The Whole Program by Peekaboo

Call Directions Contact the school

The Whole Program by Peekaboo The Whole Program is designed to meet every child’s needs and intended for holistic development.

"ကလေးလေးရေ... ပျော်လား?" လို့မေးတိုင်း " ပျော်တယ်" လို့ ပြန်ဖြေကြတာ The Whole Program မှာပေါ့။
06/10/2026

"ကလေးလေးရေ... ပျော်လား?" လို့မေးတိုင်း

" ပျော်တယ်" လို့ ပြန်ဖြေကြတာ

The Whole Program မှာပေါ့။



ကိုယ်၊စိတ်၊နှလုံး သုံးပါးလုံးနဲ့ ဉာဏ်စွမ်းသမျှ လူစွမ်းသမျှ အားကုန်သုံး ပျိူးထောင်ပေးတာ လှလွန်းတဲ့မေတ္တာတရားတစ်ခုပါပဲ။  #...
02/10/2026

ကိုယ်၊စိတ်၊နှလုံး သုံးပါးလုံးနဲ့ ဉာဏ်စွမ်းသမျှ လူစွမ်းသမျှ အားကုန်သုံး ပျိူးထောင်ပေးတာ လှလွန်းတဲ့မေတ္တာတရားတစ်ခုပါပဲ။

#မေမေ


ကလေးတစ်ယောက်အတွက် အလွန်အဖိုးတန်လှတဲ့အချိန် ဟာ သူတို့ ချစ်ခင်မြတ်နိုးပြီး ယုံကြည်အားကိုးရတဲ့ သူနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သ...
01/10/2026

ကလေးတစ်ယောက်အတွက် အလွန်အဖိုးတန်လှတဲ့အချိန် ဟာ သူတို့ ချစ်ခင်မြတ်နိုးပြီး ယုံကြည်အားကိုးရတဲ့ သူနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းရချိန်ပါပဲ။

ဒီလိုအချိန်လေးမှာမှ The Whole Program ရဲ့ ကလေးတို့အသက်အရွယ်အတွက် ပိုမို ဖွံ့ဖြိုးစေတဲ့ ကစားနည်းလေးတွေက မိဘရော ကလေးအတွက်ပါ တကယ် တန်ဖိုးရှိ အကျိုးများစေဖို့ ရည်ရွယ်ပါတယ်။

အသက် ၁နှစ်၊ ၂နှစ် နဲ့ ၃နှစ်အရွယ် ကလေးတို့အတွက်

✨✨ ✨ The Whole Program ✨✨✨

သားသမီးကို အချိန်ပေးတယ်ဆိုတာ… ❤️ကလေးအတွက် အရုပ်တွေဝယ်ပေးတာ၊ကောင်းကောင်းစားရအောင် ကျွေးပေးတာ၊ကျောင်းကောင်းကောင်းထားပေးတာတ...
30/09/2026

သားသမီးကို အချိန်ပေးတယ်ဆိုတာ… ❤️

ကလေးအတွက် အရုပ်တွေဝယ်ပေးတာ၊
ကောင်းကောင်းစားရအောင် ကျွေးပေးတာ၊
ကျောင်းကောင်းကောင်းထားပေးတာတွေကလည်း မိဘတွေရဲ့ ချစ်ခြင်းမေတ္တာပါပဲ။

ဒါပေမယ့် ကလေးတစ်ယောက်ရဲ့ ငယ်ဘဝမှာ
“မေမေ/ဖေဖေက ငါနဲ့အတူရှိခဲ့တယ်” ဆိုတဲ့အမှတ်တရကလည်း အရေးကြီးပါတယ်။ ❤️

တစ်နေ့ကို အချိန်အများကြီးပေးဖို့ မလိုပါဘူး။
✨ အတူကစားပေးပါ
✨ ကလေးပြောတာကို နားထောင်ပေးပါ
✨ သူလုပ်တာလေးတွေကို စိတ်ဝင်စားပေးပါ
✨ မေးခွန်းလေးတွေ မေးပြီး အတူစဉ်းစားပေးပါ
✨ သူ့လက်ကလေးကို ကိုင်ပြီး အတူတူရှာဖွေကြည့်ပါ

ဒီလို အတူရှိပေးတဲ့ အချိန်လေးတွေကပဲ
ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု၊ ယုံကြည်မှု၊ လူမှုဆက်ဆံရေးနဲ့ မိဘနဲ့ကလေးကြား ချစ်ခြင်းမေတ္တာကို တည်ဆောက်ပေးနိုင်ပါတယ်။ 🌱

The Whole Program မှာလည်း
အသက် ၁ နှစ်မှ ၃ နှစ် အရွယ်ကလေးလေးတွေဟာ
မိဘတစ်ဦးနဲ့အတူတက်ရောက်ပြီး—
🧠 Whole Brain Development
🎨 Play-based Learning
💛 Parent-Child Bonding
🗣️ Social & Communication Skills
🌈 Creativity & Confidence

တို့ကို ကစားရင်း၊ လေ့လာရင်း၊ မိဘနဲ့အတူတူ ဖန်တီးသွားကြပါတယ်။
ဘာကြောင့်လဲဆိုတော့…
ကလေးငယ်ဘဝမှာ မိဘပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်တွေထဲက တစ်ခုက
“အတူရှိပေးတဲ့ အချိန်” ဖြစ်လို့ပါ။ ❤️

The Whole Program
Whole Brain Development & Playdate Class
For Ages 1, 2 & 3

Happy Mommy, Smart Kid. 🌱💛

⬆️ ⬆️ ⬆️ Following the directions ⬆️⬆️⬆️  👉 Age 2-3 Sunday Class🌈 The Whole Program 🌈 🧠 Whole Brain development and Play...
27/09/2026

⬆️ ⬆️ ⬆️ Following the directions ⬆️⬆️⬆️

👉 Age 2-3 Sunday Class

🌈 The Whole Program 🌈

🧠 Whole Brain development and Playdate 🧠

မေမေတို့အတွက်ရောသားသား၊မီးမီး တို့အတွက်ရော အကျိုးရှိတဲ့ Sunday လေး တစ်ရက် ဖန်တီးမယ်ဆိုThe Whole Program ကိုသာ လာခဲ့လိုက်...
20/09/2026

မေမေတို့အတွက်ရော
သားသား၊မီးမီး တို့အတွက်ရော အကျိုးရှိတဲ့ Sunday လေး တစ်ရက် ဖန်တီးမယ်ဆို

The Whole Program ကိုသာ လာခဲ့လိုက်ပါနော်။

The Whole Program မှာဆိုရင်

1. Whole Brain development
2. Playdate
ဆိုတဲ့ session ၂ခုပါဝင်ပြီး...
✅ ကလေးငယ်တွေရဲ့ ပင်ကိုယ်အရည်အချင်းတွေကို ဖော်ထုတ်ပေးဖို့၊
✅ တီထွင်ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးဖို့၊
✅ လူမှုဆက်ဆံရေးစွမ်းရည်တွေ တိုးတက်လာဖို့အတွက်
အကောင်းဆုံး စီစဉ်ပေးထားပါတယ်။
အသက် ၁နှစ်မှ ၃နှစ်အရွယ်ထိ သားသား၊မီးမီးတို့အားလုံးအတွက် ဖွင့်လှစ်ထားပြီး
အုပ်ထိန်းသူတစ်ဦးနဲ့အတူတူ တက်ရောက်ရမှာဖြစ်ပါတယ်။

နေရာကတော့
ရန်ကုန် မြောက်ဒဂုံ မဝတလမ်းဆုံအနီး ချမ်းသာရွှေပြည် အိမ်ယာဝန်းထဲမှာပါရှင်။

The Whole Program မှာအသက် ၁နှစ်မှ ၂နှစ်ထိ အတန်းအသက် ၂နှစ်မှ ၃နှစ်ထိ အတန်း ဆိုပြီး class ၂ခု ခွဲထားပြီး သားသားမီးမီးလေးတိ...
09/09/2026

The Whole Program မှာ
အသက် ၁နှစ်မှ ၂နှစ်ထိ အတန်း
အသက် ၂နှစ်မှ ၃နှစ်ထိ အတန်း ဆိုပြီး class ၂ခု ခွဲထားပြီး သားသားမီးမီးလေးတို့ရဲ့ ဘက်စုံဖွံ့ဖြိုးမှုများအတွက် လေ့ကျင့်ကစားပေးနေတာ ဖြစ်ပါတယ်ရှင်။

ကျောင်းကလေးကို မြောက်ဒဂုံ မဝတလမ်းဆုံအနီးက ချမ်းသာရွှေပြည်အိမ်ယာဝန်းထဲမှာ ဖွင့်လှစ်ထားပါတယ်။

🎶💃 သီဆိုကခုန်ရင်း ပျော်ပျော်ရွှင်ရွှင် သင်ယူကြမယ် 💕 သူငယ်ချင်းတွေနဲ့အတူ သီချင်းဆို၊ ကခုန်၊ လှုပ်ရှားခြင်းက—🌱 ကိုယ်ခန္ဓာလ...
05/09/2026

🎶💃 သီဆိုကခုန်ရင်း ပျော်ပျော်ရွှင်ရွှင် သင်ယူကြမယ် 💕

သူငယ်ချင်းတွေနဲ့အတူ သီချင်းဆို၊ ကခုန်၊ လှုပ်ရှားခြင်းက—

🌱 ကိုယ်ခန္ဓာလှုပ်ရှားမှုနဲ့ Motor Skills ဖွံ့ဖြိုးစေတယ်။

🧠 သီချင်းသံနဲ့ စည်းချက်ကိုနားထောင်ရင်း အာရုံစူးစိုက်မှု တိုးစေတယ်။

🗣️ အသံ၊ စကားလုံးနဲ့ Language Development ကို အထောက်အကူပြုတယ်။

🤝 သူငယ်ချင်းတွေနဲ့အတူ ကစားရင်း Social Skills လေးတွေ စတင်တည်ဆောက်လာစေတယ်။

ကလေးလေးတွေအတွက်တော့ ကစားခြင်းဟာ သင်ယူခြင်းပါပဲ 💛

ပန်းတွေကောက်ရင်းသီချင်းတွေအော်ဆို ကခုန်ရင်းစိတ်ထဲရှိသလို ပျော်ကြရင်း ငယ်ဘဝအမှတ်တရပုံရိပ်လေးတွေကို မေမေတို့ သူငယ်ချင်းတို...
04/09/2026

ပန်းတွေကောက်ရင်း
သီချင်းတွေအော်ဆို ကခုန်ရင်း
စိတ်ထဲရှိသလို ပျော်ကြရင်း
ငယ်ဘဝအမှတ်တရပုံရိပ်လေးတွေကို မေမေတို့ သူငယ်ချင်းတို့နဲ့အတူ The Whole Program မှာ ဖန်တီးဖြစ်သွားတာပေါ့။

အသက် ၂နှစ်အရွယ်ဟာ Pretend play လို့ခေါ်တဲ့ ဟန်ဆောင်ကစားခြင်း ဖွံ့ဖြိုးလွန်းတဲ့အချိန်ပါ။ ကလေးတို့ရဲ့ စိတ်ကူးစိတ်သန်းတွေကိ...
24/08/2026

အသက် ၂နှစ်အရွယ်ဟာ Pretend play လို့ခေါ်တဲ့ ဟန်ဆောင်ကစားခြင်း ဖွံ့ဖြိုးလွန်းတဲ့အချိန်ပါ။
ကလေးတို့ရဲ့ စိတ်ကူးစိတ်သန်းတွေကို ပြင်ပမှာရှိတဲ့ အရာဝတ္ထုပစ္စည်းတွေနဲ့ ဟန်လုပ်ကစားရင်း တီထွင်ဖန်တီးမှုစွမ်းရည်တွေ တဟုန်တိုး မြင့်မားစေတာ ဖြစ်ပါတယ်။

ရောက်ရှိနေတဲ့ အသက်အရွယ်၊ ကလေးတစ်ဦးချင်းစီရဲ့ စိတ်ဝင်စားမှု၊ ပျော်ရွှင်မှုတွေကို အခြေခံပြီး ရေးဆွဲထားတဲ့ The Whole Program ရဲ့ လေ့ကျင့်ကစားမှုလေးတွေကို လာရောက်လေ့လာဖို့ ဖိတ်ခေါ်ပါရစေ။

Address

No (E20A) Myoth Taw 1st Street, Chan Thar Shwe Pyi Housing , Near MaWaTa Junction
Yangon

Opening Hours

Monday 08:00 - 16:00
Tuesday 08:00 - 16:00
Wednesday 08:00 - 16:00
Thursday 08:00 - 16:00
Friday 08:00 - 16:00
Saturday 08:00 - 16:00
Sunday 08:00 - 16:00

Telephone

+959448002474

Website

Alerts

Be the first to know and let us send you an email when The Whole Program by Peekaboo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to The Whole Program by Peekaboo:

Shortcuts

Share