8 days result of Celimax retinol shot serum ☺️
Full review postထပ်တင်ပေးမယ်နော်
Khin's beauty diary
Beauty review and sharing
စောစောတင်ချင်ပေမယ့် vpnနဲ့ connectionကအလုပ်မလုပ်ခိုင်းဘူး
COSRX hyaluronic acid power essence review
❤️ please like & follow my page for more review videos❤️
routine
16/01/2026
ကိုယ်ကဝက်ခြံအမြဲပေါက်တတ်တယ် ဝက်ခြံပုန်းတွေပေါက်တတ်တယ်ဆို မဖြစ်မနေဆောင်ထားသင့်တဲ့ Acne spotလေး
သူရဲ့Actionကလေ ဝက်ခြံပေါက်နေတာကိုပိန်သွားတာပျောက်စေတာဘာညာမဟုတ်ပဲ ဝက်ခြံကိုမြန်မြန်မှဲ့စေတာမျိုးလေး မြန်မြန်မှဲ့တော့မြန်မြန်ပျောက်တာပေါ့ကွာ
ခင့်လိုဝက်ခြံပုန်းအမြဲပေါက်တတ်တဲ့လူဆို must buyပဲ ဝက်ခြံပုန်းတွေကညှစ်မရ ပျောက်လည်းမပျောက်ပဲအကြာကြီးနေနေတာမျိုးကို သူ့ကို တို့ပေးထားရင်သုံးရက်လောက်ဆိုရင်ကိုဝက်ခြံအဆံပေါ်လာပြီးမြန်မြန်ပေါက်စေတာမျိုး ဝက်ခြံသက်တမ်းကိုတိုစေတာလို့တောင်ပြောလို့ရတယ်🤭
စသုံးတုန်းကအဲ့လောက်ကြီးထိကို effectiveဖြစ်မယ်လို့တောင်မထင်ဘူး စျေးကလည်းတော်တော်ကိုသက်သာတယ် ဝက်ခြံပေါ်လေးပဲတို့ပေးရတာမို့တစ်ဗူးဆိုအကြာကြီးအသုံးခံတယ် သူ့မှာက cream typeနဲ့ liquid typeဆိုပြီးနှစ်မျိုးရှိတယ် ခင်သုံးတာကအရည်လေး အများကြီးမပြောတော့ဘူး သုံးကြည့်တကယ်နောင်တမရစေရဘူး☺️
's
Nivea cream review
Plz like & follow my page for more reviews
21/12/2025
ပေါင်ပေ့တို့လူရွေးမှားရင်သာမှားမယ် ဒါကိုဝယ်လို့တော့ lip balmရွေးမမှားစေရဘူး
Vaseline is Vaselineပဲနော် qualityကတော့ပြောစရာကိုမလိုတာ
ပထမဆုံးကြိုက်မိတဲ့အချက်က သူ့ colorတွေက naturalဆန်ပြီးတအားလှ stainကလည်းတစ်နေကုန်ကိုခံတာ စိတ်ပါရင်makeup look တွေမှာnude lipstickအနေနဲ့ပါသုံးလို့ရတယ်
နောက်တစ်ခုကတော့ qualityပဲ စဆိုးပြီးထဲကတနေကုန်နှုတ်ခမ်းပြန်ခြောက်သွားတယ်လို့ကိုမခံစားရတာ ဆိုးဆိုးချင်းလိုစိုစိုလေးဖြစ်မနေတော့ပေမယ့် အိအိလေးနဲ့လုံးဝပြန်မခြောက်သွားဘူး 99/10ပဲ
နောက်ဆုံးကတော့ အမတို့အလိုချင်ဆုံးနှုတ်ခမ်းလေးပန်းရောင်သန်းသွားတာပဲ ခင့်နဂိုနှုတ်ခမ်းကဘောင်အမဲကိုမှ နှုတ်ခမ်းကသွေးရောင်မရှိသလိုဖြူဖျော့ေဖျော့မျိုး အခုနှုတ်ခမ်းကဘာမှဆိုးမထားရင်တောင်ပန်းနုရောင်လေးသန်းနေတာ တအားသဘောကျ
စျေးကလည်းသောင်းကျော်လေးနဲ့ဝယ်ကိုဝယ်သင့်တဲ့ lip balmပဲ အပိုမပြောဘူးသုံးကြည့်လိုက်ထပ်ဝယ်
ဖြစ်မယ့် lip balmစာရင်းထဲထည့်ကိုထည့်မိစေရမယ် 's
Night Skincare Routine
's
27/09/2025
Sun cream ဆိုလိမ်းပြီးရင်ပြောင်ပြောင်တင်းတင်းလေးမှကြိုက်တဲ့ ပေါင်ပေ့တို့အတွက် centella ရဲ့ Hyalu- Cica sun cream reviewလေး💧🔆
Skin 1004ရဲ့ ဒီ sun cream လေးကိုခင်သုံးနေတာ သုံးဗူးမြောက်ရှိနေပါပြီ သူ့ရဲ့ texture ကလေ နို့နှစ်လေးကိုမှခပ်ကျဲကျဲလေး water fit suncream ဖြစ်တဲ့အတွက် ဖြန့်ရတာအရမ်းကိုမှလွယ်ပြီးတော့ amountအများကြီးသုံးမိရင်တောင် white case လုံးဝမကျန်ခဲ့ဘူး🤍
Favအဖြစ်ဆုံးအချက်ကတော့ မျက်နှာပေါ်တင်လိုက်ရင်အေးနေတာလေးပဲ လိမ်းထားမှန်းတော့မသိသာဘူး မြန်မာနွေနဲ့တော့ကွက်စတိ❄️
သူ့ကိုလိမ်းပြီးရင်မျက်နှာကလေရေဓာတ်ပြည့်ပြီးပြောင်တင်းနေတာ အဆီပြန်သလိုပြောင်နေတာမျိုးမဟုတ်ပဲ ကိုယ့်skinကရေဓာတ်ပြည့်ပြီးစိုပြောင်နေတာမျိုးလေးဖြစ်နေတာ အရမ်းသဘောကျ💧
Smoothing ဖြစ်စေလို့ တော်ရုံ ချွေးပေါက်ဆိုသူ့ကိုလိမ်းပြီးရင်မမြင်ရသလောက်ဖြစ်သွားတာ
(ပုံထဲကခင့်မျက်နှာဆို skincare stepနဲ့ sun creamပဲလိမ်းထားတာ)
နောက်ထပ်သဘောကျတဲ့ တစ်ချက်ကသူ့မှာအနံ့မပါတာပဲ ခင့်လို့ fragrance sensitiveဖြစ်တတ်တဲ့လူအတွက်တော့သူကတော်တော်ကြီးကိုအဆင်ပြေတာ🫠
Sun creamကို လိမ်းလိုက်ရင် ထူပိတ်ပိတ်ကြီးနဲ့ white caseထွက်တာမကြိုက်ပဲ ပေါ့ပေါ့ပါးပါးနဲ့ ပြောင်ပြောင်လေးဖြစ်တာကြိုက်တဲ့ပေါင်ပေ့တို့အတွက် စမ်းကိုစမ်းကြည့်သင့်တဲ့ sun creamပဲ🔆🧴
သူ့ကို centella နဲ့တည့်တဲ့ ဘယ် skinမဆိုသုံးလို့ရတယ်
~သူ့မှာ centella Asiatica နဲ့ Cicaပါလို့ skinကို smoothဖြစ်စေပြီး antioxidant effectကိုပေးတဲ့
အပြင် ဝက်ခြံသမားတွေအတွက်လည်း calming effectကိုပေးတယ်
~Niacinamide က skinကို brightening effctရစေပြီး ချွေးပေါက်တွေကိုကျဉ်းစေတယ်
~ Hyaluronic acid ပါလို့ skin ကိုရေဓာတ်ဖြည့်ပေးနိုင်တယ်
နောက်ထပ်လည်း skincare reviewလေးတွေနဲ့ makeup tipလေးတွေတင်ပေးမှာမို့ ခင့်ရဲ့ page လေးကို like& followလေးလုပ်ထားပေးပါဦရနော်
's
23/09/2025
Cleansing Oil အကြောင်းတစ်စေ့တစ်စောင်း❤️
ခင်ကဒီ postမှာ double cleansing အတွက် ရွေးချယ်စရာတစ်ခုဖြစ်တဲ့ cleansing oilအကြောင်း ခင်သ်ိသလောက် knowledge sharingလေးလုပ်ပေးသွားမှာဖြစ်ပါတယ်🤗
Cleansing oil ကိုဘယ်လို skin typeတွေသုံးလို့ရလည်း?
Cleansing oilကို all skin typeသုံးလို့ရပါတယ် ဒါပေမယ့်ကိုယ့် skin typeနဲ့ကိုက်ညီတဲ့ cleansing oilအမျိုးအစားကိုရွေးချယ်သုံးပေးဖို့တော့အရေးကြီးပါတယ်
For dry skin_
Oleic acid ပါဝင်တဲ့ moisturizing Oilတွေဖြစ်တဲ့ olive oil, avocado oil, almond oil ပါဝင်တဲ့ cleansing oil အမျိုးအစားတွေကိုရွေးသုံးသင့်ပါတယ်
ဒီ oilတွေကို skinကို hydrate လုပ်ပေးနိုင်တာမို့ အသားအရေခြောက်တာကိုသက်သာစေနိုင်ပါတယ်
For oily & acne prone skin _
Linoleum acid ပါဝင်တဲ့lighter and balancing oil တွေဖြစ်တဲ့ jojoba oil, grape seed oil, sunflower oil, h**p seed oil, safflower oil ပါဝင်တာကိုရွေးချယ်သုံးသင့်ပါတယ်
ဒီ oilတွေက အဆီပိုတွေကိုဖယ်ရှားပေးနိုင်ပြီး ချွေးပေါက်တွေမပိတ်စေပဲအတွင်းပိုင်းထိသန့်စင်ပေးနိုင်တဲ့အပြင် break out ဖြစ်တာကိုလည်းလျော့ကျစေပါတယ်
For sensitive skin _
Gentle and hypoallergenic oilတွေဖြစ်တဲ့ almond oil, apricot kernel oilတွေက်ိုရွေးချယ်သုံးသင့်ပါတယ်
ဒီ oilတွေက sensitive skinအတွက်အသားအရေနီမြန်းခြင်းကိုသက်သာစေနိုင်ပါတယ်
_Usage_
1- cleansing oilကိုမျက်နှာပေါ် 2 pumpလောက်တင်ပြီး 30-60 secလောက် ညင်ညင်သာသာပွတ်ပြီးနှိပ်နှယ်ပေးပါ
2-လက်ထဲကိုရေနွေးနွေးလေး3စက်လောက်ထည်ပြီး မျက်နှာပေါ်တင်ပြီး မျက်နှာအနှံ့လိုက်ပွတ်ပေးပါ
(Oilတွေကရေနွေးလေးနဲ့ထိတဲ့အခါ နို့အရောင်ပြောင်းသွားပါမယ်)
3- ရေ (ရေနွေးနွေးလေးဆိုပိုကောင်း) စွတ်ထားတဲ့ towel ဒါမှမဟုတ် မျက်နှာcleaningလုပ်တဲ့အခါသုံးတဲ့ towel pad လေးနဲ့မျက်နှာကိုသုတ်ပေးပါ
4- facial foamနဲ့မျက်နှာသစ်ပါ (cleansing oilသုံးမယ်ဆို foaming or gel type cleanserကိုသုံးသင့်ပါတယ်)
5- continue your skin care routine
_Effect of cleansing oil_
-အရေပြားအတွင်းပိုင်းထိသန့်စင်ပေးနိုင်တယ်
-မျက်နှာပေါ်က သဘာဝအဆီတွေကိုမထိခိုက်စေပဲအဆီပိုတွေကိုဖယ်ရှားပေးနိုင်တယ်
-မျက်နှာသစ်ပြီးတဲ့အခါ အသားခြောက်မသွားပဲ အသားရည်ကို ရေဓာတ်ပြည့်စေပြီး smooth ဖြစ်စေတယ်
-မျက်နှာပေါ်ကအဆီထုတ်လွှတ်မှုကိုထိန်းညှိပေးတယ်
-ချွေးပေါက်ပိတ်ခြင်းကိုကာကွယ်ပေးတယ်
-ချွေးပေါက်အတွင်းထိအညစ်ကြေးတွေကိုသန့်စင်ပေးနိုင်တယ်
-Blackheads နဲ့ whiteheads တွေကိုသက်သာစေပါတယ်
နောက်လည်းSkincare review, knowledge sharingနဲ့ makeup tip လေးတွေတင်ပေးသွားမှာမို့ ခင့်ရဲ့ pageလေးကို like&followလေးလုပ်ပေးသွားပါဦးနော်
’s
Click here to claim your Sponsored Listing.
Location
Website
Address
Yangon