14/01/2026
Follow through (on)
February 2025 မှာ President Trump က ကမ္ဘာတဝန်းက အမေရိကန်ပြည်ထောင်စုကို တင်သွင်းတဲ့ သွင်းကုန်တွေ အပေါ်မှာ အခွန်စည်းကျပ်မယ်လို့ ကြေညာခဲ့ပါတယ်။ တခြားနိုင်ငံတွေအပေါ်မှာ သွင်းကုန်အတွက် အခွန်စည်းကျပ်မယ့်အကြောင်းကို Trump က သူ့ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုမှာ ပထမဆုံးပြောကြားခဲ့ပါတယ်။
CNN သတင်းခေါင်းစဥ် တစ်ခုကို ဖတ်ကြည့်ရအောင်။
As Trump's tariff pledge comes due, he vows to follow through on key campaign promise.
CNN
ဒီသတင်းခေါင်းစဥ်က သွင်းကုန်တွေအပေါ်မှာ အခွန်ကောက်မယ်လို့ပြောခဲ့တဲ့ Trump ရဲ့ မဲဆွယ်စည်းရုံးပွဲ ကတိအကြောင်းကို ပြောနေတာပါ။ သူက ဒါကို ပြုလုပ်မယ်လို့ ပြောခဲ့တယ်။ အခု သူဒါကို ပြုလုပ်တော့မယ်။ He is following through on his promise. ကျွန်တော်တို့ ဒီ post မှာ follow through on ကို လေ့လာကြပါမယ်။
If you follow through on something ဆိုရင် ခင်ဗျားက တစ်ခုခုကို ပြီးဆုံးသည် အထိပြုလုပ်ပါတယ်။ ဥပမာ ခင်ဗျားက လူတစ်ယောက်ကို ကူညီမယ်လို့ ကတိပေးခဲ့ပြီး you follow through on your promise ဆိုရင် ခင်ဗျားက သူ့ကို ကူညီတယ်။ ခင်ဗျားရဲ့ အကူအညီကို သူမလိုတော့တဲ့အထိ ခင်ဗျား သူ့ကို ကူညီတယ်။
follow through on က promises တွေ သို့မဟုတ် ခင်ဗျားပြုလုပ်မယ်လို့ ပြောတဲ့ အရာနဲ့ သုံးတာ အများဆုံးပါ။ ဥပမာ- ကျွန်တော့် မန်နေဂျာက ကျွန်တော် မကြာခင် လစာတိုးနိုင်တယ် လို့ပြောတယ်။ ကျွန်တော်က သူ့ကို ဒါ အကောင်အထည်ဖော် ဆောင်ရွက်စေချင်တယ်။ My manager has said I might get a pay rise soon, and I hope she follows through on it.
on အစား with ကို သုံးတာလည်း ဖြစ်နိုင်ပါတယ်။ what you are following through on က ထင်ရှားတယ်ဆိုရင် the preposition ကို လုံးဝဖြုတ်လိုက်လို့ ရပါတယ်။
You promised to make me a cake and I hope you follow through.
ခင်ဗျား ကျွန်တော့်ကို ကိတ်မုန့်လုပ်ကျွေးမယ်လို့ ကတိပေးခဲ့တယ်။ ခင်ဗျားဒါကို အကောင်အထည်ဖော် ဆောင်ရွက် စေချင်တယ်။
Follow through ကို ကိတ်မုန့်ပြုလုပ်တာလို နေ့စဥ်ပြုလုပ်နေကျ အရာတွေ အတွက်သုံးနိုင်သလို အခွန်စည်းကျပ်တာလိုမျိုး လေးနက်တဲ့ ကိစ္စတွေအတွက်လည်း သုံးနိုင်ပါတယ်။
ဒီ post မှာ follow through (on) ကို လေ့လာခဲ့ပါတယ်။ follow through (on) ရဲ့ အဓိပ္ပာယ်ကပေးထားတဲ့ ကတိကို အကောင်အထည်ဖော်ဆောင်ရွက်သည် (fulfil a promise) ပါ။ ခင်ဗျား လုပ်မယ်လို့ ပြောထားတဲ့အရာကို လုပ်တာပါ ( to do what you say you are going to do ).
ဥပမာ-
He said he'll give me his prawn curry recipe. I hope he follows through with it.
သူ့ရဲ့ ပုစွန်ဟင်းချက်နည်းကို သူ ကျွန်တော့်ကို ပေးမယ်လို့ပြောတယ်။ ကျွန်တော် သူ့ကို ဒါ လုပ်စေချင်တယ် (ဟင်းချက်နည်း ကျွန်တော့်ကို ပေးစေချင်တယ်)။
Much love,
AMZ