22/12/2025
Hungary မှာကျောင်းတက်မယ်ဆို အရေးအကြီးဆုံး သိထားသင့်တဲ့အရာ
Health Insurance and TAJ card ✅
Health Insurance က နိုင်ငံတကာကျောင်းသားတိုင်း မရှိမဖြစ်လိုအပ်ပါတယ်။ ဒါက ကိုယ့်ရဲ့ ကျန်းမာရေးအတွက်တင်မဟုတ်ဘဲ ကျောင်းVisa ရဖို့နဲ့ အလုပ်တော်တော်များများအတွက် လိုအပ်ပါတယ်။
Private Insurance 🟢
Visa လျှောက်ဖို့ဆိုတာနဲ့ စပြီးလိုအပ်ပါပြီ။ ဒီနေရာမှာ တော်ရုံသင့်ရုံပဲဝယ်ပြီး (Least Cover ဖြစ်တာမျိုး)၊ နိုင်ငံထဲရောက်မှ သက်သာတဲ့ Broker ဆီမှာဝယ်တာက ပိုအသင့်တော်ဆုံးပါ။
Insurance တွေကိုလည်း ပုံမှန်အသုံးအဆောင်တွေလိုပဲ ဈေးကြီးပေးမှကောင်းတယ်ဆိုတာမျိုး အထင်မှားတတ်ကြပါတယ်။ တကယ်တော့အဲ့လိုမဟုတ်ပါဘူး။
Insurance တွေကိုမှ စျေးနှုန်းတွေကွာသွားရတာက ကိုယ်သွားရောက်စုံစမ်းတဲ့ Broker တွေပေါ်မူတည်ပါတယ်။
TAJ Card ဆိုတာဘာလဲ? 🟢
TAJ Card ဆိုတာ လွယ်လွယ်ပြောရရင် Hungary ရဲ့ Public Insurance ပါပဲ။ လိုအပ်လားဆိုရင်တော့ Private Insurance ထက်ပိုလိုအပ်ပါတယ်။ ဒါပေမယ့် ကိုယ်က Scholarship (သို့) အလုပ်ရှင်က မလုပ်ပေးဘူးဆိုရင်တော့ ကိုယ်တိုင်လုပ်ဖို့ရာ Private Insurance ထက်ပိုပြီးဈေးကြီးပါတယ်။
တစ်ဖက်မှာလည်း Part-time Jobs တွေက TAJ Card ရှိမှပဲ တော်တော်များများ လက်ခံတတ်ကြပါတယ်။
တစ်ကယ်လို့ TAJ Card လိုအပ်တယ်ဆိုရင်တော့ လျှောက်ပေးတဲ့ အလုပ်မှာ ၁ နှစ်လောက် commitment မျိုးနဲ့ဆိုရင် ရနိုင်ပါတယ်။
ဒါကတော့ Hungary မှမဟုတ်ပါဘူး တခြားသော နိုင်ငံတွေမှာလည်း Insurance နဲ့ပတ်သက်တဲ့ အလားတူကိစ္စမျိုးတွေရှိတာမို့ အရင်ဆုံးသေချာစုံစမ်းကြဖို့ပြောကြားလိုပါတယ်။