Horizon CAD Design & Drafting Solution

Horizon CAD Design & Drafting Solution 2D, 3D Drafting & Design အတွက်ဆို Horizon Design & Drafting မှာ ယုံကြည်စွာအပ်နှံလိုက်ပါ

"The Art of CAD Drafting" — CAD Drafting ဆွဲခြင်းအနုပညာ"CAD Drafting ဆိုတာ သာမန် Drawing ရေးဆွဲတာမဟုတ်ဘူးအများစုက CAD ကိ...
24/02/2026

"The Art of CAD Drafting" — CAD Drafting ဆွဲခြင်းအနုပညာ"

CAD Drafting ဆိုတာ သာမန် Drawing ရေးဆွဲတာမဟုတ်ဘူး

အများစုက CAD ကို tool တစ်ခုအနေနဲ့ပဲ မြင်ကြတယ်။ Software တစ်ခု၊ line တွေဆွဲပြီး dimension တွေထည့်တဲ့ program တစ်ခုပဲလို့။

ဒါပေမယ့် အစစ်အမှန် CAD drafter တစ်ယောက်က ဒီထက်ပိုတာကို မြင်တယ်။

--Design တစ်ခုကို ဘာသာပြန်တဲ့ ပညာရပ်--

Engineer တစ်ယောက်ရဲ့ idea က sketch တစ်ခုပေါ်မှာ ရှိနေတယ်။ Client တစ်ယောက်ရဲ့ vision က သူ့ဦးခေါင်းထဲမှာ ရှိနေတယ်။

CAD drafter ရဲ့ အလုပ်က — အဲဒီ idea တွေကို real world မှာ build လုပ်လိုရအောင် precise, clear, manufacturable ဖြစ်တဲ့ drawing အဖြစ်ပြောင်းပေးဖို့ပဲ။

ဒါက translation ပညာရပ်တစ်ခု။ ဒါပေမယ့် numbers တွေ lines တွေနဲ့ translate လုပ်တာ။

--Precision က respect တစ်မျိုး--

Drawing တစ်ခုမှာ 1mm မှားနေရင် factory မှာ ဘာဖြစ်မလဲ? Parts တွေ fit မဖြစ်ဘူး၊ အချိန်ဆုံးရှုံးတယ်၊ ငွေဆုံးရှုံးတယ်။

ဒါကြောင့် တိကျမှုဆိုတာ perfectionism မဟုတ်ဘူး။ ဒါက အလုပ်ကိုအလုပ်အနေနဲ့ လေးစားတာ။

တကယ်တော်တဲ့ CAD drafter တစ်ယောက်က သူ့ drawing ကို အခြားသူတွေအသုံးမပြုခင် ကိုယ်တိုင် double-check လုပ်တယ်။
ဘာကြောင့်လဲဆိုတော့ — သူ့အမည်က အဲဒီ drawing ပေါ်မှာ ရှိနေလို့ပဲ။

--Technical skill တစ်ခုတည်းနဲ့ မရဘူး--

CAD ကောင်းဖို software တတ်ဖို့ထက် ပိုလိုတာရှိတယ်။

- Engineering logic နားလည်ဖို့
- Material တွေ၊ tolerance တွေ သိဖို့
- Client ဘာလိုချင်တယ်ဆိုတာ မေးမြန်းဖို့
- Drawing တစ်ခု clean ဖြစ်ဖို aesthetic sense ရှိဖို့

ဒါတွေပေါင်းမှ art ဖြစ်တာ။

--CAD Drafter တစ်ယောက် build လုပ်ထားတဲ့ အရာတွေ--

သူတို drawing တွေက — buildings တွေဖြစ်မယ်၊ machines တွေဖြစ်ရင်ဖြစ်မယ်၊ bridges တွေ၊ products တွေဖြစ်မယ်။

လူတွေ သုံးနေတဲ့ အရာတိုင်းမှာ တစ်နေရာရာမှာ drawing တစ်ခု တော့ရှိခဲ့တာပဲ။ အဲတော့ CAD drafter တစ်ယောက် ရှိခဲ့တယ်လို့ဆိုရမယ်။

ဒါက invisible work ပေမယ့် — real world ကို shape လုပ်ပေးနေတဲ့ အလုပ်တစ်ခုပါပဲ။

ဒီတော့ CAD drafting ကို just a skill အနေနဲ့ ယူမလား — ဒါမှမဟုတ် craft တစ်ခုအနေနဲ့ ပြုစုမလား။

အဲဒီ မေးခွန်းကပဲ သာမန် drafter နဲ့ တကယ်တော်တဲ့ drafter ကို ခွဲခြားပေးလိမ့်မယ်။




ChatGPT နဲ့ Render ချထားတဲ့ပုံလေးပါကိုယ်လိုချင်တဲ့အရာတွေ ဖြည့်ခိုင်းလို့ရပါတယ်အရင်တုန်းကဆို ဒါမျိုးလေးရဖို့ photoshop ပါ...
29/12/2025

ChatGPT နဲ့ Render ချထားတဲ့ပုံလေးပါ

ကိုယ်လိုချင်တဲ့အရာတွေ ဖြည့်ခိုင်းလို့ရပါတယ်

အရင်တုန်းကဆို ဒါမျိုးလေးရဖို့ photoshop ပါသုံးရဦးမယ်

အခုတော့ prompt လေးတစ်ကြောင်း၊ နှစ်ကြောင်းရေးလိုက်ရုံပါဘဲ

စမ်းကြည့်ကြပါဦး




28/06/2025

"အားလုံးပဲ မင်္ဂလာပါခင်ဗျ"

ဒီနေ့မှာတော့ ဆရာအောင်ပိုင်ဖြိုးရှင်းပြထားတဲ့ Solid Edge နဲ့ SolidWorks တို့ရဲ့

ဘယ်လိုကွာခြားလဲ?
ဘယ်လိုနေရာတွေမှာ အသုံးပြုကြလဲ ဆိုတဲ့အကြောင်းတွေဖြစ်ပါတယ်။

အားလုံးပဲ မင်္ဂလာပါခင်ဗျ ဒီနေ့မှာတော့ ကျွန်တော်တို့ Horizon CAD Design & Drafting Solution  ရဲ့ ဆရာအောင်ပိုင်ဖြိုးရဲ့ So...
15/06/2025

အားလုံးပဲ မင်္ဂလာပါခင်ဗျ

ဒီနေ့မှာတော့ ကျွန်တော်တို့ Horizon CAD Design & Drafting Solution ရဲ့ ဆရာအောင်ပိုင်ဖြိုးရဲ့ SolidEdge နဲ့သုံးပြီးဆွဲထားတဲ့ Design တွေကို တင်ပေးလိုက်ပါတယ် SolidEdge နဲ့ SOLIDWORKS တို့ဘယ်လို ကွာလဲဆိုတာကိုတော့ ‌Video တစ်ပုဒ်လုပ်ပြီး တင်ပေးပါမယ်

Client တစ်ယောက်အတွက် ဆွဲပေးခဲ့တဲ့ 2D ပုံလေးဒီပုံလေးမှာ အဓိကကျတာကတော့ Spl - Spline Tool ဖြစ်ပါတယ်ကျွန်တော်တို့ Drafter တစ...
13/06/2025

Client တစ်ယောက်အတွက် ဆွဲပေးခဲ့တဲ့ 2D ပုံလေး

ဒီပုံလေးမှာ အဓိကကျတာကတော့ Spl - Spline Tool ဖြစ်ပါတယ်

ကျွန်တော်တို့ Drafter တစ်ယောက်အနေနဲ့ သက်မွေးဝမ်းကျောင်း ပြုမယ်ဆိုရင် Spl Tool က လုံးဝချန်ထားခဲ့လို့ မရတဲ့ Tool ထဲမှာပါပါတယ်။

တကယ်တော့ ဒီနေ့  video လေးအသစ်တစ်ခုတင်မလို့ပါမနေ့က video edit လုပ်နေတုန်း ငလျင်လှုပ်လို့ ဆင်းပြေးခဲ့ရတယ် ဒါပေမယ့်ကံကောင်း...
29/03/2025

တကယ်တော့ ဒီနေ့ video လေးအသစ်တစ်ခုတင်မလို့ပါ

မနေ့က video edit လုပ်နေတုန်း ငလျင်လှုပ်လို့ ဆင်းပြေးခဲ့ရတယ် ဒါပေမယ့်ကံကောင်းစွာနဲ့ ဒီဖက်မှာ ပြင်းအားနည်းလို့ အထိအခိုက်မရှိခဲ့ဘူး

မြန်မာပြည်ကြီးရဲ့ ဝဋ်ဒုက္ခတွေဘယ်အချိန်ခံနေကြရဦးမှာလဲဗျာ

သတင်းတွေမှာ တွေ့ရမြင်ရတာအတွက်တကယ်ကို စိတ်မကောင်းဘူး

ဒီကြားထဲမှာ ဗုံးကြဲခံရတဲ့ဖြစ်စဉ်တွေကရှိနေသေးတယ် 😥

နောက်ထပ်ဒီလိုအဖြစ်ဆိုးမျိုးတွေ မကြုံပါရစေနဲ့တော့လို့ ဆုတောင်းလိုက်ပါတယ် 🙏🙏🙏

ပုံအတွက်မူရင်းဖန်တီးသူကို ခရက်ဒစ်ပေးပါတယ်

ခွင့်တောင်းပြီးမှ ယူသုံးထားခြင်းဖြစ်ပါတယ်

ဒီတစ်ခေါက် Page လေးကို Feedback ပေးခဲ့ကြတဲ့သူတွေထဲက ၃ ယောက်ကို ဖုန်းဘေတစ်သောင်းစီ ထည့်ပေးလိုက်ပါတယ်ခင်ဗျာသတိထားမိတာတစ်ခု...
03/02/2025

ဒီတစ်ခေါက် Page လေးကို Feedback ပေးခဲ့ကြတဲ့သူတွေထဲက ၃ ယောက်ကို ဖုန်းဘေတစ်သောင်းစီ ထည့်ပေးလိုက်ပါတယ်ခင်ဗျာ

သတိထားမိတာတစ်ခုက Page မှာ Feedback လေးတွေပေးတဲ့သူတွေက တကယ်ကိုနည်းလွန်းပါတယ်။

မင်မင်က တကယ်ကို ပိုကောင်းမွန်တဲ့ Page တစ်ခုဖြစ်လာ‌အောင်လုပ်ချင်တာဖြစ်လို့

အားမနာတမ်း Feedback လာပေးလို့ရပါတယ်ခင်ဗျ။

ဒီနေရာမှာ အပြုသဘောဆောင်တဲ့ Feedback ဆိုတာက ဆဲတာဆိုတာတွေမဟုတ်ပဲ ပိုကောင်းစေချင်တဲ့ စေတနာနဲ့ ‌ဝေဖန်ထောက်ပြတာကိုပြောတာဖြစ်ပါတယ်။

Page နဲ့ပတ်သက်ပြီး အကောင်းတွေကိုပဲ ပြောရမယ်လို့ပြောတာမဟုတ်ပါဘူး။

နောက်တစ်ခါကျရင် ဒီထက်အများကြီးမြင်ချင်သေးပါတယ်ခင်ဗျာ။

ဘာပဲဖြစ်ဖြစ် အခုလို Feedback လေးတွေပေးခဲ့တဲ့သူအားလုံးကို အထူးပဲကျေးဇူးအများကြီးတင်ရှိပါတယ်။

အားလုံးပဲ ကောင်းမွန်တဲ့နေ့လေးတစ်ခုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျ။

🔴🔴🔴"ကဲ ကဲ ကဲ" Feedback ပေးရင်း ဖုန်းဘေ 1️⃣0️⃣0️⃣0️⃣0️⃣ စီယူကြမယ်" 🔴🔴🔴အားလုံးပဲ မင်္ဂလာပါခင်ဗျ ဒီနေ့မှာတော့ ကျွန်တော့်ရဲ့...
20/01/2025

🔴🔴🔴"ကဲ ကဲ ကဲ" Feedback ပေးရင်း ဖုန်းဘေ 1️⃣0️⃣0️⃣0️⃣0️⃣ စီယူကြမယ်" 🔴🔴🔴

အားလုံးပဲ မင်္ဂလာပါခင်ဗျ

ဒီနေ့မှာတော့ ကျွန်တော့်ရဲ့ Pages & Channel လေး‌‌ေတွနဲ့ ပတ်သက်ပြီး

Feedbacks လေးတွေ၊ အကြံပြုချက်လေးတွေပေးကြတဲ့ သူတွေထဲက 3️⃣ ယောက်ကို မဲနှိုက်ပြီး ဖုန်းဘေ တစ်သောင်းကျပ်စီ ပေးအပ်သွားမယ့်အစီအစဉ်လေးဖြစ်ပါတယ်။

မိတ်ဆွေတို့လုပ်ပေးရမှာကတော့

ကျွန်တော့်ရဲ့ Horizon CAD Design & Drafting Solution မှာ တင်ပေးထားတဲ့ Contents တွေနဲ့ ဖြစ်ဖြစ်

ကျွန်တော့်ရဲ့ Sharing Page လေးဖြစ်တဲ့

Tag တွဲထားတဲ့ Page မှာတင်ထားတဲ့ Contents တွေနဲ့ဖြစ်ဖြစ်

အဲဒီ Page ကနေ မျှဝေပေးခဲ့တဲ့ AutoCAD Basic Tips စာအုပ်လေးနဲ့ပတ်သက်ပြီးပဲဖြစ်ဖြစ်

လိုအပ်တာလေးတွေကို ဒီပို့်စ်အောက်မှာ Comment မန့်ပေးရပါမယ်ခင်ဗျ။

ဖြစ်နိုင်ရင်တော့ ဒီ Post လေးကိုပါ Like & Share လေးလုပ်ပေးကြစေချင်ပါတယ်။

အားလုံးကံကောင်းကြပါစေ


18/01/2025

Willy's MB JEEP CAR

Modeled and Animated by

AutoDesk Inventor

အားလုံးပဲမင်္ဂလာပါခင်ဗျ
ဒီနေ့မှာတော့ ကျွန်တော်ဆွဲထားတဲ့ 3D JEEP CAR လေးကို Animated Version နဲ့တင်ပေးလိုက်ပါတယ်။

ခုလို CAD နဲ့ဆိုင်တဲ့ ဗဟုသုတတွေ၊ CAD ဆော့ဖ်ဝဲအသုံးပြုပုံတွေကိုလည်း ပုံမှန်မျှဝေသွားမှာဖြစ်လို့

"Self Learning CAD Page" လေးကို Like & Share လေးလုပ်ပေးထားကြဖို တိုက်တွန်းပါတယ်ခင်ဗျ။

Horizon Design & Drafting Page မှာတော့ အလုပ်လာအပ်လို့ရပါတယ်ခင်ဗျ

အဲဒီ Page လေးကတော့ ကျွန်တော့်ရဲ့ Sharing only Page ဖြစ်ပါတယ်။

Video လေးတွေကို Page မှာလည်းပုံမှန်တင်ပေးသွားမှာဖြစ်သလို အောက်က YouTube နဲ့ Telegramm Channel မှာလည်း တင်ပေးသွာမှာဖြစ်လို လင့်လေးတွေကိုဝင်ပြီး Subscribe လုပ်ပြီး Join ထားနိုင်ပါတယ်ခင်ဗျ
YouTube link
https://youtube.com/?si=K7DVBa_Bg3ILd5qV
Telegram Link
https://t.me/selflearningcad

Address

Yangon
63110

Alerts

Be the first to know and let us send you an email when Horizon CAD Design & Drafting Solution posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share