Math Magic with Mya

Math Magic with Mya Our primary and secondary math tutoring ensures students' success. Trust us to guide you and 🎉👏🏼🎉

‎​📐 Maths Magic with Mya(Online Class & Campus )‎​Instructor: Tr. Mya‎​Academic Excellence & Qualifications:‎​B.E (EP) –...
10/02/2026

‎​📐 Maths Magic with Mya(Online Class & Campus )

‎​Instructor: Tr. Mya

‎​Academic Excellence & Qualifications:
‎​B.E (EP) – Bachelor of Engineering
‎​PGDE (Attending) – Post Graduate Diploma in Education (Yangon University of Education)
‎​Dip in Teaching Methodology & Pedagogy (GSLC)
‎​Dip in International Relation(Yangon University)
‎​Dip in Project Management (ICM, UK)
‎​Teaching Specialization

‎​"၁၀ နှစ်ကျော် သင်ကြားရေး အတွေ့အကြုံဖြင့် သားသားမီးမီးတို့ရဲ့ သင်္ချာစွမ်းရည်ကို မြှင့်တင်ပေးနေပါပြီ"

✅‎​Curriculums: Cambridge | Singapore | Pearson | AEIS Mathematics
‎​Levels: KG to Secondary 2 (Grade 8)

✅‎​Classes Available: * ☀️ Summer Class (နွေရာသီ အထူးတန်း)
‎​📚 Regular Class (ပုံမှန်တန်း)

❓❓❓‎​Why Choose Maths Magic With Mya?

✅‎​စနစ်တကျ သင်ကြားမှုနည်းစနစ် (Pedagogy) ကို အခြေခံခြင်း။
✅‎​Project Management နည်းနာများဖြင့် ကလေးများ၏ စဉ်းစားတွေးခေါ်မှုကို စနစ်တကျ လေ့ကျင့်ပေးခြင်း။
✅‎​သင်္ချာဘာသာရပ်ကို ပျော်ရွှင်စွာ သင်ယူနိုင်မည့် Magic နည်းလမ်းများဖြင့် သင်ကြားပေးခြင်း။

‎​Contact Information
‎​📞 Phone/Viber: 09 4200 15310
‎​🔵 page: Maths Magic with Mya



နွေရာသီဆိုတာ ကလေးတွေအတွက် အနားယူချိန်သာမကသင်ယူထားတဲ့ အရာတွေကို မမေ့သွားအောင်ထိန်းသိမ်းပေးရမယ့်အရေးကြီးတဲ့ အချိန်ကာလတစ်ခု...
09/02/2026

နွေရာသီဆိုတာ ကလေးတွေအတွက် အနားယူချိန်သာမကသင်ယူထားတဲ့ အရာတွေကို မမေ့သွားအောင်ထိန်းသိမ်းပေးရမယ့်အရေးကြီးတဲ့ အချိန်ကာလတစ်ခုပါ။

ဒီအချိန်ကို ဘာမှမလုပ်ဘဲ ဖြတ်သန်းသွားမယ်ဆိုရင်
ကျောင်းပြန်ဖွင့်ချိန်မှာ စာသင်ခန်းကို ပြန်လိုက်ရတာ
ကလေးတွေအတွက် ခက်ခဲလာနိုင်ပါတယ်။

နွေရာသီကာလမှာ ကလေးတွေကို စာအလွန်အကျွံ လေ့လာခိုင်းစရာမလိုပါဘူး။
အရေးကြီးတာကတော့နေ့စဉ် အနည်းငယ်နည်းနည်းနဲ့
အတွေးအခေါ်ကို ဆက်လက် အသုံးချနေစေခြင်းပါ။

ဥပမာအားဖြင့်

ကစားရင်း သင်္ချာလေ့ကျင့်ခြင်း၊စာဖတ်ခြင်းအလေ့အကျင့်ကို မပြတ်စေခြင်း၊ပတ်ဝန်းကျင်ကို ကြည့်ရှုလေ့လာစေခြင်းတို့ပါ။

သင်္ချာကို နွေရာသီမှာ သင်ကြားတဲ့အခါ
တွက်ချက်မှုပဲ မဟုတ်ဘဲPuzzle၊ Pattern၊ နေ့စဉ်ဘဝနဲ့ ဆက်စပ်တဲ့ ပြဿနာများကိုစဉ်းစားခိုင်းပေးခြင်းကလေးတွေရဲ့ စဉ်းစားနိုင်စွမ်းကို ပိုမိုတိုးတက်စေပါတယ်။

အင်္ဂလိပ်စာအတွက်တော့နေ့စဉ် စာဖတ်စေခြင်းနဲ့
စကားလုံးအသစ် အနည်းငယ်သာ လေ့လာစေဖို့လုံလောက်ပါတယ်။

ထို့အပြင် သိပ္ပံနဲ့ သဘာဝကို လေ့လာစေခြင်းကကလေးတွေရဲ့ စူးစမ်းလိုစိတ်ကို တိုးစေပြီး“ဘာကြောင့်လဲ” ဆိုတဲ့ မေးခွန်းကိုကိုယ်တိုင် စဉ်းစားတတ်လာစေပါတယ်။

ကိုယ်လက်လှုပ်ရှားမှုများကိုလည်းနေ့စဉ် မပြတ် ပါဝင်စေခြင်းကစိတ်ပိုင်းဆိုင်ရာနဲ့ ကိုယ်ခန္ဓာကျန်းမာ‌ေရးအတွက်အရေးကြီးပါတယ်။

နွေရာသီကို အပျော်တည်းဟူ၍ မကြည့်ဘဲအနည်းငယ် စနစ်တကျ စီမံပေးနိုင်မယ်ဆိုရင်ကလေးတွေ ကျောင်းပြန်ဖွင့်ချိန်မှာစာကို ကြောက်ရွံ့ခြင်းမရှိဘဲယုံကြည်မှုအပြည့်နဲ့ သင်ခန်းစာတွေကိုလက်ခံနိုင်လာပါလိမ့်မယ်။

— Maths Majic with Myaမှာ
ကလေးရဲ့ အနာဂတ်အတွက်အခြေခံကောင်းကောင်း တည်ဆောက်ပေးပါသည် 📚🌱။



ဒီတခါတော့    Section မှာ  – ကလေးတွေ Maths မှာ အမှားများတတ်တဲ့ “မေးခွန်းဖတ်နည်း” လေးအကြောင်းကို ဝေမျှပေးချင်ပါတယ်။‎‎👩‍🏫✨ ...
02/02/2026

ဒီတခါတော့ Section မှာ – ကလေးတွေ Maths မှာ အမှားများတတ်တဲ့ “မေးခွန်းဖတ်နည်း” လေးအကြောင်းကို ဝေမျှပေးချင်ပါတယ်။
‎
‎👩‍🏫✨ ကျွန်မ သင်ကြားလာတဲ့ နှစ်များအတွင်း တွေ့ရတဲ့ အကြီးမားဆုံး ပြဿနာတစ်ခုက ✨👩‍🏫
‎
‎Primary ကလေးအများစု Maths မှာ

‎❌ ဉာဏ်မကောင်းလို့ မဟုတ်ပါဘူး
‎❌ စာမတတ်လို့ မဟုတ်ပါဘူး
‎❌ နည်းလမ်းမသိလို့လည်း မဟုတ်ပါဘူး
‎
‎👉 အမှန်တကယ် အမှားအများဆုံး ဖြစ်စေတဲ့ အကြောင်းရင်းက။

‎“မေးခွန်းကို မှန်ကန်အောင် မဖတ်တတ်သေးခြင်း” ဖြစ်ပါတယ်။
‎
‎ဒီအချက်ကို ကျွန်မ classroom ထဲမှာ နေ့တိုင်းနီးပါး တွေ့ရပါတယ်။
‎
‎🔍 ကလေးတွေ မေးခွန်းဖတ်ရာမှာ မကြာခဏ မှားတတ်တဲ့ အကြောင်းများကတော့

‎❌(1) မေးခွန်းကို တစ်ကြိမ်သာဖတ်၍ ဖြေဆိုခြင်း။
‎
‎ကလေးအများစုက
‎👉 Question ကို တစ်ခါဖတ်ပြီး
‎👉 တွေ့တဲ့နံပါတ်တွေကို ချက်ချင်းတွက်လိုက်ပါတယ်။
‎
‎📌 နံပါတ်တွေကို တွေ့ရုံနဲ့ ပေါင်း / နုတ် လုပ်လိုက်တာ
‎ဒါကြောင့်
‎➡️ Question ရဲ့ အဓိပ္ပါယ်ကို မနားလည်ဘဲ
‎➡️ Operation ကို မှားသွားတတ်ပါတယ်။
‎
‎❌ (2) Keyword များကို သတိမထားမိခြင်း။
‎
‎Primary Maths questions တွေမှာ
‎Keyword တစ်လုံးတည်းပဲ မှားဖတ်ရင် အဖြေတစ်ခုလုံး မှားသွားနိုင်ပါတယ်
‎
‎ဥပမာ –
‎
‎Altogether / Total → ပေါင်း (+)
‎
‎Left / Remaining → နုတ် (−)
‎
‎More than → ပေါင်း
‎
‎Less than → နုတ်
‎
‎👉 ဒါပေမယ့် ကလေးတွေက
‎Keyword ကို မကြည့်ဘဲ
‎နံပါတ်ကိုပဲ ကြည့်ပြီး ဖြေတတ်ကြပါတယ်။
‎
‎❌ (3) Question ကို ကိုယ့်ဘာသာဖြင့် ပြန်ဆိုရန် မအောင်မြင်ခြင်း။
‎
‎ကျွန်မ မေးရင်
‎👉 “ဒီမေးခွန်းက ဘာမေးတာလဲ?”
‎လို့ မေးလိုက်ရင်
‎
‎ကလေးအများစု
‎❌ ပြန်မပြောနိုင်
‎❌ ပြန်ပြောရင်လည်း မှားပြောတတ်ပါတယ်။
‎
‎📌 ဒါဟာ
‎👉 Question ကို နားမလည်သေးကြောင်း ပြသတဲ့ အချက်ပါ။
‎
‎✅ ကျွန်မ Classroom ထဲမှာ သင်ပေးတဲ့ “မေးခွန်းဖတ်နည်း ၄ ဆင့်”

‎🟢 Step 1 – Question ကို နှေးနှေး ဖတ်ပါ (၂ ခါ)
‎
‎ပထမအကြိမ် – နားလည်ဖို့
‎ဒုတိယအကြိမ် – အချက်အလက်တွေ ရှာဖို့
‎
‎🟢 Step 2 – Keyword ကို ဝိုင်းပါ / အောက်မှာမှတ်ပါ
‎
‎Left, total, more, less, altogether

‎👉 ဒီစကားလုံးတွေက
‎ဘယ် operation သုံးရမလဲ ဆိုတာ ပြောနေပါတယ်။
‎
‎🟢 Step 3 – Question ကို ကိုယ့်စကားနဲ့ ပြန်ပြောပါ
‎
‎ဥပမာ –
‎“ဒီမေးခွန်းက ပေါင်းခိုင်းတာလား? နုတ်ခိုင်းတာလား?”
‎ကိုယ်တိုင် ပြန်ပြောနိုင်ရင်

‎👉 နားလည်ပြီးသား ဖြစ်ပါတယ် ✅
‎
‎🟢 Step 4 – နောက်ဆုံးမှသာ တွက်ပါ
‎
‎နားလည်ပြီးမှ တွက်ရင်

‎✔️ Operation မမှားတော့
‎✔️ Working မမှားတော့
‎✔️ Exam မှာ အမှတ်မဆုံးရှုံးတော့ပါဘူး
‎
‎🌱 မိဘများ အတွက် အရေးကြီးတဲ့ အချက်။
‎
‎ကလေး Maths မှာ အမှတ်ကျနေတာက
‎❌ မကြိုးစားလို့ မဟုတ်ပါဘူး။
‎
‎👉 မေးခွန်းဖတ်နည်းကို စနစ်တကျ မသင်ပေးရသေးတာ ဖြစ်ပါတယ်။
‎
‎Primary အဆင့်မှာ
‎📌 Question reading skill က
‎📌 Maths foundation ထက်တောင် ပိုအရေးကြီးပါတယ်
‎
‎📘 Maths Magic with Mya မှာ
‎👧🧒 Primary students တွေအတွက်
‎✨ Question reading skills
‎✨ Concept-based Maths
‎✨ Exam-focused practice
‎✨ Individual attention
‎နဲ့ သင်ကြားပေးနေပါတယ်။
‎
‎📩 Parent များအနေနဲ့ ‎ကလေးရဲ့ Maths အမှားတွေကို ‎အမြစ်ကနေ ပြင်ချင်ရင် ‎Message us now or Viber 📲 09420015310.








📘  (Teacher Experience Sharing – ကလေးတွေ Maths မှာ အမှားများတတ်တဲ့ “မေးခွန်းဖတ်နည်း”)👩‍🏫✨ ကျွန်မ သင်ကြားလာတဲ့ နှစ်များအတ...
27/01/2026

📘
(Teacher Experience Sharing – ကလေးတွေ Maths မှာ အမှားများတတ်တဲ့ “မေးခွန်းဖတ်နည်း”)

👩‍🏫✨ ကျွန်မ သင်ကြားလာတဲ့ နှစ်များအတွင်း တွေ့ရတဲ့ အကြီးမားဆုံး ပြဿနာတစ်ခု ✨👩‍🏫

Primary ကလေးအများစု Maths မှာ

❌ ဉာဏ်မကောင်းလို့ မဟုတ်ပါဘူး
❌ စာမတတ်လို့ မဟုတ်ပါဘူး
❌ နည်းလမ်းမသိလို့လည်း မဟုတ်ပါဘူး

👉 အမှန်တကယ် အမှားအများဆုံး ဖြစ်စေတဲ့ အကြောင်းရင်းက
“မေးခွန်းကို မှန်ကန်အောင် မဖတ်တတ်သေးခြင်း” ဖြစ်ပါတယ်။

ဒီအချက်ကို ကျွန်မ classroom ထဲမှာ နေ့တိုင်းနီးပါး တွေ့ရပါတယ်။

🔍 ကလေးတွေ မေးခွန်းဖတ်ရာမှာ မကြာခဏ မှားတတ်တဲ့ အကြောင်းများ။

❌ (1) မေးခွန်းကို တစ်ခါတည်းဖတ်ပြီး ဖြေလိုက်ခြင်း

ကလေးအများစုက
👉 Question ကို တစ်ခါဖတ်ပြီး
👉 တွေ့တဲ့နံပါတ်တွေကို ချက်ချင်းတွက်လိုက်ပါတယ်။

📌 နံပါတ်တွေကို တွေ့ရုံနဲ့ ပေါင်း / နုတ် လုပ်လိုက်တာ
ဒါကြောင့်
➡️ Question ရဲ့ အဓိပ္ပါယ်ကို မနားလည်ဘဲ
➡️ Operation ကို မှားသွားတတ်ပါတယ်။

❌ (2) Keyword တွေကို သတိမထားမိခြင်း

Primary Maths questions တွေမှာKeyword တစ်လုံးတည်းပဲ မှားဖတ်ရင် အဖြေတစ်ခုလုံး မှားသွားနိုင်ပါတယ်။

ဥပမာ –

Altogether / Total → ပေါင်း (+)

Left / Remaining → နုတ် (−)

More than → ပေါင်း

Less than → နုတ်

👉 ဒါပေမယ့် ကလေးတွေကKeyword ကို မကြည့်ဘဲ နံပါတ်ကိုပဲ ကြည့်ပြီး ဖြေတတ်ကြပါတယ်။

❌ (3) Question ကို ကိုယ့်စကားနဲ့ ပြန်မပြောနိုင်ခြင်း

ကျွန်မ မေးရင်

👉 “ဒီမေးခွန်းက ဘာမေးတာလဲ?”လို့ မေးလိုက်ရင်

ကလေးအများစု
❌ ပြန်မပြောနိုင်
❌ ပြန်ပြောရင်လည်း မှားပြောတတ်ပါတယ်

📌 ဒါဟာ
👉 Question ကို နားမလည်သေးကြောင်း ပြသတဲ့ အချက်ပါ။

✅ ကျွန်မ Classroom ထဲမှာ သင်ပေးတဲ့ “မေးခွန်းဖတ်နည်း ၄ ဆင့်”

🟢 Step 1 – Question ကို နှေးနှေး ဖတ်ပါ (၂ ခါ)

ပထမအကြိမ် – နားလည်ဖို့
ဒုတိယအကြိမ် – အချက်အလက်တွေ ရှာဖို့

🟢 Step 2 – Keyword ကို ဝိုင်းပါ / မျဉ်းသားမှတ်ပါ

Left, total, more, less, altogether
👉 ဒီစကားလုံးတွေက
ဘယ် operation သုံးရမလဲ ဆိုတာ ပြောနေပါတယ်။

🟢 Step 3 – Question ကို ကိုယ့်စကားနဲ့ ပြန်ပြောပါ

ဥပမာ –
“ဒီမေးခွန်းက ပေါင်းခိုင်းတာလား? နုတ်ခိုင်းတာလား?”
ကိုယ်တိုင် ပြန်ပြောနိုင်ရင်
👉 နားလည်ပြီးသား ဖြစ်ပါတယ် ✅

🟢 Step 4 – နောက်ဆုံးမှသာ တွက်ပါ

နားလည်ပြီးမှ တွက်ရင်
✔️ Operation မမှားတော့
✔️ Working မမှားတော့
✔️ Exam မှာ အမှတ်မဆုံးရှုံးတော့ပါဘူး။

🌱 Parent များအတွက် အရေးကြီးတဲ့ အချက်

ကလေး Maths မှာ အမှတ်ကျနေတာက
❌ မကြိုးစားလို့ မဟုတ်ပါဘူး။

👉 မေးခွန်းဖတ်နည်းကို စနစ်တကျ မသင်ပေးရသေးတာ ဖြစ်ပါတယ်။

Primary အဆင့်မှာ
📌 Question reading skill က
📌 Maths foundation ထက်တောင် ပိုအရေးကြီးပါတယ်။

📘 Maths Magic with Mya မှာ
👧🧒 Primary students တွေအတွက်
✨ Question reading skills
✨ Concept-based Maths
✨ Exam-focused practice
✨ Individual attention
နဲ့ သင်ကြားပေးနေပါတယ်။

📩 Parent များအနေနဲ့
ကလေးရဲ့ Maths အမှားတွေကို
အမြစ်ကနေ ပြင်ချင်ရင်
Message us now 📲။
09420015310.





🌈 Maths Knowledge Sharing Post (Primary Students)🎒Maths ကို ပျော်ပျော်ရွှင်ရွှင် သင်ယူကြရအောင်! 🎒Primary ကလေးတွေ Maths က...
27/01/2026

🌈 Maths Knowledge Sharing Post (Primary Students)

🎒Maths ကို ပျော်ပျော်ရွှင်ရွှင် သင်ယူကြရအောင်! 🎒

Primary ကလေးတွေ Maths ကို
❌ ကြောက်ရတာ
❌ မှတ်သားရတာ
❌ ရှုပ်ထွေးတယ်လို့ ထင်ကြတာ များပါတယ် 😔

ဒါပေမယ့်…
💡 နားလည်အောင် သင်ယူရင် Maths က Fun ဖြစ်လာပါတယ် 😄🧠

🔢 ဒီနေ့ရဲ့ Maths Knowledge

Subtraction (နုတ်ခြင်း) ကို ပုံနဲ့ နားလည်ကြရအောင်

👉 ဥပမာ
🍬🍬🍬🍬🍬 (5 sweets)– 🍬🍬 (2 sweets)

= 🍬🍬🍬 (3 sweets)

📌 5 – 2 = 3 ✅

🌱 Learning Tip for Kids

✔️ ပုံတွေ
✔️ ပစ္စည်းတွေ
✔️ လက်တွေ့အရာတွေ
နဲ့ သင်ရင်

👉 ကလေးတွေ Maths ကို မကြောက်တော့ပါဘူး
👉 Concept နားလည်တယ်
👉 Confidence တက်တယ် 💪

📘 Maths Magic with Mya မှာ
👧🧒 Primary students တွေအတွက်
✨ Concept-based Maths
✨ Mathematical Grammar
✨ Fun learning method
✨ Online & Campus Classes
နဲ့ သင်ကြားပေးနေပါတယ် 💛

📩 Parent များအနေနဲ့
ကလေးရဲ့ Maths foundation ကို အစကနေမှန်အောင် တည်ဆောက်ချင်ရင်
Message us now 📲
09-420015310.




‎📘  ‎‎ကျွန်မ Maths ဆရာမအနေနဲ့ ကလေးတွေကို သင်ကြားလာတာ နှစ်များကြာပါပြီ။‎အဲဒီအတွင်းမှာ မကြာခဏ ကြားရတဲ့ စကားတစ်ခုပဲရှိပါတယ်...
26/01/2026

‎📘
‎
‎ကျွန်မ Maths ဆရာမအနေနဲ့ ကလေးတွေကို သင်ကြားလာတာ နှစ်များကြာပါပြီ။
‎အဲဒီအတွင်းမှာ မကြာခဏ ကြားရတဲ့ စကားတစ်ခုပဲရှိပါတယ်။
‎
‎🗣️
‎“ကျွန်မကလေး Maths တွက်တတ်ပေမယ့်
‎Exam မှာ word problem ဆိုရင် အမှတ်မရဘူး”
‎
‎ဒီပြဿနာကအစိုးရကျောင်းတက်တဲ့ ကလေးတွေမှာလည်း တွေ့ရသလို Private / International ကျောင်းတက်တဲ့ ကလေးတွေမှာလည်း အများကြီး တွေ့ရပါတယ်။
‎
‎အကြောင်းရင်းက
‎❌ ကလေး မတတ်လို့ မဟုတ်ပါဘူး။
‎❌ စိတ်မဝင်စားလို့ မဟုတ်ပါဘူး။
‎
‎👉 Maths language (Mathematical Grammar) ကို နားမလည်လို့ ဖြစ်တာပါ။
‎
‎ကျွန်မရဲ့ teaching experience အရ ကလေးအများစုဟာ။
‎
‎✔️ Formula မှတ်နိုင်တယ်
‎✔️ Example လိုက်လုပ်နိုင်တယ်
‎
‎ဒါပေမယ့်
‎📄 Question paper ထဲက
‎“more than, less than, remaining, total, each, altogether”
‎လို စကားလုံးတွေကို
‎👉 Maths meaning အနေနဲ့ နားမလည်နိုင်ကြဘူး။
‎
‎ဒီလိုဖြစ်တဲ့အခါ
‎🔹 ဘာကို မေးထားလဲ မခွဲတတ်
‎🔹 ဘယ် operation သုံးရမလဲ မသိ
‎🔹 စာမေးပွဲမှာ အချိန်ကုန်
‎🔹 Maths ကို ကြောက်စိတ် ဖြစ်လာ
‎
‎ဒီနေရာမှာ Mathematical Grammar က အရမ်းအရေးကြီးပါတယ်။
‎
‎📌 Mathematical Grammar ဆိုတာ
‎Maths ကို “တွက်တာ” မဟုတ်ဘဲ
‎👉 ဖတ် → နားလည် → စဉ်းစား → ဖြေ တတ်အောင် သင်ပေးတာပါ။
‎
‎ကျွန်မ သင်ကြားတဲ့ အတန်းတွေမှာ
‎✨ Word problem ကို စာကြမ်းခွဲနည်း
‎✨ Question ထဲက keyword ဖတ်ထုတ်နည်း
‎✨ Thinking steps ကို ကိုယ်တိုင် စဉ်းစားတတ်အောင်
‎✨ Formula ကို အကြောင်းအရင်းနဲ့ သုံးတတ်အောင်
‎အလေးထားပြီး သင်ပေးပါတယ်။
‎
‎အတွေ့အကြုံအရ
‎Mathematical Grammar ကို နားလည်လာတဲ့ ကလေးတွေက
‎🌱 Maths ကို မကြောက်တော့ဘူး
‎🌱 Question ကို ကိုယ်တိုင် ဖတ်ခွဲတတ်လာတယ်
‎🌱 Exam result ပိုကောင်းလာတယ်
‎🌱 Confidence တက်လာတယ်
‎
‎Maths အောင်မြင်ဖို့ဆိုတာ
‎အချိန်တိုင်း အချိနိပြည့် သင်ရတာ မဟုတ်ပါဘူး။
‎
‎👉 အခြေခံကို မှန်မှန်ကန်ကန် သင်ပေးနိုင်ရင် လုံလောက်ပါတယ်။
‎
‎ကလေးရဲ့ Maths foundation ကို
‎အခုကတည်းက မှန်အောင် တည်ဆောက်ပေးလိုက်ရင်
‎နောက်အဆင့်တွေမှာ အရမ်းလွယ်သွားပါလိမ့်မယ် 💡
‎
‎—
‎✍️ Maths Teacher Experience Sharing
‎📘 Maths Magic with Mya

  ဘာကြောင့် အရေးကြီးလဲ?🧮   ဆိုတာ ဘာလဲ?Mathematical Grammar ဆိုတာက ဂဏန်းနဲ့ သင်္ကေတတို့ရဲ့ ဘာသာစကား ပါ။အင်္ဂလိပ်စာမှာ gra...
25/01/2026

ဘာကြောင့် အရေးကြီးလဲ?

🧮 ဆိုတာ ဘာလဲ?
Mathematical Grammar ဆိုတာက ဂဏန်းနဲ့ သင်္ကေတတို့ရဲ့ ဘာသာစကား ပါ။
အင်္ဂလိပ်စာမှာ grammar သည် စာရေးနဲ့ စကားပြောကို မှန်မှန်နားလည်အောင်ကူညီသလို၊ Mathematical Grammar ကလည်း ကလေးတွေကို Maths ကိုမှန်မှန်နားလည်အောင်၊ စာရေးအရည်အချင်း တိုးတက်အောင်ကူညီပါတယ်။

✨ အရေးကြီးချက်များ

✅Maths Concepts ကိုရှင်းလင်းနားလည်စေခြင်း။

✅ကလေးတွေ ပြဿနာတွေကိုမှန်မှန်ဖြေရှင်းနိုင်ခြင်း။

✅ပေါင်းခြင်း၊ နုတ်ခြင်း၊ မြောက်မြားခြင်း၊ နေရာစားခြင်း စသည်မှာရှုပ်ထွေးမှု လျော့နည်းစေခြင်း။

✅Word Problem များအောင်မြင်စေခြင်း။

ကလေးများ Word Problems ခက်နေမှု ရှိတာအဓိကက number sentences ကိုမနားလည်တာဖြစ်ပါတယ်။



1. သင်ယူခြင်းဖြင့် စကားလုံးတွေကို သင်္ကေတနဲ့ ညီညွတ်စွာ ပြောင်းနိုင်စေခြင်း။

2. တိုးတက်စေခြင်း

3.ကလေးတွေ ပြဿနာကို အဆင့်ဆင့်စဉ်းစားတတ်စေခြင်း။

4. နဲ့ တိုးတက်စေခြင်း။

5.ကျောင်းစာမေးပွဲမှာအောင်မြင်စေခြင်း။

6. ကိုနားလည်ထားတဲ့ ကလေးတွေ စာမေးပွဲမှာ အမှန်တကယ် score အများဆုံးရနိုင်ခြင်း။

7.အဆင့်မြင့် Maths အတွက် အခြေခံ
Fractions, Decimals, Algebra, Geometry စသည့် advanced Maths များကို လွယ်ကူစွာ သင်ယူနိုင်အောင် အခြေခံထားပေးခြင်း။

💡 ဆိုတာ ဂဏန်းသို့မဟုတ် သင်္ကေတအကြောင်းပဲ မဟုတ်ပါဘူး။
ကလေးတွေ Mathsကို ယုံကြည်မှုရှိစွာ နားလည်ရေး၊ဖြေရှင်းရေး၊မှန်မှန် နားလည် သဘောပေါက်ပြီး communication လုပ်၊ ပျော်စရာအဖြစ် သင်ယူနိုင်ဖို့ အရေးကြီးတဲ့ ဘာသာစကားပါ။

အခုကလေးအများစု word problem အားနည်းတယ်၊ပုစ္စာတွေကို နှစ်ဆင့်သုံးဆင့် မရဘူး၊မေးခွန်းကို interpret မလုပ်တတ်ဘူး၊unseen မေးခွန်းကြောက်တယ် ၊မေးခွန်းစာများရင် မဖတ်တတ်ဘူး ဒါတွေအားလုံးဟာ ငယ်စဉ်တည်းက mathematical grammar မရခဲ့လို့ပါ။

အထူးသဖြင့် government school and private school ကလေးတွေ IS curriculum အကူးကို မလိုက်နိုင်တာ ဒါကြောင့်ပါ။

ဒါကြောင့် lesson plan and curriculum ကို organized လုပ်ပြီး ၊English Tr က နှစ်ရက် ၊ကျွန်မက တစ်ရက် ၊တစ်ပတ်သုံးရက် ၊တစ်ရက် တစ်နာရီစီ သင်သွားမှာပါ။

🌞🌞🌞Summer Class (March to May) ပါ။
📝Online or On Campus အဆင်ပြေရာ join လို့ရပါတယ် ။

🧑‍🎓👩‍💻👩‍🎓👨‍💻👨‍🎓ကျောင်းသားအများစု အားရက် အချိန် ညှိပေးပါမယ်။
Waiting List ပေးလို့ရပါပြီ။
Viber 09420015310
💲💲💲💰💰💰Fees 250000 for course ပါ။

bird 5 ယောက်ကတော့ 200000 နှင့်ရပါမယ်။

❤️❤️❤️အသက်အရွယ် 6 to 9 years.
Year 3,4
Grade 3,4
လောက်အထိ join လို့ရပါတယ်။

အသေးစိတ် lesson plan ကို နောက်ပို့စ်မှာ ရေးပေးပါပါမယ် ။






      🌞 Summer Class for Cambridge year 7 Curriculum Online ClassTime 1.30 to 3.00 pmDate Thursday and Friday Starting D...
21/01/2026





🌞 Summer Class for Cambridge year 7 Curriculum Online Class

Time 1.30 to 3.00 pm
Date Thursday and Friday
Starting Date 3rd March 2026 to 29th May 2026
Platform. Zoom
Fees .360000 ks
Class size .7 students
Language .Hybrid

Year 6 တုန်းက စာမကြေခဲ့တာ မရတာတွေ ပြန်ရှင်းပြရင်း Yr 7 တစ်အုပ်လုံးမပြီးနိုင်ပေမဲ့ အရေးကြီးတဲ့ concept တွေ ၊Topic တွေ ရွေးထုတ်သင်ပေးသွားမှာပါ။သင်ယူတတ်မြောက်မှာကိုလည်း May လကုန်ခါနီး Assessment စစ်ပေးမှာပါ။

IGCSE အတွက် ကောင်းမွန်တဲ့ foundation ချပြီး ၊Upper Primary ရဲ့ နောက်ဆုံးနှစ်စာတွေ ပါသင့်သလောက်ပါသွားဖို့ သင့်ကလေးကြိုးစားလိုက်နာမှုရှိပြီး
အတန်းမှန်မှတ်တတ် အိမ်စာ လိုက်လုပ်ဖို့တော့ လိုပါတယ်။

အသေးစိတ်ကို messenger or Viber 09420015310
သို့ မေးမြန်းနိုင်ပါတယ်။

20/01/2026

Summer Class တွေ ဖွင့်နေလည်း ပုံမှန် regular class တွေကရှိနေမှာပါရှင့်။အတန်းတတ်ရင်လည်း တတ်တဲ့အတိုင်း အတန်းတူရာ campus or online join လို့ရပါတယ်။

English ကတော့ ကျွန်မ မသင်ပါဘူး။
Campus မှာ ဒီနှစ်လာသင်ပေးတဲ့ Bars က ထွက်ထားတဲ့ ၊IS က former tr က သင်မှာပါ။

Science ကလည်း BE(IT) ဆင်း ၊Private ကျောင်းမှာ Grade 12 Subject Tr သင်မှာပါ။
လက်ရှိလည်း IS ကလေးတွေကို သင်နေတဲ့ ဆရာမတွေပါ။

ဒီနှစ်မှာ အတန်းလေးတစ်တန်းအသစ်ဖွ့င့်မှာက
Maths မှာ word problem အားနည်းတဲ့ကလေးတွေ၊မေးခွန်းဖတ်ပျင်းတဲ့ကလေးတွေအတွက် ၊IS curriculum maths အတွက် challenging ဖြစ်နေတဲ့ mathematical grammar class ပဲ ဖြစ်ပါတယ်။

Curriculum and lesson plan ကို ကျွန်မ organized လုပ်ပြီး English Tr သင်တာကို တစ်ပတ်တစ်ရက် ကျွန်မက extra ထပ်ဝင်မှာပါ။ကျွန်မသင်တာအတွက် fees ထည့်မကောက်ပါဘူး။

Waiting list တွေလည်း အတန်းအားလုံးအတွက် လာပေးထားလို့ရပါတယ်။

လကုန် Campus နေရာ အသစ်ပြောင်းပြီးရင် အသေးစိတ်ကို ထပ်မံကြေငြာပေးပါမယ်ရှင့်။

တစ်ချို့အချိန်တွေဖုန်းမဖြေမိတာက မနက်ပိုင်း သင်တန်းတတ် ၊အဲကအပြန် Gym ဝင် ၊နေ့လည် စာသင် ၊အဖွားဆေးရုံ ကိစ္စ လိုအပ်တာတွေ လုပ်နေရလို့ပါ။

Messenger or Viber 09420015310 ကို စာပို့ထားလို့ရပါတယ်။ အချိန်အားတာနှင့် ပြန်ဖြေထားပေးပါမယ်။

With Love 💕😘
Tr Mya

02/12/2025

ကလေးတွေ တစ်ဖြေးဖြေး အများကြီး သင်လာရတာတွေရဲ့ တစ်ခုတည်းသော အကြောင်းအရာကတော့ သူတို့လေးတွေ စာရလာကြတာ၊Maths ကို မကြောက်တော့တာ၊အမှတ်တွေ၊Grades တွေ ကောင်းလာတာကြောင့်ပါပဲ။

အဲဒိအတွက် ပံ့ပို့ပေးတဲ့ မိဘများနှင့် ၊ကြိုးစားပေးတဲ့ ကလေးတွေကို ကျေးဇူးတင်ရပါတယ်။

သူတို့တော်လာတာဟာ မိဘနှင့်ကလေးပူးပေါင်းကြိုးစားမှုကြောင့်ဖြစ်ပြီး လိုအပ်ချက်ရှိခဲ့ရင် တော့ ကျွန်မရဲ့ သင်ကြားရေး တစ်စုံတစ်ခု လိုအပ်သွားလို့ သာ ဖြစ်ပါလိမ့်မယ်။

30/11/2025

ဒီဇင်ဘာမှာ အတန်းချိန်လွတ်လေးတွေထွက်လာလို့ Placement Test Preparation Class အတွက်ရယ်၊2026 AEIS အတွက်ရယ် အချိန်ပေးပါမယ်နော်။အရင်က မေးဖူးသူတွေအတွက် လာပြောပြတာပါ ။

အတန်းသစ်လေးစဖို့ရှိပါတယ်။Online Class Singapore math Primary 1 ,Year 2 ကျောင်းသူ၊သားများအတွက်ပါ။  ဆိုတဲ့အတိုင်း thinking...
11/07/2025

အတန်းသစ်လေးစဖို့ရှိပါတယ်။Online Class Singapore math Primary 1 ,Year 2 ကျောင်းသူ၊သားများအတွက်ပါ။

ဆိုတဲ့အတိုင်း thinking တွေ၊word problems တွေ ကို Singapore MOE က မေးခွန်းဟောင်းတွေပါ extra အနေနှင့် လေ့ကျင့်ပေးမှာမို့ တစ်ချိန်မှာ ဖြေမဲ့သူတွေလည်း ကြိုလေ့လာဖို့ တတ်လို့ရပါတယ်။

(⁠。⁠◕⁠‿⁠◕⁠。⁠)⁠➜Class Size 5 to 8 students
(⁠。⁠◕⁠‿⁠◕⁠。⁠)⁠➜Days Thursday and Friday
(⁠。⁠◕⁠‿⁠◕⁠。⁠)⁠➜Time 7.00 pm to 8.30 pm
(⁠。⁠◕⁠‿⁠◕⁠。⁠)⁠➜Fees 100000kyats
(⁠。⁠◕⁠‿⁠◕⁠。⁠)⁠➜Classroom language English and Burmese

အသုံးပြုမဲ့ main books တွေက ခုပြထားတဲ့ Casco and My pals are here ဖြစ်ပြီးတော့ ကလေးတွေရဲ့ လိုက်နိုင်စွမ်းအရ တခြား စာအုပ်တွေထဲက၊online resources တွေကနေအပြင် ၊ixl နှင့်ပါ လေ့ကျင့်ပေးမှာဖြစ်ပါတယ်။

August လထဲစမှာမို့ ခုတည်းက စာရင်းသွင်းအပ်နှံလို့ရပါပြီ။







Address

Thanthumar Road
Yangon
11071

Website

Alerts

Be the first to know and let us send you an email when Math Magic with Mya posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share