Study in Italy Now

Study in Italy Now Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Study in Italy Now, Consulente scolastico, Yangon.

🎓🇮🇹 Education & Visa Support for Myanmar Students
We assist with university admissions, scholarship opportunities, and visa applications
📩 Contact us for consultation

🇮🇹✈️ Italy မှာ ကျောင်းလာတက်ဖို့ ပြင်ဆင်နေတဲ့သူများအတွက် – Travel Before You Go GuideVisa ရပြီး Italy ကိုလာဖို့ အဆင်သင့်ဖ...
15/08/2026

🇮🇹✈️ Italy မှာ ကျောင်းလာတက်ဖို့ ပြင်ဆင်နေတဲ့သူများအတွက် – Travel Before You Go Guide

Visa ရပြီး Italy ကိုလာဖို့ အဆင်သင့်ဖြစ်နေပြီဆိုတော့

Italy ရောက်ရောက်ချင်း အခက်မတွေ့အောင် Language, Documents, Money, SIM Card, Transportation, နေထိုင်ရေးနဲ့ မဖြစ်မနေယူသွားသင့်တဲ့ပစ္စည်းတွေ ကို ဘာတွေကြိုပြင်ထားသင့်လဲဆိုတာ ဒီ Guide မှာ တစ်ခုချင်းပြောပြပေးသွားပါမယ်။

🇮🇹 အထူးသဖြင့် Italy ကို ပထမဆုံးလာမယ့် International Students တွေအတွက် လက်တွေ့အသုံးဝင်မယ့်အချက်တွေကို

Admin ကိုယ်တိုင်ရဲ့ အတွေ့အကြုံအရ မျှဝေပေးသွားမှာပါ

Italy ကို ပထမဆုံးလာမယ့်သူတွေအနေနဲ့ အနည်းဆုံး A1–A2 Level လောက်အထိ Italian စကားပြောအခြေခံတွေကို ကြိုတင်လေ့လာထားဖို့ အကြံပြုချင်ပါတယ်

အထူးသဖြင့် ရောက်ရောက်ချင်း အသုံးများမယ့်—
✔️ နေ့စဉ်သုံး Italian စကားလုံးတွေ
✔️ မေးတတ်၊ ဖြေတတ်တဲ့ အခြေခံစကားပြောတွေ
✔️ Supermarket မှာ အသုံးများတဲ့ ဝေါဟာရတွေ
✔️ Bus / Train စီးတဲ့အခါ အသုံးဝင်မယ့် စကားလုံးတွေ

ဒါတွေကို ကြိုလေ့လာထားရင် Italy ရောက်ရောက်ချင်း ဘာသာစကားကြောင့် အခက်အခဲဖြစ်တာတွေ အများကြီးလျော့သွားပါလိမ့်မယ်။

📌 International Student ဖြစ်လို့ ကျောင်းထဲမှာတော့ English နဲ့ အဆင်ပြေနိုင်ပါတယ်။ ဒါပေမယ့် ကျောင်းပြင်ပမှာတော့ နေ့စဉ်ဘဝအတွက် Italian ကို အများကြီးအသုံးပြုရတာကြောင့် အနည်းဆုံး နားလည်ပြီး အခြေခံပြောနိုင်အောင် ကြိုလေ့လာထားတာက တကယ်အသုံးဝင်ပါတယ်

_____

🇮🇹 ✈️ Italy သွားဖို့ Packing List

Italy ကို ကျောင်းလာတက်မယ့်သူတွေအနေနဲ့ “ဘာတွေယူသွားရမလဲ?” “ဘယ်ဟာကို
Hand Carry ထဲထည့်ရမလဲ?” ဆိုတာ စဉ်းစားရတာ တကယ်မလွယ်ပါဘူး။

ဒါကြောင့် Admin ကိုယ်တိုင် Italy စလာခဲ့တုန်းက အတွေ့အကြုံအရ မဖြစ်မနေယူသွားသင့်တာတွေကို အမျိုးအစားခွဲပြီး တစ်ခုချင်း ပြောပြပေးသွားပါမယ်။

🧾 Documents — အရေးကြီးဆုံးအပိုင်း

Documents တွေက ခရီးစဉ်တစ်လျှောက် အလွယ်တကူထုတ်ယူနိုင်ဖို့ Hand Carry / Cabin Bag ထဲမှာပဲ ထည့်ထားတာ အကောင်းဆုံးပါ

• Passport + Student Visa
• Admission Letter / Pre-enrolment Summary
• Proof of Accommodation
• Flight Ticket
• Health Insurance
• Financial Documents
• Vaccination Record (optional)

📌Original + Copy ဖိုင်တစ်ခုထဲ စုပြီး ထည့်ထားပါ အရေးကြီးတာက Checked-in bag ထဲ မထည့်ပါနဲ့

❌ Passport, Visa နဲ့ အရေးကြီး Documents တွေကို Checked-in Luggage ထဲ မထည့်ပါနဲ့။

⸝

🔌 Electronics

Electrical ပစ္စည်းတွေကို Hand Carry ထဲထည့်ပါ

• Laptop / Tablet / Phone
• Power Bank (max 20,000mAh)
• Earphones / Headphones
• Universal Adapter
• Extension Cord

📌 Universal Adapter ကိုတော့ မြန်မာကနေ ကြိုဝယ်လာဖို့ အကြံပြုချင်ပါတယ်။

-Italy ရဲ့ Plug Socket တွေက မြန်မာနိုင်ငံမှာ အသုံးများတဲ့ Plug တွေနဲ့ မတူတာကြောင့် Adapter မပါရင် ရောက်ရောက်ချင်း ဖုန်း၊ Laptop တွေ Charge လုပ်ဖို့ အခက်အခဲဖြစ်နိုင်ပါတယ်

-Admin တုန်းကတော့ Admin မေမေက
•Rice cooker
•Dryer
•Ironမီးပူ တွေပါထည့်ပေးလိုက်တာ

-Admin က ဒီရောက်မှ ဝယ်မယ်ဆိုတာတောင်
ဒါပေမယ့် မေမေက မရရအောင် အတင်းထည့်ပေးလိုက်တော့…
မေမေရဲ့ အမျှော်အမြင်ကြီးပုံများ
Italy ရောက်ရောက်ချင်းမှာ တကယ် ဘာမှဝယ်စရာမလိုခဲ့ဘူး
ပိုက်ဆံလဲအများကြီးမကုန်ခဲ့ဘူး ဟီး”🤭

📌ဒီရောက်မှ ဝယ်လည်းရပါတယ် ဒါပေမဲ့
• ရောက်ရောက်ချင်း ဆိုင်တွေဘယ်မှာရှိမှန်း မသိသေးတာ
• သွားလာရတာ မကျွမ်းသေးတာ
• တချို့ပစ္စည်းတွေက မြန်မာနိုင်ငံထက် စျေးပိုကြီးတာကြောင့်
ယူလာခဲ့ရင်တော့ ပိုအဆင်ပြေပါတယ်

⸝

🧴 Personal Hygiene & Skincare

Personal Hygiene ပစ္စည်းတွေကတော့ Italy ရောက်ရောက်ချင်း အဆင်ပြေစေဖို့ အနည်းဆုံး ပထမတစ်လအတွက် လိုအပ်တာတွေကို ကြိုတင်ယူလာထားရင် ကောင်းပါတယ်။

ဒါတွေကိုတော့ Checked-in Bag ထဲ ထည့်ပါ

• Toothbrush + Toothpaste
• Shampoo / Soap / Face Wash
• Skincare Set (moisturizer, sunscreen, serum, acne cream,…)
• Deodorant / Razor
• Sanitary Pads / Cotton Pads / Nail Cutter
• Comb / Towel / Slippers

📌 Skincare ပစ္စည်းတွေအတွက်တော့ စိတ်ပူစရာမလိုပါဘူး Italy မှာလည်း Skincare Brand တွေ အများကြီးရနိုင်ပါတယ်

Korea Skincare တွေကတော့စျေးပိုကြီးပေမဲ့ Authentic ဖြစ်တယ်

-ဒါကြောင့် ကိုယ်နေ့တိုင်းသုံးနေကျ Skincare ပစ္စည်းတွေရှိရင် မြန်မာကနေ အစပိုင်းအသုံးပြုဖို့ ယူလာထားတာ ပိုအဆင်ပြေပြီး ငွေလည်းသက်သာစေနိုင်ပါတယ်

⸝

💊 Medicine ,Health & First Aid

Italy ကို ပထမဆုံးလာမယ့်သူတွေအနေနဲ့ အရေးပေါ်သုံးရနိုင်တဲ့ ဆေးလေးတွေကို အစပိုင်းအတွက် ကြိုယူလာထားရင် တော်တော်အဆင်ပြေပါတယ်

ဆေးဝါးတွေကိုတော့ Checked-in ထဲထည့်ပါ

💊 ယူလာသင့်တဲ့ ဆေးဝါးတွေကတော့—

• ကိုယ်ပုံမှန်သောက်နေကျ ဆေးဝါးများ
• Cold & Flu Tablets
• Vitamin C
• Eye Drops
• Digestive Pills
• Paracetamol
• Band-aids
• Balm / Muscle Rub
• ကိုယ်ပုံမှန်အသုံးပြုနေကျ First Aid ပစ္စည်းလေးများ ယူလာဖို့အကြံပေးချင်ပါတယ်

-အီတလီမှာဆေးဝယ်ဖို့ Farmacia ဆေးဆိုင်တွေကတော့ နေရာတိုင်းရှိတယ်
လိုချင်တာ ဝယ်ချင်တာကို အချိန်မရွေးဝယ်လို့ရပါတယ်

-ကိုယ်က Italy ကဆေးတွေမသောက်တတ်ရင် သောက်နေကျ ဆေးတွေကို ယူလာဖို့ အကြံပေးချင်ပါတယ်

-တချို့ဆေးတွေက အလွယ်တကူဝယ်လို့မရပါဘူးဆရာဝန်ရဲ့ Prescription ထောက်ခံစာလိုတတ်ပါတယ် ဝယ်ရခက်တဲ့ဆေးတွေဆို တစ်ခါထဲ ဝယ်လာခဲ့ပါ

⸝

🍜 Food – မြန်မာစားသောက်ကြိုက်သူများအတွက်

📌အီတလီမှာ မြန်မာဆိုင်တွေ မရှိပါဘူး 😭
Asian market တွေကတော့ မြို့အပေါ်မူတည်ပြီး အနည်းနဲ့အများရှိကြပါတယ်

-Admin ကတော့ မြန်မာအစားစာအရမ်းကြိုက်ပြီးလွမ်းလို့ ဒီတခေါက်မြန်မာခဏပြန်တော့ အစားသောက်တွေပဲအဓိကထည့်လာတယ်

-အထူးသဖြင့်—

• ဟင်းခတ်အမွှေးအကြိုင်တွေ
• ငါးပိ
• လက်ဖက်
• ငရုတ်သီး / အခြောက်အခြမ်းတွေ
• ကိုယ်အမြဲစားနေကျ မြန်မာအစားအစာတွေမှာ မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေ
လိုမျိုး ကိုယ်အရမ်းကြိုက်ပြီး Italy ရောက်မှ ရှာရခက်နိုင်တဲ့ ပစ္စည်းတွေကို ကြိုယူလာထားရင် ပိုအဆင်ပြေပါတယ်။

-အနီးစပ်ဆုံး Asian and African market တွေကနေ Myanmar နဲ့အရသာအနီးစပ်ဆုံး
တရုတ်၊ထိုင်း၊ဗီယက်နမ် product တွေတော့ ဝယ်လို့ရပါတယ်

📌 Food နဲ့ပတ်သက်ပြီး “ဘာတွေယူလာသင့်လဲ၊ ဘာတွေကို Italy ရောက်မှဝယ်လို့ရလဲ၊ ဘာတွေက ရှာရခက်လဲ” ဆိုတာတွေကိုတော့ နောက်ရက်မှာ အသေးစိတ် Post လေး သပ်သပ်တင်ပေးပါဦးမယ်နော်။

⸝

👕 Clothing – အဝတ်အစားတွေ

အဝတ်အစားတွေကတော့ Italy လာမယ့်သူတိုင်း အများကြီးထည့်ချင်ကြတဲ့အပိုင်း ဖြစ်မယ်ထင်ပါတယ်။ 😂

📌 အခြေခံအနေနဲ့ ယူလာသင့်တာတွေက—

✔️ T-shirts / Jeans / Pants
✔️ Hoodie / Jacket / Scarf / Gloves
✔️ Walking Shoes / Slippers / Flats
✔️ Myanmar Traditional Wear / Formal Wear
✔️ Socks / Underwear / Pajamas

🍂 Fall Intake နဲ့လာမယ့်သူတွေအတွက်တော့ ရောက်ရောက်ချင်း ရာသီဥတုက အေးလာပြီဖြစ်တာကြောင့် နွေးနွေးထွေးထွေးရှိမယ့် အဝတ်အစားလေးတွေကို ယူလာဖို့အကြံပေးပါတယ်

-ဒါပေမဲ့ အများကြီးမယူလာကြနဲ့သိလား ဒီမှာလည်းဝယ်ဝတ်လို့ရတယ်
Fashion အလန်းတွေ ဒီမှာဖြုတ်လို့ရတယ် 🤭
တကယ် winter လည်းရောက်ရော ဒီကအနွေထည်တွေကသာ တကယ်နွေးတာပါ

-Italy မှာလည်း H&M, OVS, Zara, Primark စတဲ့ အဝတ်အစားဆိုင်တွေရှိတာကြောင့် အခြေခံအဝတ်အစားတွေကို ဒီရောက်မှလည်း ဝယ်လို့ရတာကြောင့် အဝတ်စားတွေကိုအများကြီး မယူဖို့အကြံပေးချင်ပါတယ်

-မြန်မာဝတ်စုံ ၁စုံ နဲ့ အီတလီမှာစျေးကြီးမယ်ထင်တဲ့ဟာ မရှိလောက်တဲ့ဟာမျိုးသာ ယူလာပါ

-အဝတ်အစားတွေကို Online ကနေလည်း မှာလို့ရသလို Weekend တွေမှာ ဖွင့်တဲ့ Local Market / Weekly Market တွေမှာလည်း စျေးသက်သက်သာသာနဲ့ ရှာဝယ်လို့ရပါတယ်

⸝

Euro 💶

Italy ရောက်ရောက်ချင်း အိမ်လခ၊ ကျောင်းနဲ့ဆိုင်တဲ့အသုံးစရိတ်တွေ၊ အစားအသောက်၊ Transportation နဲ့ နေ့စဉ်အခြေခံအသုံးစရိတ်တွေ ရှိလာနိုင်တာကြောင့်—

💶 Euro Cash ကို အနည်းငယ်တော့ မြန်မာနိုင်ငံကနေ ကြိုလဲလာထားဖို့ အကြံပြုချင်ပါတယ်။

အထူးသဖြင့် ရောက်ရောက်ချင်းမှာ Bank Account / Card တွေမရသေးခင် အရေးပေါ်သုံးဖို့ Cash လေးရှိထားတာ စိတ်ချရပါတယ်။

📌 အိမ်လခ၊ ကျောင်းလခနဲ့ အချို့သော Payment တွေကတော့ Bank Transfer / Banking Payment နဲ့ပေးချေရတာများတယ်

📮တကယ်လို့ ယုံကြည်စိတ်ချစွာနဲ့ ငွေလွှဲချင်တယ်ဆိုရင်တော့ Admin ဆီလာခဲ့လို့ရပါတယ်ဝန်ဆောင်မှုပေးပါတယ်

📍Euro ရှားလို့ဆိုပြီး Dollar တော့မယူလာ ကြပါနဲ့ ပြန်လဲဖို့အဆင်မပြေတာများနိုင်ပြီး လဲရင်လည်း စျေးအရမ်းနှိမ်ခံရနိုင်ပါတယ်

📍မြန်မာနိုင်ငံက Visa ကတ်တချို့ သုံးလို့ရပေမယ့် တချို့နေရာတွေမှာ မဖတ်နိုင်တာများပြီး ATM ထုတ်တဲ့အခါလည်း ငွေဖြတ်ခံရသေးတယ်

📍Revolut, Wise card တို့လို digital banking service တွေဒီမှာတော့ ရောက်ပြီး၁/၂လလောက်ဆိုသုံးလို့ရပြီ

ဒီအကြံပြုချက်တွေက မောင်လေးတို့ ညီမလေးတို့အတွက် အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ် အားလုံးပဲ အီတလီ ခရီးစဉ် အဆင်ပြေပြေချောမွေ့ကြပါစေ🫶🏻💓

__________

🇮🇹 Visa ရပြီး Italy ကို ဆက်သွားဖို့အတွက်လည်း Admin ဆီမှာ Travel Services တွေ ရှိပါတယ်ရှင့်

📌 Flight tickets Admin ဆီမှာဝယ်လို့ရပါတယ် KG လည်း များရပြီး budget and safe ဖြစ်အောင်ဝယ်ပေးပါတယ်
📌 လေဆိပ်ရောက်တဲ့အခါ Immigration Pass အတွက် အကူအညီလိုသူများ
📌 Baggage Kg ထပ်ဝယ်ချင်သူများ
📌 Italy ရောက်တဲ့အချိန် Airport Pick-up Service လိုအပ်သူများ admin ဆီမှာservice ဝန်ဆောင်မှုပေးပါတယ်

📩 Travel Services နဲ့ပတ်သက်ပြီး အသေးစိတ်သိချင်ရင် Admin ဆီကို Message လာပို့မေးမြန်းနိုင်ပါတယ်ရှင့်

📌အီတလီ ကျောင်းလျောက်တာ visaလျောက်တာ နဲ့ပက်သက်လို့ သိချင်တာ consultation ဆွေးနွေးချင်တာပဲဖြစ်ဖြစ် admin တို့ဆီမှာ service ရယူနိုင်ပါတယ်

📩 Italy နိုင်ငံသို့ ကျောင်းလျှောက်ခြင်းနှင့် Visa လျှောက်ခြင်းဆိုင်ရာ ဝန်ဆောင်မှုများကို လိုအပ်တဲ့အဆင့်အလိုက် အစမှအဆုံး တစ်နေရာတည်းမှာ ဆောင်ရွက်နိုင်အောင် Admin တို့ဘက်က ကူညီပေးပါတယ်။ 🇮🇹

🇮🇹 Visa နောက်ထပ် 5 ဦးရရှိလာတဲ့ မောင်လေး၊ ညီမလေးတို့ Congratulations ပါ 🥳✨Admin ကူညီလျှောက်ထားပေးခဲ့တဲ့ ကျောင်းသား/ကျောင်...
13/08/2026

🇮🇹 Visa နောက်ထပ် 5 ဦးရရှိလာတဲ့ မောင်လေး၊ ညီမလေးတို့ Congratulations ပါ 🥳✨

Admin ကူညီလျှောက်ထားပေးခဲ့တဲ့ ကျောင်းသား/ကျောင်းသူများထဲမှာ Visa Approved စုစုပေါင်း (13) ဦး ရရှိလာပါပြီရှင့်

Visa Result ကောင်းကောင်းနဲ့ အောင်မြင်မှုရရှိသွားကြတဲ့ မောင်လေး၊ ညီမလေးတို့အတွက် Admin အနေနဲ့လည်း အများကြီးဝမ်းသာ ဂုဏ်ယူပါတယ်👏🏼✨

ကျောင်းလျှောက်တဲ့အချိန်ကစပြီး Visa ရရှိတဲ့အထိသာမက Flight Ticket ဝယ်ပေးခြင်း၊ Apartment ရှာပေးခြင်း၊ Airport Pick-up လေဆိပ်လာကြိုပေးခြင်းတို့အထိ Italy ကို စတင်ထွက်ခွာတဲ့အချိန်ကနေ ရောက်ရှိတဲ့အချိန်အထိ အစအဆုံး ယုံကြည်စွာ အပ်နှံပေးခဲ့ကြတဲ့ အတွက်လည်းကျေးဇူးတင်ပါတယ်ရှင့်🫶🏻

ဒီနှစ် Intake အတွက် Italy Student Visa Result အခုအချိန်အထိတော့ အခြေအနေအတော်လေးကောင်းမွန်ပါတယ်

🇮🇹 Visa ရပြီး Italy ကို ဆက်သွားဖို့အတွက်လည်း Admin ဆီမှာ Travel Services တွေ ရှိပါတယ်ရှင့်

📌 Flight Ticket ကို ဈေးသက်သက်သာသာနဲ့ Kg များများရအောင် ဝယ်ချင်သူများ
📌 လေဆိပ်ရောက်တဲ့အခါ Immigration Pass အတွက် အကူအညီလိုသူများ
📌 လေဆိပ်ရောက်ပြီးမှ Baggage Kg ထပ်ဝယ်ချင်သူများ
📌 Italy ရောက်တဲ့အချိန် Airport Pick-up Service လိုအပ်သူများ admin ဆီမှာservice ဝန်ဆောင်မှုပေးပါတယ်

နောက်ထပ် Visa Result စောင့်ဆိုင်းနေတဲ့ မောင်လေး၊ ညီမလေးတွေရဲ့ Result လေးတွေကိုလည်း ထပ်မံမျှဝေပေးသွားပါမယ်ရှင့်🙏🏻✨

📩 အီတလီနိုင်ငံသို့ ကျောင်းလျှောက်ခြင်း နှင့် Visa လျှောက်ခြင်း ဆိုင်ရာ Service များအတွက် Admin မှ အစအဆုံး one stop ဆောင်ရွက်ပေးပါတယ်🇮🇹

🇮🇹Parma မှာ Apartment ငှားချင်သူများအတွက်Double Room Available€400 + Utilities✅ မြို့လယ်ခေါင် (City Centre) မှာနေရပါမယ်✅...
26/07/2026

🇮🇹Parma မှာ Apartment ငှားချင်သူများအတွက်

Double Room Available
€400 + Utilities

✅ မြို့လယ်ခေါင် (City Centre) မှာနေရပါမယ်
✅ ကျောင်း Campus ၂ ခုလုံးနဲ့ နီးပါတယ်
✅ Asian Market တွေ၊ Supermarket တွေနဲ့လည်း နီးပါတယ်
✅ Station နားမှာဖြစ်လို့ Bus လိုင်းအများကြီးစီးလို့ရတယ်

📌နောက်တစ်အိမ်

Double Room Available
€250 + Utilities

Single Room Available
€350 + Utilities

✅ ကျောင်းCampus ကို 20/30min လောက်bus စီးရပါတယ်
✅ Tigota/ Supermarket တွေနဲ့လည်း နီးပါတယ်
✅ Bus No. 2 နဲ့ 13 တိုက်ရိုက်ရောက်ပါတယ်

အိမ်ရှေ့လမ်းထိပ်မှာ
• Pharmacy
• Gelateria
• မိတ္တူဆိုင် (Copy Shop)
• To***co Shop
• Café ဆိုင်အကုန်ရှိပါမယ်

စိတ်ဝင်စားသူများ အသေးစိတ်သိရှိလိုပါက
page messenger မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်




📌edit - room အကုန်လုံး အငှါးရသွားပါပြီ

🇮🇹 Visa နောက်ထပ် 4ဦးရရှိလာတဲ့ မောင်လေး၊ ညီမလေးတို့ Congratulations ပါ 🥳✨ဒီနေ့ Lucky day ပါ admin လျှောက်ထားပေးတဲ့ 4 ယောက...
17/07/2026

🇮🇹 Visa နောက်ထပ် 4ဦးရရှိလာတဲ့ မောင်လေး၊ ညီမလေးတို့ Congratulations ပါ 🥳✨

ဒီနေ့ Lucky day ပါ admin လျှောက်ထားပေးတဲ့ 4 ယောက်လုံးတစ်နေထဲ mail ဝင်လာတာ

University of Parma မှာ Foundation Program သွားတက်မယ့် မောင်လေး၊ ညီမလေး (3) ဦးနဲ့ University of Pisa မှာ Foundation Program သွားတက်မယ့် မောင်လေး (1) ဦးတို့ဟာ
ဒီနေ့ပဲ Italy Student Visa Approved ကို အောင်မြင်စွာ လက်ခံရရှိခဲ့ပါတယ် 🫶🏻

📌ဒါနဲ့ဆို Admin ဆီကနေ Visa Approved စုစုပေါင်း (8) ဦး ရရှိထားပြီဖြစ်ပါတယ် 🎉

👏🏼 Visa ရသွားတဲ့ မောင်လေးနဲ့ညီမလေးတို့ရဲ့ အောင်မြင်မှုအတွက် အများကြီးဝမ်းသာဂုဏ်ယူပါတယ်✨

ကျောင်းလျှောက်တဲ့အချိန်ကစပြီး Visa ရတဲ့အထိ၊ Flight Ticket ဝယ်ပေးတာ၊ Apartment ရှာပေးတာ၊ Airport Pick-up Service စီစဉ်ပေးတာအထိ အစအဆုံး Admin ကို ယုံကြည်စွာ အပ်နှံပေးခဲ့တဲ့အတွက်လည်း အထူးကျေးဇူးတင်ပါတယ်ရှင့်

Admin ဘက်ကလည်း အစဆုံးvisa ရတဲ့အထိသေချာလေး ကူညီပေးပါတယ်
လျှောက်ပေးရတဲ့ ကျောင်းသားများတာကြောင့် တခြားသောလိုအပ်ချက်လေးတွေရှိသွားခဲ့ရင်လည်း နားလည်ပေးဖို့ မေတ္တာယက်ခံပါတယ်😭🫶🏻

နောက်ထပ် Visa Result စောင့်ဆိုင်းနေတဲ့ မောင်လေး၊ ညီမလေးတွေရဲ့ Result လေးတွေကိုလည်း ထပ်မံမျှဝေပေးသွားပါမယ်ရှင့်🙏🏻✨

📌Flight tickets သက်”သာ”နဲ့ဝယ်ချင်တာ
📌Airport pick up လာကြိုတဲ့service ယူချင်သူများ admin ကိုလာပြောလို့ရပါတယ်

ကျောင်း/ Visa / Scholarships လျှောက်လိုသူများ၊ စိတ်ဝင်စားသူများအနေနဲ့ Page မှာ ဆွေးနွေးမေးမြန်းနိုင်ပါတယ်ရှင်

📩 အီတလီနိုင်ငံသို့ ကျောင်းလျှောက်ခြင်း နှင့် Visa လျှောက်ခြင်း ဆိုင်ရာ Service များအတွက် Admin မှ အစအဆုံး one stop ဆောင်ရွက်ပေးပါတယ်🇮🇹

ItalyVisa

🇮🇹 Italy မှာ အိမ်လခတွေက ဈေးကြီးလား၊ ဘယ်လိုငှားရမလဲ? ✨Ciao 👋🏻ဒီရက်ပိုင်း Visaတွေလည်း တချို့ရကုန်ကြပြီဆိုတော့ Admin ဆီမှာ ...
16/07/2026

🇮🇹 Italy မှာ အိမ်လခတွေက ဈေးကြီးလား၊ ဘယ်လိုငှားရမလဲ? ✨

Ciao 👋🏻

ဒီရက်ပိုင်း Visaတွေလည်း တချို့ရကုန်ကြပြီဆိုတော့ Admin ဆီမှာ Accommodation အတွက် အိမ်ငှား Service လေးတွေ လာမေးကြလို့ ဗဟုသုတရပြီး သတိထားလို့ရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်

🏢 အီတလီမှာ Student အများစု နေကြတဲ့ Apartment ပုံစံ 3 မျိုး ရှိပါတယ်

1. Student Dormitory (ကျောင်းအဆောင်)

တက္ကသိုလ် သို့မဟုတ် Private Student Residence က စီမံပေးတာဖြစ်ပြီး

Single / Share Dormဆိုပြီး2မျိုးရှိတယ်
- Single ကတော့ ကိုယ်ပိုင် Privacy နေလို့ရပြီး
- Share ကတော့ တစ်ခန်းထဲ 2ယောက် မျှနေရတာဖြစ်ပါတယ်

မီးဖိုချောင်၊ ရေချိုးခန်း မျှဝေသုံးရပါတယ်

📌အားသာချက် : Scholarships ရတဲ့အခါ စျေးအရမ်းသက်သာပါတယ်
ပုံမှန်ကျောင်းသား €600 လောက်ပေးရရင် scholar ကျောင်းသားက €250-300 လောက်သာပေးရပါတယ်
တစ်ပတ်တစ်ခါ အခန်းသန့်ရှင်းရေလည်းပါတယ်

📌အားနည်းချက်: Dorm ရဖို့က ကျောင်းသားလျှောက်တာများတော့ အရမ်းခက်ခဲတတ်ပြီး ဖောင်ဖွင့်တာနဲ့စောစောလျှောက်မှသာ ရနိုင်ပါမယ်

💰 Price: €250 ~ €600 ဝန်းကျင်
(Scholarship ရရှိမှု၊ ကျောင်းနှင့် မြို့ပေါ်မူတည်ပြီး ကွာခြားနိုင်တယ်)

2. Shared Apartment (အပြင်အဆောင်)

အပြင်မှာ ကျောင်းသား ၃–၆ ယောက်ခန့် စုပေါင်းငှားနေ လို့ရပါတယ်

ကိုယ်ပိုင်အိပ်ခန်း (Single Room) သို့
နှစ်ယောက်ခန်း (Double Room) ဆိုပြီး ငှါးနိုင်ပါတယ်
မီးဖိုချောင်၊ ရေချိုးခန်း တို့ကို မျှဝေသုံးစွဲရပါတယ်

အားသာချက်: သူငယ်ချင်းတွေစုပေါင်းငှါးရင် ဈေးသက်သာပြီး လွတ်လပ်မှုရှိတယ်

အားနည်းချက်: မသိတဲ့ Roommates တွေနဲ့ အကျင့်စရိုက် မတူရင် အဆင်မပြေတာတွေ ကြုံရနိုင်ပါတယ်

💰 Price: €300 ~ €600 ဝန်းကျင် ( အခန်း / နေထိုင်တဲ့မြို့ပေါ်မူတည်ပါတယ်)

3. Studio Apartment (လုံးချင်းသီးသန့်)

အခန်းတစ်ခန်းတည်းမှာတင် အိပ်ခန်း၊ မီးဖိုချောင်၊ ရေချိုးခန်း အားလုံး စုံစုံလင်လင် ပါဝင်တဲ့ ပုံစံမျိုးပါ

တစ်ယောက်တည်း (သို့မဟုတ်) စုံတွဲသီးသန့်နေလို့ရပါတယ်

အားသာချက်: Privacy အပြည့်အဝရတယ်၊ တိတ်ဆိတ်ငြိမ်သက်တယ် ၊ မျှဝေသုံးစရာလည်းမလို

အားနည်းချက်: အိမ်လခနဲ့ Utility Bills (မီး၊ ရေ၊ ဂတ်စ်၊ အင်တာနက် စတဲ့ ကုန်ကျစရိတ်တွေ) ပိုများတတ်ပါတယ်

💰 Price: €450 ~ €900+ ဝန်းကျင်
( အခန်းအမျိုးအစား၊ မြို့နဲ့ တည်နေရာပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားနိုင်ပါတယ်)

📌 Note : မိမိတက်မယ့်ကျောင်း တည်ရှိရာ မြို့အကြီး/အသေး နှင့် နေရာပေါ် မူတည်ပြီး အိမ်လခ ဈေးနှုန်း အနည်းငယ် ကွာခြားနိုင်ပါတယ်။

Budget အကန့်အသတ်ရှိတဲ့ ကျောင်းသားတွေအတွက်တော့ အဆင်မပြေပါဘူး

📮Admin အနေနဲ့ recommend ပေးရရင် ကျောင်းအဆောင်ကိုပိုအားသာပါတယ်
Student community နဲ့နေရတာဖြစ်လို့ ပိုအဆင်ပြေတယ်
Scholar ရထားတယ်ဆို ပိုအဆင်ပြေတယ်မြင်မိတယ်

ဒါပေမဲ့ ကျောင်း / မြို့ပေါ်မှာတော့မူတည်လိမ့်မယ် တချို့မြို့တွေမှာတော့ အပြင်အဆောင်ကပိုအဆင်ပြေတာမျိုးလည်းတွေ့ရပါတယ်

💻 အိမ်ရှာဖို့ အသုံးဝင်ဆုံး Website & App များ

1. Uniplaces.com
2. HousingAnywhere.com
3. Spotahome.com
4. Idealista.it
5. Immobiliare.it
6. Subito.it

ဒီwebsite တွေကရှာလို့ရသလို
Facebook Group တွေကနေလည်း ရှာလို့ရပါတယ်။

ဥပမာ - “Affitto Studenti Rome”, “Affitto Studenti Milan”, “Affitto Stanze Bologna” စတဲ့ Group တွေမှာ မိမိနေမယ့်မြို့နာမည်နဲ့ ရှာနိုင်ပါတယ်။

📌 Online ကနေ အိမ်ရှာတဲ့အခါ Scam တွေရှိတတ်တာကြောင့် အိမ်ကို မကြည့်ရသေးဘဲ၊ စာချုပ်မချုပ်ရသေးဘဲ ငွေကြိုမလွှဲပါနဲ့

———

💵 အိမ်ငှားတဲ့အခါ သတိထားရမယ့်

Deposit (အာမခံစပေါ်ငွေ): အိမ်မဝင်ခင် အိမ်လခရဲ့ (၁) လစာ ကနေ (၃) လစာအထိ ကြိုတင်ပေးရတတ်ပါတယ်။ အိမ်ပြန်အပ်တဲ့အခါ ပျက်စီးမှုမရှိရင်တော့ ဒီငွေကို ပြန်ရပါတယ် အိမ်ရှင်ပေါ်တော့ မူတည်တယ် တချို့ကျ ပြန်မပေးချင်ကြဘူး

Tip: Adminကတော့ Apartment စနေချင်းမှာ ရှိပြီးသားပစ္စည်းတွေကို ဓာတ်ပုံ video ရိုက်ထားပါတယ်
ကိုယ်ပြောင်းတဲ့အခါ ပြောရလွယ်အောင်

📜 Contract (အိမ်ငှားစာချုပ်): အရေးကြီးပါတယ် ဗီဇာသက်တမ်းတိုးဖို့နဲ့ Permesso di Soggiorno (နေထိုင်ခွင့်ကတ်) လျှောက်ဖို့အတွက် တရားဝင်မှတ်ပုံတင်ထားတဲ့ စာချုပ်ရှိမှရပါမယ်။

📌တချို့အိမ်ရှင်တွေက စျေးသက်သာနဲ့ငှါးပြီးအခွန်ရှောင်ချင်လို့ တရားဝင်စာချုပ်မချုပ်တာမျိုးရှိတတ်တယ်
ဒါမျိုးဆို စျေးသက်သာလို့ဆိုပြီး မင္ငှားပါနဲ့ကိုယ်က permit card လျှောက်ရမှာဆိုတော့အရေးကြီးပါတယ်

📌Utility Bills : တစ်ခါတလေ အိမ်လခထဲမှာ မီးဖိုး၊ ရေဖိုး၊ ဂတ်စ်ဖိုး၊ အင်တာနက်ဖိုးတွေ မပါဝင်ဘဲ သီးသန့် ထပ်ပေးရတတ်လို့
အိမ်ရှင်ကို သေချာမေးမြန်းပါ

📌Minimum Stay: အနည်းဆုံး ၃ လ (သို့) ၆ လ ပြည့်အောင် နေထိုင်ရမယ်ဆိုတဲ့ သတ်မှတ်ချက်မျိုး ရှိတတ်ပါတယ်

✅ July မှ Early October အထိ (အကြံပြုချင်တဲ့ကာလ)

ဒီအချိန်မှာ Senior ကျောင်းသားတွေ အိမ်ပြောင်းကြသလို၊ ကျောင်းသားသစ်တွေလည်း စတင်ရောက်ရှိလာတဲ့ကာလဖြစ်တာကြောင့် အခန်းအသစ်တွေ အများကြီးထွက်ပြီး ရွေးချယ်စရာ ပိုများပါတယ်

⚠️ အကြံမပြုချင်တဲ့ကာလ (November နောက်ပိုင်း): အခန်းကောင်းတွေ ကုန်သွားပြီး ကျန်နေတဲ့ အခန်းအဆင်မပြေတာတွေ၊ ဈေးကြီးတဲ့အခန်းတွေပဲ ကျန်တတ်ပါတယ်။

———

🚨 အိမ်ငှားတဲ့အခါ Scam မခံရအောင် သတိထားရမယ့် အချက်များ

📌 ငွေကြိုမလွှဲပါနဲ့

အိမ်ကို Video Call နဲ့ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ မကြည့်ရသေးဘဲ၊ တရားဝင်စာချုပ် (Contract) မချုပ်ရသေးဘဲ ငွေကြိုမလွှဲပါနဲ့

📌 စာချုပ်ချုပ်ပြီးဆိုမှ ငွေပေးပါ

တရားဝင် Contract ရရှိပြီး အချက်အလက်အားလုံးကို သေချာစစ်ဆေးပြီးမှ Deposit နဲ့ ပထမလ အိမ်လခကို ပေးချေပါ

📌 ဓာတ်ပုံတွေကို စစ်ဆေးပါ

Online ကနေ အိမ်ရှာမယ်ဆိုရင် ဓာတ်ပုံတွေကို Google Reverse Image Search နဲ့ စစ်ဆေးပြီး တခြား Website တွေကနေ ကူးယူထားတဲ့ ပုံတွေ ဟုတ်/မဟုတ် စစ်ကြည့်ပါ။

📌 Codice Fiscale ကို ကြိုတင်လုပ်ထားပါ

အီတလီမှာ အိမ်ငှားစာချုပ်ချုပ်ဖို့ Codice Fiscale (Tax code နံပါတ်) လိုအပ်ပါတယ်။
အီတလီရောက်ပြီးတာနဲ့ ကြိုလျှောက်ထားထားရင် ပိုအဆင်ပြေပါတယ်။

📌 စာချုပ်ကို တရားဝင်မှတ်ပုံတင်ထားကြောင်း သေချာစစ်ဆေးပါ

အိမ်ရှင်က Contract ကို Agenzia delle Entrate မှာ တရားဝင် မှတ်ပုံတင်ထားရမှာဖြစ်ပါတယ်။ မှတ်ပုံတင်ထားတဲ့ အထောက်အထား (Registration) ကိုလည်း တောင်းယူသိမ်းဆည်းထားပါ။

⚠️ အရမ်းဈေးသက်သာတဲ့ အခန်းတွေကိုလည်း သတိထားပါ။ Market ပေါက်ဈေးထက် သိသိသာသာ သက်သာနေပြီး ငွေအရင်လွှဲခိုင်းတာမျိုးဆိုရင် Scam ဖြစ်နိုင်ခြေရှိတာကြောင့် သေချာစစ်ဆေးပြီးမှ ဆုံးဖြတ်ပါ။

✨ Italy ကို ပညာသင်လာမယ့် ကျောင်းသား/သူတိုင်း အဆင်ပြေပြေနဲ့ အိမ်ကောင်းကောင်း ရှာဖွေတွေ့ရှိကြပါစေလို့ ဆုတောင်းပေးပါတယ်🇮🇹

အီတလီနိုင်ငံမှာ အိမ်ငှားဖို့ အခက်အခဲရှိပြီး Accommodation Service အပ်နှံလိုသူများအနေဖြင့် Admin ရဲ့ Page Messenger မှတစ်ဆင့် အသေးစိတ် လာရောက်စုံစမ်းနိုင်ပါတယ်။

ဒီရက်ပိုင်း admin ဆီ Visa နှင့် Scholarship အပ်ထားတဲ့ကျောင်းသားများနေတာကြောင့် Accommodation Service ကို August လကနေစပြီးပြန်လည်ဆောင်ရွက်ပေးသွားပါမယ်ရှင်

✈️ Visa ရရှိပြီးသား ကျောင်းသား/သူများအတွက်

* Flight Ticket ဝယ်ပေးခြင်း
* Airport Pick-up လာကြိုService

တို့ကိုလည်း Page Messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်

🇮🇹 Visa နောက်ထပ်ရရှိလာတဲ့ မောင်လေး၊ ညီမလေးတို့ Congratulations ပါ 🥳✨University of Parma မှာ Foundation Program သွားတက်မယ...
13/07/2026

🇮🇹 Visa နောက်ထပ်ရရှိလာတဲ့ မောင်လေး၊ ညီမလေးတို့ Congratulations ပါ 🥳✨

University of Parma မှာ Foundation Program သွားတက်မယ့် မောင်လေး၊ ညီမလေး နောက်ထပ်နှစ်ဦးလုံးရဲ့ Italy Student Visa Approved လက်ခံရရှိခဲ့ပါပြီ 🫶🏻

Admin ဆီကနေ Visa Approved စုစုပေါင်း (4) ဦး ရရှိထားပြီဖြစ်ပါတယ်🎉

👏🏼 Visa ရသွားတဲ့ မောင်လေးနဲ့ညီမလေးတို့ရဲ့ အောင်မြင်မှုအတွက် အများကြီးဝမ်းသာဂုဏ်ယူပါတယ်✨

ဒီ မောင်လေးနဲ့ညီမလေးဆို

1. ကျောင်းစလျှောက်တာကနေ visa ရပြီးတဲ့အထိ
2. Flight tickets ဝယ်တာ
3. Apartment ရှာပေးတာရော
4. Airport pick up လာကြိုပေးတဲ့ service အထိ

အစအဆုံး admin ဆီမှာ အစအဆုံးယုံ”ကြည်”အပ်နှံခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်
သေချာလေး ကူညီပေးရကျိုးနပ်ခဲ့ပါတယ်😭🫶🏻

နောက်ထပ် Visa Result စောင့်ဆိုင်းနေတဲ့ မောင်လေး၊ ညီမလေးတွေရဲ့ Result လေးတွေကိုလည်း ထပ်မံမျှဝေပေးသွားပါမယ်ရှင့်🙏🏻✨

📌Flight tickets သက်”သာ”နဲ့ဝယ်ချင်တာ
📌Airport pick up လာကြိုတဲ့service ယူချင်သူများ admin ကိုလာပြောလို့ရပါတယ်

📌အိမ်ရှာပေးတဲ့ service ကတော့ ခဏလေးပါနော်
visa လျှောက်တဲ့ကျောင်းသားလေးတွေရော
Admin ဆီအစဆုံးအပ်ထားတဲ့သူလေးတွေများနေတာကြောင့် ကိုယ်တိုင်သေချာမရှာနိုင်သေးလို့ပါ
Available ဖြစ်တဲ့အိမ်တွေကို နောက်ရက် page မှာတင်ပေးမယ်နော်

ကျောင်း/ Visa / Scholarships လျှောက်လိုသူများ၊ စိတ်ဝင်စားသူများအနေနဲ့ Page မှာ ဆွေးနွေးမေးမြန်းနိုင်ပါတယ်ရှင်

📩 အီတလီနိုင်ငံသို့ ကျောင်းလျှောက်ခြင်း နှင့် Visa လျှောက်ခြင်း ဆိုင်ရာ Service များအတွက် Admin မှ အစအဆုံး one stop ဆောင်ရွက်ပေးပါတယ်🇮🇹

ItalyVisa

🇮🇹 Visa ရရှိသွားတဲ့အတွက် Congratulations ပါ မောင်လေး၊ ညီမလေးတို့ 🥳✨University of Parma နှင့် University of Brescia မှာ F...
08/07/2026

🇮🇹 Visa ရရှိသွားတဲ့အတွက် Congratulations ပါ မောင်လေး၊ ညီမလေးတို့ 🥳✨

University of Parma နှင့် University of Brescia မှာ Foundation Program သွားတက်မယ့် မောင်လေး၊ ညီမလေး နှစ်ယောက်လုံးရဲ့ Italy Student Visa Approved ဖြစ်ကြောင်း ဒီနေ့ Official Email ကို လက်ခံရရှိခဲ့ပါပြီ 🫶🏻

👏🏼 Visa ရသွားတဲ့ မောင်လေးနဲ့ညီမလေးတို့ရဲ့ အောင်မြင်မှုအတွက် အများကြီးဝမ်းသာဂုဏ်ယူပါတယ်✨

Adminကို ယုံယုံကြည်ကြည်နဲ့ အစအဆုံးလာရောက် အပ်နှံခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်
Adminကိုယ်တိုင်လည်း သေချာလေး ကူညီပေးရကျိုးနပ်ခဲ့ပါတယ်😭🫶🏻

နောက်ထပ် Visa Result စောင့်ဆိုင်းနေတဲ့ မောင်လေး၊ ညီမလေးတွေရဲ့ Result လေးတွေကိုလည်း ထပ်မံမျှဝေပေးသွားပါမယ်ရှင့်🙏🏻✨

ကျောင်း/ Visa / Scholarships လျှောက်လိုသူများ၊ စိတ်ဝင်စားသူများအနေနဲ့ Page မှာ ဆွေးနွေးမေးမြန်းနိုင်ပါတယ်ရှင်

📩 အီတလီနိုင်ငံသို့ ကျောင်းလျှောက်ခြင်း နှင့် Visa လျှောက်ခြင်း ဆိုင်ရာ Service များအတွက် Admin မှ အစအဆုံး one stop ဆောင်ရွက်ပေးပါတယ်🇮🇹

🇮🇹 Low income scholarships နှင့် ကျောင်းဝင်ခွင့်များ ထပ်မံရရှိလာပါပြီ 🎉Regional Scholarship အတွက် လိုအပ်တဲ့ Low Income D...
03/07/2026

🇮🇹 Low income scholarships နှင့် ကျောင်းဝင်ခွင့်များ ထပ်မံရရှိလာပါပြီ 🎉

Regional Scholarship အတွက် လိုအပ်တဲ့ Low Income Document ကို Admin မှ အစအဆုံး ကူညီလျှောက်ထားပေးခဲ့တဲ့ ကျောင်းသား/ကျောင်းသူများထဲမှ

✨ Rome သံရုံးမှ Approved ရရှိခဲ့တဲ့ ညီမလေး (၁) ယောက်
✨ Yangon သံရုံးမှ Approved ရရှိခဲ့တဲ့ ညီမလေး (၁) ယောက်
အတွက် ဝမ်းမြောက်ဂုဏ်ယူပါတယ် Congratulations ပါနော်✨

ဒါ့အပြင် University of Rome Tor Vergata မှ Admission ရရှိခဲ့တဲ့ မောင်လေးကိုလည်း Congratulations ပါနော်။ ✨

Low Income Document ရော၊ University Admission ရော အောင်မြင်စွာ ရရှိသွားကြတာကို မြင်ရတဲ့အတွက် Admin အနေနဲ့ အများကြီး ဝမ်းသာရပါတယ် 🥳

Admin ကို ယုံကြည်စွာနဲ့ အပ်နှံပြီး Service ရယူပေးခဲ့ကြတဲ့ တစ်ဦးချင်းစီကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်ရှင့် 🫶🏻

Admin ကိုယ်တိုင် အစအဆုံး One-on-One Consultation ပြုလုပ်ပေးပြီး လိုအပ်တဲ့ Documents များကို စနစ်တကျ ပြင်ဆင်ကာ လျှောက်ထားပေးခဲ့တာ ဖြစ်ပါတယ်

🙏🏻 လတ်တလော Visa Process များ၊ Low Income Document လျှောက်ထားပေးနေတဲ့ အလုပ်များ ပြင်ဆင်နေရတာကြောင့် Message Reply များ အနည်းငယ်နောက်ကျခဲ့ရင် နားလည်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင့်

📌 Regional Scholarship အတွက် Low Income Document လျှောက်ချင်တာ
📌 Italy Student Visa အတွက် Documents တွေကို သေချာပြင်ဆင်ချင်တာဖြစ်ဖြစ်

Admin ဆီမှာ အောက်ပါဝန်ဆောင်မှုများကို စိတ်ချယုံကြည်စွာ ရယူနိုင်ပါတယ်

✔ Step-by-Step Guidance
✔ Documents (စာရွက်စာတမ်း ပြင်ဆင်ခြင်း) Support
✔ Detailed Consultation
စတဲ့ ဝန်ဆောင်မှုများကို Admin ဆီမှာ စိတ်ချလက်ချ ရယူနိုင်ပါတယ်ရှင့်။

အသေးစိတ် ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ (One-on-One) Detail Consultation Service ရှိပါတယ်ရှင်။

Admin ကိုယ်တိုင် လက်ရှိ အီတလီမှာ ပညာသင်ကြားနေတဲ့ အတွေ့အကြုံနဲ့အတူ ကျောင်းလျှောက်တဲ့အဆင့်ကနေ အီတလီရောက်တဲ့အထိ လိုအပ်သမျှကို အကောင်းဆုံး အကြံဉာဏ်ပေးပြီး ကူညီဆောင်ရွက်ပေးသွားပါမယ်။ 🇮🇹

📩 အီတလီနိုင်ငံသို့ ကျောင်းလျှောက်ထားခြင်းအတွက် အစအဆုံး One-Stop Service:

📌 ကျောင်းနှင့်မေဂျာ ရွေးချယ်ပေးခြင်း (University & Major Selection)
📌 Application ကျောင်းလျှောက်ပေးခြင်း
📌 Document Preparation (စာရွက်စာတမ်း ပြင်ဆင်ခြင်း)
📌 Universitaly Pre-enrollment
📌 DOV/ CIMEA လျှောက်ထားပေးခြင်း
📌 Visa Appointment နှင့် ဗီဇာလျှောက်ထားခြင်း Support
📌 ကျောင်းလခ / အိမ်လခ / ယူရိုငွေလွှဲပေးခြင်း
စတဲ့ လုပ်ငန်းစဉ်အားလုံးကို အစအဆုံး စိတ်ချရပြီး စနစ်တကျရှိတဲ့ One-Stop Service နဲ့ ကူညီဆောင်ရွက်ပေးနေပါတယ်✨ 🇮🇹



🇮🇹 Lazio Scholarship လျှောက်လို့ရပါပြီ ✨Ciao 👋🏻Italy ရဲ့ Lazio Region မှာ ကျောင်းတက်မယ့် International Students တွေအတွက်...
01/07/2026

🇮🇹 Lazio Scholarship လျှောက်လို့ရပါပြီ ✨

Ciao 👋🏻

Italy ရဲ့ Lazio Region မှာ ကျောင်းတက်မယ့် International Students တွေအတွက် အရေးကြီးဆုံး Scholarship တစ်ခုဖြစ်တဲ့ Lazio DiSCo Regional Scholarship 2026/27 ကို ယခုလျှောက်ထားနိုင်ပါပြီ။

ဒီ Scholarship ဟာ ဝင်ငွေနည်းပြီး သတ်မှတ်ထားတဲ့ Eligibility Requirements ပြည့်မီတဲ့ ကျောင်းသား/သူတွေကို ပညာဆက်လက်သင်ယူနိုင်ဖို့ Lazio Region က ထောက်ပံ့ပေးတဲ့ Regional Scholarship ဖြစ်ပါတယ်။

💶 Lazio DiSCo Scholarship ရရင် ဘာ Benefits တွေရနိုင်လဲ?

✔ Scholarship Grant (ထောက်ပံ့ကြေး
Off-site Students – €7,655 အထိ / year
MMK သိန်း 390 ဝန်းကျင်)
✔ Tuition Fee Reduction / Exemption
✔ Student Accommodation (DiSCo Residence) ရရှိနိုင်ခြင်း
✔ Canteen Meal Service ကို သက်သာတဲ့နှုန်းထားနဲ့ အသုံးပြုနိုင်ခြင်း
✔ အခြား Right to Study Benefits များ

📌 ရရှိမယ့် Scholarship Amount က ISEE Universitario Parificato (ISEEUP)၊ Student Status နဲ့ Bando မှာ သတ်မှတ်ထားတဲ့ Criteria တွေအပေါ် မူတည်ပြီး ကွာခြားနိုင်ပါတယ်။

📅 Application Period

📌 Application Open – 10 June 2026

📌 Phase 1 Deadline – 22 July 2026 (12:00 PM – Italy Time)

📌 Phase 2 (Data Completion / Modification) – 30 July 2026 မှ 11 August 2026 အထိ

📌 Enrollment ကို 10 February 2027 မတိုင်ခင် အပြီးသတ်ရပါမယ်။

📌 ဘယ်သူတွေ လျှောက်နိုင်လဲ?

✔ Lazio Region အတွင်းရှိ University များတွင် Admission ရရှိထားသူများ

ဥပမာ –

• Sapienza University of Rome
• University of Rome Tor Vergata
• Roma Tre University
• University of Cassino and Southern Lazio
• University of Tuscia
• အခြား Lazio Region အတွင်းရှိ Eligible AFAM Institutions

✔ Bachelor’s၊ Master’s၊ Single-cycle Degree၊ PhD နှင့် Eligible Academic Program များ တက်ရောက်မည့် ကျောင်းသား/သူများ
✔ EU Students နှင့် Non-EU International Students နှစ်မျိုးလုံး လျှောက်ထားနိုင်ပါသည်။

📌 Scholarship ရွေးချယ်တဲ့အခါ ဘာကိုကြည့်လဲ?

Lazio DiSCo က Scholarship ပေးရာမှာ—

✔ မိသားစုဝင်ငွေ (ISEE / ISEE Universitario Parificato)
✔ Academic Merit

တို့ကို အဓိကအခြေခံပြီး စိစစ်ရွေးချယ်ပါတယ်။

First-Year Students တွေအတွက် Admission နဲ့ Income ကို အဓိကကြည့်ပြီး၊ နောက်နှစ်တွေမှာတော့ Bando မှာ သတ်မှတ်ထားတဲ့ Academic Credits ပြည့်မီရပါမယ်။

📌 Scholarship ရဖို့ ခက်လား?

Scholarships ရဖို့ကတော့ မခက်ခဲပါဘူး
သို့သော် စာရွက်စာတမ်းပြည့်ပြည့်စုံစုံနဲ့ အချိန်မှီတင်နိုင်ရင် ရနိုင်ပါတယ်

Lazio DiSCo Scholarship ဟာ Eligibility Requirements ပြည့်မီရင် ရရှိနိုင်တဲ့ Regional Scholarship ဖြစ်ပါတယ်။

Budget ပေါ်မူတည်တဲ့ Scholarship ဖြစ်တဲ့အတွက် Requirements ပြည့်ပေမယ့်
တစ်ခါတလေ Scholarship Amount မရသေးရင်တော့ Eligible (Idoneo) အဖြစ် သတ်မှတ်ခံရနိုင်ပြီး Budget ထပ်မံရရှိလာတဲ့အခါ Scholarship ရရှိနိုင်ပါတယ်။

Non-EU International Students တွေလည်း နှစ်စဉ် Scholarship ရရှိနေကြပြီး ISEE Universitario Parificato နည်းတဲ့သူတွေမှာ အခွင့်အရေးပိုကောင်းပါတယ်။

⚠️ အရေးကြီးတဲ့အချက်

Lazio DiSCo Scholarship ဟာ First Come, First Served မဟုတ်ပါဘူး။

Deadline မတိုင်ခင် လျှောက်ထားသူအားလုံးကို Bando မှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းများအတိုင်း စိစစ်ပြီး Ranking အရ ရွေးချယ်တာ ဖြစ်ပါတယ်။

ဒါကြောင့် Deadline မတိုင်ခင်—

✔ Family Income Documents
✔ Family Assets Documents
✔ Family Members Documents
✔ ISEE Universitario Parificato အတွက် လိုအပ်တဲ့ Documents

တွေကို ကြိုတင်ပြင်ဆင်ထားဖို့ အကြံပြုလိုပါတယ်။

📌 2026/27 Lazio DiSCo Bando (Official) အတိုင်း လျှောက်ထားနိုင်ပါတယ်
Comments မှာ Application link နှင့်
Bando Link များ လျှောက်ထားပုံရေးပေးထားပါတယ်

⸝

📌 Regional Scholarship လျှောက်ထားခြင်းနဲ့ ပတ်သက်ပြီး အသေးစိတ်သိချင်တာတွေ၊ မိမိအခြေအနေနဲ့ ကိုက်ညီတဲ့ အကြံဉာဏ်တွေ ရယူလိုတယ်ဆိုရင် Admin ဆီမှာ One-on-One Consultation ဆွေးနွေးနိုင်ပါတယ်။

📌 Regional Scholarship လျှောက်ရန် Low Income Documents ပြင်ဆင်ခြင်း၊

📌 Student Visa အတွက် လိုအပ်တဲ့ Documents ပြင်ဆင်ခြင်းတို့ကိုလည်း Step-by-Step Guidance ပေးပါတယ်။

✔ Detailed Consultation
✔ Document Preparation Support
✔ Step-by-Step Guidance

များကို Admin ထံမှာ စိတ်ချလက်ချ ဆွေးနွေးနိုင်ပါတယ်။

🇮🇹 ER.GO Regional Scholarship 2026/27 လျှောက်လို့ရပါပြီ✨Ciao 👋🏻Italy ရဲ့ Emilia-Romagna Region မှာ ကျောင်းတက်မယ့် Intern...
26/06/2026

🇮🇹 ER.GO Regional Scholarship 2026/27 လျှောက်လို့ရပါပြီ✨

Ciao 👋🏻
Italy ရဲ့ Emilia-Romagna Region မှာ ကျောင်းတက်မယ့် International Students တွေအတွက် အရေးကြီးဆုံး Scholarship တစ်ခုဖြစ်တဲ့ Benefit တွေကို အခမဲ့ နီးပါးရရှိနိုင်မဲ့ ER.GO Regional Scholarship 2026/27 ကို လျှောက်ထားနိုင်ပါပြီ

💶 ER.GO Scholarship ရရင် နှစ်စဉ် ထောက်ပံ့ငွေ ဘယ်လောက်ရနိုင်လဲ?

📌Off-site Students – €7,072.10 အထိ
📌Commuter Students – €4,132.85 အထိ
📌On-site Students – €2,850.26 အထိ

📌 ရရှိမယ့် Amount က ISEE, Merit နဲ့ Accommodation/Meal Benefits ရယူထားခြင်းရှိ/မရှိအပေါ် မူတည်ပြီး ကွာခြားနိုင်ပါတယ်

ER.GO Scholarship ရရင် နောက်ထပ်ဘာBenefits တွေရနိုင်မလဲ

📌Scholarship Grant – နှစ်စဉ် ထောက်ပံ့ငွေ €7,072.10 ဝန်းကျင် (MMK သိန်း၃၅၀)ရမှာပါ (ပမာဏက ISEE အပေါ် မူတည်ပါတယ်)
📌Student Accommodation Free/Reduced – ER.GO Student Residence မှာ နေခွင့် (သို့)Housing Support ရပါတယ်
📌Meals – University Canteen မှာ ဈေးသက်သာစွာ စားသောက်နိုင်ခြင်း
📌Tuition Fee Reduction / Exemption – University Fees ကို လျှော့ပေါ့ပေးခြင်း (သို့)ကင်းလွတ်ခွင့်ရပါတယ်
📌Equal Opportunity Support

📆 Application ဘယ်အချိန်မှာလျှောက်ရမလဲ

📌23 June 2026 to 24 August 2026
(အချို့ Benefits တွေဖြစ်တဲ့ Accommodation, Meal Service စတာတွေက Deadline မတူနိုင်တဲ့အတွက် Bando ကို သေချာဖတ်သင့်ပါတယ်)

📌2026-2027 Bando နဲ့ လျှောက်ရမဲ့ Bando Link မှာချပေးထားပါတယ်

📌ဘယ်သူတွေ လျှောက်နိုင်လဲ?

✔️ Emilia-Romagna Region ထဲက
1. University of Bologna (UNIBO)
2. University of Parma (UNIPR)
3. University of Modena and Reggio Emilia (UNIMORE)
4. University of Ferrara (UNIFE)
5. University of Bologna Campus of Ravenna, Forlì, Cesena နှင့် Rimini
AFAM Institutions မှာ Admission ရထားသူများ

✔️ Bachelor’s, Master’s, Single-cycle Degree, PhD နဲ့ အခြား Eligible Programs မှာ တက်ရောက်မယ့် ကျောင်းသားများ

✔️ EU နဲ့ Non-EU International Students နှစ်မျိုးလုံး လျှောက်ထားနိုင်ပါတယ်။

📌 Scholarship ရွေးချယ်တဲ့အခါ ဘာကိုကြည့်လဲ?

ER.GO က မိသားစုဝင်ငွေ (ISEE/ISEE Parificato) နဲ့ Academic Merit ကို အဓိကအခြေခံပြီး Scholarship ပေးပါတယ်

📌Scholarship ရဖို့ခက်လား?

ER.GO Scholarship က “ခက်တယ်” လို့မဆိုနိုင်ပါဘူး။ ဒါပေမယ့် Eligibility Requirements ပြည့်ရင်တော့ ရနိုင်တဲ့ Scholarship အမျိုးအစား ဖြစ်ပါတယ်

⚠️ ဒါကြောင့် Deadline မကျော်ခင် ကြိုတင်ပြင်ဆင်ထားဖို့ Admin အနေနဲ့ အကြံပေးချင်ပါတယ်
လိုအပ်တဲ့ Documents တွေ (Family Income, Assets, Family Members စတဲ့စာရွက်စာတမ်းများ) ကို အချိန်မီ ပြင်ဆင်ထားရင် လျှောက်တဲ့အချိန် ပိုလွယ်ကူပါတယ်

📌ER.GO Scholarship က Budget အကန့်အသတ်ရှိတဲ့ Scholarship ဖြစ်ပါတယ်။ ဒါပေမယ့် “လူဦးရေ ဘယ်နှစ်ယောက်ပဲ ရမယ်” လို့ ကြိုတင်သတ်မှတ်ထားတာမျိုးတော့ မရှိပါဘူး

အဓိကကတော့—

* ISEE/ISEE Parificato (မိသားစုဝင်ငွေ) နည်းလေလေ အခွင့်အရေးပိုကောင်းလေ
* Academic Merit ကိုလည်း ကြည့်ပါတယ်။ First-year students အတွက် admission နဲ့ income ကို အဓိကကြည့်ပြီး၊ နောက်နှစ်တွေမှာတော့ သတ်မှတ်ထားတဲ့ credits ရှိရပါမယ်။
* Budget အပေါ်လည်း မူတည်ပါတယ် စီနီယာတစ်ယောက်ဆို Requirements ပြည့်ပေမယ့် Budget မလုံလောက်သေးလို့ Idoneo (Eligible) အဖြစ် သတ်မှတ်ခံရပြီး နောက်ပိုင်း Budget ထပ်ရတဲ့အခါမှာ Scholarship ရခဲ့ပါတယ်
* Non-EU international students လည်း နှစ်တိုင်း ER.GO Scholarship ရကြပါတယ် အထူးသဖြင့် low income လျှောက်ပြီး ISEE Parificato နည်းတဲ့သူတွေ ကရနိုင်ခြေကောင်းပါတယ်

အရေးကြီးတာက ER.GO Scholarship ဟာ “First Come, First Served” မဟုတ်ပါဘူး။ Deadline မတိုင်ခင် လျှောက်ထားသူအားလုံးကို စည်းမျဉ်းအတိုင်း အတူတူ စိစစ်ပြီး Ranking အရ ရွေးချယ်တာ ဖြစ်ပါတယ်

📌Regional Scholarship လျှောက်ထားခြင်းနဲ့ ပတ်သက်ပြီး အသေးစိတ်သိချင်တာတွေ၊ မိမိအခြေအနေနဲ့ ကိုက်ညီတဲ့ အကြံဉာဏ်တွေ ရယူလိုတယ်ဆိုရင် Admin ဆီမှာ One-on-One Consultation ဆွေးနွေးပေးပါတယ်
ဘာတွေလိုအပ်တယ်
ဘယ်လိုပြင်ဆင်လျှောက်ထားရမယ် အသေးစိပ်ဆွေးနွေး Guidelines ပေးပါတယ်

📌 Regional Scholarship လျှောက်ရန် Low Income Document နှင့် ပတ်သက်ပြီးဖြစ်စေ၊
📌 Visa လျှောက်ထားရန်အတွက် စာရွက်စာတမ်း အတိအကျ ပြင်ဆင်လို၍ဖြစ်စေ၊

✔ Step-by-Step Guidance
✔ Documents (စာရွက်စာတမ်း ပြင်ဆင်ခြင်း) Support
✔ Detailed Consultation
စတဲ့ ဝန်ဆောင်မှုများကို Admin ဆီမှာ စိတ်ချလက်ချ ရယူနိုင်ပါတယ်





Address

Yangon

Telephone

+959953339992

Website

Alerts

Be the first to know and let us send you an email when Study in Italy Now posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Study in Italy Now:

Shortcuts

Share