Code Qtor

Code Qtor This is CODE QTOR, one of the good places for your precious children to learn basic coding.

Self-Study က ထိရောက်ရဲ့လား ❓တစ်ခွန်းတည်းနဲ့ ဖြေရမယ့် ဆိုရင် " ထိရောက်ပါတယ် " တကယ်တော့ Self-Study က ထိရောက်တယ် ဆိုတာထက်အမ...
23/01/2023

Self-Study က ထိရောက်ရဲ့လား ❓

တစ်ခွန်းတည်းနဲ့ ဖြေရမယ့် ဆိုရင် " ထိရောက်ပါတယ် "

တကယ်တော့ Self-Study က ထိရောက်တယ် ဆိုတာထက်အများကြီးပိုပါတယ်

မဖြစ်‌မနေလုပ်ရမယ့် အလေ့အကျင့်တစ်ခုပါ

ပညာရပ်တစ်ခုက ကိုယ်တိုင် လေ့လာတာမရှိပဲ တတ်မြောက်တယ် ဆိုတာ မဖြစ်နိုင်ပါဘူး

IT Fields တွေထဲမှာလည်း အဲ့အတိုင်းပါပဲ၊ Self-Study က မရှိမဖြစ် အစိတ်အပိုင်းတစ်ခုပါ 🎯

Google ကိုလည်း မဖြစ်မနေ အသွားအပြန်အမြဲလုပ်နေရတာပါ 🎯

သိချင်တာတွေ၊ လိုနေတဲ့အဖြေတွေလည်း မရမက ‌ရှာကိုရှာပါတယ် 🎯

ဆရာဖေမြင့်ရဲ့ ဘေဘီလုံမှ အချမ်းသာဆုံး ပုဂ္ဂိုလ် စာအုပ်မှာ ပြောထားသလိုပါပဲ

" ကိုယ်သိချင်တာကို ဘယ်မှာ ရှာရမလဲ သိဖို့က အကြီးပါတယ် "

ဘယ်သင်တန်းတွေမှာပဲ တက်တက် သိချင်တာတွေကို မေးပါ၊ ပြီးရင် ကိုယ်တိုင်လည်း မရမက ရှာ‌ဖွေပါ၊ Self-Study ကိုလည်း အကျင့်ဖြစ်အောင်လုပ်ပါ

တစ်ချိန်မှာ ပိုကောင်းတဲ့ရလဒ်တွေ အများကြီး ရလာမှာပါ

Code Qtor
Let's Go To Solve!

What is Programming Language?ကျနော်တို့ စကားပြောဖို့အတွက် ဘာသာစကားလိုအပ်သလို ကွန်ပျူတာနဲ့ ဆက်သွယ်ဖို့လည်း ဘာသာစကားတစ်ခု ...
10/01/2023

What is Programming Language?

ကျနော်တို့ စကားပြောဖို့အတွက် ဘာသာစကားလိုအပ်သလို ကွန်ပျူတာနဲ့ ဆက်သွယ်ဖို့လည်း ဘာသာစကားတစ်ခု ကျိန်းသေလိုပါတယ်

အဲ့လို ကွန်ပျူတာရော ကျနော်တို့ လူသားတွေရော နားလည်နိုင်မယ့် ဘာသာစကားကို Programming Language လို့ခေါ်ပါတယ် 🎯

ကွန်ပျူတာက Binary Code လို့ ခေါ်တဲ့ 0 ( Zero ) & 1 ( One ) နှစ်ခုကိုပဲ နားလည်ပါတယ်

ကျနော်တို့ ကျပြန်တော့ 0 တွေ 1 တွေကို နားလည်ဖို့ခက်ပါတယ်

ကျနော်တို့ နှစ်ဖက်လုံးနားလည်နိုင်ဖို့အတွက် Programming Language တွေက ကြားခံ ဆက်သွယ်ပေးပါတယ်

Programming Language တွင် Low-level Programming Language၊ Middle-level Programming Language နဲ့ High-level Programming Language ဆိုပြီးရှိပါတယ် 🎯

Programming Language တိုင်းက သူ့နေရာနှင့်သူ အရမ်းအသုံးဝင်ပါတယ်

ကျနော်တို့ Code Qtor မှာတော့ High-level Programming Language တစ်ခုဖြစ်တဲ့ C++ ( C Plus Plus ) ကို အဓိက သင်ကြား မျှဝေပေးမှာ‌ပါ

Code Qutor
Let's Go To Solve!

Zero Level Programming Online Class Batch 1 ဝင်ငွေကောင်းသော အသက်မွေးဝမ်းကြောင်းတစ်ခုရဲ့ ပထမဦးဆုံးခြေလှမ်းကို “ CODE QTOR...
03/01/2023

Zero Level Programming Online Class Batch 1

ဝင်ငွေကောင်းသော အသက်မွေးဝမ်းကြောင်းတစ်ခုရဲ့ ပထမဦးဆုံးခြေလှမ်းကို “ CODE QTOR “ ကနေ စတင်လို့ ရနေပါပြီ 🔥

ဒီ Class မှာ Programming Concepts အခြေခံများကို သိသင့် သိထိုက်တဲ့ Computer Science Knowledge များနှင့် အတူ သင်ကြားမျှဝေပေးသွားမှာ ဖြစ်ပါတယ် 🎯

အခြေခံ Class တစ်ခု ဖြစ်တဲ့ အတွက် နည်းပညာနှင့် Programming ကို အခုမှ သုည ကနေစလေ့လာမည့် အသက် ၁၂ နှစ် မှ ၁၈နှစ်ကြား ကလေးများ အတွက် အထူးသင့်တော်ပါတယ် 🎯

သေချာသင်ကြားပေးမည့် အတန်းဖြစ်တာကြောင့် စာသေချာလိုက်လုပ်ပေးဖို့တော့ လိုအပ်ပါမယ် ‼️

Course Outline
# # # # # # # # # # #

=> Basic Computer Science

Logic Gates
Binary
Storage Units နှင့် တစ်ခြား သင်ခန်းစာများ

=> Basic Programming

Programming ကို ဘာမှန်းသေချာ မသိသူများအတွက် အဆင်ပြေစေရန် Scratch 3.0 နှင့် programming ကို စတင် မိတ်ဆက်ပေးပြီး C++ ကို ကူးပြောင်းမှာဖြစ်ပါတယ်

=> Basic Data structures and Algorithms

အခြေခံကျပြီး အရေးကြီးသည့် Data Structures နှင့် Algorithms များကို ကလေးငယ်များ နားလည်စေရန် သင်ကြားပေးမှာဖြစ်ပါတယ်

=> Extra Lessons

သင်တန်းအကြောင်းအရာ
# # # # # # # # # # # # # # # #

သင်တန်းကြာမြင့်ချိန် => ၂ လခွဲ
သင်တန်းကြေး => ၆,၅၀၀၀ ကျပ်
သင်ကြားမည့်ရက် => တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ
စာသင်ချိန် => ည ၇ နာရီ မှ ၈ နာရီ ခွဲ

( Google Meet နှင့် Face to Face သင်ကြားပေးမှာပါ )

၃.၁.၂၀၂၃ မှစပြီး ၃၁.၁.၂၀၂၃ ထိ သင်တန်းအပ်လက်ခံသွားမှာဖြစ်ပါတယ်

လူဦးရေအကန့်အသတ်ရှိလို့ အမြန်သင်တန်းအပ်ထားဖို့တော့လိုပါတယ်

‼️ အရင်ဆုံးသင်တန်း အပ်တဲ့သင်တန်းသား ( ၃ ) ယောက်ကို သင်တန်းကြေး 100% Discount ပေးသွားပါမယ် ‼️

Code Qutor
Let's Go To Solve !

ဒါ C++ ( C plus plus ) C++ ကို Computer Science ဒါမှ မဟုတ် Programming ကို ရင်းနှီးတဲ့ လူတိုင်း ကြားဖူးကြပါလိမ့်မယ်ကိုယ်...
01/01/2023

ဒါ C++ ( C plus plus )

C++ ကို Computer Science ဒါမှ မဟုတ် Programming ကို ရင်းနှီးတဲ့ လူတိုင်း ကြားဖူးကြပါလိမ့်မယ်

ကိုယ်တိုင်လည်း လေ့လာဖူးကြပါလိမ့်မယ်

C++ ကိုယ်ယ်တိုင်ကလည်း Computer Science နယ်ပယ်မှာ သိပ်ကို အရေးပါ အရာရောက်ပါတယ်

Low-Level Memory Management လုပ်လို့ရတဲ့ High-Level Multipurpose Programming Language တစ်ခုဆိုလည်း မမှားဘူးဆိုရမယ် 🎯

C++ ကို စတင်ဖန်တီးခဲ့တဲ့ Bjarne Strostrup ကတော့ Development State မှာ C++ လို့ ခေါ်ဆိုခြင်းမရှိသေးပါဘူး

“ C with Classes “ လို့သာ ခေါ် ခဲ့တာပါ

Class ဆိုတဲ့ Concept က Object-Oriented Programming အတွက် အခြေခံကျတဲ့ Concept တစ်ခုပါ 🎯

နောက်ပိုင်း နာမည် အတည်တကျ ပေးမှသာ “ C++ ( C puls plus ) “ လို့ ခေါ် ဆိုခဲ့တာပါ

++ ဆိုတာက C language မှာ ကတည်းက ရှိခဲ့တဲ့ increment operator ပါ၊ အဓိပ္ပါယ်ကတော့ C ကို တစ်မျိုးပိုကောင်းအောင် လုပ်ထားတယ်ပေါ့

C++ က 1979 ခုနှစ် ကတည်းက C ရဲ့ Extension တစ်ခုအနေနဲ့ Bell Labs မှာ Develop လုပ်နေခဲ့ပေမယ့် 1998 ခုနှစ်မှသာ ISO/IEC 14882:1988 ဆိုပြီး Standardized လုပ်ခဲ့တာဖြစ်ပါတယ်

လက်ရှိမှာတော့ Development များစွာ ဖြစ်လာခဲ့ပြီး အရမ်းကို အရေးပါတဲ့ Programming Language တစ်ခု ဖြစ်နေပါပြီ

တစ်ဦးတည်း အမြင်အရတော့ Programming ကို စလေ့လာမယ်ဆိုရင် C လိုမျိုး Memeory Management လည်းရ၊ Class လိုမျိုး High-Level Feature တွေလည်းပါတဲ့ C++ ကနေစတာ အတော်ကောင်းတယ်လို့ လက်ခံထားပါတယ်

Code Qtor
Let’s Go To Solve!

ကလေးငယ်တွေအတွက် အကောင်းဆုံး စမှတ် 🪜ယခုနောက်ပိုင်းမှာ Scratch programming ကို လူတော်တော်များများ ရင်းနှီးနေကြပါပြီScratch...
28/12/2022

ကလေးငယ်တွေအတွက် အကောင်းဆုံး စမှတ် 🪜

ယခုနောက်ပိုင်းမှာ Scratch programming ကို လူတော်တော်များများ ရင်းနှီးနေကြပါပြီ

Scratch ဆိုတာက အသက် ၈ နှစ်မှ ၁၆ နှစ်ကြား ကလေးငယ်တွေအတွက် အဓိက ရည်ရွယ်ပြီး ထုတ်ထားတဲ့ HIGH-LEVEL BLOCK-BASED Programming Language တစ်ခုပါ 🎯

Drag and Drop ပုံစံမျိုး အသုံးပြုလို့ရတဲ့ အတွက် အလွယ်တစ်ကူ အသုံးပြုနိုင်ပါတယ်

Scratch ရဲ့ ကို သဘောအကျဆုံးအချက်ကတော့ ကလေးငယ်တွေရဲ့ Creativity ကို Boost လုပ်ပေးနိုင်တာပဲ ဖြစ်ပါတယ် 🎯

Game တွေ၊ Story တွေကို ကလေးငယ်များ ကိုယ်တိုင် အလွယ်တစ်ကူ ရေးဆွဲနိုင်ပါတဲ့အပြင် Online Resources တွေလည်း အများကြီးရှိပါတယ်

Scratch ကထုတ်တဲ့ ၂၀၂၂ စစ်တန်းအရ Project ပေါင်း ၁၀၄ သန်းကျော်ကို အသုံးပြုသူပေါင်း သန်း ၉၀ ကျော်က ဝေမျှ သုံးဆွဲခဲ့ပြီးပါပြီ ‼️

တစ်ဆက်တည်း Scratch မှာ Elements သို့မဟုတ် Blocks ဘယ်နှခုရှိလဲဆိုတာ ပြောပြသွားပေးပါမယ်

Scratch Blocks
# # # # # # # # # # #
1. Motion
2. Looks
3. Sounds
4. Events
5. Control
6. Sensing
7. Operators
8. Variables
9. My Blocks
10. Extensions

ကလေးငယ်များ က အဲ့ Blocks တွေကို အသုံးပြုပြီး အရုပ်ဆက်ရသလိုမျိုး Games တို့၊ Stories တို့ကို တည်ဆောက်ရပါတယ်

ဒါတွေကတော့ Scratch ဆိုတာဘာလဲ ဆိုတဲ့ မေးခွန်းကို အကျဉ်းချုပ်ဖော်ပြောပြပေးသွားတာပဲဖြစ်ပါတယ် ။ ။ ။

Code Qtor
Let's Go To Solve!

Hello အားလုံးပဲ မင်္ဂလာပါ ဗျ . . ." CODE QTOR " ကနေ ကြိုဆိုလိုက်ပါတယ် 🤗Code Qtor သည် လူကြီးမိဘများ၏ သားငယ် သမီးငယ်များ အ...
23/12/2022

Hello အားလုံးပဲ မင်္ဂလာပါ ဗျ . . .

" CODE QTOR " ကနေ ကြိုဆိုလိုက်ပါတယ် 🤗

Code Qtor သည် လူကြီးမိဘများ၏ သားငယ် သမီးငယ်များ အတွက် programming အခြေခံကောင်းများ ထောက်ပံ့ပေးနိုင်ရန် အဓိက ရည်ရွယ်ပြီး သင်တန်းများ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ် 🎯

ထို့အပြင် ဝင်ငွေကောင်းမွန်သော နည်းပညာ အခြေပြုလုပ်ငန်းများအတွက် အရေးကြီးသည့် Logical Thinking ရရှိနိုင်ရန်လည်း Course များကို ဒီဇိုင်း ရေးဆွဲ ပို့ချသွားပါဦးမယ် 🎯

Code Qtor မှ ဖွင့်လှစ်မည့် ထိပ်ဆုံး Class ကိုလည်း မကြာခင် ကြေညာပေးသွားပါမယ် ‼️

Code Qutor
Let's Go To Solve !

Address

Yangon

Telephone

+959790383481

Website

Alerts

Be the first to know and let us send you an email when Code Qtor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share