School Of Health

School Of Health

Share

SoH is a newly established school under SUM with commitment to provide medical and health knowledge.

Ethical Science Continues in Myanmar amid Extreme Persecution (by Dr Phyu Phyu Thin Zaw) 24/10/2024

“Despite international neglect, it is heart-warming to witness that scientists under severe suppression in Myanmar are consistently finding ways to continue ethical science and education. Some parallel higher education systems using technologies that are free of military control are slowly emerging. For example, some young scholars established Spring University Myanmar (SUM) with a dual mission of supporting the interim education of youths and fundraising for scholars at risk and vulnerable communities.[2] SUM also uses a strict digital privacy policy and a principal of “anonymity and pseudonymity” for all the students and teachers in the system. Other pathways for continuing science and education were Ethnic Education Departments, Online Education Platforms, Interim University Councils and Students’ Unions, Ministries under the National Unity Government (NUG), the opposition government, and many other community initiatives in conflicted areas.”

Ethical Science Continues in Myanmar amid Extreme Persecution (by Dr Phyu Phyu Thin Zaw) Part 1. Scientific Challenges & RepressionAmidst great uncertainty and escalating humanitarian emergencies, a group of brilliant scientists, shrouded in anonymity, and coming from various scientific fields in Myanmar gathered for a mysterious Zoom meeting under various surreal pseudonyms, such as .....

23/10/2024

စက်တင်ဘာလက ကြေငြာခဲ့တဲ့ ကျွန်မတို့ School of Health က သုတေသနလေးကို စိတ်ဝင်တစားဖြေဆိုပေးကြတဲ့ ဆရာဆရာမများအားလုံးကို ကျေးဇူးတင်ပါတယ်။ အခုဆိုရင် ကျွန်မတို့ လိုအပ်တဲ့ sample size ရဲ့ 70% ကျော်အထိ participants တွေ ရရှိပြီးပါပြီ။

တပြိုင်တည်းမှာလည်း qualitative study အနေနဲ့ Focus Group Discussions and Key Informant Interviews တွေကိုလည်း ဆက်လက်လုပ်ဆောင်နေပါတယ်။

သိပ္ပံပညာရှင်ဆိုတာ နိုင်ငံတကာစံနှုန်းတွေနဲ့ ကြည့်ရင် သုတေသီတွေကိုပဲ ရည်ရွယ်တယ်လို့ ထင်ရပေမယ့် ကျွန်မတို့သုတေသနမှာတော့ သုတေသီတွေအပါအဝင် တက္ကသိုလ်ကျောင်းတွေမှာ အလုပ်လုပ်ကိုင်တဲ့ ဆရာ၊ဆရာမတွေ၊ ကျောင်းသူ၊ကျောင်းသားတွေ၊ လက်တွေ့လုပ်ငန်းခွင်ဝင်နေကြသူတွေနဲ့ မူဝါဒရေးဆွဲကြသူတွေပါ ပါဝင်ပါတယ်။

👩‍🎓🧑‍🎓ဒါကြောင့် ဆရာမတို့ ဆရာတို့ ကိုယ်တိုင်က သိပ္ပံပညာရပ် နယ်ပယ်တခုခုမှာ ဘွဲ့ရထားပြီး အထက်ဖော်ပြပါ လုပ်ငန်းခွင်တွေမှာလုပ်ကိုင်နေသူတွေဆိုရင် ကျွန်မတို့ သုတေသနမှာ ပါဝင်ဖြေဆိုနိုင်ပါတယ်။

🟢🟢 ဖြေဆိုပြီးတဲ့ ဆရာမတို့ ဆရာတို့ကလည်း လိုနေတဲ့ 30% အတွက် နီးစပ်ရာ နေရပ်စွန့်ခွာထားရတဲ့ သိပ္ပံပညာရှင်များကို ဆက်လက် ဖြန့်ဝေပေးဖို့ တောင်းဆိုပါရစေရှင်။

Survey ဖြေဆိုရန် link: https://aut.au1.qualtrics.com/jfe/form/SV_9MM2gEJGrmECELk

အချိန်ပေးမှုအတွက် အထူးကျေးဇူးတင်လျက်
နွေဦးတက္ကသိုလ် School of Health သုတေသနအဖွဲ့

30/09/2024

ပြီးခဲ့တဲ့အပတ်က ကြေငြာခဲ့တဲ့ ကျွန်မတို့ Spring University Myanmar, School of Health ရဲ့ သုတေသနကို အင်တိုက်အားတိုက် စိတ်ဝင်တစားဖြေဆိုပေးကြတဲ့ ဆရာဆရာမများ အားလုံးကို‌ ကျေးဇူးအထူးတင်ရှိပါတယ်။

ဒီအပတ်မှာတော့ စိတ်ဝင်စားတဲ့ participants တွေ မေးလာတဲ့ မေးခွန်းတွေကို ဖြေဆိုပေးရင်း ဒီသုတေသနကို ဆေးပညာမဟုတ်တဲ့ တခြားသိပ္ပံပညာရပ် နယ်ပယ်ကသူများကိုလည်း ဆက်လက်မျှဝေဖိတ်ခေါ်ပေးဖို့ ဆရာဆရာမတို့ကို အကူအညီတောင်းပါရစေ။

ဒီသုတေသနမှာ
✅အမျိုးသမီး သိပ္ပံပညာရှင်များအပေါ်နိုင်ငံရေးပဋိပက္ခတွေရဲ့ သက်ရောက်မှုကို လေ့လာဖို့ဆိုတာ အမျိုးသားသိပ္ပံပညာရှင်များလည်း ပါဝင်ဖြေဆိုမှသာ ကွဲပြားမှုကို နားလည်နိုင်မှာမို့ ကျားမ (အခြားလိင်အပါအဝင်)‌မရွေး ပါဝင်ဖြေဆိုနိုင်ပါတယ်။
✅School of Health က လုပ်တဲ့ သုတေသနဆိုပေမယ့်လည်း ဆေးပညာအသိုက်အဝန်းက ဆရာဆရာမများတင်မကဘဲ အခြားသိပ္ပံပညာနယ်ပယ်က ဆရာဆရာမများလည်း ပါဝင်ဖြေဆိုနိုင်ပါတယ်။ ဒီထဲမှာ ရူပသိပ္ပံဘာသာရပ် (Physical Sciences such as Physics and Chemistry)၊ ကမ္ဘာမြေ သိပ္ပံဘာသာရပ် (Earth Science such as Geology)၊ သဘာဝပတ်ဝန်းကျင်သိပ္ပံ၊ ဇီဝသိပ္ပံဘာသာရပ် (Biological Sciences such as Botany, Zoology and Ecology)၊ လူမှုသိပ္ပံဘာသာရပ် (Social Sciences such as Psychology, Law and Education)၊ နိုင်ငံရေးသိပ္ပံဘာသာရပ် (Political Sciences such as International Relations)၊ ဒေတာအချက်အလက်သိပ္ပံဘာသာရပ် (Data Sciences such as Statistics)၊ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာ (STEM ဘာသာရပ်များ) စသဖြင့် ပါဝင်ပါတယ်။
✅ဒီသုတေသနမှာ ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ မည်သည့်သိပ္ပံပညာရှင်မဆို ပါဝင်နိုင်ပါတယ်။ ဒီထဲမှာ မိမိမြို့ရွာထဲမှာတင် အခြားတစ်နေရာသို့ ‌ရွှေ့ပြောင်းနေထိုင်နေရသူများပါ ပါဝင်ပါတယ်။

စိတ်ပါဝင်စားသူများအနေနဲ့ အောက်ကလင့်ကနေ တဆင့် ဒီသုတေသနမှာ ပါဝင်ဖြေဆိုပေးကြဖို့ ဖိတ်ခေါ်ပါတယ်။
https://aut.au1.qualtrics.com/jfe/form/SV_9MM2gEJGrmECELk

အချိန်ပေးမှုအတွက် အထူးကျေးဇူးတင်လျက်
နွေဦးတက္ကသိုလ် School of Health သုတေသနအဖွဲ့

LinkedIn 25/09/2024

မင်္ဂလာပါ

နွေဦးတက္ကသိုလ် School of Health သုတေသနအဖွဲ့မှ ဦးဆောင်ပြီး မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အန္တရာယ်ကြုံတွေ့နေရသူ၊ နေရပ်စွန့်ခွာပြီး မြန်မာနိုင်ငံအတွင်း သို့မဟုတ် မြန်မာနိုင်ငံပြင်ပသို့ ထွက်ပြေးရသူ သိပ္ပံပညာရှင်များအား "The Reciprocal Impacts of Conflicts and gender differences on Science among Female Scientists in Conflict-driven Countries”ခေါင်းစဉ်ဖြင့် သုတေသနတစ်ခု ပြုလုပ်လိုပါသည်။

ဤသုတေသနသည် မြန်မာနိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံများရှိ သိပ္ပံပညာရှင်များ အထူးသဖြင့် အမျိုးသမီးများအပေါ်တွင် နိုင်ငံရေးပဋိပက္ခများ၏ ဆိုးကျိုးသက်ရောက်မှုများကို ဆန်းစစ်ရန် ရည်ရွယ်ပါသည်။ ဤလေ့လာမှုသည် ၎င်းအကျိုးသက်ရောက်မှုများတွင် ရှိနေသော ကျားမကွဲပြားမှုများကို ခွဲခြမ်းစိတ်ဖြာမည်ဖြစ်ပြီး နှင့် ရွှေ့ပြောင်းနေထိုင်သူ အမျိုးသမီးသိပ္ပံပညာရှင်များကို နိုင်ငံတကာအသိုင်းအဝိုင်းများက မည်ကဲ့သို့ အကောင်းဆုံးပံ့ပိုးပေးနိုင်မည်တို့ကိုလည်း စူးစမ်းလေ့လာပါမည်။

ဤသုတေသနကို အွန်လိုင်းစစ်တမ်း၊ Focus Group Discussions (FGDs) နှင့် Key Informant Interviews (KIIs) တို့ပါ၀င်သည့် Mixed-Method Approach ဖြင့် ပြုလုပ်မည်ဖြစ်သည်။ ဤသုတေသန၏ ပထမအဆင့်အဖြစ် သိပ္ပံဆိုင်ရာ လူမှုအသိုက်အဝန်းများ သို့ ဖောင်ဖြန့်ဝေကာ အွန်လိုင်းစစ်တမ်းတစ်ခု ကောက်ယူမည် ဖြစ်ပါသည်။

ဤမေးခွန်းလွှာသည် အချိန် မိနစ် (20) ခန့် ကြာမြင့်မည်ဖြစ်ပါသည်။ သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ဖြစ်သော အမည်၊ နေရပ်လိပ်စာ အီးမေးလ်လိပ်စာနှင့် ဖုန်းနံပါတ်များကို ဤအင်တာဗျူး၏ မည်သည့် အစိတ်အပိုင်းတွင်မှ မေးမြန်းခြင်း သို့မဟုတ် မှတ်တမ်းတင်ခြင်းပြုမည်မဟုတ်ပါ။
အကယ်၍ သင်သည် အောက်ပါအချက်အလက်များနှင့် ကိုက်ညီပါက ဤအွန်လိုင်းစစ်တမ်း တွင် ပါဝင်နိုင်ရန် သင့်အား ဖိတ်ကြားလိုပါသည်။

၁။ မိမိကိုယ်ကို သိပ္ပံပညာရှင်ဟု သတ်မှတ်နိုင်သည့် မြန်မာနိုင်ငံမှ မည်သူမဆို
[သိပ္ပံပညာရှင်များဆိုသည်မှာ သဘာဝသိပ္ပံနှင့်လူမှုသိပ္ပံတို့အပါအဝင် မည်သည့်သိပ္ပံဘာသာရပ်နယ်ပယ်တွင်မဆို သိပ္ပံနည်းလမ်းများကို အသုံးပြုသူတိုင်း အကျုံးဝင်သည်။ ထိုသတ်မှတ်ချက်တွင် မည်သည့်သိပ္ပံနယ်ပယ်တွင်မဆို အလုပ်လုပ်ကိုင်နေကြသည့် သုတေသီများ၊ တက္ကသိုလ်ကျောင်းများရှိ ဆရာ၊ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများ၊ လက်တွေ့လုပ်ငန်းခွင်ဝင်နေကြသူများနှင့် မူဝါဒရေးဆွဲကြသူများ ပါဝင်သည်။]

၂။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း နေရပ်မှစွန့်ခွာထွက်ပြေးရသည့် သိပ္ပံပညာရှင်များ၊ အန္တရာယ်များနှင့် ကြုံတွေ့နေရသည့် သိပ္ပံပညာရှင်များနှင့် ဒုက္ခသည်ခံယူထားသည့် သိပ္ပံပညာရှင်များ
(အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ လက်ရှိမည့်သည်အရပ်ဒေသတွင်နေထိုင်နေသည်ဖြစ်စေ အကြမ်းမဖက်အာဏာဖီဆန်ခြင်း လှုပ်ရှားမှုတွင် ပါဝင်ခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် အကျိုးသက်ရောက်မှုများကို ခံစားကြရသူတိုင်း ဤသုတေသနတွင် ပါဝင်နိုင်ပါသည်။)

ဤအွန်လိုင်းစစ်တမ်းတွင်ပါဝင်လိုပါက အောက်ပါလင့်ခ် သို့ ကျေးဇူးပြု၍ ဝင်ရောက်ပေးပါ။

https://aut.au1.qualtrics.com/jfe/form/SV_9MM2gEJGrmECELk

စစ်တမ်းအား ဖြေဆိုပြီးစီးခြင်းဖြင့် သင်သည် ဤသုတေသနတွင် ပါဝင်ရန်သဘောတူညီပြီး ဖြစ်ပါသည်။ ဤလေ့လာမှုသည် အာဏာသိမ်းမှုနှင့် ပဋိပက္ခများ၏ ဆိုးကျိုးသက်ရောက်မှုများကို လေ့လာဆန်းစစ်မည်ဖြစ်သောကြောင့် အချို့မေးခွန်းများသည် သင့်အား အတိုင်းအတာတစ်ခုအထိ စိတ်မသက်မသာ ဖြစ်စေနိုင်ပါသည်။ အချို့မေးခွန်းများအား သင်ဖြေဆိုရန် စိတ်မသက်မသာဖြစ်ပါက (မေးခွန်းများအား ကျော်၍လည်းမရပါက) စစ်တမ်းကို ပိတ်ပစ်နိုင်ပါသည်။ ကျွန်တော်/ကျွန်မတို့အနေဖြင့် သင့်အဖြေများအပေါ်မူတည်၍ သင့်အား မည်သူမည်ဝါဖြစ်သည်ဟု မသတ်မှတ်နိုင်သောကြောင့်၊ ဤစစ်တမ်းအား ဖြေဆိုပြီးစီးပါက သင်၏အချက်အလက်များအား ပယ်ဖျက်ပေးရန် မဖြစ်နိုင်တော့ပါ။

ဤသုတေသနနှင့်ပက်သက်သော ထပ်ဆောင်းအချက်အလက်များအား စစ်တမ်း၏ ပထမဆုံးစာမျက်နှာတွင် ဖော်ပြထားပါသည်။

အချိန်ပေးမှုအတွက် အထူးကျေးဇူးတင်လျက်
နွေဦးတက္ကသိုလ် School of Health သုတေသနအဖွဲ့

LinkedIn This link will take you to a page that’s not on LinkedIn

Photos from Spring University Myanmar - SUM's post 03/06/2024

“Diploma in Public Health Management in Crisis Settings” အတန်းကို စတင်လျှောက်ထားနိုင်ပါပြီ။

အားလုံးပဲ မင်္ဂလာပါ။

နွေဦးတက္ကသိုလ်၏ School of Heath မှ
ပြည်သူ့ကျန်းမာရေးအကျပ်အတည်းများကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ရန် လေ့ကျင့်သင်ကြားပေးသွားမည့် “Diploma in Public Health Management in Crisis Settings”
ဒီပလိုမာ ပရိုဂရမ်ကိို ကျောင်းသား၊ကျောင်းသူများထံ ယူဆောင်လာခဲ့ပါပြီ။

ပြည်တွင်း၊ပြည်ပမှ ပြည်သူ့ကျန်းမာရေး ပညာရှင်များ ပူးပေါင်း၍ ဖွင့်လှစ်သော အဆင်မြင့်ပညာရပ် ဒီပလိုမာ ပရိုဂရမ်ဖြစ်သည့်အလျောက် သင်တန်းကာလ အစ/အဆုံး တက်ရောက်ချိန် (၉) လ ကြာမြင့်မှာဖြစ်ပြီး ပရိုဂရမ်တလျှောက်တွင် သင်ကြားရေးကာလအပိုင်းအခြား (Semester) ၃ ခု ခွဲကာတက်ရောက်ရမှာဖြစ်ပါတယ်။

အဆင်မြင့်ပညာရပ် ဒီပလိုမာ ပရိုဂရမ်တက်ရောက်နေစဉ်အတွင်း နိုင်ငံတကာမှ သီအိုရီများကို အခြေခံ၍ မြန်မာနိုင်ငံ၌ လက်ရှိကြုံတွေ့နေရသော ကိစ္စရပ်များ၊ ပကတိအနေအထားများကို ဦးတည်ကာလေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ပြီး

သင်ရိုးညွန်းတမ်းများအနေဖြင့် အောက်ပါအတိုင်းပါဝင်သွားမှာဖြစ်ပါတယ်။ စိတ်ဝင်စားလို့ တက်ရောက်လိုပါက အောက်ပါလင်ခ့်မှတဆင့် စာရင်းပေးသွင်းနိုင်ပါပြီ။

Link - https://ee-eu.kobotoolbox.org/single/YO4x51OO?returnUrl=https://t.me/+OWWKDoZMNKVjNDM1

23/05/2024

နွေဦးတက္ကသိုလ် ရဲ့ School of Health မှ မကြာမှီ ဖွင့်လှစ်သွားမယ့် “Diploma in Public Health Management in Crisis Setting” အတွက် video teaser လေးပါ။

June လ ၁ ရက်နေ့မှာ ပြုလုပ်မယ့် Open House Event လေးကိုလည်း register လုပ်ပြီး တက်ရောက်နိုင်ကြဖို့ သတင်းကောင်းလေးပါး ပါရစေ။

Event လေးကို အောက်ပါ link တွင် တိုက်ရိုက် register လုပ်ပြီးတက်ရောက်နိုင်ပါတယ်ခင်ဗျာ။

https://us06web.zoom.us/meeting/register/tZAkde6qpzIjEtcH7pdjlM5yrwB9xD0uiCS0

Open House Event အကြောင်းကိုတော့ အောက်ပါ post တွင် အသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။

https://www.facebook.com/share/p/pGqPjQKFRBo8vfNu/?mibextid=oFDknk


07/04/2024

မိမိခံစားနေရတဲ့ စိတ်ပင်ပန်းမှုတွေကို မျှဝေခွင့်ရမယ့် နွေဦးတက္ကသိုလ်ရဲ့ “စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုဆွေးနွေးပွဲ_Emotional Support Workshop”

နိုင်ငံရေး၊စီးပွားရေး ကျပ်တည်းမှုတွေကြားမှာ၊ လောကဓံရဲ့ ရိုက်ခတ်မှုဒဏ်တွေကြားမှာ ကျွန်တော်တို့ဟာ အနည်းနဲ့အများဆိုသလို စိတ်ထိခိုက်မှု၊ ပင်ပန်းမှုတွေ ရှိတတ်ကြပါတယ်။

သို့သော်လည်း အပြစ်တင်ဝေဖန်ခြင်းမရှိတဲ့ စိတ်လုံခြုံရာရပ်ဝန်းတစ်ခုမှာ ကျွန်တော်တို့ စိတ်လေးကို အနားပေးရင်း မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ကာ ကုစားပေးဖို့ နွေဦးတက္ကသိုလ်ရဲ့ “စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုဆွေးနွေးပွဲ_Emotional Support Workshop” လေး ရောက်ရှိလို့ လာပါပြီ။

ဒီ Workshop လေးမှာတော့ အသက် ၁၈-၃၅ အတွင်း လူငယ် (၈)ဦးကို ရွေးချယ်သွားမှာဖြစ်ပြီး ဒီအလုပ်ရုံဆွေးနွေးပွဲလေးကို တက်ရောက်ခွင့်ရမှာပါ။

ရွေးချယ်ခံရသူများမှာ ယခုစိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုဆွေးနွေးပွဲလေးမှတစ်ဆင့်

အပြစ်တင်ဝေဖန်ခြင်းမရှိတဲ့ စိတ်လုံခြုံရာရပ်ဝန်းတစ်ခုမှာရှိခွင့်ရမယ်။
မိမိခံစားနေရတဲ့ စိတ်ပင်ပန်းမှုတွေကို မျှဝေခွင့်ရမယ်။
ဦးဆောင်သူအပါအဝင် တက်ရောက်လာသူများက ပေးအပ်တဲ့ ပံ့ပိုးမှုကို ရရှိနိုင်မယ်။
အရေးပါတဲ့ စိတ်ကျန်းမာရေးဆိုင်ရာအသိပညာအချို့ကိုမှတ်သားခွင့်ရမယ်။
နောင်အတွက်ပါအသုံးချနိုင်မယ့် စိတ်ငြိမ်သက်စေတဲ့လေ့ကျင့်ခန်းများနဲ့ မိမိကိုယ်ကို ဂရုစိုက်မှုပေးတဲ့လေ့ကျင့်ခန်းများကို လေ့ကျင့်နိုင်မယ့် အကျိုးကျေးဇူးတွေကို ရရှိမှာ ဖြစ်ပါတယ်။

ပြုလုပ်သွားမယ့် နေ့ရက်ကတော့- ဧပြီလ (14) ရက်နေ့ မြန်မာစံတော်ချိန် 10 am မှ 12 pm အတွင်းဖြစ်ပြီး တက်ရောက်မည့်သူများဟာ အချိန်အပြည့်အဝ ပေးနိုင်ဖို့ လိုအပ်ပါတယ်ခင်ဗျာ။

မိမိရဲ့စိတ်လေးကျန်းမာဖို့ လူငယ်များတက်ရောက်သင့်တဲ့ ဆွေးနွေးပွဲလေးဖြစ်လို့ အောက်ပါ Link မှတစ်ဆင့် အသေးစိတ်ကြည့်ရှုကာ စာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။

Link : https://ee-eu.kobotoolbox.org/single/Tsn8fVyC



18/02/2024

School of Heath ကနေ ဖွင့်မယ့် Diploma လေး ကို စိတ်ဝင်စားတယ်ဆိုရင် Webinar လေးကို register လုပ်ပြီး နားထောင်ဆွေးနွေးလို့ရပါပြီ။

“Public Health Management in Crisis Settings” ကို စိတ်ဝင်စားသူတိုင်း တက်ရောက်သင့်တဲ့ နွေဦးတက္ကသိုလ်မှ ကျင်းပပြုလုပ်မယ့် အွန်လိုင်းဆွေးနွေးပွဲ

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ဆက်တွဲကြောင့် ဖြစ်ပေါ်လာတဲ့ အခြေအနေကြားမှာ လူငယ်များနှင့် အနေဖြင့် မိမိရဲ့ ကျန်းမာရေးသာမက မိသားစု၊ အသိုင်းအဝိုင်းအပြင် ပြည်သူများအတွက် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုနည်းလမ်းများကို သိရှိဖို့ လိုအပ်လာပါတယ်။

ယခုပြုလုပ်မယ့် အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲလေးရဲ့ ခေါင်းစဥ်ကတော့- Introduction to the Diploma in Public Health Management in Crisis Settings ဖြစ်ပြီး နွေဦးတက္ကသိုလ်မှာ မကြာမီ ဖွင့်လှစ်သွားမယ့် ဒီပလိုမာအတွက် သိရှိထားသင့်သည်များကို ဝေမျှသွားမှာ ဖြစ်ပါတယ်။

ဦးဆောင်ဝေမျှ ဆွေးနွေးပေးသွားမယ့် Guest Speakers များကတော့ ပညာရပ်ပိုင်းမှာသာမက သင်ကြားရေးအတွေ့အကြုံများစွာ ရှိတဲ့ Public Helath Specialists များ ဖြစ်ပါတယ်။

ဒါ့ကြောင့် သင့်အနေနဲ့ “Public Health Management in Crisis Settings Diploma” ကို တက်ရောက်ဖို့ စိတ်ဝင်စားတယ်၊ ဖွင့်လှစ်မယ့် ဒီပလိုမာနှင့်ပတ်သက်ပြီး စုံစမ်းလိုတယ်၊ သိရှိလိုတဲ့ မေးခွန်းများလည်း ရှိတယ်ဆိုရင် အွန်လိုင်းဆွေးနွေးပွဲကို မဖြစ်မနေတက်ရောက်ဖို့ အကြံပြုပါရစေ။

ကျင်းပပြုလုပ်မည့်နေရက်- Feburary 24th, 2024

အချိန်- မြန်မာစံတော်ချိန် မနက် ၁၀:၀၀ နာရီမှ နေ့လယ် ၁၂:၀၀ နာရီထိ

ကျင်းပပြုလုပ်မည့် ပလက်ဖောင်း- Zoom

တက်ရောက်လိုသူများအနေဖြင့် အောက်ပါ လင့်ခ်မှတဆင့် စာရင်းပေးသွင်းဖို့ လိုအပ်ပါတယ် ခင်ဗျာ။

စာရင်းပေးသွင်းရန်လင့်ခ်- https://us06web.zoom.us/webinar/register/WN_ree-iIxxQg2e87aF-UlCMQ

မိမိအတွက်သာမက မိသားစု၊အသိုင်းအဝန်းနှင့် ပြည်သူတစ်ရပ်လုံးရဲ့ ကျန်းမာရေးကို တဖက်တလမ်းကူညီစောင့်ရှောက်သွားနိုင်ဖို့အတွက် အွန်လိုင်းဆွေးနွေးပွဲမှာ အားလုံးကို စောင့်မျှော်နေပါ့မယ်။


19/12/2023

School of Heath ရဲ့ Basic Data Management and Analysis using R course လေးကို စာရင်းပေးသွင်းပြီး တက်ရောက်လို့ရပါပြီ။တစ်ပတ်မှာ စနေ တနင်္ဂနွေ ၂ ရက် နှင့် စုစုပေါင်း ၃ ပတ်ပဲ ကြာမြင့်မှာပါ။

အားလုံးပဲ မင်္ဂလာပါ။

နွေဦးတက္ကသိုလ်ရဲ့ School of Health မှ Basic Data Management and Analysis using “R” ဆိုတဲ့ သင်တန်းလေးကို မကြာခင်မှာ ဖွင့်လှစ်သွားတော့မှာဖြစ်ပါတယ်။

သင်တန်းလေးမှာဆိုရင်တော့ အဓိကအားဖြင့် ဆေးပညာနယ်နဲ့ သက်ဆိုင်တဲ့ သုတေသနတွေ ပြုလုပ်ရာမှာ မဖြစ်မနေသိထားသင့်တဲ့ Data management နဲ့ analysis အတွက် statistical software (R) ကို အသုံးပြုပြီး လုပ်ဆောင်တဲ့နည်းလမ်းတွေကို သင်ကြားပေးသွားမှာဖြစ်ပါတယ်။

ဒီသင်တန်းလေးဟာဆိုရင်တော့ (၃) ပတ်ကြာမြင့်သွားမှာဖြစ်ပြီး ကျောင်းသားလူငယ်များအနေနဲ့ အချိန်ပေးပြီး တက်ရောက်လိုက်တာနဲ့

📌 သုတေသန လုပ်ဆောင်ရာမှာ Data management နဲ့ Analysis ပိုင်းတွေကို ဆောင်ရွက်ဖို့ အရေးပါတဲ့ Statistical software (R) ကို နားလည်ကျွမ်းကျင်စွာ အသုံးပြုသွားနိုင်မယ်။

📌 Data analysis အတွက်‌ သင့်တော်ကောင်းမွန်တဲ့ Statistical methods ကို ရွေးချယ်အသုံးပြုလာနိုင်မယ်။

📌 ဒါ့အပြင် ရလာတဲ့ Data outputs တွေကိုလည်း ကျွမ်းကျင်စွာ interpret လုပ်နိုင်သွားမှာ ဖြစ်ပါတယ်။

သင်တန်းလေးဟာဆိုရင်တော့ December 23 ရက်နေ့ က စတင်သွားမှာဖြစ်ပြီး မနက် (၁၀:၀၀) နာရီ မှ နေ့လယ်(၁၂း၀၀) နာရီ အထိ သင်ကြားသွားမှာဖြစ်ပါတယ်။

အဆိုပါ သင်တန်းလေးကို တော့ အသုံးများပြီး open source ဖြစ်သည့် R statistical software ကိုအသုံးပြုပြီး data analysis လုပ်ရာမှာ စိတ်ဝင်စားသူမည်သူမဆိုတက်ရောက်နိုင်ပြီး Statistics အခြေခံရှိထားသူများနှင့် လက်တွေ့ data analysis လုပ်နေရသူများ၊ Master and Doctoral ဘွဲ့လွန်သင်တန်းတက်ရောက်နေသူများအတွက်အထူးပဲ သင့်တော်ပါတယ် ။

သင်တန်းလေးကို စိတ်ဝင်စားလို့ တက်ရောက်ချင်တယ်ဆိုရင်တော့ အောက်ပါလင့်ခ်မှတဆင့် ဝင်ရောက်လျှောက်ထားနိုင်ပါတယ်။

https://ee-eu.kobotoolbox.org/single/35vNnfuZ?returnUrl=https://t.me/+FI7ss_rlvQYzMjll

Photos from Spring University Myanmar - SUM's post 22/07/2023

School of Heath ရဲ့ August intake course တွေကို တက်ရောက်အားပေးလို့ရပါပြီ။

08/06/2023

School of Heath က ဖွင့်လှစ်ပြီးသွားတဲ့ အတန်းတွေ ကို အားလုံးပဲ ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။

နောက်လာမယ့် intake တွေမှာလည်း စိတ်ဝင်စား အသုံးတည့်မယ့် course လေးတွေ ဖွင့်လှစ်သွားဖို့ရှိပါတယ်။

School of Heath ကို ဖွင့်စေချင်တဲ့ အတန်းမျိုး ရှိရင် အကြံပေးချင်တာတွေရှိရင်လည်း အားမနာတမ်းပြောကြပါဦးလို့။

School of Heath Team

Photos from Spring University Myanmar - SUM's post 03/06/2023

မိမိကြိုက်နှစ်သက်ရာ နိုင်ငံတကာအသိအမှတ်ပြု စာမေးပွဲကို ရွေးချယ်ပြင်ဆင်နိုင်မယ့် နွေဦးတက္ကသိုလ်ရဲ့ ဇွန်လတန်းခွဲများ

အားလုံးပဲ မင်္ဂလာပါ။ နွေဦးတက္ကသိုလ်ရဲ့ “Center for College Preparation” မှ တစ်ဖန်ပြန်လည် ကြိုဆိုလိုက်ပါတယ်။

ဇွန်လတန်းခွဲမှာတော့ နိုင်ငံတကာ အသိအမှတ်ပြု စာမေးပွဲတွေကို ပြင်ဆင်လိုသူတွေအတွက် -

✅ IELTS (Foundation & Preparation)
✅ TOEFL (Foundation)
✅ Duolingo
✅ GRE အတန်းများအပြင်

အနာဂတ်မှာ ပညာသင်ဆု အခွင့်အလမ်းများ လျှောက်ထားလိုသူတွေ၊ သုတေသနစာတမ်းအတွက် ယခုအချိန်တည်းက စတင်ပြင်ဆင်လိုသူများအတွက်

✅ Pre-College Preparation-PCP
✅ Graduate Studies Preparation-GSP
✅ Research Methodology အစရှိတဲ့တန်းခွဲများကို စုံလင်စွာ ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ကျောင်းသား/သူများအနေဖြင့် အမြန်ဆုံးစာရင်းပေးကာ မိမိစိတ်တိုင်းကျ တန်းခွဲများမှာ ရွေးချယ်တက်ရောက်နိုင်ပါကြောင်း သတင်းကောင်းပါးပါရစေ။

တန်းခွဲတစ်ခုချင်းစီအကြောင်း အသေးစိတ်အကြောင်းအရာများနှင့် အတန်းချိန်၊ နေ့ရက်များကို ဖော်ပြပါပုံများမှာ ရှင်းပြသွားမှာဖြစ်လို့ အတူတူကြည့်ရှုလိုက်ရအောင်။


Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00