KKL HR Operation And Management

KKL HR Operation And Management If you want to be a good HR person, You can't just have knowledge about HRM; also need to be optimist

Happy International HR Day 2024! 🌎🎉Today, May 20 2024, we celebrate the incredible contributions of HR professionals aro...
19/05/2024

Happy International HR Day 2024! 🌎🎉

Today, May 20 2024, we celebrate the incredible contributions of HR professionals around the world who tirelessly work to create supportive, inclusive, and dynamic workplaces. HR is the backbone of every organization, driving talent acquisition, employee engagement, development, and well-being.

This year's theme, " ,"
highlights the pivotal role HR professionals play in navigating the evolving landscape of work and focusing on four sub-theme:

1. Ethical use of technology and AI
2. Future workplaces
3. People leadership
4. Continued innovation in skills and education

From embracing digital transformation to fostering diverse and inclusive cultures, HR is at the forefront of building resilient and forward-thinking organizations.

Let's take a moment to recognize and appreciate the dedication, passion, and expertise of HR teams everywhere. Thank you for making a positive impact on the lives of employees and the success of businesses globally.

Sunday, May 8Mother's Day 2022🙏🙏🙏🙏🙏
08/05/2022

Sunday, May 8
Mother's Day 2022
🙏🙏🙏🙏🙏

  !Wishing you all a happy, healthy and wealthy 2022 and may the coming year bring more joy and success to your lives !M...
31/12/2021

!

Wishing you all a happy, healthy and wealthy 2022 and may the coming year bring more joy and success to your lives !

May you all make nice plans for the coming 2022 with last year's great experience and the knowledge that you learned and got.


17/10/2021

အခြေခံအုတ်မြစ် (Foundation) ခိုင်ဖို့ပါပဲ၊ ဒါမှငလျင်ဒဏ်ခံနိုင်မယ်၊ Biggest External Factor ရဲ့ရိုက်ခတ်မှုမှာ အနေအထားတစ်ခုထိထိန်းထားနိုင်မယ်၊ မဟုတ်ရင် ပြိုလဲမယ် ...

Development ကနောက်၊ "-" အနုတ်လက္ခဏာ ကနေ "+" 0 Normal ကိုပဲပြန်ရောက်အောင်မနည်းဆွဲတင်ရမယ်

Risk Management လို့ပြောရင် Conceptual Skill ကအရမ်းအရေးကြီးတယ်၊ ဒီC skills ကလည်း Experience နဲ့ ပင်ကို Talented ရှိ‌ေသာသူပိုအားသာတယ်

အင်း ... တော်တော်လေးတော့ မလွယ်လှပါဘူး 🤔🤔

တချို့အမိန့်ကြော်ညာစာတွေ၊ တင်ပြချက်တွေက အခြေအနေတစ်ခုခုမှာ လိုအပ်ရင် အထောက်အကူပြုနိုင်ပါတယ်လိုအပ်ရင်တော့ Save ပေါ့
11/10/2021

တချို့အမိန့်ကြော်ညာစာတွေ၊ တင်ပြချက်တွေက အခြေအနေတစ်ခုခုမှာ လိုအပ်ရင် အထောက်အကူပြုနိုင်ပါတယ်

လိုအပ်ရင်တော့ Save ပေါ့

Performance Management(Key Performance Indicator 👉 Part (1))KPI ကို လုပ်ငန်း၊ နယ်ပယ်တစ်ခုရဲ့ စွမ်းဆောင်ရည်နဲ့ဖွံ့ဖြိုးတိ...
10/10/2021

Performance Management
(Key Performance Indicator 👉 Part (1))

KPI ကို လုပ်ငန်း၊ နယ်ပယ်တစ်ခုရဲ့ စွမ်းဆောင်ရည်နဲ့ဖွံ့ဖြိုးတိုးတက်မှုကိုတိုင်းတာခြင်း (သို့) လုပ်ငန်းရဲ့အဓိကကျတဲ့ ရည်ရွယ်ချက်တွေ နဲ့ Target ကိုထိမထိ ကိန်းဂဏန်းတွေနဲ့တိုင်းတာတဲ့ညွှန်းကိန်းတစ်ခုဖြစ်ပါတယ်။ ကုမ္ပဏီ၏အလုံးစုံသောစွမ်းဆောင်ရည်များကို အဆင့်မြှင့် KPI များဖြင့်ခြေရာခံ ဆန်းစစ်ကြသလို၊ ဌာနတစ်ခုချင်း၊ ဝန်းထမ်းတစ်ဉီးတစ်ယောက်ချင်းစီရဲ့ စွမ်းဆောင်ရည်များကိုလည်း Indicator များဖြင့်ဆန်းစစ်တိုင်းတာကြပြီး၊ ၎င်းဌာန၊ ဝန်ထမ်းတစ်ဉီးယောက်ချင်းစီရဲ့ လုပ်ကိုဆောင်ရွက်နေရသော လုပ်ငန်းဆောင်တာများသည် သည်၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှု၊ Career Development ကိုအထောက်အကူပြု‌နေကြသလို့ လုပ်ငန်းရဲ့ရည်ရွယ်ချက်၊ သွားရာလမ်းမှာ ဘယ်လောက်အတိုင်းအတာထိ အထောက်အကူပြု၊ ကိုက်ညီနေသလဲဆိုတာကိုသိရဖို့အတွက် တိုင်းတာကြရပါတယ်။
ဝန်ထမ်းတစ်ဉီးတစ်ယောက်ချင်းစီရဲ့ဖွဲ့တိုးတက်မှုမှသည် Organization Development ဆီသို့ဆိုတဲ့ဆိုရိုးစကားအတိုင်းပါပဲ

ဆိုတော့ဒီအပိုင်းမှာ ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းစီရဲ့ အဓိကကျတဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို အသေးစိတ် ကာလအပိုင်းအခြားအလိုက် လက်တွေ့ဆန်ဆန်လေး မှတ်တမ်းတင်တိုင်းတာကြည့်ကြပါမယ်

ဘယ်လိုအကြောင်းရာတွေကို မှတ်တမ်းတင်ကြမလဲဆိုရင် သူတို့ရဲ့ နေ့စဉ်၊ အပတ်စဉ်၊ လစဉ် ၊ နှစ်စဉ် ဆောင်ရွက်နေရတဲ့ လုပ်ငန်းဆောင်တာတွေထဲကမှ အရေးကြီးဆုံး လုပ်ငန်းအစိတ်အပိုင်းတွေကို မှတ်တင်တိုင်းတာကြပါမယ်။

တိုင်းတာကြတဲ့အခါမှာ သက်ဆိုင်ရာ ဌာနခေါင်းဆောင်၊ ကြီးကြပ်သူတွေနဲ့တွေဆုံဆွေးဆုံပြီး အကဲဖြတ်၊ တွက်ချက်တိုင်းတာတဲ့ပုံစံနဲ့၊ ၎င်းတို့လက်အောက်ဝန်ထမ်းများအတွက် တိုင်းတာဖို့လိုအပ်တဲ့၊ တိုင်းတာရမဲ့ Key Result Area and Key Performance Indicator များကို အတူတကွတွေ့ဆုံ ဆွေးနွေးပြီ SMART ဖြစ်ဖြစ်သတ်မှတ်ရပါမယ်၊ မိမိတို့ HR Dept မှာ Job Analysis စနစ်တကျလုပ်၊ Main JD များသတ်မှတ်ထားရှိသော်လည်း မိမိတို့ HR သည်သက်ဆိုင်ရာ Professional မဟုတ်တဲ့အတွက် ၎င်းတို့နှင့်ထပ်မံတွေ့ဆုံပြီး တိုင်းတာရမဲ့ဧရိယာများကိုသတ်မှတ်မှသာ ပိုမိုထိရောက်မယ်ဆိုတာ သတိပြုရပါမယ်။

ဒီအပိုင်းမှာပထမဉီးဆုံး ဉပမာအနေဖြင့် Recruitment Specialist တစ်ယောက်ကို KPI များချမှတ်ပြီး တိုင်းတာကြည့်ကြပါမယ်။

Key Result Area ဟာ Recruitment ဖြစ်ပြီး KPI များဟာ 👇

(၁+၂) Time to Hire ပျမ်းမျှသတ်မှတ်ကာလအတွင်း ဝန်းခေါ်ယူရန်အချိန်သတ်မှတ်ချက် (Target အနေဖြင် Middle Mgt Level ရက် ၃၀ နှင့် Operational Level အတွက် ၁၅ ရက်သတ်မှတ်ထားပါတယ်)

(၃) သက်ဆိုင်ရာဌာနများမှ အစားထိုးရန် သို့ လုပ်ငန်းလိုအပ်ချက်အရထပ်မံခန့်အပ်ရန် သို့ ခန့်အပ်ရန်လိုအပ်သောဝန်ထမ်း အရေအတွက် များအား ပြည့်မှီစွာခန့်ထားရန် (ဒီနေရာမှာ Target အနေဖြင့် ရာခိုင်နှုန်းအရ ၉၀ % သတ်မှတ်ထားပါတယ်၊ ဆိုလိုတာက စုစုပေါင်း ၁၀ ယောက်တောင်းခံထားရင် ၉ ယောက်တော့အနည်းဆုံး ခေါ်ယူခန်အပ်ပေးနိုင်ရမယ်လို့ဆိုလိုပါတယ်)
(၄) Recruitment Cost ဝန်ထမ်းရှာထွေစုဆောင်းရာတွင်ကုန်ကျစိရိတ်ကန့်သတ်ချက် - (Recruitment Cost ဆိုတာက ကျွန်တော်တို့ နှစ်တစ်တစ်နှစ်စာ၊ လစဉ်အတွက် RC ကိုခန့်မှန်းထားရှိထားတဲ့ခွင့်ပြု Recruitment Budget အပေါ်မှာ ကန့်သတ်ချက်အနေဖြင့် Target ထားရှိမှာဖြစ်ပါတယ်၊ ဒီနေရာမှာ Cost per hire ဆိုတဲ့တစ်ဉီးတစ်ယောက်ချင်းစီရဲ့ ကုန်ကျစရိတ်ကို KPI အနေဖြင့်ထည့်သွင်းဖို့ရာ အသေးစိတ်ဆန်တဲ့အတွက်မသတ်မှတ်ပါဘူး၊ Reporting အနေဖြင့်သာ နှစ်တစ်နှစ်စာအတွက် ဝန်းထမ်းတစ်ဉီးတစ်ယောက်ချင်းစီအတွက် ပျမ်းမျှဒီလောက်တော့ကုန်ကျရပါတယ်ဆိုတဲ့အချက်ကိုသာတင်ပြလို့အဆင်ပြေမှာဖြစ်ပါတယ်၊ ဒီနေရာမှာ (Job.net Website နဲ့ Social media (Facebook Group, Company Page) ကိုသာအသုံးပြုမှာဖြစ်တဲ့အတွက် ပျမ်းမျှ လတစ်လအတွက် RC ကုန်ကျစရိတ်ကို ၂ သိန်းသာသတ်မှတ်မှာဖြစ်ပါတယ်။

(၅) Offer Acceptance Rate ( Target အနေဖြင့် 80% သတ်မှတ်ထားပါတယ်၊ ဆိုတာက မိမိတို့စိစစ်‌ ရွေးချယ်ပြီးလို့ အလုပ်ခန့်အပ်ဖို့၊ ဆင်းဖို့ကမ်းလှမ်းတဲ့အခါမှာ ၁၀ ဉီးမှာ ၈ ဉီးအလုပ်ဝင်နိုင်အောင်ကြိုးစားရပါမယ်၊ ဒီနေရာမှာ လုပ်ငန်းက ကြည့်ကောင်းရှုကောင်း လစာ၊ အကျိုးခံစားခွင့်မပေးနိုင်ရင် Target ထိဖို့ရာလွန်စွာခက်ခဲနိုင်ပါတယ်)

(၆) Turnover Rate during probationary period (Target အနေဖြင့် အစမ်းခန့်ကာအတွင်း TR rate 15 % သတ်မှတ်ထားပါတယ်၊ ဆိုလိုတာက အသစ်ဝင်လာတဲ့ဉီးရေ ၁၀ဉီး မှာ ၁.၅ ယောက်နှုန်းသာထွက်စေပြီး ၈ ဉီးကိုတော့ထိန်းသိမ်းထားနိုင်ရမယ်လိုဆိုလိုတာပါ၊ ဒီလိုဖြစ်ဖို့ဆိုတာ တခြားသော HR Section တွေအပေါ်မှာလည်းများစွာမူတည်ပါလိမ့်မယ်၊ ဒီနေရာမှာ အစမ်းခန့်အတွင်း TR rate ကိုတိုင်းတာတာဖြစ်တဲ့အတွက် ၎င်းကာလအတွင်းခန့်အပ်ထားတဲ့ ဝန်းထမ်းအသစ်ဉီးရေဖြင့်သာ စားမှာဖြစ်ပါတယ်၊ လုပ်ငန်းတစ်ခုလုံးရဲ့ Total Manpower ဖြင့်စားမည်ဆိုပါက Target အနေဖြင့် ရာခိုင်နှုန်းသတ်မှတ်ပြောင်းလဲဖို့လိုပြီး မိမိလုပ်ငန်းအနေအထားအရ Standard Turnover ဆန်းစစ်ထားရှိဖို့လိုပါတယ်၊ လုပ်ငန်းရဲ့သဘောသဘာဝကိုက ဝန်ထမ်းအဝင်အထွက်များတဲ့လုပ်ငန်းမျိုးရှိတဲ့အတွက် TR % ဘယ်လောက်ဆိုရင်ကောင်းတယ်၊ မကောင်းဘူးဆိုတာ‌ကို ပုံသေပြောဖို့ရာအတွက်မဖြစ်နိုင်ပါဘူး။)

"Actual Result အားထည့်သွင်းတွက်ချက်ခြင်း"

Actual Result လို့ပြောရင်သတ်မှတ်ကာလရောက်မှခန့်မှန်းထည့်သွင်းတွက်ချက်လို့အဆင်မပြေပါဘူး၊ နေ့စဉ်၊ အပတ်စဉ်ဆောင်ရွက်ချက်တွေအတွက် Record Keeping ထားရှိရပါမယ်။

- ဒီ‌‌နေရာမှာ ပုံပါ KPI အမှတ်စဉ် (၁+၂+၃) အတွက် Time to Hire / No. Of Employee Requisition and Hiring List ရဲ့ နေ့စဉ်၊ အပတ်စဉ်၊ လစဉ်မှတ်တမ်းတင်ထားတဲ့ အနှစ်ချုပ်ရဲ့ပျမ်းမျှရလဒ်ကို KPI Format ရဲ့ Actual မှာထည့်သွင်းရမှာဖြစ်ပါတယ်။ တောင်းဆိုထားတဲ့ရက်နဲ့ခန့်အပ်နိုင်ခဲ့တဲ့ရက်ရယ် စုစုပေါင်းဘယ်နှစ်ရက်အချိန်ယူရသလဲဆိုတာရယ်၊ တောင်းခံလာတဲ့ ဉီးရေမှာ သတ်မှတ် KPI ကာလအတွင်း ဘယ်နှစ်ဉီးခန့်အပ်နိုင်ပါတယ်ဆိုတဲ့ အသေးစိတ် List ကို ပုံ (၂,၃) မှာတွေမြင်ရမှာဖြစ်ပါတယ်။

Offer Acceptance list ကိုလည်း နေ့စဉ်၊ အပတ်စဉ်၊ လစဉ် Offer လုပ်နေရသမျှ အသေးစိတ်စာရင်းပြုစုထားရပါမယ် (Total Offer / Total acceptance / Variance) ဆိုပြီး Title အနေဖြင့် Record ထားရှိပြီး သတ်မှတ်ကာလအတွင်း စုစုပေါင်း အလုပ် Offer ကိုလက်ခံခဲ့တဲ့သူကိုတည် စုစုပေါင်း Offer လုပ်ခဲ့ရတဲ့ဉီးရေနဲ့စား ၁၀၀ နဲ့မြှောက်၊ ရလာတဲ့ % ကို KPI Format ရဲ့ Actual မှာထည်ပါ ။ (Example; (7/10)*100 = 70%)
- Turnover Rate လည်းထိုနည်းလည်းကောင်းပါပဲ
(2/20)*100 = 10% (ခန့်အပ်ထားတဲ့ ဝန်ထမ်းအသစ်အယောက် 20 မှာ 2 ဉီးသာထွက်တယ်ဆိုတဲ့အခြေအနေပါ။ 10% ကို ပုံပါ KPI အမှတ်စဉ် 5 ရဲ့ Actual မှာထည့်ရမှာဖြစ်ပါတယ်။

နောက်တစ်ဆင့် KPI အချက်တစ်ခုချင်းစီအတွက် Results တွေထွက်ပြီဆိုတော့ Score တွက်ပါမယ်၊ ဒီနေရာမှာ (Higher the Better) ရလဒ်များမှကောင်းမယ် ဆိုတာနဲ့ (Lower The Better) ရလဒ်နည်းမှကောင်းမယ်ဆိုတဲ့အခြေအနေ (၂) ရပ်ရှိပါတယ် ။ ဆိုလိုတာက 👇
ဉပမာ -

ပုံပါအမှတ်စဉ် (၁+၂+၄+၆) သည် သတ်မှတ် Time frame အတွင်း၊ ရက် ၃၀ အတွင်း ဝန်ထမ်းခေါ်ယူခန့်ထားပေးနိုင်ရမည်။ ဝန်ထမ်းခေါ်ယူကုန်ကျစရိတ်ကန့်သတ်ချက်၊ ဝန်ထမ်းအသစ်များအစမ်းခန့်ကာလအတွင်းထွက်နှုန်း။ ဆိုတော့ စောလျင်စွာ ရက် ၂၀ အတွင်းခေါ်ယူနိုင်လေကောင်းလေပေါ့၊ ပျမ်းမျှအချိန်ယူရတဲ့ရက်နည်းလေကောင်းလေပေါ့။ RC ကုန်ကျစရိတ်နည်းနည်းပဲသုံးပြီး 2E လုပ်နိုင်လေလေ၊ ဝန်ထမ်းထွက်နှုန်းနည်းလေကောင်းလေပေါ့ ။ ဒီအခြေအနေမှာ Score တွက်တဲ့အခါ Target ကိုတည်ပြီး Actual နဲ့စား 100 နဲ့မြှောက်ပါ။ Lower the Better = (Target÷Actual)*100 ပေါ့

ပုံပါအမှတ်စဉ် (၃+၅) 👉 လိုအပ်တဲ့၊ တောင်းခံလာတဲ့ဝန်ထမ်းဉီးရေပြည့်မှီစွာခန့်ထားခြင်း၊ ဆိုတော့ Result ကများလေကောင်းလေပါ။ များလေကောင်းလေဆိုတာဒီနေရာမှာ လိုအပ်တဲ့ဝန်ထမ်းအရေအတွက်ကို အတိအကျခေါ်ယူခန့်အပ်နိုင်ရမယ်လို့ဆိုလိုချင်တာပါ။ ဒီအခြေအနေမှာ Score တွက်တဲ့အခါ Actual ကိုတည်ပြီး Target နဲ့စား ၁၀၀ နဲ့မြှောက်ပါ။ Higher the better = ( Actual ÷ Target) *100 ပေါ့

ပြီးနောက်နောက်ဆုံးရလဒ် Final Score တွက်ပါတော့မယ်။ ဆိုတော့ (Final Score = Weight * Score) ပါ

ဒီနေရာမှာ Weight ဆိုတာက အရေးကြီးမှုကိုပြောတာပါ။ ထိရောက်မဲ့အချက်တွေကိုပဲထည့်သွင်းတိုင်းတာကြတာပါပဲ။ သို့သော် တိုင်းတာတဲ့ KPI များစွာထဲက ဘယ်အချက်ကပိုပြီးတော့ အရေးကြီးသလဲဆိုတာကို Percentage % နဲ့ ပျမ်းမျှပြန်သတ်မှတ်တာဖြစ်ပါတယ်။ စုစုပေါင်းသည် ၁၀၀% ပဲပြန်ဖြစ်ရပါမယ်။ နည်း၊ များဖြစ်လို့မရပါဘူး။

ဆိုတော့ တစ်ချက်ချင်းစီအတွက် Final Score တွက်ချက်ပြီး၊ အားလုံးပေါင်းလိုက်ရင် Recruitment Specialist တစ်ရောက်ရဲ့ KPI ရလဒ် Total Score ကိုရရှိမှာဖြစ်ပါတယ်။

ပုံပါ RS တစ်ယောက်ရဲ့ KPI ရမှတ်ဟာ 103 မှတ်ဖြစ်ပါတယ်။ သူ့ရဲ့တစ်ချက်ချင်းစီတိုင်းကိုပြန်ဆန်းစစ်တဲ့အခါမှာ အချက်များစွာဟာပြည့်မှီနေတာတွေ့ရပြီး၊ တချို့အချက်တွေဟာလိုအပ်ချက်အနေဖြင့် Target ပြည်ဖို့မပြောပလောက်သော 1%, 2% လောက်သာလိုတာတွေ့ရပါတယ်။

နောက်ရမှတ်အား Points (5 rating) အနေဖြင့်

96 Above ကို 👉 Excellent (ထူးချွန်)
91 to 95 👉 Good (ကောင်းမွန်)
81 to 90 👉 Normal (အသင့်အတင့်)
51 to 80 👉 Need Improvement (တိုးတက်ရန်လို)
50 and below 👉 Unsatisfactory (ကျေနပ်ဖွယ်ရာမရှိ) စသဖြင်ထပ်မံချိတ်ဆက်သတ်မှတ်ပါတယ်

ဒီနေရာမှာ RS ရဲ့ KPI ရလဒ် Total Score ဟာ 103 မှတ်ဖြစ်တဲ့အတွက် 👉 Excellent ဖြစ်တယ်လို့ယူဆပါတယ်၊ သူ့ရဲ့အချက်တစ်ချက်ချင်းစီကလည်းပြည့်မှီကောင်းမွန်နေတာကိုတွေ့ရပါတယ်။

ဒီ KPI တွက်ချက်မှု Frame ပုံစံအား တခြား‌ သောလုပ်ငန်းနယ်ပယ်များအတွက်ထပ်တူအသုံးပြုလို့ရပေမဲ့၊ KPI တစ်ချက်ချင်းစီအတွက် Result ကိုရရှိ ထည့်တွက်နိုင်ဖို့ရာအတွက် သက်ဆိုင်ရာ Record Keeping/ Formula များလိုအပ်အုံးမှာဖြစ်ပါတယ်၊ ပုံမှာ Turnover Rate တွက်တဲ့အခါမှာ TR Formula သုံးပြီး KPI Format ထည့်သုံးရသလို့၊ လုပ်ငန်းရဲ့ Financial / Account / Turnover တွေကို KPI အနေနဲ့သတ်မှတ် တိုင်းတာတဲ့နေရာမှာလည်း
(ဥပမာ Gross Profit Margin/ Net Profit Margin/ ROI/ ROA / Debt to Equity Ratio/ Internal Rate of return (IRR)/ Accounting Rate of Return (ARR)/ BEP/ EPS/ Liquidity Ratio/ Solvency Ratio/ AR Turnover Ration/ NPV) စတဲ့ Formula နဲ့ ရလဒ် Indicator နဲ့တွက်ချက်သုံးသပ်ကြဖို့လိုပါတယ်။ ဒါကတော့ သက်ဆိုင်ရာ Professional တွေပဲပိုသိကြပါလိမ့်မယ်။

ဒီနေရာထိဖက်ရှုလာခဲ့တဲ့မိတ်ဆွေအားလွန်စွာကျေးဇူးတင်ပါတယ်၊ အထက်ပါအကြောင်းအရာတွေကတော့ ကျွန်တော့်ရဲ့အမြင်၊ အတွေ့အကြုံ၊ သုံးသပ်ချက် များသာဖြစ်ပြီး အတွေ့အကြုံ၊ ဗဟုသုတကောင်းများရှိခဲ့ရင် Comment မှာဝေဖန်ရေးထက် ဆွေးနွေးချက်များဝင်ရောက်ပေးသွားလို့ရပါတယ်ဗျ

Can Share/ Copying is not allowed

စေတနာဖြင့်သာ

Wai Yar Min

Compensation and Benefits Management For HR Department (Part 1 to 5)👉 (1) Job Analysis > (2) Position Management > (3) P...
09/10/2021

Compensation and Benefits Management For HR Department (Part 1 to 5)

👉 (1) Job Analysis > (2) Position Management > (3) Position Classification/ (4) Ranking > (5) Job and Pay Grade > (6) Pay Range > (7) Increment and Performance Pay > (8) Pay Differential > (9) Company's Ability to pay (10) Competitor Pay (11) Living wages

(၁) Compensation and Benefits အပိုင်း (၁)
https://www.facebook.com/groups/670110130417212/permalink/670123590415866/

(၂) Compensation and Benefits အပိုင်း(၂)
https://www.facebook.com/groups/670110130417212/permalink/691445804950311/

(၃) Compensation and Benefits အပိုင်း (၃)
https://www.facebook.com/groups/670110130417212/permalink/701234110638147/

(၄) Compensation and Benefits အပိုင်း (၄)
https://www.facebook.com/groups/670110130417212/permalink/703110233783868/

(၅) Compensation and Benefits အပိုင်း (၅)
https://www.facebook.com/groups/670110130417212/permalink/698578984236993/

Can share/ Copying is not allowed

WYM
HROM

Word Teachers' Day (International Teachers Day)October, 5🙏🙏🙏🙏🙏
05/10/2021

Word Teachers' Day
(International Teachers Day)
October, 5
🙏🙏🙏🙏🙏

လွန်ခဲ့သောရက်က Satisfaction Survey (ESS) နဲ့ပတ်သတ်တဲ့ Questionnaire များကို Good Form ကနေ့တဆင့် Fill out ဖို့တောင်းဆိုခဲ...
27/09/2021

လွန်ခဲ့သောရက်က Satisfaction Survey (ESS) နဲ့ပတ်သတ်တဲ့ Questionnaire များကို Good Form ကနေ့တဆင့် Fill out ဖို့တောင်းဆိုခဲ့ပြီး၊ လူ ၂၀ တော့ဝင်ရောက်ဖြေဆို‌ပေးသွားပါတယ်။

👉 ပျမ်းမျှရာခိုင်နှုန်းအရ ကောင်းမွန်ပြီး၊ လုပ်ငန်းခွင်မှာအဆင့်ပြေတဲ့အခြေအနေများတွေ့ရပါတယ်။ Strongly Agree, Agree မှာ % များနေတာ‌တေွ့ရပါတယ်၊ Netural (Normal) မှာလည်း 50% အောက်မှာပဲတည်ရှိနေပြီး ၊ Disagree မှာလည်း % အနည်းငယ်သာ တွေ့ရပါတယ်။ ဘယ်အချက်တွေဖြစ်သလဲဆိုတာ အောက်ပါ Result Summary ပုံမှာကြည့်လို့ရပါတယ်။ သို့ပေမဲ့ ကြည့်ရတာ ဒီကာလမှာ လုပ်ငန်းခွင်မှာရော၊ တခြားအကြောင်းအရာတွေရော Satisfaction မဖြစ်လို့ စိတ်ရှုပ်လို့ဝင်မဖြေကြတာလည်းဖြစ်နိုင်ပါတယ် 😊 ဒီဒေတာ‌ တွေက မှန်တယ်လို့မဆိုလိုပါဘူး အကြမ်းဖျဉ်းပုံဖော်လို့ရအောင် ရေးလို့ရအောင်ပဲကောက်ယူထားတာပါခင်ဗျာ 😊

https://m.facebook.com/story.php?story_fbid=2906571419673546&id=100009621494020

"How to prepare and collect"

✍️ ပထမဉီးစွာ၊ ခေါင်းစဉ်၊ ခေါင်းစဉ်ခွဲနဲ့အညီ ကိုက်ညီသင့်လျော်တဲ့ Questionnaire များပြင်ဆင်ကြရပါမယ်၊ နောက်တစ်ဆင့်ဘယ်လိုပုံစံမျိုး၊ နည်းလမ်းမျိုးနဲ့စစ်တမ်းကောက်ယူကြမလဲ၊ Form နဲ့ပဲဌာနအလိုက်ဖြန်ဝေပြီး ကောက်ယူမလား၊ Document လျော့ချနဲ့အနေနဲ့ Online Google From ဖန်တီးပြီး ကောက်ယူမလား၊ ရုံးသုံး Software, ERP ထဲမှာပဲပြင်ဆင်ပြီး စစ်တမ်းကောက်ယူမလား ၊ နောက် ဘယ်လိုနည်းလမ်းမျိုးဆို အဆင်ပြေမလဲ စသဖြင့်စဉ်းစားကြရပါတယ်။

ထိုနောက်ဒီလိုကောက်ယူရရှိခဲ့တဲ့ Data ပေါ်မူတည်ပြီး ဘယ်လိုမျိုးသတ်မှတ် ဆန်းစစ်ကြမလဲ?

စံသတ်မှတ်ချက်အနေနဲ့ 👇

1-(Strongly Agree + Agree + Netural) ပေါင်းရလဒ်သည် 85% နှင့်အထက်ကျော်လွန်ရပါမယ်၊ လူတစ်ရာမှာ 10% လောက်က (လူ့အလိုနတ်မလိုက်နိုင်ဘူး၊ မဖြည့်ဆည်းနိုင်ဘူး) ဆိုတဲ့အနေအထားရှိနေပါသည်။ အားလုံးတစ်ဉီးမကျန် Satisfaction ဖြစ်အောင်လုပ်မယ်ဆိုရင် မဟုတ်သေးပါဘူး။ 85% အောက် Result ထွက်နေရင်တော့ ၎င်း Area ကိုပြန်ဆန်းစစ်ဖို့လိုပါတယ်။ များလေကောင်းလေပါပဲ။

2-(Disagree + Strongly Disagree) ပေါင်းရလဒ်သည် 15% အောက်ရောက်နေရပါမယ်၊ 15%နှင့်အထက်ရောက်နေရင်တော့ ၎င်း Area ကိုပြန်လည်ဆန်းစစ်ဖို့လိုပါမယ်၊ (နံပါတ် 1 နဲ့ 2 ဟာပြောင်းပြန်အချိုးကြပါတယ်)၊ ရာခိုင်နှုန်းနည်းလေကောင်းလေပါပဲ

3-(Normal , ပုံမှန်ပါပဲဆိုတဲ့သူတွေ, ဒီရလဒ်ဟာ 50% အထက်ကျော်လို့မရပါဘူး၊ Normal တွေပဲရလဒ်များ၊ ဖြေတဲ့သူများနေရင်တော့ ၎င်း Area ကိုပြန်လည်ဆန်းစစ်ဖို့လို့ပါတယ်၊ သူလည်း % နည်းလေကောင်းလေပါပဲ။

4- နောက်တစ်ခုပြောချင်တာက "လား" မေးခွန်းတွေပါ (ကြိုက်လား၊ ပျော်လား၊ အဆင်ပြေလား၊ လွယ်သလား၊ Do you like, Do you enjoy, Is it easy to + V1) 👉 ဒီးမေးခွန်းရဲ့ Result တွေသည် Strongly Agree, Agree မှာများလေကောင်းလေဖြစ်ပြီး၊ Disagree မှာနည်းလေးကောင်းလေပါ

5- မ..လား မေးခွန်းတွေပါ (မပျော်ရွင်၊ မနှစ်သက်၊ မလွယ်ကူ , Don't you know, enjoy, like, satisfy)၊ နောက်ပြီး Negative ပုံစံမသုံးပေးမဲ့ ရေးတဲ့ပုံစံက (‌ဉပမာ ခက်ခဲနေလား၊ ရုန်းကန်နေရလား၊ များပြာနေလား, is it difficult , be + unsatisfied, Struggle) စတဲ့မေးခွန်တွေရဲ့ရလဒ်တွေသည်လည်း Strongly Agree, Agree တွေမှာ % နည်းလေကောင်းလေဖြစ်ပြီး၊ Disagree, Agree တွေ့ရဲ့ % ရလဒ်ကတော့များလေကောင်းလေပဲဖြစ်ပါတယ်

👉 အဲ့တော့ % တွေအပေါ် သုံးသပ်ရလွယ်ကူအောင်၊ မရှုပ်ထွေးအောင် "လား" မေးခွန်းပဲသီးသန့် (သို့) "မ..လား" မေးခွန်းသီးသန့်ပဲမေးသင့်ပါတယ်၊ တနည်း Strongly Agree, Agree ရလဒ်များလေကောင်းလေဆိုတဲ့မေးခွန်းတွေပဲ သီးသန့်မေးတာမျိုးပါ

✍️ ကျွန်တော်ဟိုရက်ကမေးတဲ့မေးခွန်းတွေက Agree များရင်ကောင်းတဲ့မေးခွန်းတွေပါ၊ သို့ပေမဲ့ Is it easy to get သုံးရမဲ့နေရာမှာ Do you struggle လို့သုံးထားမိတယ်။ ဒါကြတော့ Disagree မှာ ရလဒ်များလေကောင်းလေဆိုတဲ့မေးခွန်းဖြစ်နေပါတယ်။ % တွက် သုံးသပ်တဲ့အချိန်မှာ နည်းနည်းတော့ ဂွကျ‌သွားပါတယ် 😊။

✔️6-(နောက်တစ်ခုက ခေါင်းစဉ်တစ်ခုချင်းစီရဲ့ Average ရလဒ်ကကောင်းမွန်အဆင်ပြေနေပေမဲ့ ၎င်းခေါင်းစဉ်အောက်က အချက်၊ အကြောင်းအရာတစ်ခုမှာ Strongly Agree လိုမျိုးပါဝင်နေရင် ၎င်းအချက်ကိုလည်း ပြန်လည်သုံးသပ်အဖြေရှာသင့်ပါတယ်။ ပုံမှာအနီရောင် Color ပြပေးထားပါတယ်။

✔️7- နောက်တစ်ခုက ကိုယ်မေးချင်တဲ့မေးခွန်း Yes, No အပိတ်ပဲမေးမနေပဲ 👉 သူတို့ရဲ့အကြံညဏ်‌ပေးချင်တဲ့အရာ၊ အမြင်‌ နဲ့ ပြောချင်တဲ့အကြောင်းအရာတွေကို ရေးသားလို့ရနိုင်မဲ့ Open Ended-Question WH? မေးခွန်းတွေကိုလည်း Long Sentence နဲရေးလို့ရအောင်နေရာပေးထားဖို့လိုပါတယ် (သင့်အနေနဲ့ဘယ်အပိုင်းမှာကောင်းမွန်စွာအတွေ့အကြုံရှိပြီး ဘယ်အရာကိုပြောင်းလဲချင်လဲ၊ အကောင်အထည်ဖော်ချင်ပါသလဲ၊ သင်အနေနဲ့ ဒီစစ်တမ်းမှာ ကျွန်ုပ်တို့ကို ဘယ်‌အကြောင်းအရာတွေကို ထည့်သွင်းမေးမြန်းစေချင်ပါသလဲ) စသဖြင့်ထည့်သွင်းမေးမြန်းထားဖို့လိုပါလိမ့်မယ်။

- အရင် Google Form မှာမေးထားထဲ WH? မေးခွန်းရဲ့ အဖြေတွေက ဘာသာပြန်နဲ့ နားလည်မှုလွဲလိုလားမသိဘူး အမေးနဲ့အဖြေမကိုက် လို့ထည့်သွင်းမဖော်ပြထားပါဘူး၊ ဒီနေရာမှာ မြန်မာလူမျိုးများရင် မြန်မာလိုပဲမေးတာကောင်းပါတယ်၊ What's he like? ကို What does he like? လို့ဘာသာပြန်နားလည်မှာလွဲမှားတာမျိုးဖြစ်တက်ပါတယ်၊ နားလည်ရလွယ်ကူတဲ့အသုံးအနှုန်းတွေပဲ သုံးဖို့လိုပါတယ်

အထက်ပါအကြောင်းအရာတွေက ESS ဆောင်ရွက်ရာမှာ ဘယ်လိုပြင်ဆင်၊ ကောက်ယူ၊ သုံးသပ်ရမလဲဆိုတာ လက်တွေ့ဆန်ဆန်လေး အကျမ်းဖျင်း ရှင်းပြပေးထားပါတယ်၊ တချို့အရာတွေက လက်တွေ့မှာပဲသိမြင် လေ့လာလို့ရနိုင်ပါတယ်၊ ဒါတွေကတော့ကျွန်တော့အမြင်ပုံစံသာဖြစ်ပြီး၊ အတွေအကြုံကောင်းများရှိခဲ့ရင် Comment မှာဆက်ဖြည့်သွားလို့ရပါတယ်။

စောတနာဖြင့်သာ
WYM
HROM

Address

Hlaing Township
Yangon
099398

Telephone

+959799762197

Website

Alerts

Be the first to know and let us send you an email when KKL HR Operation And Management posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to KKL HR Operation And Management:

Shortcuts

Share