Abby ရဲ့ကျောင်းသားမိဘတစ်ယောက် ဒီနေ့ Visit Visa ဝင်တဲ့အတွေ့ကြုံလေး Share ပေးချင်ပါတယ် ..
Visa type - B1/B2
Age - 45
Travel Reasons - Visit Son
Sponsor - Self Sponsor
Language used - Burmese language (translator requested)
First time visa apply to US
Interview မေးခွန်းတချို့
- ဘာလို့ US ကိုသွားလည်ချင်တာလဲ
- သားက ဘာကျောင်းတက်နေတာလဲ၊ ဘာ major လဲ နဲ့ဘယ် year ရောက်ပြီလဲ ဆိုတာတွေ
- ဒီမှာ ဘာလုပ်ငန်းရှိလဲ
နောက်ဆုံးမှာ
- လုပ်ဖူးလား ဆိုပြီးမေးသွားပါတယ်။ (ကလေး မေမေကတော့ လျောက်ဖူးတာမို့ အမှန်အတိုင်းပဲ လျောက်ဖူးတယ်လို့ဖြေလိုက်ပါတယ်။)
၃ မိနစ်လောက် ငြိမ်နေပြီးတော့မှ Visa approved ဆိုပြီးတော့ Passport collect လုပဖို့စာရွက်လေးပေးလိုက်ပါတယ်…
တခြား supporting စာရွက်စာတမ်း တွေအနေနဲ့ဘာမှကိုမတောင်းကြည့်ပါဘူး ..
အရင်လိုမေးခွန် ၃၊ ၄ ခုလောက်ပဲမေးတော့တာမဟုတ်ပဲ သေချာကိုစိတ်ရှည်ရှည်နဲ့စေ့စေ့ပေါက်ပေါက်မေးတဲ့ Counselor ရှိနေပါပြီ။
Tips:
ဆိုတော့ကာ Visit Visa ဖြစ်ဖြစ်၊ ကျောင်းသား Visa ဖြစ်ဖြစ် Supporting documents စာရွက်စာတမ်းပြင်ဆင်မှုက အရေးကြီးသလို Interview မှာသေချာ မေးခွန်းတွေကိုအပိုအလိုမရှိဖြေနိုင်ဖို့ကလဲ ပိုပြီး အရေးကြီးကြောင်း သတိပေးချင်ပါတယ်။
Interview Practice များကို Abby မှ အတွေ့အကြုံရှိ Visa Counselors များမှ သေချာပြင်ဆင်လေ့ကျင့်ပေးတာနေတာမို့ page chat box ကနေလာရောက်စုံစမ်းလို့ရပါတယ်။
Abby Educational Service
Education Consultant & Visa Services
09/01/2023
US Visa Appointment တွေ May 2023 တစ်လ ကိုထက်ပြီးတော့ဖွင့်ပေးထားပါတယ်။
Summer Intake ကျောင်းသားတွေနဲ့ Visit Visa လျောက်ချင်သူတွေ အမြန်လေးဝင်ယူကြပါ။
F1 Visa နဲ့ Visit Visa လျောက်ချင်သူတွေကို ဝန်ဆောင်မှုပေးနေပါတယ်။ Page Chat Box ကနေစုံစမ်းနိုင်ပါတယ်။
27/12/2022
2023 တွင် Study Abroad လုပ်ရန် စတင်ပြင်ဆင်နေသော ညီငယ်ညီမငယ်တို့ အတွက် !!!
ဒီနှစ်ဟာ အခက်ခဲဆုံးမဟုတ်တောင် အတော်အတန်တော့ ခက်ခက်ခဲခဲကြိုးစားနေရတဲ့ အခြေအနေလို့ဆိုနိုင်ပါတယ်။ နိုင်ငံရေး အကျပ်အတည်းများ၊ မငြိမ်သက်မှုများကြောင့် ပြည်တွင်းပညာရေးရပ်ဝန်းမှာသာမက ပြည်ပသို့ထွက်ခွာ ပညာသင်ယူမှုတွင်ပါ အခက်ခဲများစွာ ပိုမိုဖြစ်ပေါ်လာပါတယ်။
ခက်ခဲမှုများစွာထဲမှာ အဓိက တစ်ခုကတော့ နိုင်ငံတိုင်းနီးပါး Visa Reject နှုန်းများမြင့်တက်လာခြင်းဖြစ်ပါတယ်။ မြန်မာကျောင်းသား အသွားများတဲ့ US, Australia လို နိုင်ငံ ကြီးတွေက Reject နှုန်းတွေ မြင့်တက်နေတဲ့ အချိန်မှာ ကျောင်းသားတွေရော မိဘတွေရော ငွေကုန်လူပန်းဖြစ်ရပါတယ်။ သို့သော် အခုချိန်မှာ အချိန်မနှောင်းခင် နိုင်ငံကောင်းကောင်း လုံခြုံစိတ်ချရမှုရှိတဲ့ နိုင်ငံကိုရွေးချယ် နေတဲ့ နောက်ပိုင်းကျောင်းသားတွေ တော်တော်များများ ကိုတော့ Abby Educational Service မှာ Consultation လုပ်ပေးတိုင်း UK ကို အများဆုံးတိုက်တွန်းဖြစ်ပါတယ်။
UK ကိုတိုက်တွန်းရတဲ့ အဓိက အချက် လေး ချက် ရှိပါတယ်။
1 . US, Australia တို့ နဲ ကုန်ကျစရိတ်အတူတူပါပဲ တချို့အပိုင်းတွေမှာ ပိုတောင်သက်သာပါသေးတယ်။
2. အဓိကကျတဲ့ Visa ရရှိမှုနှုန်း မြင့်တက်နေပြီး Visa Process က အချိန်မကြာပဲ လွယ်ကူ ရိုးရှင်းပါတယ်။ သို့ပေမယ် သေချာတိကျမှန်ကန်စွာတော့ ပြင်ဆင်ချိန်စတတ်ဖို့လိုအပ်ပါတယ်။
3. UK က ကျောင်းတော်တော် များများ မှာ May Intake & September Intake မှာ ဖွင့် တာဖြစ်လို့ ကျောင်းသားတွေ အခုနှစ်ဆန်းပိုင်းလောက်ထဲ က လိုအပ်တာတွေ ကြိုတင်ပြင်ဆင်မယ်ဆိုရင် အချိန်ကောင်းကောင်းမှီပီး သေချာတဲ့ ၅ လ လောက် အချိန် အတွင်းမှာ ကျောင်းတက်နိုင်မှာြဖစ်ပါတယ်။
4. Part Time Job, Career Opportunity, Living Standard, Student Community & Life Style, After Graduation Stay တွေမှာလဲ UK ဟာ အတော်လေး Flexible ဖြစ်တယ်လို့ သက်မှတ်လို့ ရတဲ့ နိုင်ငံမျိုးဖြစ်ပါတယ်။
သေချာပေါက် အချိန်ကုန် မခံပဲ Study Abroad လုပ်မှာ ဆိုရင်တော့ 2023 နှစ်စက စပြီး UK မှာ ကျောင်းရွေးတာ Major ရွေးတာတွေကို စတင်ပြင်ဆင်သင့်ပါပြီ။
အသေးစိတ်တွေ နဲ့ ပြင်ဆင်ဖို့ အချက်အလက်တွေ ကို တော့ Abby Educational Service မှာ Free Consultation Session ရယူပီး တိုင်ပင်ဆွေးနွေးလို့ရပါတယ် အတတ်နိုင်ဆုံး နဲ့ အသင့်တော်ဆုံး Pathway များ Major များ အပြင် Scholarship များကိုပါ ရနိုင်သမျှ လျှောက်ထားပေးနေပါတယ်။ Consultation အတွက် Counselor များနဲ့ Booking တင်ဖို့ကိုတော့ Abby Educational Services ၏ Page Messenger တွင် လာရောက် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။
25/12/2022
🌲 We Wish You Merry Christmas 🌲
May the spirit of Christmas infuse your life and that of your family members with hope, positivity and joy...
Merry Christmas and Happy New Year!
09/12/2022
UK နိုင်ငံမှာကျောင်းသွားတက်ဖို့ Abby ဆီမှအကြံညဏ်တွေရယူလိုက်ပါ...
UK နိုင်ငံမှ တက္ကသိုလ်များဟာ အကောင်းမွန်ဆုံးသောပညာရေးစနစ်ကို စီစဉ်ဖန်တီးပေးနေတာကြောင့် ကောင်းမွန်သော ပညာရေးအတွက် ခြေဆန့်လိုသူများအတွက် သွားရောက်တက်ရောက်သင့်ပါတယ်။ နိုင်ငံတကာ အသိအမှတ်ပြု ဘွဲ့များ ကို ကျောင်းပြီးစီးချိန်တွင် ရရှိမှာမလို့ အလုပ်အကိုင်အခွင့်အလမ်းမြောက်မြားစွာကလဲ သင့်ကို စောင့်မျှော်နေမှာပါ။
၁၀တန်းအောင် (or) IGCSE,GCE O level ပြီးမြောက်ထားပါက ကျောင်းသားကျောင်းသူများအနေဖြင့် UK နိုင်ငံမှ တက္ကသိုလ်များတွင် international foundation year ကိုစတင်တက်ရောက်နိုင်မှာဖြစ်ပြီး ၃ နှစ်တက်ရောက်ပြီးနောက် Bachelor degree ကိုရရှိမှာ ဖြစ်ပါတယ်။
✓အချို့ university များကတော့ “sandwich courses” ဟုခေါ်သော 4 နှစ်တက်ရောက်ရသည့် programရှိပြီး ဤပရိုဂရမ်တွင် များသောအားဖြင့် တတိယနှစ်တွင် တစ်နှစ် လုပ်ငန်းခွင်အတွင်း ၀င်ရောက်လုပ်ကိုင်ရပါတယ်။
✓အချို့ တက္ကသိုလ် များဟာဆိုလျှင် "fast-track" program ဟုဆိုသည့် undergraduate level မှာတင် Master's degree ရယူနိုင်တဲ့ program များလဲ စီစဉ်ထားပါတယ်။
✓UK နိုင်ငံမှာ ပညာသင်ကြားနေ international students များအကြားတွေ တက်ရောက်သင်ကြားမှုများပြီး popular အဖြစ်ဆုံး မေဂျာများကတော့
🔹Business.
🔹Natural Sciences.
🔹Engineering and Technology.
🔹Medicine.
🔹Law.
🔹Social Sciences.
🔹Sports Science.
🔹Media and Communication.
🔹Arts.
🔹Hospitality and Tourism တို့ပဲဖြစ်ပါတယ်။
UK နိုင်ငံရဲ့ student visa ကိုအစောဆုံးလျှောက်ထားမည်ဆိုပါက course မစတင်မှီ ၆လ အလို ထဲက လျှောက်ထားသင့်ပြီး visa decision က ၃ပတ် အတွင်း သိရှိရမှာပါ။ Visa fees ကတော့ 363 Pound Sterling ဖြစ်ပါတယ်။သို့ကြောင့် UK နိုင်ငံတွင် ပညာသင်ကြားမည်ဆိုပါက လိုအပ် တဲ့စာရွက် စာတမ်းများပြင်ဆင်ခြင်း၊Application Process နှင့် Visa Process တို့အတွက် ပြင်ဆင်ပါက ခန့်မှန်းခြေ အနဲဆုံး ၃ လ ကြာမြင့်မည်ဖြစ်သဖြင့် ၂၀၂၃ intake တွင် တက်ရောက်လိုပါက ယခုတည်းက ကြိုတင်ပြင်ဆင်သင့်ဖို့ လိုအပ်နေပါတယ်နော်။
ထို့ကြောင့် တက်ရောက်လိုသော မေဂျာနှင့်ကျောင်း ရွေးချယ်ခြင်း၊ ကျောင်းတက်ပြီး နောက်၀င်ရောက်လုပ်ကိုင်နိုင်သည့် လုပ်ငန်းခွင်နယ်ပယ်များနှင့် အလုပ်အကိုင်အခွင့်အလမ်းများအား ကူညီဆွေး နွေးပေးခြင်း၊လိုအပ်သည့်စာရွက်စာတမ်း များကို ပြင်ဆင်ခြင်း၊ ဗီဇာလျှောက်ထားပေးခြင်း စသည့် ကိစ္စရပ်များကို ကျနော်တို့ Abby Educational Services မှ ကူညီဆောင်ရွက်ပေးပါတယ်ခင်ဗျ။
သို့ပါ၍ ကျောင်းလျှောက်လိုသူများအနေဖြင့် Counselling လုပ်ဆောင်မည်ဆိုပါက ကျနော်တို့ Abby Educational Services ၏ Page Messenger (or) 09 757963567,09 970555145 တို့တွင် လာရောက် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ် ခင်ဗျာ။
05/12/2022
Updated Information Of Passport
Passport QR code ကို မည်သည့် ကြားခံပွဲစားမှ မပါပဲ မိမိကိုယ်တိုင် booking ယူမှရမည့် စနစ်ကို ပြင်ဆင်ရေးဆွဲနေတယ်လို့ ကြားသိရပါတယ်နော်။ လက်ရှိ QR code ရရှိပြီးသူများကတော့ ရက်ချိန်းအတိုင်း ဆက်လက်အသုံးပြု ၀င်ရောက်နိုင်သေးပြီး စနစ်သစ်ကတော့ ဘယ်တော့ ပြန်ဖွင့်မလဲ ဆိုတာတော့ မပြောကြားသေးဘူးခင်ဗျ။
သို့အတွက်ကြောင့် နိုင်ငံခြားသွားဖို့(or)ကျောင်းတက်ဖို့ ပြင်ဆင်နေသူများ အချိန်မဆွဲပဲ စောစောစီးစီး ကြိုတင်ပြင်ဆင်နိုင်ဖို့ လိုအပ်နေပါပြီနော်။
၄ရက် ၁၂လ ၂၀၂၂ခုနှစ် မှာ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ မှ အောက်ဖော်ပြပါ informationကို ထုတ်ပြန်လိုက်ပါတယ်။
👉မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်)သို့ နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအတွက် Online Booking စနစ်ဖြင့် QR Code ရယူ၍ ရက်ချိန်းရယူလျှောက်ထားခြင်းအား ၂၁-၃-၂၀၂၂ ရက်တွင် စတင်အသုံးပြုခဲ့ပါသည်။ ယခုအခါ ရက်ချိန်းရယူလိုသူများ မည်သူမဆို ကာယကံရှင်ကိုယ်တိုင် ၂၄ နာရီ ပတ်လုံး ပိတ်ရက်မရှိ (24/7) လွယ်ကူစွာလျှောက်ထားနိုင်ရန်အတွက် Online Booking စနစ်အား ပြင်ဆင်ရေးဆွဲလျက်ရှိပါသည်။
ယခုအသုံးပြုလျက်ရှိသော Online Booking စနစ်ဟောင်းမှ ရက်ချိန်းပေးခြင်းကို ၅-၁၂-၂၀၂၂ ရက်နေ့မှစတင်၍ ရပ်ဆိုင်းထားမည် ဖြစ်ပါသည်။ စနစ်ဟောင်းမှ QR Code ဖြင့် ရက်ချိန်းရယူထားပြီးသူများ အနေဖြင့် မိမိတို့ရက်ချိန်းရရှိထားသည့် နေ့ရက်များတွင် ရုံးတွင်းသို့ ဆက်လက် အသုံးပြုဝင်ရောက်နိုင်ပါသည်။
သို့ဖြစ်၍ နိုင်ငံကူးလက်မှတ်လျှောက်ထားလိုသူများ အနေဖြင့် ပွဲစားများမှတစ်ဆင့် ရက်ချိန်းဝင်ရောက်ခွင့် QR Code များ မတန်တဆ ဈေးဖြင့်ဝယ်ယူခြင်း၊ အခြားသူ၏ QR Code အားလက်လွှဲအသုံးပြုနိုင်ရန် ကြိုးပမ်းခြင်းများမပြုလုပ်ကြရန်နှင့် Online Booking စနစ်သစ် စတင်အသုံးပြုနိုင်မည့်ရက်အား ထပ်မံကြေညာပေးသွားပါမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။👈
https://www.passport.gov.mm/ မှာ အသေးစိတ် ၀င်ရောက်ဖတ်ရှု လို့ရပါတယ်ခင်ဗျာ။
02/12/2022
Hello!!
ဘယ်နိုင်ငံမှာပညာသင်ယူခြင်းက ကိုယ်အတွက်တကယ်အဆင်ပြေမလဲသိနိုင်အောင် Singapore and Thai နိုင်ငံ၏ ပညာရေးစနစ်တွေ၊ကျောင်းလခခန့်မှန်းခြေတွေနဲ့ တက်ရောက်သင့်တဲ့ မေဂျာတွေကို အကြမ်းဖျင်းပြောပြပေးသွားပါမယ်ဗျာ။
Thai နှင့် Singapore နှစ်နိုင်ငံလုံးမှာ University ကို Public နဲ့ Private ဆိုပြီးခွဲထားကြပါတယ်။
Thai ကနေစကြရအောင် undergraduate အတွက် စာသင်နှစ်က အကြမ်းဖျင်း ၄နှစ်ပါ ကိုယ်ယူတဲ့ မေဂျာနဲ့ကျောင်းပေါ်မူတည်ပြီး semester တွေ Study term တွေက ကွဲပြားသွားမှာပါ။ အချို့ကျောင်းတွေမှာ postgraduate က ၁နှစ်စာ စာတွေကို undergraduate မှာဆင်းသင်ပြီး စာသင်နှစ် ၁ နှစ်ပဲထားတဲ့ program တွေရှိပါတယ်။ ဆိုတော့ Master Program ကို ၅ နှစ် အချိန်ပေးယုံနှင့်ရတဲ့ သဘောပေါ့။
ကျောင်းစရိတ်ကတော့ တစ်ကျောင်းနဲ့တစ်ကျောင်းမတူကွဲပြားသောကြောင့် အကြမ်းဖျင်း ပဲပြောပြလိုက်ပါမယ်။ Semester တစ်ခုကို Baht 180,000 to 200,000 ထိကျသင့်တဲ့ University တွေရှိသလို မေဂျာတူတူကိုမှ တစ်နှစ်ကို Baht 80,000 သို့မဟုတ် အဲ့ထက်နဲတဲ့ ပမာဏပဲ ကျသင့်တဲ့ Uni တွေလဲရှိပါတယ်။
International Students တွေ Thai မှာဆည်ပူးနေကြတဲ့ Major တွေထဲမှ လေ့လာမှုအများဆုံး majorများကတော့ Business Administration, Marketing, Business English, Fashion Design and Architects, Hotel & Tourism Management တွေပဲဖြစ်ပါတယ်။
ဒါဆို ကျွန်တော်တို့ Singaporeနိုင်ငံဘက်ကိုလှည့်လိုက်ကြမယ်ဗျ။ Singapore နိုင်ငံဟာ ပညာရေးနှင့် ပက်သက်လျှင် ထိပ်ဆုံးမှာ ရပ်တည်နေတာတော့ ကျောင်းသားကျောင်းသူများသိရှိပြီးဖြစ်မှာပါ။ University တွေအပြင် Singapore မှာ Polytechnic နှင့် ITE (Institute of Technical Education) လိုပညာရေးစနစ်တွေရှိပါတယ်။
Polytechnic မှာတော့ မိမိ လေ့လာလိုတဲ့ ဘာသာကို သီးခြားလေ့လာနိုင်ပြီး သင်ကြားရေးကာလက 3 နှစ်ပါ။ ITE ကတော့ Secondary Education (IGCSE A lvl) ပြီးမြောက်တဲ့ ကျောင်းသူကျောင်းသားများကို အလုပ်အကြို သင်တန်းပေးသည့် စင်္ကာပူရှိ အစိုးရပညာရေး အဖွဲ့အစည်းဖြစ်ပါတယ်။ သင်ကြားသူ၏ နည်းပညာဆိုင်ရာ အသိပညာနှင့် ကျွမ်းကျင်မှုကို ဖွံ့ဖြိုးစေရန် ပံ့ပိုးကူညီပေးပြီး စာသင်ကြာရေးနှင့်အလုပ်သင်ကာလကို full time ကော Part time ကော option ပေးထားပါတယ်။
Singapore မှာကျောင်းတက်မည်ဆိုပါက ခန့်မှန်းခြေအားဖြင့် Diploma Program ဆိုလျှင် USD 4,400 to 13,000 per Year ကျသင့်နိုင်ပြီး Bachelor Program ကတော့ USD 22,000 to 44,000 ၀န်းကျင် ကျသင့်နိုင်ပါတယ်။ ကိုယ်တက်ရောက်မည့် မေဂျာနှင့် ကျောင်းပေါ်မူတည်ပြီး ကုန်ကျစရိတ် အနဲအများ ကွဲပြားနိုင်ပါတယ်။
Singapore မှာဆိုရင်တော့ MBA program တွေ,Businessနှင့်ပက်သက်တဲ့ မေဂျာများ(Banking and Finance, Management, Accounting, Marketing), Law, Engineering နှင့်ပက်သက်သော မေဂျာတွေ သင်ယူတက်ရောက်မှု ပေါများကြပါတယ်။
ယခု ကျွန်တော်ပြောပြပေးသွားတာကတော့ Singapore and Thai နိုင်ငံတွင် ကျောင်းသွားတက်မည့် ညီငယ်၊ ညီမငယ်များအတွက်ဖြစ်ပါတယ်။
ညီငယ်၊ ညီမငယ်များအနေနဲ့ Singapore or Thai န်ိုင်ငံတွင် ပညာလေ့လာဆည်းပူးရန်အတွက် ဆွေးနွေးတိုင်ပက်ချင်ပါက ကျနော်တို့ Abby Educational Service ၏ page messengerမှာပဲဖြစ် contact number 09 757963567,
09 970555145 မှာပဲဖြစ်ဖြစ် Consultation Session နှင့်ပက်သက်ပြီးလာရောက် မေးမြန်းစုံစမ်းနိုင်ပါတယ်။
01/12/2022
Student Pass လျှောက်ထားမည့် Myanmar Passport Holder များအတွက် သတင်းကောင်း
ယခုတစ်လော ICA မှ Student Pass လျှောက်ထားသော Myanmar Passport ကိုင်ဆောင်ထားသည့် ကျောင်းသားကျောင်းသူများ ကို student pass approved ပေးတဲ့ rate တွေက ပြန်လည်မြင့်တက်နေပါတယ်ခင်ဗျာ။
Student Pass လျှောက်သည့်အခါ processing time ကခန့်မှန်းခြေ ၁ လ ကြာမြင့်သည့်အတွက် 2023 Summer Intake အတွက် Singapore နိုင်ငံမှာကျောင်းသွားတက်ဖို့ အစီအစဉ်ရှိသည့် ကျောင်းသားကျောင်းသူများအနေဖြင့် ယခုအချိန်ထဲက ကျောင်းစတင်လျှောက်ထားဖို့ လိုအပ်နေပြီနော်။
Singapore မှာ ကျောင်းတက်ဖို့ မည်သည့်ကျောင်း၊မည်သည့်မေဂျာ ကိုရွေးချယ်ဖို့ ဝေခွဲရခက်နေသော ညီငယ်၊ ညီမငယ်များ (သို့မဟုတ်) မိမိ ရွေးချယ်ထားသည့် ကျောင်း၊မေဂျာနှင့် ပက်သက်၍ အသေးစိတ် ဆွေးနွေးမှုယူလိုသော ညီငယ်၊ညီမငယ်များအတွက် Abby Educational Service မှ Consultation Session များပြုလုပ်ပေးနေလျက်ရှိပါတယ်။
ကျောင်းလျှောက်ပေးခြင်းနှင့် Consultation Session များအတွက် အသေးစိတ်သိရှိလိုပါက Abby Educational Service ၏ page Messenger (or) 09 757963567, 09 970555145 သို့ လာရောက်မေးမြန်းစုံစမ်း လို့ရပါတယ်။
22/11/2022
Duolingo English Test Result ကို 12 နာရီအတွင်း ရအောင်လုပ်နိုင်ပြီနော်!!!
IELTS နဲ့ TOFEL တို့လိုပဲ English Proficiency Test တွေထဲမှာ ခုနောက်ပိုင်း ရေပန်းစားပြီး အချိန်ကုန်လူပင်ပန်းသက်သာစေတာက Duolingo ပါပဲ။
အိမ်မှာ laptop နဲ့ stable connection ရှိတဲ့ wifi လေးရှိရုံနဲ့ online ကနေဖြေလို့ရတဲ့အပြင် test duration က 1 hr ပဲရှိတဲ့အတွက် လွယ်ကူမြန်ဆန်အဆင်ပြေပြီးတော့ သက်သောင့်သက်သာရှိလှပါတယ်။
Duolingo Test အတွက် 49$ ပေးသွင်းရပြီးတော့ ၄၈ နာရီအတွင်း result ထွက်ပါတယ်။ 12 hours အတွင်း result ထွက်ချင်ရင်တော့ extra fees 40$ ထပ်ဆောင်းပေးသွင်းလိုက်ယုံပါပဲနော်။
အရေးကြီးဆုံး မဖြစ်မနေသိရမှာက Rules and Requirements တွေဘဲဗျ။ Online Proficiency Test ဖြစ်ပေမဲ့လို့ rules ကနဲ"ရှိပြီး တိ"ကျ"လိုက်နာသင့်ပါတယ် မဟုတ်ရင်တော့ Duolingo ကြီး result မထုတ်ပေးပဲ ပြန်ဖြေခိုင်းပါတယ်ဗျာ။
Duolingo Test ၏ Rules and Requirements တွေကတော့
📌 Research များ"လုပ်ပေးပါ။ Duolingo website ထဲမှ Test Readiness Guides ထဲမှာ အသုံး၀င်တဲ့ information များစွာရှိပါတယ်။ မေးခွန်းပုံစံ၊ အမှတ်ပေးစနစ်တွေ အပါအ၀င် video walkthrough test လေးတွေပါရှိပါတယ်။
📌 English စာကို practice များ"လုပ်ပေးသင့်ပါတယ်။YouTube မှာ Teacher Luke, TST Prep, Duolingo English Test, This is Yulia တို့လို Duolingo အတွက် အထောက်အကူပြုစေတဲ့ channel များကို subscribe လုပ်ပြီး လေ့လာစေချင်ပါတယ်။
📌 Actual DET မဖြေခင် practice test ကို ခဏခဏဖြေစေချင်ပါတယ်။ https://englishtest.duolingo.com/ ထဲ၀င်ပြီး practice free > create account > practice test 15 minutes အရင်ဖြေကြည့်ပါ။ Actual Test ဖြေတော့မယ်ဆိုရင်လဲ ကိုယ် create ထားတဲ့ account ထဲကနေပဲ purchase the test ကနေငွေသွင်းပြီးတာနဲ့ test file download လုပ်ပြီးဖွင့်ဖြေရုံပါပဲ။
📌Actual test ဖြေတော့မယ်ဆိုရင်တော့ ပတ်၀န်းကျင်က Peace and Quiet ဖြစ်ရမယ်၊ lighting ကောင်း" ရှိမယ်၊ internet connection ကလဲ stable ဖြစ်နေမှ အဆင်ပြေမယ်နော်။
📌ဖြေဆိုသူမျက်လုံးက တတ်နိုင်သမျှ screen မှာပဲရှိပေးပါ၊တောင်ကြည့်မြောက်ကြည့်မကြည့်ပါနဲ့။ Web Cam က လွဲပြီး အခြားလျှောက်မကြည့်ပါနဲ့နော်။ နောက်တစ်ခုအနေနဲ့ Keyboard ကိုပဲတောက်လျှောက်ကြီး ငုံ့ကြည့်ပြီးစာမရိုက်ပါနဲ့၊ Mouse Cursorကိုလဲ မှားမထိစေနဲ့အုံးနော်။
📌ဖြေဆိုတော့မည်ဆိုလျှင်external program မှန်သမျှကို ပိတ်ထားစေချင်ပါတယ်။ (အခြား tab များနှင့် link များကို close တာတို့၊ကိုယ့်ရဲ့ typing spelling, grammar တွေကို correct လုပ်ပေးတဲ့ predicted text software တွေကို disableလုပ်ထားတာတို့လိုမျိုးပေါ့) Test ဖြေဆိုချင်အတွင်းမှာလဲ အနှောင့်အယှက်တစ်စုံတစ်ရာရှိလို့မဖြစ်ပါဘူးနော်။
📌 Pressure အများကြီးမရှိစေချင်ပါဘူး။အကောင်းဆုံး စဉ်းစားတွေးခေါ်နိုင်ပြီး ဖြေနိုင်တဲ့ အချိန်မျိုးတွေမှာ test ကိုဖြေပါ။ (နေ့သမားတွေက နေ့မှာဖြေ၊ ညဘက်မှ တွေးတောရအဆင်ပြေသူလေးများကလဲ ညမှဖြေပေါ့) အိပ်ချိန်စားချိန်မှန်"လေးနဲ့ Calm and Confident လေးဖြစ်နေဖို့က အဓိကပါပဲဗျ။
ကျွန်တော် ပြောသွားပေးသော Rule and Requirements အချက်များကိုသေချာစွာ လိုက်နာ အသုံးချဖြေဆိုနိုင်ပြီး Duolingo ဖြေဆိုရာတွင် အမှတ်များစွာရရှိနိုင်ပါစေကြောင်း Abby မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။
17/11/2022
မြန်မာပြည်က အမေရိကန်သံရုံးမှာဘဲ USA Visit Visa လျှောက်ကြမယ်...
တခြား နိုင်ငံသို့ သွားရောက် လျှောက်ထားစရာမလိုဘဲ မြန်မာပြည်ရှိ အမေရိကန်သံရုံးမှာဘဲ US Visit Visa လျှောက်ထားချင်သော လူကြီးမင်းများအတွက်15 Dec 2022 စ၍ Appointment Booking များကို စတင်လက်ခံပေးသွားမည်ဖြစ်ကြောင်း US Embassy, Yangon website တွင် ကြေညာထားပါသည်ခင်ဗျာ။
Abby Educational Service မှ US Visit Visaနှင့်ပတ်သက်၍ အောက်ပါ၀န်ဆောင်မှုများပြုလုပ်ပေးလျက်ရှိပါသည်။
1) Visa Formမဖြည့်ခင် လျှောက်ထားသူနဲ့သေချာစွာတိုင်ပင်ဆွေးနွေးပေး
ခြင်း။
2) လိုအပ်သော စာရွက်စာတမ်းများကို စနစ်တကျ သေချာစွာပြောပြပေးခြင်း။
3) Visa Formဖြည့်ရာတွင်လည်း အမှားယွင်းမရှိအောင် ဖြည့်စွက်ပေးခြင်း
သာမက၊
4) Interview Practice များကိုပါ လိုအပ်ရင်လိုအပ်သလို အကြိမ်များစွာ
ပြုလုပ်ပေးခြင်း။
စသည့်၀န်ဆောင်မှုများနှင့်အတူ One Stop Service အနေဖြင့် လည်း၀န်ဆောင်မှုပေးလျက်ရှိပါသည်။
US သာမက တခြားနိုင်ငံများဖြစ်သော Thai, Singapore,UK and AU တို့၏ Visit Visa နှင့် Student Visa များကိုပါ ၀န်ဆောင်မှုပေးလုပ်ကိုင်ပေးလျက်ရှိပါသည်။
ဝန်ဆောင်မှုနှင့်ပတ်သက် မေးမြန်းစုံစမ်းလိုပါက
☎️09 757 963 567
☎️09 970 555 145 (သို့မဟုတ်) Facebook Messenger သို့လည်း လာရောက် စုံစမ်းနိုင်ပါတယ် ခင်ဗျာ။
03/11/2022
Offer Letter တော့ရပြီ ဒါပေမဲ့ ဘာဆက်လုပ်ရမလဲ??
ကျောင်း၀င်ခွင့် (Acceptance Letter - Offer Letter) ရရှိပြီးနောက် Student Visa လျောက်ရန် နှင့် Pre-Departure process များအား တိကျသေချာစွာ လုပ်ဆောင်ရန် အခက်ခဲ ရှိနေသော ညီငယ်၊ ညီမငယ် များအတွက် နိုင်ငံတိုင်း၏ Student Visa Service & Pre-Departure Guide အား Abby Educational Service တွင် One-Stop Service အနေဖြင့် ရယူနိုင်ပါပြီခင်ဗျာ။
ကျောင်းလျောက်တဲ့အချိန်အမှားပါရင် ကျောင်းကိုအကြောင်းကြားပြီး ပြန်ပြောလို့ကောင်း ပြန်ပြောလို့ရနိုင်ပေမဲ့၊ Visa ပိုင်းမှာတော့ မှားပြီးသွားရင် ပြန်ပြင်လို့ မရနိုင်တော့ပါဘူးနော် ။ ဆိုတော့ ကိုယ့်အနေနဲ့ ကိုယ့် History မှာ Visa refused record ကိုမလိုအပ်ပဲ မရှိနေအောင် အတွေ့အကြုံရှိ Visa Counselors များနှင့်လာရောက်ဆွေးနွေးပြီး လျောက်ထားနိုင်ဖို့ရာ ဖိတ်ခေါ်ပါတယ်။
☎️ 09 421 015 623
☎️ 09 970 555 145
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
Yangon