Eureka Base

Eureka Base Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Eureka Base, Education, Yangon.

2024 First Class of Knowledge Sharing Second Batch 🤗
06/01/2024

2024 First Class of Knowledge Sharing Second Batch 🤗

05/12/2023

Eureka Base
2nd Batch ပညာဒါနအတန်းအတွက်
သတ်မှတ်လူဦးရေပြည့်သွားပြီမလို့
Form တင်ဖို့ပိတ်လိုက်ပါပြီခင်ဗျာ

နောက် Batch လေးတွေလည်းရှိမှာမလို့ အခုမမီလိုက်လည်း ထပ် join လို့ရပါတယ်နော်

Edited # လူဦီးရေပြည့်သွားပြီမို့ form ပိတ်လိုက်ပါပြီခင်ဗျာမြန်မာနိုင်ငံဗုဒ္ဓဂယာကျောင်းမှ ကြီးမှူးပြီး Eureka Base မှ လူင...
28/11/2023

Edited # လူဦီးရေပြည့်သွားပြီမို့ form ပိတ်လိုက်ပါပြီခင်ဗျာ

မြန်မာနိုင်ငံဗုဒ္ဓဂယာကျောင်းမှ ကြီးမှူးပြီး Eureka Base မှ လူငယ် Architect များ ပါဝင်အားဖြည့်ထားသော ၄လ ကြာမြင့်မည့် ပညာဒါန သင်တန်း 2nd batch အား ဒီဇင်ဘာ ၉ ရက်နေ့မှ စ၍ အပတ်စဉ် စနေ ညနေ ၃း၀၀ နာရီ မှ ၄း၃၀ ၊ တနင်္ဂနွေ မနက် ၁၀:၀၀ မှ ၁၁း၃၀ အထိ သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။

🟡 သင်တန်းကာလ ၄လ ကြာမယ့် Eureka Base ရဲ့ Architecture Foundation Course ဟာ Architecture ကိုလေ့လာဆည်းပူးနေတဲ့ ကျောင်းသားတွေနဲ့ Engineering Field ထဲမှာလက်ရှိလုပ်ငန်းခွင်ဝင်နေပြီး Architecture ဘာသာရပ်ကို စိတ်ဝင်စားတဲ့သူတွေအတွက် အဓိကရည်ရွယ်ထားတာဖြစ်ပြီး
Architecture ရဲ့အခြေခံများဖြစ်တဲ့
◦ Introduction to Design
◦ Introduction to Architecture
စသည့် အကြောင်းအရာများကို
လုပ်ငန်းခွင်လက်တွေ့အသုံးချ Software များဖြစ်တဲ့
◦ Autocad
◦ Sketch up
◦ Architectural Photoshop
Software အခြေခံများနဲ့ပေါင်းစပ်ပြီး သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။

ဒါ့အပြင်
2nd Batch မှာ တက်ရောက်မယ့်ကျောင်းသား ၊ကျောင်းသူများအတွက် Practicalများ ပြုလုပ်ခြင်း
Guest Speaker များရဲ့အတွေ့အကြုံများ ကို Sharing လုပ်ပေးခြင်း
Site Visit များသွားရောက်လေ့လာခြင်းများကိုပါ ထည့်သွင်းပေးထားပါတယ်။

🟡 အခု အတန်းလေးကို စိတ်ဝင်စားပြီး တတ်ရောက်လိုပါက အောက်ဖေါ်ပြပါ Google Form ကနေပြီး registration လေးပြုလုပ်လို့ရပါတယ် ။ သင်တန်းနဲ့ပါတ်သတ်ပြီး အသေးစိတ်သိရှိလိုပါက Page Messenger (သို့မဟုတ်) Phone Number -
09 880 814 413
09 420 103 035 ကို ဆက်သွယ်၍မေးမြန်းစုံစမ်းနိုင်ပါတယ် ။

https://forms.gle/fm6wc2hPdipoaxXu5

✨Note - သင်တန်းကြေး/စာရွက်စာတမ်းကြေး အခမဲ့ ✨

ကျွန်တော်တို့ 𝑬𝒖𝒓𝒆𝒌𝒂 𝑩𝒂𝒔𝒆 ပညာဒါန အတန်းလေးရဲ့ First Batch နောက်ဆုံး လ လေးမှာတော့ Architectural Photoshop အတန်းလေးနဲ့ ပြန်...
31/10/2023

ကျွန်တော်တို့ 𝑬𝒖𝒓𝒆𝒌𝒂 𝑩𝒂𝒔𝒆 ပညာဒါန အတန်းလေးရဲ့ First Batch နောက်ဆုံး လ လေးမှာတော့ Architectural Photoshop အတန်းလေးနဲ့ ပြန်လည် စတင်မှာဖြစ်ပါတယ်။ လက်ရှိ တက်နေတဲ့ သင်တန်းသားတွေ အပြင် အသိနောက်ကျလို့ Join ချင်တဲ့ ညီအစ်ကို မောင်နှမများလည်း အခု Photoshop class လေးကို Join နိုင်ဖို့ အောက်ပါ Google Form လေး မှာ အမြန်ဆုံး စာရင်းသွင်းဖို့ နှိုးဆော်လိုက်ရပါတယ်။

https://forms.gle/fm6wc2hPdipoaxXu5

Nov 4 Saturday မှာ စတင်မှာ ဖြစ်ပြီး ရုံးသမားများအတွက်လည်း အဆင်ပြေစေရန် ရည်ရွယ်၍ Every Saturday 3:00 - 4:30 pm တိုင်းမှာ Class လေးကို စီစဉ်ပေးထားပါတယ်။

🕯️𝐂𝐨𝐮𝐫𝐬𝐞 𝐎𝐮𝐭𝐥𝐢𝐧𝐞
𝐃𝐚𝐲 𝟏 - 𝐏𝐡𝐨𝐭𝐨𝐬𝐡𝐨𝐩 𝐁𝐚𝐬𝐢𝐜 𝐓𝐨𝐨𝐥𝐬
𝐃𝐚𝐲 𝟐 - 𝐀𝐫𝐜𝐡𝐢𝐭𝐞𝐜𝐭𝐮𝐫𝐚𝐥 𝐅𝐥𝐨𝐨𝐫 𝐏𝐥𝐚𝐧 𝐑𝐞𝐧𝐝𝐞𝐫𝐢𝐧𝐠
𝐃𝐚𝐲 𝟑 - 𝐀𝐫𝐜𝐡𝐢𝐭𝐞𝐜𝐭𝐮𝐫𝐚𝐥 𝐏𝐨𝐬𝐭 𝐏𝐫𝐨𝐝𝐮𝐜𝐭𝐢𝐨𝐧 & 𝐏𝐫𝐞𝐬𝐞𝐧𝐭𝐚𝐭𝐢𝐨𝐧
ဘယ်သူတွေအတွက် အသုံးတည့်မလဲဆို
🎈Foreign မှာ ကျောင်းသွားတက်ဖို့ ပြင်ဆင်နေတဲ့ ကျောင်းသူ ကျောင်းသားတွေ
🎈လုပ်ငန်းခွင်ဝင်ဖို့ Portfolio ပြင်နေကြတဲ့ ညီအစ်ကို မောင်နှမတွေ
🎈Freelance လုပ်နေကြပြီး Client ကို Presentation ကောင်းကောင်း ပြချင်သူတွေအတွက် အထူးပင် အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။

We are delighted to invite all of you to attend our class which will be held on Nov 4 at 3 pm at Myanmar Buddhagaya Monastery 🤗




Happy Thadingyut Festival to you all !!!Sincerely,Eureka Base Team
29/10/2023

Happy Thadingyut Festival to you all !!!
Sincerely,
Eureka Base Team

Send blessing to more friends and find who's the luckiest By KBZPay Pocket Money

ညီအစ်ကို မောင်နှမအားလုံးပဲ ဝါလ ကင်းလွတ် သီတင်းကျွတ် အခါသမယ မှာ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့အတူ ကောင်းမွန်တဲ...
28/10/2023

ညီအစ်ကို မောင်နှမအားလုံးပဲ ဝါလ ကင်းလွတ် သီတင်းကျွတ် အခါသမယ မှာ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့အတူ ကောင်းမွန်တဲ့ အချိန်လေးတေါကို ပိုင်ဆိုင်ဖန်တီးနိုင်ကြပါစေလို့ ကျွန်တော်တို့ Eureka Base Team မှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် 🎇🎇🎇☺️
ကျောင်းသား ကျောင်းသူ အားလုံးအတွက်လည်း စိတ်ဝင်စားဖို့ ကောင်းတဲ့ အစီအစဉ်တွေ Discussion Panel တွေနဲ့ အကောင်းဆုံး ကူညီ ပံ့ဖိုးပေးသွားဖို့ အစဉ်အမြဲ ကြိုးစားသွားပါမယ်လို့ ကတိကဝတ်ပြုလိုက်ရပါတယ် ☺️

“Architecture is making of abstract Architecture is making of shelter “လို့ ပြောနေကြပေမယ့် တကယ်တမ်းတော့ ရှေးခေတ် ဗိသုကာလ...
27/10/2023

“Architecture is making of abstract
Architecture is making of shelter “လို့ ပြောနေကြပေမယ့် တကယ်တမ်းတော့ ရှေးခေတ် ဗိသုကာလက်ရာတွေမှာ abstract သဘောတရားတွေကို Easter egg အနေနဲ့ မြုပ်ထားခဲ့ကြတယ်

ဗုဒ္ဓဘာသာစေတီပုထိုးတွေက လျှောက်လမ်း
(စင်္ကြံ)ကို Buddhism architecture ခေတ်ဦးပိုင်းမှာ စက်ဝိုင်းသဏ္ဍာန်ထားကြတယ်
ဂျီဩမေတြီ သဘောအရ အဝိုင်းဆိုတာ အစအဆုံးမရှိဘူးလေ
အဲ့အဝိုင်းစင်္ကြံက ဘဝသံသရာကြီးကို ကိုယ်စားပြုပြီး တရားမှတ်လမ်းလျှောက်သူတွေကို အသံတိတ်တရားပြတဲ့ ဗိသုကာသဘောတရားတစ်ခုလို့ဆိုနိုင်တာပေါ့

Photo Credit : Stupa Architecture by LotusArise

Eureka Base ရဲ့ ပညာဒါနသင်တန်း First Batch ရဲ့ Introduction to Design ခေါင်းစဉ်အောက်မှာဆွေးနွေးသွားတဲ့ အကြောင်းအရာလေးတွေက...
26/10/2023

Eureka Base ရဲ့ ပညာဒါနသင်တန်း First Batch ရဲ့ Introduction to Design ခေါင်းစဉ်အောက်မှာဆွေးနွေးသွားတဲ့ အကြောင်းအရာလေးတွေကို ပြောပြချင်ပါတယ် ခင်ဗျာ

✔️Week 1 နဲ့ Week 2 မှာတော့ Introduction to Design ရဲ့ အခြေခံအချက်တွေဖြစ်တဲ့ Basic Elements နဲ့ Design Principles တွေကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်

✔️Week 3 မှာတော့ Golden Ratio အကြောင်းကို ဆွေးနွေးခဲ့ကြပြီး ရွှေအချိုးနဲ့လက်တွေ့ ဖန်တီးခဲ့ကြပါတယ်
Perspective နဲ့ F.A.R B.C.R အကြောင်းတွေလည်း အကျဉ်းဆွေးနွေးခဲ့ကြပါသေးတယ်

✔️Week 4 မှာတော့
Form follows function
Less is more
Less is a bore လိုမျိုး ထင်ရှားတဲ့ ဗိသုကာအတွေးအခေါ်အကြောင်းတွေ ကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်ခင်ဗျာ

ကျွန်တော်တို့ Eureka Base ရဲ့ သင်တန်းသူ သင်တန်းသားတွေအတွက် ရည်ရွယ်၍ Online Library လေးထဲမှာ Architecture,Interior Design...
24/10/2023

ကျွန်တော်တို့ Eureka Base ရဲ့ သင်တန်းသူ သင်တန်းသားတွေအတွက် ရည်ရွယ်၍ Online Library လေးထဲမှာ Architecture,Interior Design အပါအဝင် အသုံးတည့်မယ့် Ebook ကောင်းများကို Support ပေးသွားမှာ ဖြစ်လို့ ကျောင်းသားကျောင်းသူတွေ အနေနဲ့ Admin team ကို Online Ebook Library ဖြစ်တဲ့ Google Drive Link လေး ကို Request လုပ်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါတယ် 🥳🥳🥳



စာအုပ်စာပေ လူ့မိတ်ဆွေ ဆိုတဲ့ ဆောင်ပုဒ်လေးအတိုင်း Architecture and Interior Design အတွက် လိုအပ်တဲ့ စာအုပ်ကောင်းလေးတွေကို ...
14/10/2023

စာအုပ်စာပေ လူ့မိတ်ဆွေ ဆိုတဲ့ ဆောင်ပုဒ်လေးအတိုင်း Architecture and Interior Design အတွက် လိုအပ်တဲ့ စာအုပ်ကောင်းလေးတွေကို ကျောင်းသားကျောင်းသူတွေ ဖတ်ရန် ရည်ရွယ်၍ Donation လုပ်ပေးတဲ့ Touch Me Lamp ပဲ့ကိုင်ရှင် အစ်ကို Calvin Wang ကိုကျွန်တော်တို့ Eureka Base Team မှ များစွာ ကျေးဇူးတင်ရှိပါတယ် ခင်ဗျ။နောက်ထပ်လည်း ဆန်းသစ်လှပတဲ့ creation ပေါင်းများစွာကို ဖန်တီးနိုင်ပါစေလို့လည်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် 🤗…
အခု စာအုပ်လေးတွေကိုလည်း Myanmar Buddhagaya Monastery ရဲ့ Library လေးမှာ ထားရှိပေးထားမှာဖြစ်လို့ ကျောင်းသား ကျောင်းသူတွေ အနေနဲ့ အလွယ်တကူ လေ့လာဖတ်ရှုနိုင်မှာဖြစ်ကြောင်းသတင်းကောင်း ပါးလိုက်ရပါတယ်။




ဒီအပါတ်ရဲ့ တနင်္ဂနွေနေ့ မှာ သင်ကြားခဲ့တဲ့ Eureka Base ရဲ့ Autocad Basic Course လေးပါ ။Eureka Base ရဲ့ 3 လတာကြာမြင့်တဲ့ ဗ...
18/09/2023

ဒီအပါတ်ရဲ့ တနင်္ဂနွေနေ့ မှာ သင်ကြားခဲ့တဲ့ Eureka Base ရဲ့ Autocad Basic Course လေးပါ ။

Eureka Base ရဲ့ 3 လတာကြာမြင့်တဲ့ ဗိသုကာအခြေခံသင်တန်းမှာဆိုရင်ဖြင့် လက်ရှိ Engineering Field မှာ လုပ်ငန်းခွင်ဝင်နေပြီးတော့ Architecture ဘာသာရပ် ကိုစိတ်ပါဝင်စားပြီး လေ့လာချင်တဲ့သူတွေ နဲ့ လက်ရှိ ဗိသုကာပညာကို ဆည်းပူးလေ့လာနေတဲ့ ကျောင်းသားကျောင်းသူများအတွက် ရည်ရွယ်ပြီး စာရွက်စာတမ်းကြေး သင်တန်းကြေးအခမဲ့ဖြင့် ဖွင့်လှစ်သင်ကြားပေးနေတာပဲဖြစ်ပါတယ်။

Address

Yangon

Telephone

+959420103035

Website

Alerts

Be the first to know and let us send you an email when Eureka Base posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Eureka Base:

Shortcuts

Share

Category