26/05/2026
🧠 Brain Storming activities လို့ဆိုလိုက်တာနဲ့
Genius Preschool နဲ့ တွဲမြင်ရလောက်တဲ့ထိကို ကျမတို့ ကျောင်းလေးမှာ activities ပေါင်းများစွာကို Level အလိုက် Subjects အလိုက် Fun Learning base ဖြင့် ပြုလုပ်ကြရပါတယ် ☺️ ဒါကြောင့်လဲ ကျမတို့ Preschool & Language Center မှ ကလေးငယ်များသည် သတ်မှတ်ထားသော အတန်းများပြီးဆုံးသည့်အခါတွင် အခြား မည်သည့်ကျောင်းကိုပဲကူးကူး အဆင်ပြေချောမွေ့စွာ လေ့လာသင်ယူနိုင်ကြတာပါရှင့် ☺️
25/05/2026
ကြောင်ပြာကြီး ပုံပြင်ကို စိတ်၀င်တစားနားထောင်ကြတာ 🥰
22/05/2026
Happy Birthday 🎂🎉🎈 သမီးလေး မေသရဖူကျော် သားသားမီးမီးလေးများအား 🥖🥐🧃 များ ကျွေးမွေးသည့်အတွက် အထူးပင်ကျေးဇူးတင်ပါသည် 🥰
14/05/2026
ဒီနေ့လေးမှာတော့ ကလေးတွေနဲ့အတူ 🐳🦭🐬🪼🐧🦞🐡🦑 Sea Animals လေးတွေရဲ့
🪸အမည်
🪸နေထိုင်မှူပုံစံ
🪸အစားအသောက်
🪸အသွင်အပြင်
🪸ခံစားနားလည်သိရှိမှူ
အစရှိတဲ့ အချက်များကို ဗဟုသုတရဖွယ်လေ့လာခဲ့ကြပါတယ်ရှင့် 🥰
13/05/2026
သူတို့လေးတွေကိုယ်တိုင် ခြယ်သတဲ့ Mermaid Crown လေးတွေနဲ့ ချစ်ဖို့ကောင်းနေတဲ့ Genius Preschool ရဲ့ ⭐ လေးများ 🥰
12/05/2026
ရေသူမလေးအကြောင်း ပုံပြင်လေးပြောပြတော့
ရေသူမလေး အရုပ်နဲ့ပေါ့ ☺️
ဒီတလလုံးရဲ့ lesson plan က
🐳🪼🐋🐬🦭 Sea Animals အကြောင်းလေးတွေလေ့လာကြရတာမို့ သူတို့လေးတွေ စိတ်အ၀င်စားဖြစ်တဲ့ Mermaid လေးကို ဒီတပတ်မှာရွေးချယ်ဖြစ်ခဲ့ပါတယ် ☺️
10/05/2026
ပညာသင်ကြားရေးဖြင့်သာ
အသက်မွေး၀မ်းကြောင်းပြုသူမို့
ကျမက ငွေကြေးမချမ်းသာပါဘူး
ဒါပေမယ့် ကျမကလေးတွေအပေါ်ထားတဲ့
ချစ်ခြင်းမေတာစေတနာကတော့ အလျှံအပယ်ပါပဲ
ပြီးတော့ ကျမက သင်ကြားရေးနဲ့ပတ်သတ်တာကလွဲရင် တချို့အရာတွေကို စကားလုံး အများကြီးနဲ့ မဖော်ပြတတ်ပါဘူး လက်တွေ့လုပ်ပြခြင်းဖြင့်သာ ဖော်ပြတတ်ပါတယ်
ဥပမာ ကျမ ကလေးလေးတွေသာမက မေမေတို့ကိုပါ ကျမက ချစ်ခင်လေးစားတယ်ဆိုတာကိုပေါ့ ❤️
ကျမ မချမ်းသာပေမယ့် ကျမကလေးတွေပျော်မယ့်အရာလေးတွေဆို(စည်းဘောင်ထဲမှ) ဘယ်အရာလေးပဲဖြစ်ဖြစ် ကျမကြိုးစားစဉ်းစားပြီးပြုလုပ်ပေးဖြစ်ပါတယ်
Mother's Day မှာ မေမေတွေနဲ့ ကျမကလေးတွေ ပျော်ကြပါစေရှင့် 🥰
08/05/2026
ဒီနေ့လေးမှာတော့ ကလေးတွေနဲ့အတူ
10.5.2026 Sunday တွင် ကျရောက်မည့်
💐Happy Mother's Day 💐ကိုကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ပျော်ရွှင်စွာ Celebrate လုပ်ကြပါတယ်ရှင့် ☺️activity လေးတွေလုပ်ကြသည့်အပြင် သားသားမီးမီးလေးများနှင့်အတူ မိခင်များ၏ ချစ်ခြင်းမေတာကို ပြောပြပေးဖြစ်ပါတယ်ရှင့် ☺️
Tr ပေးတဲ့ လက်ဆောင်လေးတွေနဲ့အတူ မေမေတို့နှင့်သားသားမီးမီးလေး များ၏ ချစ်စရာပုံရိပ်လေးများကို ဝေမျှပေးကြပါအုံးနော် မေမေတို့ရှင့် ☺️
07/05/2026
ဒီနေ့တော့ ကလေးတွေနဲ့အတူ
🥭🍒🍓🍉🍊 Fruits and Seeds အကြောင်းလေး လေ့လာခဲ့ကြပါတယ် ☺️
သူတို့လေးတွေ အရမ်းကိုစိတ်၀င်စားကြပြီး General Knowledge အတွက်လဲအထောက်အပံ့ဖြစ်စေတာမို့
စိတ်၀င်စားတဲ့ မေမေဖေဖေ တို့က တစ်ပုံချင်းစီကြည့်ပြီး သားသားမီးမီးလေးတို့နဲ့ Questions and Answers game လေးပျော်ပျော်ရွှင်ရွှင် ပြုလုပ်လို့ရပါတယ်ေနာ်ရှင့် ☺️