Book Tour
ရှာရှာဖွေဖွေ
What are underlying things?
22/08/2022
Tomato flu
-a new type of hand, foot and mouth disease, -first reported in Kerala's Kollam and May 6 and has so far infected 82 children,under the age of 5,
-the name originates because of the red rashes and blisters the flu may cause, similar to how tomatoes look.
-contagious, self-limiting disease and no specific drug exists to treat it.
-The symptoms experienced by children include:
+Tomato-like red blisters
+Rashes
+High fever
+Swelling in the joints
+Body ache
+Dehydration
+Lethargy
20/05/2022
Monkeypox
မေလ (၇) ရက်နေ့မှာ UK နိုင်ငံသားတစ်ယောက်မှာ Monkeypox ရောဂါကိုစတင်တွေ့ရှိခဲ့ပါတယ်၊ ထိုသူဟာ နိုင်ဂျီးရီးယားမှ လတ်တလော ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး၊ အဆိုပါဒေသမှ ရောဂါကူးစက်ခံခဲ့ရတယ်လို့ ယူဆရပါတယ်။ အဲ့သည်နောက်မှာတော့ နောက်ထပ် ရောဂါပိုးတွေ့ရှိသူ (၉)ဦးထပ်မံတွေ့ရှိခဲ့ပြီး၊ ဒေသတွင်းကူးစက်မှုများကြောင့်ဖြစ်တယ်လို့ UK ကျန်းမာရေးဌာနမှဆိုပါတယ်။ ဉရောပမှ ဩစတြေးလျှ သို့ ပြန်သွားသူတစ်ဦးမှာလည်း အဆိုပါရောဂါပိုး ကူးစက်မှုသံသယရှိကြောင်း သောကြာနေ့က ကြေငြာခဲ့ပါတယ်။ ထို့ပြင် ဉရောပနိုင်ငံများဖြစ်တဲ့ ဆွီဒင်၊ အီတလီ၊ ပြင်သစ် တို့မှာ (၁)ဦးစီ၊ ပေါ်တူဂီမှာ (၅)ဦး နှင့် စပိန်မှာ (၇)ဦးစီတို့မှာ အဆိုပါရောဂါကို တွေ့ရှိထားပါတယ်။ အမေရိကတိုက် နိုင်ငံများဖြစ်တဲ့ အမေရိကန် နှင့် ကနေဒါ နိုင်ငံတို့မှာလည်း ရောဂါပိုးကူးစက်ခံရသူများ ရှိပါတယ်။
ကျောက်ရောဂါ ဗိုင်းရပ်စ် တစ်မျိုး ကြောင့်ဖြစ်ပွားသော ရောဂါတစ်မျိုးဖြစ်ပါတယ်။တိရိစာန်မှ တစ်ဆင့် လူကို ကူးစက်သောရောဂါဖြစ်ပြီး၊ အာဖရိက မှာ စတင်တွေ့ရှိဖြစ်ပွားခဲ့ပါတယ်၊ အဲ့သည်မှတစ်ဆင့် အခြား ဒေသများမှာပါ ကူးစက်ခဲ့ပါတယ်။ မျိုးကွဲ (၂) မျိုးရှိပြီး ၊ အာဖရိက အလယ်ပိုင်း မျိုးကွဲနှင့် အာဖရိက အနောက်ပိုင်းမျိုးကွဲဟူ၍ (၂) မျိုးရှိပြီး၊ အလယ်ပိုဂ်းမျိုးကွဲက ရောဂါ ကူးစက်လွယ်ပြီး၊ ပြင်းထန်မှု ပိုများတယ်လို့ဆိုပါတယ်။ ရှဉ့်၊ ကြွက်နှင့် မျောက်မျိုးနွယ်များမှာ ရောဂါကူးစက်ခံရနိုင်ပြီး လက်ခံကောင်အဖြစ် ရှိနေတတ်ပါတယ်။
၁၉၇၀ ခုနှစ် မှာ အလယ်အာဖရိက ကွန်ဂို နိုင်ငံမှ (၉) နှစ်အရွယ် ကလေးငယ်တစ်ဦးမှာစတင် တွေ့ရှိဖြစ်ပွားခဲ့ပြီး၊ အခြားအာဖရိက (၁၁) နိုင်ငံမှာလည်း တွေ့ရှိဖြစ်ပွားခဲ့ပါတယ်။ ၂၀၀၃ ခုနှစ် မှာတော့ အာဖရိက ပြင်ပသို့ ရောဂါပိုးစတင် ပျံ့နံ့ရောက်ရှိခဲ့ပြီး ဂါနာမှအမေရိကသို့တင်သွင်းလာတဲ့ ခွေးတစ်ကောင်မှာ စတင်တွေရှိခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါကူးစက်မှုမှ အမေရိကမှာ ကူးစက်မှုပေါင်း (၇၀) ရှိခဲ့ပါတယ်။
တံတွေး၊ချွေး၊သွေး စသော အရာများမှ ပျံ့နံ့တတ်ပြီး၊ ရောဂါပိုးရှိသော တိရိစာန်/လူများနှင့် အနီးကပ်ထိတွေ့ ဆက်ဆံခြင်း၊ အသုံးအဆောင်များမျှဝေသုံးဆွဲခြင်း၊လိင်ဆက်ဆံခြင်းတိုမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။
ရောဂါပိုးကူးစက်ခံရပါက ဖျားနာခြင်း၊ အဖု အပိန့်များထွက်ခြင်း၊ အကျိတ်များရောင်ရမ်းခြင်းနှင့် အခြား လက်ခဏာ များခံစားရနိုင်ပါတယ်။ အလွန်ပြင်းထန်သောရောဂါ မဟုတ်ပဲ ရောဂါ ကူးစက်ဖြစ်ပွားပြီး ၂-၄ ပတ်အတွင်းသက်သာပျောက်ကင်းနိုင်ပါတယ်။ ရောဂါဖြစ်ပွားသူများရဲ့ ၃-၆ ရာခိုင်းနှုန်းကတော့ ရောဂါပြင်းထန်နိုင်ပါတယ်။
ကျောက်ရောဂါ ကာကွယ်ဆေးများဟာ ယခု Monkeypox ရောဂါကိုပါ ကာကွယ်မှုပေးနိုင်တယ်ဟု ဆိုကြသော်လည်း၊ ကာကွယ်ဆေးအသစ်များကိုတော့ စမ်းသပ်ထုတ်လုပ်နေကြတုန်းဖြစ်ပါတယ်။
Ref
1.https://www.who.int › ... › Detail
Monkeypox - WHO | World Health Organization
2. https://www.cdc.gov › poxvirus › m...
Monkeypox | Poxvirus | CDC
3. https://www.cnn.com › health › wha...
What is monkeypox and its signs and symptoms? - CNN
7 signs you might have had omicron variant without knowing it
1. You were sick but you didn’t get tested for COVID-19.
2. You thought you had the flu, but it was really coronavirus and flu together.
3. Your hair is falling out in large quantities.
4. Your family got sick.
5. You had some stomach issues.
6. You had an eye infection.
7. You had a strange rash or infection on your toes.
Crd
Zoe Peterson, Deseret News
20/02/2021
https://m.facebook.com/microbenotes/photos/a.489019344546420/675923385856014/?type=3
Common Blood Collection Tubes, their additives and Laboratory Uses :
1. Red
Additive: None
Laboratory Uses: Serum testing; chemistry studies, blood bank, serology (RH Typing, Antibody screening, Red Cell Phototyping, DAT)
2. Yellow
Additive: SPS (Sodium Polyanetholsulfonate)
What additive does: Prevents the blood from clotting and stabilizes bacterial growth.
Laboratory Uses: Blood and bodily fluid cultures (HLA, DNA, Paternity)
3. Light Blue:
Additive: Sodium Citrate
What additive does: Removes calcium to prevent blood from clotting
Laboratory uses: Coagulation (clotting process-P.T)
4. Green:
Additive: Heparin (Sodium/Lithium/Ammonium)
What additive does: Inhibits thrombin formation to prevent clotting
Laboratory uses: Chemistry Testing (Plasma determinations in chemistry)
5. Lavender:
Additives: EDTA (Ethylenediaminetetraacetic Acid)
What additive does: Removes calcium preventing clotting of blood
Laboratory uses: Hematology testing (ESR, CBC w/diff., HgBA1c)
6. Grey:
Additives: Potassium oxalate and Sodium fluoride
What additive does: Removes calcium preventing clotting, fluoride inhibits glycolysis
Laboratory uses: Chemistry testing, especially glucose(sugar) and alcohol (Glucose, Alcohol, GTT, Glucose fasting)
7. Royal Blue:
Additives: Sodium Heparin also Sodium EDTA
What additive does: Inhibits Thrombin formation to prevent clotting
Laboratory uses: Chemistry trace elements (such as Zinc, Copper, Lead and Mercury)
8. Black:
Additives: Sodium Citrate
What additive does: Forms calcium salts to remove calcium
Laboratory uses: ESR
Where to inject vaccine (covid 19)
1. Non dominant arm
2. Two fingers down acromion process
3. Clean and let it dry
4. 90'
5. No Aspiration
6. Never message
7. Cover with alcohol pads
Do and don't
1. Get your vaccine when it's your turn
2. Get vaccinated if you've already had Covid-19.
3. Get the shot even if you still have Covid symptoms months later.
4. Tell vaccine staff about any allergies or past allergic reactions.
5. Get your second shot of vaccine within the recommended time frame.
6. Continue wearing masks and practicing social distancing after your shots.
7. Do seek help if you develop side effects
1. DON'T: Get a shot if you currently have Covid-19 or have been exposed.
2. DON'T: Get another type of vaccine within 14 days of the Covid-19 shot.
3. DON'T: Drive away before your 15- to 30-minute wait is up.
4. Do not drink alcohol to excess – or at all
5. Do not mix certain medical treatments with vaccination
Common side effects
On the arm where you got the shot:
1. Pain
2. Swelling
Throughout the rest of your body:
1.Fever
2.Chills
3.Tiredness
4.Headache
To reduce pain and discomfort where you got the shot:
1. Apply a clean, cool, wet washcloth over the area.
2. Use or exercise your arm.
To reduce discomfort from fever:
1. Drink plenty of fluids.
2. Dress lightly.
When to call the doctor
1. If the redness or tenderness where you got the shot increases after 24 hours
2. If your side effects are worrying you or do not seem to be going away after a few days
17/01/2021
ပဠိပစ္စည်းနှင့် ကိုဗစ်မာယာ
လူတစ်ဉီးဟာ ရောဂါပိုးတစ်ခုခု ကူးစက်ခံရပြီးပါက ၎င်းရဲ့ ခန္ဓာကိုယ်မှ အဆိုပါ ရောဂါပိုးကို ကာကွယ်ရေးအတွက် ပဠိပစ္စည်း ထုတ်လုပ်ပါသလား။ ထုတ်လုပ်ပါတယ်လို့ပဲ ယေဘူယအားဖြင့် ဖြေဆိုရမှာဖြစ်ပါတယ်။ လူတစ်ဉီးဟာ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ပိုးအမျိုး အစားမြောက်များစွာအတွက် ပဠိပစ္စည်းပေါင်း (၁၀) ဘီလီယံခန့် ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရောဂါပိုးတစ်ခုစီအတွက် ပဠိပစ္စည်းပမာဏ ဘယ်လောက် ထုတ်သလဲ ဆိုတာကိုတော့ တိတိကျကျ ပြောဆိုလို့မရနိုင်ပါဘူး။ ဒါကိုယခုဖြစ်ပွားနေတဲ့ ကိုဗစ် (၁၉) ရောဂါမှာ သိသာထင်ရှားစွာ တွေ့မြင်ရမှာဖြစ်ပါတယ်။ သုတေသနပြုလေ့လာ ချက်များ အရ ကိုဗစ် (၁၉) ရောဂါ ကူးစက်ခံရပြီး သက်သာလာသူများထဲမှ အချို့ရဲ့ သွေး နမူနာကို ထုတ်ယူစစ်ဆေးကြည့်တဲ့အခါ၊ လူနာအချို့ဆီမှာ ကိုဗစ်(၁၉)အတွက် ခန္ဓာကိုယ် မှထုတ်လုပ်တဲ့ ပဠိပစ္စည်းဟာ တိုင်းတာလို့ရတဲ့ ပမာဏထက်နည်းနေတာကို စစ်ဆေးတွေ့ ရှိရပါတယ်။ အချို့သုတေသနတွေမှာလဲ လူနာအချို့ဟာ ရောဂါလက္ခဏာပြပြီး ရက်ပေါင်း အတော်ကြာသည်အထိ ပဠိပစ္စည်းထုတ်လုပ်ခြင်း မရှိဘူးလို့လဲဆိုပါတယ်။ ပဠိပစ္စည်း ထုတ်လုပ် နိုင်တဲ့လူနာများထဲမှာမှ အသက်အရွယ်၊ ကျား/မ နှင့် အခြား အချက်အလက် များပေါ်မူတည်ပြီး ထုတ်လုပ်တဲ့ ပဠိပစ္စည်းပမာဏ အပြောင်းအလဲရှိတာကို တွေ့ရှိနိုင် ပါတယ်။ ထို့ပြင် ကိုဗစ်(၁၉) ရောဂါကူးစက်ခံရပြီးသူများဟာ ကိုဗစ်ရောဂါပိုးအတွက် ပဠိ ပစ္စည်းမျိုးစုံ (Spike protein, Nucleocaspid, Envelope protein) စသည်တို့ကို ထုတ်လုပ်မှာဖြစ်ပြီး၊ ကိုဗစ်(၁၉) ရောဂါကာကွယ်ဆေး ထိုးနှံ့ပြီးသူကတော့ ပဠိပစ္စည်း တစ်မျိုး (Spike protein) တည်းသာထုတ်လုပ်နိုင်မှာဖြစ်ပါတယ် (ပုံ-၁)။
ရောဂါကူးစက်ခံရပြီးပါက (သို့) ကာကွယ်ဆေး ထိုးနှံပြီးပါက ခန္ဓာကိုယ်မှ ပဠိပစ္စည်း (၂) မျိုး (Ig M နှင့် Ig G) တို့ကို အဓိက ထုတ်လုပ်မှာဖြစ်ပါတယ်။ Ig M ကတော့ ရောဂါ လက္ခဏာပြပြီး (၃) ရက်ခန့်မှာစတင်ထုတ်လုပ်ပြီး (၂၁) ရက် ခန့်မှာ ပျောက်ကွယ်သွား လေ့ရှိပါတယ်။ ၎င်း Ig M ကို မိမိခန္ဓာကိုယ်ထဲမှာ စစ်ဆေးတွေ့ရှိရင်တော့ လတ်တလော ရောဂါကူးစက်ခံထားရသူလို့မှတ်ယူနိုင်ပါတယ်။ Ig G ကတော့ ရောဂါလက္ခ ဏာပြပြီး (၇) ရက် ခန့်မှာစတင်ထုတ်လုပ်ပြီး၊ လပေါင်းအတော်ကြာ ခန္ဓာကိုယ်ထဲမှာ တည်ရှိနေကာ ရောဂါကာကွယ်မှုကိုပေးပါတယ်၊ ၎င်း Ig G ကို မိမိခန္ဓာကိုယ်ထဲမှာ စစ်ဆေးတွေ့ရှိရင်တော့ ၎င်းရောဂါအတွက် ကာကွယ်မှုရနေပြီလို့ ဆိုနိုင်ပါတယ်။ (ပုံ-၂)။ သုတေသန စမ်းသပ် ချက်များအရ ကိုဗစ်(၁၉) ရောဂါကူးစက်ခံရပြီးပါက နောက်ထပ်(၈)လခန့်အထိ ရောဂါဖြစ် ပွားခြင်းမှ ကာကွယ်နိုင်သည်ဟုဆိုကြသော်လည်း၊ အချို့သုတေသနများတွင်မူ ရောဂါ ကာကွယ်နိုင်စွမ်းမှာ ကြာမြင့်မှုမရှိကြောင်းရေးသားထားကြပါတယ်။
မိမိတို့ ခန္ဓာကိုယ်ရဲ့ ပဠိပစ္စည်း ထုတ်လုပ်နိုင်ခြင်းကို ထိန်းချုပ်ထားတဲ့ အကြောင်း အရာများကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။
(၁) အခြေခံမျိုးဗီဇ - မိမိတို့ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ထိန်းချုပ်သည့် အစိတ်အပိုင်း ပြောင်းလဲမှုရှိခြင်း
(၂) အသက်အရွယ် - မွေးကင်းစကလေးများ နှင့် အသက်အရွယ် အလွန် အမင်း ကြီးရင့်သူများတွင် ပဠိပစ္စည်း ထုတ်လုပ်နိုင်မှုနည်းပါးခြင်း
(၃) အစာ၊ အာဟာရ - အာဟာရချို့တည့်သူများ ၊ သက်စောင့်ဓာတ်နှင့် အသားဓါတ်ချို့တည့်သူများတွင် ပဠိပစ္စည်း ထုတ်လုပ်နိုင်မှုနည်းပါးခြင်း
(၄) ရောဂါပိုးဝင်ရောက်သည့်လမ်းကြောင်း - ရောဂါပိုးဝင်ရောက်သည့် လမ်းကြောင်း (သို့) ကာကွယ်ဆေး ထိုးနှံသည့်နေရာပေါ်မူတည်၍လည်း ပဠိပစ္စည်း ထုတ်လုပ်နိုင်မှု ပမာဏ ပြောင်းလည်းနိုင်ပါသည်
(၅) ရောဂါပိုးပမာဏ - ခန္ဓာကိုယ်တွင်းဝင်ရောက်သည့်ရောဂါပိုးပမာဏ နည်းလွန်း၊ များလွန်းလျှင်လည်း ပဠိပစ္စည်း ထုတ်လုပ်နိုင်မှု ပမာဏ ပြောင်းလည်း နိုင်ပါသည်
(၆) ရောဂါပိုးတစ်ခုထက်ပို၍ ကူးစက်ခံရခြင်း - ရောဂါပိုးတစ်ခုထက်ပို၍ ကူးစက်ခံရပါက ခန္ဓာကိုယ်မှ ပဠိပစ္စည်း ထုတ်လုပ်နိုင်မှု ပမာဏ ပြောင်းလည်း နိုင်ပါသည်
(၇) အကူပစ္စည်း (ကာကွယ်ဆေးများအတွက်) - ကာကွယ်ဆေးများတွင် အသုံးပြုသော အကူပစ္စည်း (adjuvant)အမျိုးအစားပေါ်မူတည်၍လည်း ခန္ဓာကိုယ်မှ ပဠိ ပစ္စည်း ထုတ်လုပ်နိုင်မှု ပမာဏ နည်းပါး နိုင်ပါသည်
(၈) ကိုယ်ခံအားချို့တည့်သူများ - နာတာရှည်ရောဂါသည်များ၊ ကင်ဆာ ရောဂါသည်များ၊ စတီးရွိုက်ဆေး ကောက်သုံးနေသူများ၊ အခြားရောဂါသည်များတွင်လည်း ခန္ဓာကိုယ်မှ ပဠိပစ္စည်း ထုတ်လုပ်နိုင်မှု ပမာဏ နည်းပါး နိုင်ပါသည်
လတ်တလောမှာတော့ ကူးစက်အလွန်မြန်တဲ့ ဗီဇပြောင်းရောဂါပိုးများ (အင်ဂလန်၊ တောင်အာဖရိက၊ ဘရာဇီး) စသည်ဖြင့် အပြိုင်အဆိုင်ပေါ်ထွက်လာနေကြပါတယ်။ ကာကွယ်ဆေးထိုးနိုင်တဲ့ နိုင်ငံတွေကလည်း အပြိုင်အဆိုင်ထိုးနှံနေကြပါတယ်။ ကာကွယ် ဆေးက ဗီဇပြောင်း ရောဂါပိုးကို ကာကွယ်မှုပေးမလား ဆိုတာကတော့ ယတိပြတ် မပြောနိုင်သေးပါဘူး၊ ကာကွယ်ဆေးထိုးပြီးမှ အချို့ဒေသတွေမှာ သေဆုံးမှုတွေရှိနေသလို၊ ရောဂါအစပျိုးခဲ့တဲ့ တရုတ်နိုင်ငံမှာပင် ကူးစက်မှုတွေ ပြန်လည်မြင့်တက်ခဲ့ပြီး ထိန်းချုပ် မှုများ ပြန်လည်လုပ်ဆောင်နေရပါတယ်။ တစ်ချို့နိုင်ငံတွေကိုဗစ်ကြောင့် စီးပွားဖြစ်နေ ကြသလို၊ တစ်ချို့နိုင်ငံတွေ ကိုဗစ်ကြောင့် စီးပွားပျက်နေကြပါပြီ။ စတင်ဖြစ်ပွား ကတည်းက ခန်းမှန်းရခက်တဲ့ ကိုဗစ် ရောဂါပိုးဟာ ဘယ်လိုဆက်လက် အသုံးတော် ခံဉီးမလဲဆိုတာ ကို မက်(စ်)တပ်၊ လက်ဆေး၊ ခပ်ခွာခွာနေရင်းနဲ့ပဲ ဆက်လက်စောင့် ကြည့်ရမှာ ဖြစ်ကြောင်းရေးသား လိုက်ရပါတယ်။
04/01/2021
ဘာမျှမပူကြလေနှင့်
Coronavirus live updates: South Africa variant 'more of a problem' than UK strain A pandemic of the novel coronavirus has now killed more than 1.8 million people worldwide.
26/12/2020
Mini Antibody and its potentials
အမေရိကန်နိုင်ငံ၊ အမျိုးသားကျန်းမာရေးသုတေသနဌာနမှ သုတေသန ပညာရှင် များဟာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ကိုဗစ် (၁၉) ရောဂါ ကာကွယ် ကုသရေးမှာ အထောက်အကူပြုနိုင်တဲ့ Mini Antibodies များကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကော်မက်စ် လို့အမည်ပေးထားတဲ့ ကုလားအုပ်ငယ်လေး တစ်ကောင်ကို ကိုဗစ်(၁၉) ကာကွယ်ဆေး ထုတ်လုပ်ရာမှာအသုံးပြုတဲ့ စပိုက်ခ် ပရိုတင်း များကို စမ်းသပ်ထိုးသွင်းပြီး နောက်မှာတော့ သုတေသနပညာရှင်များဟာ အဆိုပါ Mini Antibodies များကို ကော်မက်စ်ရဲ့ ခန္ဓာကိုယ်ထဲမှာရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ရှာဖွေတွေ့ရှိခဲ့တဲ့ Mini Antibodies (၁၃) မျိုးထဲမှာမှ NIH-CoVnb-112 ဟုသတ်မှတ်ထားတဲ့ Mini Antibodies ကတော့ အရေးပါဆုံးဖြစ်မယ်လို့ယူဆထားကြပါတယ်။ အဲ့ဒီတော့ Mini Antibodies ဆိုတာ ဘယ်လိုပစ္စည်းတွေပါလဲ။
Mini Antibodies အကြောင်းမသွားခင် Antibody/Immunoglobulin အကြောင်း အရင်ဆို ချင်ပါတယ်။ Antibody/Immunoglobulin ဆိုတာကတော့ ပြင်ပမှ ဝင်လာ မည့်ပစ္စည်း (Antigen) များကိုပြန်လည် တိုက်ထုတ်ရာမှာပါဝင်နိုင်ရန်အတွက် ခန္ဓာကိုယ် ရဲ့ ခုခံအားစနစ်ကနေ ထုတ်လုပ်ပေးတဲ့ ပရိုတင်းများပဲ ဖြစ်ပါတယ်။ Antibody/ Immunoglobulin များဟာ အခြေခံအားဖြင့် Y ပုံသ႑န်ရှိပြီး ၊ Heavy Chain နှင့် Light Chain အစိတ်အပိုင်း (၂) ခုစီနှင့် ဖွဲ့စည်းထားပါတယ် (ပုံ-၁)။ လူရဲ့ ခန္ဓာကိုယ် ထဲမှာ ထုတ် လုပ်တဲ့ Antibody (၅) မျိုးရှိပြီး Ig G၊ Ig A၊ Ig M၊ Ig E နှင့် Ig D ဆိုပြီး ၎င်းတို့ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံအရ ခွဲခြားထား ပါတယ် (ပုံ-၂) ။ Antibody များဟာ ဖွဲ့စည်း တည် ဆောက်ပုံအရသာမက လုပ်ငန်းတာဝန်ပိုင်းမှာလဲ ကွာခြားမှုရှိပါတယ်။ ဉပမာအားဖြင့် Ig G ဟာ သွေးကြောတွင်းနှင့် အခြားခန္ဓာကိုယ်ရည် များမှာအများဆုံးတွေ့ရလေ့ရှိပြီး ခန္ဓာ ကိုယ်ရဲ့ခုခံအားစနစ်မှာ အရေးကြီးတဲ့ အခန်းမှပါဝင်နေပါတယ်။ Ig A ကတော့ အသက်ရှူ လမ်းကြောင်းနှင့် အစာလမ်းကြောင်းမှာ အများဆုံးတွေ့ရလေ့ ရှိကာ အဆိုပါ လမ်းကြောင်း များမှတစ်ဆင့် ရောဂါပိုးများဝင်ရောက်မှုကို ကာကွယ်ပေးပါတယ်။ Ig E ကတော့ တံတွေး နှင့် ချွဲသလိပ်များမှာ အများဆုံးတွေ့ရလေ့ရှိပြီး၊ Ig M ကတော့ ခန္ဓာကိုယ်ထဲမှာ အများဆုံး တွေ့ရလေ့ရှိကာ ကနဉီးခုခံအားစနစ်ကို ဖြစ်ပေါ်စေတဲ့ အမျိုး အစားဖြစ်ပါတယ်။ Ig D ကတော့ သွေးဖြူဉဆဲလ်အမျိုးအစား တစ်မျိုးဖြစ်တဲ့ ဘီဆဲလ်တွေ မှာတွေ့ရလေ့ ရှိပါ တယ်။
Mini Antibodies နှင့် သာမန် Antibody တို့ရဲ့ ကွာခြားချက်ကတော့ Light Chain မပါရှိခြင်းပဲဖြစ်ပါတယ်။ သို့သော်လည်းပဲ သာမန် Antibody တွေရဲ့ တာဝန်တွေဖြစ်တဲ့ Antigen များကိုမှတ်သားခြင်း၊ Antigen များကိုထိန်းသိမ်းခြင်း နှင့် သာမန် Antibody များကဲ့သို့ တိကျမှုရှိခြင်းတို့ကတော့ ရှိနေဆဲပဲဖြစ်ပြီး တိရိစ္ဆာန်များရဲ့ ရောဂါကာကွယ်မှု စနစ်မှာ အရေးပါနေဆဲပဲ ဖြစ်ပါတယ်။ Mini Antibodies များကို ယခုမှရှာဖွေတွေ့ရှိတာ မဟုတ်ပဲ လွန်ခဲ့တဲ့နှစ်ပေါင်း (၂၀) ခန့်ကတည်းက ကုလားအုပ်များနှင့် ငါးမန်းများမှာ တွေ့ရှိခဲ့တာဖြစ်ပြီး ၎င်းတို့ကို ခုခံအားစနစ်နှင့်ပတ်သတ်သည့်ရောဂါများ၊ သွေးရော ဂါများ၊ အဆုတ်ရောဂါများနှင့် ကင်ဆာရေားဂါများမှာ အသုံးပြုဖို့ သုတေသနများ ကြိုးစား ဆောင်ရွက် နေခဲ့ကြတာဖြစ်ပါတယ်။
ယခု ကုလားအုပ်ကလေး ကော်ဗက်စ် (ပုံ-၃) ရဲ့ ခန္ဓာကိုယ် ထဲမှရရှိတဲ့ Mini Antibody NIH-CoVnb-112 ကတော့ ကိုဗစ်(၁၉) ရဲ့ မျက်နှာပြင်မှာရှိတဲ့ ရောဂါကူးဆက်ရာမှာ အရေးပါသော စပိုက်ခ်ပရိုတင်းကို သွားရောက်ပူးပေါင်းကာ ရောဂါကူးစက်ခြင်းကို ကာကွယ် ပေးနိုင်တယ်လို့ဆိုပါတယ် (ပုံ-၄)။ ထို့ပြင် အဆိုပါ Mini Antibody များဟာ သာမာန် Antibody အရွယ်အစား ရဲ့ ဆယ်ပုံ တစ်ပုံသာရှိတဲ့ အတွက် ခန္ဓာကိုယ်နေရာ တော်တော် များများကို ပျံ့နှံ့ရောက်ရှိနိုင်ပြီး အရည် (သို့) အငွေ့အနေနှင့်လည်း အသုံးပြုနိုင်တယ်လို့ ဖော်ပြထား ကြပါတယ်။ ထို့ပြင် ဓါတ်ခွဲခန်းတွင်လွယ်ကူစွာ ထုတ်လုပ်နိုင်ပြီး၊ ပိုမိုတာရှည် ခံတယ်လို့ လည်းဖော်ပြထားပါတယ်။
၎င်း Mini Antibodies များကို လူတွေမှာအသုံးပြုရန် အတွက် စမ်သပ်မှုများစွာ ဆောင်ရွက်ရန်ကျန်နေသေးပေမဲ့လဲ၊ သုတေသနများစွာ အောင်မြင်ပြီးဆုံးသွားရင်တော့ ရောဂါ ကာကွယ်ဆေး၊ ကုသဆေးများအနေနဲ့ အသုံးပြုနိုင်မှာဖြစ်ကြောင်းတင်ပြ လိုက်ရ ပါတယ်။
ကိုးကား
https://www.newsbytesapp.com/news/science/nanobodies-against-covid-19-isolated-from-llama/story
https://www.sciencemag.org/news/2018/05/mini-antibodies-discovered-sharks-and-camels-could-lead-drugs-cancer-and-other-diseases
https://www.britannica.com/science/antibody
https://www.creativebiolabs.net/Mini-antibody.htm
16/12/2020
ရောဂါပိုးအသစ် နှင့် ကာကွယ်ဆေး
ဗြိတိန်နိုင်ငံ ပြည်သူ့ကျန်းမာရေးဌာနမှ အဂ်လန်နိုင်ငံ ရှေ့ပိုင်းနှင့် တောင်ပိုင်းမှာ ကိုဗစ် ၁၉ ရောဂါ ထပ်မံကူးစက်ခံရသူများထဲမှ ၁၁၀၈ ဉီးဟာ ကိုဗစ် ၁၉ ရောဂါမျိုးကွဲ အသစ်ကူးစက် ခံရတာဖြစ်ကြောင်း ဒီဇင်ဘာ (၁၃) ရက်မှာအတည်ပြု ပြောကြားခဲ့ပါ တယ်။ အဆိုပါ ကိုဗစ် ၁၉ ရောဂါမျိုးကွဲ ကို VUI – 202012/01 ဟုသတ်မှတ်ထားကြပြီး၊ ရောဂါပိုးကူးစက်ရာမှာ အရေးပါတဲ့ spike protein မှာ မျိုးဗီဇထွန်းခြင်း (N501Y) ကြောင့်ဟု ထုတ်ပြန်ထားပါတယ်။ အဆိုပါ ကိုဗစ် ၁၉ ရောဂါမျိုးကွဲဟာ ရောဂါကူးစက် ခြင်းနှင့် ရောဂါဖြစ်ပွားခြင်းတို့မှာ အကျိုးသက်ရောက်မှု ရှိ၊မရှိ ကိုတိတိကျကျ မပြောနိုင် သေးပဲ သုတေသနပြုမှုတွေ ဆက်လက်ဆောင်ရွက်နေကြဆဲပဲ ဖြစ်ပါတယ်။ အဆိုပါ ကိုဗစ် ၁၉ ရောဂါမျိုးကွဲ တွေ့ရှိမှုနှင့်အတူ ဗြိတိန်နိုင်ငံမှာ ရောဂါကူးစက်မှုပြန်လည်ဖြင့်တက် လာတဲ့ အတွက် နိုင်ငံရဲ့နေရာအချို့ကို အမြင့်ဆုံး ထိန်းချုပ်ကန့်သတ်မှုတွေ ချမှတ်ခဲ့ ပါတယ်။
ကိုဗစ် ၁၉ ရောဂါမျိုးကွဲတွေနဲ့ပတ်သတ်ပြီး အီတလီ နိုင်ငံ ဘိုလော့ခ်နာ တက္ကသိုလ်မှ သုတေသနပညာရှင်များဟာ ကိုဗစ် ၁၉ ရောဂါကူးစက်ခံရသူ ၄၈၆၃၅ ဉီးကိုလေ့လာချက်များအရ ကိုဗစ် ၁၉ ရောဂါမျိုးကွဲ (၆) ခု အား ၂၀၂၀ ပြည့်နှစ် ဩဂုတ် (၃) ရက်မှာ ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။ ၎င်း ရောဂါမျိုးကွဲ (၆) ခုကို L ၊ S ၊ V ၊ G ၊ GR ၊ GH အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ L အမျိုးအစားကတော့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ လမှာ တရုတ်နိုင်ငံ ဝူဟန်မှာ စတင်တွေ့ရှိခဲ့တဲ့အမျိုးအစားဖြစ်ပြီး နောက်ပိုင်းတွေ့ရှိမှု နည်းပါးလာပြီဖြစ်ပါတယ်။ ဒုတိယ တွေ့ရှိတဲ့ အမျိုးအစားကတော့ S အမျိုးအစားဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် အစမှာတွေ့ရှိခဲ့ကာ အမေရိက နှင့် စပိန်မှာ အတွေ့များ ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ လလယ်လောက်မှာတော့ V နှင့် G အမျိုးအစားတို့ကို ဉရောပမှာစတင်တွေ့ရှိခဲ့ပါတယ်။ G အမျိုးအစားကတော့ ဉရောပမှာ အဖြစ်အများဆုံး အမျိုးအစား ဖြစ်ပြီး ၎င်းမှတစ်ဆင့် GR နှင့် GH အမျိုးအစားတို့ကို ဖေဖော်ဝါရီလ အကုန် မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ GR အမျိုးအစားဟာ တောင်အမေရိကတိုက်မှာ အများဆုံး တွေ့ရှိရပြီး၊ GH အမျိုးအစားကတော့ မြောက်အမေရိက တိုက်မှာအများဆုံးတွေ့ရှိရတဲ့ အမျိုး အစားများဖြစ်ကြပါတယ်။
ဗီဇထွန်းခြင်း (mutation) ဆိုတာကတော့ သတ္တဝါများမှာ ပိုင်ဆိုင်ထားတဲ့ မျိုးဗီဇပစ္စည်းများ ပြောင်းလဲ ခြင်းပဲဖြစ်ပါတယ်။ ဗီဇထွန်းခြင်းဟာ ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ် (evolution) ရဲ့ အစိတ် အပိုင်းတစ်ခု ဖြစ်ပြီး၊ သတ္တဝါများရဲ့ အသက်ရှင်နေထိုင်မှု အတွက်လည်း အရေးပါ လှပါတယ်။ သတ္တဝါများဟာ မိမိအသက်ရှင်နေထိုင်ရမည့် ပတ် ဝန်းကျင်နှင့် လိုက်လျော ညီထွေဖြစ်အောင် မိမိကိုယ်ကိုယ် ပြုပြင် ပြောင်းလဲ ရပါတယ်။ ဗီဇထွန်းခြင်း အမျိုးအစား များစွာရှိပြီး၊ ဗီဇထွန်းခြင်းကြောင့် ရရှိလာနိုင်တဲ့ အကျိုး အပစ်များလည်း များစွာပြောင်းလဲမှု ရှိနိုင်ပါတယ်။ ဆင့်ကဲဖြစ်စဉ်ရဲ့ အစိတ်အပိုင်း တစ်ခု အနေနဲ့သာမက အခြားအကြောင်း အရာများစွာ ( ဉပမာ - ခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ့မှုများ၊ အခြားဓါတ်ရောင်ခြည် သင့်မှုများ၊ ပတ်ဝန်းကျင်အနေအထား စသည် ) တို့ကလည်း ဗီဇထွန်းခြင်းကို ဖြစ်ပေါ်စေ ပါတယ်။ ဗီဇထွန်းခြင်းကြောင့် သတ္တဝါမျိုးကွဲများ (Strains) ဖြစ်ပေါ်စေပါတယ်။ သတ္တဝါ မျိုးကွဲတစ်ခုမှာ ဗီဇထွန်းခြင်း တစ်ခု (သို့) တစ်ခုထက်ပိုပြီး ရှိနေနိုင်ပြီး၊ သတ္တဝါမျိုးကွဲ တစ်ခု ခြင်းစီမှာတော့ ရောဂါကူးစက်ပုံ၊ ရောဂါ ဖြစ်ပွားပုံနှင့် ရောဂါပြင်းထန်ပုံများ ကွဲပြား နေလေ့ရှိပါတယ် (ပုံ-၁)။ အဲ့ဒါကြောင့်လဲ ကိုဗစ် ၁၉ ရောဂါမျိုးကွဲများ များပြားလာတာနှင့်အမျှ ရောဂါဖြစ်ပွားမှု၊ ရောဂါပြင်းထန်မှု၊ သေဆုံးနှုန်းများ တစ်နေရာနှင့် တစ်နေရာ မတူညီပဲ ကွာခြား နေကြတာဖြစ်ပါတယ်။ ဗီဇထွန်းခြင်းရဲ့ နှုန်းထားများဟာလည်း သတ္တဝါတစ်ခုနှင့် တစ်ခုတူညီလေ့ မရှိပါဘူး။ အဆင့်မြင့်သတ္တဝါများနှင့် မျိုးဗီဇတည်ဆောက်မှုအရ ရှုပ်ထွေး တဲ့ သတ္တဝါများမှာ ဗီဇထွန်းခြင်း နည်းပါပြီး၊ အဆင့်နိမ့် သတ္တဝါများနှင့် မျိုးဗီဇ တည်ဆောက်မှု ရိုးရှင်းတဲ့ သတ္တဝါများမှာ ဗီဇထွန်းခြင်း ဖြစ်ပေါ်မှု များပြား တတ်ပါတယ်။ အဲ့ဒါကြောင့် ဗိုင်းရပ်များရဲ့ မျိုးဗီဇ ထွန်းနှုန်းဟာ အဆင့်မြင့် သတ္တဝါများ ( ဉပမာ - လူ၊ မျောက် ) တွေရဲ့ မျိုးဗီဇ ထွန်း နှုန်းထက် များပြားနေတာကိုတွေ့ရမှာ ဖြစ်ပါတယ် (ပုံ - ၂)။ ထိုကဲ့သို့ မျိုးဗီဇ ထွန်းနှုန်း ကွာခြား ရတာဟာ သတ္တဝါတစ်ခုချင်းစီရဲ့ မျိုးဗီဇပြုပြင်တဲ့စနစ် (DNA repair mechanisms) တိကျမှုရှိခြင်းနှင့် စနစ် တကျ ဖြစ်ခြင်းတို့ ကွာခြားမှုကြောင့် ဖြစ်ပါတယ်။
ဗိုင်းရပ်စ်တွေထဲမှာမှ RNA ဗိုင်းရပ်စ် (ဉပမာ - Hepatitis C Virus (HCV), Ebola disease, SARS, influenza, polio measles ) နှင့် DNA ဗိုင်းရပ်စ် (ဉပမာ - herpesviruses, smallpox viruses, adenoviruses, and papillomaviruses) တို့ရဲ့ မျိုးဗီဇထွန်းနှုန်းဟာ ကွာခြားမှုရှိသေးပြီး၊ ယေဘုယျအားဖြင့် RNA ဗိုင်းရပ်စ် များရဲ့ မျိုးဗီဇ ထွန်းနှုန်းဟာ DNA ဗိုင်းရပ်စ် များထက် အဆ (၁၀၀) လောက်ပိုမိုများပြားလေ့ရှိပါတယ်။ ထိုသို့ များပြားရတဲ့ အကြောင်းအရာများ ကတော့ RNA ဗိုင်းရပ်စ်များ မှာ DNA repair mechanisms ကောင်းကောင်းမွန်မွန်မရှိခြင်း နှင့် RNA ဗိုင်းရပ်စ်များ ရဲ့ ဗီဇပစ္စည်း မှာ Uracil ပါဝင်မှုရှိနေသောကြောင့် ပိုမိုမှားယွင်း နိုင်ခြင်း တို့ကြောင့်ဖြစ်ပါတယ်။ ဗိုင်းရပ်စ်များရဲ့ မျိုးဗီဇထွန်းနှုန်း (mutation rate) များပြားလာတာနှင့်အမျှ ၎င်းတို့ ရဲ့ မျိုးကွဲအသစ်များ ပိုမိုပေါ်ထွက်လာနိုင်ပြီး၊ ၎င်းမျိုးကွဲသစ်များမှ ရောဂါကူးစက်ပုံ ကွဲပြားခြင်း၊ ရောဂါဖြစ်ပွားပုံ ကွဲပြားခြင်း၊ ဆေးယဉ်ပါးမှု များပြားလာခြင်း၊ ကာကွယ်ဆေး ကို တုံ့ပြန်ပုံ ကွဲပြားလာခြင်း စသည်တို့ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဉပမာအားဖြင့် ယခုနှစ် အသုံးပြုတဲ့ တုပ်ကွေး ရောဂါ ကာကွယ်ဆေးများဟာ နောင်နှစ်တွေမှာ ဆက်လက်အသုံး ဝင်ရန် မသေချာတော့ခြင်း တို့ဖြစ်ပေါ်လာနိုင်ပါတယ်။
ယခု အသစ်တွေ့ရှိတဲ့ ကိုဗစ် ၁၉ ရောဂါမျိုးကွဲ (VUI – 202012/01) ရဲ့ အကြောင်း အရာ များကို စုံစုံလင်လင် မသိရှိရသေးပဲ၊ သုတေသန လုပ်ငန်းများ ဆောင်ရွက်ဆဲ ဖြစ်ပါတယ်။ အသစ်တွေ့ရှိတဲ့ မျိုးဗီဇထွန်းခြင်းဟာ လက်ရှိထုတ်လုပ်နေတဲ့ ကာကွယ်ဆေး အများစုမှာ အခြေခံပစ္စည်းအဖြစ် အသုံးပြုထားတဲ့ Spike Protein မှာ ဗီဇထွန်းခြင်း ဖြစ်နေတာကတော့ စဉ်းစားစရာ အချက်ဖြစ်ပါတယ်။ အဆိုပါမျိုးဗီဇပြောင်းလဲမှုကြောင့် လက်ရှိစတင်အသုံးပြုနေတဲ့ ကာကွယ်ဆေး များအပေါ် သက်ရောက်မှုရှိ၊ မရှိ အပေါ်တော့ စိုးရိမ်နေကြရပြီဖြစ်ပါတယ်။ ကျနော်တို့လို ကာကွယ်ဆေးကို ရွေးချယ်နေဆဲ နိုင်ငံတွေ အတွက်တော့ ဆက်လက်စောင့်ကြည့်ပြီး ဘယ်ကာကွယ်ဆေးအမျိုးအစားက ကိုယ့်နိုင်ငံ မှာဖြစ်ပွားနေတဲ့ ရောဂါပိုးအမျိုးအစားနဲ့ ကိုက်ညီမလဲ ဆိုတာ သုံးသပ် အသုံးပြုရမှာ ဖြစ်လို့ ကာကွယ်ဆေး မရသေးလဲ စိတ်မပူကြသေးပဲ ဆက်လက်စောင့်ကြည့်ကြပါဉီးလို့ .....................................။
ကိုးကား
1. https://www.bbc.com/news/health-55308211
2. https://www.sciencedaily.com/releases/2020/08/200803105246.htm
3. https://journals.plos.org/plosbiology/article?id=10.1371/journal.pbio.3000003
4. https://www.bioserendipity.com/defining-a-new-strain-of-a-virus/
04/12/2020
မအိုဆေး
ဟားဗက် ဆေးပညာကျောင်းမှ သိပ္ပံပညာရှင်များဟာ အိုမင်းရင့်ရော်မှုကြောင့် အမြင်အာရုံ ချိုတည့်နေခဲ့သည့် ကြွက်များအား အမြင်အာရုံ ပြန်လည် ကောင်းမွန် အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ၂၀၂၀ ခုနှစ် ဒီဇင်ဘာ (၂) ရက်နေ့ထုတ် Nature စာစောင်မှာ ဖော်ပြခဲ့ပါတယ်။ ၎င်းဆောင်ရွက်ချက်ဟာ အသက်အရွယ် ကြီးရင့် မှုကြောင့် ပျက်ဆီး ယို့ယွင်းလာသော ဆဲလ်များကို ငယ်ရွယ်ချိန်ကဲ့သို့ လုပ်ငန်း ဆောင် တာများ ပြန်လည် ဆောင်ရွက်နိုင်စေမည့် လမ်းစတစ်ခုဖြစ်ကြောင်း ဟားဗက် တက္က သိုလ်မှ ပါမောက္ခ David Sinclair ကပြောဆိုခဲ့ပါတယ်။ ၎င်းသိပ္ပံ ပညာရှင် များဟာ ကြွက်တွေရဲ့မျက်စိထဲမှာရှိတဲ့ အာရုံခံစနစ်မှာပါဝင်တဲ့ retinas ဆဲလ် တွေထဲ ကို Oct4, Sox2 and Klf4 မျိုးဗီဇ (၃) မျိုးကို adeno-associated virus (AAV) အသုံးပြု ပြီးထိုးသွင်းခဲ့ပါတယ်။ ၎င်းမျိုးဗီဇ (၃) မျိုးဟာ ပုံမှန်အားဖြင့် သန္ဓေသား ဘဝ မှာပဲ အလုပ်လုပ်တဲ့ မျိုးဗီဇများဖြစ်ကြပြီး အရွယ်ရောက်ချိန် မှာတော့ အလုပ် လုပ်ကြ တဲ့ မျိးဗီဇများ မဟုတ်ပါဘူး။ အဆိုပါသုတေသနဟာ နိုဗယ်ဆုရရှိခဲ့တဲ့ Shinya Yamanaka ရဲ့သုတေသန အပေါ်မှာဆက်စပ်ပြီး ဆက်လက်ဆောင်ရွက်ခဲ့တာ ဖြစ်ပါ တယ်။
၎င်းသိပ္ပံပညာရှင်များရဲ့ ဆောင်ရွက်ချက်ဟာ ကျနော်တို့ ဘာကြောင့် အိုမင်း ရင့်ရော် လာကြလဲဆိုတဲ့ အချက်ပေါ်မှာ အခြေခံပြီး စဉ်းစားခဲ့တာလည်း ဖြစ်ပါတယ်။ အိုမင်းရင့်ရော်ခြင်း (aging) ဆိုတာကတော့ ကျနော်တို့ ခန္ဓာကိုယ်ရဲ့ တည်ရှိမှုများနှင့် ပုံမှန်လုပ်ငန်း ဆောင်တာတွေ တဖြေးဖြေး လျော့နည်းလာပြီး၊ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုချင်းဆီရဲ့ စွမ်းဆောင်ရည်တွေကျဆင်းလာကာ နောက်ဆုံးမှာ ပျက်ဆီးခြင်းကို ရောက်ရှိစေတဲ့ ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။ ၎င်းဖြစ်စဉ်တွေကပဲ ကျနော်တို့ ခန္ဓာ ကိုယ်မှာ ဖြစ်ပွားတတ်တဲ့ ရောဂါ အများစုရဲ့ အကြောင်းတရားတွေလည်း ဖြစ်နေတတ် ပါတယ်။ အိုမင်းရင့်ရော်ခြင်း လို့ဆိုရာမှာ (၂) မျိုးရှိနိုင်ပါတယ်၊ သက်တမ်းအရ အိုမင်းရင့် ရော်ခြင်း (chronological aging) နှင့် ဇီဝဖြစ်စဉ်အရ အိုမင်းရင့်ရော်ခြင်း ( biological aging) တို့ပဲဖြစ်ပါတယ်။ သက်တမ်းအရ အိုမင်းရင့် ရော်ခြင်း (chronological aging) ဆိုတာကတော့ ကျနော်တို့ မွေးဖွားပြီးချိန်မှစပြီး တဖြည်းဖြည်းနှင့် တိုးလာပြီး ကိန်းဂဏန်းများ နှင့် ဖော်ပြလေ့ရှိပါတယ်။ ဇီဝဖြစ်စဉ်အရ အိုမင်းရင့်ရော်ခြင်း ( bio- logical aging) ဆိုတာကတော့ ကိန်းဂဏန်းများနှင့်ဖော်ပြရန်ခက်ခဲပြီး ကျနော်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ပျက်ဆီးနေတဲ့ ဇီဝဖြစ်စဉ်တွေကို အခြေခံပြီး သတ်မှတ်လေ့ရှိပါတယ်။
အိုမင်းရင့်ရော်ခြင်းရဲ့ ဝိသေသလက္ခဏာများကို (၉) မျိုးသတ်မှတ် ထားပါတယ်။ ၎င်းတို့ကတော့ (၁) မျိုးဗီဇ ယို့ယွင်းခြင်း (genomic instability) (၂) ခရိုမိုဆုန်း အစွန်းများ တိုတောင်းလာခြင်း (telomere attrition) (၃) ဗီဇထိန်းချုပ် မှုစနစ် ပြောင်းလဲလာခြင်း (epigenetic alterations) (၄) ပရိုတင်း မျှခြေ ပျက်ဆီးခြင်း (loss of proteostasis) (၅) အာဟာရ မညီမျှခြင်း (Deregulated nutrient sensing) (၆) မိုက်တိုကွန်ဒြီးယန်းများ ချို့ယွင်း လာခြင်း (mitochondrial dysfunction) (၇) ဆဲလ် များ အိုမင်းလာခြင်း (cellular senescence) (၈) ပင်မဆဲလ်စနစ် ချို့ယွင်း လာခြင်း (stem cell exhaustion) (၉) ဆဲလ်တွင်း ဆက်သွယ်ရေးစနစ် ပျက်ဆီး လာခြင်း (altered intracellular communication) တို့ပဲဖြစ်ပါတယ် (ပုံ-၁)။ အဆိုပါ ဝိသေသ လက္ခဏာများထဲမှ နံပါတ်(၃)ဖြစ်တဲ့ မျိုးဗီဇ ထိန်းချုပ်မှု စနစ်ပြောင်းလဲခြင်း (epigenetic alteration) နှင့်ပတ်သတ်ပြီး ယခု သုတေသနမှာ အဓိက ဆောင်ရွက် ထားပါတယ်။ ဆဲလ်များရဲ့ သက်တမ်း ကြာလာတာနှင့်အမျှ မျိုးဗီဇထိန်းချုပ်မှုစနစ် (epigenetic) ပြောင်းလဲလာပြီး မျိုးဗီဇဖောက်ပြန်မှုများကြောင့် ရောဂါများဖြစ်ပေါ်လာ တတ်ကြတယ်လို့ဆိုပါတယ်။ မျိုးဗီဇထိန်းချုပ်မှုစနစ် (epigenetic) မှာ အဓိကအားဖြင့် DNA methylation နှင့် DNA acetylation တို့အဓိကပါဝင်ပါတယ်။ မျိုးဗီဇ ထိန်းချုပ်မှုစနစ် DNA methylation အခြေအနေ ပေါ်မူတည်ပြီးတော့ မျိုးဗီဇများ၏ စပ်ဆိုင်သော လုပ်ငန်း တာဝန် များလည်း ပြောင်းလဲမှုရှိပါတယ်။ ဉပမာအနေဖြင့် DNA methylation များပြား မှုကြောင့် မျိုးဗီဇ အချို့၏လုပ်ငန်းများ များပြားလာသကဲ့သို့ မျိုးဗီဇ အချို့၏ လုပ်ငန်းများ နည်းပါးသွားတတ်ပါတယ်။ ထိုသို့ နည်းပါးသွားခြင်း (သို့) များပြား လာခြင်း ကြောင့် ဆဲလ်များရဲ့ ပုံမှန်လုပ်ငန်း ဆောင်တာများ ဖောက်ပြန်ပြီး အိုမင်းရင့်ရော်ခြင်း (သို့) သေဆုံး ခြင်းကို ဖြစ်ပေါ် စေတာ ဖြစ်ပါတယ် (ပုံ-၂) ။ မျိုးဗီဇ ထိန်းချုပ် မှုစနစ် (epigenetic) အား ပြောင်းလဲစေပြီး ငယ်ရွယ်စဉ်ကကဲ့သို့ ပြန်လည် အလုပ် လုပ်စေခြင်းဟာ ယခင်က ဖန်ပြွန် တွင်း စမ်းသပ် မှုများတွင်သာ ဆောင်ရွက် နိုင်ခဲ့ပေမဲ့ ယခုအခါ သက်ရှိများဖြစ်တဲ့ ကြွက်များ မှာပါ ဆောင်ရွက် လာနိုင်ခဲ့ပြီ ဖြစ်ပါ တယ်။ ယခုစမ်းသပ်မှုမှာ အသုံးပြုခဲ့တဲ့ Oct4, Sox2 and Klf4 မျိုးဗီဇ (၃) မျိုးဟာ မျိုးဗီဇထိန်းချုပ်မှုစနစ်ပြောင်းလဲခြင်းကို ထိန်းချုပ်နိုင်ပြီး ဆဲလ်များရဲ့ ပုံမှန်လုပ်ငန်း ဆောင်တာများ ပြန်လည်ဆောင်ရွက်နိုင် တယ်လို့ ဆိုပါ တယ်။ ထိုကဲ့သို့မျိုးဗီဇများ အသုံးပြု၍ ဆဲလ်များရဲ့ လုပ်ငန်းဆောင်တာများ ပုံမှန် ပြန်လည်ဆောင်ရွက်စေခြင်းကို ခြင်းကို မျိုးဗီဇသုံးကုသခြင်း (gene therapy) လို့ လည်း ခေါ်ဆိုနိုင်ပါတယ်။
အဆိုပါ မျိုးဗီဇ (၃) မျိုး Oct4, Sox2 and Klf4 တို့ဟာ မျိုးဗီဇ ထိန်းချုပ်မှုစနစ် (epigenetic) နှင့်ပတ်သတ်ပြီး ဘယ်လို ဆောင်ရွက်ကြပါသလဲ။ Oct4, Sox2 နှင့် Klf4 တို့ဟာ မျိုးဗီဇ ပြဌာန်းခြင်း နှင့် ပွားများခြင်းတို့ကို ထိန်းချုပ်ရာမှာ အရေးပါတဲ့ ပစ္စည်း (transcription factors) protein များ ဖြစ်ကြပြီး ဆဲလ်ပွား များခြင်း နှင့် အသစ်ဖြစ်ခြင်းတို့မှာ အလွန်အရေးပါလှပါတယ်။ အဆိုပါ transcription factors များဟာ သန္ဓေသားစတင်ဖြစ်ပေါ်ချိန်မှာ အလုပ်လုပ်တဲ့ protein များဖြစ် ကြပြီး၊ အရွယ်ရောက်ပြီးချိန်မှာတော့ လုပ်ဆောင်ချက်ကို မတွေ့ရှိရ တော့ပါဘူး။ ထို့ပြင် အဆိုပါ (transcription factors) များရဲ့ အရေးပါမှုကို အမျိုးမျိုးသော ကင်ဆာရောဂါများမှာလည်း ရှာဖွေတွေ့ရှိထားကြပါတယ်။ ထို့ကြောင့် အဆိုပါ (transcription factors) protein များကို ပြင်ပမှာထုတ်လုပ်ပြီး သက်ကြီး ဆဲလ် တွေမှာ ပြန်လည်အသုံးပြုခြင်းဖြင့် ဆဲလ်များရဲ့ လုပ်ငန်းဆောင် တာများ ပုံမှန် ပြန်လည် ဆောင်ရွက်နိုင်ခြင်း ဖြစ်ပါတယ်။ အိုမင်းရင့်ရော်ခြင်းရဲ့ ဝိသေသလက္ခဏာ (၉) မျိုးထဲမှ အခြားဝိသေသလက္ခဏာများအတွက် ဆောင်ရွက်နေဆဲ သုတေသန လုပ်ငန်းများလည်း ရှိပါတယ်။ ယခုသုတေသန မှာတော့ ကြွက်များရဲ့ အာရုံကြော ဆဲလ်တွေမှာ ဗီဇထိန်းချုပ် မှုစနစ် ပြောင်းလဲလာခြင်း (epigenetic alterations) နှင့်ပတ်သတ်ပြီး စမ်းသပ်မှုများ ပြုလုပ်အောင်မြင်ခဲ့တာ ဖြစ်ပါတယ်၊ နောင်တစ်ချိန် အဆင့်မြင့် သတ္တဝါများမှာ စမ်းသပ်စစ်ဆေးမှုများအောင်မြင်ခဲ့ရင်တော့ အိုမင်းရင့်ရော် ခြင်းကြောင့် (သို့) ၎င်းနှင့် ဆက်စပ်သော ရောဂါများ အတွက် ကုသနိုင်မည်ဖြစ်ကြောင်း တင်ပြ လိုက်ရပါတယ်။
ကိုးကား
(၁) The role of DNA methylation in aging, rejuvenation, and age related disease , AA Johnson, K Akman, SRG Calimport - Rejuvenation, 2012 - liebertpub.com
(၂) https://www.sciencedaily.com/releases/2020/12/201202114531.htm
(၃) The roles of the reprogramming factors Oct4, Sox2 and Klf4 in resetting the somatic cell epigenome during induced pluripotent stem cell generation ;
R Schmidt, K Plath - Genome biology, 2012 – Springer
(၄) The hallmarks of aging C López-Otín, MA Blasco, L Partridge, M Serrano - Cell, 2013 - Elsevier
22/11/2020
Antibody အသုံးပြုကုသခြင်း
ဗြိတိန်အစိုးရဟာ AstraZeneca ဆေးဝါးကုမ္ပဏီဆီကနေပြီး Covid 19 ရောဂါ ကုသရန် အတွက် Antibody အသုံးပြုကုသဆေး တစ်သန်းဝယ်ယူမည်ဆိုပြီး ၂၁.၁၁.၂၀၂၀ ကြိုတင် သဘောတူခဲ့ပါတယ်။ ၎င်း Antibody အသုံးပြုကုသဆေးဟာ Clinical Trial အဆင့် (၃) ကို လူပေါင်း (၅၀၀၀) ဝန်းကျင်နှင့် ဆောင်ရွက်နေတာ ဖြစ်ပြီး ဗြိတိန် နိုင်ငံ တစ်ဝှမ်းမှ လူပေါင်း (၁၀၀၀)နှင့် အခြား ဒေသများမှ လူပေါင်း(၄၀၀၀) ခန့်နှင့် ပါ၀င် ဆောင်ရွက် နေတာ ဖြစ်ပါတယ်။ များမကြာမီကာလများမှာ စမ်းသပ်မှုများပြီးဆုံးပြီး စတင်အသုံးပြုနိုင် မည်လို့လဲ ခန့်မှန်းကြပါတယ်။ ကာကွယ်ဆေး စမ်းသပ်ချက်များ အပြိုင်အဆိုင်ထွက်ပေါ် လာပြီး မကြာခင်မှာပဲ ထပ်မံထွက်ပေါ်လာခဲ့တဲ့ ကုသဆေးတစ်မျိုးလည်း ဖြစ်ပါတယ်။ ၎င်း ဆေးကို ကာကွယ်ဆေးအသုံးပြု၍ မရနိုင်သူများ၊ နာတာရှည်ရောဂါရှိသူများ၊ သွေးတွင်း ချဉ်ဆီရောဂါရှိသူများ၊ ကိုယ်ခံအားစနစ်ချို့တည့် သူများ၊ လတ်တလောရောဂါ ခံစားနေရ သူများနှင့် အသက်အရွယ်ကြီးရင့်သူများ အတွက်ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ AstraZeneca ဆေးဝါးကုမ္ပဏီ ကထုတ်လုပ်တဲ့ AZD7442 ဆိုတဲ့ဆေးထဲမှာ Antibody(၂) မျိုးပေါင်းစပ်ပါဝင်မှာဖြစ်ပြီး ဆေးရဲ့အာနိသင်ဟာ (၆) လ မှ (၁၂) လအထိ ကြာရှည်မယ် လို့လည်း ဆိုပါတယ်။ AstraZeneca မှ ထိုကဲ့သို့ကြေငြာချက်ထုတ်ပြီး မကြာမီမှာပဲ အမေရိကန် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဌာနမှလည်း Regeneron ကုမ္ပဏီ နှင့် Eli Lilly ကုမ္ပဏီ တို့မှထုတ်လုပ်နေတဲ့ Antibody Cocktail ဆေးဝါးများကို အရေးပေါ် အခြေအနေမှာ အသုံးပြုနိုင်တဲ့ ဆေးဝါးများအဖြစ် ကြေငြာခဲ့ပါတယ်။ အမေရိကန်သမတ ထရန့် ဆေးရုံတက်နေစဉ်မှာ Regeneron ကုမ္ပဏီ ကထုတ်လုပ်တဲ့ Antibody Cocktail ဆေးဝါးကို အသုံးပြုခဲ့တယ်လို့လည်း ဆိုပါတယ်။
အဲ့သည်တော့ Antibody ကုထုံးဆိုတာဘာလဲ။ Antibody ကုထုံးဆိုတာကတော့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို နှိုးဆွကာကွယ်ခြင်း (Active Immunization) မဟုတ်ပဲ ခုခံအားစနစ်ကို ကူညီဖြည့်သွင်းခြင်း (Passive Immunization) ပဲဖြစ်ပါတယ်။ ၁၉၇၀ ပြည့်နှစ်များကတည်းက အဆိုပါနည်းကိုအသုံးပြုခဲ့ကြပြီး၊ ကင်ဆာရောဂါ ကုသရာမှာ အဓိက အသုံးပြုခဲ့ကြပါတယ်။ ပုံမှန်အားဖြင့် လူတစ်ယောက်ဟာရောဂါပိုး ကူးစက်ခံရပြီ ဆိုရင် အဆိုပါရောဂါပိုး(Antigen)ကို တိုက်ဖျက်နိုင်ရန်အတွက် ခန္ဓာကိုယ်မှ (Antibody) ထုတ်ပေးရပါတယ်။ ထိုမှသာ ပြင်ပမှဝင်လာတဲ့ ရောဂါပိုးကို ခန္ဓာကိုယ်မှ ရန်သူမိတ်ဆွေ ခွဲခြားမှုဆောင်ရွက်ပြီး ကိုယ်ခံအားစနစ်ထဲမှာပါဝင်တဲ့ အစိတ်အပိုင်များက ပြန်လည်တိုက် ထုတ်မှာ ဖြစ်ပါတယ်။ ကိုယ်ခံအားစနစ်ချို့တဲ့၊ ချို့ယွင်းနေတဲ့ သူများမှာတော့ အဆိုပါ ရန်သူ မိတ်ဆွေ ခွဲခြားမှုကို ကောင်းကောင်း မလုပ်ဆောင်နိုင်ပဲ ရောဂါပိုးကိုတိုက်ထုတ် ရာမှာ ကြံ့ကြာစေမှာ ဖြစ်ပါတယ်။ ထိုအခါရောဂါဒဏ်ကို ပိုမိုခံစားရမှာဖြစ်ပါတယ်။ Covid 19 ရောဂါကူးစက်ခံရပြီး ပြန်လည်သက်သာ လာသူများထံမှ သွေးရည်ကြည်ကို ထုတ်ယူ ပြီး ရောဂါကူးစက်ခံရသူများကို သွေးရည်ကြည်သွင်းကုသခြင်းဟာလည်း Antibody ကုထုံး တစ်မျိုးပဲဖြစ်ပါတယ်။ ယခု ကုမ္ပဏီများမှ အသုံးပြုမည့် Antibody များဟာလည်း ရောဂါကူးစက်ခံရပြီး ပြန်လည်သက်သာ လာသူများထံမှ သွေးရည်ကြည်ထဲမှာပါတဲ့ Antibody ကိုပြန်လည်တုပထုတ်လုပ်ထားတာနှင့် မျိုးဗီဇပြုပြင်ထားတဲ့ ကြွက်များကို အသုံးပြုပြီး ရရှိလာတဲ့ Antibody နှစ်မျိုးကို ပေါင်းစပ်အသုံးပြုထားတာဖြစ်ပါတယ်။ Antibody များမှာလည်း ရောဂါပိုးတစ်မျိုးတည်းကိုပဲ တိတိကျကျ တိုက်ဖျက်နိုင်တဲ့ Monoclonal Antibody နှင့် ရောဂါပိုးအများကို တိုက်ဖျက်နိုင်တဲ့ Polyclonal Antibody ဆိုပြီး(၂)မျိုးရှိပါ တယ်။ ယခု ထုတ်လုပ်တဲ့ Antibody ကတော့ Monoclonal Antibody ပဲဖြစ်ပါတယ်။ Monoclonal Antibody ရဲ့ အားသာချက်ကတော့ ရောဂါပိုးတစ်မျိုးတည်းကိုပဲ တိတိ ကျကျ တိုက်ဖျက်နိုင်တာဖြစ်ပြီး၊ အားနည်းချက်များကတော့ ထုတ်လုပ်ရန်ခက်ခဲခြင်း၊ ထုတ်လုပ်ချိန်ကြာမြင့်ခြင်း နှင့် တန်ဖိုးကြီးမားခြင်းတို့ပဲဖြစ်ပါတယ်။ Monoclonal Antibody ကိုထုတ်လုပ်မယ်ဆိုရင်တော့ ပထမဉီးစွာ ကိုယ်အသုံးပြုချင်တဲ့ Antigen ကိုဉီး စွာရွေးချယ်ရပါတယ်။ သည်ဖြစ်စဉ်မှာတော့ SARS CoV 2 ရဲ့ Spike Protein ကို Antigen အဖြစ်ရွေးချယ်အသုံးပြုထားပါတယ်။ အဆိုပါ Protein ကို မျိုးဗီဇပြောင်းလဲထားတဲ့ ကြွက်တွေရဲ့ ခန္ဓာကိုယ်ထဲ ထိုးသွင်းရပါတယ်။ သတ်မှတ်ထားတဲ့အချိန်မှာတော့ ကြွက်ရဲ့ ခန္ဓာကိုယ်ထဲက ဆဲလ်အချို့ကိုထုတ်ယူပြီး မွေးမြူထားတဲ့ ကင်ဆာဆဲလ် နှင့် ပေါင်းစပ်စေ ပါတယ်။ မပေါင်းစပ်နိုင်တဲ့ ဆဲလ်များကို ဖယ်ထုတ်ပစ်ရပါတယ်။ ပေါင်းစပ်ဆဲလ်များ ကိုတော့ သီးသန့် အခြေအနေ တစ်ခုမှာထပ်မံမွေးမြူပြီး ၎င်း ဆဲလ်များမှ ထုတ်လုပ်တဲ့ Antibody ကို ပြန်လည် သန့်စင်ရယူတာဖြစ်ပါတယ်။ ထုတ်လုပ်တဲ့ အဆင့်တိုင်ဟာ အလွန် အချိန်ကြာမြင့်ပြီး၊ ကုန်ကျစားရိတ်အလွန်များပြားလှပါတယ်။ နောက်ပိုင်းမှာတော့ တိရိစ္ဆာန်များသာမက မျိုးဗီဇပြုပြင်ထားတဲ့ အပင်တွေကိုပါအသုံးပြုပြီး Monoclonal Antibody ကို ထုတ်လုပ်နေကြပြီဖြစ်ပါတယ်။
စမ်းသပ်စစ်ဆေးမှုများ အားလုံးအဆင်ပြေချောမွေ့သွားပြီးဆိုရင်တော့ အဆိုပါ Antibody အသုံးပြုကုသခြင်းကို ဗြိတိန် နှင့် အမေရိကန်နိုင်ငံမှာ စတင်အသုံးပြုမှာ ဖြစ်ပြီး ကြွက်သားအတွင်းထိုးသွင်းခြင်းနှင့် သွေးကြောအတွင်းထိုးသွင်းခြင်း (၂)မျိုး စလုံး ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ကုန်ကျစားရိတ် အတိအကျ မထုတ်ပြန်သေးပေမဲ့ ကာကွယ်ဆေးထက်တော့ဈေးကြီးမှာသေချာပါတယ်။ ကာကွယ်ဆေးတွေအပြိုင်အဆိုင်ထုတ်လုပ်စမ်းသပ် နေကြတဲ့ကြားထဲက ကာကွယ်ဆေးနှင့် အဆင်မပြေနိုင်မည့် လူအများအတွက် အဆိုပါ Antibody အသုံးပြုကုသဆေးဟာ အမှောင်ထဲက အလင်းတစ်စ ဖြစ်လာမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
Pin Lon Road
Yangon