Blossom Education

Blossom Education A source to raise English language up in children

15/08/2026

30/07/2026

゚viralシ

ဝါဆိုလပြည့်နေ့ အကြောင်း သိကောင်းစရာ 🙏🙏🙏~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ဝါဆိုလပြည့်နေ့ နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာ........
29/07/2026

ဝါဆိုလပြည့်နေ့ အကြောင်း သိကောင်းစရာ 🙏🙏🙏
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဝါဆိုလပြည့်နေ့ နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာ........
သန္ဓေ တောထွက် ဓမ္မစက် မိန့်မြွက်သံချို လဝါဆို တဲ့
ဘုရားဖြစ်စဉ် ဗုဒ္ဓဝင်မှာ ထူးခြားသော ဝါဆိုလပြည့်နေ့

( ၁ ) ဘုရားလောင်းသိဒ္ဓတ္တမင်းသား ပဋိသန္ဓေ နေသောနေ့
( ၂ ) ဘုရားလောင်း တောထွက်တော်မူသောနေ့
( ၃ ) ဂေါတမမြတ်စွာဘုရား ဓမ္မစကြာစတင်ဟောတော်မူသောနေ့
( ၄ ) ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့
( ၅ ) ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့
( ၆ ) တရားရတနာ စတင်ပေါ်သောနေ့
( ၇ ) သံဃာရတနာ စတင်ပေါ်သောနေ့
( ၈ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံသောနေ့
( ၉ ) ဧဟိဘိက္ခု ဟူသောစကားကိုစတင်ကြားရသောနေ့

ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်
~~~~~~~~~~~~~~~~~~~~~~~~
ဂေါတမဘုရားလောင်းတော်သည် ပဉ္စဝဂ္ဂိ ၅ ဦးတို့ စွန့်ခွါထွက်သွားပြီးသည့် နောက် တစ်ကိုယ်တည်း တရားကျင့်တော်မူခဲ့ရာ မဟာသက္ကရာဇ် ၁၀၃ ခုကဆုန်လပြည့်နေ့ သောကြာနေ့ တွင် သဗ္ဗညုတဥာဏ်တော်ကို ရရှိကာဘုရားအဖြစ်သို့ရောက်တော်မူလေသည်။

ထိုအခါ သဟမ္ပတိဗြဟ္မာမင်း၏ လျှောက်ထားတောင်းပန် ချက်အရအဘယ်သူ့ကို တရားဦးဟောကြားအံ့နည်းဟု ဆင်ခြင်တော်မူ၏။ ဗုဒ္ဓမြတ်စွာ၏ အာသယာနုသယဥာဏ် ဣနြဒိယပ ရောပရိယဥာဏ်တော်တို့ဖြင့် ဆင်ခြင်သည်။ ပထမဦးစွာ စျာန်လမ်းပြခဲ့ဖူးသော အာဠာရရသေ့ ဆရာကိုမြင်၏ ထိုရသေ့ကား ကွယ်လွန်ခဲ့ပြီးဖြစ်သည် ထိုမှ တစ်ဆင့် ဥဒကရသေ့ဆရာကို မြင်တော်မူလေသည် ။ ဥဒကရသေ့လည်း ကွယ်လွန်ခဲ့ပြီဖြစ်၏။

ထို့နောက် အခြားသော ကျေးဇူးရှိခဲ့ဖူးသူများအား တရားဦးဟောကြားရန် ကြည့်တော်မူပြန်သည်။ ထိုအခါ ပဉ္စဝဂ္ဂီငါးဦးတို့ကိုမြင်တော်မူလေသည် ။ သို့သော်လည်း ထိုရသေ့များထံ ချက်ချင်းမကြွပေ။ သုံးရက် သီတင်းသုံး စောင့်ဆိုင်းတော်မူ၏။ ထို့နောက် ဗာရာဏသီအနီးရှိ မိဂဒါဝုန်တောသို့ ခရီးဆက်တော်မူလေသည်။

အစားနည်းသောအကျင့်မှ များသောအကျင့်သို့ ပြောင်းခဲ့သောကြောင့် ဘုရားမဖြစ်နိုင်တော့ဟု ပဉ္စဝဂ္ဂီတို့ ယူဆခဲ့ကြ၏။ ထိုကြောင့် ဘုရားလောင်းအား စွန့်ခွာပြီးဗာရာဏသီ မိဂဒါဝုန်တောသို့ ရောက်ခဲ့ ကြလေသည် ။ မြတ်စွာဘုရားကြွလာသည်ကိုပဉ္စဂ္ဂီတို့မြင်ကြ၏။

ခရီးဦးမကြို ဝတ်မပြုလိုကြတော့ပေ သို့ရာတွင် အရှင်မြတ်သည် ဖန်ရည်ဆိုး သင်္ကန်းဝတ်ရုံလျက် ပင်ဝင်လာတော်မူ၏။ ကိလေသာ ကင်းစင်သဖြင့် အေးချမ်းတင့်တယ် ကြည်ညိုဖွယ်ရှိ၏။ သို့ဖြစ်ရာ ပဉ္စဂ္ဂီတို့သည် ခရီးဦးကြိုကြ၏ ရှိခိုးပူဇော်ကြ၏ နှုတ်ခွန်းဆက်ကြ၏။

အချိန်ကား နေမင်းကြီးဝင်လုဝင်ဆဲအချိန်လမင်းကြီးမှာ ပြူလစ်စ အခါသမယဖြစ်၏။ ဆည်းဆာညချမ်း ဖြစ်သည်။ သူတော်မြတ်ဓာတ်ကြောင့် သာယာဖွယ်ကောင်းပေ၏။ မိဂဒါဝုန်တောကား ရွှင်ပျအေးမြနေ၏ ဆိတ်ငြိမ်မှုဖြင့်ပြီးလျက်ရှိ၏။

ထိုအခိုက်တွင် မြတ်စွာဘုရားရှင်သည် ပဉ္စဂ္ဂီတို့၏ ရှေ့တွင်ထက်ဝယ်ဖွဲ့ခွေနေတော်မူသည် ။ ထို့နောက် ရဟန်းတို့ ဟု ခေါ်ဝေါ်ကာနှုတ်ခွန်းဆက်တော်မူုလိုက်၏။ ဤကား တရားဦးဟောရန်ဖိတ်ခေါ်သံ အစတည်း။

ပဉ္စဂ္ဂီတို့သည် သီလစင်ကြယ်ပြီးသူများဖြစ်ကြသည်။ ထို့ပြင် သဒ္ဓါ ဆန္ဒ ဝီရိယ စိတ်ထားပြည့်စုံနေပြီး သူများဖြစ်ကြလေရာ မြတ်စွာဘုရား၏ စကားအစသည် သူတို့၏ နှလုံးသားဝယ် တရား တည်၍တည်၍ လာလေသည်။ ထိုအချိန်တွင် မြတ်စွာဘုရားက မိမိဘုရား ဖြစ်တော်မူကြောင်း မိန့်ကြား၏ တရားနာယူကြရန်လည် တဆက်တည်း တိုက်တွန်း၏။

သို့သော်မယုံကြည်နိုင်ကြသဖြင့် သုံးကြိမ်သုံးခါ ငြင်းဆန်ကာနေကြ၏။ မြတ်စွာဘုရားသည် ထိုငြင်းဆန်မှုကို ဘုရားဖြစ်ကြောင်း ထပ်မံသိစေပြန်၏။ ပြီးမှ တရားဦး ခေါ်ဓမ္မစက္က ပဝတ္တန သုတ္တ ကိုဟောကြားတော်မူလေသည်။ ထိုတရားတော်၏ အဆုံးဝယ် အရှင်ကောဏ္ဍညသည် လူသားများအနက် ပထမဦးဆုံး သောတာပတ္တိဖိုလ်၌တည်လေ၏ ထိုနေ့သည် ဝါဆိုလပြည့်နေ့ ဖြစ်၏။

ထို့နောက်တဖန် ဒေသနာကိုဟောပြတော်မူရာ ဝါဆိုလပြည့်ကျော် ( ၁ ) ရက်နေ့၌ အရှင်ဝပ္ပ( ၂ ) ရက်နေ့၌ အရှင်ဘဒ္ဒိယ ( ၃ ) ရက်နေ၌ အရှင်မဟာနာမ် ( ၄ ) ရက်နေ့၌ အရှင်အဿဇိ တို့သည် အသီးသီး သောတာပန်တည်ကြလေကုန်၏။ပဉ္စဝဂ္ဂီအားလုံးပင် ဧဟိဘိက္ခု ရဟန်း အဖြစ်ရောက်ကြလေသည်။
ဝါဆိုလပြည့်ကျော် ( ၅ ) ရက်နေ့တွင် မြတ်စွာဘုရားသည် အနတ္တလက္ခဏသုတ္တ ကိုဟောကြားတော်မူခဲ့သည်။ ဤတွင် ငါးဦးလုံး ရဟန္တာ ဖြစ်တော်မူကြလေသည် ။ ထိုနေ့ကို လည်း '' ရဟန္တာ ''နေ့ ဟု ဗုဒ္ဓဘာသာဝင်တို့ သတ်မှတ်ယူကြကုန်သည်။

ထို့ကြောင့် ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ဟာ ဗုဒ္ဓဘာသာဝင်တိုင်း အောက်မေ့အမှတ်ရပြီး ကုသိုလ်ပြုသင့်တဲ့ နေ့မြတ်တစ်နေ့ ဖြစ်ပါသည်။

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများ ထုတ်ပေးမည့်အစီအစဥ် ကြေညာခြင်း
14/07/2026

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများ ထုတ်ပေးမည့်အစီအစဥ် ကြေညာခြင်း

ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့ 🙏🙏🙏(ကဆုန်ညောင်ရေသွန်းခြင်း)"ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံမှတ်ရန်ဤလေးတန်"✨️ခရစ်သက္ကရာဇ်_၂၀၂...
30/04/2026

ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့ 🙏🙏🙏
(ကဆုန်ညောင်ရေသွန်းခြင်း)

"ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံမှတ်ရန်ဤလေးတန်"

✨️ခရစ်သက္ကရာဇ်_၂၀၂၆_ခု၊ ကောဇာ_၁၃၈၈_ခု၊

သာသနာတော်သက္ကရာဇ်_၂၅၆၉_ခု၊ ကဆုန်လပြည့်နေ့မှ-လပြည့်ကျော်တစ်ရက်နေ့သည် သာသနာသက္ကရာဇ်_ ၂၅၆၉ ခုသို့ ကူးပြောင်းသော
(သာသနာနှစ်သစ်ကူး ဖြစ်ပေသည်။)

မြတ်စွာဘုရားရှင်၏ ဗျာဒိတ်ခံယူတော်မူသောနေ့၊ ဖွားမြင်တော်မူသောနေ့၊ ဘုရားအဖြစ်ပွင့်တော်မူသောနေ့၊ ဗုဒ္ဓဝင်အကျဥ်းဟောကြားတော်မူသောနေ့၊ ပရိနိဗ္ဗာန်စံတော်မူသောနေ့ အစရှိသောထူးခြားချက်တွေပြည့်စုံနေတဲ့ ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့ဟုခေါ်စမှတ်ပြုခဲ့ရုံသာမက မြတ်စွာဘုရားရှင်၏ ဖွားဖက်တော် (၇) ပါးထဲမှတစ်ပါး အပါအဝင်ဖြစ်သော၊ ဘုရားပွင့်တော်မူရာ ဗောဓိညောင်ပင်ကိုရေသွန်းလောင်းခြင်း အစဥ်လာကို ခေတ်အဆက်မပျက်ပြုလုပ်လာခဲ့ကြပါသည်။

မြန်မာ့ရိုးရာ ၁၂လရာသီပွဲတော်များအနက်၊ ကဆုန်လ ညောင်ရေသွန်းပွဲတော်ကို ရိုးရာပွဲတော်အဖြစ်အစဥ်အလာ သတ်မှတ်ခဲ့ကြပါသည်။

ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ဗုဒ္ဓဘာသာဝင်များ ကုသိုလ်တရားများ ပွါးများနိုင်ကြ၍ ခုနှစ်ရက်သားသမီးမိတ်ဆွေများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုမွန်ကောင်းမေတ္တာပို့သအပ်ပါတယ်ရှင်။
🪷🍀🌿🍀🌿🪷
#ကဆုန်လပြည့်နေ့ #ဗုဒ္ဓနေ့

12/04/2026

ရက်ပေါင်း ( 60 ) ကျော် ရှိပြီ ရေကိုတစ်နေ့ 3 လီတာ သောက်တယ် ။အချိုရည် ဆိုဒါ ကော်ဖီ  လုံးဝ မသောက်ပါ..။ အသီးအနှံ နဲ့ ဟင်းသီး...
25/02/2026

ရက်ပေါင်း ( 60 ) ကျော် ရှိပြီ
ရေကိုတစ်နေ့ 3 လီတာ သောက်တယ် ။

အချိုရည် ဆိုဒါ ကော်ဖီ လုံးဝ မသောက်ပါ..။

အသီးအနှံ နဲ့ ဟင်းသီးဟင်းရွက်ပဲ စားတယ်။

တတ်နိုင်သမျှ များများစားပေးတယ်..။

အဆီများတဲ့ အသားဆို လုံးဝ လုံးဝ ရှောင်တယ်...။

Fast food, ဆီကြော်စာ လုံးဝမစားဘဲ
ရေလုံပြုတ်စားတယ်။

မနက်ကို 6 နာရီ ထပြီး တနေ့ကို 2 မိုင်ပြေးဖြစ်တယ်။

မိုးရွာရွာ နေပူပူ အမြဲပြေးဖြစ်ပါတယ်။

လေ့ကျင့်ခန်း တွေကို နေ့စဉ်မပြတ် လုပ်တယ်..
တနေ့မှ မနားဘူး.....

အဲဒီလို နေထိုင်စားသောက်မှု ပုံစံကို
ပြင်လာ ပြီးတဲ့ နောက်ပိုင်းမှာ

ကိုယ်ခန္ဓာရော စိတ်ဓါတ်ပိုင်း ဟာ
အံ့သြစရာကို ပြောင်းလဲ လာခဲ့ပါတယ်..

ကိုယ့်ကို ကိုယ်တောင် မယုံနိုင်ဖြစ်သွားရပါတယ်....

ဘယ်သူရေးထား တဲ့ ဇာတ်လမ်းလဲတော့
မသိဘူး..

တွေ့တာနဲ့ အားကျလို့
Copy ယူခဲ့တာ .....

😜😜😜

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Blossom Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Blossom Education:

Shortcuts

Share