Kidsentrepreneurs

Kidsentrepreneurs Kidsentrepreneurs was founded with the mission to inspire and develop kids to be self-starters so th

ကမ္ဘာမှာ နိုင်ငံအမျိုးအစား ခွဲရင် ၃ မျိုး ရှိတယ်-  Developed Countries -  Developing Countries -  Least Developed Countr...
06/06/2024

ကမ္ဘာမှာ
နိုင်ငံအမျိုးအစား ခွဲရင် ၃ မျိုး ရှိတယ်

- Developed Countries
- Developing Countries
- Least Developed Countries ပေါ့

နိုင်ငံအနေအထားပေါ်မူတည်ပြီး နိုင်ငံသားတွေရဲ့
အတွေးအခေါ် မတူတော့ဘူး။

Least Developed Countries က မိဘတွေက သူတို့ကလေးတွေကို ပညာတတ် ဖြစ်စေချင်ကြတယ်။

Developing Countries က မိဘတွေက သူတို့ကလေးတွေကို ပညာရှင် ဖြစ်ချင်ကြတယ်။
ပထမနိုင်ငံက မိဘတွေက သူတို့ကလေးတွေကို
Everything Freedom ဖြစ်စေချင်ကြတယ်။

Free Living Style လို့လဲခေါ်တယ် Developed Countries တွေထဲက Europe လို နိုင်ငံမျိုးတွေမှာ
Free Living Style ကိုနေကြတာများတယ်

ဘဝကို စိတ်ကြိုက်ရှင်သန်ခြင်း…

Career နဲ့ပတ်သက်ပြီး နှောင်ဖွဲ့ထားတဲ့ Boundaries တွေမရှိဘူး။ ဘွဲ့ဘယ်နှခုရမှ ပညာဘယ်လောက်တက်တယ်ဆိုတာတွေထက် ဘွဲ့တွေအများကြီး ယူချင်တဲ့လူကလည်း ယူ၊ မယူဘဲ ဘဝမှာ အေးအေးဆေးဆေး ရရာ အလုပ်လေးဝင်လုပ် လေးနေချင်တဲ့လူကလည်းနေ ခရီးတွေပဲထွက်ချင်တဲ့လူကလည်း ထွက် ၊ အားကစား အနုပညာ ကြိုက်တာ လုပ်ချင်တဲ့ လူကလည်း လုပ်ပေါ့ ။

ပိုက်ဆံချမ်းသာရမယ် ၊ လူသိများရမယ် ၊ အောင်မြင်ရမယ် ဆိုတာမျိုးတွေမရှိဘူး ဘဝဟာ ဘဝပဲ လူဟာ လူပဲ ။ ဆရာဝန်လည်း လူပဲ Waiter လည်း အတူတူပဲ တန်းတူပဲ အားလုံးက အပြန်အလှန် လူလူချင်း လေးစားမှုနဲ့ပဲ ဆက်ဆံကြမယ် ။

အိမ်ထောင်ပြုရမယ်၊ ကလေးယူရမယ်
ယောကျ်ားနဲ့မိန်းမနဲ့ပဲ ကြိုက်ရမယ် အိမ်ထောင်မကွဲရဘူး Single Mother ဖြစ်ရတာ ရှက်ဖို့ကောင်းတယ် စတဲ့ ဘာသတ်မှတ်ချက်မှမရှိဘူး အားလုံး Free Living ပဲ ။

ပျော်ရွှင်စွာနေထိုင်ဖို့ကသာ အဓိကပဲ။
အိမ်ပိုင်မှ ကားပိုင်မှဆိုတဲ့သတ်မှတ်ချက်တွေမရှိဘူး ။ ဘာမှမရှိဘဲတော့ ဘယ်ပျော်နိုင်မလဲ ထိုက်သင့်တဲ့ အလုပ်တစ်ခု ဝင်ငွေလမ်းကြောင်းတစ်ခု ရပြီးရင် နေထိုင်လို့ရတယ်။ Financially Freedom ပေါ့ သူဝင်တဲ့ ဝင်ငွေဟာသူသုံးတာလောက်ရင်ရပြီ။
ဒါတွေပိုင်ချင်တဲ့လူကလည်း ပိုင်အောင်လုပ် ၊ အေးဆေးပဲ နေချင်တဲ့လူကလည်းနေ
အဓိကက ပျော်ဖို့ပဲ တစ်ခါပဲရှင်သန်ရမဲ့ဘဝမှာ ကိုယ်ကျေနပ်တဲ့အတိုင်းနေလို့ရတယ်

ပတ်ဝန်းကျင်က ဘာစံနှုန်းမှမချမှတ်ပေးထားဘူး။
အသိပညာကြွယ်ဝရမယ် လူပီသရမယ် ကိုယ့်ရဲ့ပျော်ရွှင်မှုက သူတစ်ပါးရဲ့ လွတ်လပ်မှုကို မထိခိုက်စေရဘူး။

တကယ်လည်း ဘဝမှာ ပျော်ရွှင်ခြင်းက အဓိကဆိုတာ လူတွေဟာ မေ့လျော့နေကြတယ် အဆုံးမရှိတဲ့ အောင်မြင်မှုစည်းစိမ်တွေနောက်ကို ပြေးလိုက်ရင် မောပန်းနေကြတယ် တကယ်က ကိုယ်ပျော်ဖို့ကအဓိကပါပဲ ကိုယ်ကဒါတွေရမှပျော်မယ်ဆိုရင်တော့ တမျိုးပေါ့ ဒါပေမဲ့ ပတ်ဝန်းကျင်ကချမှတ်ပေးထားတဲ့ စံနှုန်းတွေထက် ကိုယ့်ဘဝက ကိုရှင်သန်ချင်သလိုမျိုးပဲ ဖြစ်သင့်တယ်လေ ။

(အဓိကက ကိုယ့်ဘဝကို ပတ်ဝန်းကျင်ရဲ့ စံနှုန်းတွေ ၊ အပြောတွေ အတင်းတွေကြားမှာ ပိတ်လှောင်မထားဖို့ပြောချင်တာပါ ။ လူဆိုတာ အခြေခံလိုအပ်ချက်ဖြစ်တဲ့ စား၊ဝတ်၊နေရေးအတွက် ပူပန်နေရရင်တော့မပျော်နိုင်ပါဘူး Financially Freedom ဖြစ်ရင်ပျော်ပျော်နေပါ

ကိုယ်ပျော်ရွှင်တဲ့အရာကိုလုပ်ပြီး
ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းတာအကောင်းဆုံးပါ..
Crd

ကလေး၏ ဝါသနာဗီဇကို အားပေးပါ-----------------------------------------ကိုယ့်သားသမီးအတွက် ဖြည့်ဆည်းပေးတဲ့အခါမှာ ကလေးဘက်နေကြည...
11/11/2021

ကလေး၏ ဝါသနာဗီဇကို အားပေးပါ
-----------------------------------------
ကိုယ့်သားသမီးအတွက် ဖြည့်ဆည်းပေးတဲ့အခါမှာ ကလေးဘက်နေကြည့်မြင်ပြီး သူ့ကို ဗဟိုပြုစဉ်းစားပေးပါ။ ပြီးမှ အကောင်အထည်ဖော်သင့်ပါသည်။ ကလေးငယ်များ ကျောင်းမှာသင်တဲ့ ဘာသာရပ်အားလုံးကို ဝါသနာမပါနိုင်ပါ။ မိမိ သားသမီး၏ ဗီဇစွမ်းရည်နှင့် စိတ်ဝင်စားမှုကို အဆက်မပြတ်လေ့လာပါ။ သချာၤလား၊ အင်ဂျင်နီယာလား၊ ဗိသုကာလား၊ အားကစားလား၊ ကွန်ပြူတာလား (ကွန်ပြူတာဂိမ်းတော့မပါစေရပါ၊ ဝါသနာမဟုတ်ပဲရောဂါဆိုးမို့ပါ)၊ ဒီဇိုင်းဆွဲတာလား၊ ဆရာဝန်လား ဘယ်ဟာကိုစိတ်ဝင်စားသလဲ၊ ကလေးစိတ်ဝင်စားတာကို အားပေးပါ၊ ပံ့ပိုးပါ၊ ဝါသနာပါတာထူးချွန်ပြီး တစ်ခြားဘာသာတွေမှာ အမှတ်နည်းတာ အပြစ်မတင်ပါနဲ့။ နောက်တခါအား မနည်းအောင်ပံ့ပိုးပါ။

ကလေးတွေဟာ မိမိ ဝါသနာပါတာ လုပ်ရင်း ထိုးထွင်းဉာဏ်တက်လာပါတယ်။ မိမိလုပ်ရတဲ့ အလုပ်ပေါ်မှာလည်း ယုံကြည်မှုရှိသလို မိမိ စိတ်အားထက်သန်တဲ့ ပညာရပ်မှာ ထူးချွန်လာပါတယ်။ ယနေ့ကမ္ဘာမှာ အအောင်မြင်ဆုံးနဲ့ အချမ်းသာဆုံးဖြစ်တဲ့ဘီလ်ဂိတ် ဟာ ဝါသနာပါရာနောက် စွမ်းစွမ်းတမံလိုက်ခဲ့သူပါ။ ၂၀ ရာစုရဲ့ အထွန်းတောက်ဆုံး လူသားဖြစ်တဲ့ အိုင်းစတိုင်းဟာလည်း ဝါသနာပါရာကို လုပ်ခွင့်ရခဲ့တဲ့ ကလေးဘဝကို ကျော်ဖြတ်ခဲ့တယ်ဆိုတာ မိဘတိုင်းသိစေချင်ပါတယ်။

ကလေးတွေကို ဘဝမှာအောင်မြင်အောင် ဂျပန်နိုင်ငံ ပညာရေးစနစ်က ပျိုးထောင်ပေးတဲ့ အချက် (၇) ချက်ဂျပန်နိုင်ငံက ပညာရေးကို အလေးပေးတဲ...
22/10/2021

ကလေးတွေကို ဘဝမှာအောင်မြင်အောင် ဂျပန်နိုင်ငံ ပညာရေးစနစ်က ပျိုးထောင်ပေးတဲ့ အချက် (၇) ချက်

ဂျပန်နိုင်ငံက ပညာရေးကို အလေးပေးတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ တစ်နှစ်ကို ကျောင်းတက်ရက် ၂၁၀ ရက် ရှိပါတယ်။ အမေရိကန်နိုင်ငံမှာတောင် ၁၈၀ ရက်ပဲ ရှိပါတယ်။ ဂျပန်နိုင်ငံရဲ့ အောင်မြင်တဲ့ ပညာရေးစနစ်တွေက အချက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ခဏတာ အိပ်စက်စေခြင်း
---------------------------------
ဂျပန်နိုင်ငံမှာ စာသင်ချိန်အတွင်း ကလေးတွေအိပ်နေတာ ပုံမှန်မြင်ကွင်းပါပဲ။ တခြားနိုင်ငံတွေမှာတော့ စာသင်ချိန် အိပ်တာကို လေးစားမှု မရှိတာ၊ ပျင်းတာ စသဖြင့် ယူဆကြပါတယ်။ ဂျပန်နိုင်ငံမှာတော့ ခဏတာ အနားပေး အိပ်စက်တာက အာရုံတွေကို ပြန်စုစည်းတာပါ။

၂။ ဂျပန်ကလေးတွေက လေးတန်းမရောက်မချင်း စာမေးပွဲ မဖြေရပါဘူး။
---------------------------------
ဒီအချက်က ထူးဆန်းနေပါလိမ့်မယ်။ ဂျပန်တွေရဲ့ရည်မှန်းချက်က ကျောင်းတက်တဲ့ ပထမသုံးနှစ်က ကလေးတွေရဲ့ စာရိတ္တနဲ့ အကျင့်ကောင်းတွေကို ပျိုးထောင်ပေးဖို့ပါ။ ကျောင်းတက်ကာစ ပထမသုံးနှစ်မှာ ကလေးတွေကို စိတ်ထားကောင်းဖို့၊ ကိုယ်ချင်းစာတရားရှိဖို့၊ ကရုဏာထားတတ်ဖို့၊ တိရစ္ဆာန်တွေနဲ့ သဘာဝတရားကို ချစ်တတ်ဖို့၊ လူအချင်းချင်း လေးစားတတ်ဖို့ သင်ကြားပေးပါတယ်။

၃။ ကလေးတွေက ကျောင်းကို သူတို့ကိုယ်တိုင် သန့်ရှင်းရေး လုပ်ရပါတယ်။
---------------------------------
တခြားနိုင်ငံတွေမှာတော့ ကျောင်းမှာ သန့်ရှင်းရေးလုပ်ဖို့ သန့်ရှင်းရေးဝန်ထမ်းတွေ ရှိပေမယ့် ဂျပန်နိုင်ငံမှာ မရှိပါဘူး။ ကလေးတွေက ကျောင်းစာသင်ခန်း၊ ကျောင်းစားသောက်ဆိုင်၊ သန့်စင်ခန်းတွေ သန့်ရှင်းဖို့ သူတို့ကိုယ်တိုင် တာဝန်ယူရပါတယ်။ သန့်ရှင်းရေးကို ကလေးတွေ အတူတကွ လုပ်ခိုင်းတာ အဖွဲ့အစည်းစိတ်ဓါတ်နဲ့ လုပ်ဆောင်တတ်အောင်၊ ကလေးအချင်းချင်း လေးစားမှု ထားတတ်အောင်လို့ပါ။

၄။ ကလေးတွေက ဆရာ၊ ဆရာမတွေနဲ့အတူ စာသင်ခန်းထဲမှာ ထမင်းအတူတူ စားကြပါတယ်။
---------------------------------
ဒီလို စားခြင်းအားဖြင့် ဆရာနဲ့ တပည့်အကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး တိုးတက်လာစေပါတယ်။ ဂျပန်နိုင်ငံရေး ပညာရေးစနစ်မှာ ကျောင်းသူကျောင်းသားတွေကို အာဟာရမျှတအောင်၊ ကျန်းမာအောင် ကျွေးပါတယ်။ ဂျပန်နိုင်ငံက မူလတန်းကျောင်းနဲ့ junior အထက်တန်းကျောင်းတွေမှာ အစားအစာကို ကျန်းမာရေး နားလည်တဲ့ပညာရှင်တွေက menu ဆွဲပေးပြီး အရည်အချင်း ပြည့်ဝတဲ့ စားဖိုမှူးတွေက ချက်ပြုတ်ပေးကြပါတယ်။

၅။ ဂျပန်နိုင်ငံက ကလေးတွေက ကျောင်းဆင်းရင် ကိုယ်ပိုင်းကျောင်းတွေကို တက်ကြပါသေးတယ်။
---------------------------------
အစိုးရကျောင်းကို ၆ နာရီတက်ပြီးတော့ ကိုယ်ပိုင်ကျောင်းတွေမှာ အသစ်အဆန်းတွေကို ဆက်လက်လေ့လာ ကြပါတယ်။ ကိုယ်ပိုင်ကျောင်းက အတန်းတွေက ညနေခင်းတွေမှာ စာသင်ကြပါတယ်။ အဲဒီအခါ အထက်တန်းကျောင်း ကောင်းကောင်းကို ဝင်ခွင့်ရသွားပါတယ်။ ဂျပန်နိုင်ငံက ကျောင်းသူကျောင်းသားတွေက စနေ၊ တနင်္ဂနွေအပြင် အားလပ်ရက်တွေမှာပါ ကျောင်းတက် စာလေ့လာကြပါတယ်။

၆။ ဂျပန်နိုင်ငံ ကျောင်းသူကျောင်းသားတွေက ကျောင်းစာအပြင် ကဗျာနဲ့ ဂျပန်လက်ရေးအတတ်ကိုလည်း သင်ကြားကြပါတယ်။
---------------------------------
ဂျပန်လက်ရေးအတတ်ကို Shodo လို့ခေါ်ပြီး စာဖတ်သူကို ခံစားချက်တွေ ပေးနိုင်တဲ့ Haiku ကဗျာရေးနည်းကိုလည်း သင်ကြားကြပါတယ်။ ဒီအတန်းနှစ်တန်းကို သင်ပေးရတဲ့ ရည်ရွယ်ချက်ကတော့ ရာစုနှစ်ပေါင်းများစွာ ရှည်ကြာလာတဲ့ ယဉ်ကျေးမှုနဲ့ ရိုးရာကို လေးစားတတ်အောင်လို့ပါ။

၇။ ကျောင်းသူကျောင်းသားတွေက တူညီဝတ်စုံကို ဝတ်ဆင်ကြပါတယ်။
---------------------------------
ကျောင်းဝတ်စုံကို တစ်ညီတစ်ညာတည်း ဝတ်တဲ့အခါ ဘယ်မိသားစုကနေ ဆင်းသက်လာပါစေ၊ အားလုံးက အတူတကွ ဖြစ်သွားပါတယ်။ အဝတ်အစားထက် ကိုယ်ပိုင်အရည်အချင်းကို အားကိုးတတ်လာအောင် သင်ကြားပေးခြင်းလည်း ဖြစ်ပါတယ်။

ဂျပန်နိုင်ငံက ကျောင်းတွေမှာ အရောင်တွေကိုလည်း သင်ကြားပေးပါတယ်။
---------------------------------
ကလေးတွေကိုယ်တိုင် ရင်းနှီးပြီးသား အရောင်တွေကို ရောစပ်ပြီး အရောင်အသစ်တွေကို ဖန်တီးစေပါတယ်။ ဆနာက်ပိုင်းမှာတော့ အရောင်ရောစပ်ပုံ သီအိုရီတွေကို သင်ကြားပေးပါတယ်။

Zombie (Lovemedia)

ကလေးငယ်တွေကို စွန့်ဦးတီထွင်မှုအတွက် ကြိုတင်အသင့်ဖြစ်နေစေအောင် သင်ကြားပေးနိုင်မယ့် သင်ခန်းစာ ၅ ခု------------------------...
18/10/2021

ကလေးငယ်တွေကို စွန့်ဦးတီထွင်မှုအတွက် ကြိုတင်အသင့်ဖြစ်နေစေအောင် သင်ကြားပေးနိုင်မယ့် သင်ခန်းစာ ၅ ခု
-------------------------------------------------------------------
(၁) ပိုက်ဆံကို ဘယ်လိုစီမံခန့်ခွဲမလဲ (ငွေပမာဏနည်းသည်ဖြစ်စေ၊များသည်ဖြစ်စေ ယင်းကိုကောင်းကောင်း ကိုင်တွယ် စီမံတတ်ဖို့လိုပါတယ်)

သင့်ကလေးကို နေ့လည်စာစားဖို့အတွက် ၅ ဒေါ်လာဒီအတိုင်း ပေးလိုက်ခြင်းနဲ့ သူတို့လေးတွေကို ပိုက်ဆံရအောင် ဘယ်လို အလုပ်လုပ်ရသလဲဆိုတာကို သင်ပြပေးခြင်း အကြားမှာတော့ ကြီးမားတဲ့ ကွာခြားချက်တစ်ခု ရှိနေပါတယ်။

Herold ရဲ့ TED talk မှာတော့ သူငယ်စဉ်တုန်းက သူ့မိဘတွေကို သူ့ကိုစုဗူးနှစ်ဗူး ဘယ်လိုဘယ်ပုံပေးခဲ့သလဲဆိုတာနဲ့ ပတ်သက်တဲ့ ဇာတ်ကြောင်းတစ်ခုကို ပြန်ပြောပြခဲ့ပါတယ်။

စုဗူးနှစ်ဗူးအနက် တစ်ခုကတော့ သူလိုချင်တာတွေ ၀ယ်တဲ့နေရာမှာသုံးနိုင်တဲ့ ပိုက်ဆံထည့်ဖို့ဖြစ်ပြီးနောက်တစ်ခုကတော့ စုမယ့်ပိုက်ဆံထည့်ဖို့ ဖြစ်ပါတယ်။ အဲဒီတော့ သူ 1000 ရတိုင်း သူကတစ်ဗူးမှာ 500 ထည့်ပြီး နောက်တစ်ဗူးမှာ နောက် 500 ထည့်ရမှာဖြစ်ပါတယ်။

တကယ်တော့ ကလေးငယ်တွေရဲ့ ကနဦးအလေ့အကျင့်တွေက အရမ်းအရေးကြီးသလို ဒါကိုအကောင်အထည်ဖော်ဖို့က သိပ်မခက်လှပါဘူး။ ဒါပေမယ့် မိဘတစ်ဦးအနေနဲ့ကတော့ သင်ဟာသင့်ကလေးငယ်ကို တာဝန်ခံမှုရှိအောင် ကူညီသင်ကြားပေးရမယ့် တာဝန်ရှိနေပါတယ်။

(၂) အိမ်မှုဝေယျာဝစ္စတွေလုပ်ရင်းနဲ့ တာဝန်ဝတ္တရားတစ်ခုရဲ့ တန်ဖိုးကိုသိစေခြင်း

သင့်ကလေးဟာ အခုမှ grade 3 ပဲရှိသေးတယ်ဆိုရင်တောင်မှ သူ့မှာ အပတ်တိုင်းမုန့်ဖိုးငွေကြေးရဖို့အတွက် ဘာလို့များအခြေခံ အိမ်မှုကိစ္စတစ်ချို့ကို မလုပ်ခိုင်းသင့်ရမှာလဲ။ တကယ်တော့ သင့် ကလေးငယ်ကို မုန့်ဖိုးပေးရခြင်းရဲ့ အလုံးစုံရည်ရွယ်ချက်က သူ့ကို ငွေအလကား ဒီအတိုင်းပေးလိုက်တာမျိုး မဟုတ်ပါဘူး။ တကယ်က သူ့ကိုတာဝန်ယူမှု၊ တာဝန်ဝတ္တရားတစ်ခုရဲ့ အဓိပ္ပါယ်ကို သိအောင် သင်ကြားပေးရမှာဖြစ်ပါတယ်။ တစ်ခုခုရဖို့အတွက် သူတို့ရဲ့ အချိန်နဲ့အလုပ်အားထုတ်မှုကို ပြန်ပေးရတယ်ဆိုတဲ့ အသိမျိုးကို သွတ်သွင်းပေးရမှာဖြစ်ပါတယ်။

(၃) Customer service အဆိုးနဲ့အကောင်းကြားက မတူညီတာကို ဘယ်လိုမျိုးသိနိုင်သလဲ

မိဘတိုင်းလိုလို စားသောက်ဆိုင်တစ်ဆိုင်ဆိုင်မှာ ၀န်ဆောင်မှုကို အားမရလို့မချင့်မရဲဖြစ်ရတဲ့အခြေအနေမျိုးနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ မှာတဲ့အစားသောက်ကို မသေမသပ်လုပ်လာတာ၊ ဒါမှမဟုတ် ငွေရှင်းဖို့ဝိတ်တာကို စားပွဲဆီလာဖို့ တော်တော်နဲ့ ခေါ်မရတာမျိုး ဖြစ်ပါတယ်။

အဲဒီလို သင့်ရဲ့အားမလိုအားမရဖြစ်မှုကို ဒီတိုင်းထုတ်ဖော် လိုက်မယ့်အစား ဒီအခွင့်အရေးကိုအသုံးချပြီး ဆိုးရွားတဲ့customer service ဆိုတာဒီလိုမျိုးပေါ့၊ နောက်ပြီးကောင်းမွန်တဲ့ customer service ဆိုတာရဲ့တန်ဖိုးဟာ ဘယ်လိုမျိုးလဲဆိုတာကို သင့်ကလေးတွေ သိသွားအောင်ရှင်းပြပေးနိုင်ပါတယ်။

(၄) ပစ္စည်းတွေ အလဲအထပ်လုပ်ခြင်း၊ ဒါတွေကို ဘယ်လို ၀ယ်ရောင်းလုပ်မလဲ

ဒါကတော့ ကလေးငယ်တွေ ပင်ဂိုအားဖြင့် နားလည်သဘောပေါက်နိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ နေ့လည်စာစားခန်းက အကောင်းဆုံးဥပမာပါ။ ကလေးတစ်ယောက်ဆီမှာ အာလူးချောင်းကြော် အထုပ်တစ်ထုပ်ရှိနေမယ်၊ နောက်တစ်ယောက် ဆီမှာကျတော့ bologna sandwich တစ်ခုရှိနေမယ်။ ဒီနေ
ရာမှာ sandwich ကလတ်ဆတ်ပြီး အရသာရှိမယ့်ပုံ ရနေ တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အဲဒီမှာအချိုင့်ကြီးတစ်ခု ပါနေတာပဲဖြစ်ဖြစ် အဲဒီလိုအချိန်မျိုးမှာ အဲဒါရဲ့လက်ရှိရှိရမယ့် တန်ဖိုးကို တွက်ချက်စဉ်းစားခိုင်းရမှာဖြစ်ပါတယ်၊ ပြီးတော့ အခြားကလေး တစ်ယောက်ကို သူ့ရဲ့အာလူးကြော်ထုပ်နဲ့ လဲချင်သလားဆို
တာကို ဆုံးဖြတ်ခိုင်းရမှာဖြစ်ပါတယ်။

ဒါပေမယ့် ကလေးငယ်တွေ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို အလဲအလှယ် လုပ်တာပဲဖြစ်ဖြစ်၊ yard projects တွေအတွက် တစ်ခြားရွယ်တူကလေးတွေဆီက အကူအညီရတဲ့ နေရာမှာဖြစ်ဖြစ် ကျွန်တော်တို့အနေနဲ့ သူတို့လေးတွေရဲ့ လုပ်ဆောင် ချက်တွေနဲ့ တကယ့်လက်တွေ့ဘဝထဲက စွန့်ဦးတီထွင်မှုအကြားကွာဟချက်ကို နှိုင်းယှဉ်ဖို့ အချိန်ယူတာမျိုး ရှားပါးလှပါတယ်။

၅. ရောင်းခြင်းရဲ့ အရည်အသွေးများ

သင့် ကလေးငယ်ကို အရုပ်သစ်တစ်ရုပ် ဘယ်နှစ်ကြိမ်လောက် ၀ယ်ပေးဖူးပါသလဲ၊ တကယ်တော့ ကလေးဆိုတာက အရုပ်သစ် ရရင် ရှိပြီးသားရုပ်ဟောင်းတွေကို လွှတ်ပစ်လိုက်ကြမှာဖြစ်ပါတယ်

မိဘတစ်ယောက်အတွက်ကတော့ ကိုယ့်ကလေးရဲ့ အရုပ်ဟောင်း တစ်ခုကို လွှတ်ပစ်လိုက်ဖို့က ဘယ်လောက်လွယ်ကူလဲဆိုတာ ကောင်းကောင်းသိနိုင်ပါတယ်။ ဒါပေမယ့် ဒါကိုအခြား အခွင့်အရေးတစ်ခုလို အသုံးချပြီး ကလေးငယ်ကို တစ်ခုခုကို ရောင်းခြင်းရဲ့ အနုပညာကို သင်ပေးနိုင်ဖို့ စဉ်းစားပါ။ ကလေးငယ်ကို ထိုင်ခိုင်းပြီး ပထမဝယ်ထားတဲ့ အရုပ်အတွက် ငွေဘယ်လောက်ပေးဝယ် ထားရတယ်ဆိုတာနဲ့ ၊ အဲဒီအရုပ်က ဒီနေ့ဆိုဘယ်လောက် တန်ကောင်းတန်နေပြီဆိုတာကို ရှင်းပြပါ။ ခုဆိုအချိန်ဘယ်လောက် ကြာသွားပြီ ဆိုတာနဲ့ အခြားသူတွေက ဒါကို ဘယ်လောက်ပေးဝယ်ချင်သလဲ စတာမျိုးတွေကို ရှင်းပြပေးလိုက်ပါ။

စွန့်ဦးတီထွင်တဲ့ လူငယ်လုပ်ငန်းရှင်တွေ မလုပ်သင့်တဲ့အမှား (၇)မျိုး------------------------------စွန့်ဦးတီထွင်တဲ့ အလုပ်အကို...
11/10/2021

စွန့်ဦးတီထွင်တဲ့ လူငယ်လုပ်ငန်းရှင်တွေ မလုပ်သင့်တဲ့အမှား (၇)မျိုး
------------------------------
စွန့်ဦးတီထွင်တဲ့ အလုပ်အကိုင်ကို ပထမဆုံးစတင်လုပ်ကိုင်ဖူးသူ အတော်များများဟာ အခုပြောသွားမယ့် အမှားမျိုးကို တစ်ချိန်မဟုတ် တစ်ချိန် မှားဖူးကြမှာပါ။

ဒါကလည်း အောင်မြင်တဲ့ လုပ်ငန်းတစ်ခုကို သွားရာမှာ တက်ရတဲ့ ကျောင်းသင်ခန်းစာကောင်းတွေ ဖြစ်လို့ဒီအမှားတွေကနေမှ သင်ယူပြီး လုပ်ငန်းတစ်ခုကို တည်ဆောက်နိုင်တာ သဘာဝလည်းကျပါတယ်။ ဒီအတွက် စွန့်ဦးတီထွင်လုပ်ငန်းထဲ စတင်ဝင်ရောက်သွားမယ့် လူငယ်လုပ်ငန်းရှင်များအတွက် သိထားသင့်တဲ့ အမှား (၇) မျိုးအကြောင်း တင်ပြလိုက်ပါတယ်။

၁။ အလုပ်အစွဲသန်လွန်းခြင်း

အလုပ်ကို ဘဝနှစ်ပြီး လုပ်တာဟာ အောင်မြင်ကြောင်းဖြစ်ပေမယ့် အလုပ်ကြောင့် မိတ်ဟောင်းဆွေဟောင်းတွေ နဲ့မတွေ့နိုင် မဆုံနိုင်အောင် ဖြစ်တာကတော့ တကယ်မကောင်းတဲ့ ကိစ္စဖြစ်ပါတယ်။ အထူးသဖြင့် စွန့်ဦးတီထွင်လုပ်ငန်း လုပ်ကိုင်သူတွေဟာ သူတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိဖို့သွားရာမှာ အလုပ်ပြီး အလုပ်လုပ်နေဖို့လိုတယ်လို့ထင်နေကြပါတယ်။ ဒီလိုနဲ့အလုပ်ကို အလွန်အကျွံ တွန်းလုပ်ရင် ချက်ချင်းအောင်မြင်လာမယ် ထင်ပေမယ့် ချက်ချင်း မအောင်မြင်တာတွေ ကြုံလာတဲ့အခါ စိတ်ပျက်လက်ပျက် ဖြစ်သွားနိုင်ပါတယ်။ ဒါ့အပြင် ဒီလိုမျိုး တစ်ယောက်တည်း အလုပ်ကို ကျုံးလုပ်ရင်းနဲ့ဘဝဟာ တစ်ယောက်တည်း ဖြစ်လာတတ်ပါတယ်။ ဒီလိုဖြစ်လာရင် အလုပ်ကိုပဲ အစွဲကြီးကြီး လုပ်နေတာကို ရပ်လိုက်ပြီး ကိုယ့်ရဲ့ နေ့စဉ်ဇယားကို ပိုပြီး အလုပ်တွင်စေမယ့် နည်းလမ်းသစ် ထွင်သင့်ပါတယ်။

၂။ အမှားတစ်ခုထဲမှာ

အောင်မြင်မှုအတွက် အောင်ပွဲခံတာ ကောင်းပါတယ်။ ဒါထက် အရေးကြီးတာက မှားခဲ့တဲ့ အမှားအယွင်းတွေကနေ သင်ခန်းစာယူတာက ပိုအရေးပါတယ်လို့ဘီလ်ဂိတ်စ်က ပြောဖူးပါတယ်။ တူညီတဲ့ အမှားတွေကိုပဲ ထပ်တလဲလဲ လုပ်နေမိတာဟာ ခေါင်းမာတဲ့ အကျင့်တစ်ခု ဖြစ်ပါတယ်။ အောင်မြင်ချင်တယ်ဆိုရင် ဒါကို ပြင်သင့်ပါတယ်။ ဒီလိုမျိုး အမှားထဲမှာပဲ တဝဲလည်လည် ဖြစ်နေပြီဆိုရင် အမှားကို ခြေနင်းတုံးတစ်တုံးလို သဘောထားပြီး လေ့လာလိုက်ပါ။ ပြီးတာနဲ့ကိုယ့်အတွက် ဉာဏ်ပညာနဲ့အသိတရားတိုးလာစေမယ့် အခွင့်အလမ်းကို တည်ဆောက်လိုက်ပါ။

၃။ လက်ငင်းချမ်းသာမယ် ထင်ထားတာ

စွန့်ဦးတီထွင်လုပ်ငန်းဟာ ရွှေတွင်းတူးသလို တစ်ချီတည်းနဲ့ပွပေါက်တိုးမယ့်အလုပ်လို့မြင်နေရင် မှားပါလိမ့်မယ်။ တစ်ခါတစ်လေ အချိန်အတော်ပေးပြီး အောင်မြင်မှုတည်ဆောက်ရတာမျိုးရှိပါတယ်။ ဒီအတွက် စိတ်ရှည်မှုနဲ့ကြံ့ကြံ့ခိုင်နိုင်စွမ်းလိုပါတယ်။ ကိုယ့်ရဲ့ လုပ်ငန်းခရီးစဉ် အရှည်ကြီးကို မစတင်ခင် ကိုယ့်စိတ်ကို ဘယ်လောက် အားထည့်ရထည့်ရလုပ်မယ်လို့စိတ်သွင်းထားဖို့လိုပါတယ်။ အောင်မြင်တဲ့အထိ စိတ်ရှည်မယ်၊ ကြိုးစားနေမယ်ဆိုရင် အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။

၄။ ပညာမဖြည့်မိတာ

အမေရိကန် သမ္မတကြီး အေဗရာဟင်လင်ကွန်းက ပြောဖူးတယ်။”သစ်ပင်တစ်ပင် ခုတ်ဖို့၈ နာရီ အချိန်ယူရမယ်ဆိုရင် ကျနော့် ပုဆိန်ကို သွေးဖို့၆ နာရီ အချိန်ယူတယ်”တဲ့။ အရေးကြီးတဲ့ အရာတွေကို လုပ်တော့မယ်ဆိုရင် ကိုယ့်စွမ်းရည်ကို မြှင့်တင်ဖို့အတွက် အချိန်ပိုယူရမယ်လို့သမ္မတကြီးက အကြံပြုတာ ဖြစ်ပါတယ်။ ပိုက်ဆံရဖို့ပဲ လိုက်ရင်းနဲ့လိုအပ်တဲ့ အသိပညာမရှာမိတာဟာ တကယ့်အမှားပါ။ တစ်ချိန်မှာ ဒါကို အရေးတကြီး လိုအပ်လာတယ်ဆိုတာ တွေ့ရမှာပါ။ ဘဝမှာ တစ်ချို့အရေးကြီးတဲ့ ကိစ္စတွေမှာ ရင်းနှီးမြှပ်နှံဖို့မမေ့သင့်ပါဘူး။

၅။ ကိုယ့်ကိုယ်ကို လျှော့တွက်မိတာ

တစ်ခါတစ်လေ ဖြစ်တတ်တာက ကိုယ်ဟာ ဒီစွန့်ဦးတီထွင်နယ်ထဲကို အခုမှ ရောက်လာတာဖြစ်လို့ကိုယ့်ကိုယ်ကို သိပ်ပြီး မလုပ်နိုင်လောက်ပါဘူး တွေးမိတာမျိုး ရှိပါတယ်။ ဒါကြောင့်ပဲ ကိုယ့်ရဲ့ စွမ်းရည်နဲ့စိတ်ကူးတွေကို ရှိရင်းစွဲအထိ အသုံးမချနိုင်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့ အလားအလာကောင်းတွေကို သိအောင်ဖော်ထုတ်ပါ။ ကိုယ့်မှာ ဒီထက်ပိုကောင်းအောင် လုပ်နိုင်တဲ့ စွမ်းရည်ရှိတာကို ယုံကြည်ပြီး နေ့စဉ်နေ့စဉ် တိုးတက်အောင် ကြိုးပမ်းနေပါ။

၆။ အချိန်ဆွဲမိတာ

အချိန်ပေးပြီး အသေးစိတ်စဉ်းစားသုံးသပ်ဖို့အချိန်ယူသင့်ပေမယ့် မလိုအပ်ဘဲ အချိန်မဆွဲသင့်ပါဘူး။ အလုပ်လမ်းကြောင်းမှာ အိုင်ဒီယာကောင်းတွေကို အမြန်အသုံးချဖို့လိုချိန်မှာ အချိန်ဆွဲခြင်းဟာ တက်လမ်းပိတ်စေတဲ့ အဓိက အကြောင်း ရင်းဖြစ်ပါတယ်။ အချိန်ဆွဲရတဲ့ အကြောင်းထဲမှာ စွန့်စားရမှာ ကြောက်တာလည်း ပါမယ်ထင်ပါတယ်။ စွန့်ဦးတီထွင်ခြင်းဟာ စွန့်စားခြင်းနဲ့ခွဲလို့မရတဲ့ အလုပ်သဘောဖြစ်ပါတယ်။ တစ်ခါတစ်လေ ဒီလိုမျိုး အဖြူအမည်း မသိရသေးတဲ့ အခြေအနေတစ်ရပ်မှာ ကိုယ့်ရဲ့ လုပ်ရပ်ကို ပုံအောလိုက်တာ အောင်မြင်မှုအတွက် အရေးပါတဲ့အချက်လည်း ဖြစ်တယ်ဆိုတာ သတိထားသင့်ပါတယ်။

၇။ အိပ်မက်တွေ များလွန်းတာ

ဒီအချက်က လူတွေကို အာရုံစူးစိုက်မှုနဲ့တိကျသေချာမှု မရှိစေတဲ့ အဓိကအကြောင်းရင်းဖြစ်ပါတယ်။ တစ်ခါတစ်လေ ကိုယ်ဖြစ်ချင်တာတွေကို အကောင်အထည်ဖော်ရာမှာ ပန်းတိုင်တွေက တစ်ခုစီ ပြန့်ကြဲနေချိန် အားလုံးကို တစ်ခါတည်းနဲ့အာရုံစိုက်ဖို့ကြိုးပမ်းရင်း ဘာကိုမှ ဒေါင်းတည်မောင်းတည် မဆုပ်မိတာတွေ ရှိလာပါတယ်။ ဒီတော့ ကိုယ်လုပ်ချင်တဲ့စိတ်ကူးယဉ် အိပ်မက်ကြီးကို သူ့ဟာနဲ့သူ အဆင်သင့်ဖြစ်အောင် အကန့်သေးသေးလေးတွေ၊ ပန်းတိုင်ငယ်လေးတွေ ခွဲထားဖို့လိုပါတယ်။ ဒါ့အပြင် ပန်းတိုင်တွေကို အလွယ်ကလေးနဲ့ရနိုင်အောင် အပိုင်းလိုက်ကန့်ထားမယ်ဆိုရင် အိပ်မက်တွေကို အကောင်အထည်ဖော်ရာမှာ အာရုံစိုက်လိုလည်း လွယ်သွားမှာ ဖြစ်ပါတယ်။

Credit

အောင်မြင်တဲ့ကလေးတွေ ဖြစ်လာဖို့ မိဘတွေအနေနဲ့ ဘယ်လိုပြုစုပျိုးထောင်ပေးမလဲ?====================(၁)  ဖြစ်ချင်တာမှန်သမျှ တိတိ...
05/10/2021

အောင်မြင်တဲ့ကလေးတွေ ဖြစ်လာဖို့ မိဘတွေအနေနဲ့ ဘယ်လိုပြုစုပျိုးထောင်ပေးမလဲ?
====================
(၁) ဖြစ်ချင်တာမှန်သမျှ တိတိကျကျ ဖြစ်လာမယ်ဆိုတာမျိုး ကလေးတွေကို မပြောပါနဲ့။

ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကို သေချာစဉ်းစားတတ်ပြီး မျှခြေကို ရွေးချယ်တတ်အောင်သာ သင်ကြားပေးပါ။

(၂) မိသားစုနဲ့တူတူ ထမင်းစားခိုင်းပါ။

တစ်ပတ်ကို (၅) ရက်လောက် မိသားစုနဲ့ ထမင်းတူတူစားတဲ့ ကလေးတွေဟာ မူးယစ်ဆေးသုံးခြင်း၊ အရွယ်မတိုင်ခင် ကိုယ်ဝန်ရခြင်း၊အဝလွန်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတို့ နည်းပါးပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပြီး အောင်မြင်တဲ့ဘဝကို တည်ဆောက်နိုင်တတ်ကြပါတယ်။ ဒါဟာ စားရင်းသောက်ရင်းနဲ့ ကလေးရဲ့ခေါင်းထဲကို မှန်ကန်တဲ့ အတွေးအခေါ်တွေ နည်းနည်းစီ ထည့်ပေးသွားနိုင်တာကြောင့် ဖြစ်ပါလိမ့်မယ်။

(၃) SCREEN TIME (ဖုန်း၊ တီဗီ၊ ကွန်ပျူတာ စသည်တို့ကို ကြည့်ချိန်) ကို လျှော့ပါ။

ဖုန်း၊ တီဗီ၊ ကွန်ပျူတာတို့ကလာတဲ့ အလင်းရောင်ဟာ မျက်စိပျက်စေတဲ့အပြင် ကလေးငယ်တွေရဲ့ ဦးနှောက်ကိုပါ ရာသက်ပန် ပြောင်းလဲသွားစေပါတယ်။ ဒါကြောင့် အသက် (၂) နှစ်အောက် ကလေးတွေကိုဆို လုံးဝပေးမကြည့်သင့်ပါဘူး။ အသက် (၂) နှစ်မှ (၅) နှစ်ကိုတော့ တစ်နေ့လျှင် (၁) နာရီ ပေးကြည့်နိုင်ပြီး ကျန်တဲ့အသက်အရွယ်တွေမှာတော့ တတ်နိုင်သလောက် လျှော့ချထားသင့်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် မိသားစုနဲ့နေချိန် ပိုရသွားမှာဖြစ်ပြီး ပျော်ရွှင်တဲ့ကလေးများ ဖြစ်လာမှာပဲ ဖြစ်ပါတယ်။

(၄) အလုပ်ကို နိုင်သလောက် လုပ်ခိုင်းပါ။
သုတေသနများအရ အမြင့်မားဆုံး အသက်မွေးဝမ်းကြောင်းကို ရရှိထားတဲ့သူတွေဟာ ငယ်စဉ်က အိမ်မှုကိစ္စတွေ ကူညီပြုလုပ်ခဲ့ပေးကြတဲ့သူတွေ ဖြစ်ပါတယ်။

(၅) အချိန်မဆွဲတတ်ပါစေနဲ့။

ကိုယ်လုပ်ရမယ့်အလုပ်ကို အချိန်ဆွဲပြီး ပျင်းပျင်းရိရိ လုပ်ကိုင်တဲ့အကျင့်ဟာ အောင်မြင်တဲ့ဘဝနဲ့ အလှမ်းကွာစေပါတယ်။

(၆) စာဖတ်ပြပေးပါ။
အသက် (၁၀) နှစ်အရွယ်ကထဲက စာများများဖတ်ခဲ့တဲ့ကလေးတွေဟာ (၁၆) နှစ်အရွယ်မှာ တခြားကလေးတွေထက် စာမေးပွဲ အမှတ်ပိုကောင်းနေတာကို တွေ့ရပါတယ်။

(၇) ခရီးသွားဖို့ အားပေးပါ။

ပြည်တွင်းပဲဖြစ်ဖြစ်၊ ပြည်ပပဲဖြစ်ဖြစ် ခရီးသွားခြင်းက ကလေးတွေရဲ့ ဦးနှောက်ကို လန်းဆန်းတက်ကြွစေပြီး ဒေသန္တရဗဟုသုတလည်း တိုးပွားစေပါတယ်။

(၈) ကျရှုံးနိုင်ကြောင်းကို နားလည်ပါစေ။
ကျရှုံးဖူးခြင်းဖြင့် အရှုံးကနေ သင်ခန်းစာယူတတ်အောင် သင်ကြားပေးပါ။ အဆိုးထဲကနေတောင် အကောင်းကို ရအောင်ယူနိုင်တယ်ဆိုတာကို ပြောပြပေးခြင်းဖြင့် ကလေးကို ပိုမိုစိတ်အားတက်ကြွစေပါတယ်။

ဒေါက်တာနေလွင်ထူး

မိဘတွေ စိတ်ဝင်စားလာတဲ့ ညာဘက်ဦးနှောက် ဖွံ့ဖြိုးမှု (Right Brain Development) ဆိုတာ…----------------------------------Righ...
30/09/2021

မိဘတွေ စိတ်ဝင်စားလာတဲ့ ညာဘက်ဦးနှောက် ဖွံ့ဖြိုးမှု (Right Brain Development) ဆိုတာ…
----------------------------------
Right Brain Development ဆိုတာ မြန်မာပြည်ကို ရောက်လာတာ မကြာသေးတဲ့ ကလေးသူငယ်ဖွံ့ဖြိုးမှုဆိုင်ရာ အတွေးအခေါ် အသစ် တစ်ခုပါ။ သူနဲ့ ဆက်စပ်ပြီး ကျောင်းတွေ လေ့ကျင့်ရေး ပရိုဂရမ်တွေပါ ပါဝင်လာတော့ ကလေးမိဘတွေ အတော် စိတ်ဝင်စားလာကြပါတယ်။ ဒီ post လေးမှာတော့ ညာဘက်ဦးနှောက် ဖွံ့ဖြိုးမှု နဲ့ ပတ်သက်ပြီး စုဆောင်းမိသမျှကို ပြန်လည်ဝေမျှ ပေးချင်ပါတယ်။ ဒီ post လေးကို အသုံးဝင်မယ့်သူတွေ ရှိရင်လည်း လက်ဆင့်ကမ်းပေးလိုက်ကြပါဦး။

Right Brain Development ဆိုတာ
----------------------------------------
ကလေးတွေဟာ မွေးကင်းစကနေ အသက် (၃)နှစ် ကျော် (၄)နှစ်ကြားမှာ ညာဘက်ဉီးနှောက်ဟာ အရှိန်ဟုန်နဲ့ ဖွံဖြိုးပါတယ်။ ဘယ်ဘက်ဦးနှောက်ကတော့ အသက် (၆) နှစ် ဝန်းကျင်မှစပြီး သိသိသာသာ ဖွံ့ဖြိုးပါတယ်။ ဒါကြောင့် ကလေးတွေရဲ့ ပထမ (၈)နှစ်ဟာ သူတို့ အနာဂတ်ရဲ့ အရေးကြီးဆုံး အချိန် ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။Right Brain Education ဆိုတာကတော့ ကလေးတွေရဲ့ ညာဘက် ဦးနှောက်ဖွံ့ဖြိုးအောင် ကူညီပေးတဲ့ လေ့ကျင့်ခန်းတွေ အပြုအမူတွေနဲ့ သိပ္ပံနည်းကျ လေ့လာထားတဲ့ သင်ကြားမှု နည်းစနစ်တွေကို ဆိုလိုပါတယ်။ ငယ်ရွယ်တဲ့ အချိန် အတွင်းမှာ ဦးနှောက်နှစ်ဖက်လုံးကို ဖွံ့ဖြိုးအောင် လေ့ကျင့်ပေးထားခြင်းဖြင့် ကလေးတွေအနေနဲ့ ဦးနှောက်ရဲ့ စွမ်းအားကို ပိုမိုပြည့်ဝစွာ အသုံးချလာနိုင်မှာ ဖြစ်ပါတယ်။

ဘာလို့ အရေးကြီးတာလဲ

အကြမ်းဖျဉ်းအားဖြင့် ဦးနှောက်ရဲ့ ဘယ်ဘက်ခြမ်းက စကားလုံးတွေ၊ ကိန်းဂဏန်းတွေ အစရှိတဲ့ ကျိုးကြောင်းဆက်စပ်တွေးခေါ်ရတဲ့ အပိုင်းကို တာဝန်ယူပြီး ညာဘက်ခြမ်းကတော့ အမြင်အာရုံ အကြားအာရုံ ဆဌမ အာရုံ (အလိုလို သိနေမှု) တွေ ပြီးတော့ မြင်တာ ကြားတာတွေနဲ့ ဆက်စပ်တဲ့ သင်ယူမှု တီထွင်ဖန်တီးမှု စွမ်းရည် စိတ်ခံစားမှု စတာတွေကို တာဝန်ယူပါတယ်။
များသောအားဖြင့် မူကြိုစထားလိုက်တာနဲ့ ကျွန်မတို့ ကလေးတွေရဲ့ အချိန်ကို တဘက်သတ် လွှမ်းမိုးထားတာက ဘယ်ဘက်ဦးနှောက်ဖွံ့ဖြိုးမှုကို အားပေးတဲ့ လေ့ကျင့်ခန်းတွေ ဖြစ်နေပါတယ်။ တီထွင်ဖန်တီးနိုင်စွမ်းတွေကို တာဝန်ယူထားတဲ့ ညာဘက်ဦးနှောက် ဖွံ့ဖြိုးနေတဲ့ အချိန်မှာ သူ့ကို အားပေးမယ့် လေ့ကျင့်ခန်းတွေဟာလည်း အရေးကြီးပါတယ်။ ဦးနှောက်နှစ်ဖက်စလုံး သာတူညီမျှ ဖွံ့ဖြိုးလာမှသာ ကလေးအနေနဲ့ ဘက်ညီတဲ့ တွေးခေါ်မှုတွေ ဆုံးဖြတ်ချက်တွေ သင်ယူမှုတွေကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

နောက်တချက်ကတော့ ပိုပြီး အရေးကြီးပါတယ်။ “၂၀၃၀ လောက်မှာ လူတွေရဲ့ အလုပ်တော်တော်များများကို စက်တွေ၊ စက်ရုပ်တွေက နေရာယူတော့မှာ ဖြစ်ပါတယ်။ ကလေးတွေကို လွန်ခဲ့တဲ့ နှစ် ၂၀၀ ကျော်ထဲက သင်လာတဲ့ သုတဦးစားပေး ပညာရေးနဲ့တင် မလုံလောက်တော့ပါဘူး။ စက်တွေ မယှဉ်ပြိုင်နိုင်တဲ့ ကိုယ်ပိုင်တွေးခေါ်နိုင်မှု (Independent thinking) ၊ ပူးပေါင်းဆောင်ရွက်တတ်မှု (teamwork) ၊ (values) ၊ သူတပါးအပေါ် ဂရုစိုက်မှု (care for others)၊ ယုံကြည်မှု (Belief) စတဲ့soft skills တွေကို သင်ပေးရတော့မှာပါ။ ဒီတော့ ကလေးတွေကို အဖွဲ့လိုက်အားကစားတွေ၊ ဂီတ၊ ပန်းချီ ၊ အနုပညာ ဖန်တီးမှု စတာတွေကို သင်ပေးသင့်တယ်” လို့ သန်းကြွယ်သူဌေးကြီး ဂျက်မားက ဆိုပါတယ်။ ဒီ soft skills တွေ ၊ ပညာတွေကို သင်ပေးဖို့Right Brain Development ဟာ အရေးပါပါတယ်။

ဘယ်စွမ်းရည်တွေကို အဓိက ထားသင်ပေးသင့်လဲ

Right Brain Training တွေမှာ ညာဘက်ဦးနှောက်က တာဝန်ယူထားတဲ့ အပိုင်းတွေကို အဓိကထားလေ့ကျင့်ပေးရပါတယ်။ လေ့ကျင့်ပုံတွေကတော့ အသက်အရွယ်ပေါ်မူတည်ပြီး ကွဲပြားသွားပါမယ်။ အခြေခံကတော့ အမြင်အာရုံ တစ်ခုတည်းနဲ့ မှတ်သားရတဲ့ လေ့ကျင့်ခန်းတွေ၊ အကြားအာရုံ လေ့ကျင့်ခန်းတွေ၊ စိတ်ခံစားမှုပိုင်း empathy (အပွေ့အဖက် အယုအယတွေ၊ ချီးကျူးစကားတွေ စသည်)၊ ဂီတ ခံစားမှု၊ ပုံဆွဲခြင်း ၊ အမြင်အာရုံ အကြားအားရုံ ဗဟိုပြုတဲ့ အမြန်မှတ်သားမှုစွမ်းရည်ဆိုင်ရာ လေ့ကျင့်ခန်း စတာတွေပဲ ဖြစ်ပါတယ်။

အိမ်မှာ လေ့ကျင့်ချင်ရင်ရော

အိမ်မှာပဲ ကိုယ်တိုင် ကလေးကို သင်ကြားပေးချင်တဲ့ မိဘတွေ အတွက် Right Brain training သင်ထောက်ကူပစ္စည်းတွေကို အွန်လိုင်းကနေ ဝယ်ယူလေ့ကျင့်ပေးနိုင်ပါတယ်။ သင်ကြားမှု ပုံစံတွေကို သိချင်ရင်တော့ Google ကထုတ်တဲ့ Youtube Kids app လေးမှာလည်းလေ့လာနိုင်ပါတယ်။

ဉာဏ်ကျယ်လေးတွေကို မြေတောင်မြှောက်ပေးတဲ့ ဖေဖေမေမေတွေ ဖြစ်လာပါစေလို့ ဆန္ဒပြုရင်း…

သင့်ရဲ့ကလေးတွေကို ပိုက်ဆံအကြောင်းသင်ပေးချင်လား❓ကလေးတွေကိုစီးပွားရေး၊ စွန့် ဦးတီထွင်မှုနဲ့ ငွေအကြောင်းပညာပေးချင်တဲ့ မိဘတွ...
27/09/2021

သင့်ရဲ့ကလေးတွေကို ပိုက်ဆံအကြောင်းသင်ပေးချင်လား❓

ကလေးတွေကိုစီးပွားရေး၊ စွန့် ဦးတီထွင်မှုနဲ့ ငွေအကြောင်းပညာပေးချင်တဲ့ မိဘတွေ ဖြစ်တယ်ဆိုရင်တော့ အကောင်းဆုံး နည်းလမ်းက လုပ်ငန်းတစ်ခုစတင်ခိုင်းဖို့ပါပဲ။ 💸🔍

အသက်အရွယ်အားလုံးအတွက် လုပ်ငန်းစီးပွား Ideas အခု (၄၀) ကို ဖော်ပြပေးလိုက်ပါတယ်နော်...👇👇

ဖေဖေ၊ မေမေတို့ရေ......မိမိကလေးငယ်များ အင်္ဂလိပ်စာစွမ်းရည် အထူးသဖြင့် Reading Skills  ကောင်းမွန်စေဖို့အတွက် ပုံပြင်စာအုပ်...
21/09/2021

ဖေဖေ၊ မေမေတို့ရေ......

မိမိကလေးငယ်များ အင်္ဂလိပ်စာစွမ်းရည် အထူးသဖြင့် Reading Skills ကောင်းမွန်စေဖို့အတွက် ပုံပြင်စာအုပ်လေးတွေ အများကြီးကို free ဖတ်ရှုနိုင်မယ့် Website Link လေး ချပေးလိုက်ပါတယ်...🌟🌟

အင်္ဂလိပ်စာအပြင် သင်္ချာအတွက်လည်း topic အလိုက် interactive game လေးတွေ ဆော့ဖို့ အများကြီးပေးထားတယ်။ comics တွေလည်းပါဝင်ပါသေးတယ်။ 🌟🌟

အောက်မှာပေးထားတဲ့ link လေးကို နှိပ်ပြီး ဝင်ကြည့်လိုက်ပါနော်...
https://www.funbrain.com/books

လွတ်လပ်စွာတွေးခေါ်ခွင့်ပေးတယ်.. သူတို့တကယ်ဝါသနာပါတာတွေကို သေချာစွာပြုစုပျိုးထောင်ပေးတဲ့အခါ ငယ်ရွယ်စဥ်ကလေးဘဝကတည်းက အောင်မ...
28/01/2021

လွတ်လပ်စွာတွေးခေါ်ခွင့်ပေးတယ်.. သူတို့တကယ်ဝါသနာပါတာတွေကို သေချာစွာပြုစုပျိုးထောင်ပေးတဲ့အခါ ငယ်ရွယ်စဥ်ကလေးဘဝကတည်းက အောင်မြင်မှုကိုလက်တွေ့ရရှိပါတယ်..

We all know how YouTube has dominated the entertainment scene over the last decade, but it seems like now the kids are the ones taking over! From toys to tal...

50 Small Business Ideas for Kids
21/01/2021

50 Small Business Ideas for Kids

Age is no restriction for entrepreneurs nowadays and as big list of business ideas for kids demonstrates, there are plenty of opportunities.

❣12 Adorable Kid Entrepreneurs ❣
21/01/2021

❣12 Adorable Kid Entrepreneurs ❣

These 12 kid entrepreneurs are business powerhouses in the making. And every small business owner—no matter how young or old—could learn a lesson from them.

Address

No. 110, Yeik Thar 4th Street, Wai Za Yan Tar Garden Housing, Mi Chaung Kan 1st Quarter, Thingangyun Township
Yangon
11071

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959984458585

Alerts

Be the first to know and let us send you an email when Kidsentrepreneurs posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Kidsentrepreneurs:

Shortcuts

Share

Category