အားလုံးမဂ်လာပါ .......
Golden Future
We are one of the management training school in Myanmar. We offer management courses including HR & Marketing.
We aims to build the golden future of myanmar youth. At the same time, we are fullfilling the human resource requirement of Myanmar in building modern country.
08/04/2020
Leadership and
Management -အပိုင်း7
........................................
အလျှင်အမြန်အရှိန်ဟုန်နဲ့ ပြောင်းလဲနေတဲ့ ယနေ့လိုချိန်မှာ သမရိုးကျခေါင်းဆောင်မူ နဲ့ စီမံခန့်ခွဲမူ ( transational leadership & management ) မလုံလောက်ပါဘူး ။ ဒါကြောင့် အချိန်နဲ့တပြေးညီဦးဆောင်နိုင်တဲ့(transformational Leaaership and management) အသွင်းပြောင်းခေါင်းဆောင်မူ နဲ့
စီမံခန့်ခွဲမူ အကြောင်းရေးတင်ပြသွားမှာပါ ။ဦးစွာ သမရိုးကျဦးဆောင်မူနဲ့ အသွင်ပြောင်းဦးမူမတူညီမူကို ပြောချင်ပါတယ် ။
Transational leadership is performanceဆိုပါတယ် ။သမရိုးကျဦးဆောင်မူဆိုတာက performance
(လုပ်ရည်ကိုင်)ပေါ်အဓိက ထား ဦးဆောင်ပါတယ် ။) လုပ်ရည်ကိုင်ရည်ဆိုတာ က အလုပ်တစ်ခုမှာ ရှိရမယ့် အမူအကျင့်နဲ့ ထွက် မယ့် ရလဒ် ကိုပြောတာပါ ။အမူကျင့်နှင့် ရလဒ်ကို အဓိကထား ဦးဆောင်တာပါ။ ယနေ့လို ပြိုင်ဆိုင်မူ ပြင်းထန်ပြီး နေတစ်မျိုး ညတစ်မျိုး အချိန်အခါမှာ Business Leaderတွေဟာ သမရိုးကျ ဦးဆောင်မူနဲ့ အချိန်ကုန်နေလို့မရပါဘူး ။ အချိန်ကုန်နေမယ်ဆိုရင်ရေရှည်မှာ အခက်တွေ့ပါလိမ်မယ် ။ရပ်နေရင်တော့ ကျော်သွားမှာ သေချာပါတယ် ။အဲ့တော့ ဆက်မယ်သွားဖို့ရင်တော့ ပြောင်းလဲနေတဲ့အတိုင်း လိုက်ပါနိုင်အောင်ကြိုးစားရပါတယ် ။လိုက်ပါပြောင်းလွဲနိုင်တဲ့ tranaformational leader အသွင်းသစ်ပြောင်းလဲနိုင်တဲ့ခေါင်းဆောင်
ဖြစ်အောင်ကြိုးစားရပါမယ်။
Transformational
leadership is tomorrow better လို့ဆိုပါတယ်။အသွင်းခေါင်းဆောင်မူဆိုတာကတော့ မနက်ဖြန်ဆိုတဲ့ အနာဂတ်ကို ပိုကောင်းအောင် တွေးတောပြင်ဆင်ပြီး ဦးဆောင်တာပါ။ တစ်နည်းပြောရင် future
အနာဂတ်ကို ခန့်မှန်းတာပါ ။ ခေါင်းဆောင်ချင်တူရင်တောင် ယနေ့ခေတ်က အနာဂတ်ကို ပိုခန့်မှန်းနိုင်သူက သာပါတယ်။ ဒါကြောင့် vision (အနာဂတ်)မြင်ကွင်း ဘယ်လောက်ကြည့်နိုင်သလဲဆိုတာ ခေါင်းဆောင်သူတစ်ဦးရဲ့ ရည်အချင်းပါပဲ ။ အသွင်းသစ်ပြောင်းလဲနိုင်တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ဖို့ဆိုရင် အောက်ပါတို့လုပ်ဆောင်ရပါမယ်.....
(1) create a noble vision with strategy
အကောင်အထည်ဖော်မယ့် မဟာဗျူအတူ အနာဂတ်မြင်ကွင်းကို ဖန်တီပုံဖော်နိုင်ရမယ်။ ဥပမာ....
မြန်မာနိုင်ငံလွတ်လပ်ရေးရစေချင်တာက ဗိုလ်ချုပ်ရဲ့ အနာဂတ်အမြင်
Visionပါ ။ ဒါကြောင့် ဂျပန်နဲ့ ပထမပေါင်းပြီး အဂ်လိပ်ကိုတိုက်တယ် ။ဒုတိယ အဂ်လ်ပ်ပြန်ပေါင်းပြီး ဂျပန်ကိုတိုက်တယ်။ ဒါတွေက မဟာဗျူဟာ ခေါ် တဲ့ strategy တွေပါပဲ ။ ယနေ့ခေတ်က လှည်းခေတ် lလှေခေတ် မဟုတ်တော့ နည်းပညာချင်း စီးချင်းထိုးပြီး မဟာဗျူဟာ ချင်းပြိုင်နေရတဲ့ခေတ်ပါ။ World power ပိုရချင်တာ or ထိန်းချင်တာက visionပါ ။ ကိုလိုနာဗိုင်းရပ်ဟာ strategy ပါ ။ ယနေ့ မိမိတို့ Business တွေရဲ့ အနာဂတ် ရေရှည်
အောင်မြင်ဖို့ဆိုရင် Vision & strategy ကိုသေချာနားလည်အသုံးပြုရပါမယ်။ ဥပမာ... MPT market share မလျော့စေချင်တာ တိုးလိုချင်တာက Vision ပါ ။ ဂျပန်နဲ့ပေါင်းတာ strategy ပါ ။
(2)authentic in their interactions with their team. သွားမယ့် Vision & strategy အတိုင်း မိမိရဲ့ အဖွဲ့ ကို ဂရုတစိုက် ထိတွေ့ပြောဆို ဆက်ဆံနိုင်ရပါတယ်။ အဲလို မိမိရဲ့ အဖွဲ့ဝင်တွေကို သေချာဂရုတစိုက် ဆက်ဆံနိုင်တာလဲ ခေါင်းဆောင်မူရဲ့ အရည်အချင်းတစ်ခုပါပဲ ။ခေါင်းဆောင်တိုင်းအဲအ ည်အချင်းမရှိကြပါဘူး ။ဗိုလ်ချုပ်ရဲ့ ပေးဆပ်မူပါတဲ့ ထိတွေ့ဆက်ဆံမူကြောင့် ရဲဖော်သုံးကျိပ်ဟာ လက်မောင်းသွေးဖောက်သစ္စာဆိုပြီး လိုက်ပါခဲ့ကြတယ်။ သမိုင်းဝင် team ကို ဖွဲ့စီးနိုင်ခဲ့ပါတယ် ။
Business manတွေအတုယူစရာပါ။ Vision & stratrgy ဘယ်လောက်ကောင်းကောင်း interactionဆိုတဲ့ ထိတွေ့ဆက်ဆံ မပြောဆိုနိုင်ရင်
လဲ ခရီးမရောက်ပါဘူး ။ ထိတွေ့ဆက်ဆံမူထည့်မှာ လေးစားမူ l ယုံကြည်မူ l နားလည်မူစတာတွေ ပါရပါမယ်။
(3) Make Growth Mindset into their team
မိမိရဲ့ အဖွဲ့အစည်းထည့်မှာ
(growth minset )
တိုးတတ်လိုစိတ် စိတ်ထား များလာအောင် လုပ်ဆောင်ပေးရပါမယ်။ အဖွဲ့အစည်းတွေမှာ ပုံသေစိတ်ထား (fixed minset) နှင့် တိုးတတ်စိတ်ထား ( growth mindset) နှစ်မျိုးရှိပါတယ်။ Growth mindset သမားတွေက သွားနေတဲ့ vision & strategy ကို အမြဲ change လိုက်ပါနိုင်အောင်ကြိုးစားကြပါတယ် ။ တစ်ခါတစ်ခါ Fixed mindset သမားတွေ ခေါ်ရတာခက်ပါတယ် ။ Fixed ကို Growth ဖြစ်အောင် လုပ်ဆောင်ပေးရမှာပါ ။ တချို့ကျတော့လဲ ဘယ်လောက်growth ဖြစ်အောင်လုပ်ပေးပေးမရပါဘူး Fixed ကိုအမြဲနေပါတယ် ။ ဒီလိုဆိုရင်တော့ ထားခဲ့ရမှာပါ ။ အလုပ်တစ်ခု ဖွံဖြိုးတိုးတတ်ရန် Growth minset ရှိသူလူ များစွာလိုအပ်ပါတယ် ။ သာမန်အရည်အချင်းကတော့ သာမန်တိုးတတ်မူသာရပါမယ်။ လူနှစ်မျိုးရှိပါတယ် ။ ``ရပ်နေသူ နှင့် ပြေးနေသူ´´ ပါ ။ `ရပ်နေသူ ´ ကတော့ မိမိစိတ်ထားကို မပြောင်းနိုင်ပါဘူး ။တချို့ကတော့ ဘွဲ့တွေအများကြီးရ l သင်တန်းတွေအများကြီးတတ် ဒါပေ့မယ့် ``ရပ်´´ နေသူဖြစ်နေတာ တွေ့ရပါတယ်။ ``ပြေး´´ နေသူကတော့ အခြေအနေ အသစ်နဲ့ လိုက်ရော ညီထွေစွာ လိုက်ပါရန်အမြဲကြိုးစားနေပါတယ် ။ ဒါကြောင့် မိမိအဖွဲ့ အစည်းအတွင်း ``ပြေးနေတဲ့ ´´ Growth minset သမားတွေ ဖြစ်အောင် လုပ်ပေးပြီး Vision & strategy တွေသွားရမှာပါ။
(4)Encourage their team to think creatively
မိမိရဲ့ အဖွဲ့ဝင်တွေ တီထွင်ဆန်းမူကို တွေးတောရန် အားပေးရမယ်။ တီထွင်ဆန်သစ်မူဟာ ယနေ့ အလုပ်တွေရဲ့ အသက်ဖြစ်လာလို့ပါ ။ ဘယ်ကြောင့်လဲဆိုတော့တီထွင်ဖန်တီနိုင်တဲ့ အဖွဲ့ဟာ စျေးကွက်ရနေခြင်းနဲ့အတူ အကျိုးအမြတ်ပါအမြဲရနေပါတယ်။ တီထွင်ဖန်နိုင်အောင် မိမိရဲ့အဖွဲ့သားတွေကို လွတ်လပ်ခွင့်ပေးရမယ်။ နောက်သင်တန်းတွေပေးရမယ် ။ R&D သုသေသနတွေလုပ်ရမယ် ။ ကမ္ဘာနိုင်ငံတွေ ကြည့်ကြည့်လိုက်ပါ တီထွင်ဖန်တီနိုင်တဲ့ နိုင်ငံတွေဟာ ရှေ့တန်းရောက်ပြီး ကမ္ဘာကို ဦးဆောင်နေပါတယ်။စင်ကာပူဟာ တီထွင်ဖန်တီမူဖြင့် အာရှရဲ့ နံပါတ်တစ်နေရာယူထားပါ ။မိမိအဖွဲ့ရဲ့ တစ်ယောက်ချင်း မှာသည် တစ်ဖွဲ့လုံးသို့ တီထွင်ဖန်တီအောင် ပြုစုပျိုးထောင်ပေးရပါမည်။
တီထွင်ဖန်တီတဲ့ အဖွဲ့ဖြစ်လာအောင် လူသားအရင်းအမြစ် ဖွံဖြိုးရေး(HRD)ကို အဓိကထားလုပ်ဆောင်ရပါမည် ။ Surveyတွေအရ မြန်မာCompany တွေ ဟာ ဝန်ထမ်းတစ်ဦး develop ဖြစ်လာအောင်သုံးတာ ၂၅၀၀ကျပ်ပဲသုံးနေတာတွေ့ရပါတယ် ။ တီထွင်ဖန်တီပြီးပြိုင်ဖို့စဥ်းစားကြည့်ပါတော့ ။
အပေါ်မှာက Transformational Leadership အကြောင်းရေးခဲ့တာပါ။ သူနဲ့အတူ အတွဲပြီး ဘယ်လိုစီမံခန့်ရမလဲ ရေးပေးပါမယ်။
စီမံခန့်ခွဲသူဟာ ပုံမှန်စီမံခန့်မူ rescourceအမြင်နဲ့သွားလို့မရပါဘူး။အသွင်းသစ်ခေါင်းဆောင်မူကို အခြေပြုတဲ့ စီမံခန့်ခွဲမူအမြင်နဲ့သွားမှာ ရမှာပါ ။ အသွင်းသစ်ခေါင်းဆောင်မူရဲ့ အဓိကတွေက Growth minset တိုးတတ်စိတ်ထားl creatively တီထွင်မူ l interaction ထိတွေ့ဆက်ဆံမူ တွေပါ။ ဒါတွေကို သိရှိပြီး စီမံခန့်ခွဲသူက မိမိရဲ့ resource ကိုသုံးပြုပြီးလိုက်ပါ စီမံခန့်ခွဲရမှာပါ။Rescource(လူ lငွေl ပစ္စည်း lအချိန်စတဲ့
အရင်းအမြစ် များစွာအနက် အဓိကထား မောင်းနှင်းအား rescource ကတော့ HRM လူသားအရင်းအမြစ်ီမံခန့်ခွဲ
ခြင်း ကိုအဓိကထားတာပါ ။ ဒါကြောင့် HR( လူသားအရင်းအမြစ်)ဆိုတာ အရေးပါပြီး ယနေ့ ထိပ်တန်းဖြစ်လာတာပါ ။HRMရဲ့အခြေခံ လုပ်ငန်းသုံးရပ်ကတော့ Business ကိုအခြေပြုပြီး လိုအပ်တဲ့လူတွေ ရအောင် ဆွဲဆောင်ခေါ်ဖို့l ဖွံဖြိုးအောင်လုပ်ပေးဖို့ l နောက်ဆုံး ထိန်းသိမ်းဖို့ပါပဲ။ ဒါကြောင့် Business Model နဲ့ HR model ကို တစ်ခါတည်း တစ်ပြိုင်တည်း စဥ်းစားလုပ်လာကြပါပြီး။ HR is Business ဆိုတာ သိရမယ်။
HR has to strategically invest into the learning and development
ဆိုလိုတာကရေရှည်Business အောင်မြင်ဖို့ လူတွေကို အရင်းမြစ်လို့ မြင်ပြီး အဲလူတွေကို လေ့ကျင့်သင်ကြားပေးတဲ့ နေရာမှာ ရင်းနှီးမြှပ်နှံရပါမယ်။ သင်ကြားပေးလို့ ကုန်သွားတာကို စရိတ်လို့ မမြင်ပဲ အလုပ်အတွက်ရေရှည် ရင်းနှီးမြှပ်လုပ်တာပါ ။Rescource များအနက် လူဆိုတဲ့ rescource ကို အဓိကထား ရင်းနှီးမြှပ်နိုင်လာကြပါပြီး ။ ဒါမှာသာ ရေရှည်ယှဥ်ပြိုင်နိုင်ပါ။
ပြောင်းလဲနေတဲ့ ဝန်းကျင်အတိုင်း လိုက်ပါပြောင်းလွဲနိုင်အောင် အသွင်းပြောင်း ဦးခေါင်းဆောင်မူ နဲ့အတူ စီးမံခန့်ခွဲမူပါ လိုက်ပါပြီး လုပ်နိုင်ကြပါစေ........
Jimmy Htun(Smart Way)
20/03/2020
Leadership and Management အပိုင်း-6
.......................................
ဒိီတစ်ခါတော့ ခေါင်းဆောင်မူနဲ့ စီမံခန့်ခွဲမူရဲ့ ပြောင်းလဲလာတဲ့ old model နှင့် new model ကိုတင်ပြသွားမှာဖြစ်ပါတယ် ။ Old model တုန်းက အောက်ပုံမှာ မြင်ရတဲ့အတိုင်း ခေါင်းဆောင်းက ရှေ့ကနေ အရာရာကို ဦးဆောင်ပါတယ် ။ ရှေ့ကနေ နေတဲ့အတွက် present လက်ရှိကာလ(ပစ္စုပ္ပန်) ဦးစားပေးပြီး ချဥ်းကပ် ဦးဆောင်တာပါ။ လက်ရှိကာလ အလုပ်မှာ နေ့စဥ်အလုပ်နှင့် လူ process တွေမှန်ကန်စွာသွားနေလား ? ဘာပြသာနာတွေဖြစ်နေလဲ? External and internal customer အဆင်ပြေကြရဲ့လား စတဲ့ ပစ္စုပ္ပန်အလုပ်တွေပေါ်မှာ ၈၀% လောက် focus အာရုံထားပြီးလုပ်ဆောင်နေတာပါ ။ အဲလို ပစ္စုပ္ပန်မှာ ရှိနေတဲ့ လူ l အလုပ် l အကြောင်းအရာတွေပေါ် အများကြီး အာရုံထားနေမှာ ဦးဆောင်နေမှာ အလုပ်တွေ Save ဖြစ်ထင်တာပါ။နောက်ကနေ Management က 20% လောက်ပဲအကောင်အထည်
ဖော်နေရတာပါ ။ ဒါကြောင့် old model ရဲ့ ခေါင်းဆောင်မူဟာ ပစ္စုပ္ပန်မှာနေရာယူမူများနေပြီး အနာဂတ် နေရာယူမူ နည်းနေတာတွေ့ရပါတယ် ။20% စီးမံခန့်ခွဲမူလဲသာ အသုံးပြုနေတာပါ ။ old model ရဲ့အားနည်းချက်တွေက အနာဂတ်နေရာယူမူနဲ့ စီမံခန့်မူကို ကောင်းစွာ အသုံးမပြုတာပါ ။ဦးဆောင်သူက အကြောင်းအရာ များစွာပေါ် လွမ်းမိုးတာပါ ။ လုပ်ငန်းသေးနေချိန်တော့ old model ကအဆင်ပြေပါတယ် ။ တဖြေးဖြေး အလုပ်ကကြီးထွားရင်တော့ အဆင်မပြေတော့ပါဘူး ။ New model ကိုပြောင်းရမှာပါ ။ မပြောင်းပဲ နေရင်တော့ ရေရှည်မှာ အဆင်မပြေပါဘူး ။
New model မှာ စီမံခန့်ခွဲသူတွေကို ရှေ့ကတင်ပြီး present ပစ္စုပ္ပန်အလုပ်တွေ 80% အထိ တာဝန်ပေးပြီး Leaderကတော့ 20%လောက်တာဝန်ယူထားတာတွေ့ရပါတယ် ။Old model နဲ့ ပြောင်းပြန်ပါ။ Leader ဟာ ရှေ့က မနေပဲ နောက်ကနေတာ။ Leader ဟာနောက်ကနေပြီးမိမိအဖွဲ့အစည်းရဲ့ future အနာဂတ်နေရာယူဖို့အတွက် အမြဲစဥ်းစားပြီး ၎င်းအနာဂတ်ဆီကိုစီမံခန့်သူတွေ follower တွေကို ဘယ်လိုခေါ်ဆောင်သွားရမလဲ ဆိုတာတွေ ပုံဖော်နေရတာပါ။ မိမိအဖွဲ့ အစည်းက လူတွေ ဘယ်သူတွေလိုက်နိုင်မလဲ ? ဘယ်လိုအရည်အချင်တွေရှိကြလဲ ? ဘယ်လိုအမူအကျင့်တွေရှိကြလဲ ? စတဲ့ ဟာတွေ သိရပါတယ် ။ Leader ဟာ လူနဲ့ အနာဂတ် fitဖြစ်အောင် ဦးဆောင်ပေးရမှာပါ ။ Fit ဖြစ်အောင် ဦးဆောင်ရတယ်ဆိုတာ တကယ်တော့ မလွယ်ပါဘူး ။လူက ရှားပါတယ် ။ New model က ရှားတဲ့လူကို မရှားအောင် လုပ်တာပါ ။ အဲတော့လူကို internal က ရှာမလား ? မိမိအဖွဲ့အစည်းက လူတွေကို မွေးထုတ်တာပါ ။ Hona ကတော့ internal ကပဲရှာပြီး အောင်မြင်နေတာ။ or External ရှာမလား ? Toyota ကတော့ externalအပြင်က ရှာပြီး ကားစျေးကွက် ကို ပထမနေရာဦးဆောင်နေတယ် ။ Both နှစ်ခုစလုံးသုံးမလား ? Leader ဟာ လူ နဲ့ အနာဂတ် fit အောင်လုပ်ပြီး စီမံခန့်ခွဲသူ လူတွေကို ရှေ့တန်းခိုင်းပြီး result တွေထွက်စေတာပါ ။ result မထွက်တဲ့သူတွေကို change ပါတယ် ။ New model ချုံလိုက်ရင် Leader ဟာ လူ (people) l ရလဒ်(result )l အနာဂတ် (future) အမြဲ balance လုပ်နေရတာပါ ။
ဦးဆောင်သူတွေရောI စီးမံခန့်ခွဲ့သူတွေရော အခြေအနေ အချိန်အခါ အပြောင်းအလဲ ကြည့်ပြီး Old model နှင့် New Model ကိုလိုက်ရော ညီထွေစွာ အသုံးပြုနိုင်ကြပါစေ..............
03/03/2020
ငယ်တုန်းကတည်းက ``မင်းကိုမင်း အားမနာတမ်းခိုင်းပါ ။မခိုင်းရင် သူများခိုင်းလိမ်မယ် ။´´ ကျွန်တော် ဒီအတိုင်း ၇၆ နှစ်အထိလုပ်လုပ်နေတယ်။
Pesi ဦးသိန်းထွန်း
03/03/2020
https://m.facebook.com/story.php?story_fbid=916737628743328&id=475033066247122
Leadership and Managrment အပိုင်း(4)
.......................................
ဒီနေ့တော့ ခေါင်းဆောင်မူနဲ့ စီမံခန့်ခွဲမူတွေရဲ့ မတူညီမူ differences key တွေနဲ့ အကြောင်းအရာတွေပေါ် ချဥ်ကပ်မြင်ပုံတွေ မတူတာတင်ပြမှာပါ ။Leader ကတော့အဖွဲ့အစည်းရှေ့ရေးအတွက် လိုအပ်သလို change အပြောင်းအလဲတွေလုပ်ပြီး သွားမယ့် direction အတိုင်း လူတွေကို လှုပ်ဆော် ခေါ်သွားရမှာပါ ။ Change ကို လှုပ်ဆော်ခေါ်တဲ့နေရမှာ လိုက်ချင်သူလဲ ရှိသလို I မလိုက်ချင်သူလဲရှိပါတယ်။ ရှေ့ကိုသွားမယ်ပြောရင် အနောက်ကို သွားချင်သူလဲရှိကြတာပါပဲ ။ တောင်ကိုသွားမယ်ဆိုရင်လဲ မြောက်ကိုသွားချင်သူရှိတာပါပဲ ။ ဒီလို လူတွေကို ကာလတစ်ခုအထိ နာလည်ပေး ရှင်းပြပြောဆိုဖို့လိုပါတယ်။တွဲခေါ်ဖို့လိုပါတယ်။ ကာလတစ်ခုအထိ တိုးတတ်မလာဘူးဆိုရင်တော့ အဖွဲ့အစည်းအတွက် ထိခိုက်လာမှာပါ ။ဒါကြောင့်သူကို ထားခဲ့ရမှာပါ ။ Direction အတွက် leader ဟာ သတ္တိရှိရပါတယ် ။ ခေါ်သွားမယ့်သူ l ထားခဲ့မယ့်သူ ဆုံးဖြတ်ပေးရတာပါ ။ ဒါကြောင့် အချစ်လဲ ခံရနိုင်သလို / အမုန်းလဲခံ နိုင်ရပါမယ် ။ အချစ်တော့ ခံချင်ပြီး အမုန်းကျ မနိုင်ဘူးလုပ်လို့မရပါဘူး ။ Leader ဟာအရာရာကိုအကုန်လုံး ကျေနှပ်အောင်လုပ်ပေးလို့မရပါဘူးဆိုတာ နာလည်ရမယ် ။ Direction ကိုမေ့လို့မရဘူး ။
Management စီမံခန့်ခွဲသူတွေကတော့ အဖွဲ့အစည်းတစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်နိုင်ပြီး လိုချင် resultထွက်အောင် objective ချမှတ်ရပါတယ် ။ ဒါကိုပဲ Management by objective (MBO)လို့ခေါ်ကြပါတယ် ။ MBO ဆိုတာ result ရလဒ် အခြေပြု managementမူ ပုံစံဖြစ်ပါတယ်။ လိုချင်တဲ့ ရလဒ် result ဖြစ်လာဖို့အတွက် လိုအပ်တဲ့ objectiveတွေ ကိုချရေးပြီး လုပ်ဆောင်တာပါ။ အဲဒီ objectiveကို စီမံခန့်ခွဲသူ Managementနဲ့ employee ပေါင်းပြီး အကောင်အထည်ဖော်တာပါ။ အောက်ပါအတိုင်း အချက်၆ချက်နဲ့ဖော်ကြပါတယ် ။ (1)Define organizational goals
အဖွဲ့စည်းရဲ့ ရည်မှန်းချက်တွေက ဘာတွေလဲ သိကြရပါမယ် ။ ဥပမာ - ရောင်းအား 20% မြင့်တတ်စေချင်တာ ? Market leader ဖြစ်ချင်တာလာ?
(2)Define employees objectives အပေါ်က ရည်မှန်းချက်တွေသိပြီးရင် စီမံခန့်ခွဲ့သူတွေက employee တွေဘယ်ဟာအဓိကထားလုပ်ရမယ် ဆိုတာ Objective ချပေးရမယ်။ (3)Continuous monitoring performance and progress စီမံခန့်ခွဲသူတွေက objective တွေချပေးယုံနဲ့မပြီးသေးပါဘူး Employee အကောင်အထည်ဖော်သူတို့တွေရဲ့ စွမ်းဆောင်ရည် ကိုအမြဲစောင့်ကြည့်နေရပါမယ် ။ စွမ်းဆောင်ရည်ဆို တာ ထွက်ရမယ့် ရလဒ် result နှင့် ရှိရမယ့်Behaviourအမူအကျင့်ပြောတာပါ ။အဲပေါ်မှာ အမြဲ တန်းtwo communication လုပ်နေရပါတယ် ။
(4)Performance evaluation စီမံခန့်ခွဲသူတွေဟာ သူတို့ရဲ့Employeeတွေရဲ့စွမ်းဆောင်ရည်ကို အကဲဖြတ်ရပါတယ် ။ သူတို့မျော်လင့်တာရဲ့ အောက်မှာလား ? မျော်မှန်းသလောက်ပဲလား? မျော်မှန်းတာထက်ပိုသလား?
(5)Providing feedback
စီမံခန့်ခွဲသူဟာ မျော်မှန်းထားတဲ့ ရလဒ် Result နှင့် behaviour အမူအကျင့်ပေါ် အားနည်းချက် l အားသာချက်တွေ ပေးရပါတယ်။
(6)Performance appraisal
နောက်ဆုံးမှာတော့ စီမံခန့်ခွဲ့သူရော l employee တွေရောကို အကဲဖြတ်ရပါတယ်။ ချက်မှတ်ထားတဲ့ goals တွေအပါ်မှာ နှစ်ဦးစလုံးလိုက်နိုင်ရဲ့လား? အကဲနည်းကတော့ မျိူးစုံပါပဲ ။ Leader က မှန်ကန်တဲ့ direction တွေချပေးရပြီး management ကလဲ မှန်ကန်တဲ့ objective တွေနဲ့ အကောင်အထည်ရပါတယ် ။ မှန်ကန်တဲ့ Direction နှင့် မှန်ကန်တဲ့ objective အတွဲညီမှာ ဖြစ်မှာပါ ။ အားလုံးအတွဲညီကြပါစေ .......
Jimmy Htun(Smart Way)
14/02/2019
06/12/2018
Internationalအသိအမှတ်ပြု Diploma
များကိုမည့်သည့်ကျောင်းမှာမရရှိနိုင်သည့်ဈေးနှုန်းများဖြင့်
Smart Way + Golden future ကျောင်းသားတွေခံစားတတ်ရောက်နိုင်ပါပြီ…
တတ်ရောက်နိုင်မည့် Executive Diploma များ …
(1) Diploma in Business English
( 8am to 10am)
(2) Diploma in HR Management
(10 am to 12 moon)
(3) Diploma in marketing Management
( 12 moon to 2 pm)
(4) Diploma in Business Management
( 2 pm to 4 pm)
သင်တန်းကြေး = ၁သိန်း
စာအုပ်ဖိုး+ documentation = 2သောင်း
Assessment System
Paper+ Assignment +Presentation
+Exam + Registration Fees - $75
အောက်ပါအတိုင်းအရစ်ကျပေးသွင်နိုင်ပါတယ်
ပထမအရစ် ( ၄သောင်း + $25+ စာအုပ်ဖိုး
2သောင်း )
ဒုတိယအရစ် ( ၃သောင်း +$25)
တတိယအရစ် ( ၃သောင်း + $25 )
စတင်ဖွင့်မည့်နေ့ = 6.1.2019 (Sunday)
သင်တန်းကာလ = ၃လခွဲ or ၄လ
>တတ်ရောက်အောင်မြင်သူများကိုဘွဲ့နှင်းသဘင် အခမ်းအနားဖြင့်တတ်ရောက်ယူရပါမည်။
စနေ l တနင်္ဂနွေ (၂)ရက်သာ နေ့တိုင်း မနက် 8 :00am to 6:00 pmအထိနေ့တိုင်းကျောင်း
အပ်လက်ခံပါသည်။ တနင်္လာ မှာ သောကြာကြားရက်ကျောင်းအပ်လက်မခံပါ ။ လူကိုယ်လာအပ်ထားသူများကို ဦးစားပေးပါမည်။ ဖုန်းဖြင့်လဲ နာမည်စာရင်း Registration List ပေးထားနိုင်ပါတယ်။
ဆက်သွယ်ရန် = 09964004942 l 09761643110
>>ကားမှတ်တိုင်များ
" စီးပွားရေး လုပ်တယ် ဆိုတာ ..... "
======================
ငွေ လိုချင်ရုံနဲ့တော့ စီးပွားရေး မလုပ်နဲ့၊
ခဏနဲ့ ပြန်ပြုတ်သွားမယ်။
အလုပ် မလုပ်ရရင် မနေနိုင်တဲ့ရောဂါ ရှိမှ၊
စီးပွားရေးလုပ်။
ငွေက ကိုယ့်နောက်ကို လိုက်လာလိမ့်မယ်။
ငွေအရင်းအနှီး နည်းသွားလို့၊
အလုပ် မဖြစ်တာ မဟုတ်ဘူး၊
ဦးနှောက် ရင်းနှီးတာ၊ နည်းသွားလို့။
အလုပ် မဖြစ်တာ သေချာ မစဉ်းစားဘဲ၊
ငါးပွက်ရာပဲ ငါးစာလိုက်ချခဲ့လို့ အလုပ်မဖြစ်တာ။
မြန်မာလူမျိုးမို့ ပေါင်းလုပ်လို့ မရတာ၊
ကွဲကြတာ မဟုတ်ဘူး။
လုပ်ပိုင်ခွင့်၊ ခံစားခွင့်နဲ့ တာဝန်ယူမှုတွေကို
အစကတည်းက ရှင်းရှင်း လင်းလင်း မခွဲဘဲ
လုံးချခဲ့လို့ ကွဲကြတာ။
လုပ်ငန်း ဆုံးရှုံးသွားတာ၊
ဝန်ထမ်းတွေ ညံ့လို့ မဟုတ်ဘူး။
ပြိုင်ဘက်တွေ ညစ်လို့ မဟုတ်ဘူး။
ကိုယ် စီမံခန့်ခွဲတာ လိုသွားလို့။
အလုပ်တွေ များလို့ မပြီးတာ မဟုတ်ဘူး။
အချိန် နှင့် တာဝန် ခွဲဝေဖို့၊
စီမံခန့်ခွဲမှု မလုပ်လို့ မပြီးတာ။
တစ်ယောက်ထဲ လုပ်လို့ရတဲ့ ကိစ္စတွေကို
နှစ်ယောက် လိုက်လုပ်နေလို့
အလုပ်တွေ မပြီးပြီးတာ။
အသုံးစရိတ် များလို့၊ အရှုံးပေါ်တာ မဟုတ်ဘူး။
အဖြုန်းစရိတ် များသွားလို့၊ အရှုံးပ်ါတာ။
လုပ်ငန်းကို သေးသေးပဲ စခဲ့လို့၊
ခင်ဗျား မအောင်မြင်တာ မဟုတ်ဘူး။
အိမ်မက် သေးသွားလို့၊ မအောင်မြင်တာ။
လုပ်ငန်းကို ကြီးကြီးစနိုင်လို၊့
သူအောင်မြင်နေတာ မဟုတ်ဘူး။
အိမ်မက်ကြီးကြီးနဲ့ စခဲ့လို့၊ သူ အောင်မြင်တာ။
အရင်းအနှီး များတဲ့သူနဲ့ လက်တွဲတိုင်း
အောင်မြင်မှာ မဟုတ်ဘူး။
ရလဒ် ထွက်အောင် လုပ်မယ့်၊
တာဝန်ယူမယ့်၊ တာဝန်ခံမယ့်
သူနဲ့  ဦးစားပေး လက်တွဲမှ အောင်မြင်မှာ။
ဝန်ထမ်းတွေရဲ့ ဘဝနဲ့ အရည်အသွေးကို
တိုးတက်အောင် မပြောင်းလဲ ပေးနိုင်ရင်
ကြီးကျယ်တဲ့ အလုပ်တွေကို ဖန်တီးလို့ မရဘူး။
မိုးထဲလေထဲ ရောက်ရင် ရှောင်နေတဲ့၊
အချောင်သမားတွေကို လက်တွဲ ဖြုတ်။
အပြောသမားကို လက်တွဲ ဖြုတ်။
ရလဒ် မထွက်တဲ့သူကို လက်တွဲ ဖြုတ်။
သူများ အပြစ်ပဲမြင်တတ်တဲ့သူဆို လက်တွဲ ဖြုတ်။
Theory နဲ့ Strategy တွေပဲ ထိုင်ရွတ်နေပြီး
မြေပြင်မှာ ဝင်မကူတဲ့ သူဆို လက်တွဲ ဖြုတ်။
အသေးစိတ် အလုပ်တွေကို တာဝန်ခံပြီး၊
ကျားစီးဖားစီး လုပ်တဲ့သူကို လုပ်ပိုင်ခွင့် ပေး။
အမြဲတက်ကြွနေတဲ့သူကို လက်တွဲထား။
အလုပ်ကို ရူးသွပ်တဲ့လူကို ပံ့ပိုး၊
ဒါဆို ရလဒ်ထွက်မယ်။
အောင်မြင်တဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင် ဆိုတာ
အိမ်မက် ထိုင်မက် နေတဲ့ သူတွေ မဟုတ်ဘူး။
မရပ်မနားကို လဲကျလိုက်၊
ပြန်ထလိုက် လုပ်နေတဲ့သူတွေ။
ခင်ဗျား အလုပ် ဘယ်လောက်ရှုပ်ရှုပ်၊
ဘယ်သူမှ စိတ်မဝင်စားဘူး။
ခင်ဗျား ရလဒ် ထွက်အောင် လုပ်ပြမှ
အားလုံးက စိတ်ဝင်စားတယ်။
နောက်ဆုံးပြောရရင်၊
စီးပွားရေး လုပ်တယ် ဆိုတာ
ခင်ဗျားအကြောင်း သူများတွေ သိဖို့ထက်
သူများတွေ အကြောင်းကိုသာ ခင်ဗျားသိဖို့
ပိုအရေးကြီးတယ်။
စီးပွားရေး လုပ်သူတိုင်း၊
ကြီးပွားတိုးတက် အောင်မြင်ကြပါစေ။
To Original Uploader.
30/04/2018
CSR ( ပညာဒါန အစီအစဉ်)
တစ်နှစ်မှာတစ်ကြိမ် Smart Way Institute
နှင့်အတူဈေးနှုန်းမြင့်မားသည့် စီမံခန့်ခွဲမူဘာသာရက်များ တစ်နေရာတည်းတတ်ရာက်နိုင်ရန်ပူးတွဲဖွင့်လှစ်လိုက်ပါပြီ…
Ph ~09-964004942 l 09-761643110
1. Certificate in Business English
(7:00to 9:00am)
2. Certificate in Leadership development
( 9:00 to 11:00 am)
3. Certificate in Office management
( 11:00 to 12:30 pm)
4. Certificate in Marketing Management
( 12:45 to 2:45 pm)
5. Certificate in HR Management
(2:45 to 4:45pm)
6. Certificate in Business Management
( 4:45 to 6:45 pm)
> MBA or စီမံခန့်ခွဲမူ ဘာရပ်များတတ်ဖို့
ပြင်ဆင်နေသူများ…
> အပြင်မှာဈေးနှုန်းမြင့်မားနေ၍ လေ့လာဖို့
ခက်ခဲနေသူများ…
> စာတွေ့lလက်တွေ့ တကယ်နှံ့နံ့စပ်စပ်
သိချင်သူများ…
> သင်တန်းပြီး အလုပ်တစ်ခါတည်း ရှာဖွေပြီး
အလုပ်တန်းလုပ်ချင်းသူ l ပြောင်းချင်သူများ…
> မိမိ၏ အရည်အသွေးကိုဖြည့်ပြီး ရာထူးတိုးဖို့
orလစားကောင်းဖို့ or professional
ကျသောမိမိဝါသနာပါရာ အလုပ်ကိုပြု
စုပျိုးထောင်လုပ်ကိုင်ချင်သူများ …
> ရိုးရာအတွေးအခေါ်များမှာ ဖောက်ထွက်ပြီး
ခေတ်နဲ့အညီ အပြောင်းအလဲ
လုပ်ချင်နေသောကိုယ်ပိုင်လုပ်ငန်းရှင်များ…
> ဘာသာရပ်များစွာကို တစ်နေရာတည်း
အချိန်ကုန် သက်သာစွာ အကျိုးရှိရှိ
လေ့လာလိုသူများ……………
course outline
1. Certificate in Business English
……………………………………………………
#. Business Vocabulary in Use
#. English for E-mailing
#. English Conversations at Work
#. Writing Business Reports
#. English for Meetings
#. Presentation Skills
#. English for Job Interviews
#. CV/ Resume Writing
#. International Business English
သင်ကြားမည့် ဆရာ
ဒေါ်ဥမ္မာမေစိုး
B.A English ( Hons)
M.A English
Certificate in teaching knowledge
Test( TKT)& British Council. Yangon
အချိန်=( 7:00 am to 9:00 am)
2. Certificate in Leadership development
-------------------------------------------------
& .leader & leadership
&.Types of leadership
&.Entreprenuership
&.Decision making
&.Creativity
&.Power & leadership role
&.leader involvement
& subordinate performance
&.Conflict resolution
&.Building trust
&.Knowledge Managemet
သင်ကြားမည့် ဆရာ
ဆရာဦးတင့်ဆွေ
B.Sc, M.Med.Sc ( Japan).
Dip:in PM (CSIS- Cambridge)
M.PM ( Aldersgate college)
အချိန် ( 9:00 am to 11:00 pm )
3. Certificate in Office Management
--------------------------------------------
> introduction to basic office magt
> Keeping documentation
> Controlling offical material, using and offering
> Method of office writing
> Meeting record
> Checking tasks & duties
> Finance department bill & charge
> Cash department tasks & duties
> Conducting to banking
> General tasks
သင်ကြားမည့်ဆရာ
ဆရာမဒေါ်လှလှဦး
B.A ( Eco)
စာရင်းရေး/ စာရင်းကိုင်
Grate 1 /2 / 3 (ဗဟိုစာရင်းရုံး)
အချိန် 11:00 am to 12:30 pm
4. Certificate in Marketing Management
………………………………………………………
©. introduction to marketing
©. Managing the marketing process
©. market analysis
©. price strategy & cost management
©. Marketing channel design &decision
©. Targeting, positioning and segmentation
©. Marketing ROI
©. Promotion mix
©. Product nature & new product development
©. Marketing Plan
သင်ကြားမည့်ဆရာ
ဦးဝဏ္ဏထွန်း
B.B.A
M.B.A
အချိန် ( 12:45 pm to 2:45 pm)
5. Certificate in HR Management
………………………………………………
@. introduction to HRM
@. Function of HR
@. Recruitment and selection
@. component of job design
@. Job analysis
@. Human resource Planning
@. Compensation
@. Employee relationship
@. Employee Engagement
@. HRD
@. Employee Enpowerment & motivation
@. Career Development
သင်ကြားမည့်ဆရာ
ဦးဂျင်မီထွန်း
Bachelor of Economics
PGD Business Management ( Japan)
။ Political Management (UK)
Master of Political Management ( Philippine)
ဆရာမ ဒေါ်တင်မို့မို့ခိုင်
Dipoma in HR Management
အချိန် ( 2:45 pm to 4:45 pm)
6. Certificate in Business Management
……………………………………………………
€. introducting to Business mangt
€.Structure of Business organization
€.Ledarship & management
€.busuness for leadership
€. function of marketing
€ function of sale
€. function of HR management
€. function of production
€. Business communication
သင်ကြားမည့်ဆရာ
ဦးဝဏ္ဏထွန်း
B.B.A
M.B.A
အချိန် ( 4:45 pm to 6:45 pm)
[6.5.2018]တနင်္ဂနွေ နေ့တွင် စတင်ဖွင့်လှစ်သင်ကြားပါမည်။လူဦးရေကန့်သတ်ထားပါသည်။လူပြည့်တာအရမ်းမြန်ပါသည်။ ဖုန်းဆက်၍ တကယ်တတ်မည့်သူများ စာရင်းပေးထားပါ။ စနေ l တနင်္ဂနွေ (၂)ရက်သာ နေ့တိုင်း မနက် 8 :00am to 6:00 pm.အထိ နေ့တိုင်းကျောင်းအပ်လက်ခံပါသည်။ တနင်္လာ မှာ သောကြာ ကြားရက်ကျောင်းအပ်လက်မခံပါ ။ လူကိုယ်လာအပ်ထားသူများကို ဦးစားပေးပါမည်။
ဘာသာရပ်တစ်ခုချင်စီအတွက် စာရွက်စာတမ်းကြေး
နှင့်သင်ထောက်ပစ္စည်းအတွက်စုစုပေါင်း (20000)- ကျပ်ကျသင့်ပါမည်။
၂ဘာသာတတ်ရောက်လျှင် (၁)ဘာသာ မိမိကြိုက်နှစ်သက်ရာ free ( 2+1) တတ်ရောက်နိုင်ပါသည်။ သင်တန်းကာလမှာ (၂)လ ခွဲကြာမြင့်မည်ပါသည်။
ဆက်သွယ်ရန် = 09964004942 l 09761643110
ရောက်ရှိသည့်ကားများ
1 l 10 l 14 l 7l 26 l 27 l42 l 60
ကားမှတ်တိုင်ဆင်းပါ
-၁၄/၁၅လမ်းဆုံ ( သင်္ဃန်းကျွန်း)
နေရာ = 14/15 လမ်းဆုံ ( ကားမှတ်တိုင်အနီး) ကျိုက္ကဆံဘုရား အနောက်ပေါက်l ကျောက်စာတော်လမ်းl အသောကရာမ ကျောင်းတိုက် lသင်္ဃန်းကျွန်းမြို့နယ်။
Trust based management
~~~~~~~~~~~~~~~~~~~~~~~~
management is doing things right.
စီမံခန့်ခွဲမူဆိုတာ လုပ်ရမယ့်အလုပ်တွေကို တိတိကျကျမှန်မှန်ကန်ကန်လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ သတ်မှတ်တဲ့အလုပ်တွေကို စနှစ်တကျဆောင်ရွက်ခြင်းဖြစ်ပါတယ်။
နောက်တစ်နည်းပြောရင် ကိုယ်မှာရှိနေတဲ့ resource (အရင်းအမြစ်) ငွေ lလူ lပစ္စည်းတွေကနေ E နှစ်လုံးထွက်အောင်manage လုပ်တာပါပဲ။ ကိုယ်လုပ်နေတဲ့အလုပ် Efficiency ခေါ်တဲ့ အချိန်တိုအတွင်းအကျိုးရှိရှိထိထိရောက်ရောက် low waste ဖြစ်အောင်လုပ်နိုင်ရမယ်။ နောက်တစ်Eတစ်လုံကတော့ Effectiveness အဆုံးအထိအောင်မြင်အောင် high attainment လုပ်ဆောင်နိုင်ရပါမယ်။ တစ်နည်းပြောရင် ကောက်ရိုးမီးမဖြစ်ရဘူး ခဏလေးမဟုတ်ပဲ အဆုံးစွန်အထိလုပ်နိုင်ရမယ်။ လူကြီးတွေပြောတာ မကြာခဏပြောတာကြားဘူးတယ် အောင်မြင်အောင်လုပ်တာသိပ်မခက်ဘူး အောင်မြင်မူကို ရေရှည်အောင်မြင်နေအောင်လုပ်ရတာခက်တာ။ ဒါဘာကပြောတာလဲဆိုတော့ စီမံခန့်ခွဲမူမှာ နောက်ဆုံး Effectiveness အလုပ်တစ်ခုကို အဆုံးအထိရေရှည်အောင်မြင်အောင် High attainment လုပ်ရတာခက်ဆိုတာပဲ။ စီမံခန့်ခွဲသူဆိုတာ အလုပ်တွေကို ကိုယ်တိုင်ဝင်လုပ်တာမဟုတ်ပဲ အလုပ်ကို အခြားသူတွေ လုပ်နိုင်အောင် ဖန်တီးတဲ့သူ l ကူညီပံ့ပိုးပေးသူဖြစ်ပါတယ်။ အလုပ်တွေကို ကိုယ်တိုင်ဝင်လုပ်နေရင်တော့ စီမံခန့်ခွဲသူမဟုတ်တော့ဘူး။ ဒါကြောင့် အခုနောက်ပိုင်း စီမံခန့်ခွဲတဲ့နေရာမှာ လမ်းဟောင်းကြီးဖြစ်တဲ့ control based management (CBM) ထိန်းချုပ်မူကို ဗဟိုပြု တဲ့ ပုံစံ ကနေ trust based management (TBM) ပြောင်နေပါပြီ။ CBM ဆိုတာက သမာရိုးကျ စီမံခန့်ခွဲမူပုံစံ အုပ်ဖို့l ချုပ်ဖို့l ထိန်းဖို့l ကွပ်ဖို့ ဦးစားပေးတာl တစ်နည်း အခွင့်အာဏကို အခြေခံပြီ စီမံတာနေတာပါ ။ အဲဒီ CBMလမ်းဟောင်းပုံစံကနေ လမ်းသစ်ဖြစ်တဲ့ အလုပ်တွေကို အခြားလုပ်နေသူတွေကနေ trust based management (TBM) ယုံကြည်မူကို အခြေပြုတဲ့ စီမံခန့်ခွဲမူတည်ဆောက်ပြီ အလုပ်တွေကို အောင်မြင်မူရရှိအောင် စီမံခန့်ခွဲလာကြပါပြီ။ စီမံခန့်ခွဲသူဟာ ယုံကြည်မူကို အခြေပြု ပြီ ပြု စုပျိုးထောင်ရပါမယ်။ ဆိုလိုရင်ကတော့ နာလည်ယုံကြည်မူကို တည်ဆောက်ပြီး ရှေ့တန်းတင်ပြီ ရေရှည်စီမံခန့်မူကို အောင်မြင်အောင်လုပ်ဆောင်လာတာပါပဲ။
ဒီနေရာ ယုံကြည်မူဆိုတာ ''ယုံ''အောင်လုပ်မှ
'' ကြည်'' မှာပါ။ ဒါကြောင့် ကြီးကြပ်စီမံခန့်ခွဲသူဘက်ကရော l ကြီးကြပ်ခံရသူဘက်ကရော နှစ်ဦးစလုံး တစ်ဦးကို တစ်ဦး ''ယုံ'' ပြီ ''ကြည်'' အောင်လုပ်ကြဖို့ အရေးကြီးပါတယ်။ '' ယုံ'' တယ်ဆိုတာကတော့ ကိုယ်လုပ်နေတဲ့ အလုပ်ပေါ် တာဝန်ယူမူ l တာဝန်ခံမူ အပြည့်ရှိရမယ် ခေါင်မရှောင်ရဘူးl သူများကို အသာလေးဖင့်ပေးပြီ ကိုယ်နောက်ကနေ မဟုတ်တဲ့စတိုင်နဲ့ နေတာ ခေတ်စကားနဲ့ေ့ပြာရင် ဂုံးဆင်းတာပေါ့ ။ ဒါတွေမလုပ်ရဘူး။ ကိုယ်မလုပ်နိုင်ရင် မလုပ်နိုင်ဘူးပြတ်သားရမယ် ။ တကယ်လို့မှားသွားရင်လည်း တောင်ပန်ရဲတဲ့ သတ္တိရှိရမယ်။ အလုပ်မှာ ကြီးကြပ်သူရော ကြီးကြပ်ခံရသူပါ တစ်နဲ့တစ်ဦး '' ယုံ'' ပြီ ''ကြည်'' အောင် အလုပ်လုပ်ဖို့ အရည်အချင်း ၂ရပ်ရှိရပါမယ်။ တစ်ခုက Competent ( အလုပ်ကျွမ်းကျင်နှံ့မူ) ရှိရမယ်။ နောက်တစ်ခုက Character ကောင်းရမယ်။ အကျင့်စရိတ္တပြည့်စုံရမယ်။ ၂ခုစလုံးကောင်းဖို့တော့ သိပ်တော့မလွယ်လှပါဘူး။ တချို့က competent အလုပ်ကျွမ်းတယ် တနည်းအလုပ်အတွက်လို့တဲ့ skill က high skill ဖြစ်တယ်။ ဒါပေ့မယ့် အတူလုပ်လာရင် အကြောင်းသိလာတယ် Character သိလာတယ်။ လူအကြောင်း '' ပေါင်းကြည့်'' မှာ သိဆိုသလို့ပဲ။ ချောက်ချတတ်တယ်l ခေါင်းရှောင်းတယ် l ဂုံးဆင်းပေးတယ် l ကိုယ်အမှားအတွက် တာဝန်မယူဘူး lအမြင်မှာတော့ ချိုနေတာ အတွင်းမှာတော့ ကျီးအသီးပါပဲ။ နောက်ဆုံးတစ်ခုက competent အပိုင်းက အလုပ် ကိုမကျွမ်းကျင်ဘူး။ tasks နှင့် duties တွေပေါ်မှာ အလုပ်မကျွမ်းကျင်မူကြောင့် အမှားများတာ။ ဒါပေ့မယ့် Character ကောင်းတယ်။ ချောက်မချဘူး lသူများကို အပြစ်မဖို့ဘူး l တာဝန်ယူရဲတယ်။ နောက်ဆုံး ၂ခုစလုံးကောင်းတယ်ဆိုတာ သိပ်မလွယ်တော့ ရွေးပါဆိုရင်တော့ Character နိမ့်တဲ့သူတွေက ပြင်ရတာခက်ပါတယ် ပြောလိုက်ရင်သိတယ် ထပ်လုပ်တာပဲ '' ကျွဲနားစောင်းတီး'' ပြင်ပေးရတာခက်ပါတယ်။ Competent အလုပ်မကျွမ်းကျင်တဲ့သူက ကျွမ်းကျင်အောင် သင်ပေးရတာ မခက်ဘူး။ ထိုကြောင့် အလုပ်ခွင်အားလုံး ကြီးကြပ်သူရော ကြီးကြပ်ခံပါ တစ်ဦးကိုတစ်ဦး ''ယုံ'' ပြီ ''ကြည်'' စွာအတူလက်တွဲပြီ အောင်မြင်စွာ စီမံခန့်ခွဲနိုင်ကြပါစေ။
Jimmy Htun
The function HR department
HR department ရှိတဲ့ လုပ်ငန်းကြီးကစပြီ လုပ်ငန်းရှင်အုပ်ချုပ်တဲ့ လုပ်ငန်းငယ်အထိ ဘယ်လုပ်ငန်းအတွက်မဆို HR အလွန်အရေးကြီးပါတယ်။ လူသားအရင်းအမြစ်စီမံခန့်ခွဲခြင်းဟာလည်း HR ဌာနတစ်ခုတာဝန်မဟုတ်ပါဘူး။ လုပ်ငန်းရှင်တိုင်း l မန်နေဂျာတိုင်းl လုပ်ငန်းကြီးကြပ်သူတိုင်နဲ့ ဌာနတိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။ အကျဉ်းချုပ်ပြောရင်တော့ အလုပ်လုပ်သူတိုင်း HR သိသင့်ပါတယ် ဘာကြောင့်လဲဆိုတော့ လူတိုင်းနီးပါဘဝရှင်သန်ဖို့အတွက် Employee အလုပ်သမား or Employer အလုပ်ရှင် အနေနဲ့တစ်ခု မဟုတ် တစ်ခုနဲ့ဖြတ်သန်းလုပ်ကိုင်နေရလို့ပါပဲ။ ထိုသို့ လုပ်ကိုင်နေစဉ်မှာ ကိုယ်လက်အောက်က လူတွေကို အမြဲကြီးကြပ်နေရလို့ပါပဲ။
အလုပ်တွေ အောင်မြင်ဖို့l အကောင်အထည်ဖော်နိုင်ဖို့ သွင်းအားစု အမျိုးမျိုးလိုအပ်ပါတယ် ။ ဥပမာ ငွေ l နည်းပညာ l လူ စသည့်သွင်းအားစုတွေဖြစ်ပါတယ်။ ထိုသွင်းအားစုတွေထည့်မှာ လူသားအရင်းအမြစ်ဟာ ပဓာနအကျဆုံးဖြစ်ပါတယ်။ အဖွဲ့အစည်းတွေ အောင်မြင်မူ / ကျဆုံးမူဟာ ထိုလူသားအရင်းအမြစ်ပေါ်မူတည်နေတယ်ဆိုတာကို လက်ခံလာကြပါပြီ။ ဒါကြောင့် အဖွဲ့အစည်းတစ်ခုအောင်မြင်မူဟာ ၎င်းဝန်ထမ်းတွေကြိုးပမ်းမူပေါ် အများကြီးမူတည်နေပါပြီl ဝန်ထမ်းတွေကိုလေ့လာ ကြည့်မယ်ဆိုရင် မတူညီတဲ့ စွမ်းရည်တွေl အရည်အချင်တွေ l ရည်မှန်းချက်တွေ l ခံယူချက်တွေ l ခံစားချက်တွေရှိတာ တွေ့ရမှာပါ။ လူတွေခန့်မှန်းရခက်သလို့ ထိန်းချုပ်ရ ခက်ပါတယ်။ ဒါကြောင့် တစ်ဖက်မှာ ဝန်ထမ်းတွေရဲ့ အရည်အချင်းl ဆန္ဒl ခံစားချက်တွေကို အလေးထားပြီး တစ်ဖက်မှာလည်း မတူညီတဲ့ အရည်အချင်တွေ l စွမ်းရည်တွေကို စုစည်းနိုင်ရပါမယ်။ ကိုယ်အလုပ်မှာ ရှိတဲ့ လူသားအရင်းအမြစ်ကို ထိရောက်အောင်အသုံးပြု ပြီ အလုပ်အောင်မြင်အောင် ကြိုးပမ်းနိုင်ရပါမယ်။ တကယ်တော့ လူသားအရင်းအမြစ် စီမံခန့်ခွဲမူကျွမ်းကျင် ပိုင်နိုင်ဖို့ရာကတော့ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ယနေ့ လူသားအရင်းအမြစ် အရေးကြီးကြောင်း အရေးပါကြောင်းတော့ သိလာကြပါပြီl ဒါကြောင့် အရင်းက HR ဌာန မထားတဲ့ အလုပ်တွေ အခု HR ဌာနထားလာတာတွေ့ရပါတယ်။
HR Dept ရဲ့ အဓိကတာဝန်တွေက သက်ဆိုင်ရာဌာနရဲ့ လုပ်ငန်းတာဝန်တွေထမ်းဆောင်ဖို့ အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေ လိုအပ်သလောက် ရရှိအောင် စီမံဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါပြင် ဝန်ထမ်းတွေ အလုပ်မှာမြဲအောင်လည်း စီစဉ်ဆောင်ရွက်ပါမယ်။ လုပ်ငန်းစဉ်တွေဖေည်ပြရင်တော့
၁ ။ ဝန်းထမ်းခေါ်ယူတာ recruitmentl selection ရွေးချယ်တာ l promotion ရာထူးတိုးတာl ပြောင်းရွေ့တာl အလုပ်ရပ်ဆိုင်တာl ဝန်ထမ်းတွေမှတ်တမ်းထားရှိတာ
၂။ လုပ်ခလစာနဲ့ လစာမူသက်မှတ်တာတွေ
၃။ ဝန်ထမ်းတွေပညာရေးနဲ့ဖွဲ့ဖြိုးအောင် လေ့ကျင့်ပေးရေးကိစ္စ Progarm
၎။ ဝန်ထမ်းတွေကာကွယ်တာ lနစ်နာတာ မူအတွက်တွေ l စနစ် l မူတွေသက်မှတ်တာ
၅။ ကျန်းမာရေး l အန္တရာယ်ကင်းရှင်းရေးl သက်သာချောင်ချိရေး l ပင်စင်l အာမခံ ဆောင်ရွက်ရေး ကိစ္စ တွေ ဆောင်ရွက်တာ တွေ ။
HR manager တွေသာမက လုပ်ငန်းမှာရှိတဲ့ အကြီးအကဲတိုင်း ဘက်လိုက်မူl ကိုယ်လူ သူလူ မျက်နှာသာပေးခြင်း ခွဲခြားမူတွေ မရှိဖို့ ဂရုစိုက်ရပါမယ်။ အလုပ်ခန့်ထားတာရေးမူတွေ l ရာထူးl လစာ တိုးမြှင့်ရေးမူတွေ စာတာတွေ ပြတ်သားစွာ စနစ်ရှိရပါမယ်။ ချမှတ်မူတွေကိုလည်း လိုက်နာအောင် စည်းကမ်း တကျလုပ်ရပါမယ်။ မူတွေ l စည်းကမ်းတွေ စနစ်တကျ မလိုက်နာရင် '' မူ'' မှ မရှိတာနဲ့ အတူတူပါပဲ။
ဝန်ထမ်းတွေတိုးတတ်ဖို့ manager တိုင်းရဲ့တာဝန်တွေဖြစ်ပါတယ်။ မျက်မှောက်ခေတ် နိုင်ငံတကာလုပ်ငန်းတွေမှာ HRD လူသားအရင်းအမြစ်တိုးတတ်ရေးအတွက် အလေးပေးဆောင်ရွက်နေကြပါပြီး ။လူမှန်နေရာမှန်ဖြစ်အောင် စီစဉ်ခန့်ထားရပါတယ်။ အလုပ်တွေကို စွမ်းရည်ပြည့်ထိထိရောက်ရောက် လုပ်နိုင်ဖို့ သင်တန်းပေးတာl လေ့ကျင့်ပေးတာl အနီးကပ်ညွှန်ကြားတာတွေ ပြုလုပ်ပါတယ်။ သင့်ေ်တ်ာတဲ့ အကဲဖြတ်မူ စနစ်ထားရှိပြီ ဝန်ထမ်းတွေရဲ့ အားနည်းချက်l လိုအပ်ချက်l တိုးတတ်မူ နဲ့ အခွင်အလမ်းတွေကို ပွင့်၂လင်း၂ ဆွေးနွေးပါတယ်။ ရှေ့လုပ်ငန်းစဉ်တွေအတွက် နှစ်ဦးနှစ်ဖက်ကြိုတင် ညှိနိုင်းသဘောတူပြီး ရည်မှန်းချက်တွေ ချက်မှတ်ရပါတယ်။ Motivation တွန်းအားပေးပြီး ရည်မှန်ချက်ပေါက်မြှောက်အောင်အောင်ရွက်ရပါတယ်။ ဒါတွေဟာ HR Dept တိုးတတ်ရေးအတွက် ရေရှည်လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
No (8) Bo Moe Street, Myaynigone, Sanchaung Township
Yangon
Opening Hours
| 13:00 - 18:00 |