Nura Riho

Nura Riho never stop to learn.

Hello みなさん🤗久しぶり。。。Positive Energy တွေလာပေးတာ 🍀 🍀 🍀Japanစာလေ့လာနေသူများအတွက် Motivation ဒန်ဒန့်ဒန်~~~Japan မှာဆိုရင် comp...
25/06/2025

Hello みなさん🤗
久しぶり。。。
Positive Energy တွေလာပေးတာ 🍀 🍀 🍀

Japanစာလေ့လာနေသူများအတွက် Motivation
ဒန်ဒန့်ဒန်~~~

Japan မှာဆိုရင် company တော်တော်များများက
၆လပိုင်း ၁၂လပိုင်းမှာbonus ပေးကြတယ်။

Company ပေါ်မူတည်ပြီး အကျိုးအမြတ်အလိုက် bonus ပေးတာရှိသလို လစာရဲ့ ဘယ်နှဆ ပေးတယ်ဆိုပြီး
အမျိုးမျိုးတော့ရှိတာပေါ့။

Nura ရဲ့ company ကတော့🤫🤫🤫
~~~~~~~~~~~~~~~~~~~~~~~~~~~

အလုပ်စဝင်တာက၁၀လပိုင်း
ကိုယ်အလုပ်စဝင်ဝင်ချင်းမှာပဲ
Company က အမြတ်တွေရလို့
🍀 လစာတန်းတိုး surprise
(ဘာအလုပ်မှမလုပ်ရသေးပါဘူး🫣)

Nura က အရင်၁၂လပိုင်းတုန်းကဆို
အလုပ်စဝင်တာ၃လပြည့်
အော် ၃လဆိုတော့ bonus မရလောက်ပါဘူးတွေးနေတာ

🍀 အလဲ့ လစာရဲ့ 0.75ဆ bonus ရတဲ့ lucky Nura လေး
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အခု ၆လပိုင်းမှာဆိုရင်လည်း
အလုပ်စဝင်တာ ၉လပြည့်

တလစာပဲ ပေးမယ်ထင်နေတာ

🍀 bonusက လစာရဲ့ 1.4ဆ ရသော Nura 😎😎😎
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပေးချင်တဲ့ message ကတော့ ကြိုးစားနေတဲ့သူတိုင်း ကံကောင်းတဲ့သူတွေပါပဲ 🍀

ဒါကြောင့်မလို့ အခုလုပ်နေတဲ့အလုပ်၊
လေ့လာနေတဲ့စာ၊
တခြားလေ့လာနေတဲ့ အသက်မွေးဝမ်းကျောင်း ပညာအကုန်က အကျိုးရှိပါတယ်။

ရပ်တန့်မနေပဲ လေ့လာနေသမျှ တချိန်မှာ အကျိုးကျေးဇူးတွေ ခံစားရမှာပါ။


TO ACHIEVE GREAT THINGS,
WE MUST FIRST DREAM.




01/01/2025

နှစ်သစ်မှာ advice လေးတွေ share ပေးချင်ပါတယ်။ 😇😇

Nura က ခုဆို Japan ကိုရောက်တာ၃လ ပြည့်ပြီးပါပြီ။
ကိုယ့်ဘာသာ တိုက်ရိုက်အလုပ်လျောက်ပြီး ရောက်လာတဲ့ အကျိုးကျေးဇူးလေးတွေကို ပြောပြပေးချင်ပါတယ်။

Japan company က ကိုယ့်ကိုသဘောကျပြီး တိုက်ရိုက်ဖြစ်လို့

❄️အလုပ်ဝင်ဝင်ခြင်း တပတ်မှာပဲ
Company profits က % တက်လာလို့ တရုံးလုံးကို လစာတိုးပေးတာ
ဝန်ထမ်းအသစ်ဖြစ်ပေမဲ့ တန်းတူပဲ လစာတန်းတိုးပါတယ်။

❄️အခုလည်း တနှစ်ကို bonus ၂ကြိမ်ပေးတယ်6,12 လပိုင်းပါ။

ပုံမှန်ဆို ၆လပြည့်ပြီးမှ ရတယ်လို့ ကြားဖူးတာ

အခု ၁၂လပိုင်းမှာလည်း bonus ရပါတယ်။ 🥳🥳🥳

Agency မပါလို့ တခုခုဆို company နဲ့ ကိုယ်နဲ့ တိုက်ရိုက်
Communicate လုပ်ရလို့ အဆင်ပိုပြေတယ်လို့ ထင်ပါတယ်။

အဲ့ဒါကြောင့် အကြံပေးချင်တာက
ကိုယ်က မြန်မာကပဲဖြစ်ဖြစ် ဂျပန်ရောက်နေတာပဲဖြစ်ဖြစ်

အလုပ်ကို ကိုယ့်ဘာသာလေး
သေသေချာချာ
အလုပ်ရှာတာကို အလုပ်လုပ်နေသလိုမျိုး
Hunting လုပ်စေချင်ပါတယ် ။

နှစ်သစ်ကစပြီး လုပ်ငန်းကိစ္စအဝဝ အောင်မြင်ကြပါစေ။






今年も頑張れ。。。。。。 Nura RihoJapanese Knowledge
01/01/2025

今年も頑張れ。。。。。。


Nura Riho
Japanese Knowledge

Hello 🤗🤗 COE တင်ပြီးလို့ Coe ရလာရင် ဘာတွေ ဆက်ပြီးလုပ်ရမလဲ။1/ Visa လျောက်ရမယ် ။2/ Owic လုပ်မယ်။ပထမဆုံး Visa booking ယူတာလ...
16/08/2024

Hello 🤗🤗
COE တင်ပြီးလို့ Coe ရလာရင် ဘာတွေ ဆက်ပြီးလုပ်ရမလဲ။

1/ Visa လျောက်ရမယ် ။

2/ Owic လုပ်မယ်။

ပထမဆုံး Visa booking ယူတာလေးကို share ပေးပါမယ်။

1/ Visa booking လျှောက်ခြင်း။

https://mm-emb-jp.yamadataro.jp/booking/store

Link မှာ တဦးချင်းစီအတွက် booking တင်ရုံပဲ။
Mail ကိုမှန်အောင်ဖြည့်နော်။
Booking တင်ပြီးရင် Date& Time ကို Mail မှာReply တန်းပြန်တယ်။

Okay ဒီနေ့ကတော့ Visa booking တင်နည်းလေးကို step by step လေးshare ပေးထားတာပါ။

လုပ်ငန်းများအောင်မြင်ပါစေ။
သာယာတဲ့နေ့ရက်လေး ပိုင်ဆိုင်ပါစေ။





11/08/2024

Hello 🤗🤗
Nura လည်းအခုတလော
Coe ကိစ္စတွေနဲ့မလို့ မအားလို့ မတင်ဖြစ်ဘူး။

ဒီနေ့ COE အတွက် ဘာတွေပြင်ထားရမလဲ၊ ဘာတွေလိုအပ်သလဲဆိုတာကို ပြောပြပေးမယ်နော်။

1/ Photo (3cmx 4cm ) Background White
2/ CV+Resume
3/ Graduation (original scan + Notary)
4/ JLPT or NAT Test Certificate ( Original scan)
5/ NRC ( Original scan+ Notary)
6/ Census or Household list ( Notary)

မပြင်ဆင်ရသေးရင် ကြိုပြီးပြင်ဆင်ထားပါနော်။
Notary က 3လ အတွင်းပဲ အကျုံးဝင်တာဆိုတော့ interview အောင်မှ notary ပြန်လည်းရပါတယ်။
Original data တွေကတော့ မရှိသေးရင်၊ ကြိုတောင်းထားပါ။

COE အတွက် Nura တင်တဲ့အချိန်ကတော့ အပေါ်က အချက်6ချက်နဲ့တင် ရပါတယ်။
COE ကိုလည်း 1လအတွင်းရပါတယ်။

အားလုံးပဲ လုပ်ငန်းတွေ အဆင်ပြေ၊ အောင်မြင်ကြပါစေ။

နောက်ရက်မှာလည်း COE ရပြီးရင် ဘာတွေလုပ်ရမလဲဆိုတာကို Share ပေးပါအုံးမယ်။ 📝📝📝

သာယာတဲ့နေ့ရက်လေးဖြစ်ပါစေ။🌿🌿






Hello 🤗 🤗 Work Visa Free နဲ့ Japan ကိုဘယ်လိုသွားကြမလဲ?Nura ကတော့ website တွေကနေအလုပ်ကိုရှာပါတယ်။ အရင် post တွေမှာ share ...
25/07/2024

Hello 🤗 🤗
Work Visa Free နဲ့ Japan ကိုဘယ်လိုသွားကြမလဲ?
Nura ကတော့ website တွေကနေအလုပ်ကိုရှာပါတယ်။
အရင် post တွေမှာ share ပေးထားသလို Resume+CV ပြင်ဆင်ပြီးအလုပ်တွေလည်းလျောက်နေကြပြီဆိုပါတော့~

အလုပ်လျောက်ပြီးရင် ရပြီဆိုပြီးမသတ်မှတ်ရပါဘူးနော်။
အမြဲ follow up လုပ်နေရပါမယ်။
Mail စစ်ရမယ်၊ Website ကိုအမြဲဝင်ကြည့်ရမယ်။

အလုပ်လျောက်တဲ့နေရာမှာလည်း
တခု၊၂ခု လျောက်ပြီးရင် ရပြီဆိုပြီးမနေရပါဘူး။
တရက်မှာ အမြဲ ၂ခု၃ခု လျောက်နေရပါမယ်။
**နေ့တိုင်းလျောက်ရမှာပါ။**
Active ဖြစ်နေရပါမယ်။

အလုပ်တွေနေ့တိုင်းလျောက်ပြီး ကိုယ့်စီကို Reply လည်းမလာဘူးဆိုပြီး စိတ်ဓာတ်မကျပါနဲ့။

နေ့စဉ်ပုံမှန် ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်တွေကို လျောက်နေရပါမယ်။

ကိုယ်လျောက်ထားတဲ့အလုပ်တွေကနေ Reply ရပါပြီ၊ 🤗🤗
လုပ်ငန်းရှင်ဘက်က ဘယ်လိုပို့တတ်လဲဆိုတော့ 👇👇👇
သူတို့ဘက်က video call နဲ့ ခနမေးမြန်းတာတွေလုပ်ပါမယ် အဆင်ပြေတဲ့ရက်၊ အချိန် ရွေးပေးပါဆိုပြီး ပို့ပေးကြတာများပါတယ်။

Okay ဒါဆိုရင် ကိုယ်အဆင်ပြေတဲ့ နေ့၊အချိန် ၃ခု ပို့ပေးလိုက်ရင်အဆင်ပြေပါပြီ။

အဲ့လိုပို့တာနဲ့ အလုပ်ကရတော့မယ်ပေါ့ပုံသေ မှတ်လို့မရပါဘူး၊
အလုပ်ရှင်အနေနဲ့ ဂျပန်စကားစစ်တာ၊
လိုချင်တဲ့experience ရှိမရှိ
Check လုပ်တဲ့အဆင့်ပဲရှိပါသေးတယ်။

ကိုယ့်အနေနဲ့ ဘာတွေပြင်ဆင်ထားရမလဲဆိုတာကို
နောက် post မှာတင်ပေးပါမယ်။

သာယာတဲ့နေ့ရက်လေးဖြစ်ပါစေ။
အစစအရာရာ အဆင်ပြေချောမွေ့ပါစေ။
🤗🤗🤗








https://www.facebook.com/share/p/MgdL9w14WJBi9c26/?mibextid=oFDknk

ビズリーチは、管理職や専門職、次世代リーダー、グローバル人材などの即戦力・ハイクラス人材に特化した、国内最大級のハイクラス転職サイトです。

こんにちは!အပျင်းပြေ ဂျပန်လိုရေတွက်ပုံလေးတွေလေ့လာရအောင်🤗🤗🤗
23/07/2024

こんにちは!
အပျင်းပြေ ဂျပန်လိုရေတွက်ပုံလေးတွေလေ့လာရအောင်🤗🤗🤗



Hello 🤗 🤗 こんにちは!Work Visa နဲ့ Japan ကို FREE သွားကြမယ်။👉ဒီနေ့ Share ပေးမှာကတော့ 😇CV form လည်းပြင်ပြီးပြီ အလုပ်စလျောက်ဖို...
22/06/2024

Hello 🤗 🤗
こんにちは!
Work Visa နဲ့ Japan ကို FREE သွားကြမယ်။
👉ဒီနေ့ Share ပေးမှာကတော့ 😇
CV form လည်းပြင်ပြီးပြီ အလုပ်စလျောက်ဖို့ Ready ဖြစ်ပြီဆိုရင် Nura တို့ next step တွေကို share ပေးမှာပါ။

First Step 🥇 JOB Hunting လုပ်မယ်ဆိုရင် 🥇

- အမြဲအရေးပါတဲ့အချိန်လေးစားတာပါ။
- အချိန်ကို တိတိကျကျနဲ့ ကိုယ်က မနက်ပိုင်း 10am-12 amထိလျောက်မယ်ဆိုရင် အဲ့အချိန်2နာရီမှာ သေချာရှာရပါမယ်။
- အလုပ်ရှာတာက မရမချင်း အမြဲ သတ်မှတ်ချက်နဲ့လျောက်ရပါတယ်။
- အလုပ်ရှာတာကို အလုပ်လုပ်သလို စဉ်းစားပြီးရှာရတာပါ။
- Mail ကိုလည်းအမြဲစစ်ရပါတယ်။
- Business Mail တွေ ဘယ်လိုပို့ရလဲဆိုတာကိုလည်း လေ့လာရပါတယ်။
- လူချင်းမဆုံရသေးခင်မှာ Mail Reply နဲ့ပဲ Connect လုပ်ရတာမလို့ First Impression အနေနဲ့အရေးပါတဲ့ Business Mail 📬 ပို့နည်းကို Google မှာ လေ့လာထားရပါမယ်။
- ကိုယ့်အားနဲ့ ကိုယ်တိုင်အလုပ်ရှာရတာမလို့ သူများထက်တော့ အမြဲ Active ဖြစ်နေရမယ်၊ Knowledge ပိုစုနိုင်ရပါမယ်နော်။ ☘️☘️☘️

နောက်ရက်တွေမှာလည်း job hunting နဲ့ပတ်သတ်ပြီး Information တွေ Share ပေးသွားမှာပါ။

🌱သာယာတဲ့နေ့ရက်လေးဖြစ်ပါစေ🌱

https://www.facebook.com/share/p/1EWMzs3GmvQve3dp/?mibextid=oFDknk

ビズリーチは、管理職や専門職、次世代リーダー、グローバル人材などの即戦力・ハイクラス人材に特化した、国内最大級のハイクラス転職サイトです。

Hello,こんにちは😊Nura တို့ အရင်တပတ်က Resume ရေးနည်းပြောပြီးပြီ။  Resume+Curriculum vitae အဲ့လိုစုံနေမှသာ အလုပ်စလျောက်ဖို့ Rea...
19/06/2024

Hello,
こんにちは😊

Nura တို့ အရင်တပတ်က Resume ရေးနည်းပြောပြီးပြီ။

Resume+Curriculum vitae
အဲ့လိုစုံနေမှသာ အလုပ်စလျောက်ဖို့ Ready ဖြစ်တဲ့အနေအထားရောက်တာပါ။

Curriculum vitae ရေးတဲ့နေရာမှာ

- အလုပ် History ကို အသေးစိပ်ရေးပေးရပါမယ်။

- Software တခုကို ကိုယ်ကသင်တန်းပဲတတ်ထားတယ် အလုပ်မှာ experience မရှိဘူးဆိုရင်တောင်
Software နဲ့ ပတ်သတ်ပြီး ကိုယ်ဘယ်လောက်ကျွမ်းကျင်မှုရှိလဲဆိုတာကိုလည်း ရေးပေးနိုင်ရပါမယ်။

အကုန်လုံးစိတ်ဝင်စားတဲ့ နေရာရောက်ပြပြီ
- Position 、Salary 、Location

1/Position မှာ ကိုယ့်ရဲ့ experience နဲ့ ကွဲလွဲနေတာကို change ချင်ရင်
ဥပမာ: Site engineer experience ရှိတယ် Design ပိုင်းသွားချင်တယ် ၊ အဲ့လိုဆိုရင် Design နဲ့ပတ်သတ်တဲ့ software ကို ကျွမ်းကျင်စွာသုံးနိုင်နေရင် okay ပါတယ်။
နောက်တခု ပိုအရေးကြီးတာက 👉ဘာသာစကားပါကိုယ့်မှာ experience မရှိရင်တောင် ဘာသာစကားရတဲ့အတွက် သူတို့က သင်ပေးလို့လွယ်ကူတဲ့သူလို့ သတ်မှတ်တဲ့အတွက် အလုပ်ရနိုင်ခြေများပါတယ်။

2/Salary မှာဆိုရင်လည်း ကိုယ်သေချာတွက်ပြီးအဆင်ပြေတဲ့ ပမာဏကိုရေးထားလို့ရပါတယ်။
✨Google မှာလည်းရှာလို့ရပါတယ် နိုင်ငံခြားသားတယောက်ကို အခြေခံ ပေးတဲ့ပမာဏရှိပါတယ်။

3/ location မှာ ကိုယ်လုပ်ချင်တဲ့နေရာထည့်ထားတယ်ဆိုရင် အဲ့နေရာကိုဘာလို့သဘောကျတာလဲ ဆိုပြီး Q; မေးတတ်ပါတယ်။
✨ရေးထားရင် ကြိုပြင်ဆင်ထားပါ။

💐သူများနိုင်ငံမှာ အလုပ်လျောက်တာဖြစ်တဲ့အတွက်
💐ဘာသာစကားကတော့ အရေးကြီးဆုံးအချက်ပါပဲ။

လုပ်ငန်းတွေ အဆင်ပြေချောမွေ့ပါစေ။
သာယာတဲ့နေ့ရက်လေး ပိုင်ဆိုင်ကြပါစေ။





15/06/2024

Hello
皆さん、こんにちは!
ဒီနေ့ကတော့ ကိုယ့်ဘာသာကို အလုပ်စလျောက်တော့မယ်ဆိုရင် ပြင်ဆင်ထားရမဲ့အချက်တချို့ထဲက တချက်ကို share ပေးမှာပါ။

1/ CV Form ကိုသေချာလေးပြင်ပါ။

💐CV ကိုကြည့်ပြီး ဒီတယောက်ကသူတို့ဝန်ထမ်းအနေနဲ့ ခန့်သင့်မခန့်သင့် အရင်ဆုံးဖြတ်ကြတာပါ။
ဒါကြောင့် CV ကအရေးကြီးပါတယ်💐
🌟ကျောင်းပြီးတဲ့ခုနှစ်၊ အလုပ်အတွေ့အကြုံ၊ ကိုယ်တတ်မြောက်ထားတဲ့သင်တန်း၊ PR

①ကျောင်းပြီးတဲ့နှစ် (ဘွဲ့ရတဲ့နှစ်) , Major, University Name

②အလုပ်အတွေ့အကြုံမှာ ကိုယ်က 2022-2023 ထိ**company မှာလုပ်တယ် ဆိုတာထက်
ခုနှစ်ကြီးမဟုတ်ပဲ ဘယ်နှလပိုင်း ကနေ ဘယ်ထိလုပ်တယ်ပေါ့
ဥပမာ : 01日04月2022年~30日05月2023年
အဲ့လိုမျိုး အသေးစိပ်လေးရေးတာကို ပိုသဘောကျပါတယ်။
အဲ့မှာဆိုရင် ကိုယ်လုပ်ရတဲ့တာဝန်တွေကို topic လေးအနေနဲ့ ရေးရုံပါ။ အသေးစိပ်ကြီးရေးစရာမလိုသေးပါဘူး။
အလုပ်ထွက်ခဲ့ရင်လည်း ဘယ်လိုအကြောင်းကြောင့် ထွက်ခဲ့တယ်ဆိုတာကို ရေးပေးရပါမယ်နော်။

③ကိုယ်တက်ခဲ့သင်တန်း Certificate ရှိတာလေးတွေပေါ့ ခုနှစ်၊ လ နဲ့ပဲ ရေးပေးပါ။
ဥပမာ : 2024年12日 JLPT N-3

④PRရေးတဲ့နေရာက အဓိက point 👉 🤗
ကျွန်တော်က ဘာအလုပ်တွေကို လုပ်နိုင်ပါတယ် ။ experience လည်း ဘယ်နှနှစ်ရှိပါတယ်။
ကုမ္ပဏီမှာဆိုလည်း အထက်လူကြီးနဲ့ လုပ်ဖော်ကိုင်ဘက်တွေစီက ဘယ်လိုဂုဏ်ပြုမှုတွေရရှိပါတယ်။

( ဥပမာ: အလုပ်မှာတက်ကြွပြီး စည်းစနစ်ကျတဲ့သူလို့အမြဲပြောခံရတယ်၊
အရင်အလုပ်ကနေထွက်ပြီး နောက်အလုပ်ကိုရောက်တဲ့အချိန်ထိတောင် အရင်အလုပ်ကပြန်လာချင်ရင် အမြဲကြိုဆိုခံရတဲ့ လူတယောက်ပါ။)

အဲ့လိုမျိုး ကိုယ့်ရဲ့ ကောင်းကွက်တွေကို ရေးပေးရတဲ့နေရာပါ။
နောက်ဆုံးမှာဆိုရင် သင့်တို့ကုမ္ပဏီက ကျွန်တော့်ကို အလုပ်ခန့်မယ်ဆိုရင် ""Company အောင်မြင်တိုးတက်ဖို့ ကြိုးစားလုပ်ကိုင်သွားပါမယ်"" ဆိုတာလေးနဲ့ perfect ဖြစ်သွားမယ်လို့ ထင်ပါတယ်။

🌟အဓိက အချက်အနေနဲ့ ပြောပြချင်တာက 🌟
CV Form ကို ကိုယ့်ဘာသာရေးပါ။
Google ကနေ ကိုးကားလို့ရပါတယ် ကူးတော့မချပါနဲ့။
ပြီးရင် ကိုယ့် CV ကို ကိုယ့်ဘာသာပြန်ဖတ်ပါ။
ကိုယ်ရေးပြီးကိုယ်နားမလည်နေရင်တော့ အဆင်မပြေပါဘူးရှင့်။

အားလုံးပဲ အလုပ်အကိုင်အဆင်ပြေကြပါစေ။
သာယာတဲ့နေ့လေး ပိုင်ဆိုင်ကြပါစေ🤗🤗🤗





Address

Yangon

Website

Alerts

Be the first to know and let us send you an email when Nura Riho posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category