Study in Italy Now

Call Directions Contact the school

Study in Italy Now Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Study in Italy Now, Consulente scolastico, Yangon.

🎓🇮🇹 Education & Visa Support for Myanmar Students
We assist with university admissions, scholarship opportunities, and visa applications
📩 Contact us for consultation

06/10/2026

🎓 Italy မှာ Scholarship ရထားတဲ့ Student တွေ ဘယ်လိုနေကြလဲ? 🇮🇹

Ciao👋🏻
ဒီနေ့တော့ Admin အခုလက်ရှိနေတဲ့ Student Accommodation လေးကို Room Tour လုပ်ပြထားပါတယ်

Admin က အခုလက်ရှိ University of Padua(Padova) မှာ Biotechnology for food science major နဲ့ Master program ကိုတက်ရောက်နေပြီး Regional Scholarship လည်းရထားပါတယ်

ဒီ accommodation က Scholarship ရထားတဲ့ကျောင်းသားတွေအတွက် နေရာပေးထားတာ ဖြစ်ပြီး တစ်လကို အပြီးစီး €216 (မြန်မာငွေ 10သိန်းကျော်ဝန်းကျင်) ပဲကျပါတယ်

Accommodation မှာ ပါဝင်တာတွေကတော့—
Living room
Common kitchen
Dining area
Bed + Study desk + Wardrobe
Air conditioner + Heater
Common laundry room
Private Bathroom
WiFi
စတဲ့ လိုအပ်တာတွေ အတော်လေးပြည့်စုံပါတယ်

Kitchen မှာလည်း ပန်းကန်၊ ခွက်၊ ဇွန်း၊ ခက်ရင်း၊ ရေခဲသေတ္တာ၊ Oven စတာတွေရှိလို့
ဘာမှအထူးတလည်ယူလာစရာမလိုဘဲ
အဆင်သင့်နေလို့ရတဲ့အနေအထား ဖြစ်ပါတယ်

ဒါ့အပြင် အပတ်တိုင်း Cleaning Staff တွေလာပြီး သန့်ရှင်းရေးလုပ်ပေးတာလည်း ပါပါတယ်

အဲ့ဒါကြောင့် သန့်ရှင်းရေးပိုင်းမှာလည်း
ကိုယ်တိုင်လုပ်စရာမလိုပဲ တော်တော်လေး အဆင်ပြေပါတယ်

📍 Admin ကတော့ အဆောင်လျှောက်တုန်းက ကျောင်းနဲ့အနီးဆုံးနဲ့ ကိုယ်လိုချင်တဲ့ accommodation တွေကို ပထမဦးစားပေးအနေနဲ့ Ranking List ထားပြီး လျှောက်ခဲ့တာပါ။

အခုနေတဲ့ accommodation က University Campus နဲ့ဆို ၁၅ မိနစ်လောက်ပဲ လမ်းလျှောက်ရပါတယ်

ကျောင်းအဆောင်မဟုတ်ပဲ အပြင်မှာအရင်နှစ်ကငှါးနေတုန်းကအတွေ့ကြုံနဲ့ယှဉ်ပြောရရင် rent fee အရ အရမ်းကိုကွာခြားပါတယ်

နောက်ပြီး Deposite fee ပြန်မရမှာစိတ်ပူစရာမလိုပါဘူး ကိုယ်မသိတဲ့ကျောင်းသားမဟုတ်တဲ့သူတွေနဲ့အတူနေစရာမလိုဘူး

အခုလို Student Accommodation မှာတော့ ကိုယ်နဲ့တူတဲ့ ကျောင်းသားတွေနဲ့ပဲ အတူနေထိုင်ရတာကြောင့် ပိုပြီးအဆင်ပြေပါတယ်

📌Scholarships ရတဲ့အခါ နေရမဲ့ကျောင်းအဆောင် Accommodation တွေကအများကြီးရှိပြီး ရွေးလျှောက်လို့ရပါတယ်

ကိုယ်လျှောက်မဲ့ Scholarships/ Regional / University ပေါ်မူတည်ပြီးတော့ ကွဲပြားနိုင်ပါတယ်

Italy မှာ Scholarship နဲ့ ကျောင်းတက်ဖို့ စိတ်ဝင်စားတဲ့သူတွေ Comment မှာ “Italy” လို့ရေးခဲ့ပါ

🇮🇹 Italy Student Life နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလည်း Admin ရဲ့ လက်ရှိအတွေ့ကြုံနဲ့အတူဆက်ပြီးမျှဝေပေးသွားပါမယ်

🇮🇹 Italy ကျောင်းလျှောက်ခြင်းအတွက် အစအဆုံး One-Stop Service

📌 University & Major ရွေးချယ်ပေးခြင်း
📌 University Application လျှောက်ပေးခြင်း
📌 Documents ပြင်ဆင်ပေးခြင်း
📌 Regional Scholarship လျှောက်ပေးခြင်း
📌 DOV / CIMEA လျှောက်ပေးခြင်း
📌 Visa လျှောက်ပေးခြင်း
📌 ကျောင်းလခ / အိမ်လခ Euro ကူညီငွေလွှဲပေးခြင်း အစအဆုံး ကူညီဆောင်ရွက်ပေးပါတယ်။

📩 အသေးစိတ်သိချင်ရင် Message မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်

🇮🇹 Italy ရောက်ပြီး ပထမဆုံး Bank Account ရဖို့… ဘာတွေလိုလဲ? 💳💶Italy ကို ပထမဆုံးရောက်လာတဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ စစရောက...
22/09/2026

🇮🇹 Italy ရောက်ပြီး ပထမဆုံး Bank Account ရဖို့… ဘာတွေလိုလဲ? 💳💶

Italy ကို ပထမဆုံးရောက်လာတဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ စစရောက်ချင်းမှာတော့ မြန်မာနိုင်ငံကနေ ယူလာတဲ့ Euro cash တွေသုံးလို့ရပါတယ်

ဒါပေမယ့် Cash တွေကုန်သွားတဲ့အခါ…
“Euro ဘယ်လိုထပ်ရမလဲ?”
“ပိုက်ဆံဘယ်လိုလွှဲရမလဲ?”
“Card နဲ့ ဘယ်လိုပေးချေရမလဲ?”
ဆိုတာတွေ စဉ်းစားရတော့မှာပါ

နောက်ပြီး Italy မှာ ဘာပဲဝယ်ဝယ် ပိုက်ဆံရှင်းတဲ့အခါမှာ Card or Digital Payment တွေနဲ့ ပိုက်ဆံရှင်းကြတာအရမ်များပါတယ်

ဒါကြောင့် Italy ရောက်ခါစမှာ ကိုယ်အသုံးပြုနိုင်တဲ့ payment account တစ်ခုရှိထားတာ အဆင်ပြေပါတယ်

💳 Online Payment Account

ပထမဆုံးအနေနဲ့ ကျောင်းနဲ့ချိတ်ထားတဲ့ Physical Bank Account မရခင်မှာ Online Financial Service account တွေဖွင့်လို့ရပါတယ်

ဥပမာ- Wise နဲ့ Revolute
ကတော့ မြန်မာကျောင်းသားတွေတော်တော်များများသုံးကြပါတယ်

📑Account ဖွင့်ဖို့ဘာတွေလိုအပ်လဲ

အများအားဖြင့် တောင်းနိုင်တဲ့အချက်တွေကတော့

• Passport / ID
• Codice Fiscale (Tax Code)
• Italy မှာရှိတဲ့ Address / Residence Information
• လိုအပ်လာရင် နေထိုင်ခွင့်ဆိုင်ရာ Supporting Documents, Health insurance
စတာတွေ ဖြစ်ပါတယ်

🏦 Physical Bank Account

Italy မှာ Physical Bank Account ဖွင့်မယ်ဆိုရင်တော့ Bank တစ်ခုနဲ့တစ်ခု Requirement မတူပါဘူး

ကိုယ်ဖွင့်ချင်တိုင်းလည်းဖွင့်လို့မရပါဘူး
Resident permit card or Italian ID card ရှိမှဖွင့်ပေးပါတယ်

တခါတလေ တချို့bankတွေမှာဆို Myanmar ဖြစ်နေလို့ ဖွင့်မရတာမျိုးလည်းရှိတတ်ပါတယ်🥲

🎓 ကျောင်းနဲ့ချိတ်ထားတဲ့ Bank Account က ဘယ်အချိန်လောက်ရလဲ?

ဒါကတော့ University နဲ့ ကိုယ်တက်နေတဲ့ Course မြို့ပေါ်မူတည်ပြီး ကွာနိုင်ပါတယ်

📌Admin တုန်းကတော့ November လောက်မှ Italy physical bank account ရပါတယ်

ကျောင်းနဲ့ ချိတ်ထားတဲ့ Credit Agricole bank ကနေ ကျောင်းမှာပဲ registration လာလုပ်ပေးပြီး
Card ရပြီဆိုတော့မှ Bank ကို ကိုယ်တိုင်သွားထုတ်လိုက်ရုံပါပဲ

University of Parma မှာ Student Card ကိုပဲ CartaConto ဘဏ်card အနေနဲ့ IBAN ပါတဲ့ Master Card ကျောင်းနဲ့ချိတ်ထားတဲ့ bank ကဖွင့်ပေးပါတယ်

တချို့ Course တွေမှာတော့ ကျောင်းနဲ့ချိတ်ထားတဲ့ Bank Card မရတာမျိုးလည်းရှိနိုင်ပါတယ်

Bachelor / Master Course တွေအတွက်လည်း ကိုယ့် University ရဲ့ စနစ်အတိုင်း ရနိုင်၊ မရနိုင် ကွာနိုင်တာကြောင့် University ကို မေးတာက အကောင်းဆုံးပါ

💶 Card ရပြီဆိုရင် ငွေဘယ်လိုထည့်မလဲ? Euro ဘယ်လိုလဲရမလဲ?

Myanmar ကနေ Italy ကို ငွေလွှဲ/Euro ဝယ်ယူတဲ့အပိုင်းမှာတော့ တခြားနိုင်ငံတွေက ကျောင်းသားတွေနဲ့ မတူတဲ့ ငွေလွှဲစနစ်နဲ့ ကန့်သတ်ချက်တွေ ကြုံရနိုင်ပါတယ်

ဒါကြောင့် student တော်တော်များများက ကိုယ်ယုံကြည်ရတဲ့ money exchange / transfer service တွေကို အသုံးပြုပြီးငွေလွှဲကြပါတယ်

📌တကယ်လို့ Euro ဝယ်ချင်တဲ့အခါ
အိမ်လခ/ကျောင်းလခ/ နေ့စဉ်အသုံးစရိတ် ဒါမှမဟုတ် Euro Rate သက်သက်သာသာနဲ့ဝယ်
ချင်သူတွေ အတွက်
Page messenger ဒါမှမဟုတ်
Admin အကောင့်ကိုလည်းလာမေးလို့ရပါတယ်

⚠️ Bank Account ဖွင့်ပြီးရင် သတိထားရမယ့်အချက်

Wise၊ Revolut လို online financial services တွေဖြစ်ဖြစ်၊ Physical Bank တွေဖြစ်ဖြစ် ငွေအဝင်အထွက်တွေကို compliance rules အရ Italy မှာတော်တော်လေးစစ်ဆေးပါတယ်

ကိုယ့် account ထဲကို ပုံမှန်မဟုတ်တဲ့ amount အများကြီးဝင်လာတာ၊ ကိုယ်ပိုင်အသုံးအတွက်မဟုတ်ဘဲ တခြားသူတွေရဲ့ ငွေတွေကို လက်ခံပြီး ပြန်လွှဲပေးတာမျိုးဆို additional verification / transaction review / account restriction ဖြစ်ပြီး မဖြေရှင်နိုင်ရင် အကောင့်ပိတ်ခံရတာမျိုး ဖြစ်နိုင်ပါတယ်

ကျောင်းနဲ့ချိတ်ထားတဲ့ Physical Bank တွေကတော့ အခုမှစလွှဲတာဆို instant ချက်ချင်းလွှဲလို့မရပဲ စောင့်ရတတ်ပါတယ်
ကျောင်းသားတစ်ယောက်သုံးနိုင်တဲ့ amount ထက်ကျော်နေရင် amount အများကြီးဝင်လာတာ၊ ကိုယ်ပိုင်အသုံးအတွက်မဟုတ်ဘဲ တခြားသူတွေရဲ့ ငွေတွေကို လက်ခံပြီး ပြန်လွှဲပေးတာမျိုးဆို
account block ထားတာ or
Bank ခေါ်စစ်မေးပြီး သေချာမဖြေရှင်းနိုင်ရင် Account ပြန်သိမ်းပြီး ပိတ်ခံရတာမျိုးဖြစ်တတ်ပါတယ်

ဒီလောက်ဆို Italy မှာ Bank Account နဲ့ပတ်သက်ပြီး အခြေခံလိုအပ်တာတွေကို အတော်လေးသိသွားပြီလို့ ထင်ပါတယ်

🇮🇹 Italy Student Life နဲ့ပတ်သက်ပြီး သိချင်တာ၊ မေးချင်တာတွေရှိရင် Comment မှာ ရေးခဲ့လို့ရပါတယ်

နောက်ထပ် သိထားသင့်တဲ့အကြောင်းအရာတွေကိုလည်း Admin ရဲ့ လက်ရှိအတွေ့ကြုံနဲ့အတူဆက်ပြီးမျှဝေပေးသွားပါမယ်

🇮🇹 Italy ကျောင်းလျှောက်ခြင်းအတွက် အစအဆုံး One-Stop Service

📌 University & Major ရွေးချယ်ပေးခြင်း
📌 University Application လျှောက်ပေးခြင်း
📌 Documents ပြင်ဆင်ပေးခြင်း
📌 Regional Scholarship လျှောက်ပေးခြင်း
📌 DOV / CIMEA လျှောက်ပေးခြင်း
📌 Visa လျှောက်ပေးခြင်း
📌 ကျောင်းလခ / အိမ်လခ Euro ကူညီငွေလွှဲပေးခြင်း အစအဆုံး ကူညီဆောင်ရွက်ပေးပါတယ်။

📩 အသေးစိတ်သိချင်ရင် Message မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်

🇮🇹 Italy မှာ Bus Tickets card သက်သာအောင်ဘယ်လိုဝယ်ရမလဲ ✨Ciao!👋🏻Italy ကို ကျောင်းလာတက်ကြတဲ့ ကျောင်းသား/ကျောင်းသူတွေအတွက် T...
12/09/2026

🇮🇹 Italy မှာ Bus Tickets card သက်သာအောင်ဘယ်လိုဝယ်ရမလဲ ✨

Ciao!👋🏻

Italy ကို ကျောင်းလာတက်ကြတဲ့ ကျောင်းသား/ကျောင်းသူတွေအတွက် Transportation စရိတ်သက်သာအောင် Bus Ticket ဘယ်လိုဝယ်မလဲ ဆိုတာ Admin ကိုယ်တိုင်အသုံးပြုခဲ့တဲ့နည်းလေး မျှဝေပေးလိုက်ပါတယ် ❤️

အထူးသဖြင့် Parma မြို့မှာ ကျောင်းတက်နေတဲ့သူတွေအတွက် အသုံးဝင်မယ်ထင်ပါတယ်

Italy မှာတော့ Bus ကို အလကားစီးလို့ရပါတယ် လက်မှတ်စစ်ရဲတွေမမြင်မချင်းပါ 😅

လက်မှတ်စစ်ရဲတွေ မြင်တဲ့အခါ tickets မဖြတ်ထားရင်တော့
ဘာဆင်ခြေမှမရပဲ €90 ဒဏ်ငွေဆောင်ရမှာပဲဖြစ်ပါတယ်

- Bus Tickets ကို တစ်ခါစီး 2€

- 8ခါစီး (80 မိနစ်အထိ valid) card ကတော့ ဈေးနှုန်းက ဝယ်တဲ့အမျိုးအစားပေါ်မူတည်ပြီး €14.50 – €18 ဝန်းကျင် ဖြစ်ပါတယ်

တစ်ကြိမ်စီးပြီးနောက် 80 မိနစ်အတွင်း ကြိုက်သလို စီးနိုင်ပါတယ် အကယ်၍ 80 မိနစ် ကျော်သွားရင်တော့အသစ်ပြန်ဖြတ်ရမှာပဲဖြစ်ပါတယ်

-ဒါကြောင့် Bus ကို အမြဲလိုလို စီးနေရတဲ့ကျောင်းသားတွေအတွက်တော့ 8-trip card က သိပ်မတန်ပါဘူး

Bus ကို နေ့တိုင်းလိုလို စီးနေရတဲ့သူဆိုရင်တော့ Mi Muovo Student 1-Year Card က ပိုပြီးသက်သာပြီး အဆင်ပြေပါတယ်

ဘယ်ချိန်စီးစီး ဘယ်မှစ်ခါစီးစီး တစ်နှစ်အတွင်းကြိုက်သလိုစီးလို့ရပါတယ်

📮Student တွေအတွက် ပိုသက်သာတဲ့နည်း

University ရဲ့ Admission Letter ကိုပြပြီး Student 1-Year Bus Card လုပ်ရင် ပိုသက်သာပါတယ်။

Admin လုပ်ခဲ့တုန်းကတော့—

1 Year Card — €195
Card fee — €5
စုစုပေါင်း €200 ဝန်းကျင် ကျပါတယ်

Cardရဲ့သက်တမ်းက 2030ထိပေးထားတော့ နောက်နှစ်တွေပြန်သုံးတဲ့အခါ €195ပဲကျမှာဖြစ်ပါတယ်

📍 Mi Muovo Card ဘယ်မှာလုပ်လို့ရလဲ?

Appointment ကြိုယူပြီး အောက်ပါနေရာတွေမှာ လုပ်လို့ရပါတယ်

• Train Station ထဲက TEP ရုံး
• Barriera Bixio TEP ရုံး
• TEP Website မှ Online မှာလည်း ဝယ်ယူနိုင်ပါတယ်

Admin တုန်းကတော့ Parma Station နားက TEP Office မှာပဲ လုပ်ခဲ့ပါတယ်

Italy ကို အခုမှရောက်တဲ့သူတွေအတွက်

အခုမှရောက်ခါစဆိုရင် Tax Code / Student Card မရသေးလို့ စိတ်မပူပါနဲ့

Admin လုပ်ခဲ့တုန်းကတော့—

1. University Admission Letter
2. Passport

ဒီနှစ်ခုနဲ့ လုပ်လို့ရခဲ့ပါတယ်

ဒါကြောင့် Parma မှာ ကျောင်းတက်နေပြီး Bus ကို ပုံမှန်စီးမယ့်သူတွေအနေနဲ့ တစ်ခါချင်း Ticket ဝယ်တာထက် Student 1-Year Card လုပ်ထားတာက ပိုသက်သာပြီး ပိုအဆင်ပြေပါတယ်

📌 Notice — Ticket ဈေးနှုန်းနဲ့ Student Card စည်းမျဉ်းတွေက
Admin မနှစ်ကလုပ်ခဲ့တာဖြစ်ပြီး ပြောင်းနိုင်တာကြောင့် မဝယ်ခင် TEP ရဲ့ လက်ရှိသတ်မှတ်ချက်ကို ပြန်စစ်ပေးပါနော်

တခုခုသိချင်တာ မေးချင်တာရှိရင် comments အောက်မှာပဲ ဝင်မေးသွားလို့ရပါတယ်

Messenger မှာ တစ်ယောက်ချင်းစီ လာမေးတဲ့အခါ မေးခွန်းတူတာတွေကို ခဏခဏပြန်ဖြေရတာ အဆင်မပြေလို့ပါ 😅

Comment မှာမေးထားရင် တခြားကျောင်းသားတွေလည်း အတူတူဝင်ဖတ်ပြီး အသုံးဝင်တဲ့ Information ရနိုင်ပါတယ်

🇮🇹 Italy ကျောင်းလျှောက်ခြင်းအတွက် အစအဆုံး One-Stop Service

📌 University & Major ရွေးချယ်ပေးခြင်း
📌 University Application လျှောက်ပေးခြင်း
📌 Documents ပြင်ဆင်ပေးခြင်း
📌 Regional Scholarship လျှောက်ပေးခြင်း
📌 DoV / CIMEA လျှောက်ထားပေးခြင်း
📌 Visa Support လျှောက်ထားပေးခြင်း
📌 ကျောင်းလခ / အိမ်လခ Euro ငွေလွှဲပေးခြင်း

အစအဆုံး တစ်နေရာတည်းကနေ ကူညီဆောင်ရွက်ပေးပါတယ်။

📩 အသေးစိတ်သိချင်ရင် Message မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်

Benvenuti in Italia! 🇮🇹


🇮🇹GED နဲ့ အီတလီ Student Visa ရရှိသွားတဲ့ ညီမလေးအတွက် Congratulations ပါနော်✨👏🏼Admin ကူညီလျှောက်ပေးခဲ့တဲ့ထဲမှာ GED နဲ့ အီ...
05/09/2026

🇮🇹GED နဲ့ အီတလီ Student Visa ရရှိသွားတဲ့ ညီမလေးအတွက် Congratulations ပါနော်✨👏🏼

Admin ကူညီလျှောက်ပေးခဲ့တဲ့ထဲမှာ
GED နဲ့ အီတလီနိုင်ငံ၊ University of Parma မှာ ကျောင်းဝင်ခွင့်ရော Student Visa ပါ ရရှိသွားခဲ့တဲ့
ညီမလေး Waing Pyae Pyae Han ကတော့ ပထမဆုံးပါပဲ ညီမလေးအတွက်အများကြီးလည်း ဝမ်းသာရသလို ဂုဏ်ယူပါတယ် Congratulations ပါနော် 🥳👏🏼

အကုန်လုံးသိထားကြတဲ့အတိုင်း အီတလီမှာ
GED နဲ့ ကျောင်းဝင်ခွင့်ရော Visa ရဖို့အထိဆိုတာမလွယ်ကူပါဘူး

လူတော်တော်များများက "GED နဲ့ အီတလီမှာ ကျောင်းလျှောက်လို့ မရဘူး" လို့ ထင်ထားကြတာပါ။ တကယ်တော့ ရပါတယ်

ဒီညီမလေးကတော့ GED + AP + English Proficiency နဲ့ရခဲ့တာဖြစ်ပါတယ်

GED နဲ့ Italy ကိုကျောင်းလာတက်မဲ့ မောင်လေး ညီမလေးတွေအတွက် Motivion ရအောင် သတင်းကောင်းလေးဖော်ပြပေးလိုက်ပါတယ်

📌1. GED နဲ့ Italy လျှောက်လို့ရလား?

Yes လျှောက်လို့ရပါတယ် ကျောင်းဝင်ခွင့်ရော Visa ပါရခဲ့ပါတယ်

📌2. GED တစ်ခုတည်းနဲ့တင် ရလား?

မရပါဘူး GED က High School အဆင့်ပဲ ရှိသေးတဲ့အတွက် အီတလီတက္ကသိုလ်တွေက သီးသန့် လက်မခံပါဘူး AP (Advanced Placement) စာမေးပွဲတွေနဲ့ တွဲဖက်လျှောက်ထားရပါတယ်

Foundation လျှောက်ရင်:
GED + AP (၁ ဘာသာ) + English Test

Bachelor's လျှောက်ရင်:
GED + AP (၃ ဘာသာ) + English Test + Entrance Exam (ကျောင်း/majorပေါ်မူတည်)

requirement ပြည့်စုံမှကျောင်းဘက်ကလက်ခံပါမယ်

📮ဒီနေရာမှာ Public University ကျောင်းတိုင်းလက်ခံတာမျိုးမဟုတ်ပါဘူး
(University တစ်ခုချင်းရဲ့ Requirements ကိုသေချာဖတ်ကြည့်ဖို့လိုပါမယ်)

📌3. Ap ဆိုတာဘာလဲ

AP ဆိုတာ Advanced Placement ကို ဆိုလိုတာပါ

အမေရိကန်ပညာရေးစနစ်မှာ High School ကျောင်းသားတွေ University-level subject တွေကို ကြိုတင်သင်ယူပြီး ဖြေဆိုနိုင်တဲ့ စာမေးပွဲစနစ် ဖြစ်ပါတယ်

GED တစ်ခုထဲနဲ့ ကျောင်းဘက်ကလက်မခံပါဘူး

GED က High School qualification ဖြစ်ပြီး AP က တစ်ဘာသာချင်းစီမှာ University-level study လုပ်ထားကြောင်း ပြတဲ့ additional academic credential ပါ

GED + AP တွဲလျှောက်မှသာ High School Equivalency qualification အနေနဲ့ ကျောင်းဘက်က လက်ခံပါတယ်

📮စကားမစပ် AP ဘယ်မှာသင်ရမလဲမသိရင် အခု အီတလီဗီဇာရထားတဲ့
ညီမလေး Waing Pyae Pyae Han ဆီမှာသင်လို့ရပါတယ်

📌4. စာရွက်စာတမ်းတွေကို ဘယ်လို Legalization လုပ်ရမလဲ?

GED စာရွက်စာတမ်းတွေကို CIMEA က Statement ထုတ်ပေးလေ့မရှိပါဘူး

ဒါကြောင့် GED Diploma နဲ့ Transcript ကို Apostille တင်ရပါမယ်

Apostille ဆိုတာနိုင်ငံခြားမှာ အသုံးပြုမယ့်
US-issued documents တွေအတွက် အရေးကြီးတဲ့ authentication အဆင့်တစ်ခုပါ

Apostille ပြီးနောက် USA ရဲ့ DOV လျှောက်ရပါမယ်

Italy Embassy, Washington D.C. မှာရှိတဲ့ အီတလီသံရုံးကနေ DOV (Dichiarazione di Valore) လျှောက်ရပါမယ်

DOV လျှောက်ရတဲ့ ကာလကတော့ ဒီညမလေးကတုန်းက စာရွက်စာတမ်းတွေပေးပို့တာကနေစပြီး ရောက်လာတဲ့အထိအစဆုံး 5လဝန်းကျင်လောက်ပျှမ်းမျှကြာခဲ့ပါတယ်

📌5. Visa ရဖို့ ဘယ်လောက်ကြာလဲ?

Admin ကူညီလျှောက်ပေးခဲ့တာ Student visa ကတော့ မြန်မာသံရုံးမှာ 1လဝန်းကျင်လောက်ပဲကြာပြီး အခုဆိုVisa ရရှိခဲ့ပါပြီ

အီတလီမှာ GEDနဲ့ကျောင်းတက်ချင်တဲ့ မောင်လေး ညီမလေးတွေအနေနဲ့
ဘယ်ကစရမှန်းမသိဘူးဆိုရင် ကိုယ့်ရဲ့ Education background ပေါ်မူတည်ပြီး GED နဲ့ အီတလီကျောင်းလျှောက်ဖို့ အသေးစိတ် ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့
Admin ဆီမှာ Consulation service ယူပြီး အသေးစိပ် ဆွေးနွေးတိုင်ပင်လို့ရပါတယ်

📮အီတလီမှာ ကျောင်းလျှောက်တာ ကျောင်း/Major ရွေးချယ်တာကနေစပြီး Visa လျှောက်တဲ့အထိအစအဆုံး Admin သေချာကူညီဝန်ဆောင်မှုပေးပါတယ်






🇮🇹 Visa ထပ်မံ 5 ဦးရရှိလာတဲ့ မောင်လေး၊ ညီမလေးတို့ Congratulations ပါ 🥳✨Admin ကူညီလျှောက်ထားပေးခဲ့တဲ့ ကျောင်းသား/ကျောင်းသူ...
01/09/2026

🇮🇹 Visa ထပ်မံ 5 ဦးရရှိလာတဲ့ မောင်လေး၊ ညီမလေးတို့ Congratulations ပါ 🥳✨

Admin ကူညီလျှောက်ထားပေးခဲ့တဲ့ ကျောင်းသား/ကျောင်းသူများထဲမှာ Visa Approved ရရှိခဲ့သူစုစုပေါင်း (18) ဦး ရရှိလာပါပြီရှင့်

Visa Result ကောင်းကောင်းနဲ့ အောင်မြင်မှုရရှိသွားကြတဲ့ မောင်လေး၊ ညီမလေးတို့အတွက် Admin အနေနဲ့လည်း အများကြီးဝမ်းသာ ဂုဏ်ယူပါတယ်👏🏼✨

ကျောင်းလျှောက်တဲ့အချိန်ကစပြီး Visa ရရှိတဲ့အထိသာမက Flight Ticket ဝယ်ပေးခြင်း၊ Apartment ရှာပေးခြင်း၊ Airport Pick-up လေဆိပ်လာကြိုပေးခြင်းတို့အထိ Italy ကို စတင်ထွက်ခွာတဲ့အချိန်ကနေ ရောက်ရှိတဲ့အချိန်အထိ အစအဆုံး ယုံကြည်စွာ အပ်နှံပေးခဲ့ကြတဲ့ အတွက်လည်းကျေးဇူးတင်ပါတယ်ရှင့်🫶🏻

ဒီနှစ် Intake အတွက် Italy Student Visa Result ကအခုအချိန်အထိတော့ အခြေအနေအတော်လေးကောင်းမွန်တယ်လို့ပြောလို့ရတယ်
Rejected သတင်းလေးတွေလည်းနည်းနည်းကြားရလို့ Document တွေကိုစုံစုံလင်လင်နဲ့ authenticity ပြဖို့အတွက်အကြုံပေးပါတယ်

🇮🇹 Visa ရပြီး Italy ကို ဆက်သွားဖို့အတွက်လည်း Admin ဆီမှာ Travel Services တွေ ရှိပါတယ်ရှင့်

📌 အိမ်လခ/ကျောင်းလခသွင်းချင်သူများ Admin ဆီမှာကူညီသွင်းပေးပါတယ်
📌 Flight Ticket ကို ဈေးသက်သက်သာသာနဲ့ Kg များများရအောင် ဝယ်ချင်သူများ
📌 လေဆိပ်ရောက်တဲ့အခါ Immigration Pass အတွက် အကူအညီလိုသူများ
📌 လေဆိပ်ရောက်ပြီးမှ Baggage Kg ထပ်ဝယ်ချင်သူများ
📌 Italy ရောက်တဲ့အချိန် Airport Pick-up Service လိုအပ်သူများ admin ဆီမှာservice ဝန်ဆောင်မှုပေးပါတယ်

နောက်ထပ် Visa Result စောင့်ဆိုင်းနေတဲ့ မောင်လေး၊ ညီမလေးတွေရဲ့ Result လေးတွေကိုလည်း ထပ်မံမျှဝေပေးသွားပါမယ်ရှင့်🙏🏻✨

📌Visa result စောင့်တဲ့အခါ ကြာတယ် မြန်တယ်ကတော့ ကျောင်းသားတစ်ယောက်တစ်ဦးစီရဲ့ တင်တဲ့ Document မတူညီတာ တွေကြောင့်တစ်ယောက်နဲ့တစ်ယောက် ရလာတဲ့အချိန်ကွဲပြာမှုလေးတွေတော့ရှိနိုင်ပါတယ်

📩 အီတလီနိုင်ငံသို့ ကျောင်းလျှောက်ခြင်း နှင့် Visa လျှောက်ခြင်း ဆိုင်ရာ Service များအတွက် Admin မှ အစအဆုံး one stop ဆောင်ရွက်ပေးပါတယ်🇮🇹

🇮🇹 Italy ရောက်တာနဲ့ မဖြစ်မနေလျှောက်ရမဲ့ Resident Permit card Ciao! 👋🏻Italyကို ဒီနှစ်intake အတွက် ကျောင်းသားတွေလည်းရောက်လ...
26/08/2026

🇮🇹 Italy ရောက်တာနဲ့ မဖြစ်မနေလျှောက်ရမဲ့ Resident Permit card

Ciao! 👋🏻

Italyကို ဒီနှစ်intake အတွက် ကျောင်းသားတွေလည်းရောက်လာကြတော့မယ်ဆိုတော့
Italy ရောက်ပြီဆိုရင် ကျောင်းသားတွေအနေနဲ့ 8 ရက်အတွင်းမှာ မဖြစ်မနေ လျှောက်ရမဲ့ Permit card (Permesso di soggiorno) လျှောက်နည်းလေးကို Admin တုန်းကကိုယ်တိုင် လျှောက်ခဲ့တဲ့အတွေ့အကြုံအနေနဲ့ နည်းလမ်းကို အဆင့်ဆင့် ပြောပြပေးပါမယ်

ဒီpost လေးကို share / save ထားပြီး form ဖြည့်တဲ့အခါ ကြည့်ပြီးဖြည့်ရင်တော့ လွယ်ကူပြီးအဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်

👉🏻မရှင်းတာတွေ၊ မေးချင်တာလေးတွေရှိရင် comment ကနေ မေးလို့ရပါတယ်
Messenger မှာတစ်ယောက်ချင်းစီးလာမေးတဲ့အခါမေးခွန်းတူတာတွေကျ ခဏခဏဖြေဖို့အဆင်မပြေလို့
Comment ကနေပဲ post နဲ့သက်ဆိုင်တာလေးတွေမေးပေးပါနော် အကုန်လုံးလည်းဝင်ဖတ်လို့ရအောင်ပါ

⸻

📌 Step 1 – Buy the Marca da Bollo

ပထမဆုံးလုပ်ရမှာက Marca da bollo လို့ပြောပြီး နီးစပ်ရာ Tabacchi ဆိုင်မှာ stamp duty (တံဆိပ်ခေါင်း) ဝယ်ရပါမယ်

Admin ဝယ်တုန်းက 16€ ကျပါတယ်
ဒီတံဆိပ်ခေါင်းက Poste Italiane kit form မှာ attach လုပ်ဖို့ဖြစ်ပါတယ်

⸻

📌 Step 2 – Prepare the Documents

လိုအပ်တဲ့ documents အားလုံးကို စစ်ဆေးပြီး ပြင်ဆင်သွားပါ

Admin တုန်းကတော့ documents အများကြီးပြစရာမလိုအပ်ခဲ့ပါဘူး အောက်မှာရေးပေးထားတဲ့ 1 to 6 ပဲလိုအပ်ခဲ့ပါတယ်

Documents List:
1. Passport (မူရင်း + photocopy)
2. Entry Visa / Visa photocopy
3. Tax code (Codice Fiscale)
4. Marca da bollo (€16)
5. Proof of accommodation
6. University enrollment / Letter of acceptance
7. Health insurance
8. Passport-sized (2) photos

📮Region/ မြို့ပေါ်မူတည်ပြီး အနည်းငယ်ပြောင်းလဲနိုင်ပါတယ်

⸻

📌 Step 3 – Poste Italianeကိုသွားပါ

• Kit form, documents, photos, Marca da bollo တို့ကိုယူပြီး အနီးဆုံး Poste Italiane ကိုသွားပါ

• Italian Poste staff တွေက English လို သိပ်မပြောတာကြောင့် ကိုယ့်ဘက်က ပြောပြဖို့ Italian လို ပြင်ဆင်သွားတာ အကောင်းဆုံးပါပဲနော်

• Sportello Amico counter ရောက်ရင် “Vorrei un kit per il permesso di soggiorno, per favore” လို့ပြောပြီးထုတ်လို့ရပါတယ် Kit form ကို အခမဲ့ ထုတ်ပေးပါတယ်

⸻

📌 Step 4 – Fill the Kit Form

• Form ကို capital letters (စာလုံးကြီး) မှင်အမည်းနဲ့ ဖြည့်ရပါမယ် (မှင်အပြာမရပါ)

• One letter per box ဖြစ်အောင် space ခြားရင်တစ်ခုကျော်ပြီးရေးပေးရပါမယ်

ဖြည့်နည်းကို အောက်မှာ admin ဖြည့်ခဲ့တုန်းကအတိုင်း form ဖြည့်နည်းထည့်ပေးထားလို့ reference အနေနဲ့ သုံးနိုင်ပါတယ် မရှင်းတာရှိရင် comments မေးလို့ရပါတယ်

• Poste Italiane website မှာ appointment ယူပြီး form submit လုပ်လို့ရပါတယ်

⸻

📌 Step 5 – Submit & Pay

• Form တင်ဖို့ website ကနေတဆင့် appointment ယူရပါမယ်
> https://www.poste.it/

• Form ဖြည့်ပြီးတဲ့အခါ ကိုယ့်သဘောနဲ့ကိုယ် စာအိတ်busta မပိတ်ပါနဲ့နော်

• Poste staff က စစ်ဆေးပြီး အမှားရှိရင် ပြင်ဆင်ပေးပါလိမ့်မယ် ပြီးမှာသာ Poste staff ကစာအိတ်ပိတ်ပါလိမ့်မယ်

• Postal / Bollettino fee ပေးပြီး Receipt (Ricevuta) လက်ခံရရှိမှာပဲဖြစ်ပါတယ်
Admin တုန်းကတော့ Total €124 ပေးခဲ့ရပါတယ်
အကုန်စစ်ဆေးပြီးလက်မှတ်ထိုးပြီးတဲ့အခါ Receipt (Ricevuta) ပေးပါလိမ့်မယ်

• Receipt ထဲမှာ Questura appointment date (Immigration Officeကိုသွားရမဲ့date ) ပါပြီး,
ပေးလိုက်တဲ့ Receipt ကို legal stay, university enrollment, bank, rental purposes တွေအတွက် အသုံးပြုလို့ရပါတယ်

⸻

📌 Step 6 – Waiting for the Permesso Card

• Official permesso card ရဖို့ 2–6 months ကြာနိုင်ပါတယ်။

•မြို့ပေါ်မူတည်ပြီး card ရတာ အနှေးအမြန်ကွာပါလိမ့်မယ် Parma မှာတော့ 1နှစ်ပြည့်တာတောင်မရသေးတာရှိပါတယ်🥲

Tip: အရေးကြီးတာက Temporary receipt ကို သေချာသိမ်းထားပါ — official card မရလာခင် legal proof အနေနဲ့သုံးရမှာမို့အရေးကြီးပါတယ်နော်။

ဒီလောက်ဆို formဖြည့်တဲ့အခါ အားလုံးအဆင်ပြေကြမယ်လို့ထင်ပါတယ်
အကျိုးရှိတယ်ဆိုရင် react လေးတော့ပေးခဲ့ပေးပါ
နောက်ပိုင်း Italy နဲ့ပက်သက်တာလေးတွေ တင်ပေးသွားပါမယ်နော်

🇮🇹✈️ Italy မှာ ကျောင်းလာတက်ဖို့ ပြင်ဆင်နေတဲ့သူများအတွက် – Travel Before You Go GuideVisa ရပြီး Italy ကိုလာဖို့ အဆင်သင့်ဖ...
15/08/2026

🇮🇹✈️ Italy မှာ ကျောင်းလာတက်ဖို့ ပြင်ဆင်နေတဲ့သူများအတွက် – Travel Before You Go Guide

Visa ရပြီး Italy ကိုလာဖို့ အဆင်သင့်ဖြစ်နေပြီဆိုတော့

Italy ရောက်ရောက်ချင်း အခက်မတွေ့အောင် Language, Documents, Money, SIM Card, Transportation, နေထိုင်ရေးနဲ့ မဖြစ်မနေယူသွားသင့်တဲ့ပစ္စည်းတွေ ကို ဘာတွေကြိုပြင်ထားသင့်လဲဆိုတာ ဒီ Guide မှာ တစ်ခုချင်းပြောပြပေးသွားပါမယ်။

🇮🇹 အထူးသဖြင့် Italy ကို ပထမဆုံးလာမယ့် International Students တွေအတွက် လက်တွေ့အသုံးဝင်မယ့်အချက်တွေကို

Admin ကိုယ်တိုင်ရဲ့ အတွေ့အကြုံအရ မျှဝေပေးသွားမှာပါ

Italy ကို ပထမဆုံးလာမယ့်သူတွေအနေနဲ့ အနည်းဆုံး A1–A2 Level လောက်အထိ Italian စကားပြောအခြေခံတွေကို ကြိုတင်လေ့လာထားဖို့ အကြံပြုချင်ပါတယ်

အထူးသဖြင့် ရောက်ရောက်ချင်း အသုံးများမယ့်—
✔️ နေ့စဉ်သုံး Italian စကားလုံးတွေ
✔️ မေးတတ်၊ ဖြေတတ်တဲ့ အခြေခံစကားပြောတွေ
✔️ Supermarket မှာ အသုံးများတဲ့ ဝေါဟာရတွေ
✔️ Bus / Train စီးတဲ့အခါ အသုံးဝင်မယ့် စကားလုံးတွေ

ဒါတွေကို ကြိုလေ့လာထားရင် Italy ရောက်ရောက်ချင်း ဘာသာစကားကြောင့် အခက်အခဲဖြစ်တာတွေ အများကြီးလျော့သွားပါလိမ့်မယ်။

📌 International Student ဖြစ်လို့ ကျောင်းထဲမှာတော့ English နဲ့ အဆင်ပြေနိုင်ပါတယ်။ ဒါပေမယ့် ကျောင်းပြင်ပမှာတော့ နေ့စဉ်ဘဝအတွက် Italian ကို အများကြီးအသုံးပြုရတာကြောင့် အနည်းဆုံး နားလည်ပြီး အခြေခံပြောနိုင်အောင် ကြိုလေ့လာထားတာက တကယ်အသုံးဝင်ပါတယ်

_____

🇮🇹 ✈️ Italy သွားဖို့ Packing List

Italy ကို ကျောင်းလာတက်မယ့်သူတွေအနေနဲ့ “ဘာတွေယူသွားရမလဲ?” “ဘယ်ဟာကို
Hand Carry ထဲထည့်ရမလဲ?” ဆိုတာ စဉ်းစားရတာ တကယ်မလွယ်ပါဘူး။

ဒါကြောင့် Admin ကိုယ်တိုင် Italy စလာခဲ့တုန်းက အတွေ့အကြုံအရ မဖြစ်မနေယူသွားသင့်တာတွေကို အမျိုးအစားခွဲပြီး တစ်ခုချင်း ပြောပြပေးသွားပါမယ်။

🧾 Documents — အရေးကြီးဆုံးအပိုင်း

Documents တွေက ခရီးစဉ်တစ်လျှောက် အလွယ်တကူထုတ်ယူနိုင်ဖို့ Hand Carry / Cabin Bag ထဲမှာပဲ ထည့်ထားတာ အကောင်းဆုံးပါ

• Passport + Student Visa
• Admission Letter / Pre-enrolment Summary
• Proof of Accommodation
• Flight Ticket
• Health Insurance
• Financial Documents
• Vaccination Record (optional)

📌Original + Copy ဖိုင်တစ်ခုထဲ စုပြီး ထည့်ထားပါ အရေးကြီးတာက Checked-in bag ထဲ မထည့်ပါနဲ့

❌ Passport, Visa နဲ့ အရေးကြီး Documents တွေကို Checked-in Luggage ထဲ မထည့်ပါနဲ့။

⸻

🔌 Electronics

Electrical ပစ္စည်းတွေကို Hand Carry ထဲထည့်ပါ

• Laptop / Tablet / Phone
• Power Bank (max 20,000mAh)
• Earphones / Headphones
• Universal Adapter
• Extension Cord

📌 Universal Adapter ကိုတော့ မြန်မာကနေ ကြိုဝယ်လာဖို့ အကြံပြုချင်ပါတယ်။

-Italy ရဲ့ Plug Socket တွေက မြန်မာနိုင်ငံမှာ အသုံးများတဲ့ Plug တွေနဲ့ မတူတာကြောင့် Adapter မပါရင် ရောက်ရောက်ချင်း ဖုန်း၊ Laptop တွေ Charge လုပ်ဖို့ အခက်အခဲဖြစ်နိုင်ပါတယ်

-Admin တုန်းကတော့ Admin မေမေက
•Rice cooker
•Dryer
•Ironမီးပူ တွေပါထည့်ပေးလိုက်တာ

-Admin က ဒီရောက်မှ ဝယ်မယ်ဆိုတာတောင်
ဒါပေမယ့် မေမေက မရရအောင် အတင်းထည့်ပေးလိုက်တော့…
မေမေရဲ့ အမျှော်အမြင်ကြီးပုံများ
Italy ရောက်ရောက်ချင်းမှာ တကယ် ဘာမှဝယ်စရာမလိုခဲ့ဘူး
ပိုက်ဆံလဲအများကြီးမကုန်ခဲ့ဘူး ဟီး”🤭

📌ဒီရောက်မှ ဝယ်လည်းရပါတယ် ဒါပေမဲ့
• ရောက်ရောက်ချင်း ဆိုင်တွေဘယ်မှာရှိမှန်း မသိသေးတာ
• သွားလာရတာ မကျွမ်းသေးတာ
• တချို့ပစ္စည်းတွေက မြန်မာနိုင်ငံထက် စျေးပိုကြီးတာကြောင့်
ယူလာခဲ့ရင်တော့ ပိုအဆင်ပြေပါတယ်

⸻

🧴 Personal Hygiene & Skincare

Personal Hygiene ပစ္စည်းတွေကတော့ Italy ရောက်ရောက်ချင်း အဆင်ပြေစေဖို့ အနည်းဆုံး ပထမတစ်လအတွက် လိုအပ်တာတွေကို ကြိုတင်ယူလာထားရင် ကောင်းပါတယ်။

ဒါတွေကိုတော့ Checked-in Bag ထဲ ထည့်ပါ

• Toothbrush + Toothpaste
• Shampoo / Soap / Face Wash
• Skincare Set (moisturizer, sunscreen, serum, acne cream,…)
• Deodorant / Razor
• Sanitary Pads / Cotton Pads / Nail Cutter
• Comb / Towel / Slippers

📌 Skincare ပစ္စည်းတွေအတွက်တော့ စိတ်ပူစရာမလိုပါဘူး Italy မှာလည်း Skincare Brand တွေ အများကြီးရနိုင်ပါတယ်

Korea Skincare တွေကတော့စျေးပိုကြီးပေမဲ့ Authentic ဖြစ်တယ်

-ဒါကြောင့် ကိုယ်နေ့တိုင်းသုံးနေကျ Skincare ပစ္စည်းတွေရှိရင် မြန်မာကနေ အစပိုင်းအသုံးပြုဖို့ ယူလာထားတာ ပိုအဆင်ပြေပြီး ငွေလည်းသက်သာစေနိုင်ပါတယ်

⸻

💊 Medicine ,Health & First Aid

Italy ကို ပထမဆုံးလာမယ့်သူတွေအနေနဲ့ အရေးပေါ်သုံးရနိုင်တဲ့ ဆေးလေးတွေကို အစပိုင်းအတွက် ကြိုယူလာထားရင် တော်တော်အဆင်ပြေပါတယ်

ဆေးဝါးတွေကိုတော့ Checked-in ထဲထည့်ပါ

💊 ယူလာသင့်တဲ့ ဆေးဝါးတွေကတော့—

• ကိုယ်ပုံမှန်သောက်နေကျ ဆေးဝါးများ
• Cold & Flu Tablets
• Vitamin C
• Eye Drops
• Digestive Pills
• Paracetamol
• Band-aids
• Balm / Muscle Rub
• ကိုယ်ပုံမှန်အသုံးပြုနေကျ First Aid ပစ္စည်းလေးများ ယူလာဖို့အကြံပေးချင်ပါတယ်

-အီတလီမှာဆေးဝယ်ဖို့ Farmacia ဆေးဆိုင်တွေကတော့ နေရာတိုင်းရှိတယ်
လိုချင်တာ ဝယ်ချင်တာကို အချိန်မရွေးဝယ်လို့ရပါတယ်

-ကိုယ်က Italy ကဆေးတွေမသောက်တတ်ရင် သောက်နေကျ ဆေးတွေကို ယူလာဖို့ အကြံပေးချင်ပါတယ်

-တချို့ဆေးတွေက အလွယ်တကူဝယ်လို့မရပါဘူးဆရာဝန်ရဲ့ Prescription ထောက်ခံစာလိုတတ်ပါတယ် ဝယ်ရခက်တဲ့ဆေးတွေဆို တစ်ခါထဲ ဝယ်လာခဲ့ပါ

⸻

🍜 Food – မြန်မာစားသောက်ကြိုက်သူများအတွက်

📌အီတလီမှာ မြန်မာဆိုင်တွေ မရှိပါဘူး 😭
Asian market တွေကတော့ မြို့အပေါ်မူတည်ပြီး အနည်းနဲ့အများရှိကြပါတယ်

-Admin ကတော့ မြန်မာအစားစာအရမ်းကြိုက်ပြီးလွမ်းလို့ ဒီတခေါက်မြန်မာခဏပြန်တော့ အစားသောက်တွေပဲအဓိကထည့်လာတယ်

-အထူးသဖြင့်—

• ဟင်းခတ်အမွှေးအကြိုင်တွေ
• ငါးပိ
• လက်ဖက်
• ငရုတ်သီး / အခြောက်အခြမ်းတွေ
• ကိုယ်အမြဲစားနေကျ မြန်မာအစားအစာတွေမှာ မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေ
လိုမျိုး ကိုယ်အရမ်းကြိုက်ပြီး Italy ရောက်မှ ရှာရခက်နိုင်တဲ့ ပစ္စည်းတွေကို ကြိုယူလာထားရင် ပိုအဆင်ပြေပါတယ်။

-အနီးစပ်ဆုံး Asian and African market တွေကနေ Myanmar နဲ့အရသာအနီးစပ်ဆုံး
တရုတ်၊ထိုင်း၊ဗီယက်နမ် product တွေတော့ ဝယ်လို့ရပါတယ်

📌 Food နဲ့ပတ်သက်ပြီး “ဘာတွေယူလာသင့်လဲ၊ ဘာတွေကို Italy ရောက်မှဝယ်လို့ရလဲ၊ ဘာတွေက ရှာရခက်လဲ” ဆိုတာတွေကိုတော့ နောက်ရက်မှာ အသေးစိတ် Post လေး သပ်သပ်တင်ပေးပါဦးမယ်နော်။

⸻

👕 Clothing – အဝတ်အစားတွေ

အဝတ်အစားတွေကတော့ Italy လာမယ့်သူတိုင်း အများကြီးထည့်ချင်ကြတဲ့အပိုင်း ဖြစ်မယ်ထင်ပါတယ်။ 😂

📌 အခြေခံအနေနဲ့ ယူလာသင့်တာတွေက—

✔️ T-shirts / Jeans / Pants
✔️ Hoodie / Jacket / Scarf / Gloves
✔️ Walking Shoes / Slippers / Flats
✔️ Myanmar Traditional Wear / Formal Wear
✔️ Socks / Underwear / Pajamas

🍂 Fall Intake နဲ့လာမယ့်သူတွေအတွက်တော့ ရောက်ရောက်ချင်း ရာသီဥတုက အေးလာပြီဖြစ်တာကြောင့် နွေးနွေးထွေးထွေးရှိမယ့် အဝတ်အစားလေးတွေကို ယူလာဖို့အကြံပေးပါတယ်

-ဒါပေမဲ့ အများကြီးမယူလာကြနဲ့သိလား ဒီမှာလည်းဝယ်ဝတ်လို့ရတယ်
Fashion အလန်းတွေ ဒီမှာဖြုတ်လို့ရတယ် 🤭
တကယ် winter လည်းရောက်ရော ဒီကအနွေထည်တွေကသာ တကယ်နွေးတာပါ

-Italy မှာလည်း H&M, OVS, Zara, Primark စတဲ့ အဝတ်အစားဆိုင်တွေရှိတာကြောင့် အခြေခံအဝတ်အစားတွေကို ဒီရောက်မှလည်း ဝယ်လို့ရတာကြောင့် အဝတ်စားတွေကိုအများကြီး မယူဖို့အကြံပေးချင်ပါတယ်

-မြန်မာဝတ်စုံ ၁စုံ နဲ့ အီတလီမှာစျေးကြီးမယ်ထင်တဲ့ဟာ မရှိလောက်တဲ့ဟာမျိုးသာ ယူလာပါ

-အဝတ်အစားတွေကို Online ကနေလည်း မှာလို့ရသလို Weekend တွေမှာ ဖွင့်တဲ့ Local Market / Weekly Market တွေမှာလည်း စျေးသက်သက်သာသာနဲ့ ရှာဝယ်လို့ရပါတယ်

⸻

Euro 💶

Italy ရောက်ရောက်ချင်း အိမ်လခ၊ ကျောင်းနဲ့ဆိုင်တဲ့အသုံးစရိတ်တွေ၊ အစားအသောက်၊ Transportation နဲ့ နေ့စဉ်အခြေခံအသုံးစရိတ်တွေ ရှိလာနိုင်တာကြောင့်—

💶 Euro Cash ကို အနည်းငယ်တော့ မြန်မာနိုင်ငံကနေ ကြိုလဲလာထားဖို့ အကြံပြုချင်ပါတယ်။

အထူးသဖြင့် ရောက်ရောက်ချင်းမှာ Bank Account / Card တွေမရသေးခင် အရေးပေါ်သုံးဖို့ Cash လေးရှိထားတာ စိတ်ချရပါတယ်။

📌 အိမ်လခ၊ ကျောင်းလခနဲ့ အချို့သော Payment တွေကတော့ Bank Transfer / Banking Payment နဲ့ပေးချေရတာများတယ်

📮တကယ်လို့ ယုံကြည်စိတ်ချစွာနဲ့ ငွေလွှဲချင်တယ်ဆိုရင်တော့ Admin ဆီလာခဲ့လို့ရပါတယ်ဝန်ဆောင်မှုပေးပါတယ်

📍Euro ရှားလို့ဆိုပြီး Dollar တော့မယူလာ ကြပါနဲ့ ပြန်လဲဖို့အဆင်မပြေတာများနိုင်ပြီး လဲရင်လည်း စျေးအရမ်းနှိမ်ခံရနိုင်ပါတယ်

📍မြန်မာနိုင်ငံက Visa ကတ်တချို့ သုံးလို့ရပေမယ့် တချို့နေရာတွေမှာ မဖတ်နိုင်တာများပြီး ATM ထုတ်တဲ့အခါလည်း ငွေဖြတ်ခံရသေးတယ်

📍Revolut, Wise card တို့လို digital banking service တွေဒီမှာတော့ ရောက်ပြီး၁/၂လလောက်ဆိုသုံးလို့ရပြီ

ဒီအကြံပြုချက်တွေက မောင်လေးတို့ ညီမလေးတို့အတွက် အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ် အားလုံးပဲ အီတလီ ခရီးစဉ် အဆင်ပြေပြေချောမွေ့ကြပါစေ🫶🏻💓

__________

🇮🇹 Visa ရပြီး Italy ကို ဆက်သွားဖို့အတွက်လည်း Admin ဆီမှာ Travel Services တွေ ရှိပါတယ်ရှင့်

📌 Flight tickets Admin ဆီမှာဝယ်လို့ရပါတယ် KG လည်း များရပြီး budget and safe ဖြစ်အောင်ဝယ်ပေးပါတယ်
📌 လေဆိပ်ရောက်တဲ့အခါ Immigration Pass အတွက် အကူအညီလိုသူများ
📌 Baggage Kg ထပ်ဝယ်ချင်သူများ
📌 Italy ရောက်တဲ့အချိန် Airport Pick-up Service လိုအပ်သူများ admin ဆီမှာservice ဝန်ဆောင်မှုပေးပါတယ်

📩 Travel Services နဲ့ပတ်သက်ပြီး အသေးစိတ်သိချင်ရင် Admin ဆီကို Message လာပို့မေးမြန်းနိုင်ပါတယ်ရှင့်

📌အီတလီ ကျောင်းလျောက်တာ visaလျောက်တာ နဲ့ပက်သက်လို့ သိချင်တာ consultation ဆွေးနွေးချင်တာပဲဖြစ်ဖြစ် admin တို့ဆီမှာ service ရယူနိုင်ပါတယ်

📩 Italy နိုင်ငံသို့ ကျောင်းလျှောက်ခြင်းနှင့် Visa လျှောက်ခြင်းဆိုင်ရာ ဝန်ဆောင်မှုများကို လိုအပ်တဲ့အဆင့်အလိုက် အစမှအဆုံး တစ်နေရာတည်းမှာ ဆောင်ရွက်နိုင်အောင် Admin တို့ဘက်က ကူညီပေးပါတယ်။ 🇮🇹

🇮🇹 Visa နောက်ထပ် 5 ဦးရရှိလာတဲ့ မောင်လေး၊ ညီမလေးတို့ Congratulations ပါ 🥳✨Admin ကူညီလျှောက်ထားပေးခဲ့တဲ့ ကျောင်းသား/ကျောင်...
13/08/2026

🇮🇹 Visa နောက်ထပ် 5 ဦးရရှိလာတဲ့ မောင်လေး၊ ညီမလေးတို့ Congratulations ပါ 🥳✨

Admin ကူညီလျှောက်ထားပေးခဲ့တဲ့ ကျောင်းသား/ကျောင်းသူများထဲမှာ Visa Approved စုစုပေါင်း (13) ဦး ရရှိလာပါပြီရှင့်

Visa Result ကောင်းကောင်းနဲ့ အောင်မြင်မှုရရှိသွားကြတဲ့ မောင်လေး၊ ညီမလေးတို့အတွက် Admin အနေနဲ့လည်း အများကြီးဝမ်းသာ ဂုဏ်ယူပါတယ်👏🏼✨

ကျောင်းလျှောက်တဲ့အချိန်ကစပြီး Visa ရရှိတဲ့အထိသာမက Flight Ticket ဝယ်ပေးခြင်း၊ Apartment ရှာပေးခြင်း၊ Airport Pick-up လေဆိပ်လာကြိုပေးခြင်းတို့အထိ Italy ကို စတင်ထွက်ခွာတဲ့အချိန်ကနေ ရောက်ရှိတဲ့အချိန်အထိ အစအဆုံး ယုံကြည်စွာ အပ်နှံပေးခဲ့ကြတဲ့ အတွက်လည်းကျေးဇူးတင်ပါတယ်ရှင့်🫶🏻

ဒီနှစ် Intake အတွက် Italy Student Visa Result အခုအချိန်အထိတော့ အခြေအနေအတော်လေးကောင်းမွန်ပါတယ်

🇮🇹 Visa ရပြီး Italy ကို ဆက်သွားဖို့အတွက်လည်း Admin ဆီမှာ Travel Services တွေ ရှိပါတယ်ရှင့်

📌 Flight Ticket ကို ဈေးသက်သက်သာသာနဲ့ Kg များများရအောင် ဝယ်ချင်သူများ
📌 လေဆိပ်ရောက်တဲ့အခါ Immigration Pass အတွက် အကူအညီလိုသူများ
📌 လေဆိပ်ရောက်ပြီးမှ Baggage Kg ထပ်ဝယ်ချင်သူများ
📌 Italy ရောက်တဲ့အချိန် Airport Pick-up Service လိုအပ်သူများ admin ဆီမှာservice ဝန်ဆောင်မှုပေးပါတယ်

နောက်ထပ် Visa Result စောင့်ဆိုင်းနေတဲ့ မောင်လေး၊ ညီမလေးတွေရဲ့ Result လေးတွေကိုလည်း ထပ်မံမျှဝေပေးသွားပါမယ်ရှင့်🙏🏻✨

📩 အီတလီနိုင်ငံသို့ ကျောင်းလျှောက်ခြင်း နှင့် Visa လျှောက်ခြင်း ဆိုင်ရာ Service များအတွက် Admin မှ အစအဆုံး one stop ဆောင်ရွက်ပေးပါတယ်🇮🇹

🇮🇹Parma မှာ Apartment ငှားချင်သူများအတွက်Double Room Available€400 + Utilities✅ မြို့လယ်ခေါင် (City Centre) မှာနေရပါမယ်✅...
26/07/2026

🇮🇹Parma မှာ Apartment ငှားချင်သူများအတွက်

Double Room Available
€400 + Utilities

✅ မြို့လယ်ခေါင် (City Centre) မှာနေရပါမယ်
✅ ကျောင်း Campus ၂ ခုလုံးနဲ့ နီးပါတယ်
✅ Asian Market တွေ၊ Supermarket တွေနဲ့လည်း နီးပါတယ်
✅ Station နားမှာဖြစ်လို့ Bus လိုင်းအများကြီးစီးလို့ရတယ်

📌နောက်တစ်အိမ်

Double Room Available
€250 + Utilities

Single Room Available
€350 + Utilities

✅ ကျောင်းCampus ကို 20/30min လောက်bus စီးရပါတယ်
✅ Tigota/ Supermarket တွေနဲ့လည်း နီးပါတယ်
✅ Bus No. 2 နဲ့ 13 တိုက်ရိုက်ရောက်ပါတယ်

အိမ်ရှေ့လမ်းထိပ်မှာ
• Pharmacy
• Gelateria
• မိတ္တူဆိုင် (Copy Shop)
• To***co Shop
• Café ဆိုင်အကုန်ရှိပါမယ်

စိတ်ဝင်စားသူများ အသေးစိတ်သိရှိလိုပါက
page messenger မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်




📌edit - room အကုန်လုံး အငှါးရသွားပါပြီ

🇮🇹 Visa နောက်ထပ် 4ဦးရရှိလာတဲ့ မောင်လေး၊ ညီမလေးတို့ Congratulations ပါ 🥳✨ဒီနေ့ Lucky day ပါ admin လျှောက်ထားပေးတဲ့ 4 ယောက...
17/07/2026

🇮🇹 Visa နောက်ထပ် 4ဦးရရှိလာတဲ့ မောင်လေး၊ ညီမလေးတို့ Congratulations ပါ 🥳✨

ဒီနေ့ Lucky day ပါ admin လျှောက်ထားပေးတဲ့ 4 ယောက်လုံးတစ်နေထဲ mail ဝင်လာတာ

University of Parma မှာ Foundation Program သွားတက်မယ့် မောင်လေး၊ ညီမလေး (3) ဦးနဲ့ University of Pisa မှာ Foundation Program သွားတက်မယ့် မောင်လေး (1) ဦးတို့ဟာ
ဒီနေ့ပဲ Italy Student Visa Approved ကို အောင်မြင်စွာ လက်ခံရရှိခဲ့ပါတယ် 🫶🏻

📌ဒါနဲ့ဆို Admin ဆီကနေ Visa Approved စုစုပေါင်း (8) ဦး ရရှိထားပြီဖြစ်ပါတယ် 🎉

👏🏼 Visa ရသွားတဲ့ မောင်လေးနဲ့ညီမလေးတို့ရဲ့ အောင်မြင်မှုအတွက် အများကြီးဝမ်းသာဂုဏ်ယူပါတယ်✨

ကျောင်းလျှောက်တဲ့အချိန်ကစပြီး Visa ရတဲ့အထိ၊ Flight Ticket ဝယ်ပေးတာ၊ Apartment ရှာပေးတာ၊ Airport Pick-up Service စီစဉ်ပေးတာအထိ အစအဆုံး Admin ကို ယုံကြည်စွာ အပ်နှံပေးခဲ့တဲ့အတွက်လည်း အထူးကျေးဇူးတင်ပါတယ်ရှင့်

Admin ဘက်ကလည်း အစဆုံးvisa ရတဲ့အထိသေချာလေး ကူညီပေးပါတယ်
လျှောက်ပေးရတဲ့ ကျောင်းသားများတာကြောင့် တခြားသောလိုအပ်ချက်လေးတွေရှိသွားခဲ့ရင်လည်း နားလည်ပေးဖို့ မေတ္တာယက်ခံပါတယ်😭🫶🏻

နောက်ထပ် Visa Result စောင့်ဆိုင်းနေတဲ့ မောင်လေး၊ ညီမလေးတွေရဲ့ Result လေးတွေကိုလည်း ထပ်မံမျှဝေပေးသွားပါမယ်ရှင့်🙏🏻✨

📌Flight tickets သက်”သာ”နဲ့ဝယ်ချင်တာ
📌Airport pick up လာကြိုတဲ့service ယူချင်သူများ admin ကိုလာပြောလို့ရပါတယ်

ကျောင်း/ Visa / Scholarships လျှောက်လိုသူများ၊ စိတ်ဝင်စားသူများအနေနဲ့ Page မှာ ဆွေးနွေးမေးမြန်းနိုင်ပါတယ်ရှင်

📩 အီတလီနိုင်ငံသို့ ကျောင်းလျှောက်ခြင်း နှင့် Visa လျှောက်ခြင်း ဆိုင်ရာ Service များအတွက် Admin မှ အစအဆုံး one stop ဆောင်ရွက်ပေးပါတယ်🇮🇹

ItalyVisa

Address

Yangon

Telephone

+959953339992

Website

Alerts

Be the first to know and let us send you an email when Study in Italy Now posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Study in Italy Now:

Shortcuts

Share