Arashi JLPT& Tokutei Form Service

Arashi JLPT& Tokutei Form Service Jlpt & Tokutei Form Service အပ်လိုပါက09796209491ကို ဆ​က်သွယ်ပေးပါရန်

ကယ်တော် မူကြပါဦး🙏🙏
21/01/2024

ကယ်တော် မူကြပါဦး🙏🙏

မနေ့Jftဖြေဆိုအောင်မြင်ခဲ့တဲ့ညီမလေးပါInterview အမြန်အောင်ပြီးဂျပန်နိုင်ငံသို့ အမြန်သွားနိုင်ပါစေလို့Admin team ကဆု​တောင်း...
27/12/2023

မနေ့Jftဖြေဆိုအောင်မြင်ခဲ့တဲ့ညီမလေးပါ
Interview အမြန်အောင်ပြီး
ဂျပန်နိုင်ငံသို့ အမြန်သွားနိုင်ပါစေလို့
Admin team ကဆု​တောင်းပေးလိုက်ပါတယ်🙏

လာမဲ့နှစ်မှာ စ ကြိုးစားမယ် 😉🪢Crd
27/12/2023

လာမဲ့နှစ်မှာ စ ကြိုးစားမယ် 😉🪢

Crd

 #ဘာလို့_မဖြစ်နိုင်ရမှာလဲ~~~~~~~~~~~~~~~~~လက်တစ်ဖက် မသန်စွမ်းခဲ့တာတောင် မြန်မာ့စာပေသမိုင်းမှာ ထိပ်တန်းစာဆိုကြီး " စလေဦးပ...
25/12/2023

#ဘာလို့_မဖြစ်နိုင်ရမှာလဲ
~~~~~~~~~~~~~~~~~

လက်တစ်ဖက် မသန်စွမ်းခဲ့တာတောင် မြန်မာ့စာပေသမိုင်းမှာ ထိပ်တန်းစာဆိုကြီး " စလေဦးပုည " ရယ်လို့ ဖြစ်လာနိုင်ခဲ့သေးတာ။

လယ်တောထဲမှာ နွားကျောင်းနေရတဲ့ ဘုတလင်မြို့နယ်၊ ငပရင်းရွာသားလေး ကတောင် " မဟာဗန္ဓုလ စစ်သူကြီး " ရယ်လို့ ဖြစ်လာနိုင်ခဲ့သေးတာ။

စာသင်ပေးတဲ့ ဆရာက " ကျပ်မပြည့်တဲ့ ကောင်လေး " လို့ ကဲ့ရဲ့တာ ခံခဲ့ရတဲ့ ခပ်ကြောင်ကြောင် ကလေးငယ်လေး ကတောင် " သောမတ်အယ်ဒီဆင် " ရယ်လို့ ဖြစ်လာနိုင်ခဲ့သေးတာ။

နားမကြားတဲ့ ကလေးငယ် ကတောင် ဂီတစာဆိုကြီး " ဗီသိုဗင် " ရယ်လို့ ဖြစ်လာနိုင်ခဲ့သေးတာ။

မျက်မမြင်, နားမကြား စကားမပြောတတ်တဲ့ မိန်းကလေးငယ် ကတောင် နပိုလီယန် နဲ့ အပြိုင် ကမ္ဘာကျော်အောင် ထူးချွန်ခဲ့တဲ့ " ဟယ်လင်ကဲလား " ရယ်လို့ ဖြစ်လာနိုင်ခဲ့သေးတာ။

ကျောင်းတစ်နှစ်ခွဲသာ နေဖူးခဲ့တဲ့ ကလေးငယ် ကတောင် အတွေးအခေါ်ပညာရှင်ကြီး " ဘင်ဂျမင် ဖရင်ကလင် " ရယ်လို့ ဖြစ်လာနိုင်ခဲ့သေးတာ။

မီးပုံဘေးမှာ စာဖတ်ရလောက်အောင် ဆင်းရဲခဲ့ရတဲ့ ကလေးငယ် ကတောင် အမေရိကန်သမ္မတ " အေဗရာဟင်လင်ကွန်း " ရယ်လို့ ဖြစ်လာနိုင်ခဲ့သေးတာ။

#ဆန္ဒ ကို အကြီးအမှူး ထားဖြစ်ခဲ့ရင်, #ဝီရိယ ကို အကြီးအမှူး ထားဖြစ်ခဲ့ရင်, #စိတ်ဓာတ် ကို အကြီးအမှူး ထားဖြစ်ခဲ့ရင်, #ပညာ ကို အကြီးအမှူး ထားဖြစ်ခဲ့ရင် . . . ခြေလက်, အင်္ဂါ ပြည့်စုံသူတွေအတွက် ကိုယ့်ရည်ရွယ်ချက် ကိုယ့်ပန်းတိုင် တိုင်းဟာ မဖြစ်နိုင်ဘူး ဆိုတာ ရှိနိုင်ပါဦးမလား. . .။

လူသားပီသသူတစ်ယောက် အနေနဲ့ ရည်ရွယ်ချက် တစ်ခုခု, ပန်းတိုင် တစ်ခုခု ရှိထားဖို့က အရေးကြီးပါတယ်။

အနာဂတ်ရဲ့ တစ်နေရာစာအတွက် ရည်ရွယ်ချက်လည်း မရှိ, ပန်းတိုင်လည်း မရှိတဲ့သူဟာ ခြေလက်, အင်္ဂါ ပြည့်စုံနေလည်း ဘာအဓိပ္ပာယ်မှ မရှိပါဘူး။

လှေတစ်စင်းဟာ လှော်ခတ်သူ မပါခဲ့ရင် ရေစီးအတိုင်းလည်း မျှောသွားနိုင်တယ်။ လေတိုက်ရာ ဘက်ကိုလည်း ပါသွားနိုင်တယ်။ ဘယ်အချိန် ဘယ်သောင်နဲ့ တိုက်မိလို့ ဘယ်ကမ်းဆီ ဆိုက်ကပ်မယ် ဆိုတာလည်း မသိနိုင်ပါဘူး။

ရည်ရွယ်ချက် မရှိတဲ့ ဘဝ, ပန်းတိုင် မရှိတဲ့ ဘဝ တွေဟာလည်း လှော်ခတ်သူ မပါတဲ့ လှေနဲ့ အတူတူပဲ ဖြစ်တာမို့ လဲကျခဲ့တာတွေကို သင်ခန်းစာ မယူတတ်သလို ပြန်ထရတဲ့ အရသာကိုလည်း မခံစားတတ်ပါဘူး။

ဘဝမှာ အောင်မြင်မှု ကြီးကြီးမားမားတွေကို ပြုလုပ်ဖို့ မစွမ်းနိုင်ရင်တောင်မှ အကျိုးရှိတဲ့ ရည်ရွယ်ချက် တစ်ခုခု, ပန်းတိုင် တစ်ခုခု ကိုတော့ ချမှတ်ထားဖို့ အရေးကြီးပြီး ကိုယ့်ရည်ရွယ်ချက် ပန်းတိုင်ဆီ ရောက်ဖို့ အစဉ်အမြဲ ဂရုတစိုက်နဲ့ ကြိုးစားနေသင့်ပါတယ်။

အောင်မြင်မှု ကြီးကြီးမားမား မဟုတ်ရင်တောင်မှ ကိုယ်နဲ့ ထိုက်တန်တဲ့ ဘဝအောင်မြင်မှုကို ရခဲ့ရင် အဲ့ဒီလူရဲ့ ရှင်သန်မှုဟာ အဓိပ္ပာယ် ရှိပါတယ်။ တန်ဖိုး ရှိပါတယ်။

ခြေလက်, အင်္ဂါ ပြည့်ပြည်စုံစုံ ရှိပါလျက်နဲ့ အကျိုးရှိတဲ့ ရည်ရွယ်ချက် တစ်ခုခု, ဘဝ အောင်မြင်မှု တစ်ခုခု ကို ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ဘဲ လူ့ပတ်ဝန်းကျင်မှာ လူပိုတစ်ယောက်လို နေမိခဲ့ရင် . . .

ခြေလက်, အင်္ဂါ မပြည့်စုံသူတွေ အညတြ ဘဝသမားတွေရဲ့အောင်မြင်မှုက လှောင်ပြောင်ပျက်ချော် သရော် သွားကြပါလိမ့်မယ်။

ဆရာကြီးဥိီးအောင်သင်းရဲ့ လေသံအတိုင်း ပြောလိုက်ရရင် " ကောင်းတော့ ကောင်းပါတယ်, ဘာကောင်းသလဲ ဆိုတော့ ရှက်ဖို့ ကောင်းတာပေါ့။ "

ဒီစာကို ဖတ်ပြီး သင့်စိတ်ထဲ အသိဉာဏ်တစ်ခု ရခဲ့ရင် ကျေနပ်ပါတယ်။
---------
အလုပ်အကိုင် လုပ်ငန်းများ ​အောင်မြင်တိုးတက်ကြပါ​စေ။

Jobs4U

Seize The Opportunities!
---------
Credit

02/12/2023

Jft Ygn 12လပိုင်းဖြေချင်သူများ
Formရထားပါတယ်
လိုချင်ပါက cbမှာပြောပေးနော်
စျေးသက်သာဆုံးနဲ့ရစေရမယ်နော်

Jft 4ဖောင်Tokutei Food Service 1ဖောင်ရခဲ့ပါတယ်မရခဲ့သူများနောက်တစ်ခါကျရအောင်ကြိုးစားပေးတင်ပေးပါ့မယ်ဖောင်ရရှိသူများ စာမေးပ...
01/12/2023

Jft 4ဖောင်
Tokutei Food Service 1ဖောင်ရခဲ့ပါတယ်

မရခဲ့သူများနောက်တစ်ခါကျရအောင်
ကြိုးစားပေးတင်ပေးပါ့မယ်

ဖောင်ရရှိသူများ စာမေးပွဲကို
အောင်မြင်စွာဖြေဆိုနိုင်ကြပါစေလို့
ဆု​တောင်းပေးလိုက်ပါတယ် 🙏🙏🙏

စာမေးပွဲ အတွက် စာကျက်ရတာ အဆင်ပြေရဲ့လားMe:  ဟုတ် ပြေပါတယ် 😊Crd
18/11/2023

စာမေးပွဲ အတွက် စာကျက်ရတာ အဆင်ပြေရဲ့လား

Me: ဟုတ် ပြေပါတယ် 😊

Crd

Tokutei ဖောင်ရပြီးဖြေဆိုအောင်မြင်သူ ၃ဦးစလုံးစာမေးပွဲ အောင်မြင်တဲ့အတွက်Adminတို့အနေနဲ့ ဝမ်းသာပျော်ရွှင်ရပါတယ်အင်တာဗျူး အ...
15/11/2023

Tokutei ဖောင်ရပြီး
ဖြေဆိုအောင်မြင်သူ ၃ဦးစလုံး
စာမေးပွဲ အောင်မြင်တဲ့အတွက်
Adminတို့အနေနဲ့ ဝမ်းသာပျော်ရွှင်ရပါတယ်
အင်တာဗျူး အမြန်အောင်မြင်ပြီး
ဂျပန်သို့ အမြန်သွားရပါစေလို့
Admin teamက ဆုတောင်းပေးလိုက်ပါတယ်🙏🙏🙏

🤣 | 😍   Photo credit
14/11/2023

🤣 | 😍



Photo credit

ကဲ ဘာကြောင့် စာတွေအသဲအသန်ကြိုးစားနေတာ လည်းပြော ကြပါဦးCrd
11/11/2023

ကဲ ဘာကြောင့် စာတွေအသဲအသန်ကြိုးစားနေတာ လည်းပြော ကြပါဦး
Crd

မေးခွန်းဟောင်းလုပ်ရင်း မသိတာတွေ မှတ်လိုက်သောအခါ🤧🥹Crd
11/11/2023

မေးခွန်းဟောင်းလုပ်ရင်း မသိတာတွေ မှတ်လိုက်သောအခါ🤧🥹

Crd

ရိုးရာမပျက် တစ်နှစ် နှစ်ခါတင်ဖြစ်တဲ့ပုံလေးပါ😂Credit Tsukimi
11/11/2023

ရိုးရာမပျက် တစ်နှစ် နှစ်ခါတင်ဖြစ်တဲ့ပုံလေးပါ😂

Credit Tsukimi

Address

Yangon

Telephone

+959796209491

Website

Alerts

Be the first to know and let us send you an email when Arashi JLPT& Tokutei Form Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Arashi JLPT& Tokutei Form Service:

Shortcuts

Share