J Connect Myanmar

J Connect Myanmar Japanese language school in Myanmar ✨
Learn Japanese, unlock jobs, and study in Japan 🇯🇵
Your journey to Japan starts here.

20/08/2026

N5 အောင်လက်မှတ်ရှိထားရုံနဲ့ ❗️
2027 April Intake Tokyo Class (1) ကျောင်းလျှောက်လို့ရနေပြီနော်✨✅

📌Interview Date - 21.8.2026 ~ 2.9.2026 အတွင်း (ဂျပန်ဆရာများကိုယ်တိုင်ကျောင်းသို့လာရောက်အင်တင်ဗျူးပါမည်။)

2027 April Intake အတွက် ကျောင်းလျှောက်ရန်လိုအပ်တဲ့အသေးစိတ်ကို အောက်က post မှာအသေးစိတ်ကြည့်နိုင်ပါတယ်။📌✅

🌀https://www.facebook.com/share/1DDnRGzJtG/?mibextid=wwXIfr

ကျန်တာလေးတွေကိုတော့ Video ထဲမှာကြည့်လိုက်တော့နော်✨✅

ဒီထက်မက အသေးစိတ်တွေသိချင်သေးတယ်ဆိုရင်တော့…

J Connect page Messenger ကနေတဆင့်လာရောက်စုံစမ်းနိုင်သလို
Phone - 09 678705637 , 09 950 110 010 ကိုလာရောက်ဆက်သွယ်နိုင်ပါတယ်။✅

📌ကျောင်းကိုလာရောက်ပြီး မေးချင်တယ်ဆိုရင်တော့
ကျောင်းလိပ်စာ - အမှတ်(၄၉၆-ခ) ၊ ရတနာလမ်း ၊ (၁၁) ရပ်ကွက် ၊ တောင်ဥက္ကာလာမြို့နယ် ၊ ရန်ကုန်မြို့။

🇯🇵 ဂျပန်မှာ Part-Time အလုပ်လုပ်ရင် သိထားသင့်တဲ့ စကားလုံးများဂျပန်မှာ ကျောင်းတက်ရင်း Part-time အလုပ်လုပ်မယ့်သူတွေအတွက် အလ...
19/08/2026

🇯🇵 ဂျပန်မှာ Part-Time အလုပ်လုပ်ရင် သိထားသင့်တဲ့ စကားလုံးများ

ဂျပန်မှာ ကျောင်းတက်ရင်း Part-time အလုပ်လုပ်မယ့်သူတွေအတွက် အလုပ်ခွင်မှာ မကြာခဏကြားရမယ့် Japanese စကားလုံးလေးတွေကို လေ့လာထားကြရအောင် 📚✨

① お疲れ様です(おつかれさまです)
👉 အလုပ်ပင်ပန်းသွားပါပြီ / အလုပ်အတူလုပ်ရတာ ကျေးဇူးတင်ပါတယ်
📌 အလုပ်ခွင်မှာ တွေ့တဲ့အခါ၊ အလုပ်ပြီးတဲ့အခါ အသုံးများပါတယ်။

② お願いします(おねがいします)
👉 ကျေးဇူးပြုပြီး လုပ်ပေးပါ / အပ်ပါတယ်
📌 အလုပ်တစ်ခုကို တာဝန်ပေးတဲ့အခါ၊ တစ်ယောက်ယောက်ကို အကူအညီတောင်းတဲ့အခါ အသုံးများပါတယ်။

③ 分かりました(わかりました)
かしこまりました。
👉 နားလည်ပါပြီ
📌 အထက်လူကြီး ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်က ပြောတာကို နားလည်ကြောင်း ပြန်ပြောတဲ့အခါ သုံးနိုင်ပါတယ်။

④ 少々お待ちください(しょうしょう おまちください)
👉 ခဏလောက် စောင့်ပေးပါ
📌 Customer service အလုပ်တွေမှာ အထူးအသုံးများပါတယ်။

⑤ 失礼します(しつれいします)
👉 ခွင့်ပြုပါ / အားနာပါတယ်
📌 အခန်းထဲဝင်တဲ့အခါ၊ ပြန်ထွက်တဲ့အခါ စတဲ့ အခြေအနေအလိုက် အသုံးပြုနိုင်ပါတယ်။

💡 ဂျပန်မှာ အလုပ်လုပ်တဲ့အခါ Japanese စကားပြောနိုင်ရုံသာမက အလုပ်ခွင်သုံး စကားလုံးနဲ့ ယဉ်ကျေးမှုကိုပါ သိထားဖို့ အရေးကြီးပါတယ်။

17/08/2026

12 လပိုင်း JLPT အမှီစာမေးပွဲဖြေချင်တဲ့ ကျောင်းသား/သူတို့အတွက် August လ Japan စာ အတန်းခွဲများစတင်လက်ခံနေပါပြီ✨✅

အသေးစိတ်လေးကို Video မှာကြည့်နိုင်သလို အောက်က Link မှာလည်းကြည့်သွားလို့ရတယ်နော်😜✨

https://www.facebook.com/share/p/1beCCCeUaF/?mibextid=wwXIfr

16/08/2026

日本人とお話会💞

ဂျပန်ဧည့်သည်များနှင့်ပျော်ပျော်ပါးပါးစကားဝိုင်းလေး✨

ဂျပန်မှလာတဲ့ဧည့်သည်က ကျောင်းသား/သူလေးတွေနဲ့ ဂျပန်အကြောင်းလေးတွေပြောကြတယ်

ကျောင်းသား/သူများကလည်း သိချင်တာလေးတွေကိုတိုက်ရိုက်ကိုယ်တိုင်မေးမြန်းပြီးပျော်ရွှင်နေကြတယ်💞✨

ဂျပန်လူမျိုးကိုယ်တိုင်နဲ့စကားပြောရတာဖြစ်တဲ့အတွက် အနည်းဆုံး ခဏလေးအချိန်အတွင်းမှာ Motivation လည်းရသွာမယ်လို့ထင်ပါတယ်။😁

ဂျပန်စာကို ပိုလုပ်ချင်စိတ်လေးဖြစ်ပြီး 会話 တွေလည်းဒီထက်တော်လာအောင် ကြိုးစားကြမယ်လို့မျှော်လင့်ပါတယ်✨💞

12/08/2026

ဂျပန်မှာ ၁ နှစ်ပဲ ကျောင်းတက်ပြီး Tokutei Visa နဲ့ တန်း အလုပ်ဝင်ချင်သူများအတွက် သတင်းကောင်း! 🇯🇵✨

ဂျပန်မှာ ကျောင်းစရိတ်တွေ အကြာကြီး မကုန်ချင်ဘူး၊ မြန်မြန်ဆန်ဆန်နဲ့ တိုခုတဲအလုပ်ဗီဇာ ပြောင်းချင်တယ်ဆိုတဲ့ ကျောင်းသား/သူတွေအတွက် အကိုက်ဆုံးဖြစ်မယ့် Tokutei 1-Year Program (2027 April Intake) လာပါပြီ။✨✅

✅Interview Date - Aug 31 ,2026❗️

တိုကျိုက Class-1 ဂျပန်ဘာသာစကားကျောင်းမှ ဂျပန်ဆရာကိုယ်တိုင် J CONNECT မှာ လူတွေ့အင်တာဗျူး လာရောက်စစ်ဆေးပေးမှာမို့ လုံးဝ မလွတ်စေနဲ့နော်! 🤩

💡 Program လျှောက်ထားရင် ရရှိမယ့် အခွင့်အရေးများ✅

1️⃣တိုကျိုမြို့ပေါ် ရှိ Class-1 ကျောင်းမှာ စိတ်အေးချမ်းသာစွာ တက်ရောက်ရမည်။
2️⃣ကျောင်းတက်နေစဉ်အတွင်း အချိန်ပိုင်းအလုပ် (アルバイト)ကို ကျောင်းမှ သေချာမိတ်ဆက်ပေးမည်။
3️⃣ (၁)နှစ်ပြည့်လျှင်ကျောင်းမှ မိတ်ဆက်ပေးပြီး ပြောင်းနိုင်မည့် တိုခုတဲအလုပ်များ -
🍽️ စားသောက်ဆိုင် (Restaurant)
🏨 ဟိုတယ် (Hotel)
👵 ဘိုးဘွားစောင့်ရှောက်ရေး (Kaigo)

❗️(ကျောင်း ၁ နှစ် တက်ရောက်စဉ်အတွင်း N2 အောင်ရမည်ဖြစ်ပြီး၊ မအောင်ပါက ကျောင်းဆက်တက်ရပါမည်)❗️

📝 လျှောက်ထားဖို့ ဘာတွေလိုအပ်လဲ?

✅N3 အောင်လက်မှတ် ရှိသူဖြစ်ရမည်။

✅အထက်တန်းအောင်လက်မှတ် (သို့) GED စသည့် တူညီသော အောင်လက်မှတ်ရှိရမည်။

✅မ - အသက် (၁၈) မှ (၂၈) နှစ်အထိ။
(ကျား များအတွက် October Intake မှ စတင်လက်ခံပေးမှာမို့ အခုတည်းက ကြိုတင်စာရင်းပေးထားလို့ ရပါတယ်နော်)📢

✅ဂျပန်မသွားမီ ကာလအတွင်း J CONNECT မှာ လိုအပ်တဲ့ သင်တန်းများ တက်ရောက်နိုင်သူဖြစ်ရမည်။

💰 ကုန်ကျစရိတ် ခန့်မှန်းခြေ (သိန်း ၃၆၀ ကျပ်ဝန်းကျင်)❗️

1️⃣ကျောင်းလခ (၁ နှစ်စာ) - ယန်း ၇၈ သောင်း
2️⃣အဆောင်ခ (၆ လစာ)
3️⃣လေယာဉ်လက်မှတ် (တစ်ကြောင်းစာ)

ကဲဒါဆိုရင်တော့ မြန်မြန်လေး လာလိုက်တော့နော်❗️

အသေးစိတ်စုံစမ်းမေးမြန်းလိုပါက
J Connect page Messenger ကနေတဆင့်လာရောက်စုံစမ်းနိုင်သလို
Phone - 09 678705637 , 09 950 110 010 ကိုလာရောက်ဆက်သွယ်နိုင်ပါတယ်။✅

✅ကျောင်းကိုလာရောက်ပြီး မေးချင်တယ်ဆိုရင်တော့
ကျောင်းလိပ်စာ - အမှတ်(၄၉၆-ခ) ၊ ရတနာလမ်း ၊ (၁၁) ရပ်ကွက် ၊ တောင်ဥက္ကာလာမြိုနယ် ၊ ရန်ကုန်မြို။

Japanese language school in Myanmar ✨
Learn Japanese, unlock jobs, and study in Japan 🇯🇵
Your journey to Japan starts here.

ဒီနေ့မှာတော့ ဂျပန်နိုင်ငံမှာ ကံကောင်းခြင်းယူတဲ့ ရိုးရာအရုပ်လေးများ (Lucky Charms) အကြောင်း ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။...
10/08/2026

ဒီနေ့မှာတော့ ဂျပန်နိုင်ငံမှာ ကံကောင်းခြင်းယူတဲ့ ရိုးရာအရုပ်လေးများ (Lucky Charms) အကြောင်း ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ ✨

縁起物 (Engimono) - ဂျပန်နိုင်ငံရဲ့ ကံကောင်းခြင်း ဆောင်ပေးတဲ့ ချစ်စရာ ရိုးရာအရုပ်များ 🐱

ဂျပန်ဆိုင်တွေ၊ အိမ်တွေမှာ မကြာခဏ တွေ့လေ့ရှိတဲ့ ဒီအရုပ်လေးတွေရဲ့ လျှို့ဝှက်ချက်ကို သိကြရဲ့လား? 🤔

1️⃣ Maneki-neko (招き猫 )
• ညာလက် မြှောက်ထားရင် - ငွေကြေးနဲ့ လာဘ်လာဘ ရစေတယ်။
• ဘယ်လက် မြှောက်ထားရင် - ဈေးဝယ်သူနဲ့ ဧည့်သည် ပိုများစေတယ်။
(နှစ်ဖက်စလုံး မြှောက်ထားရင်တော့ နှစ်မျိုးစလုံး ကံကောင်းစေတယ်လို့ ယူဆကြပါတယ်) 🐾

2️⃣ Daruma (達磨 )
• စတင်ဝယ်ယူချိန်မှာ မျက်လုံးနှစ်ဖက်လုံး အဖြူရောင်ပဲ ပါရှိပါတယ်။
• မိမိ၏ ရည်မှန်းချက်တစ်ခုခု အောင်မြင်ဖို့ သစ္စာပြု/ဆုတောင်းတဲ့အခါ ဘယ်ဘက် မျက်လုံး ကို အနက်ရောင် စတင်ဆွဲပေးရပါတယ်။
• ရည်မှန်းချက် တကယ်အောင်မြင်သွားမှ ညာဘက် မျက်လုံး ကို ဖြည့်ဆွဲပေးပြီး အပြည့်အစုံ ပြုလုပ်တာ ဖြစ်ပါတယ်။ 🎯

3️⃣ Teru Teru Bozu (てるてる坊主)👻
• နောက်နေ့ ရဲ့ရာသီဥတု သာယာပြီး နေသာစေချင်တဲံအနေဖြင့် ပြတင်းပေါက်မှာ ချိတ်ဆွဲထားကြတဲ့ အထည်စဖြူဖြူ အရုပ်လေး ဖြစ်ပါတယ်။ ☀️

皆さんတို့ရော ဒီအရုပ်လေးတွေထဲက ဘယ်အရုပ်လေးကိုသိကြလဲ? ဒီထဲမှာ တစ်ရုပ်ကိုဖော်ပြထားပြီး တစ်ရုပ်ကိုတော့ မသိမသာလေးပြောပြထားတယ် ကျန်တဲ့တစ်ရုပ်ကိုတော့ 皆さんတို့ကို့ဘာသာရှာကြည့်နော်😜

April Intake Language School Interview ✨✅နောက်နှစ်(၄)လပိုင်းကျောင်းနဲ့သွားမဲ့ ကျောင်းသားလေးတွေနဲ့ အင်တာဗျူးပုံရိုပ်များက...
08/08/2026

April Intake Language School Interview ✨✅

နောက်နှစ်(၄)လပိုင်းကျောင်းနဲ့သွားမဲ့ ကျောင်းသားလေးတွေနဲ့ အင်တာဗျူးပုံရိုပ်များကိုပြန်လည်မျှဝေပေးလိုက်ပါတယ်✨✅

သတင်းထူးလေးတစ်ခုပြောပြမယ်နော်✨✅

N5 အောင်လက်မှတ်ရှိထားရုံနဲ့ Tokyo Class (1)ကျောင်းကို April Intake အမှီလျှောက်လို့ရတယ်ဆိုတာ သိပြီးပြီလား
တစ်ခုတော့ရှိတယ်နော် အင်တာဗျူးက ဒီလ (၁၈)ရက်နေ့ဆိုတော့ မြန်မြန်လာစုံစမ်းပြီးလျှောက်မှတော့ဖြစ်မယ်နော်✅

အသေးစိတ်ဖတ်ရန် Link 👇🏻

https://www.facebook.com/share/r/1BrKSTVFZe/?mibextid=wwXIfr

07/08/2026

N5 အောင်လက်မှတ်ရှိထားရုံနဲ့ April Intake Tokyo & Chiba Class 1 ကျောင်းများလျှောက်လို့ရမဲ့အခွင့်အရေး✨

April Intake အတွက်အသေးစိတ်Link 👇🏻✅

https://www.facebook.com/share/p/1B4gHsRNk6/?mibextid=wwXIfr

ဒါ့အပြင် ဂျပန်ဘက်ကဆရာတွေကိုယ်တိုင် လာရောက်အင်တာဗျူးသွားမှာဖြစ်ပါတယ်✨✅

📆Interview Date : 18.8.2026 (Tuesday)
⏱️Time : 2:30 PM

📆Interview Date : 26.8.2026(Wednesday)
⏱️Time : 11:00 AM

ကျန်တာတွေကိုတော့ Video ထဲမှာကြည့်ပေးပါနော်✅

အခြားအသေးစိတ်သိလိုသည်များကို J Connect page Messenger ကနေတဆင့်လာရောက်စုံစမ်းနိုင်သလို
Phone - 09 678705637 , 09 950 110 010 ကိုလာရောက်ဆက်သွယ်နိုင်ပါတယ်။✅

✅ကျောင်းကိုလာရောက်ပြီး မေးချင်တယ်ဆိုရင်တော့
ကျောင်းလိပ်စာ - အမှတ်(၄၉၆-ခ) ၊ ရတနာလမ်း ၊ (၁၁) ရပ်ကွက် ၊ တောင်ဥက္ကာလာမြိုနယ် ၊ ရန်ကုန်မြို။

05/08/2026

皆さん、こんにちは✨。
ဂျပန်နွေရာသီပွဲတော်တွေထဲမှာ အလှဆုံးပွဲတော်လို့ ပြောလို့ရတဲ့...

花火大会(はなびたいかい)🎆မီးပန်းပွဲတော်အကြောင်း သိပြီးပြီလား ဗျ?

အခု Video လေးကတော့ Sumida River Fireworks Festival ရဲ့အပြင်မှာကိုယ်တိုင်
ရိုက်ထားတာလေးကို မျှဝေပေးလိုက်ပါတယ်။ 皆さんတို့လည်းဂျပန်ရောက်ရင်တစ်ခါတော့ရောက်အောင်သွားဖူးသင့်တဲ့နေရာဖြစ်ပါတယ်✨✅

ဂျပန်နိုင်ငံရဲ့ နွေရာသီလို့ ပြောလိုက်တာနဲ့ ညကောင်းကင်တစ်ခွင်ကို အရောင်အသွေးစုံ မီးပန်းတွေနဲ့ အလှဆင်ပေးတဲ့ 花火大会(はなびたいかいကို လုံး၀မေ့ထားလို့ မရပါဘူး‌နော် ။🌌

ဒီမီးပန်းပွဲတော်‌လေးဟာ ပျော်ပွဲရွှင်ပွဲသက်သက် မဟုတ်ဘဲ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀ ကျော် သမိုင်းရှိတဲ့ ဂျပန်နိုင်ငံရဲ့ရိုးရာယဉ်ကျေးမှုတစ်ခု ဖြစ်တယ်ဆိုတာ ကောသိပါသလား? 🎇

🎆 花火大会 ကို ဘာအတွက် ကျင်းပကြတာလဲ?

အစပိုင်းမှာတော့ ကပ်ရောဂါကြောင့် သေဆုံးသွားသူတွေကို အောက်မေ့သတိရခြင်း၊ ရောဂါဘယတွေ ကင်းဝေးစေဖို့နဲ့ ပြည်သူတွေရဲ့ ကျန်းမာချမ်းသာရေးကို ဆုတောင်းတဲ့ အခမ်းအနားအဖြစ် မီးပန်းတွေ ပစ်ဖောက်ခဲ့ကြပါတယ်။
ယနေ့ခေတ်မှာတော့ နွေရာသီရဲ့ အထင်ကရပွဲတော်တစ်ခုအဖြစ် ကျင်းပကြပြီး မိသားစု၊ သူငယ်ချင်း၊ ချစ်ရသူတွေနဲ့အတူ အမှတ်တရကောင်းတွေ ဖန်တီးတဲ့ နေ့တစ်နေ့ ဖြစ်လာခဲ့ပါတယ်။

🎇 花火(はなび) ဆိုတာ ဘာလဲ?
「花(はな)」က "ပန်း"၊ 「火(ひ)」က "မီး" လို့ အဓိပ္ပာယ်ရပါတယ်။
ကောင်းကင်ပေါ်မှာ ပန်းတစ်ပွင့်လို လှပစွာ ပွင့်လန်းနေတဲ့ မီးပန်းတွေကြောင့်..
花火 လို့ ခေါ်ဆိုကြတာပါ။ ✨

📅 ဘယ်အချိန်မှာ ကျင်းပကြတာလဲ?
花火大会 တွေကို အများအားဖြင့် ဇူလိုင်လမှ ဩဂုတ်လအတွင်း ကျင်းပကြပြီး မြို့အလိုက် ကျင်းပတဲ့ရက်တွေ ကတော့မတူညီကြပါဘူး။

📍နာမည်ကြီး 花火大会 (Hanabi Festival) ကျင်းပတဲ့ မြို့များကတော့.

🗼 Tokyo – အများအားဖြင့် ဇူလိုင်လ နောက်ဆုံးအပတ် စနေနေ့ မှာ 隅田川花火大会 (Sumida River Fireworks Festival) ကို ကျင်းပလေ့ရှိပါတယ်။

🏯 Osaka – ဩဂုတ်လ ပထမအပတ်စနေနေ့ မှာ なにわ淀川花火大会 (Naniwa Yodogawa Fireworks Festival) ကို ကျင်းပပါတယ်။

🌾 Niigata – ဩဂုတ်လ ၂ ရက်နဲ့ ၃ ရက် မှာ 長岡まつり大花火大会 (Nagaoka Fireworks Festival) ကို ကျင်းပပြီး ဂျပန်နိုင်ငံရဲ့ အကျော်ကြားဆုံး မီးပန်းပွဲတော်တွေထဲက တစ်ခုဖြစ်ပါတယ်။

🌊 Shiga – ဩဂုတ်လ အစောပိုင်း မှာ びわ湖大花火大会 (Lake Biwa Fireworks Festival) ကို ဂျပန်နိုင်ငံရဲ့ အကြီးဆုံးရေကန် Biwa Lake ဘေးမှာ ကျင်းပပါတယ်။

🌸 Miyagi (Sendai) – ဩဂုတ်လ ၅ ရက် မှာ 仙台七夕花火祭 (Sendai Tanabata Fireworks Festival) ကို ကျင်းပပြီး Tanabata ပွဲတော်နဲ့အတူ ဆင်နွှဲကြပါတယ်။

👘 ပွဲတော်မှာ ဘာတွေလုပ်ကြလဲ?
Yukata(浴衣)လေးတွေ ဝတ်ပြီး မိသားစု၊ သူငယ်ချင်း၊ ချစ်ရသူတွေနဲ့အတူ ပွဲတော်ကို သွားလည်ကြပါတယ်။ ညကောင်းကင်ပေါ်မှာလှပစွာ တောက်ပနေတဲ့ မီးပန်းတွေကို ကြည့်ရင်း နွေရာသီရဲ့ အလှကို အတူခံစားကြတာက လည်း花火大会 ရဲ့ အထူးအမှတ်တရတစ်ခုပဲဖြစ်ပါတယ်။ 🎐✨

🍡 花火大会 မှာ ဘာတွေစားလေ့ရှိလဲ?
ပွဲတော်လမ်းတစ်လျှောက်မှာရှိတဲ့ 屋台(やたい - Festival Food Stalls) တွေကလည်း မဖြစ်မနေ ဝင်စားရမယ့်နေရာပါ။
🌮 たこ焼き(Takoyaki) – ရေဘဝဲလုံး
🍜 焼きそば(Yakisoba) – ဂျပန်ခေါက်ဆွဲကြော်

🍗 焼き鳥(Yakitori) – ကြက်သားကင်
かき氷(Kakigōri) – ရေခဲခြစ်
🍎 りんご飴(Ringo Ame)
– သကြားအုပ်ထားတဲ့ ပန်းသီး

ဒီလို အရသာရှိတဲ့ Festival Food တွေကို စားရင်း လှပတဲ့ 花火 ကို ကြည့်တာဟာ ဂျပန်နွေရာသီရဲ့ အကောင်းဆုံး အတွေ့အကြုံတွေထဲက တစ်ခုလို့ ဆိုနိုင်ပါတယ်။ 😍

"ဂျပန်စာသင်တန်းကောင်း ရှာနေသူတွေနဲ့ 7 လပိုင်း JLPT အပြီး Level Up ချင်သူများအတွက် August အတန်းခွဲများ စတင်အပ်နှံနိုင်ပါပ...
03/08/2026

"ဂျပန်စာသင်တန်းကောင်း ရှာနေသူတွေနဲ့ 7 လပိုင်း JLPT အပြီး Level Up ချင်သူများအတွက် August အတန်းခွဲများ စတင်အပ်နှံနိုင်ပါပြီ! 💯📚"

အခြေခံကစပြီး သေချာလေ့လာချင်သူတွေအတွက် N5 Class ရော၊ နောက်တစ်ဆင့်ကို တက်လှမ်းချင်သူတွေအတွက် N4 Class ပါ တစ်ပြိုင်နက်တည်း ဖွင့်လှစ်ပေးလိုက်ပါပြီ~✨✅

Class Information ကိုတော့ပုံမှာ အသေးစိတ်ကြည့်ပေးပါနော်(Online+Offline)✅

အသေးစိတ်စုံစမ်းမေးမြန်းလိုပါက
J Connect page Messenger ကနေတဆင့်လာရောက်စုံစမ်းနိုင်သလို
Phone - 09 678705637 , 09 950 110 010 ကိုလာရောက်ဆက်သွယ်နိုင်ပါတယ်။✅

✅ကျောင်းကိုလာရောက်ပြီး မေးချင်တယ်ဆိုရင်တော့
ကျောင်းလိပ်စာ - အမှတ်(၄၉၆-ခ) ၊ ရတနာလမ်း ၊ (၁၁) ရပ်ကွက် ၊ တောင်ဥက္ကာလာမြိုနယ် ၊ ရန်ကုန်မြို။

Address

No. 496(B), Yandanar Street , 11 Ward, South Oakkalar T/S
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00

Telephone

+959777154803

Alerts

Be the first to know and let us send you an email when J Connect Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to J Connect Myanmar:

Shortcuts

Share