05/11/2024
2024 လည်း ကုန်တော့မယ်၊ English level ဘယ်လောက်တိုးတက်လာခဲ့လဲ။ Speaking ပိုရဲလာပြီလား၊ Writing ပိုကြွယ်လာပြီလား။
⏳️ 2025 ကျရင် English ကို ဘယ်လိုပိုပြီး ထိထိရောက်ရောက် လေ့လာမလဲ? 🔥🔥
အခုကတည်းက အဆင်သင့်planချထားနိုင်အောင် Chel ကနေ SMART goals model လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 📈
S ✅️ (Specific)
အရင်ဆုံး ကိုယ်လိုချင်တဲ့ပန်းတိုင်ကို အတိအကျသတ်မှတ်ဖို့ လိုပါတယ်။ 🎯
"ကိုယ့် English Goals for 2025 က ဘာလဲ" လို့ မေးရင် "English intermediate ရောက်ချင်တယ် Chel" လို့ ဖြေရင် သေပါပြီ။
"အနည်းဆုံး Reading skill တော့ intermediate ရောက်အောင်လုပ်ချင်တယ်။ ဒါမှ ငါကြိုက်တဲ့ Harry Potter စာအုပ်တွေ ဖတ်လို့ရမှာ" တိကျနိုင်သလောက် တိကျပါ။ 🎯
M ✅️ (Measurable)
ကိုယ့်ခြေလှမ်း(progress)တွေကို တိုင်းတာထားဖို့ လိုပါတယ်။ 👣 ငါဒီပန်းတိုင်ကို နှစ်ကုန်အရောက်သွားဖို့ အချိန်အား၊ စိတ်အား၊ ငွေအား ဘယ်လောက်စိုက်နိုင်မလဲ။
(For e.g. 💯 ငါ ၁ပတ်၄နာရီ စာလုပ်မယ်၊ တစ်လစာသင်တန်းကြေး လေးသောင်းထိပဲ သုံးနိုင်မယ်၊ တစ်လ၁ခါ level test အမြဲပြန်စစ်ကြည့်မယ်)
A ✅️ (Achievable)
မဖြစ်နိုင်တဲ့ ပန်းတိုင်တွေထားတာလည်း အသုံးမဝင်ပါဘူး။ Stressဝင်လာတာ၊ သိမ်ငယ်စိတ်တွေဝင်လာတာ၊ confidence ကျလာတာပဲ အဖတ်တင်မယ်။
(For e.g. 💡 ကိုယ့် Level က Elementary ပဲရှိသေးရင် နှစ်ကုန် Upper Intermediate လုံးဝမရောက်နိုင်ပါဘူး)
R ✅️ (Relevant)
ငါဘာလို့ နှစ်ကုန်ကျ English skill ဒီလောက်တိုးတက်ဖို့ လိုတာလဲ??
ကိုယ့်လက်တွေ့ဘဝနဲ့ ကိုယ်သွားချင်တဲ့ပန်းတိုင်ဆက်စပ်မှုရှိရဲ့လား? အကျိုးရောပြုမှာလား? မရှိရင် အချိန်ဖြုန်းနေရုံသက်သက်မို့ ကြောက်စရာကောင်းပါတယ်။
T ✅️ (Time Bound)
ဘယ်နေ့နောက်ဆုံး ဒီပန်းတိုင်ရောက်ရမလဲ Deadline သတ်မှတ်ပါ။
မဟုတ်ရင် နေ့ရွေ့၊ ညရွေ့နဲ့ မျှော်တိုင်းဝေးနေမှာပါပဲ။ Deadline သတ်မှတ်ပါ။ အချိန်မှီ ပြီးအောင်လုပ်ပါ။
(ငါ့ reading skill က December အမှီ intermediate ရောက်အောင်လုပ်မယ်၊ ပြီးရင် မောင်လေးကို Harry Potter set လိုက်ကြီး Christmas လက်ဆောင်ဝယ်ခိုင်းရမယ်...ဟီး...အချိန်ကိုက်ပေါ့နော်) 🎄📚🧙🏻♂️
▪️🔸️▪️🔸️
Specific 🎯
Measurable 📐
Achievable 🏃🏽♀️
Relevant 🧠
Time Bound ⏳️
▪️🔸️▪️🔸️
SMART model လေးပါပဲ 😉 5မိနစ်လောက်ပဲ အချိန်ယူဆွဲပြီး goal တွေဆီ အရောက်သွားရအောင်
Like, React, Cmt & Share ဖို့ မမေ့ကြပါနဲ့ဦးနော် 😁