Brahmaso Siddhi Healing

Brahmaso Siddhi Healing

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Brahmaso Siddhi Healing, Happy Street, Yangon.

Certified Holistic Healer
Reiki Master,
Certified Advanced Pranic Healer
Crystal Healer
Certified Psychology & Psychotherapy
IAC ( International Certified Professional Coach , Level -II)
Mindfulness Based Divine Living

21/05/2026
21/05/2026

Crystals Vibration & Money Energy

ငွေကြေးဆိုတာ စွမ်းအင် (Energy) ပါပဲ။

သင့်ရဲ့ စွမ်းအင်ခန္ဓာကိုယ် (Energy Body) ညစ်ညမ်းနေရင် ငွေကြေးစီးဆင်းမှုလည်း ပိတ်ဆို့နေမှာပါ။

စကြာဝဠာ၏ နိယာမအရ ငွေကြေးဆိုသည်မှာ စွမ်းအင် (Energy) တစ်မျိုးသာ ဖြစ်ပါသည်။
လူသားတို့၏ စိတ်ပိုင်းဆိုင်ရာ ပူပန်မှုများနှင့် “ ငွေရှာရတာ ခက်တယ် “ “ ပင်ပန်းတယ်” "မလုံလောက်ဘူး" ဟူသော စိတ်ခံစားချက် (Scarcity Mindset) များသည် ခန္ဓာကိုယ်၏ အောက်ပိုင်း Chakras တွေ (အထူးသဖြင့် Root/Basic Chakra နဲ့ Solar Plexus) မှာ ကြောက်ရွံ့မှု၊ ပူပန်မှုနဲ့ 'မလုံလောက်ဘူး' ဆိုတဲ့ Negative Energy တွေ ရှိနေတဲ့အခါ ပိတ်ဆို့မှုများကို ဖြစ်ပေါ်စေပြီး၊ ငွေကြေးစီးဆင်းမှုကိုလည်း အဟန့်အတား ဖြစ်စေပါသည်။

ဒါကြောင့် ကျွန်မတို့ ငယ်စဉ်အရွယ်မှာ မိဘများ သွန်သင်ဆုံးမလေ့ရှိသည်မှာ

မနက်စောစောစီးစီး “ အိမ် မှာ ဆူဆူပူပူမလုပ်ကြနဲ့ လာဘ်တိတ်တတ်တယ်။”
“ လူမိုက်နှင့်ငွေ အတူမနေ “
“ ငွေကို ရိုရိုသေသေ စီရတယ်၊ ကိုင်တွယ်ရတယ်၊ ၅- ပြား/ ၁၀- ပြားကအစ တန်ဖိုးထားရတယ်၊ နေ့စဉ် ငွေစုရမယ်၊ အဲ့လိုမဟုတ်ရင်တော့ ငွေရှိဖို့မလွယ်ဘူး၊။

စသဖြင့် ပြောဆို ဆုံးမတတ်ကြပါတယ်။

Pranic Crystal Healing ရဲ့ သဘောတရားအရ စွမ်းအင်အသစ်တွေ မဖြည့်ခင် (Energizing မလုပ်ခင်)၊ အရင်ဆုံး မကောင်းတဲ့ စွမ်းအင်တွေကို ဖယ်ရှားသန့်စင်တာ (Cleansing) က အရေးအကြီးဆုံးပါ။ ညစ်ပတ်နေတဲ့ ခွက်ထဲကို ရေသန့်ထည့်လို့ မရသလိုပါပဲ။
ဒီလို သန့်စင်ပြီး ငွေကြေးစွမ်းအင်ကို ဆွဲဆောင်တဲ့နေရာမှာ Crystal (သလင်းကျောက်) တွေက အစွမ်းထက်ဆုံး ကိရိယာတွေ ဖြစ်ပါတယ်။
Crystal တွေဟာ သာမန် ကျောက်ခဲတွေ မဟုတ်ပါဘူး။ သူတို့ဟာ စွမ်းအင်တွေကို သိမ်းဆည်းပေးနိုင်ပြီး၊ ပရိုဂရမ် (Program) သွင်းလို့ရတဲ့ "စွမ်းအင် ဘက်ထရီအရှင်" တွေ ဖြစ်ပါတယ်။

လက်တွေ့အသုံးချနိုင်မယ့် နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။

၁။ Cleansing (သန့်စင်ပါ) - စဝယ်လာတဲ့ ဒါမှမဟုတ် အမြဲကိုင်နေတဲ့ Crystal ကို အရင်ဆုံး ရေ (Tap Water) နဲ့ ဆေးကြောတာဖြစ်ဖြစ်၊ အမွှေးတိုင်ငွေ့ခံတာဖြစ်ဖြစ် လုပ်ပြီး မကောင်းတဲ့ စွမ်းအင်တွေကို အရင်ဖယ်ရှားပါ။

၂။ Programming (အမိန့်ပေးပါ) - သန့်စင်ပြီးသား Crystal ကို လက်ဝါးပေါ်တင်ပါ။ သင့်ဆီကနေ စွမ်းအင် (Life Force Energymm) တွေ စီးဆင်းသွားတယ်လို့ အာရုံပြုပါ။ ပြီးရင် တိကျတဲ့ အမိန့်ပေးပါ။
"ဒီ Crystal ဟာ ငါ့ဆီကို ငွေကြေးနဲ့ အခွင့်အလမ်းကောင်းတွေ အဆက်မပြတ် ဆွဲဆောင်ပေးတဲ့ သံလိုက် Money Magnet ဖြစ်ပါစေ" လို့ ရှင်းလင်းပြတ်သားစွာ ပြောပါ။

သင့်ရဲ့ စွမ်းအင်ကို သန့်စင်ပြီး Crystal ကို မှန်ကန်စွာ အမိန့်ပေးခိုင်းစေတတ်ရင် သင့်ရဲ့ Manifestation တွေမှာ များစွာ အထောက်အကူရပါလိမ့်မယ်။

မိတ်ဆွေရော သင့်ရဲ့ Crystal တွေကို သေချာ Cleanse လုပ်ပြီး Program သွင်းလေ့ရှိပါသလား။

မိမိ၏ အတွေ့အကြုံများကို မျှဝေဆွေးနွေးနိုင်ပါသည်။ 👇

✨🍃
ချစ်မေတ္တာဖြင့်



#သလင်းကျောက်ကုထုံး

17/05/2026

Thank you All🙏
Love you All🩷

မနက်အစောကြီးကတည်းက အိပ်ရေးပျက်ခံ၊ အပင်ပန်းခံပြီး “Crystal Vibration Masterclass ” သင်တန်းလေးကို တက်တက်ကြွကြွနဲ့ ကြိုးစားအားထုတ်ပြီး လာရောက်သင်ယူခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီ တိုင်းကို အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင့်။

အခုဆိုရင် ကျွန်မတို့ရဲ့ သင်တန်းလေးကို အောင်အောင်မြင်မြင်နဲ့ ပြီးမြောက်သွားခဲ့ပြီ ဖြစ်ပါတယ်။
ဒီနေ့မနက်တောင် အဲ့အချိန်လေးတွေကိုသတိရမိနေတယ်။
သင်တန်းတစ်လျှောက်လုံးမှာ စိတ်ပါဝင်စားစွာနဲ့ မမောနိုင်မပန်းနိုင် လေ့လာခဲ့ကြတဲ့အတွက်လည်း တကယ့်ကို ဂုဏ်ယူမိသလို စိတ်လည်း ချမ်းမြေ့ရပါတယ်။
ဒီသင်တန်းကနေ ရရှိသွားတဲ့ Crystal ရဲ့ စွမ်းအင်တွေ၊ Crystal Grid ဆင်နည်းတွေ နှင့် Crystal Body Layout ကုထုံးအသိပညာတွေကို မိမိကိုယ်တိုင်အတွက်ရော၊ မိမိပတ်ဝန်းကျင်အတွက်ပါ ကောင်းမွန်တဲ့နေရာတွေမှာ အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်ပြီး အောင်မြင်မှုတွေ အလီလီ ရရှိကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင့်။

✨🍃
ချစ်မေတ္တာဖြင့်

Healing

#သလင်းကျောက်ကုထုံး

Photos from Brahmaso Siddhi Healing's post 17/05/2026

တိုးတက်မှုဆိုတာ ရပ်တန့်နေလို့မရတဲ့ အရာတစ်ခုမို့...

ဆရာမ Eliza ရဲ့ Professional ကျသော သူမ နှစ်ပေါင်းများစွာ ကိုယ်တိုင် အသုံးပြုလျက်ရှိသော ပညာရပ်တစ်ခုကို

Coaching Certified ဖြစ်ပြီးသူများသာ တက်ရောက်ခွင့်ပေးသော

Professional Life Coaches များအတွက် ရည်စူးပြီး
🌾"PATHFINDER NUMEROLOGY: Strategy for Certified Coaches" 🌾

သင်တန်းကို 2026 တက်ဖြစ်ခဲ့ပါတယ်။

၃- လတာ ကြာမြင့်မှာမို့
ဆရာမ က တစ်ပတ် ၁- ရက်ဆိုသော်လည်း
ဆရာမ၏ စေတနာ များကြောင့် တစ်ပတ် ၂- ရက်နှုန်းဖြင့်
ထပ်မံလေ့လာရမည့် စာအုပ်များ ၊ video များဖြင့်ပါ လေ့လာခဲ့ရပါတယ်။

၃- လတာ အချိန် သေချာပေးပြီး Assignment & Test ရှိသော သင်တန်းမို့

တခြားသင်တန်းတွေပါ ရပ်နားထားပြီး သင်တန်းပျက်ရက်မရှိရလေအောင် သေချာFocus ထား အိမ်စာတွေ တွက်၊ Coaching Questions တွေထုတ်၊ ဆွေးနွေးမှုတွေလုပ်ခဲ့ပါတယ်။

ဒီသင်တန်းက Coaching ပညာရပ်နဲ့ ဆက်နွယ်နေတဲ့ Approach နဲ့ သင်ကြားပေးတာကြောင့်
Numerology ကို Client များရဲ့ ကိုယ်ပိုင် Number Blueprint အပြင်
ရောက်နေတဲ့ Seasonal Phases များမှာကြုံရလေ့ရှိတဲ့ Pivot Energy များ နဲ့ အမြဲကိုယ့်ကို Shadow Side ကနေ Lesson Energy ပေးနေမှုတွေကို Coaching Purpose ကနေ ထိမိတဲ့ Coaching Questions များကို အတူတူ ဆွေးနွေးသွားတဲ့ ပုံစံနဲ့ သေချာ Train လုပ်ပေးခဲ့လို့

ဆရာမ ကို ကျေးဇူးအများကြီးတင်ပါတယ်။

နိုင်ငံတကာမှာလည်း Professional Pathfinding Coaching Purpose အတွက် Pythagorean Numerology ကို အနောက်နိုင်ငံများမှာ တွင်ကျယ်စွာ အသုံးပြုနေကြလို့

ကျွန်မ အတွက်ဆိုရင်တော့ လူတစ်ယောက်ရဲ့ အမည်၊ မွေးနေ့ တစ်ခုခုကို သိလိုက်တာနဲ့ တင် အဲဒီ လူတစ်ယောက်ရဲ့ Energy Pattern နဲ့ လက်ရှိမှာ သူဖြစ်နေတဲ့ Life Seasons များကို သုံးသပ်နိုင်မှုနဲ့ Coaching Questions တွေ ဆက်လက်လုပ်ဆောင်သွားရတာ
Clients အတွက်လည်း အလွန် အားရပြီး ကျေးနပ်မိပါတယ်။

အကျိုးကျေးဇူးရရှိတာကို လည်း သင်တန်းတက်နေရချိန်မှာ Clients တွေကိုလည်း အဖြေရှာ မေးခွန်းထုတ်ပေးနိုင်ခဲ့ပါတယ်။
လက်တွေ့ Assignment လုပ်ရင်း Client ရဲ့ Reviews လေးတွေလည်း ရရှိခဲ့လို့ ရှေ့ဆက်ဖို့ အလွန်ခွန်အားရခဲ့ပါတယ်။
Client အစ်မ နဲ့ အစ်ကို ကိုလည်း ကျေးဇူးတင်ပါတယ်။

ကိုယ့်ရဲ့ Soul Purpose ကို ရှာဖွေရင်း၊ ကိုယ့်ဆီ ယုံယုံကြည်ကြည်နဲ့ လာရောက်တိုင်ပင်ကြတဲ့ Client တွေကို ဒီထက်မက ပိုပြီး ကောင်းမွန် တိကျတဲ့ လမ်းညွှန်မှုတွေ ပေးနိုင်ဖို့အတွက်...အမြံကြိုးစားသွားပါမယ်ရှင်။

ဆရာမ Eliza ရဲ့ Lotus Insights Life Coaching (Calgary, Alberta, Canada) ကနေ ပေးအပ်တဲ့ "Pathfinder Numerology for Certified Life Coaches" သင်တန်းပြီးမြောက်ကြောင်း Certificate လေးကို ဂုဏ်ယူစွာနဲ့ လက်ခံရရှိခဲ့ပါတယ်။
တန်ဖိုးထားပြီး ဆိုင်မှာ Certificate လေးကို Print ထုတ်ထားခဲ့တယ်။

ပုံလေးကိုတော့ Hotel မှာ စာလုပ်နေချိန် ရိုက်ထားတဲ့ပုံလေးကို AI ကို Certificate လေးထည့်ခိုင်းလိုက်ပါတယ်။

Always learning, always growing to serve you better.

❤️ Live your life fully.

✨🍃
လေးစားစွာဖြင့်

Photos from Brahmaso Siddhi Healing's post 17/05/2026

တိုးတက်မှုဆိုတာ ရပ်တန့်နေလို့မရတဲ့ အရာတစ်ခုမို့...

ကိုယ့်ရဲ့ Soul Purpose ကို ရှာဖွေရင်း၊ ကိုယ့်ဆီ ယုံယုံကြည်ကြည်နဲ့ လာရောက်တိုင်ပင်ကြတဲ့ Client တွေကို ဒီထက်မက ပိုပြီး ကောင်းမွန် တိကျတဲ့ လမ်းညွှန်မှုတွေ ပေးနိုင်ဖို့အတွက်...
ဆရာမ Eliza ရဲ့ Lotus Insights Life Coaching (Calgary, Alberta, Canada) ကနေ ပေးအပ်တဲ့ "Pathfinder Numerology for Certified Life Coaches" သင်တန်းပြီးမြောက်ကြောင်း Certificate လေးကို ဂုဏ်ယူစွာနဲ့ လက်ခံရရှိခဲ့ပါတယ်။
တန်ဖိုးထားပြီး ဆိုင်မှာ Certificate လေးကို Print ထုတ်ထားခဲ့တယ်။

Numerology (ဂဏန်းဗေဒင်) ဆိုတာ
ကိန်းဂဏန်းတွေရဲ့ Energy Vibration ကနေတစ်ဆင့် လူတစ်ယောက်ရဲ့ ပင်ကိုယ်ပါရမီ၊ ဘဝခရီးလမ်းနဲ့ အလားအလာတွေကို နက်နက်ရှိုင်းရှိုင်း သုံးသပ်နိုင်တဲ့ အစွမ်းထက်တဲ့ Tool တစ်ခုပါ။
ဆရာမရဲ့ သင်တန်းကြော်ငြာလေးတွေ့တွေ့ချင်းမှာပဲ
ချက်ချင်း သင်တန်းကြေး မေး၊ ငွေသွင်း ၊ သေချာကြိုးစားသင်ယူမယ် ဆိုတဲ့စိတ်နဲ့
တစ်ရက်မှ သင်တန်းမပျက် ကြိုးစားသင်ယူခဲ့တယ်။
၃- လ တာ ကာလ မှာ တခြားသင်တန်းတွေ အကုန်ရပ်၊ မိသားစု Gathering Dinner တွေ ရပ်၊ ရှိလျှင်လည်း အိမ်စောစောပြန် ၊
Assignment & Test ဖြေခါနီးမှာလည်း
သမီးတွေ ကျောင်းပို့ ၊ ထိုင်စောင့်နေရချိန်တွေ ကားပေါ်မှာ စာကြည့် ( Sat& Sun ကျောင်းပို့ရတာ တစ်နေကုန်ဆိုတော့ )

ဆရာမ စစ်မယ့် နှုတ်ဖြေ အတွက်ရော၊ စာတမ်း ၃- စောင်အတွက် ပြင်ဆင်နေချိန် နဲ့
သမီးကြီး စာမေးပွဲ ရက်တွေမှာ
Hotel မှာပဲ ညအိပ်ပြီး ဖြေချင်တယ် မေမေ ဆိုတော့
ဖြေဆည်းပေးရမှာ မိဘ ဝတ္တရား။

ကိုယ့်မှာ စာရွက်တွေ Print ထုတ်ဖို့လိုနေတာတွေအတွက် ညဘက်ကြီးပါ Hotel ဝန်ထမ်းလေးကို ထုတ်ခိုင်းရနဲ့။
အိမ်က ယောကျာ်းကို ပါ Print ထုတ်ခိုင်းထားနဲ့။
အကူအညီတွေ တောင်းရတာ။
နောက်ဆုံးမှာတော့ ဆရာမ ရဲ့ အသိအမှတ်ပြုမှုလေး ရလာတော့မှသာ
ဝမ်းသာပီတိတွေ ဖြစ်ပြီး ပျော်ရတော့တယ်။

အနာဂတ်မှာ ကိုယ့်ဆီလာမယ့် Client တိုင်းကို Life Coach တစ်ယောက်အနေနဲ့တင်မကဘဲ၊ Numerology ရဲ့ အလင်းပြမှုကိုပါ ပေါင်းစပ်ပြီး ပြီးပြည့်စုံတဲ့ လမ်းညွှန်မှုတွေ ပေးသွားနိုင်တော့မှာမို့ အရမ်းကို စိတ်လှုပ်ရှားမိပါတယ်။
ကျေးဇူးအများကြီး တင်ပါတယ်။

သင်ကြားပြသပေးခဲ့တဲ့ ဆရာမ @ Eliza Pru ကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ 🙏

Always learning, always growing to serve you better.

❤️ Live your life fully.

✨🍃
လေးစားစွာဖြင့်

13/05/2026

“ စ မလုပ်နိုင်သေးဘူး" လို့ ခံစားနေရသူများအတွက်...

တစ်ခါတလေမှာ ကျွန်မတို့ရဲ့ ပန်းတိုင်တွေက အရမ်းကြီးမားလွန်းတော့ စတင်ဖို့ ကြောက်နေတတ်ကြပါတယ်။ အဲဒီအခါ MICRO Move လေးတွေနဲ့ စကြည့်ပါ။
နေ့ရက်တိုင်းမှာ ကိုယ်လုပ်နိုင်တဲ့ အသေးငယ်ဆုံး ကိစ္စလေးတစ်ခုကိုပဲ အာရုံစိုက်ပါ။

စိတ်ထဲမှာ မတင်မကျဖြစ်မှုတွေ၊ ကြောက်စိတ်တွေ ပေါ်လာရင်လည်း ကိုယ့်ကိုယ်ကိုယ် ကြင်နာပါ။ ဇွဲလုံလအပြည့်နဲ့သာ အားမလျော့ဘဲ ဖြည်းဖြည်းချင်း ရှေ့ဆက်ပါ။

သတိပြုရမှာက -
သူတစ်ပါးရဲ့ ဝေဖန်သံတွေ၊ ပတ်ဝန်းကျင်ရဲ့ အမြင်တွေက သင့်အိပ်မက်ကို မတားဆီးပါစေနဲ့။

Professional ဖြစ်ဖို့ ကြိုးစားရင်း လမ်းပျောက်မယ့်အစား၊ အခုရှိတဲ့ ခြေလှမ်းလေးနဲ့ပဲ အစပျိုးလိုက်ပါ။
ခြေလှမ်းတိုင်းမှာ အလင်းရောင်တွေ ရှိတယ်ဆိုတာ ယုံကြည်ပါ။

“ ဒီနေ့အတွက် သင့်ရဲ့ အသေးငယ်ဆုံး Micro Move တစ်ခုက ဘာဖြစ်မလဲ? Comment မှာ ဝေမျှပေးခဲ့ပါဦးရှင်။”

❤️ Live your life fully.

✨🍃
လေးစားစွာဖြင့်

10/05/2026

ကျွန်မ သမီးငယ်လေးက မေးတယ်
မေမေ့
သင်တန်းအချိန်ကြီးကလည်း
မနက် အစောကြီး ၅:၃၀
ဘယ်သူတွေ လာတက်မှာလဲတဲ့

ကျွန်မ ပြန်ဖြေပေးလိုက်တာကတော့

“ နတ်သား ၊ နတ်သမီးတွေ လာတက်မှာပေါ့လို့ “

အဲ့တော့ ယူ တို့ “ နတ်သမီး “ ဆိုလျှင်

ဟုတ်ကဲ့ ကျွန်မ က နေ့စဉ် မနက် ၄:၀၀ ဆို အိပ်ယာထ
ချက်ပြုတ် ၊ ဘုရားဝတ်ပြု မေတ္တာပို့ ဆိုတော့
ကျွန်မ အတွက်တော့ ၅:၃၀ ဆိုတာ
ဦးနှောက် အလွန်လန်းဆန်းနိုးကြားချိန်နဲ့ မှတ်ဉာဏ်စွမ်းအား အလွန်ကောင်းချိန် မို့

အတူတူ ပျော်ရွှင်စွာ လေ့လာသင်ယူရမယ့် မင်္ဂလာရှိသော အချိနိလေးပါပဲ။

Welcome & See you there.
Thank you all.
❤️

Photos from Brahmaso Siddhi Healing's post 10/05/2026

ကျွန်မ မိခင်တစ်ယောက်ဖြစ်ချင်ခဲ့တယ်။

မိခင်မေတ္တာကို ကိုယ်တိုင် ပုံဖော်ချင်ခဲ့တယ်။
ကိုယ်တိုင် မခင်တစ်ယောက်ဖြစ်လာချိန်မှာတော့ အမေ့ရဲ့တန်ဖိုးကို ပိုပြီးနားလည်လာရသလို၊ ကိုယ့်ရဲ့သားသမီးတွေအတွက် အကောင်းဆုံးသော ပံ့ပိုးပေးသူဖြစ်ဖို့ အမြဲကြိုးစားနေရပါတယ်။

ကျွန်မ အခုချိန်အထိ အမေ့ရဲ့ မေတ္တာရိပ်အောက်မှာ ခိုလှုံခွင့်ရတာဟာ ဘဝရဲ့ အကြီးမားဆုံး ဆုလာဘ်တစ်ခုပါပဲ။ 🌸

Happy Mother’s Day to all the wonderful Moms out there!"

"မိခင်ဆိုတာ မိသားစုတစ်ခုလုံးရဲ့ မဏ္ဍိုင်ဖြစ်သလို၊ ချစ်ခြင်းမေတ္တာနဲ့ ခွန်အားတွေကို အဆုံးမဲ့ပေးစွမ်းနိုင်တဲ့ သူရဲကောင်းတွေလည်း ဖြစ်ပါတယ်။ 💪❤️❤️❤️❤️
ကိုယ့်ရဲ့ ဘဝခရီးလမ်းမှာ လမ်းပြကြယ်အဖြစ် အမြဲရှိနေပေးတဲ့ အမေ့ကို ကျေးဇူးအများကြီးတင်ပါတယ်။ အမေ့ဆီကရတဲ့ ခွန်အားတွေနဲ့ပဲ ရှေ့ဆက်ရမယ့် နေ့ရက်တိုင်းကို ရဲရဲဝံ့ဝံ့ ဖြတ်သန်းသွားမှာပါ။

ဒီနေရာလေးမှာ ကိုယ်ကိုတိုင် ဝမ်းနှင့် လွယ်မမွေးထားကြပေမယ့်
ရင်မှာဖြစ်ထွန်းလာသော မိခင်မေတ္တာဓာတ် ရှိကြသူ ဖိုးဖိုး၊ဖေဖေ၊ဦးဦး၊ ဒေါ်ဒေါ် အားလုံးကိုလည်း Congratulations 🎊🍾🎈 ပါရှင်။

Happy Mother’s Day to my first teacher, my best friend, and my world. ❤️
အမေ အမြဲကျန်းမာပြီး ပျော်ရွှင်ပါစေ။"

✨🍃
ချစ်မေတ္တာဖြင့်


#ဗြဟ္မစိုရ်သိဒ္ဓိ Healing

10/05/2026

ကျွန်မ မိခင်တစ်ယောက်ဖြစ်ချင်ခဲ့တယ်။

မိခင်မေတ္တာကို ကိုယ်တိုင် ပုံဖော်ချင်ခဲ့တယ်။
ကိုယ်တိုင် မခင်တစ်ယောက်ဖြစ်လာချိန်မှာတော့ အမေ့ရဲ့တန်ဖိုးကို ပိုပြီးနားလည်လာရသလို၊ ကိုယ့်ရဲ့သားသမီးတွေအတွက် အကောင်းဆုံးသော ပံ့ပိုးပေးသူဖြစ်ဖို့ အမြဲကြိုးစားနေရပါတယ်။

ကျွန်မ အခုချိန်အထိ အမေ့ရဲ့ မေတ္တာရိပ်အောက်မှာ ခိုလှုံခွင့်ရတာဟာ ဘဝရဲ့ အကြီးမားဆုံး ဆုလာဘ်တစ်ခုပါပဲ။ 🌸

Happy Mother’s Day to all the wonderful Moms out there!"

"မိခင်ဆိုတာ မိသားစုတစ်ခုလုံးရဲ့ မဏ္ဍိုင်ဖြစ်သလို၊ ချစ်ခြင်းမေတ္တာနဲ့ ခွန်အားတွေကို အဆုံးမဲ့ပေးစွမ်းနိုင်တဲ့ သူရဲကောင်းတွေလည်း ဖြစ်ပါတယ်။ 💪❤️❤️❤️❤️
ကိုယ့်ရဲ့ ဘဝခရီးလမ်းမှာ လမ်းပြကြယ်အဖြစ် အမြဲရှိနေပေးတဲ့ အမေ့ကို ကျေးဇူးအများကြီးတင်ပါတယ်။ အမေ့ဆီကရတဲ့ ခွန်အားတွေနဲ့ပဲ ရှေ့ဆက်ရမယ့် နေ့ရက်တိုင်းကို ရဲရဲဝံ့ဝံ့ ဖြတ်သန်းသွားမှာပါ။

ဒီနေရာလေးမှာ ကိုယ်ကိုတိုင် ဝမ်းနှင့် လွယ်မမွေးထားကြပေမယ့်
ရင်မှာဖြစ်ထွန်းလာသော မိခင်မေတ္တာဓာတ် ရှိကြသူ ဖိုးဖိုး၊ဖေဖေ၊ဦးဦး၊ ဒေါ်ဒေါ် အားလုံးကိုလည်း Congratulations 🎊🍾🎈 ပါရှင်။

Happy Mother’s Day to my first teacher, my best friend, and my world. ❤️
အမေ အမြဲကျန်းမာပြီး ပျော်ရွှင်ပါစေ။"

ပုံလေးကတော့ ကျွန်မတို့ သားအမိ သုံးယောက်ပုံလေး

နောက် ပို့စ်မှာ မေမေ နဲ့ ပုံလေးတင်ပါမယ်ရှင်❤️

✨🍃
ချစ်မေတ္တာဖြင့်


#ဗြဟ္မစိုရ်သိဒ္ဓိ Healing

10/05/2026

“ Crystals Grid “

Crystal Grid ကို မိမိ၏ Intention အား ပိုမိုမြန်ဆန်စွာ အကောင်အထည်ဖော်ရန်နှင့် စွမ်းအင်ကို အဆပေါင်းများစွာ မြှင့်တင်ရန်အတွက်
Crystal တစ်လုံးချင်းစီ၏ စွမ်းအင်ကို တစ်ခုတည်းသော အဖွဲ့အစည်းပုံစံ စုစည်းပေးသည့် Energy Antenna တစ်ခုအနေဖြင့် စီးပွါးလာဘ်ခေါ်ခြင်း ၊ ချစ်ခြင်းမေတ္တာဆွဲငင်ခြင်း ၊ ဘဝအောင်မြင်တိုးတက်ရေး လမ်းကြောင်းများတွင် အဆင်ပြေပြေချောမွေ့လွယ်ကူစေရန် ခင်းကျင်းအသုံးပြုနိုင်ဖို့ လာမည့် အင်္ဂါနေ့တွင် ဖွင့်လှစ်မည့်

💎 𝑪𝒓𝒚𝒔𝒕𝒂𝒍 𝑽𝒊𝒃𝒓𝒂𝒕𝒊𝒐𝒏 𝑴𝒂𝒔𝒕𝒆𝒓𝒄𝒍𝒂𝒔𝒔 💎

တွင် အသေးစိတ်ထည့်သွင်းသင်ကြားပေးပါမည်။

🗓 𝑪𝒐𝒖𝒓𝒔𝒆 𝑫𝒆𝒕𝒂𝒊𝒍𝒔
• Duration : 5 Days
• Date : May 12,13,14,15,16
Tuesday, Wednesday , Thursday, Friday,Saturday
• Time : 5:30 - 6:40 AM
• Platform : Online Live Zoom
• Investment Energy : 60000 Kyats

❤️𝑬𝒏𝒓𝒐𝒍𝒍 𝑵𝒐𝒘:
K Pay : 09973284494
Lei Khaing Moe

ငွေသွင်း SS ကို page messenger တွင်ပို့ပေးပါရှင်။

💎 See you in Class ❤️
📩 𝑱𝒐𝒊𝒏 𝑶𝒖𝒓 𝑪𝒓𝒚𝒔𝒕𝒂𝒍 𝑽𝒊𝒃𝒓𝒂𝒕𝒊𝒐𝒏 𝑱𝒐𝒖𝒓𝒏𝒆𝒚:
သင်တန်းအသေးစိတ်ကို သိရှိလိုပါက Messenger မှာ " Crystal" လို့ စာလေး ပို့ထားပေးပါဦးနော်။

🌿သဘာဝရဲ့ ရတနာ Crystal စွမ်းအင်များဖြင့် သင့်ဘဝကို ရိုးရှင်းစွာ ကုစားလိုက်ပါ 🌿

Photo Credit

✨🍃
ချစ်မေတ္တာဖြင့်

08/05/2026

🌀 Reiki Crystal ဆိုသည်မှာ

Reiki နဲ့ Crystal Healing ပေါင်းစပ်ခြင်းဟာ Crystal အသုံးပြုသူတစ်ယောက်အတွက် Turbo Engine တပ်လိုက်သလိုပါပဲ။

Reiki က "Universal Life Force Energy" ကို စီးဆင်းစေပြီး Crystal ကတော့ အဲဒီစွမ်းအင်ကို တိကျတဲ့ Frequency တစ်ခုအနေနဲ့ Focus (စုစည်းပေးခြင်း) နဲ့ Amplify (မြှင့်တင်ပေးခြင်း) ကို လုပ်ဆောင်ပေးပါတယ်။

“စနစ်ကျသော ပညာရပ်၊ စစ်မှန်သော စွမ်းအင်"

💎 𝑪𝒓𝒚𝒔𝒕𝒂𝒍 𝑽𝒊𝒃𝒓𝒂𝒕𝒊𝒐𝒏 𝑴𝒂𝒔𝒕𝒆𝒓𝒄𝒍𝒂𝒔𝒔 💎

သင်တန်းတွင် ထည့်သွင်းသင်ကြားမျှဝေပေးသွားမှာမို့ Reiki Practitioner ၊ Reiki Healer တွေပါ တက်ထားသင့်သော သင်တန်းလေးပါ။

Reiki အသုံးပြုနေသူတွေရော Crystal ချစ်သူလေးတွေရော
မြန်မြန် Enroll လုပ်ထားတော့နော်။

🗓 𝑪𝒐𝒖𝒓𝒔𝒆 𝑫𝒆𝒕𝒂𝒊𝒍𝒔
• Duration : 5 Days
• Date : May 12,13,14,15,16
Tuesday, Wednesday , Thursday, Friday,Saturday
• Time : 5:30 - 6:40 AM
• Platform : Online Live Zoom
• Investment Energy : 60000 Kyats

🌼 ရိုးရှင်းပြီး ထိရောက်တဲ့ Crystal နည်းလမ်းကောင်းများကို လက်တွေ့ လုပ်ဆောင်ကြပါမည်။

❤️𝑬𝒏𝒓𝒐𝒍𝒍 𝑵𝒐𝒘:
K Pay : 09973284494
Lei Khaing Moe

ငွေသွင်း SS ကို page messenger တွင်ပို့ပေးပါရှင်။

💎 See you in Class ❤️
📩 𝑱𝒐𝒊𝒏 𝑶𝒖𝒓 𝑪𝒓𝒚𝒔𝒕𝒂𝒍 𝑽𝒊𝒃𝒓𝒂𝒕𝒊𝒐𝒏 𝑱𝒐𝒖𝒓𝒏𝒆𝒚:
သင်တန်းအသေးစိတ်ကို သိရှိလိုပါက Messenger မှာ " Crystal" လို့ စာလေး ပို့ထားပေးပါဦးနော်။

🌿သဘာဝရဲ့ ရတနာ Crystal စွမ်းအင်များဖြင့် သင့်ဘဝကို ရိုးရှင်းစွာ ကုစားလိုက်ပါ 🌿

✨🍃
ချစ်မေတ္တာဖြင့်

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Happy Street
Yangon
11111