Tr. Myat’s Enrichment & Preparation Classes

Tr. Myat’s Enrichment & Preparation Classes

Share

No. 190, 10th Street, (3) Quarter, South Okkalapa Tsp.

27/04/2026

ကိုယ့်တပည့်ဟောင်းလေး က ဒီမနက် good news တခု လာ share တယ်
accept လုပ်ဖို့ တော်တော် competitive ဖြစ်တဲ့ Yale Institute တခုကနေ summer program အတွက် ရွေးခံရတယ်တဲ့
အဲ့ကာလအတွင်း research လုပ်ထားတာတွေကိုလဲ medical school campus တွေမှာ presentation ပြန်ပေးခွင့်ရမှာတဲ့ …What a big chance!
တကယ်တကယ် ချီးကျူးတယ်
သူကြိုးစားတာလေ တခါမှ ရပ်မသွားဘူး ပိုတောင်တိုးလာသေးတယ်
ပိုချီးကျူးတာကလေ သူက ခုမှ အသက်ကလေးက ၁၇ …သူတို့ဆီမှာဆို under guardian ဖြစ်နေသေးတဲ့အရွယ် … ဒါတောင် သူကျောင်းစာအပြင် part-time တွေရော chess ကစားတာလဲ nation title ချိတ်တဲ့အထိကြိုးစားတာရော အသက်နဲ့မလိုက် တကယ့်ကို matured ဖြစ်ပြီး ကြိုးစားတာ …
တက်ဖြစ်မတက်ဖြစ်တာထက် ဒီလို reputation ကောင်းပြီး တော်ယုံလူ join ဖို့ခက်တဲ့ ( သူ့အသက်အရွယ်နဲ့ဆို ပိုခက်ခဲတဲ့ ) University က accept လုပ်လို့ သူ့အတွက်ပျော်ပြီး ဒီမှာ အမှတ်တရ လာသိမ်းတာပါ
Biggest Congrats ပါသားရေ
You’ve never failed to make me proud of u! 🤩🤩🤩
Thanks for always sharing ur glorious moment with me!

21/04/2026

Very good morning starting with good news from my student! 🤩🤩🤩🤩

19/04/2026

မိဘများရှင့်

ခု မေလ မှာ ဖွင့်မယ့် regular term မှာတော့ အရင်နှစ်တွေမှာသုံးတဲ့ resource တွေအပြင် reading practice book နဲ့ တချို့ စာအုပ်လေးတွေပါ ထပ်ပေါင်းထည့်သုံးမှာမို့ စတက်တဲ့နေ့မှ walk-in အပ်တာထက် ကြိုတင်ပြီး register လုပ်ပေးမှ အဆင်ပြေပါမယ်ရှင့်။ လူစာရင်းအတိအကျအတိုင်း စာအုပ် ပြင်ပေးထားမှာမို့ ကြိုတင် register လုပ်ခိုင်းရတာပါရှင့်။
ကျေးဇူးတင်လျက်
Tr. Myat

12/04/2026

မိဘများရှင့်
ခုလာမယ့်မေမှာ ဖွင့်မယ့်အတန်းကို စုံစမ်းရာမှာ အမေးများတဲ့ မေးခွန်းလေးတွေ ဒီမှာ တခါတည်း ဖြေပေးပါရစေရှင့်။

Q: Online ချည်းပဲတက်လို့ရလားရှင့်။
Ans: မရပါဘူးရှင် ။ Online တရက် In-person တရက် တက်ရမှာပါ။

Q: တခြား class နဲ့ တိုက်နေလို့ အချိန်လေး ညှိပေးလားရှင်။
Ans : မညှိပေးပါဘူး။ Timetable မှာ ပေးထားတဲ့ အချိန်ပဲတက်လို့ရပါမယ်ရှင်။

Q: သီးသန့် တယောက်တည်းသင်ချင်လို့ပါ။ သင်ပေးလားရှင့် ။
Ans: မသင်ပေးပါဘူးရှင့်။ one-to-one class အတွက် အချိန်မပေးနိုင်လို့ class နဲ့ပဲတက်ရမှာပါရှင်။

Q: Subject တခုတည်းသီးသန့်တက်လို့ရလား။
Ans: ပေးထားတဲ့ အချိန်မှာ ဘယ်နေ့ဘယ် subject သင်မယ် သတ်မှတ်မထားတော့ တခုတည်း ရွေးတက်လို့မရပါဘူးရှင်။

Q: ကျောင်းစာပဲလုပ်ပေးလို့မရဘူးလား။
Ans: Enrichment class ဖြစ်တဲ့အတွက် ကျောင်းကသင်တဲ့ curriculum ကို based လုပ်ပြီး extra practice တွေ worksheets တွေနဲ့ ထပ်ဖြည့်ပေးတာပါရှင်။

စိတ်ဝင်တစားမေးမြန်းကြတာ ကျေးဇူးပါရှင်။ ပညာရေးကို စိတ်ဝင်စားတဲ့ မိဘတွေနဲ့ တွေ့ရတာ အရမ်းကျေနပ်ပျော်ရွှင်မိပါတယ်။ သိလိုတာလေးတွေရှိသေးရင် အားမနာတမ်းမေးနိုင်ပါသေးတယ်ရှင်။

ကျေးဇူးတင်လျက်
Tr. Myat

Ans:

Photos from Tr. Myat’s Enrichment & Preparation Classes's post 10/04/2026

Year-3 ကတည်းက စသင်လာတဲ့ ကလေး
စာအရမ်းဖတ် knowledgeable အရမ်းဖြစ်
တကယ့်ကို ငယ်ငယ်ရွယ်ရွယ်လေးနဲ့ matured ဖြစ်တဲ့ကလေး
စာသင်ရင် တကယ့်ကို respect ပေးပြီး effort အပြည့်ပြန်ပေးတဲ့ကလေး
The one who always makes me impressed one way or another! Proud of u! 🤩

Photos from Tr. Myat’s Enrichment & Preparation Classes's post 07/04/2026

စာအရမ်းလိုချင်သောကလေး
လူကသာ စကားနည်းပြီး အေးပေမယ့် မသိတဲ့စာရှိရင် သွက်သွက်လက်လက်သေချာမေးတတ်တဲ့ကလေး
Homework တွေမပြီးလို့ တခါမှ အဆူမခံရဘူးတဲ့ ကလေး
Keep up with ur great result,dear!
🥳🎉🎊

04/04/2026

ဒီကလေးကျတော့ ကလေးကလည်း ကြိုးစား အမေကလဲလေ တီချယ်ကျွန်မသမီးကို ဘာလုပ်ပေးရမလဲ ဘာလိုလဲ တချိန်လုံးမေးပြီး ဖြည့်ဆည်းပေးတဲ့ အမေ
အမရေ သူ့ကို reading skill လေး upgrade လုပ်စေချင်တယ် သူစာဖတ်ရင် သူ့ writing အတွက်အထောက်အကူဖြစ်မှာပြောတာနဲ့ မအားတဲ့ကြားက အချိန်ယူပြီး အပတ်တိုင်း BC library လိုက်ပို့ပေးတဲ့ အမေ
ပြောချင်တာက ပညာရေးအားပေးတဲ့မိဘကြောင့်လဲ ကလေးရဲ့ လမ်းကြောင်းလေးက ခလုတ်မထိဆူးမငြိချောမွေ့တာလဲပါတယ်
ကလေးကလဲ တကယ်ကို respect ထားပြီး effort စိုက်တာလဲ ပါတာပေါ့
တော်တယ် သမီး
Keep up with ur grand grade! 🎉🥳🎊

Photos from Tr. Myat’s Enrichment & Preparation Classes's post 04/04/2026

စာတွေက ခက်တယ် တီချယ် ဆိုပြီးအမြဲ ငြီးတဲ့ ၂ ယောက် 😂
ဒီလို result တွေ improved ဖြစ်လာမှ စာကခက်တာသတ်သတ် ကိုယ့်ဘက်က effort စိုက်ရင် overcome လုပ်နိုင်တယ်ဆိုတာ ခုလောက်ဆို သူတို့သိပြီပေါ့
ကြိုးစားပေးတာ ကျေးဇူးပါ ကလေးတွေ!
🤩🤩🤩

04/04/2026

အရမ်းကြိုးစားသလောက် အရမ်းလျှမ်းသော ကလေးမ 😂😂😂
သူ့ လျှမ်းပုံနဲ့ Maths မှာ စိတ်ပူနေတာ result လေးပြတော့မှ သက်ပြင်းချနိုင်တယ်
Potential ရှိတဲ့ ကလေးတွေထဲက တယောက်
ဒါမျိုး ကျောက်မျက်ရတနာကောင်းလေးတွေ ကျွန်မဆီမှာ နှစ်တွေဆက်တိုက် ယုံယုံကြည်ကြည်တက်ပေးတာ ကျွန်မအတွက် blessing ပါ 🤩🤩
U did ur best!
Keep up with great work, dear! 🤩🤩🤩

04/04/2026

ဒီကလေးက စသင်တုန်းက သားက စာလုပ်ရမှာပျင်းတယ် ဆိုပြီး ပြောတဲ့ကလေး 😂
ပေးတဲ့ Homework တွေလဲ မပြီးလို့ ဆူခဲ့ရတာ အခါအခါ … ဒါပေမယ့် သေချာလိုက်လုပ်ရင်း Primary-2 မှာ Maths 100 marks ရကတည်းက သူ့ရဲ့ favourite subject သူရှာတွေ့သွားတော့တာပဲ
ဘယ် test ဖြေဖြေ Maths မှာ A* ပဲ
ဘယ်လောက်ခက်တဲ့ ဥာဏ်စမ်းပေးပေး လုံးဝ give up မလုပ်ဘူး … မရရအောင်တွက်တာ
သူတို့ ဒီ result တွေရတာ ကျွန်မတော်လို့မဟုတ် သူတို့က ကျွန်မစေတနာကို နားလည်ပြီး သူတို့ကိုယ်တိုင်ကြိုးစားလို့
Always want to be proud of you like that, dear! 🎉🥳🎊

Photos from Tr. Myat’s Enrichment & Preparation Classes's post 04/04/2026

ဒီ ညီအကို နှစ်ယောက်လဲ သင်နေတာ နှစ်အတော်ကြာပြီ
တကယ့်ကို တယောက်တမျိုးစီတော်တာ 🤩
အငယ်လေးက အသွက်လေး… သူ့ကိုသင်ရတဲ့အချိန်ဆို stress ကိုပြေရော ရယ်နေရလို့
စာနဲ့ပတ်သတ်ရင်လဲ ပေါ့ပေါ့ပါးပါးနဲ့ရအောင်လိုက်လုပ်နိုင်တယ် … မရရင်လဲ ရချင်ယောင်မဆောင်ဘူး စာမေးတယ် စာရှင်းပြခိုင်းတယ် 😍

အကြီးလေးကတော့ တည်တည်တံ့တံ့လေး … လုပ်ခိုင်းသမျှ worksheet တွေ homework တွေ ဘယ်လောက်များများ တခုမှ ပေါ့ပျက်ပျက်မလုပ်ဘူး သေသေချာချာ respect ထားပြီးကို လုပ်တာ … ဒါကြောင့်လဲ သူ့ result တွေက တခါမှ ကိုယ့်ကို စိတ်မပျက်စေဘူး 🤩🤩

Keep up with ur great results, dears! 🎊🥳🎉

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


No. 190, 10th Street , (3) Ward, South Okkalapa Tsp. , အမှတ် ၁၉၀၊ (၁၀) လမ်း၊ (၃) ရပ်ကွက် ၊ တောင်ဥက္ကလာ
Yangon