LeanFood Partners

LeanFood Partners Lean Management-5S, Kaizen, 5Why, 7Wastes,TPM, TQM..., Food Safety - GMP cGMP, GHP, HACCP, ISO 22000, FSSC 22000 and ISO 9001Quality Management System

လုပ်ငန်းခွင်တစ်ခုမှာ Process Excellence ဖြစ်ချင်တယ်ဆိုရင် စနစ်တွေ (Systems) စာရွက်ပေါ် ချရုံနဲ့ မပြီးပါဘူး။ နေ့စဉ် မနားတ...
22/08/2026

လုပ်ငန်းခွင်တစ်ခုမှာ Process Excellence ဖြစ်ချင်တယ်ဆိုရင် စနစ်တွေ (Systems) စာရွက်ပေါ် ချရုံနဲ့ မပြီးပါဘူး။ နေ့စဉ် မနားတမ်း ပြုပြင်တိုးတက်နေတဲ့ Kaizen (Continuous Improvement) စိတ်ဓာတ် အဖွဲ့အစည်းထဲ အမြစ်တွယ်နေဖို့ လိုပါတယ်။

ဒါပေမဲ့ စနစ်တစ်ခု တည်ဆောက်တယ်ဆိုတာ မနက်ဖြန်မနက် အိပ်ရာထတာနဲ့ ချက်ချင်း ပြီးသွားမယ့် အရာ မဟုတ်ဘူးနော်။ ကျမရဲ့အတွေ့အကြုံအရ တကယ့် Culture အစစ်တစ်ခု ဖြစ်လာဖို့ဆိုရင် အနည်းဆုံး (၃) နှစ်လောက် စိတ်ရှည်လက်ရှည် အချိန်ပေးရပါတယ် —

Year 1: စိတ်အားတက်ကြွမှုနဲ့ အစောပိုင်း အောင်မြင်မှုများ
စစချင်းမှာ လူတိုင်း စိတ်အားထက်သန်ကြတယ်။ မျက်စိရှေ့တင် မြင်သာတဲ့ အသေးအမွှား အမှားတွေကို ချက်ချင်း ပြင်ဆင်ပြောင်းလဲနိုင်တော့ ရလဒ်တွေ မြန်မြန်ဆန်ဆန် တွေ့ရပြီး ပျော်ကြတာပေါ့။

Year 2: အကျပ်အတည်းနဲ့ စိန်ခေါ်မှုများ (The Valley of Despair)
စနစ်ကို ပိုနက်နက်ရှိုင်းရှိုင်း ချလာတဲ့အခါ တကယ့် ပြဿနာကြီးတွေ ပေါ်လာတယ်။ အကျင့်ဟောင်းတွေက ပြန်ဆွဲတယ်၊ "အရင်လိုပဲ လုပ်ပါရစေ" ဆိုတဲ့ ငြင်းဆန်မှုတွေ ကြုံရတယ်။ တိုးတက်မှု နှေးသွားသလို ခံစားရပြီး "ငါတို့ ချထားတဲ့ System က တကယ်ရော အလုပ်ဖြစ်ရဲ့လား" ဆိုတဲ့ သံသယတွေ ဝင်လာတဲ့ အချိန်ပါ။

Year 3: စိုက်ထုတ်မှုရဲ့ အသီးအပွင့်များ
ဒါကို စိတ်ရှည်လက်ရှည် ကျော်ဖြတ်နိုင်ရင်တော့ အလေ့အကျင့်သစ်တွေက အလိုလို စွဲမြဲသွားပါပြီ။ ရလဒ်တွေက တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီး အရှိန်ရလာတယ်။ စနစ်အတိုင်း လုပ်ဆောင်တာဟာ သီးသန့် အားစိုက်စရာ မလိုတော့ဘဲ နေ့စဉ် ယဉ်ကျေးမှုတစ်ခု ဖြစ်သွားပါတယ်။

စိတ်မကောင်းစရာကောင်းတာက လုပ်ငန်း အများစုဟာ ရလဒ်ကောင်းတွေ မြင်ရတော့မယ့် ၁၈ လ (Year 2 ဝန်းကျင်) လောက်မှာတင် လက်လျှော့ အရှုံးပေးလိုက်ကြတာပါပဲ။

၂၆ မိုင် ပြေးရမယ့် မာရသွန်ပွဲမှာ ၂၅ မိုင်အထိ အပြင်းအထန် ပြေးလာပြီးမှ ပန်းတိုင်ရောက်ခါနီးမှာ လက်လျှော့လိုက်မလား? ဘယ်သူမှ မရပ်ပါဘူး။ အခက်ခဲဆုံး အပိုင်းကို ကျော်ဖြတ်ပြီးပြီမို့ ရှေ့ဆက်သွားရင် ပန်းတိုင်က စောင့်နေတာပါ။

လက်မလျှော့ဘဲ ဆက်သွားနေသရွေ့ Improvement ဆိုတာ ဖိအားပေးပြီး လုပ်ခိုင်းရတဲ့ အရာ မဟုတ်တော့ဘဲ သင့်အဖွဲ့အစည်းရဲ့ ပင်ကိုယ်ဗီဇ ဖြစ်လာပါလိမ့်မယ်။







P.S. လုပ်ငန်းမှာ Process Excellence အတွက် စနစ်တွေ စချရင်း ဒါမှမဟုတ် Kaizen culture တည်ဆောက်ရင်း ဒုတိယနှစ်ရဲ့ အခက်အခဲတွေကြား လမ်းပျောက်နေတယ်ဆိုရင် အတူတူ ဆွေးနွေး အဖြေရှာဖို့ DM ပို့ထားလိုက်ပါနော် 🙂

🦠 ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ဖြစ်စေနိုင်သော Vibrio choleraeVibrio cholerae သည် ကာလဝမ်းရောဂါ (Cholera) ဖြစ်စေနိုင်သော ဘက်တ...
12/08/2026

🦠 ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ဖြစ်စေနိုင်သော Vibrio cholerae

Vibrio cholerae သည် ကာလဝမ်းရောဂါ (Cholera) ဖြစ်စေနိုင်သော ဘက်တီးရီးယားဖြစ်ပြီး ပိုးညစ်ညမ်းနေသော ရေနှင့် အစားအစာ မှတစ်ဆင့် ကူးစက်နိုင်ပါတယ်။

🔬 ဘယ်လိုဖြစ်စေသလဲ?

ပိုးပါသော ရေ/အစားအစာကို စားသောက်မိသည့်အခါ
➡️ ပိုးသည် အူသိမ်သို့ရောက်
➡️ Cholera toxin ထုတ်
➡️ ရေနှင့်ဓာတ်ဆားများ အူထဲသို့ အမြောက်အမြားထွက်
➡️ ပြင်းထန်သော ရေလိုဝမ်းလျှောခြင်း ဖြစ်နိုင်ပါတယ်။

ပြင်းထန်သောအခြေအနေတွင် “ဆန်ဆေးရေကဲ့သို့” ဝမ်းများစွာသွားနိုင်ပြီး ရေနှင့်ဓာတ်ဆားများ လျင်မြန်စွာဆုံးရှုံးနိုင်ပါတယ်။

💧 ဘယ်လိုအစားအစာတွေ သတိထားရမလဲ?

❌ မသန့်ရှင်းသော သောက်ရေနှင့် ရေခဲ
❌ မကျက်တကျက် ငါး၊ ပင်လယ်စာနှင့် Shellfish
❌ မသန့်ရှင်းသောရေဖြင့် ဆေးထားသော သစ်သီး၊ ဟင်းသီးဟင်းရွက်
❌ ချက်ပြီးနောက် ပြန်လည်ညစ်ညမ်းသွားသော အသင့်စားအစားအစာ
❌ အခန်းအပူချိန်တွင် ကြာမြင့်စွာထားသော ချက်ပြီးသားအစားအစာ

🧊 ရေခဲသေတ္တာထဲထားရင် ပိုးသေသလား?

မသေချာပါ။ အအေးခံခြင်းနှင့် အေးခဲခြင်းကို ပိုးသတ်နည်းအဖြစ် မယူဆသင့်ပါ။

🌡️ Food Safety Temperature

❄️ အအေးထားရန် — 5°C အောက်
🔥 အပူဖြင့်ထိန်းထားရန် — 60°C အထက်
🍲 ချက်ပြုတ်ရန် — အစားအစာအတွင်းပိုင်း အနည်းဆုံး 70°C
⏱️ ချက်ပြီးသားအစားအစာ — အခန်းအပူချိန်တွင် ၂ နာရီထက်ပိုမထားပါနှင့်။

🛡️ ကာကွယ်ရန်

✅ ဘေးကင်းသောရေကိုသာ သောက်သုံး၊ ချက်ပြုတ်၊ ဆေးကြောရန်နှင့် ရေခဲပြုလုပ်ရန် အသုံးပြုပါ။
✅ ရေသန့်ရှင်းဘေးကင်းမှုမသေချာပါက အနည်းဆုံး ၁ မိနစ်ပွက်ပွက်ဆူ‌ေအာင်ကျိုပါ။
✅ အစားအစာကို ကျက်အောင်ချက်ပါ။
✅ အစိမ်းနှင့် အသင့်စားအစားအစာကို ခွဲခြားထားပါ။
✅ အိမ်သာအသုံးပြုပြီးနောက်နှင့် အစားအစာမကိုင်မီ ဆပ်ပြာ လက်ဆေးပါ။

⚠️ ပြင်းထန်သော ရေလိုဝမ်းလျှောခြင်း ဖြစ်ပါက

ORS ဓာတ်ဆားရည်ကို ချက်ချင်းစတင်သောက်/တိုက်ကျွေးပြီး ကျန်းမာရေးဌာန သို့မဟုတ် ဆေးရုံသို့ အမြန်ဆုံးသွားပါ။

📌 ပြင်းထန်ဝမ်းပျက်ဝမ်းလျှောတိုင်း Cholera မဟုတ်ပါ။ ရောဂါအတည်ပြုရန် သက်ဆိုင်ရာကျန်းမာရေးဌာန၏ စစ်ဆေးမှုလိုအပ်ပါတယ်။

Reference — World Health Organization (WHO)



⚠️ ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်အောင် သတိထားလိုက်နာရမည့်အချက်များယခုကာလအတွင်း ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားမှုများ ကြားသိနေရသ...
12/08/2026

⚠️ ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်အောင် သတိထားလိုက်နာရမည့်အချက်များ

ယခုကာလအတွင်း ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားမှုများ ကြားသိနေရသဖြင့် အစားအစာနှင့် သောက်သုံးရေ ဘေးကင်းရေးကို အထူးဂရုပြုကြရန် အသိပေးလိုပါသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါများသည် အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်သော်လည်း Food Safety အရ အရေးကြီးသောအကြောင်းရင်းတစ်ခုမှာ ရောဂါပိုးများဖြင့် ညစ်ညမ်းနေသော အစားအစာနှင့် သောက်သုံးရေကို စားသောက်မိခြင်း ဖြစ်ပါသည်။

🦠 အစားအစာနှင့်ရေမှတစ်ဆင့် ကူးစက်နိုင်သော အဖြစ်များသည့် ရောဂါပိုးများ

Bacteria
• Vibrio cholerae — ကာလဝမ်း (Cholera)
• E. coli အချို့
• Shigella
• Salmonella
• Campylobacter

Viruses
• Norovirus
• Rotavirus

Parasites
• Giardia
• Cryptosporidium
• Entamoeba histolytica

အဆိုပါရောဂါပိုးများသည် မသန့်ရှင်းသောရေ၊ အစားအစာ၊ လက်၊ အသုံးအဆောင်ပစ္စည်းနှင့် အစားအစာပြင်ဆင်သည့် မျက်နှာပြင်များမှတစ်ဆင့် အစားအစာထဲသို့ ရောက်ရှိနိုင်ပါသည်။

🚫 ရောဂါကာကွယ်ရေးအတွက် အထူးသတိထားသင့်သော အစားအစာများ

🔸 သန့်ရှင်းမှုမသေချာသော Ready-to-Eat Foods
အသုပ်စုံ၊ လက်သုပ်၊ ခေါက်ဆွဲသုပ်၊ အရွက်သုပ် စသည့် ချက်ပြုတ်ပြီးနောက် လက်ဖြင့် ထပ်မံကိုင်တွယ်ပြင်ဆင်ရသော အစားအစာများကို အထူးသတိထားပါ။

🔸 အဖုံးမအုပ်ထားသော လမ်းဘေးအစားအစာများ
ယင်၊ ဖုန်မှုန့်၊ မသန့်ရှင်းသောလက်၊ ပန်းကန်နှင့် ပတ်ဝန်းကျင်မှ ညစ်ညမ်းနိုင်ပါသည်။

🔸 မကျက်တကျက် အသား၊ ငါး၊ ပင်လယ်စာနှင့် ကြက်ဥ

🔸 မသန့်ရှင်းသောရေဖြင့် ဆေးကြောထားနိုင်သည့် အရွက်စိမ်း၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ

🔸 Pasteurization မပြုလုပ်ထားသော နို့စိမ်း (Raw Milk) နှင့် နို့စိမ်းဖြင့် ပြုလုပ်ထားသော နို့ထွက်ပစ္စည်းများ

🔸 အရင်းအမြစ်မသေချာသော သောက်ရေ၊ ရေခဲ၊ အအေးနှင့် ဖျော်ရည်များ

🔸 ချက်ပြီးနောက် အခန်းအပူချိန်တွင် အချိန်ကြာမြင့်စွာထားသော ထမင်း၊ ဟင်း၊ အသား၊ နို့နှင့် အခြားပုပ်သိုးလွယ်သော အစားအစာများ

🌡️ အပူချိန်နှင့် အချိန်ကို အထူးဂရုပြုပါ

🔥 ချက်ပြုတ်ခြင်း — အစားအစာ၏ အတွင်းပိုင်းအထိ အနည်းဆုံး 70°C ရောက်အောင် ချက်ပြုတ်ပါ။

🥣 ဟင်းရည်၊ စွပ်ပြုတ် စသည်တို့ကို ကောင်းစွာဆူပွက်အောင် ချက်ပါ။

♨️ ပူပူနွေးနွေးထားမည့် ချက်ပြီးသားအစားအစာ — 60°C အထက်တွင် ထိန်းသိမ်းပါ။

❄️ အအေးထားရမည့် ပုပ်သိုးလွယ်သောအစားအစာ — 5°C အောက်တွင် သိမ်းဆည်းပါ။

⏱️ ချက်ပြီးသားနှင့် ပုပ်သိုးလွယ်သော အစားအစာများကို အခန်းအပူချိန်တွင် ၂ နာရီထက်ပို၍ မထားပါနှင့်။

☀️ ပတ်ဝန်းကျင်အပူချိန် 32°C အထက် ဖြစ်နေပါက ပုပ်သိုးလွယ်သောအစားအစာကို ၁ နာရီထက်ပို၍ မထားသင့်ပါ။

🔥 စားကြွင်းစားကျန်များကို ပြန်စားမည်ဆိုပါက အတွင်းပိုင်းအထိ ပူနွေးအောင် သေချာပြန်လည်အပူပေးပါ။

“ချက်ပြီးသားဆိုတိုင်း ဘေးကင်းနေမည်မဟုတ်ပါ။”
မသင့်လျော်သောအပူချိန်တွင် အချိန်ကြာကြာထားပါက ရောဂါပိုးအချို့ လျင်မြန်စွာပွားများနိုင်ပါသည်။

💧 သောက်သုံးရေကို ဂရုပြုပါ

• စိတ်ချရသော သန့်ရှင်းဘေးကင်းသည့်ရေကိုသာ သောက်ပါ။
• ရေအရည်အသွေးမသေချာပါက ကျိုချက်ပြီးမှ သောက်ပါ။
• ရေခဲအတွက်လည်း ဘေးကင်းသောရေကိုသာ အသုံးပြုပါ။
• သောက်ရေကို သန့်ရှင်းပြီး အဖုံးပါသောပုံးတွင် သိမ်းဆည်းပါ။

🧼 လက်သန့်ရှင်းရေးကို အလေးထားပါ

ဆပ်ပြာနှင့် သန့်ရှင်းသောရေဖြင့် လက်ဆေးပါ။

👉 အစားအစာပြင်ဆင်မီ
👉 အစားမစားမီ
👉 အိမ်သာအသုံးပြုပြီးတိုင်း
👉 ကလေးအနှီးလဲပြီးနောက်
👉 အသားစိမ်း၊ ငါးစိမ်း ကိုင်တွယ်ပြီးနောက်

---

🍽️ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေပြီဆိုရင် ဘာတွေ ယာယီရှောင်သင့်သလဲ?

ဒီအပိုင်းကို ရောဂါဖြစ်စေသော အစားအစာများ ဟု မယူဆသင့်ပါ။

အောက်ပါအစားအစာနှင့် အဖျော်ယမကာအချို့သည် ဝမ်းလျှောနေချိန်တွင် အူလမ်းကြောင်းမသက်မသာဖြစ်မှုကို ပိုဆိုးစေနိုင်သဖြင့် ယာယီလျှော့ချ/ရှောင်ကြဉ်သင့်ပါသည်။

🥛 နို့နှင့် Lactose ပါသော နို့ထွက်ပစ္စည်းများ
ဝမ်းလျှောပြီးနောက် အချို့သူများတွင် lactose ကို ယာယီမချေဖျက်နိုင်ခြင်း ဖြစ်နိုင်ပါသည်။

🍟 ဆီကြော်နှင့် အဆီများသောအစားအစာများ
ကြက်ကြော်၊ အာလူးကြော်၊ Fast Food၊ အဆီများသောဟင်းများ။

🌶️ အစပ်လွန်သောအစားအစာများ
အူလမ်းကြောင်းမသက်မသာဖြစ်မှုရှိသူများတွင် ပိုမိုမသက်မသာဖြစ်စေနိုင်ပါသည်။

🍋 အချဉ်လွန်ပြီး မိမိစားသုံးပါက အစာအိမ်/အူလမ်းကြောင်း မသက်မသာဖြစ်စေသော အစားအစာများကိုလည်း ယာယီရှောင်ပါ။

🥤 သကြားဓာတ်များသော အချိုရည်၊ အားဖြည့်အချိုရည်၊ သစ်သီးဖျော်ရည်အချို့နှင့် အချိုများသောအစားအစာများ

☕ Caffeine ပါသော ကော်ဖီ၊ လက်ဖက်ရည်ပြင်း၊ Energy Drink နှင့် အချို့ Soft Drinks

🍬 Sorbitol, Mannitol, Xylitol စသည့် Sugar Alcohol ပါသော Sugar-free အချိုပွဲနှင့် ပီကေများ

🍺 အရက်ပါသော အဖျော်ယမကာများ

⚠️ အစားအစာအားလုံးကို မစားဘဲ အစာဖြတ်ထားခြင်း မပြုသင့်ပါ။ ဝမ်းလျှောနေချိန်တွင် အစားအစာအမျိုးအစားများစွာကို အလွန်အမင်းကန့်သတ်ထားရန်လည်း မလိုအပ်ပါ။

🏥 အရေးကြီးသော သတိပေးချက်

ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားပါက မိမိသဘောဖြင့် ဆေးဝါးများသောက်သုံးခြင်းထက် နီးစပ်ရာ ကျန်းမာရေးဌာန၊ ဆေးခန်း သို့မဟုတ် ဆေးရုံတွင် ကျန်းမာရေးပညာရှင်၏ အကြံပြုချက်နှင့် ကုသမှုကို အချိန်မီခံယူပါ။

📌 Food Safety အတွက် အဓိကမှတ်ထားရန်

Clean — Separate — Cook — Keep Food at Safe Temperatures — Use Safe Water and Raw Materials

လက်သန့် • ရေသန့် • အစားအစာကျက်အောင်ချက် • အစိမ်း/အကျက်ခွဲထား • အပူချိန်နှင့်အချိန်ကို မှန်ကန်စွာထိန်းချုပ်

— WHO Five Keys to Safer Food





🛢️⚠️ စားသုံးဆီ သန့်ရှင်းမှ ကျန်းမာဘေးကင်မည်။🍳 စားသုံးဆီသည် နေ့စဉ်ချက်ပြုတ်ရာတွင် မပါမဖြစ် လိုအပ်သော်လည်း သန့်ရှင်းစွာ ထု...
02/08/2026

🛢️⚠️ စားသုံးဆီ သန့်ရှင်းမှ ကျန်းမာဘေးကင်မည်။
🍳 စားသုံးဆီသည် နေ့စဉ်ချက်ပြုတ်ရာတွင် မပါမဖြစ် လိုအပ်သော်လည်း သန့်ရှင်းစွာ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်းနှင့် အသုံးပြုခြင်း မရှိပါက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။

🚛 ၁။ သယ်ယူပို့ဆောင်ရေးနှင့် သိုလှောင်မှု
✅ Food-grade တိုင်ကီနှင့် ကွန်တိန်နာများကို အသုံးပြုရပါမည်။
⚠️ သန့်ရှင်းမှုမရှိသော ပိုက်လိုင်း၊ ဆီတိုင်ကီနှင့် သိုလှောင်ပုံးများကြောင့် ဖုန်မှုန့်၊ သံချေးနှင့် အခြားညစ်ညမ်းပစ္စည်းများ ရောနှောနိုင်ပါသည်။
☀️ နေရောင်တိုက်ရိုက်ကျရောက်သောနေရာ၊ အပူချိန်မြင့်သောနေရာတွင် သိမ်းဆည်းပါက ဆီ၏ အရည်အသွေး ကျဆင်းနိုင်ပါသည်။

🌰 ၂။ ကုန်ကြမ်း၏ အရည်အသွေးနှင့်သယ်ယူပို့ဆောင်ခြင်း
🌾 မှိုတက်နေသော မြေပဲ၊ နှမ်းနှင့် ဆီထွက်သီးနှံများမှ ထုတ်လုပ်ထားသော ဆီများနှင့် ဆီထည့်သည့် ဗူးများ၊ ပုံးများ၊ သယ်ယူပို့ဆောင်သည်ယာဉ်၊ သင်္ဘောများညစ်ညမ်းနေပါက Aflatoxin ကဲ့သို့သော မှိုအဆိပ်ဓာတ်များ ပါဝင်နိုင်ပြီး ရေရှည်တွင် အသည်းကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။

🍟 ၃။ ဆီကို အကြိမ်ကြိမ် ပြန်အသုံးပြုခြင်း
❌ ဆီကို အကြိမ်ကြိမ် ပြန်ကြော်အသုံးပြုခြင်း
❌ မီးအပူလွန်ကဲစွာ ပေးခြင်း
တို့ကြောင့် ဆီသည် ဓာတ်ပြုပြောင်းလဲကာ ခန္ဓာကိုယ်အတွက် မကောင်းသော ဓာတ်ပစ္စည်းများ ဖြစ်ပေါ်လာနိုင်ပါသည်။
ရေရှည်တွင် ❤️ နှလုံးသွေးကြောရောဂါ 🔥 နာတာရှည်ရောင်ရမ်းမှု 🧬 Oxidative Stress တို့နှင့် ဆက်စပ်နိုင်ကြောင်း လေ့လာချက်များတွင် ဖော်ပြထားပါသည်။
👩‍🍳 အိမ်ရှင်မများနှင့် မိသားစုများအတွက် သတိပြုရန်
🏺 ဆီကို အဖုံးလုံသောပုံးတွင်သာ သိမ်းဆည်းပါ။
🌞 နေရောင်နှင့် မီးဖိုအနီးတွင် မထားပါနှင့်။
💧 ရေမဝင်စေရန် ဂရုစိုက်ပါ။
🥄 ဆီခပ်ဇွန်းကို သန့်ရှင်းခြောက်သွေ့အောင်ထားပါ။
🍤 ငါး၊ အသားကြော်ပြီးသော ဆီကို အကြိမ်ကြိမ် ပြန်အသုံးမပြုပါနှင့်။
⚠️ ဆီအနံ့ဆိုးလာခြင်း၊ အရောင်အလွန်မည်းလာခြင်း၊ အမြှုပ်များထွက်နေခြင်း သို့မဟုတ် ပျစ်လာခြင်းများ တွေ့ရှိပါက ဆက်လက်မသုံးစွဲသင့်ပါ။
🛒 တံဆိပ်ပါ၊ ယုံကြည်စိတ်ချရသော ထုတ်လုပ်သူများ၏ စားသုံးဆီကို ဦးစားပေး ဝယ်ယူပါ။
🥗 ဆီကြော်အစားအစာများကို လျှော့စားပြီး မျှတသော အစားအသောက်ပုံစံကို လိုက်နာပါ။
✅ အရေးကြီးသော သတိပေးချက်
📌 ဆီသည် ကြည်လင်နေသည်ဆိုရုံဖြင့် အရည်အသွေးကောင်းသည်ဟု မဆိုနိုင်ပါ။
📌 အနံ့၊ အရောင်၊ သိုလှောင်နည်းနှင့် အသုံးပြုသည့် အကြိမ်အရေအတွက်သည် ဆီ၏ အရည်အသွေးကို ဆုံးဖြတ်ပေးသော အရေးကြီးသည့်အချက်များ ဖြစ်ပါသည်။
💚 သန့်ရှင်းသော စားသုံးဆီကို ရွေးချယ်အသုံးပြုခြင်းသည် သင့်မိသားစု၏ ကျန်းမာရေးကို ကာကွယ်ခြင်းပင် ဖြစ်ပါသည်။
ဝင်းပြည့်ပြည့်အောင်
2.8.2026
📚 ကိုးကားချက်များ (References)
* Codex Alimentarius Commission – Standard for Named Vegetable Oils (CXS 210)
* World Health Organization (WHO) – Healthy Diet Guidelines
* Food and Agriculture Organization (FAO) – Fats and Fatty Acids in Human Nutrition
* ISO 22000:2018 – Food Safety Management Systems (Requirements for any organization in the food chain)
* American Oil Chemists' Society (AOCS) – Lipid Oxidation and Quality Control


🍽️ Food Processing မှာ အသုံးများတဲ့ Thermal Processing နှင့် ဆက်စပ်လုပ်ငန်းစဉ် (၄) မျိုးပါ 💡အစားအသောက်ထုတ်လုပ်ရေးလုပ်ငန်...
25/07/2026

🍽️ Food Processing မှာ အသုံးများတဲ့ Thermal Processing နှင့် ဆက်စပ်လုပ်ငန်းစဉ် (၄) မျိုးပါ 💡

အစားအသောက်ထုတ်လုပ်ရေးလုပ်ငန်းများတွင် Thermal Processing သည် Food Safety ကို အာမခံပေးပြီး Shelf Life တိုးမြှင့်ရန် အရေးကြီးသော နည်းလမ်းတစ်ခုဖြစ်ပါသည်။ ထို့အပြင် Thermal Processing မတိုင်မီနှင့် ပြီးနောက် ဆောင်ရွက်ရသော လုပ်ငန်းစဉ်များလည်း ရှိပါသည်။

Food Processing တွင် အသုံးများသော Thermal Processing နှင့် ဆက်စပ်လုပ်ငန်းစဉ် (၄) မျိုး ကို လေ့လာကြည့်ရအောင်။

🟢 (၁) Blanching (ဘလန်ချင်း)

Blanching ဆိုသည်မှာ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများကို ရေနွေး (Hot Water) သို့မဟုတ် ရေနွေးငွေ့ (Steam) ဖြင့် အချိန်တိုအတွင်း အပူပေးပြီး ချက်ချင်း အအေးခံခြင်း (Rapid Cooling) ဖြစ်ပါသည်။

🎯 ရည်ရွယ်ချက်

• Enzyme များကို အလုပ်မလုပ်စေရန် (Enzyme Inactivation)
• သဘာဝအရောင်၊ အနံ့၊ အရသာနှင့် အာဟာရဓာတ်များကို ထိန်းသိမ်းရန်
• Freezing နှင့် Drying မတိုင်မီ Pre-treatment အဖြစ် အသုံးပြုရန်
• Surface Microorganisms အချို့ကို လျှော့ချရန်

👉 မှတ်ချက် Blanching သည် Sterilization မဟုတ်ပါ။ အပူပေးပြီးနောက် ချက်ချင်း အအေးမခံပါက သီးနှံများ ပျော့ဖတ်သွားနိုင်ပါသည်။

🟡 (၂) Pasteurization (ပါစတာရိုက်ဇေးရှင်း)

Pasteurization ဆိုသည်မှာ 100°C အောက်ရှိ အပူချိန် (ဥပမာ - HTST: 72°C၊ 15 s) ဖြင့် အပူပေးကာ ရောဂါဖြစ်စေသော ပိုးမွှားများကို ဖျက်ဆီးသည့် လုပ်ငန်းစဉ်ဖြစ်ပါသည်။

🎯 ရည်ရွယ်ချက်

• Pathogenic Microorganisms များကို ဖျက်ဆီးရန်
• Shelf Life ကို သင့်တင့်ရုံ တိုးမြှင့်ရန် • အာဟာရနှင့် အရသာကို မူလအတိုင်းနီးပါး ထိန်းသိမ်းရန်

🥛 ဥပမာ

• Milk
• Fruit Juices
• Beer

👉 မှတ်ချက် Pasteurization သည် Bacterial Spores များကို မဖျက်ဆီးနိုင်ပါ။ ထို့ကြောင့် Pasteurized Products များကို အများအားဖြင့် Cold Chain (Refrigeration) ဖြင့် သိုလှောင်ရပါသည်။ (UHT နှင့် Aseptic Packaging ကဲ့သို့သော နည်းပညာများမှာ ခြွင်းချက်ဖြစ်နိုင်သည်။)

🔴 (၃) Sterilization (စတီရလိုက်ဇေးရှင်း)

Sterilization ဆိုသည်မှာ 100°C ထက်မြင့်သော အပူချိန် (ဥပမာ - 121°C) ကို Pressure နှင့် ပေါင်းစပ်အသုံးပြု၍ Microorganisms နှင့် Bacterial Spores များကို Commercial Sterility ရရှိစေရန် လုံလောက်သောအဆင့်အထိ ဖျက်ဆီးသည့် လုပ်ငန်းစဉ်ဖြစ်ပါသည်။

🎯 ရည်ရွယ်ချက်

• Commercial Sterility ရရှိစေရန်
• Shelf-stable Foods များ ထုတ်လုပ်ရန်
• Canned Foods နှင့် Retort Pouch Foods များကို အခန်းအပူချိန်တွင် ကြာရှည်သိုလှောင်နိုင်ရန်

📌 Food Science Note

Low-acid Canned Foods များတွင် Clostridium botulinum Spores များအတွက် 12D Process ကို ရည်မှန်း၍ Commercial Sterility ရရှိအောင် Thermal Process ကို ဒီဇိုင်းရေးဆွဲထားပါသည်။

👉 မှတ်ချက် Retort = Commercial Sterilization

Retort သည် Pressure နှင့် High Temperature ကို အသုံးပြု၍ Commercial Sterility ရရှိစေသော Thermal Processing Equipment ဖြစ်ပါသည်။

🔵 (၄) Exhaustion (အိတ်ဇော့ရှင်း)

Exhaustion ဆိုသည်မှာ Can သို့မဟုတ် Pouch ကို မပိတ်မီ အတွင်းရှိ Air/Oxygen ကို ထုတ်ပယ်သည့် Pre-processing Operation ဖြစ်ပါသည်။

🎯 ရည်ရွယ်ချက်

• Vacuum Pressure ကောင်းစွာ ရရှိစေရန်
• Oxidation နှင့် Corrosion ကို လျှော့ချရန်
• Retort Processing ပြုလုပ်စဉ် Can Swelling ဖြစ်ခြင်းကို ကာကွယ်ရန်
• ထုတ်ကုန်အရည်အသွေးနှင့် Shelf Life ကို မြှင့်တင်ရန်

👉 မှတ်ချက် Exhaustion သည် Thermal Processing မဟုတ်ဘဲ Retorting မတိုင်မီ ပြုလုပ်ရသော Pre-processing Operation ဖြစ်ပါသည်။

🟢 Blanching ➜ Enzyme Inactivation (Pre-treatment)

🟡 Pasteurization ➜ Pathogens ကို ဖျက်ဆီးသော်လည်း Spores များကို မဖျက်နိုင်

🔴 Sterilization ➜ Commercial Sterility ရရှိစေရန် Microorganisms နှင့် Spores များကို လုံလောက်သောအဆင့်အထိ ဖျက်ဆီး (Retort အသုံးပြုသည်)

🔵 Exhaustion ➜ Can/Pouch အတွင်းရှိ Air ကို ထုတ်ပယ်၍ Vacuum ရရှိစေရန် ဆောင်ရွက်သော Pre-processing Operation

ဝင်းပြည့်ပြည့်အောင် Biotechnologist ပါ။

📚 References

1. Fellows, P. J. (2017). Food Processing Technology: Principles and Practice (4th ed.). Woodhead Publishing.

2. Jay, J. M., Loessner, M. J., & Golden, D. A. (2005). Modern Food Microbiology (7th ed.). Springer.

3. Holdsworth, S. D., & Simpson, R. (2016). Thermal Processing of Packaged Foods (2nd ed.). Springer.

4. Food and Agriculture Organization (FAO). Food Processing and Preservation Manuals.


🍅 "ကင်ဆာကို ကာကွယ်ပေးတဲ့ အစားအစာ ရှိလား?"Facebook ပေါ်မှာ "ဒီအသီးစားရင် ကင်ဆာဆဲလ်သေတယ်"၊ "ဒီဟင်းသီးဟင်းရွက်က ကင်ဆာကို ၄၀...
24/07/2026

🍅 "ကင်ဆာကို ကာကွယ်ပေးတဲ့ အစားအစာ ရှိလား?"
Facebook ပေါ်မှာ "ဒီအသီးစားရင် ကင်ဆာဆဲလ်သေတယ်"၊ "ဒီဟင်းသီးဟင်းရွက်က ကင်ဆာကို ၄၀% လျှော့ပေးတယ်" ဆိုတဲ့ အကြောင်းအရာတွေကို မကြာခဏ တွေ့ရပါတယ်။

🔬 Food Science အမြင်အရတော့ ကင်ဆာကို ကာကွယ်ပေးနိုင်တဲ့ အစားအစာတစ်မျိုးတည်း မရှိပါ။
ကင်ဆာဖြစ်နိုင်ခြေကို လျော့ချပေးတာက အစားအသောက်ပုံစံ (Dietary Pattern)၊ လူနေမှုပုံစံ (Lifestyle) နဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်များ ပေါင်းစပ်ပြီး သက်ရောက်တာ ဖြစ်ပါတယ်။

⚠️ ကင်ဆာဖြစ်နိုင်ခြေကို တိုးစေနိုင်သော အစားအစာများ

🥓 ၁။ Processed Meat (ဝက်အူချောင်း၊ Bacon၊ Ham၊ Sausage စသည်)

WHO လက်အောက်ရှိ IARC (International Agency for Research on Cancer) က Processed Meat ကို Group 1 Carcinogen (လူတွင် ကင်ဆာဖြစ်စေကြောင်း အထောက်အထားခိုင်လုံသော အုပ်စု) အဖြစ် သတ်မှတ်ထားပါတယ်။

➡️ အထူးသဖြင့် အူမကြီးနှင့် အစာအိမ်လမ်းကြောင်းဆိုင်ရာ ကင်ဆာဖြစ်နိုင်ခြေ တိုးလာနိုင်ပါတယ်။

🍟 ၂။ အကြိမ်ကြိမ် အပူပေးအသုံးပြုထားသော ဆီ

ဆီကို အပူမြင့်ဖြင့် အကြိမ်ကြိမ်အသုံးပြုပါက Oxidized Lipids နှင့် အန္တရာယ်ရှိသော ဓာတ်ပေါင်းများ ပိုမိုဖြစ်ပေါ်လာနိုင်ပြီး ရောင်ရမ်းမှု (Inflammation) နှင့် Oxidative Stress ကို တိုးစေနိုင်ပါတယ်။

🍔 ၃။ Ultra-Processed Foods (အသင့်စား ပြုပြင်ထားသော အစားအစာများ)

အချို့ Ultra-processed foods များတွင် ဆား၊ သကြား၊ Saturated Fat နှင့် Additives များစွာ ပါဝင်နိုင်ပြီး မကြာခဏ အများအပြားစားသုံးခြင်းက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

🍰 ၄။ သကြားများသော အစားအစာများ

သကြားက ကင်ဆာကို တိုက်ရိုက်မဖြစ်စေပါ။ သို့သော် သကြားအလွန်အကျွံစားခြင်းကြောင့် အဝလွန်ခြင်း ဖြစ်နိုင်ပြီး အဝလွန်ခြင်းသည် ကင်ဆာအမျိုးအစားများစွာ၏ အန္တရာယ်ကို မြင့်တက်စေကြောင်း သုတေသနများက ဖော်ပြထားပါတယ်။

🥦 ကင်ဆာဖြစ်နိုင်ခြေကို လျော့ချရာတွင် အထောက်အကူပြုနိုင်သော အစားအစာများ

🧄 ကြက်သွန်ဖြူ

Allicin နှင့် အခြား Organosulfur Compounds များ ပါဝင်ပြီး ကျန်းမာရေးအတွက် အကျိုးရှိနိုင်ပါတယ်။ သို့သော် "တစ်နေ့ ၅ စိပ်စားရင် ကင်ဆာ ၄၀% လျော့တယ်" ဆိုတဲ့ အထောက်အထားကို လက်ရှိအချိန်အထိ မတွေ့ရသေးပါ။

🫚 ဂျင်းနှင့် နနွင်း

Gingerol နှင့် Curcumin ကဲ့သို့သော သဘာဝဓာတ်ပေါင်းများမှာ ရောင်ရမ်းမှုကို လျော့စေနိုင်ကြောင်း သုတေသနများ ရှိသော်လည်း ကင်ဆာကို ကုသနိုင်သည်ဟု မသက်သေပြနိုင်သေးပါ။

🍅 ခရမ်းချဉ်သီး

Lycopene ဆိုသော Antioxidant ကြွယ်ဝပြီး နှလုံးကျန်းမာရေးနှင့် အထွေထွေကျန်းမာရေးအတွက် အကျိုးရှိနိုင်ပါတယ်။

🍠 ခရမ်းရောင် ကန်စွန်းဥ၊ 🍇 စပျစ်သီး၊ 🫐 အရောင်ရင့် အသီးအနှံများ

Anthocyanins၊ Polyphenols နှင့် Antioxidants များ ကြွယ်ဝသောကြောင့် ဆဲလ်များကို Oxidative Stress မှ ကာကွယ်ရာတွင် အထောက်အကူပြုနိုင်ပါတယ်။

🍵 လက်ဖက်စိမ်း

Catechins (EGCG) ကဲ့သို့သော Antioxidants များ ပါဝင်သော်လည်း ကင်ဆာကို ကာကွယ်နိုင်ကြောင်း အတည်ပြုနိုင်သော သက်သေ မလုံလောက်သေးပါ။

💚 Food Science က အကြံပြုတဲ့ ကင်ဆာကာကွယ်နည်း

✅ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ အမျိုးမျိုးကို နေ့စဉ် လုံလောက်စွာ စားပါ။

✅ Whole Grains နှင့် ပဲအမျိုးမျိုးကို ပုံမှန်စားပါ။

✅ Processed Meat ကို လျှော့စားပြီး Red Meat ကို မျှတစွာ စားပါ။

✅ ကိုယ်အလေးချိန်ကို ကျန်းမာသောအတိုင်း ထိန်းသိမ်းပါ။

✅ ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။

✅ ဆေးလိပ်၊ ကွမ်းယာနှင့် အရက်ကို ရှောင်ကြဉ်ပါ။

📚 အထောက်အထားများ (Evidence-based References)

🔹 World Health Organization (WHO)

🔹 International Agency for Research on Cancer (IARC)

🔹 World Cancer Research Fund (WCRF) / American Institute for Cancer Research (AICR)

🔹 Diet, Nutrition, Physical Activity and Cancer: A Global Perspective (Continuous Update Project)

📌 အနှစ်ချုပ်

Food Science အမြင်အရ "Super Food" ဆိုတာ မရှိပါ။ ကင်ဆာကို ကာကွယ်နိုင်တဲ့ အစားအစာတစ်မျိုးတည်းလည်း မရှိပါ။

အရေးကြီးဆုံးကတော့ မျှတတဲ့ အစားအသောက်၊ ကျန်းမာတဲ့ လူနေမှုပုံစံ၊ ပုံမှန်လေ့ကျင့်ခန်း၊ ဆေးလိပ်နှင့် ကွမ်းယာရှောင်ခြင်း တို့ကို ရေရှည်လိုက်နာခြင်းကသာ ကင်ဆာဖြစ်နိုင်ခြေကို လျော့ချဖို့ အထောက်အထားအခိုင်လုံဆုံး နည်းလမ်းဖြစ်ပါတယ်။

💚 အစားအစာတစ်မျိုးတည်းကို ယုံကြည်မနေဘဲ၊ နေ့စဉ်စားသောက်ပုံစံတစ်ခုလုံးကို ပြောင်းလဲခြင်းက သင့်ကျန်းမာရေးအတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်ပါတယ်။

ဝင်းပြည့်ပြည့်အောင် Biotechnologist ပါ။





🍗 🔍 ကြက်ကြော်ထဲ ဆီတွေ ဘာလို့ အများကြီး ဝင်သွားတာလဲ?အများစုကတော့ “ဆီပူထဲ စိမ်ထားလို့ ဆီတွေ အများကြီး ဝင်သွားတာ” လို့ ထင်တ...
24/07/2026

🍗 🔍 ကြက်ကြော်ထဲ ဆီတွေ ဘာလို့ အများကြီး ဝင်သွားတာလဲ?
အများစုကတော့ “ဆီပူထဲ စိမ်ထားလို့ ဆီတွေ အများကြီး ဝင်သွားတာ” လို့ ထင်တတ်ကြပါတယ်။

ဒါပေမယ့် တကယ်တော့… အံ့ဩစရာကောင်းတာက...

🔥 ဆီအများဆုံး စုတ်ယူတာက ကြော်နေတုန်းထက် ကြော်ပြီးနောက် အအေးခံတဲ့အချိန် (Cooling Stage) မှာ ဖြစ်ပါတယ်!

➡️ ကြက်သားထဲက ရေငွေ့ (Steam) တွေ ထွက်သွားတဲ့အခါ
➡️ အတွင်းမှာ လေဟာနယ် (Vacuum Effect) ဖြစ်ပေါ်ပြီး
➡️ အပြင် မျက်နှာပြင်မှာရှိတဲ့ ဆီတွေကို အကြော်လွှာ (Crust) ထဲကို ဆွဲယူသွားတာ ဖြစ်ပါတယ်။

⚙️ ဆီစုတ်ယူမှုကို သက်ရောက်စေတဲ့ အချက်များ

1️⃣ Coating Structure (မုန့်နှစ်အလွှာ ဖွဲ့စည်းပုံ) 🧩
မုန့်နှစ်လွှာမှာ အပေါက်ကြီးတွေ၊ အက်ကြောင်းတွေရှိရင် ➜ ဆီပိုစုတ်ပါတယ်။
Panko လိုမျိုး Coarse breadcrumbs (ပေါင်မုန့်ခြောက်အကြမ်းဖတ်) ➜ ဆီပိုဝင်လွယ်ပါတယ်။
Thin & dense coating (ပါးလွှာပြီး စိပ်တဲ့အလွှာ) ➜ ဆီဝင်နည်းပါတယ်။

2️⃣ Moisture Content (အစိုဓာတ် ပါဝင်မှု) 💧
ကြော်နေစဉ် ရေငွေ့ထွက်တာ များလေလေ ➜ အသားထဲမှာ အပေါက်ငယ် (Pores) တွေ များလေလေပါပဲ။
အပေါက်ငယ် များလေလေ ➜ နောက်ပိုင်းမှာ ဆီဝင်ဖို့ နေရာ ပိုများလေလေပါပဲ။

3️⃣ Frying Temperature (ကြော်သည့် အပူချိန်) 🌡️
170°C အောက်ရောက်ရင် ➜ ကြော်ချိန် ကြာသွားပြီး ➜ ဆီပိုဝင်တတ်ပါတယ်။
✅ 175–185°C ➜ အကောင်းဆုံး အပူချိန်ပါ။
190°Cထက်ကျော်ရင် ➜ အပြင်အလွှာ မြန်မြန်ကွဲ (Crust Crack) ပြီး ➜ ဆီဝင်နိုင်ပါတယ်။

4️⃣ Frying Time (ကြော်သည့် ကြာချိန်) ⏱️
ကြာကြာကြော်လေလေ ➜ Moisture loss (အစိုဓာတ် ဆုံးရှုံးမှု) များလေလေ ➜ ဆီပိုစုတ်လေလေပါပဲ။

5️⃣ Batter & Breading (မုန့်နှစ်နှင့် အမှုန့်ကပ်နည်း) 🧪
Starch + Protein + Hydrocolloid တို့ရဲ့ ဟန်ချက် (Balance) က အရေးကြီးပါတယ်။
စပ်နည်းမှန်ကန်ရင် (Good formulation) ➜ ဆီမဝင်အောင် Barrier (အတားအဆီး) အဖြစ် ဆောင်ရွက်ပေးပါတယ်။

6️⃣ Chicken Quality (ကြက်သား အရည်အသွေး) 🍗
ရေထိန်းအား (WHC) နည်းတဲ့ ကြက်သား ➜ ရေထွက်မြန်ပြီး ➜ ဆီဝင်လွယ်ပါတယ်။
အသားမျှင် ပျက်စီးနေရင် ➜ ဆီဝင်ဖို့ လမ်းကြောင်း (Oil Pathway) တွေ ဖြစ်စေပါတယ်။

7️⃣ Oil Quality (ဆီ အရည်အသွေး) 🛢️
ဆီဟောင်း၊ ဆီပျက် ➜ Viscosity မြင့်တက်ပြီး ➜ ကြက်ကြော်မှာ ဆီပိုကပ်ကျန်စေပါတယ်။
Degraded oil (အရည်အသွေးကျဆင်းနေတဲ့ဆီ) ➜ Oil pickup (ဆီကပ်ယူမှု) ပိုများပါတယ်။

8️⃣ Cooling & Draining (အအေးခံခြင်းနှင့် ဆီစစ်ခြင်း) ❄️
ဖော်ပြခဲ့သလိုပဲ Cooling stage မှာ ဆီဝင်အများဆုံးပါ။
ကြော်ပြီးပြီးချင်း သေချာ ဆီမစစ်ရင် (Proper draining) ➜ ဆီတွေ အသားထဲ ကျန်နေပါလိမ့်မယ်။

💡 လက်တွေ့ အသုံးချနိုင်တဲ့ Tips များ
✅ အပူချိန် 175–185°C ထိန်းပါ။ ဆီပူချိန် မှန်ပါစေ။
✅ Coating ကို thin & uniform ဖြစ်အောင် လုပ်ပါ။ မုန့်နှစ်ကို ပါးပါးနှင့် ညီညာအောင် ကပ်ပါ။
✅ကြော်ပြီးချင်း ချက်ချင်း ဆီစစ်ပါ။ Rack သို့မဟုတ် ဇကာပေါ်တင်ပြီး ဆီသေချာစစ်ပါ။
✅ဆီကို သန့်ရှင်းအောင် ထိန်းပါ။ ဆီသန့်ကို သုံးပါ၊ ဆီဟောင်းတွေကို မှန်မှန်လဲပါ။ ပြန်မသုံးပါနှင့်။
✅Frying time ကို control လုပ်ပါ။ အကျက်လွန်ပြီး ခြောက်မသွားအောင် ကြော်ချိန်ကို သတိထားပါ။


🍗 အရသာရှိတဲ့ ကြက်ကြော်တစ်ခုရဖို့က
👉 Cooking သာမက Science + Technique + Control ပေါင်းစပ်ထားတဲ့ Process ဖြစ်ပါတယ်။

💛 ဆီစုတ်ယူမှု လျှော့ချနိုင်ရင် -
✔️ မအီဘဲ စားလို့ ပိုကောင်းမယ်
✔️ Crispy (အမြှုပ်) ပိုကောင်းမယ်
✔️ Cost (ကုန်ကျစရိတ်) လည်း သက်သာမယ်

💬 စာဖတ်သူတို့ရော ဘယ် အချက်ကက အရေးကြီးဆုံးလို့ထင်ပါသလဲ?
👉 Temperature? Coating? Cooling?
ကွန်မန့်မှာ မျှဝေလိုက်ပါဦးရှင် 😊

ဝင်းပြည့်ပြည့်အောင် (Biotechnologist)ပါ။




🏆 အောင်မြင်မှုတိုင်းမှာဖိအား‌တွေရှိတယ်လေ...🥇ဘဝမှာ အောင်မြင်မှုတွေ၊ ဆုတံဆိပ်တွေနဲ့ အသိအမှတ်ပြုခံရမှုတွေ တစ်ခုပြီးတစ်ခု ရလ...
23/07/2026

🏆 အောင်မြင်မှုတိုင်းမှာဖိအား‌တွေရှိတယ်လေ...
🥇ဘဝမှာ အောင်မြင်မှုတွေ၊ ဆုတံဆိပ်တွေနဲ့ အသိအမှတ်ပြုခံရမှုတွေ တစ်ခုပြီးတစ်ခု ရလာတာနဲ့အမျှ စိန်ခေါ်မှုတစ်ခုက ငြိမ်ငြိမ်လေး ပါလာတတ်တယ် ✨
🦸‍♀️အဲဒါကတော့"အတ္တ (Ego)"ပါပဲ။
ပုံလေးကို သေချာကြည့်လိုက်ရင် အဓိပ္ပာယ် အရမ်းနက်နဲတာကို တွေ့ရလိမ့်မယ် 💡
🥇လည်ပင်းမှာ ဆုတံဆိပ်တွေ များလာလေလေ၊ အဲဒီဆုတံဆိပ်တွေရဲ့ အလေးချိန် (Weight) ကြောင့် ခန္ဓာကိုယ်ဟာ အောက်ကို ပိုပြီး ကိုင်းညွှတ်ကျသွားလေလေပဲ။
🙆နောက်ဆုံးမှာတော့ ကိုယ့်ခြေထောက်ကို ကိုယ်ပြန် ဦးညွှတ်လိုက်ရတဲ့အထိပေါ့ 🙇‍♂️

"Success has weight. Let it bend your ego—not your character."

💯အောင်မြင်မှုဆိုတာ အလေးချိန် ရှိတယ်။ အဲဒီအလေးချိန်ကို သင့်ရဲ့ အတ္တ (Ego) ကိုပဲ ညွှတ်ကျပါစေ — သင့်ရဲ့ စာရိတ္တ (Character) ကိုတော့ မညွှတ်ကျပါစေနဲ့ တဲ့ ❤️

🌾 ငယ်ငယ်ကသင်ရတဲ့စပါးနှံသင်ခန်းစာအမှတ်ရမိတယ်...

🌾စပါးနှံတွေဟာ သီးနှံမအောင်သေးခင်မှာ ထောင်မတ်နေပေမဲ့ အစေ့အဆန်တွေ အမှန်တကယ် ပြည့်ဝရင့်မှည့်လာတဲ့အခါ အောက်ကို ညွှတ်ကျသွားတတ်ကြပါတယ်။
🥇လူဆိုတာလည်း ဒီလိုပါပဲ...
ဆုတံဆိပ်တွေ၊ ရာထူးတွေ ရလာလေလေ ခေါင်းမော့ ကြွားဝါဖို့ မဟုတ်ဘဲ
⬇️
ငါ မသိသေးတာတွေ အများကြီး ရှိသေးပါလားဆိုတဲ့ သင်ယူလိုစိတ် (Growth Mindset) နဲ့ ပိုမို နှိမ့်ချတတ်လာရမယ်။
ဘေးနားက ကူညီပေးခဲ့သူတွေကို ပိုသတိရပြီး အောက်ခြေမလွတ်ဖို့ အရေးကြီးတယ်။
မိမိရဲ့ သမာဓိနဲ့ ရိုးသားမှုကိုတော့ ဘယ်တော့မှ အအပျောက်မခံပါနှင့်။

အောင်မြင်လာလို့ မောက်မာသွားတာထက်၊ အောင်မြင်လေလေ ပိုပြီး နှိမ့်ချ စာနာတတ်လာတာကမှ စစ်မှန်တဲ့ ခေါင်းဆောင်မှုနဲ့ စာရိတ္တပါပဲ 🌟

အောင်မြင်မှု တာဝန်တွေကို ထမ်းဆောင်နေကြတဲ့ မိတ်ဆွေများအားလုံး အတ္တကို လျှော့၊ စာရိတ္တကို မြှင့်တင်ရင်း ပိုမိုလှပတဲ့ ခရီးကို လှမ်းလျှောက်နိုင်ဖို့ကြိုးစားကြရမယ်... 🤍🌿

ငှက်ပျောသီးနဲ့ပက်သက်လို့ စိတ်ပင်ပန်းနေကြရလို့ မျှဝေပေးလိုက်ပါတယ်။🍌 ဆေးသီး VS သဘာဝမှည့်သီး 🍌ဘယ်လိုခွဲမလဲ? ဘယ်လိုရွေးဝယ်မလ...
19/07/2026

ငှက်ပျောသီးနဲ့ပက်သက်လို့ စိတ်ပင်ပန်းနေကြရလို့ မျှဝေပေးလိုက်ပါတယ်။

🍌 ဆေးသီး VS သဘာဝမှည့်သီး 🍌
ဘယ်လိုခွဲမလဲ? ဘယ်လိုရွေးဝယ်မလဲ? ⚠️
ဈေးကွက်ထဲမှာ အသီးတွေကို မြန်မြန်မှည့်အောင် အမျိုးမျိုးသော နည်းလမ်းတွေ အသုံးပြုကြပါတယ်။ ဒါပေမယ့် နည်းလမ်းအားလုံးက အန္တရာယ်ရှိတာ မဟုတ်ပါဘူးရှင်။

☠️ အသုံးများတဲ့ အမှည့်နည်းလမ်းများ
❌ Calcium Carbide (ကာဘိုက်)

တရားမဝင် အသုံးပြုတာများပါတယ်။
မသန့်စင်တဲ့ Carbide မှာ Arsenic နဲ့ Phosphine အညစ်အကြေးတွေ ပါဝင်နိုင်ပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

✅ Ethylene Gas

အသီးတွေကိုယ်တိုင် သဘာဝအတိုင်း ထုတ်လုပ်တဲ့ အမှည့်ဟော်မုန်း ဖြစ်ပါတယ်။
စံချိန်စံညွှန်းအတိုင်း အသုံးပြုရင် နိုင်ငံတကာမှာ လုံခြုံစိတ်ချစွာ အသုံးပြုနေတဲ့ နည်းလမ်းဖြစ်ပါတယ်။

🌿 သဘာဝအုပ်မှည့်နည်း

ကောက်ရိုး၊ စက္ကူအိတ် သို့မဟုတ် မှည့်နေတဲ့ အသီးတွေနဲ့ တွဲထားပြီး သဘာဝအတိုင်း မှည့်စေတဲ့ နည်းလမ်းပါ။

🔍 ဆေးသီးဖြစ်နိုင်တဲ့ လက္ခဏာများ
🍌 အသီးဝါနေပြီး အညှာစိမ်းလွန်းနေခြင်း
🍌 အခွံဝါပေမယ့် အသားမာနေခြင်း
🍌 အရောင်ဝါညီလွန်းပြီး သဘာဝမဆန်ခြင်း
🍌 အနံ့မမွှေး၊ အရသာပေါ့ပြီး ဖန်တန်တန်ဖြစ်ခြင်း
သတိပြုရန် – အပေါ်က လက္ခဏာတွေက အတိအကျ မဟုတ်ပါဘူး။ လက္ခဏာတစ်ခုတည်းနဲ့ ဆေးသီးလို့ မဆုံးဖြတ်နိုင်ပါ။

🛡️ Food Safety Tips
✅ ရာသီပေါ်အသီးတွေကို ရွေးဝယ်ပါ။
✅ ယုံကြည်စိတ်ချရတဲ့ ဆိုင်ကနေ ဝယ်ယူပါ။
✅ စားခါနီး ရေသန့်နဲ့ သေချာဆေးကြောပါ။
💚 အသီးအနှံများများ စားခြင်းက ကျန်းမာရေးအတွက် အကျိုးရှိပါတယ်။ အရေးကြီးတာက လုံခြုံစိတ်ချရတဲ့ အစားအစာကို ရွေးချယ်စားသုံးဖို့ပါ။
ရောင်းချသူများကိုလဲ ခွင့်ပြုမရှိတဲ့ဓါတုပစ္စည်းများအသုံးပြုခြင်းကိုရှောင်းရှားစေချင်ပါတယ်။

👩‍🔬 ဝင်းပြည့်ပြည့်အောင် (Biotechnologist)

#ငှက်ပျောသီး

"Detox လုပ်ဖို့ တကူးတက ပိုက်ဆံကုန်ခံနေတုန်းပဲလား? 🤷‍♂️❌"စျေးကြီးပေးဝယ်ရတဲ့ Detox လက်ဖက်ရည်တွေ၊ ဖျော်ရည်တွေ သောက်မှ ခန္ဓာ...
18/07/2026

"Detox လုပ်ဖို့ တကူးတက ပိုက်ဆံကုန်ခံနေတုန်းပဲလား? 🤷‍♂️❌"

စျေးကြီးပေးဝယ်ရတဲ့ Detox လက်ဖက်ရည်တွေ၊ ဖျော်ရည်တွေ သောက်မှ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ပြေလျော့သွားမယ်လို့ ထင်နေရင်တော့ ဒါဟာ မှားယွင်းတဲ့ အယူအဆအဟောင်းကြီးပဲ ဖြစ်ပါတယ်! 💡✨

တကယ်တော့ ကျွန်မတို့ ခန္ဓာကိုယ်မှာ သဘာဝအတိုင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးမယ့် အကောင်းဆုံး စက်ရုံကြီးတွေ ပါဝင်ပြီးသားပါ။

အပြင်က Detox ထုတ်ကုန်တွေဟာ ခန္ဓာကိုယ်က သဘာဝအတိုင်း လုပ်ဆောင်ပေးတာထက် ပိုပြီး အဆိပ်အတောက် ပြေစေတယ်ဆိုတဲ့ သိပ္ပံနည်းကျ ခိုင်မာတဲ့ အထောက်အထား မရှိပါဘူး။ 🧪🚫

🛡️ ခန္ဓာကိုယ်ရဲ့ အစွမ်းထက် Detox အဖွဲ့ဝင်များ

ကျွန်မတို့ ခန္ဓာကိုယ်ထဲက အညစ်အကြေးနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ အောက်ပါ အင်္ဂါအစိတ်အပိုင်းတွေက နေ့ညမပြတ် စုပေါင်းလုပ်ဆောင်ပေးနေကြပါတယ် -

အသည်း (Liver) -ခန္ဓာကိုယ်ရဲ့ အဓိက အဆိပ်ဖြေစက်ရုံကြီးပါ။ 🏭

ကျောက်ကပ် (Kidneys) -သွေးထဲက အညစ်အကြေးတွေကို စစ်ထုတ်ပြီး ဆီးအဖြစ် စွန့်ထုတ်ပေးပါတယ်။ 💧

အဆုတ် (Lungs) -လေရှူသွင်း၊ ရှူထုတ်ခြင်းကနေတစ်ဆင့် မလိုအပ်တဲ့ ဓာတ်ငွေ့တွေကို ဖယ်ရှားပေးပါတယ်။ 🫁

အရေပြား (Skin) -ချွေးထွက်ခြင်းကနေတစ်ဆင့် အညစ်အကြေးအချို့ကို စွန့်ထုတ်ပေးပါတယ်။ 💦

အစာခြေစနစ် (Digestive Tract)-အစာဟောင်းတွေကို ဝမ်းအဖြစ် ပုံမှန်စွန့်ထုတ်ပေးပါတယ်။ 🔄

🌱 ခန္ဓာကိုယ်ရဲ့ သဘာဝ Detox စနစ်ကို ဘယ်လို ပံ့ပိုးမလဲ?
စျေးကြီးတဲ့ Detox နည်းလမ်းတွေနောက် လိုက်မယ့်အစား ခန္ဓာကိုယ်ရဲ့ သဘာဝစနစ်ကို ပိုမိုကောင်းမွန်အောင် အလွယ်ကူဆုံး ကူညီပေးနိုင်တဲ့ နည်းလမ်း (၅) သွယ် ရှိပါတယ် -

1. အိပ်ရေးဝဝ အိပ်စက်ခြင်း 💤 - ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို ပြန်လည်ပြုပြင်ဖို့ အချိန်အလုံအလောက် ပေးပါ။

2. မျှတသော အာဟာရ စားသုံးခြင်း 🥦 -လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကို နေ့စဉ် စားသုံးပေးပါ။

3. ရေဓာတ် ပြည့်ဝစွာ ထိန်းသိမ်းခြင်း 💧 -ကျောက်ကပ်နဲ့ အူလမ်းကြောင်း ကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့ ရေများများ သောက်ပေးပါ။

4. ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လုပ်ခြင်း 🏃‍♂️ -ချွေးထွက်စေပြီး သွေးလည်ပတ်မှု ကောင်းမွန်စေဖို့ လေ့ကျင့်ခန်း လုပ်ပါ။

5. အရက်သေစာ သောက်သုံးမှုကို ကန့်သတ်ခြင်း ❌🍺 -အသည်းကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့ အရက်သောက်ခြင်းကို ရှောင်ကြဉ် သို့မဟုတ် လျှော့ချပါ။

💡အနှစ်ချုပ်မှတ်ချက် - အပြင်ပန်း Detox တွေထက် မိမိခန္ဓာကိုယ်ရဲ့ သဘာဝအင်္ဂါတွေ ကျန်းမာနေအောင် နေထိုင်စားသောက်တဲ့ နည်းလမ်းကသာ အထိရောက်ဆုံးနဲ့ စစ်မှန်ဆုံး Detox ဖြစ်ပါတယ်။ ❤️

ဝင်းပြည့်ပြည့်အောင် Biotechnologist ပါ။




Address

Mayangone
Yangon
11601

Website

Alerts

Be the first to know and let us send you an email when LeanFood Partners posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category