Hello World Japanese Language Online Class

Hello World Japanese Language Online Class ဂျပန်စာလေ့လာနေသူများအတွက်ဂျပန်စာ

14/12/2024

ITစိတ်ပါ၀င်စားသူများအတွက်shareပေးတာပါ

18/01/2024
27/06/2023
25/10/2022

J-test စာမေးပွဲကြေးကြေငြာခြင်း

J-test စာမေးပွဲကြေးနှင့် ပတ်သက်ပြီး စုံစမ်းမေးမြန်းသူများ များပြားလျက်ရှိသောကြောင့်

စာမေးပွဲကြေးမှာ မည်သည့် Level မဆို ၄၀၀၀၀ ကျပ်ဖြစ်ပြီး၊ လက်ရှိမြန်မာငွေတန်ဖိုးကျဆင်းနေသော်လည်း စီးပွားရေးကြပ်တည်းနေသောကာလဖြစ်သောကြောင့် စာမေးပွဲကြေးကို တိုးမြှင့်ရန် အစီအစဉ်လုံးဝမရှိပါကြောင်း ကြေငြာအပ်ပါသည်။

၂၀၂၃ ခုနှစ်အတွက် စာမေးပွဲအချိန်စာရင်းများနှင့် ဇန်နဝါရီလတွင် ကျင်းပမည့် ၁၆၆ ကြိမ်မြောက်စာမေးပွဲအတွက် အသေးစိတ်အချက်အလက်များကို နိုဝင်ဘာလ ဒုတိယအပတ်တွင် ကြေငြာသွားပါမည်။

၁၆၆ ကြိမ်မြောက်စာမေးပွဲတွင် ရန်ကုန်စာစစ်ဌာနအတွက် Level အစုံ (N5 to N1) A-C, D-E, F-G Level များကိုကျင်းပသွားမည်ဖြစ်ပြီး

မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ မိတ္တီလာမြို့များတွင် (N3, N4, N5) D-E, F-G Level ကို ကျင်းပသွားမည်ဖြစ်ပါသည်။

၂၀၂၃ ခုနှစ်အတွက် အထက်ပါမြို့များမှအပ အခြားသောမြို့များတွင်ကျင်းပရန် Volunteer လုပ်ပေးနိုင်မည့်ကျောင်းရှိပါက ကျောင်းလိပ်စာ၊ ဖုန်းနံပါတ်၊ ကျင်းပလိုသောမြို့စသော အချက်အလက်များကို [email protected]
သို့ဆက်သွယ်နိုင်ပါသည်။
စစ်ဆေးပြီး ပြန်လည်ဆက်သွယ်ပေးမည်ဖြစ်ပါသည်။

Volunteer လုပ်ပေးသောကျောင်းများသည် စာမေးပွဲဖောင်လက်ခံခြင်း၊ စာမေးပွဲ Certificate ထုတ်ပေးခြင်းများကို အဓိက ကိုယ်စားပြုလုပ်ပေးရန်ဖြစ်ပါသည်။ကုန်ကျစရိတ်များကို J-test Myanmar မှ ကျခံပေးသွားမည်ဖြစ်ပါသည်။

စာမေးပွဲများကို သက်ဆိုင်ရာမြို့များ၏ ဟိုတယ်ခန်းမများတွင်ကျင်းပသွားမည်ဖြစ်ပါသည်။

ဂျပန်စာလေ့လာနေသော လူငယ်များ၊ ဂျပန်စာသင်ကျောင်းများ စာမေးပွဲဖြေဆိုရာတွင်အဆင်ပြေရန် Jtest Myanmar မှ ကြိုးစားဆောင်ရွက်သွားပါမည်။

J-test Myanmar Office

05/10/2022

2022 ခုနှစ် July လတွင် ဖြေဆိုထားသော JLPT စာမေးပွဲအတွက် Certificate များ ထုတ်ယူနိုင်ပြီဖြစ်ကြောင်း အသိပေးကြေငြာခြင်း
********************************************************************
မင်္ဂလာပါ

2022 ခုနှစ်၊ ဇူလိုင်လတွင် ကျင်းပခဲ့သော JLPT စာမေးပွဲ၏ Certificate များအား ၁၁.၁၀.၂၀၂၂ ရက်နေ့ (အင်္ဂါနေ့) မှ စတင်ကာ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် အောက်ပါအတိုင်း လာရောက်ထုတ်ယူနိုင်ပြီဖြစ်ပါကြောင်း အသိပေးအပ် ပါသည်။

ရန်ကုန်တွင်လျှောက်လွှာတင်သူများ

နေရာ - MAJA Education Center (MEC)

လိပ်စာ - အမှတ် ၆၈၂/၆၈၃ (က) ဒုတိယထပ် ၊ သစ္စာလမ်းမ၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။ (ပုဏ္ဏမီ မှတ်တိုင်အနီး)

ဖုန်း - 09 428 613 848

အချိန် - 9:30 AM မှ 4:00 PM (12:00 PM မှ 1:00 PM အထိ ထမင်းစားနားခေတ္တပိတ်ပါသည်။)
စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များ ပိတ်ပါသည်။

မန္တလေးတွင်လျှောက်လွှာတင်သူများ

နေရာ - MAJA Office (Mandalay Branch)

လိပ်စာ - ရေလမ်း၊ တိုက် (၁)၊ အခန်း (၆)၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

ဖုန်း - 09 255 162 533

အချိန် - 9:30 AM မှ 4:00 PM (12:00 PM မှ 1:00 PM အထိ ထမင်းစားနားခေတ္တပိတ်ပါသည်။)
စနေ၊ တနင်္ဂနွေ နှင့် အစိုးရ ရုံးပိတ်ရက်များပိတ်ပါသည်။

📌အောင်လက်မှတ် ထုတ်ယူရာတွင် Test Voucher များကို မမေ့မလျော့ ယူခဲ့ပေးပါရန် 📌

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Hello World Japanese Language Online Class posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category