောက်တာဘာညာတော့ အခြား products တွေနဲ့ တွဲသုံးနေတာဆိုတော့ သူတစ်ခုတည်းကြောင့်တော့ အမာရွတ်ပျောက်လားဆိုတာ မသေချာဘူး။ Mildဖြစ်တာတော့ တကယ်။ လိမ်းပြီးတိုင်း freshဖြစ်တဲ့ feelingရတယ်။ သူ့ကြောင့် အဆီပိုပြန်တာမျိုးမရှိလို့ နေ့ရော ညရော အဆင်ပြေတယ်။ Dry skinတွေအတွက်ကတော့ ရာသီဥတုအေးရင် hydration သိပ်မလုံလောက်နိုင်ဘူး။ Dry skinတွေကတော့ summer moisturizer အနေနဲ့သုံးရင်ပိုအဆင်ပြေမယ်။
✅𝙒𝙤𝙪𝙡𝙙 𝙄 𝙧𝙚𝙥𝙪𝙧𝙘𝙝𝙖𝙨𝙚? : 100% Yes.🥰🥰
✅𝙋𝙧𝙞𝙘𝙚 : သေချာမမှတ်မိတော့ဘူး။😁 125 mlဘူးကို 12000-14000 အဲ့ဝန်းကျင်လောက်ရှိမယ်။
8.11.2021 ကတည်းကသုံးတာ အခုထိ ဘူးတစ်ဝက်နီးပါးကျန်သေးတာ။ တန်ချက်ပဲ😉😉
✅𝙒𝙝𝙚𝙧𝙚 𝙩𝙤 𝙗𝙪𝙮: Me Me Cosmetics ကဝယ်ပါတယ်။ Skincare shopတော်တော်များများမှာလည်းရပါတယ်
✅𝙎𝙪𝙞𝙩𝙖𝙗𝙡𝙚 𝙛𝙤𝙧 : All skin types (Best for dehydrated-oily skin / combination skin/ sensitive skin/ acne-prone skin)
❌I purchased the product with my own money. The content is based on facts and my personal experience. DO NOT COPY AND REPOST❌