Super Kids Club

Super Kids Club Super Kids Club Myanmar

မေ​မေ​တွေ အိမ်​နေရင်း ဝင်​ငွေရှာလို့ ရမယ့် အလုပ်
21/02/2020

မေ​မေ​တွေ အိမ်​နေရင်း ဝင်​ငွေရှာလို့ ရမယ့် အလုပ်

Digital May May Program တက်ဖို့လျှောက်ထားသူတွေထဲက ၁၅ ယောက်ကိုအင်တာဗျူးအပြီး ပေါ်လာတဲ့အတွေးလေးနဲ့ မေးလေ့ရှိတဲ့အကြောင်းအရာလေးနှစ်ခုမျှဝေမယ်နော်။

(၁) Content Writing ဆိုတာနယ်ပယ်အသီးသီးမှာလိုအပ်နေတဲ့ အလုပ်အကိုင်တစ်ခုဖြစ်တယ်။ ကုန်ပစ္စည်းရောင်းတဲ့လုပ်ငန်းကအစ၊ အာမခံလုပ်ငန်းကအဆုံး Private sector ရော Public sector မှာပါလိုအပ်ပါတယ်။ ကိုယ်ဟာအရင်က ဘယ်လိုအသက်မွေးဝမ်းကျောင်းအလုပ်အကိုင်ကို လုပ်ခဲ့ပါစေ၊ ချိတ်ဆက်ပြီးရေးသွားလို့ရတယ်။ ဥပမာ- အရင်က HR မှာလုပ်ခဲ့တယ်ဆိုရင် HR ဆိုင်ရာလုပ်ငန်းတွေဖြစ်တဲ့ သင်တန်းကျောင်း၊ HR service provider အစရှိတဲ့လုပ်ငန်းတွေ၊ online learning platform တွေအတွက် newsletter ရေးပေးတာတွေကို တနိုင်တပိုင် အိမ်ကနေယူရေးလို့ရတယ်။ ရွေးချယ်စရာတွေများတယ်။ ဒါပေမယ့် ကိုယ်ရေးတဲ့စာက သူများနဲ့မတူ ထူးခြားဖို့၊ စာဖတ်သူနဲ့လုပ်ငန်းအတွက် သင့်လျှော်မှုရှိဖို့၊ လေးနက်မှုရှိဖို့က စာရေးသူ content writer ကိုယ်တိုင် လေ့ကျင့်ပြီး တည်ဆောက်သွားနိုင်ဖို့လိုတယ်။ ကျွန်မတို့ Digital May May Program က အဲ့ဒါကိုပဲအဓိက သင်ပေးတာပါ။ Theory ထက်၊ လက်တွေ့ရေးဖို့နဲ့ Trainers/Student Mentor နဲ့ Students အချင်းချင်း အပြန်အလှန်သုံးသပ်ပြီး feedback ပေးတာကို လက်ခံတတ်ပြီး ကိုယ်ရေးတဲ့စာကို ပိုကောင်းအောင် ပြုပြင်ပြောင်းလဲနိုင်ဖို့ အဓိကလိုအပ်တယ်။ အဲ့ဒီတော့ ဒီအလုပ်ကို professional ဖြစ်အောင်လုပ်မယ်ဆိုတဲ့အခါ ဘယ်လောက်ကြာအောင်လုပ်မယ်ဆိုတာထက်၊ ကိုယ်ရေးတဲ့စာတိုင်းကို professional ဖြစ်အောင်ရေးသွားဖို့ပဲလိုပါတယ်။ တဖက်တလမ်းကလုပ်လို့ရတယ် အဆင်ပြေတယ်ဆိုပေမယ့် လွယ်တယ်လို့တော့မဟုတ်ဘူးပေါ့နော်။ ကြိုးစားမယ်ဆိုရင် ဘာမဆိုဖြစ်ပါတယ်။

(၂) မေမေတွေကို အင်တာဗျူးတဲ့အခါ ကျွန်မကို အရမ်းကောင်းတဲ့မေးခွန်းလေးတစ်ခုမေးကြတယ်။ ဒီအလုပ်ကိုအောင်မြင်အောင်လုပ်ဖို့ အဓိကလိုအပ်တဲ့ အရည်အချင်းကဘာလဲ? အဓိကနှစ်ခုက critical thinking နဲ့ creative thinking. Critical thinking ဆိုတာကို ဘယ်နေရာမှာအသုံးပြုရလဲဆိုတော့ ကိုယ်စာရေးဖို့ လေ့လာရတဲ့အရာတွေရှိတယ်... စာစောင်တွေဖတ်မယ်၊ သတင်းတွေလေ့လာမယ်၊ အချက်အလက်တွေစုစောင်းမယ်။ ဒါပေမယ့် ဖတ်သမျှကို မယုံပဲသုံးသပ်တတ်ဖို့နဲ့ လိုအပ်တဲ့အချက်အလက်ကိုပဲယူပြီး ကိုယ်ရေးမယ်လုပ်ငန်းနဲ့ ကုန်ပစ္စည်းအတွက် ရေးနိုင်ဖို့လိုတယ်။ Creative thinking ကိုတော့ ရေးတဲ့စာတွေအမြဲထပ်မနေအောင်၊ တီထွင်ဆန်းသစ်နိုင်ဖို့လိုအပ်တယ်။ မဟုတ်ရင် စာဖတ်သူတွေစိတ်မဝင်စားတော့တာဖြစ်လာမယ်၊ ကိုယ်ကလည်းဘာရေးရမှန်းမသိဖြစ်လာနိုင်တယ်။ ဒါက content writer တိုင်း ကြုံရတတ်တဲ့အခက်အခဲလေးတွေပါ။ ဒါကိုဘယ်လိုလုပ်လို့ရလဲဆိုတာကို Digital May May program မှာ resource library ထားနည်းလေးသင်ပေးထားတယ်။ သင်တန်းပြီးသူတွေအချင်းချင်း ကိုယ့်အလုပ်သူ့အလုပ်အတွက် အပြန်အလှန်ပံ့ပိုးမှုရအောင် alumni group လေးလုပ်ထားပေးပါတယ်။

Cohort 1 အတွက်စာရင်းပေးတာကို ၂၅ရက်နေ့မှာနောက်ဆုံးထားပြီး လက်ခံပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် ဒီမှာစာရင်းပေးထားပါ။
http://bit.ly/DigitalMayMay

စာရင်းပေးထားပြီး ဖုန်းခေါ်ဖို့ interview appointment. မယူရသေးတဲ့သူတွေ အီးမေးလ်လေးစစ်ပြီး appointment ယူပေးနော်။ messenger ကနေလည်း သိချင်တာရှိရင် မေးနိုင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

30/01/2020
24/01/2020
28/07/2019
📍ဖေဖေ မေမေ နဲ့ တီချယ် တို့ရေ UMFCCI မှာ ကျင်းပမယ့် ပွဲလေးက ဒီနေ့နေ့လည် နော် မေ့နေမှာစိုးလို့  🔔နေရာမသိရင် လမ်းညွှန် မြေပံ...
20/07/2019

📍ဖေဖေ မေမေ နဲ့ တီချယ် တို့ရေ UMFCCI မှာ ကျင်းပမယ့်
ပွဲလေးက ဒီနေ့နေ့လည် နော် မေ့နေမှာစိုးလို့ 🔔
နေရာမသိရင် လမ်းညွှန် မြေပုံလေး ကြည့်လာခဲ့နော်🗺
ပွဲက ၂နာရီ အတိ စမှာမို့ ၁ နာရီခွဲ 🕜 နောက်ဆုံး လာဖို့ တော့လိုမယ်နော် 🤗

ကျဆုံးနေပြီးသော အာဇာနည်ခေါင်းကြီးများအား အလေးပြု
19/07/2019

ကျဆုံးနေပြီးသော အာဇာနည်ခေါင်းကြီးများအား အလေးပြု

သားသား မီးမီး လေးတွေ ရဲ့ ဖေဖေ မေမေ တွေ နဲ့ တီချယ်တွေ အားလုံး တက်ရောက်ဖို့ ဖိတ်ခေါပါတယ်နော်...
18/07/2019

သားသား မီးမီး လေးတွေ ရဲ့ ဖေဖေ မေမေ တွေ နဲ့ တီချယ်တွေ အားလုံး တက်ရောက်ဖို့ ဖိတ်ခေါပါတယ်နော်...

Address

Yangon

Telephone

+959259295339

Website

Alerts

Be the first to know and let us send you an email when Super Kids Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share